အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို အတည်ပြုမည့်လုပ်ငန်းစဉ်အား ဥရောပပါလီမန်က ဆိုင်းငံ့

News Image

  • ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ပြီးခဲ့သည့် နှစ်ကရရှိခဲ့သည့် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်ကို အတည်ပြု နိုင်ရန်အတွက် အရေးပါသော မဲခွဲဆုံးဖြတ်မှုတစ်ခုကို ဥရောပပါလီမန်က ရွှေ့ဆိုင်းလိုက်သည်။ ပြီးခဲ့သည့်သောကြာနေ့ (ဖေဖော်ဝါရီ ၂၀) က အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ နောင်လာမည့် အခွန် စည်းကြပ်မှုဆိုင်ရာ မဟာဗျူဟာအပေါ် မည်သို့သက်ရောက်မှုရှိမည်ကို အမေရိကန်နှင့် ဥရောပလုပ်ငန်းရှင်များက စိုးရိမ်နေကြစဉ် ယခု ခြေလှမ်းကြောင့် မရေရာမှုများ ပိုမိုမြင့်တက်လာစေမည်ဖြစ်သည်။ မူလက ဖေဖ

ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ပြီးခဲ့သည့် နှစ်ကရရှိခဲ့သည့် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်ကို အတည်ပြုနိုင်ရန်အတွက် အရေးပါသော မဲခွဲဆုံးဖြတ်မှုတစ်ခုကို ဥရောပပါလီမန်က ရွှေ့ဆိုင်းလိုက်သည်။

ပြီးခဲ့သည့်သောကြာနေ့ (ဖေဖော်ဝါရီ ၂၀) က အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ နောင်လာမည့် အခွန် စည်းကြပ်မှုဆိုင်ရာ မဟာဗျူဟာအပေါ် မည်သို့သက်ရောက်မှုရှိမည်ကို အမေရိကန်နှင့် ဥရောပလုပ်ငန်းရှင်များက စိုးရိမ်နေကြစဉ် ယခု ခြေလှမ်းကြောင့် မရေရာမှုများ ပိုမိုမြင့်တက်လာစေမည်ဖြစ်သည်။

မူလက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဥရောပ ပါလီမန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကော်မတီ၏ မဲခွဲမှုကို ပြုလုပ်တော့မည်မဟုတ်ပေ။ ထို့ကြောင့် Turnberry Deal ဟု လူသိများသည့် အမေရိကန်-အီးယူ ကုန်သွယ်ရေးသဘောတူညီချက်ကို ဥရောပပါလီမန် ညီလာခံက နောက်ဆုံးအဆင့်အတည်ပြုပေးမည့် လုပ်ငန်းစဉ်မှာ ကြန့်ကြာ သွားမည်ဖြစ်သည်။

ကော်မတီဥက္ကဋ္ဌ Bernd Lange က ၎င်း၏ X အကောင့်တွင် "သဘောတူညီချက်အပေါ် ဥရောပပါလီမန်၏ လုပ်ဆောင်မှုတွေကို နောက်ထပ် အကြောင်းမကြားမချင်း ရပ်ဆိုင်းထားမှာဖြစ်ကြောင်း" ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရေးသားခဲ့သည်။ ထို့အပြင် လုပ်ငန်းစဉ်ကို ရှေ့ဆက် မဆောင်ရွက်မီ ရှင်းလင်းပြတ်သားမှုနှင့် ဥပဒေကြောင်းအရ ခိုင်မာမှုတို့ လိုအပ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၎င်း၏ ထုတ်ပြန်ချက်တွင် "အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကနေ ထွက်ပေါ်လာမည့် သက်ရောက်မှုတွေကို လျစ်လျူရှုထား၍မရပါ ၊ အခြေအနေတွေက ယခင်အတိုင်း ပုံမှန်အတိုင်းပဲဟု သဘောထားပြီး ဆောင်ရွက်ရန် မဖြစ်နိုင်ပါ" ဟု ဖော်ပြထားသည်။ "အခြေအနေက လက်ရှိတွင် ယခင်ကထက် ပိုပြီး မရေမရာဖြစ်နေပါပြီ ၊ ယင်းက မိမိတို့ Turnberry Deal နှင့် ဖော်ဆောင်ရန် ကြိုးစားခဲ့သည့် တည်ငြိမ်မှုနှင့် ခန့်မှန်းတွက်ချက်နိုင်စွမ်းရှိမှုတို့နှင့် ဆန့်ကျင်ဘက် ဖြစ်နေပါသည်" ဟု ၎င်းက ဆိုသည်။

မူလက အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ပြုလုပ်ရန် သတ်မှတ်ထားသော မဲခွဲမှုသည် အဆင့်ဆင့်ဆောင်ရွက်ရမည့် ဥပဒေပြုရေးလုပ်ငန်းစဉ်၏ အဆင့်တစ်ခု ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂