မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။

လက်ရှိကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပြောင်းလဲလာနေသော ရာသီဥတုတို့က ကမ္ဘာ့ စီးပွားရေးတိုးတက်မှုအပေါ် ဖိစီးမှုဖြစ်စေကြောင်း ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဥရောပဘဏ် (EBRD)က စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်တဲ့ မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံမှာကျင်းပတဲ့ ဥရောပ-အာရှ (EEF) စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့တယ်။ ဒီတက်ရောက်ခဲ့တဲ့ ဖိုရမ်ကနေပြီးတော့ ဘယ်လိုအောင်မြင်မှုတွေ၊ ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲခင်ဗျ။
ဖြေ။ ။ ပထမဦးဆုံးတော့EAEU နဲ့ပတ်သက်ပြီးတော့ ကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်။ EAEU ဆိုတာ ဥရောပ-အာရှစီးပွားရေးသမဂ္ဂဆိုတာ ၂၀၁၅ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်တယ်။ စတင်ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ နံပါတ်တစ်ကတော့ ပါဝင်တဲ့အဖွဲ့ဝင်နိုင်ငံအချင်းချင်း၊ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ နောက်တစ်ခုကတော့ လူနေမှုအဆင့်အတန်း မြင့်မားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့စတင်ပြီးတော့ ထူထောင်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံကတော့ ၂၀၂၂ ခုနှစ်ကနေစပြီးတော့ EAEU နဲ့ ဆက်သွယ်ခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ (EAEU)ရဲ့ (EEC) အဖွဲ့ပေါ့။ (EEC) ဆိုတာ ဥရောပ-အာရှ စီးပွားရေးအဖွဲ့ပေါ့။ အဲဒီအဖွဲ့က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုရောက်ရှိခဲ့တယ်။ ရောက်ရှိခဲ့ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ပြီးတော့ ကဏ္ဍပေါင်းစုံမှာ မြှင့်တင်နိုင်ရေး၊ ကဏ္ဍပေါင်းစုံဆက်ဆံမှု မြှင့်တင်နိုင်ရေးကို ဆောင်ရွက်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာ ပိုပြီးတော့ အရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာဆိုရင် EAEU အဖွဲ့နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက်ကို ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU နားလည်မှုစာချွန်လွှာချုပ်ဆိုနိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာပဲ စိန့်ပီတာစဘတ်မှာကျင်းပခဲ့တဲ့ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်မှာ ဒီစာချုပ်ကို ကျွန်တော်တို့ချုပ်ဆိုနိုင်ခဲ့တာပါ။ ချုပ်ဆိုနိုင်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ်မှာ EAEU က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာခဲ့တယ်။ လာတဲ့အချိန်မှာ ဒီ MoU ကို ဆက်လက်ပြီးတော့ အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် MoU ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်။ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့တယ်။ နောက်တစ်ကြိမ်အစည်းအဝေးကိုတော့ ရုရှားမှာ ကျွန်တော်တို့ကျင်းပခဲ့တယ်။ EAEU ရဲ့ခုနကပြောတဲ့ မူလရည်ရွယ်ချက်ကို ပြောပြခဲ့ပြီးဖြစ်တယ်။ EAEU အနေနဲ့က သူ့ရဲ့အခြေခံပဋိညာဉ်မှာ ဘာပါလဲဆိုတော့ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာတည်တံ့မှု နယ်မြေခိုင်မြဲမှုကိုအလေးထားဖို့ နံပါတ်နှစ်အချက်ကတော့ နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အလေးထားဖို့ဆိုတာပါပါတယ်။ ဒါဟာ နိုင်ငံတိုင်းအတွက် လိုအပ်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အခြေအနေအရ စီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ ကျန်တဲ့ အရေးအရာတွေပဲဖြစ်ဖြစ် သူတို့လိုရင်လိုသလို ပုံဖော်နေတယ်။ မလိုရင်မလိုသလို ပုံဖော်နေတဲ့ဟာတွေ ပိတ်ဆို့နေတဲ့ဟာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က EAEU နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုအင်အားကို ရရှိလာမှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ EAEU ရဲ့နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF)၊ အခုဆိုရင် (၄) ကြိမ်မြောက်ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက်မှာလည်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းပြောကြားခဲ့တဲ့နေရာမှာလည်း ကျွန်တော်ပြောကြားခဲ့တဲ့ အချက်အလက်တွေအပြင် ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့တာကို အားလုံးတွေ့နိုင်မှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EAEU ရဲ့လေ့လာခွင့်ရရှိတဲ့နိုင်ငံ၊ လေ့လာသူနိုင်ငံဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ကြိုးစားဆောင်ရွက်မှုလည်း အောင်မြင်နိုင်လိမ့်မယ်လို့မြင်ပါတယ်။ EAEU အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားတို့ အခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ကြိုဆိုလက်ခံတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
မေး။ ။ ခရီးစဉ်အတွင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Buryatia ပြည်နယ် Ulan-Ude မြို့ကိုလည်း သွားရောက်ခဲ့တာတွေ့ရပါတယ်။ ဒီခရီးစဉ်ကနေပြီးတော့ ဘယ်လိုအကျိုးအမြတ်တွေကို ရရှိခဲ့ပါသလဲ ခင်ဗျ။
ဖြေ။ ။ Buryatia ပြည်နယ်အကြီးအကဲက ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်း လာခဲ့ဖူးပါတယ်။ သတင်းထောက်ကြီးတို့လည်း တွေ့မှာပဲဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီး တန်ဆောင်တိုင် ပွဲတော်မှာ Buryatia ပြည်နယ်အထိမ်းအမှတ်အနေနဲ့ မီးပုံးပျံလွှတ်တင်ခဲ့ တာရှိပါတယ်။ ထူးခြားတာက Buryatia ပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး၊ ဘာသာရေးနဲ့ပတ်သက်ပြီး ဆက်ဆံမှု၊ ဆက်သွယ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီမှာရှိနေတဲ့ ဗုဒ္ဓဘာသာညီလာခံဖိုရမ်တစ်ခုလုပ်ဖို့လည်း ဆောင်ရွက်နေတာတွေရှိတယ်။ မြန်မာနိုင်ငံက ဆရာတော်ဘုရားကြီးတွေလည်း သူတို့ဆီကိုကြွနေတာရှိတယ်။ နောက်တစ်ခုက ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ သူတို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ဆောင်ရွက်နေတာ ရှိတယ်။ ဒါ့အပြင် Ulan-Ude မြို့မှာ ရထားပို့ဆောင်ရေးနဲ့ပတ်သက်ပြီး စက်ရုံတွေရှိတယ်။ အဲဒီစက်ရုံတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့၊ ခရီးသွားမြှင့်တင်ဖို့ ကျွန်တော်တို့သွားရောက်လေ့လာခဲ့တယ်။ ဒီနေ့မှာ ဆို Ulan-Ude မြို့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ Buryatia ပြည်နယ်အကြီးအကဲတို့က ရထားစက်ရုံကို လေ့လာပြီးတဲ့နောက်ပိုင်းမှာ သူတို့မီဒီယာတွေကလည်း တော်တော်စိတ်ဝင်စားကြတယ်။ သူတို့ဆီက ပင်မမီဒီယာရှစ်ခုကလာပြီး နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းမေးတယ်။ Buryatia ပြည်နယ် အကြီးအကဲကိုလည်းမေးတယ်။ သူတို့အနေနဲ့လည်း မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အဲဒီကနေ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံနဲ့ ရုရှားနိုင်ငံသို့သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့မြန်မာနိုင်ငံကကျင့်သုံးနေတဲ့ နိုင်ငံခြားမူဝါဒက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာဆိုရင် နိုင်ငံအားလုံးကို မိတ်ဆွေအဖြစ် မိတ်ဝတ်မပျက် ဆက်ဆံမှာဖြစ်တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့က နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပြည်သူလူထုရဲ့လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်တဲ့ နိုင်ငံတွေနဲ့ ဦးစားပေးပြီးဆက်ဆံသွားရမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလည်း မြန်မာပြည်သူလူထု၊ မြန်မာနိုင်ငံ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ လမ်းစကောင်းတွေကို ရရှိခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
MOI

၁။ ၂၀၂၅-၂၀၂၆ ခုနှစ်ထွက် မိုးစပါးများထွက်ပေါ်နေပြီဖြစ်ရာ လက်ရှိကာလတွင် ဈေးကွက်သို့ဖြိုင်ဖြိုင် ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ဆန်စပါး အဓိကထုတ်လုပ်တင်ပို့ရောင်းချနေသော တိုင်းဒေသကြီးများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ စပါးဈေးကွက်အတွင်း ဖြစ်ပေါ် နေသည့် မိုးစပါးသစ် အစိုဓာတ် ၁၄ % ရှိသည့် ၄၆ ပေါင် ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် | တိုင်းဒေသကြီး | စပါးအမျိုးအစား (ဧည့်မထအုပ်စု) | ၄၆ ပေါင်ကိုက် တင်း (၁၀၀) ဈေးနှုန်းကျပ် |
(က) | ဧရာဝတီ | မှော်ဘီ၊ ဆင်းသုခ၊ gw-11 | ၁,၁၉၆,၀၀၀ မှ ၁,၂၈၈,၀၀၀ |
(ခ) | ပဲခူး | သုခ၊ အသွယ် | ၁,၃၃၄,၀၀၀ မှ ၁,၄၃၅,၀၀၀ |
(ဂ) | ရန်ကုန် | ဆင်းသုခ၊ ရက်-၉၀၊ အသွယ်၊ ရွှေမန်း၊ ရာကျော် | ၁,၂၂၀,၀၀၀ မှ ၁,၂၇၈,၀၀၀ |
၂။ ယခုနှစ်တွင် နိုင်ငံတကာဈေးကွက်၌ ဆန်၊ စပါးဈေးနှုန်းများသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်း လျက်ရှိပါသဖြင့် ပြည်ပတင်ပို့သည့် ဧည့်မထအုပ်စု၊ ငစိန်အုပ်စုဝင် ဆန်စပါးဈေးနှုန်းများ ကျဆင်းနေပါသည်။ သို့သော်လည်း ပြည်ပတင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်းကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးဆောင်သော ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များမှ ဆန်စက်များနှင့် ပြည်ပတင်ပို့သည့် ကုမ္ပဏီလုပ်ငန်းရှင်များကို စိုက်ပျိုးသည့် တောင်သူများထံမှ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူပေးရန် မေတ္တာရပ်ခံထားပြီး အစိုဓာတ် ၁၄ % ရှိသည့် ဧည့်မထ အုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ၁,၃၀၀,၀၀၀ ကျပ်မှ ၁,၄၀၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဆင်းသုခစပါးတင်း ၁၀၀ လျှင် ၁,၃၅၀,၀၀၀ ကျပ်မှ ၁,၄၅၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း ဝယ်ယူပေးလျက် ရှိပါသည်။
၃။ စပါးအစို တင်း ၁၀၀ ဈေးနှုန်းသည် ၁,၁၀၀,၀၀၀ ကျပ် အောက်တွင် ဖြစ်ပေါ်နေသည့် ဒေသများအနေဖြင့် ကျေးရွာအမည်၊ တောင်သူအမည်၊ စပါးအမျိုးအစား၊ ရောင်းချလိုသည့် စပါးတင်းအရေအတွက် (ခန့်မှန်း) ၊ ဖုန်းနံပါတ်တို့ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ် ၀၁-၂၁၈၂၆၆၊ ၀၁-၂၁၈၂၆၈၊ ၀၁-၂၃၀၁၁၂၈ နှင့် ၀၁-၂၃၀၁၁၂၉ သို့ ဆက်သွယ်ရောင်းချနိုင်ပါကြောင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ Facebook Page (Myanmar Rice Federation – MRF)၊ Website Page နှင့် မီဒီယာများတွင် ဖော်ပြထားပါသည်။ ဧည့်မထ၊ ငစိန်စသော ပြည်ပတင်ပို့သည့် စပါးအမျိုးအစားများ စိုက်ပျိုးသည့် တောင်သူလယ်သမားများအား အကြံပြုပန်ကြားချက်အား အောက်ဖော်ပြပါ link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်-
https://presoffministry.gov.mm/my/node/16774
၄။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် စပါးသီးနှံများ ဈေးနှုန်းဈေးကွက်ရရှိရေးနှင့် တောင်သူများ ထုတ်လုပ်မှုစရိတ်ကာမိစေပြီး ထိုက်သင့်သည့် အကျိုးအမြတ် ရရှိရေးအတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို နှစ်စဉ်သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိပြီး ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် အစိုဓာတ် ၁၄ % ၊ အဖျင်း၊အမှော်၊ဖုန်၊သဲ၊ခဲ ကင်းစင်သည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ ဈေးနှုန်းကို ၁,၁၅၀,၀၀၀ ကျပ်ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာတွင် သတ်မှတ် ထုတ်ပြန်ခဲ့ပါသည်။ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စပါးဈေးနှုန်းမှာ သတ်မှတ်ထုတ်ပြန်သည့် အခြေခံ ရည်ညွှန်းဈေးနှုန်းအောက်ကျရောက်ပါက နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန် ကြေညာချက် အား အောက်ဖော်ပြပါ link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်-
https://presoffministry.gov.mm/my/node/16775
၅။ တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော စပါးဈေးနှုန်းသည် နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်သည့် အခြေခံရည်ညွှန်းဈေးနှုန်းအောက်ကျရောက်နေပါက တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူပေးနိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် စပါး၊ ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များမှတစ်ဆင့် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ထံသို့ တင်ပြပြီး ဝယ်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားတင်ပြအပ်ပါသည်။
ဖြေကြားပေးသည့်ဌာန - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန