ယူကရိန်းနိုင်ငံက ၎င်းတို့နိုင်ငံသို့ရေနံပေးပို့မှုများကို တမင်သက်သက် နှောင့်ယှက်ဖျက်ဆီးနေသည်ဟု အကြောင်းပြချက်ပေးကာ ယူကရိန်းအတွက် ဥရောပသမဂ္ဂ (EU) ကပေးအပ်မည့် ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) အရေးပေါ်ချေးငွေနှင့် ရုရှားအပေါ် ချမှတ်မည့် နောက်ဆုံး ပိတ်ဆို့မှု အစီအစဉ်များကို ဟန်ဂေရီနိုင်ငံက ဗီတိုအာဏာသုံးကာပယ်ချ လိုက်သည်။
ဆိုဗီယက်ခေတ်ကတည်ဆောက်ခဲ့ပြီး ရုရှားရေနံစိမ်းများကို ဟန်ဂေရီနှင့် စလိုဗက်ကီးယားနိုင်ငံများသို့ ပို့ဆောင်ပေးနေသည့် Druzhba ရေနံ ပိုက်လိုင်း နှင့်ပတ်သက်၍ ကိယက်ဗ်နှင့်ဘူဒါပတ်စ်တို့အကြား အချေအတင် အငြင်းပွားမှုများ ပြင်းထန်နေချိန်တွင် ဟန်ဂေရီက ယခုကဲ့သို့ နှစ်ထပ်ကွမ်း ဗီတို အာဏာသုံး တားဆီးလိုက်ခြင်း ဖြစ်သည်။ ဇန်နဝါရီလ နှောင်းပိုင်းကတည်းက ရပ်တန့်နေသည့် အဆိုပါ ပိုက်လိုင်းပျက်စီးမှုမှာ ရုရှား၏ လက်ချက်ဖြစ်သည်ဟု ယူကရိန်းက ပြောဆိုသော်လည်း ရုရှားကမူ ယင်း စွပ်စွဲချက်ကို ငြင်းဆိုထားသည်။
ဟန်ဂေရီအစိုးရသည် မော်စကို၏ ရပ်တည်ချက်အတိုင်းပင် ယူကရိန်း သည် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ရေနံပေးပို့မှုများကို တမင်တကာ ထိန်းချုပ်ထားပြီး ၎င်းတို့နိုင်ငံအား ရေနံပိတ်ဆို့မှုအောက်ရောက်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲကာ လက်တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက် ထားသည်။
ချေးငွေနှင့် ပိတ်ဆို့မှုများအကြောင်းဆွေးနွေးသည့် EU ထိပ်တန်း သံတမန် များ အစည်းအဝေးအပြီးတွင် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က “ယူကရိန်းနိုင်ငံသားများအနေဖြင့် မိမိတို့ကို အကျပ်ကိုင်၍ မရပါ ၊ ဘရပ်ဆဲလ် ၊ ဟန်ဂေရီ အတိုက်အခံများနှင့် ပူးပေါင်းပြီး ဟန်ဂေရီ၏ စွမ်းအင် လုံခြုံရေးကို အန္တရာယ်ဖြစ်အောင် ၎င်းတို့ မလုပ်နိုင်ပါဘူး ၊ ယင်းက မဖြစ်နိုင်သည့် ကိစ္စပါ” ဟု ပြတ်သားစွာ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas ကမူ အဆိုပါ အစီအစဉ်များကို အစည်းအဝေးတွင် အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း၊ ယခုကဲ့သို့ အဟန့်အတား ဖြစ်သွားခြင်းသည် ကြီးမားသော ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပြီး “ယနေ့မှာ ကျွန်မတို့ ပေးချင်သည့် သတင်းစကားမျိုး မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ယူရို ၉၀ ဘီလီယံ ချေးငွေအစီအစဉ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ တွင် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ထိုစဉ်က ဟန်ဂေရီ၊ စလိုဗက်ကီးယား နှင့် ချက်သမ္မတနိုင်ငံတို့သည် ယင်းအစီအစဉ်တွင် ငွေကြေးထည့်ဝင်ခြင်း မပြုရန် ခြွင်းချက် (Opt-out scheme) ရရှိထားခဲ့ကြသည်။
ရေနံပေးပို့မှု ပြတ်တောက်မှုဒဏ်ကို ခံနေရသည့် အခြားတစ်နိုင်ငံ ဖြစ်သော စလိုဗက်ကီးယားသည်လည်း ဟန်ဂေရီနည်းတူ ယူကရိန်းအား လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားပြီး Druzhba ပိုက်လိုင်း လုပ်ငန်းစဉ်များကို ချက်ချင်းပြန်လည်စတင်ရန် ကိယက်ဗ်ကို တောင်းဆိုထားသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ထိုနှစ်နိုင်ငံလုံးက ပိုက်လိုင်းပြန်လည် မလည်ပတ် နိုင်မချင်း ယူကရိန်းသို့ ဒီဇယ်တင်ပို့မှုများကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ ယခုသီတင်းပတ်ကုန်တွင် စလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico က ယူကရိန်းအနေဖြင့် နှစ်ရက်အတွင်း ရေနံ ပို့ဆောင်မှုများကို ပြန်မလုပ်ပေးပါက ယူကရိန်းသို့ ပို့ဆောင်ပေးနေသည့် အရေးပေါ်လျှပ်စစ်ဓာတ်အားများကို ဖြတ်တောက်မည် ဟု ထပ်မံခြိမ်းခြောက်ခဲ့သည်။ (ဖေဖော်ဝါရီ ၂၃ ရက်နေ့မှစ၍ ယူကရိန်းသို့ လျှပ်စစ် ဓာတ်အား ပေးပို့မှု ရပ်ဆိုင်းခဲ့သည်။)
ရုရှား၏ တာဝေးပစ်တိုက်ခိုက်မှုများကြောင့်ပျက်စီးနေသော ယူကရိန်း၏ လျှပ်စစ်ကွန်ရက်ကို တည်ငြိမ်စေရန်အတွက် ဇန်နဝါရီလ တစ်လတည်း ၌ပင် စလိုဗက်ကီးယားထံမှရရှိသော အရေးပေါ်လျှပ်စစ်ဓာတ်အားမှာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးရရှိခဲ့သည့် ပမာဏထက်ပင် ပိုများကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂

ဒေသတွင်းတင်းမာမှုများ ဆက်လက်မြင့်တက်နေခြင်းကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အရေးပေါ်တာဝန်ထမ်းဆောင်နေသူများ မဟုတ်သော အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လက်ဘနွန်နိုင်ငံမှထွက်ခွာရန် အမိန့်ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦး၏ အဆိုအရ နောက်ဆုံး အခြေအနေများကို သုံးသပ်ပြီးနောက် "ဝန်ထမ်းအင်အားကို မရှိမဖြစ် လိုအပ်သော ဝန်ထမ်းများအထိသာ လျှော့ချထားရန်မှာ ပညာရှိရာ ရောက်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း" နှင့် ဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအခြေအနေကို အမြဲမပြတ်ဆန်းစစ်နေကြောင်း ပြောကြား ခဲ့သည်။
ဘေရွတ်မြို့ရှိ အမေရိကန်သံရုံးသည် "အဓိကဝန်ထမ်းများဖြင့် ဆက်လက် လည်ပတ်နေဆဲဖြစ်သည်" ဟု အဆိုပါအရာရှိက CNN သို့ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် ပြောကြားခဲ့သည်။ "ယင်းက မိမိတို့၏ ဝန်ထမ်းတွေ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန်အတွက် ယာယီ လုပ်ဆောင်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည် ၊ တစ်ဖက်မှာလည်း အမေရိကန် နိုင်ငံသားတွေကို ကူညီပေးနိုင်သည့် စွမ်းဆောင်ရည်နှင့် လုပ်ငန်းလည်ပတ်မှုတွေကိုတော့ ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါသည်" ဟု ၎င်းက ဆိုသည်။
ကိုးကား- CNN

ရုရှား-ယူကရိန်းကို ပဋိပက္ခ (၄) နှစ်ပြည့်မြောက်ရန် နီးကပ်လာချိန်တွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ယူကရိန်းဘက်မှ ဆက်လက်ရပ်တည်ပေးရန် CNN နှင့် အင်တာဗျူး တွင် တိုက်တွန်းပြောကြားလိုက်သည်။ ကိယက်ဗ်မြို့ရှိ သမ္မတနန်းတော် ၌ ပြုလုပ်သော အဆိုပါတွေ့ဆုံမေးမြန်းမှုတွင် ဇီလန်စကီးက အမေရိကန် သည် ကမ္ဘာ့အခန်းကဏ္ဍတွင် အလွန်အရေးပါသောနိုင်ငံဖြစ်သဖြင့် အဆိုပါ စစ်ပွဲမှ ကျောခိုင်းမသွားသင့်ကြောင်းနှင့် ဖေဖော်ဝါရီ ၂၄ တွင် ပြုလုပ်မည့် နိုင်ငံတော်အခြေပြမိန့်ခွန်း၌လည်း ထရမ့်အနေဖြင့် ယူကရိန်းအပေါ် ထောက်ခံမှုပြသရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ဇီလန်စကီးက ဗလာဒီမာ ပူတင်အား စစ်ပွဲ၏ပြယုဂ်တစ်ခုအဖြစ် တင်စား ခဲ့ပြီး၊ ပူတင်သည် မိမိကိုယ်ကျိုးအတွက်သာကြည့်သူဖြစ်ကာ ရုရှားနိုင်ငံသား အားလုံးကို အကျဉ်းထောင်ထဲသို့ ပို့ထားသကဲ့သို့ ချုပ်ကိုင်ထားကြောင်း ဝေဖန်ခဲ့သည်။ ထို့အပြင် ပူတင်ကို တားဆီးရန်အတွက် အမေရိကန်၏ အင်အားသည် အလွန်အရေးကြီးကြောင်းနှင့် လက်ရှိတွင် ထရမ့် အနေဖြင့် ပူတင်အပေါ် လုံလောက်သော ဖိအားပေးမှုများ ပြုလုပ်ခြင်းမရှိသေးဟု ၎င်းက ယူဆသည်။
စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်လိုသော်လည်း ပူတင်၏ တောင်းဆိုချက် များကို လိုက်လျောရန် ငြင်းဆန်ခဲ့ပြီး၊ အကယ်၍ လိုက်လျောပါက ယူကရိန်းနိုင်ငံသားများအနေဖြင့် အရာရာကို ဆုံးရှုံးသွားရမည် ဖြစ်သောကြောင့် မိမိတို့၏အချုပ်အခြာအာဏာအတွက် ဆက်လက် တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ၎င်းအား အာဏာရှင်တစ်ဦးဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး၊ တစ်ဆက်တည်းမှာပင် ထရမ့်သည်လည်း အာဏာတွင် ထာဝရတည်မြဲနေမည်မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ ဇီလန်စကီး၏ သမ္မတသက်တမ်းမှာ လွန်ခဲ့သော နှစ်နှစ်နီးပါးကပင် ကုန်ဆုံးခဲ့ပြီဖြစ်သောကြောင့် ၎င်းအား တရားဝင်မှုမရှိသူအဖြစ် ရုရှားက သတ်မှတ်ထားသည်။
တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၂) က ထုတ်လွှင့်ခဲ့သည့် BBC နှင့် အင်တာဗျူး တွင် "စစ်ပွဲကို စတင်ခဲ့သည့် အာဏာရှင်တစ်ဦး" ဟူသော ထရမ့်၏ စွပ်စွဲချက်အပေါ် မှတ်ချက်ပေးရန် ဇီလန်စကီးကို မေးမြန်းခဲ့ရာတွင် ၎င်းက ရယ်မောလျက် "မိမိဟာ အာဏာရှင် မဟုတ်သလို၊ စစ်ပွဲကို စတင်ခဲ့သူ လည်း မဟုတ်ပါဘူး ၊ ဒါပါပဲ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ပါဝင်လာမည့် လုံခြုံရေး အာမခံချက်များကို အမေရိကန်သမ္မတက ဆက်လက် ထိန်းသိမ်းပေးမည် ဟု ယုံကြည်နိုင်ပါသလားဟု မေးမြန်းရာတွင် ဇီလန်စကီးက ထရမ့်သည်လည်း အာဏာတွင် ထာဝရရှိနေမည်မဟုတ်ကြောင်း အရိပ်အမြွက် ထည့်သွင်း ပြောဆိုခဲ့သည်။
"ယင်းက သမ္မတ ထရမ့် တစ်ယောက်တည်းကို ဆိုလိုခြင်း မဟုတ်ပါ၊ မိမိတို့က အမေရိကန် နိုင်ငံအကြောင်းကို ပြောနေတာပါ ၊ မိမိတို့ အားလုံးသည် သတ်မှတ်ထားသည့် သက်တမ်းအလိုက် သမ္မတ တာဝန်ယူကြရတာပါ ၊ ဥပမာအားဖြင့် မိမိတို့က နှစ်ပေါင်း ၃၀ စာလောက်အထိ အာမခံချက်မျိုးတွေကို လိုချင်တာပါ ၊ နိုင်ငံရေး အထက်တန်းလွှာတွေ ပြောင်းလဲသွားမည်၊ ခေါင်းဆောင်တွေလည်း ပြောင်းလဲသွားမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

ကွယ်လွန်သူ ငွေကြေးဓနရှင်နှင့် လိင်ကုန်ကူးမှုဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံထားရသူ ဂျက်ဖရီ အက်ပ်စတိန်းထံသို့ အစိုးရ၏ အရေးကြီး အချက်အလက်များ ပေါက်ကြားစေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည့် နာမည်ပျက်ဖြင့် ရာထူးမှနုတ်ထွက်ခဲ့ရသူ အမေရိကန် နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ပီတာ မန်ဒယ်လ်ဆင် (Peter Mandelson) ကို လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။
အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ သံတမန်ဟောင်းကို စုံထောက်များက ၎င်း၏နေအိမ်မှ ခေါ်ထုတ်လာပြီး အမှတ်အသား မပါသော မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်ခေါ်ဆောင်သွားသည်ကို တွေ့ရှိရသည်။ လန်ဒန်ရဲတပ်ဖွဲ့ (Met) က ယခုဖမ်းဆီးမှုကို အတည်ပြုခဲ့သော်လည်း မန်ဒယ်လ်ဆင်၏ အမည်ကိုမူ တိုက်ရိုက် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် ထုတ်ပြန်ရာ၌ "အများပြည်သူဆိုင်ရာရုံးတွင် အကျင့်ပျက်ခြစားမှု (Misconduct in public office) ကျူးလွန်သည်ဟု သံသယရှိသောကြောင့် အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့တွင် ကမ်ဒင် (Camden) ရှိ နေအိမ်၌ ဖမ်းဆီးခဲ့ပါသည်။ ၎င်းအား စစ်ဆေးမေးမြန်းရန်အတွက် လန်ဒန်ရဲစခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီဖြစ်သည်" ဟု ဖော်ပြထားသည်။
အမေရိကန်အာဏာပိုင်များက နောက်ဆုံးထုတ်ပြန်လိုက်သည့် အက်ပ်စတိန်း၏ မှတ်တမ်းတွဲများအရ မန်ဒယ်လ်ဆင်သည် ကွယ်လွန်သူ ကာမ ရာဇဝတ်ကောင်ထံမှ အမေရိကန်ဒေါ်လာ ၇၅,၀၀၀ လက်ခံရရှိခဲ့ကြောင်း ဖော်ပြနေသဖြင့် ၎င်းအား ယခုလအစောပိုင်းတွင် ရဲတပ်ဖွဲ့က စတင် စုံစမ်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံကြောင့် ၎င်းသည် လေဘာပါတီ (Labour Party) မှ နုတ်ထွက်ခဲ့ပြီးအထက်လွှတ်တော်အမတ် (House of Lords) ရာထူးကိုလည်း စွန့်လွှတ်ခဲ့ရသော်လည်း မန်ဒယ်လ်ဆင်ကမူ ၎င်းတွင် အပြစ်မရှိကြောင်း ငြင်းဆိုထားဆဲဖြစ်သည်။ အက်ပ်စတိန်းထံမှ ငွေကြေးလက်ခံရရှိခဲ့သည့် ဖြစ်စဉ်မျိုးကို လုံးဝမှတ်မိခြင်းမရှိကြောင်းလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
မန်ဒယ်လ်ဆင်၏ အရှုပ်တော်ပုံသည် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ အဖွဲ့အစည်းအပေါ် ကြီးမားသော ရိုက်ခတ်မှု ဖြစ်စေခဲ့သည်။ ဝန်ကြီးချုပ်၏ ဝန်ထမ်းအကြီးအကဲ မော်ဂန် မက်ဆွီးနေး (Morgan McSweeney) သည် မန်ဒယ်လ်ဆင်နှင့် အက်ပ်စတိန်းတို့အကြား ဆက်နွှယ်မှု ရှိသည်ကို သိရှိထားပါလျက်နှင့် ၎င်းအား အမေရိကန် ဆိုင်ရာ ဗြိတိန် သံအမတ်အဖြစ် ခန့်အပ်ခဲ့မှုအတွက်တာဝန်ယူကာ ရာထူးမှ နုတ်ထွက် သွားခဲ့သည်။ ထိုခန့်အပ်မှုသည် အမှားအယွင်းတစ်ခုဖြစ်ခဲ့ပြီး ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့သူ မန်ဒယ်လ်ဆင်သည် "မိမိတို့၏ပါတီ၊ နိုင်ငံနှင့် နိုင်ငံရေး အပေါ် ယုံကြည်မှုတို့ကို ထိခိုက်စေခဲ့သည်" ဟု မက်ဆွီးနေးက ၎င်း၏ နုတ်ထွက်စာတွင် ဖော်ပြခဲ့သည်။ မက်ဆွီးနေး နုတ်ထွက်ပြီးနောက်ဝန်ကြီးချုပ်၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူး တင်မ် အလန် (Tim Allan) ကလည်း ဝန်ကြီးချုပ်အနေဖြင့် အဖွဲ့သစ်တစ်ခု ဖွဲ့စည်းနိုင်စေရန် အတွက် ရာထူးမှ နုတ်ထွက်ခဲ့ပြန်သည်။
ဗြိတိန်တော်ဝင်မိသားစုနှင့် ဘုရင် ချားလ်စ် (၃) ၏ ညီတော် အင်ဒရူး မင်းသားတို့သည်လည်း အက်ပ်စတိန်း၏ မှတ်တမ်းသစ်များကြောင့် ထိခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ လိင်မှုရာဇဝတ်ကောင်နှင့် ပတ်သက်မှုများကြောင့် ဘွဲ့ထူးဂုဏ်ထူးများ ရုပ်သိမ်းခံထားရပြီး ဖြစ်သော မင်းသားဟောင်းသည် အက်ပ်စတိန်းထံသို့ အရေးကြီး စာရွက်စာတမ်းများ ပေးပို့ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ယခုအခါ "အများ ပြည်သူ ဆိုင်ရာ ရုံးတွင် အကျင့်ပျက်ခြစားမှု" စွဲချက်နှင့် ရင်ဆိုင်နေရသည်။ ၎င်းကို ပြီးခဲ့သည့်သီတင်းပတ်က ခေတ္တဖမ်းဆီးခဲ့သော်လည်း စစ်ဆေးမေးမြန်း ပြီးနောက် ထိုနေ့တွင်ပင် ပြန်လည်လွှတ်ပေးခဲ့သည်။

ယူကရိန်းပဋိပက္ခကို ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖြင့် အဆုံးသတ်နိုင်ရန်အတွက် ပဋိပက္ခ၏ "အရင်းခံအကြောင်းတရားများ" ကို ဦးစွာ ဖြေရှင်းရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မာရီယာ ဇာခါရိုဗာက အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) တွင် အလေး အနက် ပြောကြားလိုက်သည်။ ၂၀၂၂ ခုနှစ်က ရုရှား၏ စစ်ရေးအရ အရေးယူဆောင်ရွက်မှုသည် အနောက်နိုင်ငံများက ရုရှား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့ခြင်းနှင့် NATO အဖွဲ့တိုးချဲ့မှုအပေါ် ကန့်ကွက်မှုများကို ငြင်းပယ်ခဲ့ခြင်းတို့ကြောင့် ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၅၁ အရ မဖြစ်မနေ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ဇာခါရိုဗာ၏ အဆိုအရ ယူကရိန်းနိုင်ငံသည် ၁၉၉၀ ပြည့်လွန်နှစ်များက နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိစေခဲ့သည့် "ကြားနေဝါဒ၊ မဟာမိတ် အဖွဲ့ များတွင် မပါဝင်မှုနှင့် နျူကလီးယားကင်းစင်ရေး" ဟူသော အခြေခံမူ ၃ ရပ်ကို ချိုးဖောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၁၄ ခုနှစ် မိုင်ဒန်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သော ဒွန်ဘတ်စ်ဒေသ ပဋိပက္ခ အတွင်း အရပ်သား ၁၃,၅၀၀ ကျော် သေဆုံးခဲ့မှုကို နိုင်ငံတကာ အဖွဲ့ အစည်းများက လျစ်လျူရှုခဲ့ခြင်းနှင့် ကိယက်ဗ်အစိုးရ၏ "နီယို-နာဇီဝါဒ" လမ်းစဉ်များကြောင့် ရုရှားအနေဖြင့် "စစ်မဲ့ဇုန်ဖြစ်စေရေးနှင့် နာဇီဝါဒ အမြစ်ပြတ်ချေမှုန်းရေး" ရည်မှန်းချက်များကို ဆက်လက်ကိုင်စွဲထားရခြင်း ဖြစ်ကြောင်း သူမက ထောက်ပြခဲ့သည်။
လက်ရှိတွင် ရုရှား၊ အမေရိကန်နှင့် ယူကရိန်းတို့သည် ဂျီနီဗာနှင့် အဘူဒါဘီ မြို့တို့တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်များမှာ အဓိက အဟန့်အတား ဖြစ်နေဆဲဖြစ်သည်။ အထူးသဖြင့် ခရိုင်းမီးယား၊ ဒိုးနတ်၊ လူဂန့်၊ ဇာပိုရို ဇီးယား နှင့် ခါဆွန် ဒေသများကို ရုရှားက ၎င်း၏ပိုင်နက်အဖြစ် ဆန္ဒခံယူပွဲများမှတစ်ဆင့် သတ်မှတ်ထားသော်လည်း ယူကရိန်းဘက်က အဆိုပါနယ်မြေများကို စွန့်လွှတ်ရန် ငြင်းဆိုထားခြင်းက ငြိမ်းချမ်းရေး ဆွေးနွေးမှု များကို ရှေ့မတိုးနိုင်အောင် ဖြစ်စေလျက်ရှိသည်။

ဂျာမနီနိုင်ငံရှိ ဘူခန်ဝေါ့လ်ဒ် (Buchenwald) နာဇီအကျဉ်းစခန်းဟောင်း အထိမ်းအမှတ်နေရာတွင် ပါလက်စတိုင်းလိုလားသည့် အဖွဲ့အစည်းအချို့က ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်နေမှုကို အထိမ်းအမှတ်ဖောင်ဒေးရှင်းက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။ အဆိုပါ ‘Keffiyehs in Buchenwald’ အွန်လိုင်းလှုပ်ရှားမှုကို ထောက်ခံသူများက အထိမ်းအမှတ်နေရာ စီမံခန့်ခွဲရေးအဖွဲ့သည် "အစ္စရေးဝါဒဖြန့်မှုများ" ပြုလုပ်နေပြီး ပါလက်စတိုင်းတွင် ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးနေသည်ဟု စွပ်စွဲထားကြသည်။ ၎င်းတို့သည် အမေရိကန်တပ်ဖွဲ့များက အကျဉ်းစခန်းကို ကယ်တင်နိုင်ခဲ့သည့် ၈၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပမည့် လာမည့်ဧပြီလတွင် လူထုဆန္ဒပြပွဲပြုလုပ်ရန် တိုက်တွန်းနေကြခြင်းဖြစ်သည်။
ဘူခန်ဝေါ့လ်ဒ်နှင့် မစ်တယ်ဘောင်-ဒိုရာ အထိမ်းအမှတ်ဖောင်ဒေးရှင်း၏ ပြောရေးဆိုခွင့်ရှိသူ ရီကိုလာ-ဂန်နာ လုဂ်ဂျန်နောင်းကမူ ယခုလှုပ်ရှားမှုသည် နာဇီသားကောင်များအတွက် ရည်စူးထားသည့် အခမ်းအနားကို နိုင်ငံရေးရည်မှန်းချက်များအတွက် မလျော်ကန်စွာ အသုံးချခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးအပေါ် ဟားမက်တို့၏ တိုက်ခိုက်မှုကို ဂုဏ်ပြုနေကြသူများနှင့် အစ္စရေးနိုင်ငံ တည်ရှိခွင့်ကို ငြင်းပယ်သူများအတွက် အဆိုပါနေရာတွင် နေရာမရှိဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
တက်ကြွလှုပ်ရှားသူများက အထိမ်းအမှတ်နေရာအတွင်း ပါလက်စတိုင်း ရိုးရာ ခေါင်းပေါင်း (Keffiyeh) ဝတ်ဆင်ခွင့် ပိတ်ပင်ထားခြင်းကိုလည်း ဝေဖန်ခဲ့ကြသည်။ သို့သော် ၂၀၂၅ ခုနှစ်တွင် ဂျာမန်တရားရုံးတစ်ခုက ဂျူး လူမျိုးများ၏ လုံခြုံစိတ်ချရမှုခံစားချက်ကို ကာကွယ်ရန်အတွက် အဆိုပါ အထိမ်းအမှတ်နေရာ၌ Keffiyeh ဝတ်ဆင်သူများကို ဝင်ရောက်ခွင့် ငြင်းပယ်ရန် အခွင့်အာဏာရှိကြောင်း ဆုံးဖြတ်ချက်ချမှတ်ထားပြီး ဖြစ်သည်။
၁၉၃၇ မှ ၁၉၄၅ ခုနှစ်အတွင်း ဘူခန်ဝေါ့လ်ဒ် အကျဉ်းစခန်းတွင် လူပေါင်း ၅၆,၀၀၀ ခန့် သေဆုံးခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့သည်။ လက်ရှိ ဂါဇာ စစ်ပွဲမှာမူ ဟားမက်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှ လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ရပြီးနောက် စတင်ခဲ့ခြင်းဖြစ်ကာ ထိုအချိန်မှစ၍ အစ္စရေး၏ စစ်ဆင်ရေးများအတွင်း ပါလက်စတိုင်းလူမျိုး ၇၂,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့တွင် လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူများနှင့် ဖြစ်ပွားသော ခိုက်ရန်ဖြစ်ပွားမှုအတွင်း သေဆုံးခဲ့သည့် အမျိုးသားရေး ဝါဒီ ကွမ်တင် ဒီရန်ကေး (Quentin Deranque) ကို ဂုဏ်ပြုသောအားဖြင့် စနေနေ့ (ဖေဖော်ဝါရီ ၂၁) က လူပေါင်း ၃,၂၀၀ ကျော် ချီတက် ဆန္ဒပြခဲ့ကြသည်။ အသက် ၂၃ နှစ်အရွယ် သင်္ချာကျောင်းသား ဒီရန်ကေးသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က လက်ယာယိမ်းအမျိုးသမီးအဖွဲ့ Nemesis အတွက် အလွတ်သဘော လုံခြုံရေးယူပေးနေစဉ် လက်ဝဲယိမ်းအုပ်စုနှင့် ထိပ်တိုက်တွေ့ကာ ဦးခေါင်းဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ပြင်သစ်ပြည်ထဲရေးဝန်ကြီး လောရင့် နူးညက်စ်က ‘တမင်ရည်ရွယ်သော ဝိုင်းဝန်းသတ်ဖြတ်မှု’ အဖြစ် သတ်မှတ်ပြောကြားခဲ့ပြီး ပြင်သစ်တစ်နိုင်ငံလုံးတွင် ပြင်းထန်သော ဂယက် ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားရာ ၎င်းတို့အနက် နှစ်ဦးမှာ လက်ဝဲယိမ်း La France Insoumise (LFI) ပါတီမှ လွှတ်တော်အမတ် ရာဖေးလ် အာနိုး၏ လက်ထောက်များ ဖြစ်နေကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ်သည့် ချီတက်ပွဲတွင် ဆန္ဒပြသူများသည် ‘ကွမ်တင်အတွက် တရားမျှတမှုပေး’၊ ‘လက်ဝဲစွန်းများ လူသတ်နေသည်’ နှင့် ‘Jeune Garde အဖွဲ့ကို ထောင်ချ’ စသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။ ချီတက်ပွဲအတွင်း ဖက်ဆစ် ဆန့်ကျင်ရေးအဖွဲ့များနှင့် ဆန္ဒပြသူများအကြား အပြန်အလှန် အော်ဟစ်ဆဲဆိုမှုအချို့ ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က လုံခြုံရေးစည်းချကာ ထိန်းသိမ်းနိုင်ခဲ့သဖြင့် ကြီးမားသော ပဋိပက္ခမရှိဘဲ ပြီးဆုံးခဲ့သည်။ အာဏာပိုင်များက ဓားနှင့်တူ ကိုင်ဆောင်ထားသူ တစ်ဦးအပါအဝင် စုစုပေါင်း နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Jalisco New Generation မူးယစ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ နေမက် စီယို "အယ်လ်မန်ချို" အိုစီဂူရာ ဆာဗားန်တေး (Nemesio “El Mencho” Oseguera Cervantes) အား သုတ်သင်ဖယ်ရှားနိုင်ခဲ့သည့် စစ်ဆင်ရေး တွင်ပါဝင်ခဲ့ကြသော အေဂျင်စီများ၏ စွမ်းဆောင်ရည်ကို မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) က ချီးကျူး ဂုဏ်ပြုလိုက်သည်။ သမ္မတ ရှိန်းဘမ်းက နိုင်ငံအတွင်း ဖြစ်ပွားနေသည့် မငြိမ်မသက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရ အသီးသီး သည် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့သည်။
သမ္မတက "ကျွန်မတို့အနေဖြင့် မက္ကဆီကိုနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားမျှတရေးနှင့် သာယာဝပြောရေးတို့အတွက် နေ့စဉ်မပြတ် ကြိုးပမ်း ဆောင်ရွက်နေပါသည်" ဟု ဆိုသည်။ ယခင်က ရှိန်းဘမ်းသည် မူးယစ် ဂိုဏ်းခေါင်းဆောင်များကို ပစ်မှတ်ထားသည့် မဟာဗျူဟာအပေါ် သံသယ ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ရာဇဝတ်ဂိုဏ်းများ၏ ခေါင်းဆောင်ပိုင်းကို ဖယ်ရှားခြင်းသည် အဖွဲ့အစည်းများအား အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားစေပြီး ပြိုင်ဘက်အုပ်စုများအကြား အကြမ်းဖက်မှု သံသရာ သစ်များ ဖြစ်ပေါ်လာစေနိုင်ကြောင်း သူမက သတိပေးခဲ့ဖူးခြင်း ဖြစ်သည်။
သို့သော် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များသည် ၎င်းမက္ကဆီကို အစိုးရအဖွဲ့ အတွက် အဓိကစိန်ခေါ်မှုတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။လွန်ခဲ့သည့်နှစ်အတွင်း မက္ကဆီကိုနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေးတွင် သိသာထင်ရှားသည့် ရလဒ်များ မပြသနိုင်ပါက စစ်ရေးအရဝင်ရောက်စွက်ဖက်ခြင်းနှင့် သွင်းကုန်ခွန်များ တိုးမြှင့်ခြင်း တို့ ပြုလုပ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ရာ ရှိန်းဘမ်းအနေဖြင့် အမေရိကန်၏ တိုးမြှင့်ဖိအားပေးမှုများကို ရင်ဆိုင် လာခဲ့ရသည်။
ရှိန်းဘမ်းက မက္ကဆီကိုမြေပေါ်တွင် အမေရိကန်၏ တိုက်ခိုက်မှုများ ပြုလုပ်မည့် အယူအဆကို ငြင်းပယ်ထားပြီး ယင်းသို့ လုပ်ဆောင်ခြင်း သည် မက္ကဆီကို၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ၎င်းအစား သူမသည် အမေရိကန် လုံခြုံရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ခြင်းဖြင့် စနစ်တကျဖွဲ့စည်းထားသည့် ရာဇဝတ်ဂိုဏ်းများကို တိုက်ရိုက်နှိမ်နင်းမည့် နည်းလမ်းကိုသာ ရွေးချယ်ကျင့်သုံးလျက်ရှိသည်။

ဂရင်းလန်းကျွန်းအနေဖြင့် အမေရိကန်သမ္မတ ထရမ့်က အဆိုပါကျွန်းသို့ စေလွှတ်မည့် ဆေးရုံသင်္ဘော တစ်စင်းအား လက်ခံရန်ဆန္ဒမရှိဟု ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အစိုးရဝန်ကြီးချုပ် Jens-Frederik Nielsen က ဖေဖော်ဝါရီ ၂၂ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
“ထိုကိစ္စနှင့်စပ်လျဉ်း၍ အဖြေကတော့မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်” ဟု Jens-Frederik Nielsen က ထိုနေ့တွင် Facebook ၌ ပို့စ်တင်၍ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းနေပြည်သူများသည် အခမဲ့ဆေးကုသမှုကို ခံစားခွင့်ရှိကြောင်း၊ ယင်းစနစ်သည် ဒေသတွင်းလူမှုအသိုက်အဝန်း၏ “အခြေခံ ဖွဲ့စည်းပုံ အစိတ်အပိုင်း” ဖြစ်ကြောင်း၊ “ယင်းက အမေရိကန်နှင့် မတူပါ၊ အမေရိကန်မှာ ဆရာဝန်ပြလျှင် ငွေကုန်ကျရပါသည်” ဟု ၎င်းက ဆိုသည်။
ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရသည် အမေရိကန်အပေါ် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောထားလက်ကိုင်ထားကြောင်း၊ သို့သော် အမေရိကန်ဘက်က “လူမှုမီဒီယာပေါ်မှာ ပေ့ါပြက်ပြက် သဘောဆောင်သည့် မှတ်ချက်တွေ ထုတ်ဖော်ပြောကြားနေမည့်အစား မိမိတို့နှင့် ဦးစွာ ချိတ်ဆက်ဆွေးနွေးရန်” မျှော်လင့်ကြောင်း Jens-Frederik Nielsen က တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် လေးစားမှုကို ရှေ့တန်းတင်ထား သင့်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
ထရမ့်က “ထိုနေရာက နေမကောင်းပြီး ဂရုစိုက်ပြုစုခြင်း မခံရသည့်သူများကို ပြုစုစောင့်ရှောက်ပေးရန်အတွက်” ဂရင်းလန်းကျွန်းသို့ ဆေးရုံသင်္ဘောတစ်စင်း စေလွှတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေလည်းဖြစ်သည်။ ထိုကျွန်းတွင် အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။ ထိုမတိုင်မီ ထရမ့်က “အမျိုးသားလုံခြုံရေး” ဟူသော အကြောင်းပြချက်ဖြင့် ဂရင်းလန်းကျွန်းအား ရယူမည်ဟု အကြိမ်များစွာ ကြုံးဝါးပြောဆိုခဲ့သည်။
ကိုးကား - Xinhua