ကဏ္ဍများ

စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် တက်ညီလက်ညီအကောင်အထည်ဖော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကြေညာခဲ့သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေတို့အရ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်းကြေညာချက်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေအရ တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီး၌ ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်(သောကြာနေ့) တွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း ကြေညာချက်တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတို့ကို နေပြည်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီးတွင် ကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပြီဖြစ်ရာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေသတ်မှတ်ထားသည့် နေ့ရက် အသီးသီးတွင် သက်ဆိုင်ရာနေရာအသီးသီးသို့ ရောက်ရှိလာကြတော့မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် မတ်လ ၁၆ ရက်မှစတင်၍ တတိယအကြိမ် ဒီမိုကရေစီ အခင်းအကျင်းသစ်ကို စတင်တွေ့မြင်ကြရတော့မည်ဖြစ်သည်။မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲများ စနစ်တကျကျင်းပဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် မဲမသမာမှုများကြောင့် တပ်မတော်က နိုင်ငံတော်ကို ခေတ္တတာဝန်ယူကာ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စနစ်တကျကျင်းပပေးခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှောက်လှမ်းနေသော နိုင်ငံဖြစ်သည်နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားလက်ခံပြီး နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အညီ နိုင်ငံကြီးသားပီသစွာ စနစ်တကျဖြင့် အေးချမ်းစွာ ပါဝင်ဆန္ဒမဲပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ယခုအခါ ရွေးကောက်ပွဲရလဒ်များအရ နိုင်ငံတော်အတွက်ဂုဏ်ယူဖွယ်ရာ ဒီမိုကရေစီအခင်းအကျင်းသစ် စတင်ပေါ်ပေါက်လာတော့မည်ဖြစ်သည်။မကြာမီကာလတွင် လွှတ်တော်အသီးသီး၌ အစည်းအဝေးများကျင်းပနိုင်ရန် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသင့်ပြင်ဆင်စီမံဆောင်ရွက်ထားပြီးဖြစ်သည်။ လွှတ်တော်အစည်းအဝေးများ စတင်ဆောင်ရွက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များကို ခိုင်မာစွာစိုက်ထူတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာကြသူများတွင် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လာကြသဖြင့် တိုင်းရင်းသားများ၏ဆန္ဒနှင့် လိုလားချက်များကို ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သည်။ သို့မှသာ လူမျိုးစုအလိုက်လိုအပ်ချက်များ၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာဆွေးနွေးကာ စုပေါင်းဆုံးဖြတ်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်များကျင့်သုံးပြီး တရားမျှတမှု၊ မြင့်မားသောမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုအားကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။ ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမည့်အစိုးရသစ်အား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်နိုင်တော့မည်ဖြစ်သည်။သို့ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ပိုမိုကောင်းမွန်သည့် ဒီမိုကရေစီယဉ်ကျေးမှုသစ်ကို စတင်တည်ဆောက်တော့မည်ဖြစ်သည်။ ဖြစ်ပေါ်လာမည့် ဒီမိုကရေစီတတိယသက်တမ်းတွင် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို အင်တိုက်အားတိုက် တက်တက်ကြွကြွ ဆောင်ရွက်ကြတော့မည်ဖြစ်သည်။ လွတ်လပ်မှု၊ တရားမျှတမှုကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချ၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်တော့မည်ဟု ယုံကြည်ပါကြောင်း။ ။moi

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေတို့အရ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်းကြေညာချက်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေအရ တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီး၌ ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်(သောကြာနေ့) တွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း ကြေညာချက်တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတို့ကို နေပြည်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီးတွင် ကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပြီဖြစ်ရာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေသတ်မှတ်ထားသည့် နေ့ရက် အသီးသီးတွင် သက်ဆိုင်ရာနေရာအသီးသီးသို့ ရောက်ရှိလာကြတော့မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် မတ်လ ၁၆ ရက်မှစတင်၍ တတိယအကြိမ် ဒီမိုကရေစီ အခင်းအကျင်းသစ်ကို စတင်တွေ့မြင်ကြရတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲများ စနစ်တကျကျင်းပဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် မဲမသမာမှုများကြောင့် တပ်မတော်က နိုင်ငံတော်ကို ခေတ္တတာဝန်ယူကာ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စနစ်တကျကျင်းပပေးခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှောက်လှမ်းနေသော နိုင်ငံဖြစ်သည်နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားလက်ခံပြီး နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အညီ နိုင်ငံကြီးသားပီသစွာ စနစ်တကျဖြင့် အေးချမ်းစွာ ပါဝင်ဆန္ဒမဲပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ယခုအခါ ရွေးကောက်ပွဲရလဒ်များအရ နိုင်ငံတော်အတွက်ဂုဏ်ယူဖွယ်ရာ ဒီမိုကရေစီအခင်းအကျင်းသစ် စတင်ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

မကြာမီကာလတွင် လွှတ်တော်အသီးသီး၌ အစည်းအဝေးများကျင်းပနိုင်ရန် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသင့်ပြင်ဆင်စီမံဆောင်ရွက်ထားပြီးဖြစ်သည်။ လွှတ်တော်အစည်းအဝေးများ စတင်ဆောင်ရွက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များကို ခိုင်မာစွာစိုက်ထူတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာကြသူများတွင် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လာကြသဖြင့် တိုင်းရင်းသားများ၏ဆန္ဒနှင့် လိုလားချက်များကို ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သည်။ သို့မှသာ လူမျိုးစုအလိုက်လိုအပ်ချက်များ၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာဆွေးနွေးကာ စုပေါင်းဆုံးဖြတ်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်များကျင့်သုံးပြီး တရားမျှတမှု၊ မြင့်မားသောမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုအားကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။ ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမည့်အစိုးရသစ်အား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်နိုင်တော့မည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ပိုမိုကောင်းမွန်သည့် ဒီမိုကရေစီယဉ်ကျေးမှုသစ်ကို စတင်တည်ဆောက်တော့မည်ဖြစ်သည်။ ဖြစ်ပေါ်လာမည့် ဒီမိုကရေစီတတိယသက်တမ်းတွင် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို အင်တိုက်အားတိုက် တက်တက်ကြွကြွ ဆောင်ရွက်ကြတော့မည်ဖြစ်သည်။ လွတ်လပ်မှု၊ တရားမျှတမှုကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချ၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်တော့မည်ဟု ယုံကြည်ပါကြောင်း။    ။

moi

ပြည်တွင်းရေးစွက်ဖက်မှုကို လက်မခံ အာဆီယံအခြေခံမူလေးစားလိုက်နာ
လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သည့်နိုင်ငံနှစ်နိုင်ငံကို တွေ့ရမည်ဖြစ်သည်။ အလွန်ဝေးလံသည့် အာဖရိကတိုက်မှ နိုင်ငံငယ်လေးတစ်နိုင်ငံနှင့် မကြာသေးမီကာလက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် လျှောက်ထားမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် ဆောင်ရွက်ပေးခဲ့သော အရှေ့တောင်အာရှဒေသတွင်းမှ တီမောလက်စ်တေနိုင်ငံငယ်လေးတစ်နိုင်ငံ ဖြစ်သည်။တီမောလက်စ်တေအစိုးရအနေဖြင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏မူလရပ်တည်ချက်ကို ပြန်လည်သုံးသပ်ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် တီမောလက်စ်တေသည် ၎င်း၏ပြုခဲ့သည့်ကတိကဝတ်များနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တီမောလက်စ်တေသမ္မတက မြန်မာ့တပ်မတော် အရာရှိကြီးအချို့အပေါ် တရားစွဲဆိုခဲ့သည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများအား ဇန်နဝါရီ ၁၄ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။မကြာသေးမီကမှ အာဆီယံအဖွဲ့ဝင်ဖြစ်လာသည့် နိုင်ငံ၏အကြီးအကဲတစ်ဦးက အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့်အပြင် အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့်အခြေခံမူများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ဇန်နဝါရီ ၁၆ ရက်တွင်ဆင့်ခေါ်၍ အဆိုပါအပြုအမူကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသိပေးခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင်ပြန်လည်ပေးပို့ရန် တောင်းဆိုခဲ့သည်။ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ ဇန်နဝါရီ ၂၉ ရက်က တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၏ ရပ်တည်ချက်သဘောထားကို ထပ်မံအသိပေးခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုယိုယွင်းသွားစေနိုင်သည့် အရေးကိစ္စများအား ရှောင်ရှားနိုင်ရေးအတွက် ဖြေရှင်း ချက်တစ်ရပ်ကို တရားဝင်ပေးပို့ရန် ထပ်မံတောင်းဆိုခဲ့ရာ တီမောလက်စ်တေဝန်ကြီးက ဖြေရှင်းချက်ကို တစ်ပတ်အတွင်းပေးပို့မည်ဟု ကတိပြုခဲ့သည်။ ဖြေရှင်းချက်ကို စောင့်ဆိုင်းနေစဉ်ကာလအတွင်း တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့၏ တရားစွဲဆိုမှုကိုလက်ခံ၍ အမှုကို လေ့လာကြည့်ရှုရန် ဝါရင့်ရှေ့နေတစ်ဦးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်းသတင်းကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။တရားစွဲဆိုမှုကိုလက်ခံသည့် အလားတူဖြစ်စဉ်မျိုး အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယခင်ကမရှိခဲ့ဖူးသဖြင့် အစဉ်အလာနှင့် အပြုသဘောမဆောင်သည့်ဘက်မှ အဓိပ္ပာယ်ကောက်ယူမှုများကို ဖြစ်ပေါ်စေခဲ့သည့်အပြင် မြန်မာပြည်သူများ၏ နာကြည်းခံပြင်းမှုကိုလည်း ပိုမိုမြင့်တက်စေခဲ့သဖြင့် နောက်ဆုံးတွင် အကျိုးဆက်အဖြစ် မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးအပေါ် မလိုလားအပ်သည့် တန်ပြန်ဆိုးကျိုးများကို သက်ရောက်စေခဲ့သည်။မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေးကောင်းမွန်မှုရှိသော်လည်း တီမောလက်စ်တေသမ္မတသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မကြာခဏဝင်ရောက်စွက်ဖက်နေသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆင့်ခေါ်၍ ဗီယင်နာကွန်ဗင်းရှင်းနှင့်အညီ ဖေဖော်ဝါရီ ၂၀ ရက်မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ညွှန်ကြားခဲ့ပြီး အကယ်၍ တီမောလက်စ်တေအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်သဘောထားများ ပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများအကြား တန်းတူရည်တူရှိရေး၊ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ အချုပ်အခြာအာဏာလေးစားရေးနှင့် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ပါ အခြေခံမူများကို လေးစားလိုက်နာရေးစသည့် မူဝါဒများအပေါ်တွင် အခြေပြု၍ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလျက်ရှိပါကြောင်း။ ။moi

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သည့်နိုင်ငံနှစ်နိုင်ငံကို တွေ့ရမည်ဖြစ်သည်။ အလွန်ဝေးလံသည့် အာဖရိကတိုက်မှ နိုင်ငံငယ်လေးတစ်နိုင်ငံနှင့် မကြာသေးမီကာလက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် လျှောက်ထားမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် ဆောင်ရွက်ပေးခဲ့သော အရှေ့တောင်အာရှဒေသတွင်းမှ တီမောလက်စ်တေနိုင်ငံငယ်လေးတစ်နိုင်ငံ ဖြစ်သည်။

တီမောလက်စ်တေအစိုးရအနေဖြင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏မူလရပ်တည်ချက်ကို ပြန်လည်သုံးသပ်ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် တီမောလက်စ်တေသည် ၎င်း၏ပြုခဲ့သည့်ကတိကဝတ်များနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တီမောလက်စ်တေသမ္မတက မြန်မာ့တပ်မတော် အရာရှိကြီးအချို့အပေါ် တရားစွဲဆိုခဲ့သည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများအား ဇန်နဝါရီ ၁၄ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။

မကြာသေးမီကမှ အာဆီယံအဖွဲ့ဝင်ဖြစ်လာသည့် နိုင်ငံ၏အကြီးအကဲတစ်ဦးက အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့်အပြင် အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့်အခြေခံမူများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ဇန်နဝါရီ ၁၆ ရက်တွင်ဆင့်ခေါ်၍ အဆိုပါအပြုအမူကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသိပေးခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင်ပြန်လည်ပေးပို့ရန် တောင်းဆိုခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ ဇန်နဝါရီ ၂၉ ရက်က တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၏ ရပ်တည်ချက်သဘောထားကို ထပ်မံအသိပေးခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုယိုယွင်းသွားစေနိုင်သည့် အရေးကိစ္စများအား ရှောင်ရှားနိုင်ရေးအတွက် ဖြေရှင်း ချက်တစ်ရပ်ကို တရားဝင်ပေးပို့ရန် ထပ်မံတောင်းဆိုခဲ့ရာ တီမောလက်စ်တေဝန်ကြီးက ဖြေရှင်းချက်ကို တစ်ပတ်အတွင်းပေးပို့မည်ဟု ကတိပြုခဲ့သည်။ ဖြေရှင်းချက်ကို စောင့်ဆိုင်းနေစဉ်ကာလအတွင်း တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့၏ တရားစွဲဆိုမှုကိုလက်ခံ၍ အမှုကို လေ့လာကြည့်ရှုရန် ဝါရင့်ရှေ့နေတစ်ဦးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်းသတင်းကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။

တရားစွဲဆိုမှုကိုလက်ခံသည့် အလားတူဖြစ်စဉ်မျိုး အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယခင်ကမရှိခဲ့ဖူးသဖြင့် အစဉ်အလာနှင့် အပြုသဘောမဆောင်သည့်ဘက်မှ အဓိပ္ပာယ်ကောက်ယူမှုများကို ဖြစ်ပေါ်စေခဲ့သည့်အပြင် မြန်မာပြည်သူများ၏ နာကြည်းခံပြင်းမှုကိုလည်း ပိုမိုမြင့်တက်စေခဲ့သဖြင့် နောက်ဆုံးတွင် အကျိုးဆက်အဖြစ် မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးအပေါ် မလိုလားအပ်သည့် တန်ပြန်ဆိုးကျိုးများကို သက်ရောက်စေခဲ့သည်။

မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေးကောင်းမွန်မှုရှိသော်လည်း တီမောလက်စ်တေသမ္မတသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မကြာခဏဝင်ရောက်စွက်ဖက်နေသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆင့်ခေါ်၍ ဗီယင်နာကွန်ဗင်းရှင်းနှင့်အညီ ဖေဖော်ဝါရီ ၂၀ ရက်မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ညွှန်ကြားခဲ့ပြီး အကယ်၍ တီမောလက်စ်တေအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်သဘောထားများ ပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများအကြား တန်းတူရည်တူရှိရေး၊ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ အချုပ်အခြာအာဏာလေးစားရေးနှင့် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ပါ အခြေခံမူများကို လေးစားလိုက်နာရေးစသည့် မူဝါဒများအပေါ်တွင် အခြေပြု၍ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလျက်ရှိပါကြောင်း။ ။

ပြည်တွင်းရေးစွက်ဖက်မှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချ
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ်တွင် ဘန်ကောက်ကြေညာချက် (Bangkok Declaration) ဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့ပါဝင်၍ စတင်ဖွဲ့စည်းခဲ့သည်။ ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲနှင့် လက်ဝဲလက်ယာအယူအဆများ ပြင်းထန်နေချိန်တွင် ပေါ်ပေါက်လာသည့် အထက်ပါငါးနိုင်ငံအသင်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့အစည်းအဖြစ် သဘောသက်ရောက်မသွားစေရန် ထိန်းသိမ်းရပ်တည်ခဲ့သလို အင်အားကြီးနိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုများနှင့် သြဇာလွှမ်းမိုးမှုများ ဒေသတွင်း ဝင်ရောက်မလာစေရန်အတွက်လည်း ထိန်းသိမ်းခဲ့ကြသည်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခများနှင့် တင်းမာမှုများရှိလျှင်ပင် စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းကာ ဆွေးနွေးမှုများဖြင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ကမ္ဘောဒီးယား၊ လာအိုတို့နှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်၊ တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် အပြန်အလှန် နားလည်လေးစားမှု၊ သာတူညီမျှမှုတို့အပေါ် အခြေခံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်နှင့်အညီ မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံ၏ ပဋိညာဉ်၊ အာဆီယံစံနှုန်းများနှင့် အလေ့အထများကို အလေးထားလိုက်နာလျက်ရှိသောနိုင်ငံလည်းဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် စတင်ရပ်တည်လာနိုင်ခဲ့သည့် တီမောလက်စ်တေနိုင်ငံသည် အာဆီယံအဖွဲ့တွင်းသို့ ဝင်ရောက်ခွင့်ရရှိရန် ၂၀၁၁ ခုနှစ်တွင် စတင်လျှောက်ထားခဲ့သည်။ အာဆီယံအဖွဲ့အတွင်း ဝင်ရောက်ခွင့်မရသေးမီမှာပင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာရောက်သကဲ့သို့ အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ချိုးဖောက်ရာရောက်သည့် အပြုအမူများကို တီမောလက်စ်တေသမ္မတက ပြုလုပ်ခဲ့ရာ ၎င်းနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ခွင့်ရရေးတွင်လည်း မြန်မာနိုင်ငံက ကန့်ကွက်ထားခဲ့သည်။ တီမောလက်စ်တေအစိုးရက ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်၊ နှုတ်ဖြင့် အကြိမ်ကြိမ် ကတိပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် မြန်မာနိုင်ငံက မူလရပ်တည်ချက်အပေါ် ပြန်လည်သုံးသပ်ပြီး အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့ရာတွင် တီမောလက်စ်တေသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ၎င်း၏ကတိကဝတ်နှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကျင့်ဝတ်သိက္ခာမဲ့စွာ ဖောက်ဖျက်ခဲ့သည်။တီမောလက်စ်တေသမ္မတသည် မြန်မာတပ်မတော်အရာရှိကြီးအချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို ၁၄-၁-၂၀၂၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲတစ်ဦးက အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းပင်ဖြစ်သည်။ ယင်းအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းလည်းဖြစ်သည်။ တီမောလက်စ်တေနိုင်ငံ၏ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သည့်တိုင်အောင် တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့ဟုဆိုသည့် တရားမဝင်အဖွဲ့အစည်း၏ တရားစွဲဆိုမှုကို လက်ခံပြီး နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေမည့် မြန်မာနိုင်ငံ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့်လုပ်ရပ်များကို တစ်ခုပြီးတစ်ခု ဆက်လက်ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ၂၀-၂-၂၀၂၆ ရက်မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ညွှန်ကြားခဲ့ရသည်။တီမောလက်စ်တေနိုင်ငံပြုလုပ်သည့် အပြုအမူမျိုး၊ ဖြစ်စဉ်မျိုးသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယခင်ကမရှိခဲ့ဖူးသည့် အစဉ်အလာဖြစ်ပြီး အပြုသဘောမဆောင်သည့်ဘက်မှ အဓိပ္ပာယ်ကောက်ယူမှုများကို ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံချင်းချင်း ချစ်ကြည်ရင်းနှီး စွာဆက်ဆံမှုကို ထူထောင်ရမည့်အစား ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်မှုကို ပြောင်ပြောင်တင်းတင်း ပြုလုပ်မှုများက မြန်မာပြည်သူများ၏ နာကြည်းခံပြင်းမှုကို ပိုမိုမြင့်တက်လာစေခဲ့သည်။ ဒေသတွင်း နိုင်ငံအဖွဲ့အစည်းတစ်ခုအတွင်း ဝင်ရောက်လာသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိဝင်ရောက်ထားသည့်အဖွဲ့အစည်း၏ အခြေခံမူကို လေးစားလိုက်နာမှုမရှိဘဲ အလွယ်တကူချိုးဖောက်ခြင်းနှင့် နိုင်ငံချင်းဆက်ဆံရေးတွင် အပြန်အလှန်ထားရှိရမည့် ကတိကဝတ်တို့ကို အလေးမထားခြင်းတို့မှာ ကျင့်ဝတ်သိက္ခာ ကင်းမဲ့ခြင်းပင်ဖြစ်ရာ ပြင်းထန်စွာရှုတ်ချအပ်သည်သာဖြစ်သည့်အကြောင်း။ ။moi

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ်တွင် ဘန်ကောက်ကြေညာချက် (Bangkok Declaration) ဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့ပါဝင်၍ စတင်ဖွဲ့စည်းခဲ့သည်။ ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲနှင့် လက်ဝဲလက်ယာအယူအဆများ ပြင်းထန်နေချိန်တွင် ပေါ်ပေါက်လာသည့် အထက်ပါငါးနိုင်ငံအသင်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့အစည်းအဖြစ် သဘောသက်ရောက်မသွားစေရန် ထိန်းသိမ်းရပ်တည်ခဲ့သလို အင်အားကြီးနိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုများနှင့် သြဇာလွှမ်းမိုးမှုများ ဒေသတွင်း ဝင်ရောက်မလာစေရန်အတွက်လည်း ထိန်းသိမ်းခဲ့ကြသည်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခများနှင့် တင်းမာမှုများရှိလျှင်ပင် စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းကာ ဆွေးနွေးမှုများဖြင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ကမ္ဘောဒီးယား၊ လာအိုတို့နှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်၊ တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် အပြန်အလှန် နားလည်လေးစားမှု၊ သာတူညီမျှမှုတို့အပေါ် အခြေခံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်နှင့်အညီ မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံ၏ ပဋိညာဉ်၊ အာဆီယံစံနှုန်းများနှင့် အလေ့အထများကို အလေးထားလိုက်နာလျက်ရှိသောနိုင်ငံလည်းဖြစ်သည်။

 ၂၀၀၂ ခုနှစ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် စတင်ရပ်တည်လာနိုင်ခဲ့သည့် တီမောလက်စ်တေနိုင်ငံသည် အာဆီယံအဖွဲ့တွင်းသို့ ဝင်ရောက်ခွင့်ရရှိရန် ၂၀၁၁ ခုနှစ်တွင် စတင်လျှောက်ထားခဲ့သည်။ အာဆီယံအဖွဲ့အတွင်း ဝင်ရောက်ခွင့်မရသေးမီမှာပင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာရောက်သကဲ့သို့ အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ချိုးဖောက်ရာရောက်သည့် အပြုအမူများကို တီမောလက်စ်တေသမ္မတက ပြုလုပ်ခဲ့ရာ ၎င်းနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ခွင့်ရရေးတွင်လည်း မြန်မာနိုင်ငံက ကန့်ကွက်ထားခဲ့သည်။ တီမောလက်စ်တေအစိုးရက ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်၊ နှုတ်ဖြင့် အကြိမ်ကြိမ် ကတိပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် မြန်မာနိုင်ငံက မူလရပ်တည်ချက်အပေါ် ပြန်လည်သုံးသပ်ပြီး အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့ရာတွင် တီမောလက်စ်တေသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ၎င်း၏ကတိကဝတ်နှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကျင့်ဝတ်သိက္ခာမဲ့စွာ ဖောက်ဖျက်ခဲ့သည်။

တီမောလက်စ်တေသမ္မတသည် မြန်မာတပ်မတော်အရာရှိကြီးအချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို ၁၄-၁-၂၀၂၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲတစ်ဦးက အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းပင်ဖြစ်သည်။ ယင်းအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းလည်းဖြစ်သည်။ တီမောလက်စ်တေနိုင်ငံ၏ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သည့်တိုင်အောင် တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့ဟုဆိုသည့် တရားမဝင်အဖွဲ့အစည်း၏ တရားစွဲဆိုမှုကို လက်ခံပြီး နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေမည့် မြန်မာနိုင်ငံ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့်လုပ်ရပ်များကို တစ်ခုပြီးတစ်ခု ဆက်လက်ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ၂၀-၂-၂၀၂၆ ရက်မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ညွှန်ကြားခဲ့ရသည်။

တီမောလက်စ်တေနိုင်ငံပြုလုပ်သည့် အပြုအမူမျိုး၊ ဖြစ်စဉ်မျိုးသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယခင်ကမရှိခဲ့ဖူးသည့် အစဉ်အလာဖြစ်ပြီး အပြုသဘောမဆောင်သည့်ဘက်မှ အဓိပ္ပာယ်ကောက်ယူမှုများကို ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံချင်းချင်း ချစ်ကြည်ရင်းနှီး စွာဆက်ဆံမှုကို ထူထောင်ရမည့်အစား ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်မှုကို ပြောင်ပြောင်တင်းတင်း ပြုလုပ်မှုများက မြန်မာပြည်သူများ၏ နာကြည်းခံပြင်းမှုကို ပိုမိုမြင့်တက်လာစေခဲ့သည်။ ဒေသတွင်း နိုင်ငံအဖွဲ့အစည်းတစ်ခုအတွင်း ဝင်ရောက်လာသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိဝင်ရောက်ထားသည့်အဖွဲ့အစည်း၏ အခြေခံမူကို လေးစားလိုက်နာမှုမရှိဘဲ အလွယ်တကူချိုးဖောက်ခြင်းနှင့် နိုင်ငံချင်းဆက်ဆံရေးတွင် အပြန်အလှန်ထားရှိရမည့် ကတိကဝတ်တို့ကို အလေးမထားခြင်းတို့မှာ ကျင့်ဝတ်သိက္ခာ ကင်းမဲ့ခြင်းပင်ဖြစ်ရာ ပြင်းထန်စွာရှုတ်ချအပ်သည်သာဖြစ်သည့်အကြောင်း။ ။

ပြည်သူများ၏ ထောက်ခံမှုရရှိရေး ပြည်သူကို မှန်ကန်စွာစည်းရုံး
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်ရှိသည့်အနက် ၁၃ ဒသမ ၁၄ သန်းကျော်တို့က လာရောက်မဲပေးခဲ့ကြသည်။ မဲပေးခွင့်ရှိသူအရေအတွက်၏ ထက်ဝက်ကျော်ဖြစ်၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိသည်။ ယခုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ကြရသည်။ ရွေးကောက်ပွဲကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သလို ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါကလည်း တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီ ၆ ခုရှိရာ မဲစာရင်းရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၃ ဒသမ ၁၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီက ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၆ ဒသမ ၁၇ ရာခိုင်နှုန်း မဲရရှိခဲ့ကြသည်။ အဆိုပါ မဲစာရင်းရလဒ်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးပါတီများသည် ရေရှည် တွင် ပြည်သူများ၏ထောက်ခံမှုကို ပိုမိုရရှိနိုင်ရန်အတွက် ပါတီဝင်စည်းရုံးမှု၊ ပြည်သူလူထုနှင့် ထိတွေ့မှုတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန်လိုအပ်ကြောင်း သိရှိနိုင်ကြမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ရာ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း စသောအကြောင်းများကြောင့် ချန်လှပ်ထားခဲ့ရသည့် မဲဆန္ဒနယ်များကျန်ရှိလျက်ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သော မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်မဆုံးရှုံးစေရေးတို့အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပသွားရမည်ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ဆက်ရန်ကျန်နေသည့် ခရီးအတွက် အသင့်ပြင်ဆင်ထားကြ ရဦးမည်ဖြစ်သည်။နိုင်ငံရေးပါတီများဟူသည် ဒီမိုကရေစီစနစ်၏ မရှိမဖြစ် အစိတ်အပိုင်းများပင်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဆောင်ရွက်ရန်မစွမ်းနိုင်သည့် အရေးအရာကိစ္စများကို ပြည်သူများ၏ကိုယ်စား နိုင်ငံရေးပါတီများက စွမ်းဆောင်ပေးကြရခြင်း ဖြစ်သည့်အလျောက် ပါတီအရေးနှင့် ပြည်သူ့အရေးယှဉ်လာလျှင် ပြည်သူ့အရေးကို ဦးစားပေးကြရမြဲဖြစ်သည်။ တစ်ခါတစ်ရံ ပါတီအတွက်စည်းရုံးခြင်း၊ မဲဆွယ်ခြင်းတို့ပြုလုပ်ရာတွင် မှန်ကန်သည့်အတွေးအခေါ်၊ မှန်ကန်သည့်နည်းလမ်းများဖြင့်သာ ပြည်သူကို စည်းရုံးကြရမည်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအသိုက်အဝန်းများအတွင်း ကွဲပြားခြားနားမှုများ၊ ပဋိပက္ခများဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်စည်းရုံးမှုမျိုးဖြင့် ဆင်ခြင်ဉာဏ်နည်းပါးစွာ မစည်းရုံးမိဖို့လိုသည်။ မိမိတို့၏ စည်းရုံးရေးနယ်မြေအတွင်း ပကတိတည်ရှိနေသည့် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအခြေအနေ၊ အဆင့်အတန်းတို့ကို မှန်ကန်စွာသိမြင်ကာ အခြေအနေနှင့်ကိုက်ညီသည့် မူဝါဒကို ပြည်သူလူထုမှန်မှန်ကန်ကန် သဘောပေါက်လက်ခံလာစေ ရန် စည်းရုံးသိမ်းသွင်းကြရမည်ဖြစ်သည်။လက်ရှိမိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာကို ထိပါးစေသည့် ပြည်တွင်းပြည်ပအန္တရာယ်များကို ရှင်းလင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ လက်နက်ကိုင်ပဋိပက္ခများမှ ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး၊ ပြည်သူလူထုအတွင်း လူမှုစီးပွားဘဝမြှင့်တင်ပေးရေး၊ အမျိုးသားပညာရေးမြှင့်တင်ရေး၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး စသည်တို့အပါအဝင် ရေတိုရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများ အများအပြားရှိနေသည်။ အများစုသောပြည်သူလူထုကြီး၏ လိုလား ချက်မှာလည်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်သွားလာမှုများ လုံခြုံချောမွေ့ရေး၊ စီးပွားရှာဖွေလုပ်ကိုင်မှုများ အဆင်ပြေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများရေး စသည်တို့ပင်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံနှင့်ပြည်သူတို့၏ ပကတိအခြေအနေနှင့် တစ်သားတည်း ကိုက်ညီသောမူဝါဒများချမှတ်၍ ပြည်သူကိုမှန်ကန်စွာ စည်းရုံးကာ နိုင်ငံနှင့်ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ကြပါစေကြောင်း။ ။moi

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်ရှိသည့်အနက် ၁၃ ဒသမ ၁၄ သန်းကျော်တို့က လာရောက်မဲပေးခဲ့ကြသည်။ မဲပေးခွင့်ရှိသူအရေအတွက်၏ ထက်ဝက်ကျော်ဖြစ်၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိသည်။ ယခုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ကြရသည်။ ရွေးကောက်ပွဲကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သလို ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါကလည်း တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီ ၆ ခုရှိရာ မဲစာရင်းရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၃ ဒသမ ၁၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီက ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၆ ဒသမ ၁၇ ရာခိုင်နှုန်း မဲရရှိခဲ့ကြသည်။ အဆိုပါ မဲစာရင်းရလဒ်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးပါတီများသည် ရေရှည် တွင် ပြည်သူများ၏ထောက်ခံမှုကို ပိုမိုရရှိနိုင်ရန်အတွက် ပါတီဝင်စည်းရုံးမှု၊ ပြည်သူလူထုနှင့် ထိတွေ့မှုတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန်လိုအပ်ကြောင်း သိရှိနိုင်ကြမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ရာ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း စသောအကြောင်းများကြောင့် ချန်လှပ်ထားခဲ့ရသည့် မဲဆန္ဒနယ်များကျန်ရှိလျက်ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သော မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်မဆုံးရှုံးစေရေးတို့အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပသွားရမည်ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ဆက်ရန်ကျန်နေသည့် ခရီးအတွက် အသင့်ပြင်ဆင်ထားကြ ရဦးမည်ဖြစ်သည်။

နိုင်ငံရေးပါတီများဟူသည် ဒီမိုကရေစီစနစ်၏ မရှိမဖြစ် အစိတ်အပိုင်းများပင်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဆောင်ရွက်ရန်မစွမ်းနိုင်သည့် အရေးအရာကိစ္စများကို ပြည်သူများ၏ကိုယ်စား နိုင်ငံရေးပါတီများက စွမ်းဆောင်ပေးကြရခြင်း ဖြစ်သည့်အလျောက် ပါတီအရေးနှင့် ပြည်သူ့အရေးယှဉ်လာလျှင် ပြည်သူ့အရေးကို ဦးစားပေးကြရမြဲဖြစ်သည်။ တစ်ခါတစ်ရံ ပါတီအတွက်စည်းရုံးခြင်း၊ မဲဆွယ်ခြင်းတို့ပြုလုပ်ရာတွင် မှန်ကန်သည့်အတွေးအခေါ်၊ မှန်ကန်သည့်နည်းလမ်းများဖြင့်သာ ပြည်သူကို စည်းရုံးကြရမည်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအသိုက်အဝန်းများအတွင်း ကွဲပြားခြားနားမှုများ၊ ပဋိပက္ခများဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်စည်းရုံးမှုမျိုးဖြင့် ဆင်ခြင်ဉာဏ်နည်းပါးစွာ မစည်းရုံးမိဖို့လိုသည်။ မိမိတို့၏ စည်းရုံးရေးနယ်မြေအတွင်း ပကတိတည်ရှိနေသည့် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအခြေအနေ၊ အဆင့်အတန်းတို့ကို မှန်ကန်စွာသိမြင်ကာ အခြေအနေနှင့်ကိုက်ညီသည့် မူဝါဒကို ပြည်သူလူထုမှန်မှန်ကန်ကန် သဘောပေါက်လက်ခံလာစေ ရန် စည်းရုံးသိမ်းသွင်းကြရမည်ဖြစ်သည်။

လက်ရှိမိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာကို ထိပါးစေသည့် ပြည်တွင်းပြည်ပအန္တရာယ်များကို ရှင်းလင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ လက်နက်ကိုင်ပဋိပက္ခများမှ ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး၊ ပြည်သူလူထုအတွင်း လူမှုစီးပွားဘဝမြှင့်တင်ပေးရေး၊ အမျိုးသားပညာရေးမြှင့်တင်ရေး၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး စသည်တို့အပါအဝင် ရေတိုရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများ အများအပြားရှိနေသည်။ အများစုသောပြည်သူလူထုကြီး၏ လိုလား ချက်မှာလည်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်သွားလာမှုများ လုံခြုံချောမွေ့ရေး၊ စီးပွားရှာဖွေလုပ်ကိုင်မှုများ အဆင်ပြေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများရေး စသည်တို့ပင်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံနှင့်ပြည်သူတို့၏ ပကတိအခြေအနေနှင့် တစ်သားတည်း ကိုက်ညီသောမူဝါဒများချမှတ်၍ ပြည်သူကိုမှန်ကန်စွာ စည်းရုံးကာ နိုင်ငံနှင့်ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ကြပါစေကြောင်း။ ။

ပကတိအခြေအနေနှင့်ကိုက်ညီသည့် ပြည်သူများလိုလားချက်ဖော်ဆောင်
မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပခဲ့ရာ နိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပရန် မြို့နယ်စုစုပေါင်း ၃၃၀ ရှိသည့် အနက်မြို့နယ် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန် ဥပဒေနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ပေးခဲ့သည်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ ၂၄ သန်းရှိသည့်အနက် ပြည်သူ ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြရာ ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း မဲပေးခဲ့ကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်ပြည်သူ ၁၁ သန်းခန့် မဲမပေးခဲ့ကြသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲမပေးကြသည့် ပြည်သူများအနေဖြင့် မိမိတို့ထောက်ခံလိုသူများမပါသဖြင့် မဲမပေးကြခြင်း၊ ဒေသလုံခြုံရေး အခြေအနေအရ မဲမပေးကြခြင်း၊ မိမိတို့၏ မဲပေးပိုင်ခွင့်ကို မသိရှိကြခြင်း သို့မဟုတ် မဆောင်ရွက်နိုင်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် မဲရုံသို့မလာရောက်နိုင်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေသည်။မည်သို့ပင်ဖြစ်စေ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်တွင် စိတ်ပါဝင်စားစွာ ပါဝင်မဲပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်အထမြောက်ခဲ့ပေသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေဖော်ဝါရီ ၃ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား အမှာစကားပြောကြားရာတွင် “ပြည်သူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုခြင်းနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိခြင်းတို့ကို တွေ့ရကြောင်း၊ ပြည်သူများ၏ဆန္ဒကို လေးစားရမည်ဖြစ်ပြီး ပြည်သူများ၏လိုလားချက်များအတိုင်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းနှင့် မဲမသမာမှု ရလဒ်များဖြင့် အစိုးရဖွဲ့ပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းလာခြင်းကြောင့် တပ်မတော်သည် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အာဏာအတွက် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အကျိုးကို ထမ်းဆောင်ခဲ့ကြပြီး တိုင်းပြည်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီလမ်းကြောင်းကို ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြစ်စေရေး ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲများ ဆောင်ရွက်ပြီးချိန်တွင် နိုင်ငံတော်တာဝန်များကို ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။ဒီမိုကရေစီနိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ဆောင်ရွက်ပေးခဲ့ပြီး ပါတီဝင်များတိုးပွားရေးအတွက် စည်းရုံးရေးလုပ်ငန်းများကို ခွင့်ပြုပေးခဲ့သည်။ ပါတီစည်းရုံးရေးသည် ပြည်သူလူထုကို စည်းရုံးခြင်းပင်ဖြစ်ပြီး ပြည်သူတစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခြင်း ဖြစ်သည်။ ပြည်သူများနှင့်ထိတွေ့မှုများသည့် ပါတီများအနေဖြင့် ပြည်သူများ၏ ထောက်ခံမှုပိုမိုရရှိခဲ့သည်။ ပါတီများသည် ပြည်သူများအား စည်းရုံးမဲဆွယ်ရာတွင် ပေးထားခဲ့သည့် ကတိကဝတ်များနှင့်အညီ ဖြစ်နိုင်သည်များကို ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာ၌ သင်ခန်းစာယူရမည့် နိုင်ငံရေးနောက်ခံ အကြောင်းတရားများ၊ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ပကတိအခြေအနေများ၊ ပထဝီဝင်အနေအထားများကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်သည်။ပြည်သူများဆန္ဒဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တပ်မတော်က ပုံဖော်လမ်းခင်းပေးခဲ့ပြီး တည့်မတ်ခိုင်မာအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တောင့်တင်းခိုင်မာအောင် ဆောင်ရွက်ပေးခဲ့သည်။ သို့ဖြစ်ရာ ပြည်သူများ၏ဆန္ဒနှင့် ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်လာစေရန် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီ နည်းလမ်းတကျဖော်ဆောင်ရေး၊ နိုင်ငံတော်နှင့် ဒေသအကျိုးကို ဖော်ဆောင်ရေး၊ အမျိုးဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်ရေး၊ နိုင်ငံတည်ရှိနေသရွေ့တည်တံ့ ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်ရေးတို့ဖြင့် ပြည်သူများ လိုလားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။moi

မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပခဲ့ရာ နိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပရန် မြို့နယ်စုစုပေါင်း ၃၃၀ ရှိသည့် အနက်မြို့နယ် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန် ဥပဒေနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ပေးခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ ၂၄ သန်းရှိသည့်အနက် ပြည်သူ ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြရာ ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း မဲပေးခဲ့ကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်ပြည်သူ ၁၁ သန်းခန့် မဲမပေးခဲ့ကြသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲမပေးကြသည့် ပြည်သူများအနေဖြင့် မိမိတို့ထောက်ခံလိုသူများမပါသဖြင့် မဲမပေးကြခြင်း၊ ဒေသလုံခြုံရေး အခြေအနေအရ မဲမပေးကြခြင်း၊ မိမိတို့၏ မဲပေးပိုင်ခွင့်ကို မသိရှိကြခြင်း သို့မဟုတ် မဆောင်ရွက်နိုင်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် မဲရုံသို့မလာရောက်နိုင်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်တွင် စိတ်ပါဝင်စားစွာ ပါဝင်မဲပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်အထမြောက်ခဲ့ပေသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေဖော်ဝါရီ ၃ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား အမှာစကားပြောကြားရာတွင် “ပြည်သူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုခြင်းနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိခြင်းတို့ကို တွေ့ရကြောင်း၊ ပြည်သူများ၏ဆန္ဒကို လေးစားရမည်ဖြစ်ပြီး ပြည်သူများ၏လိုလားချက်များအတိုင်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းနှင့် မဲမသမာမှု ရလဒ်များဖြင့် အစိုးရဖွဲ့ပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းလာခြင်းကြောင့် တပ်မတော်သည် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အာဏာအတွက် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အကျိုးကို ထမ်းဆောင်ခဲ့ကြပြီး တိုင်းပြည်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီလမ်းကြောင်းကို ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြစ်စေရေး ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲများ ဆောင်ရွက်ပြီးချိန်တွင် နိုင်ငံတော်တာဝန်များကို ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ဆောင်ရွက်ပေးခဲ့ပြီး ပါတီဝင်များတိုးပွားရေးအတွက် စည်းရုံးရေးလုပ်ငန်းများကို ခွင့်ပြုပေးခဲ့သည်။ ပါတီစည်းရုံးရေးသည် ပြည်သူလူထုကို စည်းရုံးခြင်းပင်ဖြစ်ပြီး ပြည်သူတစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခြင်း ဖြစ်သည်။ ပြည်သူများနှင့်ထိတွေ့မှုများသည့် ပါတီများအနေဖြင့် ပြည်သူများ၏ ထောက်ခံမှုပိုမိုရရှိခဲ့သည်။ ပါတီများသည် ပြည်သူများအား စည်းရုံးမဲဆွယ်ရာတွင် ပေးထားခဲ့သည့် ကတိကဝတ်များနှင့်အညီ ဖြစ်နိုင်သည်များကို ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာ၌ သင်ခန်းစာယူရမည့် နိုင်ငံရေးနောက်ခံ အကြောင်းတရားများ၊ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ပကတိအခြေအနေများ၊ ပထဝီဝင်အနေအထားများကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်သူများဆန္ဒဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တပ်မတော်က ပုံဖော်လမ်းခင်းပေးခဲ့ပြီး တည့်မတ်ခိုင်မာအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တောင့်တင်းခိုင်မာအောင် ဆောင်ရွက်ပေးခဲ့သည်။ သို့ဖြစ်ရာ ပြည်သူများ၏ဆန္ဒနှင့် ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်လာစေရန် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီ နည်းလမ်းတကျဖော်ဆောင်ရေး၊ နိုင်ငံတော်နှင့် ဒေသအကျိုးကို ဖော်ဆောင်ရေး၊ အမျိုးဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်ရေး၊ နိုင်ငံတည်ရှိနေသရွေ့တည်တံ့ ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်ရေးတို့ဖြင့် ပြည်သူများ လိုလားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

တိုင်းချစ်ပြည်ချစ်စိတ်မြင့်မား နိုင်ငံရေးနှင့် နိုင်ငံ့အရေးကွဲပြား
မြန်မာအဘိဓာန်တွင် နိုင်ငံရေးဟူသော ဝေါဟာရအား “နိုင်ငံနှင့်စပ်ဆိုင်သော အရေးကိစ္စများ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နိုင်ငံနှင့် စပ်ဆိုင်သောအရေးကိစ္စဆိုရာ၌ ပါတီအနေဖြင့် ပါတီနိုင်ငံရေး၊ လူပုဂ္ဂိုလ်အနေဖြင့် ပုဂ္ဂလိကနိုင်ငံရေးဟူ၍ ယုံကြည်ချက်၊ ခံယူချက်အလိုက်ဆောင်ရွက်သော နိုင်ငံရေးလည်းရှိသည်။ အဆိုပါနိုင်ငံရေးထက် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဖြင့် နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ရသည့် နိုင်ငံ့အရေးသည် ပိုမို၍လေးနက်တည်ကြည်ပြီး အနှစ်သာရပြည့်ဝသော နိုင်ငံရေးဖြစ်သည်။နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် နိုင်ငံ့အရေးနှင့် ပတ်သက်၍ “မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်း တွေ့ရကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း” ပြောကြားခဲ့သည်။နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏ ဖြစ်တည်မှုပထဝီဝင်အနေအထားများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွတ်အမြတ်ထားရမည်များကို လေးစားတန်ဖိုးထားချစ်မြတ်နိုးကြရန်လိုသည်။ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းကို အလေးပြုသီဆိုခြင်းသည် နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားလေးစားကြောင်း သက်သေပြခြင်းဖြစ်သည်။ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို သီဆိုခြင်းပြုလုပ်သည့်နေရာတွင် အလေးမပြု၊ မသီဆိုသူအချို့ရှိခဲ့သည်ဟု စိတ်မကောင်းဖွယ်ကြားသိရသည်။ တိုင်းပြည်ချစ်စိတ်အားနည်းနေသည်ကို ဖော်ပြခြင်းဖြစ်သည်။တိုင်းပြည်ချစ်စိတ်သည် နိုင်ငံသားအားလုံးတွင်ရှိရမည့် အရေးကြီးသော စိတ်ထားဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံ့အရေးနှင့်ယှဉ်ပါက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကို ချန်ထားပြီး နိုင်ငံ့အရေးကိုသာ ဦးစားပေးရမည်ဖြစ်သည်။ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းများ၊ ပဋိပက္ခများကို ကြည့်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းများ ပါဝင်ပတ်သက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပေါ်အစွဲပြု၍ လုပ်ဆောင်ခဲ့သည်ကို တွေ့နိုင်သည်။ နိုင်ငံ့ဝန်ထမ်းများသည် မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်ရသူများဖြစ်၍ ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုအပ်သည်။ ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အနည်းဆုံးအခြေခံပညာတတ်မြောက်ထားပြီးသူများဖြစ်၍ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှသာ တိုင်းပြည်ကိုချစ်ရာရောက်မည်ဖြစ်သည်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အဖွဲ့အစည်းစွဲများကင်းရှင်းပြီး တိုင်းပြည်အကျိုးကို ရှေးရှုဆောင်ရွက်မှသာ Good Governance, Good Government ဖြစ်ပြီး စည်းကမ်းပြည့်ဝသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် အစိုးရတာဝန်ထမ်းဆောင်ချိန်တွင် အချို့သော သစ္စာမဲ့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများဖြင့် လုပ်ငန်းခွင်များမှ စွန့်ခွာသွားကြသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းအများစု လုပ်ငန်းခွင်စွန့်ခွာမှုများ လုပ်ဆောင်ခဲ့ကြသဖြင့် ပြည်သူအများ ကြီးမားစွာ ထိခိုက်နစ်နာမှုများဖြစ်ခဲ့ရသည်။ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပဋိပက္ခများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမှုအကျပ်အတည်းများကြားမှ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအခြေအနေသို့ရောက်အောင် ရုန်းကန်ဆောင်ရွက်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ မပျက်ပြားအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသူ နိုင်ငံသားများအားလုံးအနေဖြင့် ဖြတ်သန်းလာခဲ့သော နိုင်ငံ့သမိုင်းကြောင်းများကို သင်ခန်းစာယူပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားမပျက်ပြားစေရေးအတွက် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို မရောထွေးဘဲ ခွဲခြားရှုမြင်ဆောင်ရွက်မှသာ တိုင်းချစ်ပြည်ချစ်စိတ်များ မြင့်မားလာမည်ဖြစ်ပါကြောင်း။ ။moi

မြန်မာအဘိဓာန်တွင် နိုင်ငံရေးဟူသော ဝေါဟာရအား “နိုင်ငံနှင့်စပ်ဆိုင်သော အရေးကိစ္စများ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နိုင်ငံနှင့် စပ်ဆိုင်သောအရေးကိစ္စဆိုရာ၌ ပါတီအနေဖြင့် ပါတီနိုင်ငံရေး၊ လူပုဂ္ဂိုလ်အနေဖြင့် ပုဂ္ဂလိကနိုင်ငံရေးဟူ၍ ယုံကြည်ချက်၊ ခံယူချက်အလိုက်ဆောင်ရွက်သော နိုင်ငံရေးလည်းရှိသည်။ အဆိုပါနိုင်ငံရေးထက် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဖြင့် နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ရသည့် နိုင်ငံ့အရေးသည် ပိုမို၍လေးနက်တည်ကြည်ပြီး အနှစ်သာရပြည့်ဝသော နိုင်ငံရေးဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် နိုင်ငံ့အရေးနှင့် ပတ်သက်၍ “မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်း တွေ့ရကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏ ဖြစ်တည်မှုပထဝီဝင်အနေအထားများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွတ်အမြတ်ထားရမည်များကို လေးစားတန်ဖိုးထားချစ်မြတ်နိုးကြရန်လိုသည်။ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းကို အလေးပြုသီဆိုခြင်းသည် နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားလေးစားကြောင်း သက်သေပြခြင်းဖြစ်သည်။ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို သီဆိုခြင်းပြုလုပ်သည့်နေရာတွင် အလေးမပြု၊ မသီဆိုသူအချို့ရှိခဲ့သည်ဟု စိတ်မကောင်းဖွယ်ကြားသိရသည်။ တိုင်းပြည်ချစ်စိတ်အားနည်းနေသည်ကို ဖော်ပြခြင်းဖြစ်သည်။

တိုင်းပြည်ချစ်စိတ်သည် နိုင်ငံသားအားလုံးတွင်ရှိရမည့် အရေးကြီးသော စိတ်ထားဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံ့အရေးနှင့်ယှဉ်ပါက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကို ချန်ထားပြီး နိုင်ငံ့အရေးကိုသာ ဦးစားပေးရမည်ဖြစ်သည်။ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းများ၊ ပဋိပက္ခများကို ကြည့်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းများ ပါဝင်ပတ်သက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပေါ်အစွဲပြု၍ လုပ်ဆောင်ခဲ့သည်ကို တွေ့နိုင်သည်။ နိုင်ငံ့ဝန်ထမ်းများသည် မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်ရသူများဖြစ်၍ ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုအပ်သည်။ ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အနည်းဆုံးအခြေခံပညာတတ်မြောက်ထားပြီးသူများဖြစ်၍ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှသာ တိုင်းပြည်ကိုချစ်ရာရောက်မည်ဖြစ်သည်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အဖွဲ့အစည်းစွဲများကင်းရှင်းပြီး တိုင်းပြည်အကျိုးကို ရှေးရှုဆောင်ရွက်မှသာ Good Governance, Good Government ဖြစ်ပြီး စည်းကမ်းပြည့်ဝသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် အစိုးရတာဝန်ထမ်းဆောင်ချိန်တွင် အချို့သော သစ္စာမဲ့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများဖြင့် လုပ်ငန်းခွင်များမှ စွန့်ခွာသွားကြသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းအများစု လုပ်ငန်းခွင်စွန့်ခွာမှုများ လုပ်ဆောင်ခဲ့ကြသဖြင့် ပြည်သူအများ ကြီးမားစွာ ထိခိုက်နစ်နာမှုများဖြစ်ခဲ့ရသည်။ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပဋိပက္ခများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမှုအကျပ်အတည်းများကြားမှ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအခြေအနေသို့ရောက်အောင် ရုန်းကန်ဆောင်ရွက်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ မပျက်ပြားအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသူ နိုင်ငံသားများအားလုံးအနေဖြင့် ဖြတ်သန်းလာခဲ့သော နိုင်ငံ့သမိုင်းကြောင်းများကို သင်ခန်းစာယူပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားမပျက်ပြားစေရေးအတွက် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို မရောထွေးဘဲ ခွဲခြားရှုမြင်ဆောင်ရွက်မှသာ တိုင်းချစ်ပြည်ချစ်စိတ်များ မြင့်မားလာမည်ဖြစ်ပါကြောင်း။ ။

အဖျက်အမှောင့် အနှောင့်အယှက်များ ရောနှောပါဝင်မလာစေရန် သတိပြု
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားရင်ဆိုင်လျက်ရှိသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာပြည်သူများက ရပ်တည်ထောက်ခံလျက်ရှိကြောင်း ပြသနေကြသည်။ မြန်မာနိုင်ငံနှင့် လွန်စွာအလှမ်းဝေးကွာလှသည့် အာဖရိကတိုက်အနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့၏ကိုယ်စား မြန်မာနိုင်ငံကို စွဲဆိုသည့် ထိုအမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ထိခိုက်စေသည်ဟု မြန်မာပြည်သူတစ်ရပ်လုံးက နားလည်ထားကြသည်။ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့အတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် မြန်မာနိုင်ငံအင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့သည့်ကာလ ဘင်္ဂလားနယ်စစ်တကောင်းဒေသမှလူများကို လယ်ယာလုပ်သားလိုအပ်ချက်အတွက် ခေါ်ယူခဲ့ခြင်းမှ မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။ အစောပိုင်းကာလက လယ်ယာလုပ်ငန်းသိမ်းချိန်တွင် ၎င်းတို့ဒေသများသို့ ပြန်သွားခဲ့ကြသော်လည်း နောက်ပိုင်းတွင် မိသားစုဆွေမျိုးများကိုပါ ခေါ်ယူလာကာ အခြေချနေလာကြသည်။ အိန္ဒိယမှ မြန်မာနိုင်ငံကို ခွဲထုတ်ချိန်တွင် စစ်တကောင်းသား ဘင်္ဂါလီလူမျိုးအများအပြား မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခဲ့ကြခြင်းကြောင့် ၎င်းတို့လူဦးရေ တစ်ဟုန်ထိုး တိုးတက်လာသည်။ ဒုတိယကမ္ဘာစစ်ကြီးစတင်ချိန် ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသည့်အခါ ဘင်္ဂါလီတို့ထံတွင် လက်နက်များပေးအပ်ခဲ့ရာမှ မူဂျာဟစ်အကြမ်းဖက်လှုပ်ရှားမှုပေါ်လာသည်။ ဒေသခံရခိုင်တိုင်းရင်းသား ထောင်ပေါင်းများစွာ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီးရာနှင့်ချီသည့် ရခိုင်ကျေးရွာများ အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။ ယင်းသို့သော နောက်ခံသမိုင်းကြောင်းရှိနေသည့် လူ့အသိုက်အဝန်းနှစ်ခုတို့ကြားတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် သဟဇာတရှိသည့် လူ့အဖွဲ့အစည်းဖြစ်ထွန်းရေးအတွက် ခေတ်အဆက်ဆက်အစိုးရတို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရသည်။ ရခိုင်ပြည်နယ်တွင် ကမန်တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များနှင့် ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ဘင်္ဂါလီလူမျိုး အစ္စလာမ်ဘာသာဝင်များစွာတို့မှာ ဌာနေတိုင်းရင်းသားရခိုင်လူမျိုးများ၊ အခြားတိုင်းရင်းသားလူမျိုးများနှင့် ပြဿနာတစ်စုံတစ်ရာမရှိဘဲ အေးချမ်းစွာနေထိုင်နေကြခြင်းဖြစ်သည်။ဖဆပလခေတ် မူဂျာဟစ်တို့မှသည် ယခု ARSA တို့အထိ အကြမ်းဖက်လှုပ်ရှားမှုများ၏ နောက်တွင် ပြည်ပမှကြိုးကိုင်မှုများ၊ ကူညီထောက်ပံ့မှုများရှိနေပြီး ၎င်းတို့၏ရည်ရွယ်ချက်မှာ နယ်မြေရယူရန်ဖြစ်သည်ဟု မြန်မာပြည်သူအားလုံးက ယုံကြည်ထားကြသည်။ ၎င်းတို့က ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှသည် ယခုအပြည်ပြည်ဆိုင်ရာ တရားရုံးသို့ရောက်ရှိသည်အထိ အကွက်ချစီစဉ်ညွှန်ကြား ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ရာ ယခုကဲ့သို့ မြန်မာကိုယ်စားလှယ်များ သွားရောက်၍ တရားရင်ဆိုင်နေကြသည်မှာလည်း နိုင်ငံကို ရှေ့တန်းကျကျ ကာကွယ်နေကြခြင်းဖြစ်သည်ဟု ရှုမြင်ကြသည့်အလျောက် မြန်မာပြည်သူများက အင်တိုက်အားတိုက်ထောက်ခံ အားပေးနေကြခြင်းပင်ဖြစ်သည်။ ယင်းသို့ထောက်ခံအားပေးကြရာတွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလလူပုဂ္ဂိုလ်များ စသည်ဖြင့် အသီးသီးအားပေးနေကြခြင်းဖြစ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် စိတ်ဓာတ်ခွန်အားကို ဖြစ်စေသည်။တစ်ဖက်တွင်လည်း ထောက်ခံအားပေးမှုများအကြားတွင် နိုင်ငံနှင့်လူမျိုး၏ပုံရိပ်ကို ကျဆင်းစေနိုင်သည့်၊ တရားရင်ဆိုင် နေရဆဲအခြေအနေကို အနှောင့်အယှက်ဖြစ်စေသည့် အဖျက်အမှောင့်၊ အနှောင့်အယှက်များ ရောနှောပါဝင်မလာစေရန်လည်း အထူးသတိပြုကြရန်နှင့် အထူးကြပ်မတ်ထိန်းသိမ်းကြရန် ဆော်သြလိုသည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်နှင့်အတူ ယဉ်ကျေးမှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းတကျရှိမှုတို့ကို ကမ္ဘာကသိအောင်ပြသကာ အမှန်တရားနှင့် တရားမျှတမှုရရှိရေး တိုက်ပွဲဝင်နေကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကူညီအားဖြည့်ကြရပါမည့်အကြောင်း။ ။moi

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားရင်ဆိုင်လျက်ရှိသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာပြည်သူများက ရပ်တည်ထောက်ခံလျက်ရှိကြောင်း ပြသနေကြသည်။ မြန်မာနိုင်ငံနှင့် လွန်စွာအလှမ်းဝေးကွာလှသည့် အာဖရိကတိုက်အနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့၏ကိုယ်စား မြန်မာနိုင်ငံကို စွဲဆိုသည့် ထိုအမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ထိခိုက်စေသည်ဟု မြန်မာပြည်သူတစ်ရပ်လုံးက နားလည်ထားကြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့အတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် မြန်မာနိုင်ငံအင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့သည့်ကာလ ဘင်္ဂလားနယ်စစ်တကောင်းဒေသမှလူများကို လယ်ယာလုပ်သားလိုအပ်ချက်အတွက် ခေါ်ယူခဲ့ခြင်းမှ မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။ အစောပိုင်းကာလက လယ်ယာလုပ်ငန်းသိမ်းချိန်တွင် ၎င်းတို့ဒေသများသို့ ပြန်သွားခဲ့ကြသော်လည်း နောက်ပိုင်းတွင် မိသားစုဆွေမျိုးများကိုပါ ခေါ်ယူလာကာ အခြေချနေလာကြသည်။ အိန္ဒိယမှ မြန်မာနိုင်ငံကို ခွဲထုတ်ချိန်တွင် စစ်တကောင်းသား ဘင်္ဂါလီလူမျိုးအများအပြား မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခဲ့ကြခြင်းကြောင့် ၎င်းတို့လူဦးရေ တစ်ဟုန်ထိုး တိုးတက်လာသည်။ ဒုတိယကမ္ဘာစစ်ကြီးစတင်ချိန် ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသည့်အခါ ဘင်္ဂါလီတို့ထံတွင် လက်နက်များပေးအပ်ခဲ့ရာမှ မူဂျာဟစ်အကြမ်းဖက်လှုပ်ရှားမှုပေါ်လာသည်။ ဒေသခံရခိုင်တိုင်းရင်းသား ထောင်ပေါင်းများစွာ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီးရာနှင့်ချီသည့် ရခိုင်ကျေးရွာများ အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။ ယင်းသို့သော နောက်ခံသမိုင်းကြောင်းရှိနေသည့် လူ့အသိုက်အဝန်းနှစ်ခုတို့ကြားတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် သဟဇာတရှိသည့် လူ့အဖွဲ့အစည်းဖြစ်ထွန်းရေးအတွက် ခေတ်အဆက်ဆက်အစိုးရတို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရသည်။ ရခိုင်ပြည်နယ်တွင် ကမန်တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များနှင့် ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ဘင်္ဂါလီလူမျိုး အစ္စလာမ်ဘာသာဝင်များစွာတို့မှာ ဌာနေတိုင်းရင်းသားရခိုင်လူမျိုးများ၊ အခြားတိုင်းရင်းသားလူမျိုးများနှင့် ပြဿနာတစ်စုံတစ်ရာမရှိဘဲ အေးချမ်းစွာနေထိုင်နေကြခြင်းဖြစ်သည်။

ဖဆပလခေတ် မူဂျာဟစ်တို့မှသည် ယခု ARSA တို့အထိ အကြမ်းဖက်လှုပ်ရှားမှုများ၏ နောက်တွင် ပြည်ပမှကြိုးကိုင်မှုများ၊ ကူညီထောက်ပံ့မှုများရှိနေပြီး ၎င်းတို့၏ရည်ရွယ်ချက်မှာ နယ်မြေရယူရန်ဖြစ်သည်ဟု မြန်မာပြည်သူအားလုံးက ယုံကြည်ထားကြသည်။ ၎င်းတို့က ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှသည် ယခုအပြည်ပြည်ဆိုင်ရာ တရားရုံးသို့ရောက်ရှိသည်အထိ အကွက်ချစီစဉ်ညွှန်ကြား ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ရာ ယခုကဲ့သို့ မြန်မာကိုယ်စားလှယ်များ သွားရောက်၍ တရားရင်ဆိုင်နေကြသည်မှာလည်း နိုင်ငံကို ရှေ့တန်းကျကျ ကာကွယ်နေကြခြင်းဖြစ်သည်ဟု ရှုမြင်ကြသည့်အလျောက် မြန်မာပြည်သူများက အင်တိုက်အားတိုက်ထောက်ခံ အားပေးနေကြခြင်းပင်ဖြစ်သည်။ ယင်းသို့ထောက်ခံအားပေးကြရာတွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလလူပုဂ္ဂိုလ်များ စသည်ဖြင့် အသီးသီးအားပေးနေကြခြင်းဖြစ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် စိတ်ဓာတ်ခွန်အားကို ဖြစ်စေသည်။

တစ်ဖက်တွင်လည်း ထောက်ခံအားပေးမှုများအကြားတွင် နိုင်ငံနှင့်လူမျိုး၏ပုံရိပ်ကို ကျဆင်းစေနိုင်သည့်၊ တရားရင်ဆိုင် နေရဆဲအခြေအနေကို အနှောင့်အယှက်ဖြစ်စေသည့် အဖျက်အမှောင့်၊ အနှောင့်အယှက်များ ရောနှောပါဝင်မလာစေရန်လည်း အထူးသတိပြုကြရန်နှင့် အထူးကြပ်မတ်ထိန်းသိမ်းကြရန် ဆော်သြလိုသည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်နှင့်အတူ ယဉ်ကျေးမှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းတကျရှိမှုတို့ကို ကမ္ဘာကသိအောင်ပြသကာ အမှန်တရားနှင့် တရားမျှတမှုရရှိရေး တိုက်ပွဲဝင်နေကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကူညီအားဖြည့်ကြရပါမည့်အကြောင်း။ ။

တစ်လုတ်စားဖူး သူ့ကျေးဇူး မသိတတ်သူမှာ သူယုတ်မာ
မြန်မာမှုနယ်ပယ်တွင် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသော စကားပုံရှိသည်။ သူ့ထမင်းကို တစ်လုတ်မျှ စားဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်းတော့သကဲ့သို့ အနည်းငယ်မျှပင်ဖြစ်စေ ကူညီမစခြင်းခံရဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်း၊ ထိုသူကို ကျေးဇူးတုံ့ပြန်ခဲ့သည့် စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကိုလုပ်ကြံရန် ငခင်ညိုဟူသော ကျွန်ဇာတ်ကြောင်းအား မြန်မာများသိရှိထားကြပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် တစ်လုတ်စားဖူး သူ့ကျေးဇူးကို မသိတတ်သည့်အပြင် ကျေးဇူးကန်းသူအချို့ကို တွေ့လာရသည်။လွန်ခဲ့သောကာလက အာဖရိကတိုက်အတွင်းမှ နိုင်ငံငယ်လေးတစ်နိုင်ငံ ဆင်းရဲဒုက္ခရောက်ပြီး အစာရေစာ ရှားပါးပြတ်လပ်နေသည့်အချိန်၊ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားသောအားဖြင့် စားရေရိက္ခာဆန်ကို ဈေးနှုန်းအချိုသာဆုံးဖြင့် ရောင်းချကူညီခဲ့သည်ကို မထောက်ထားဘဲ မြန်မာနိုင်ငံအပေါ် ယုတ်မာကောက်ကျစ်သည့်အကြံအစည်ဖြင့် ကိုယ်ကျိုးရှာသော နိုင်ငံတစ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသမှ နိုင်ငံငယ်လေးတစ်နိုင်ငံက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်နှောင့်ယှက်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ခွင့်လွှတ်သည်းခံကာ အာဆီယံဝင်ခွင့်ရရှိရေးကို ထောက်ခံပေးသည့် ကျေးဇူးကိုမထောက်ထားဘဲ ဆက်လက်နှောင့်ယှက်ခြင်းတို့သည် ကျေးဇူးမသိတတ်သည့် ယုတ်မာသောလုပ်ရပ် များသာဖြစ်သည်။အာဖရိကတိုက် ကုန်းမကြီးပေါ်မှ အသေးငယ်ဆုံး ဂမ်ဘီယာနိုင်ငံသည် တစ်ချိန်က မြန်မာနိုင်ငံက ပြုခဲ့ဖူးသောကျေးဇူးကို မထောက်ထားဘဲ ၎င်းနိုင်ငံ၏ကိုယ်ကျိုးစီးပွားအတွက် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွား ထိခိုက်ပျက်ပြားစေရန် နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအား မဟုတ်မမှန်လုပ်ကြံ တရားစွဲဆိုနေသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ အရှေ့တောင်အာရှမှ တီမောလက်စ်တေနိုင်ငံငယ်လေးသည် ၁-၇-၂၀၂၃ ရက်နေ့က ၎င်းတို့အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားတွင် မြန်မာနိုင်ငံအစိုးရက မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့ NUG ကိုဖိတ်ကြားပြီး သမ္မတက လက်ခံတွေ့ဆုံခဲ့ခြင်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ထိပါးစော်ကားခြင်းဖြစ်သည့်အပြင် နိုင်ငံတကာကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းဖြစ်၍ အဆိုပါသံရုံးအား မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့သည်။အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကာလတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကို တွေ့ဆုံ၍လည်းကောင်း၊ ၁၀-၇-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ စာပို့၍လည်းကောင်း၊ ၁၈-၉-၂၀၂၅ ရက်နေ့ တွင် တီမောလက်စ်တေနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်ကလည်းကောင်း တီမောလက်စ်တေနိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်းနှင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို အပြည့်အဝလေးစားလိုက်နာမည်ဖြစ်ပါကြောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့သည့်အတွက် ၎င်းနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုကို မြန်မာနိုင်ငံက ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် ဆောင်ရွက်ခဲ့သဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ထိုကဲ့သို့ ပြုလုပ်ပေးခဲ့ဖူးသောကျေးဇူးကို မထောက်ထားဘဲ ၁၄-၁-၂၀၂၆ ရက်နေ့က တီမောလက်စ်တေ သမ္မတသည် မြန်မာနိုင်ငံအား ဆန့်ကျင်နေသော ချင်းလူ့အခွင့်အရေးအဖွဲ့အား လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့ခြင်းသည် မြန်မာနိုင်ငံအား ကတိကဝတ်ပြုထားသည်ကို မျက်ကွယ်ပြု၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်နှောင့်ယှက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေရန်ဆောင်ရွက်နေသည့် အစိုးရဆန့်ကျင်ရေးအဖွဲ့များနှင့် တီမောလက်စ်တေအစိုးရက တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလေးစားရန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် ပဋိညာဉ်ပါအခြေခံမူများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းပင်ဖြစ်၍ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ် တေနိုင်ငံသံရုံး ယာယီတာဝန်ခံကိုဆင့်ခေါ်ပြီး ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖြေရှင်းပြန်ကြားပေးရန် တောင်းဆိုခဲ့သည်။ဂမ်ဘီယာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံငယ်လေး နှစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက ပြုလုပ်ပေးခဲ့ဖူးသောကျေးဇူးကို မထောက်ထားဘဲ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ထိပါးနှောင့်ယှက်ခြင်းသည် ယုတ်ညံ့သည့်လုပ်ရပ်များသာဖြစ်သည်။ အဆိုပါလုပ်ရပ်များသည် မြန်မာစကားပုံတွင်ပါရှိသည့်အတိုင်း နွားပိန်ကိုသနား၍ ထူထောင်ပေးလိုက်ရာထူထောင်ပေးသူကို ပြန်ဝှေ့သကဲ့သို့ အခက်အခဲဖြစ်နေသူကိုသနား၍ စောင့်ရှောက်ပေးရာ စောင့်ရှောက်သူကို ပြန်၍ဒုက္ခပေးသည့် “နွားပိန်ထူ လူဝှေ့” စကားပုံအတိုင်းဖြစ်ပါကြောင်း။ ။moi

မြန်မာမှုနယ်ပယ်တွင် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသော စကားပုံရှိသည်။ သူ့ထမင်းကို တစ်လုတ်မျှ စားဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်းတော့သကဲ့သို့ အနည်းငယ်မျှပင်ဖြစ်စေ ကူညီမစခြင်းခံရဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်း၊ ထိုသူကို ကျေးဇူးတုံ့ပြန်ခဲ့သည့် စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကိုလုပ်ကြံရန် ငခင်ညိုဟူသော ကျွန်ဇာတ်ကြောင်းအား မြန်မာများသိရှိထားကြပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် တစ်လုတ်စားဖူး သူ့ကျေးဇူးကို မသိတတ်သည့်အပြင် ကျေးဇူးကန်းသူအချို့ကို တွေ့လာရသည်။

လွန်ခဲ့သောကာလက အာဖရိကတိုက်အတွင်းမှ နိုင်ငံငယ်လေးတစ်နိုင်ငံ ဆင်းရဲဒုက္ခရောက်ပြီး အစာရေစာ ရှားပါးပြတ်လပ်နေသည့်အချိန်၊ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားသောအားဖြင့် စားရေရိက္ခာဆန်ကို ဈေးနှုန်းအချိုသာဆုံးဖြင့် ရောင်းချကူညီခဲ့သည်ကို မထောက်ထားဘဲ မြန်မာနိုင်ငံအပေါ် ယုတ်မာကောက်ကျစ်သည့်အကြံအစည်ဖြင့် ကိုယ်ကျိုးရှာသော နိုင်ငံတစ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသမှ နိုင်ငံငယ်လေးတစ်နိုင်ငံက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်နှောင့်ယှက်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ခွင့်လွှတ်သည်းခံကာ အာဆီယံဝင်ခွင့်ရရှိရေးကို ထောက်ခံပေးသည့် ကျေးဇူးကိုမထောက်ထားဘဲ ဆက်လက်နှောင့်ယှက်ခြင်းတို့သည် ကျေးဇူးမသိတတ်သည့် ယုတ်မာသောလုပ်ရပ် များသာဖြစ်သည်။

အာဖရိကတိုက် ကုန်းမကြီးပေါ်မှ အသေးငယ်ဆုံး ဂမ်ဘီယာနိုင်ငံသည် တစ်ချိန်က မြန်မာနိုင်ငံက ပြုခဲ့ဖူးသောကျေးဇူးကို မထောက်ထားဘဲ ၎င်းနိုင်ငံ၏ကိုယ်ကျိုးစီးပွားအတွက် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွား ထိခိုက်ပျက်ပြားစေရန် နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအား မဟုတ်မမှန်လုပ်ကြံ တရားစွဲဆိုနေသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ အရှေ့တောင်အာရှမှ တီမောလက်စ်တေနိုင်ငံငယ်လေးသည် ၁-၇-၂၀၂၃ ရက်နေ့က ၎င်းတို့အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားတွင် မြန်မာနိုင်ငံအစိုးရက မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့ NUG ကိုဖိတ်ကြားပြီး သမ္မတက လက်ခံတွေ့ဆုံခဲ့ခြင်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ထိပါးစော်ကားခြင်းဖြစ်သည့်အပြင် နိုင်ငံတကာကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းဖြစ်၍ အဆိုပါသံရုံးအား မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကာလတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကို တွေ့ဆုံ၍လည်းကောင်း၊ ၁၀-၇-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ စာပို့၍လည်းကောင်း၊ ၁၈-၉-၂၀၂၅ ရက်နေ့ တွင် တီမောလက်စ်တေနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်ကလည်းကောင်း တီမောလက်စ်တေနိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်းနှင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို အပြည့်အဝလေးစားလိုက်နာမည်ဖြစ်ပါကြောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့သည့်အတွက် ၎င်းနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုကို မြန်မာနိုင်ငံက ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် ဆောင်ရွက်ခဲ့သဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။

ထိုကဲ့သို့ ပြုလုပ်ပေးခဲ့ဖူးသောကျေးဇူးကို မထောက်ထားဘဲ ၁၄-၁-၂၀၂၆ ရက်နေ့က တီမောလက်စ်တေ သမ္မတသည် မြန်မာနိုင်ငံအား ဆန့်ကျင်နေသော ချင်းလူ့အခွင့်အရေးအဖွဲ့အား လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့ခြင်းသည် မြန်မာနိုင်ငံအား ကတိကဝတ်ပြုထားသည်ကို မျက်ကွယ်ပြု၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်နှောင့်ယှက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေရန်ဆောင်ရွက်နေသည့် အစိုးရဆန့်ကျင်ရေးအဖွဲ့များနှင့် တီမောလက်စ်တေအစိုးရက တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလေးစားရန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် ပဋိညာဉ်ပါအခြေခံမူများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းပင်ဖြစ်၍ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ် တေနိုင်ငံသံရုံး ယာယီတာဝန်ခံကိုဆင့်ခေါ်ပြီး ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖြေရှင်းပြန်ကြားပေးရန် တောင်းဆိုခဲ့သည်။

ဂမ်ဘီယာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံငယ်လေး နှစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက ပြုလုပ်ပေးခဲ့ဖူးသောကျေးဇူးကို မထောက်ထားဘဲ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ထိပါးနှောင့်ယှက်ခြင်းသည် ယုတ်ညံ့သည့်လုပ်ရပ်များသာဖြစ်သည်။ အဆိုပါလုပ်ရပ်များသည် မြန်မာစကားပုံတွင်ပါရှိသည့်အတိုင်း နွားပိန်ကိုသနား၍ ထူထောင်ပေးလိုက်ရာထူထောင်ပေးသူကို ပြန်ဝှေ့သကဲ့သို့ အခက်အခဲဖြစ်နေသူကိုသနား၍ စောင့်ရှောက်ပေးရာ စောင့်ရှောက်သူကို ပြန်၍ဒုက္ခပေးသည့် “နွားပိန်ထူ လူဝှေ့” စကားပုံအတိုင်းဖြစ်ပါကြောင်း။ ။

မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာတစ်မျိုးသားလုံး ဂုဏ်ပြုအားပေး
နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် နိုင်ငံကိုကိုယ်စားပြု၍ တရားရင်ဆိုင်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်သူလူထုကြီးက ထောက်ခံအားပေးလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော အာဖရိကနိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ကြီးလေးသော အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်မှုဖြင့် စွပ်စွဲထားခြင်းဖြစ်ရာ ယခုတရားရင်ဆိုင်မှုမှာ မြန်မာနိုင်ငံအတွက် လွန်စွာအရေးကြီးသည်။မြန်မာနိုင်ငံအစိုးရသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် တရားရုံး၏အခန်းကဏ္ဍကို အလေးထားယုံကြည်ကြောင်းပြသသည့် အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရေးအတွက် အခြေအမြစ်မရှိသော အချက်အလက်များကိုအခြေခံသည့် တစ်ဖက်သတ် အစီရင်ခံစာများသည် အမှန်တရားကို ဖော်ဆောင်နိုင်ခြင်းမရှိကြောင်းကို တရားရုံးအားပြသရန် တာဝန်ရှိမှုအရလည်းကောင်း ယခုကဲ့သို့ တရားရင်ဆိုင်နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက် အထိပြုလုပ်သည့် တရားရုံးကြားနာပွဲအတွင်း ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက်များအပြီးတွင် ၎င်း၏စွပ်စွဲချက်များသည် အချက်အလက်အရနှင့် ဥပဒေကြောင်းအရ မှန်ကန်မှုရှိသော အချက်အလက်များမဟုတ်ကြောင်း ခိုင်မာသည့်သက်သေအထောက် အထားအစုံအလင်ဖြင့် တရားရုံးသို့ မြန်မာနိုင်ငံက ဇန်နဝါရီလ ၁၆ ရက်တွင် ပထမအကျော့ကိုလည်းကောင်း၊ ဇန်နဝါရီလ ၁၉ ရက် တွင် ဒုတိယအကျော့ကိုလည်းကောင်း လျှောက်လဲခဲ့ပြီးဖြစ်သည်။အမှန်တကယ် ဖြစ်ပေါ်ခဲ့ခြင်းမရှိသော အမှုကိစ္စတစ်ခုအပေါ် ခိုင်လုံမှန်ကန်ခြင်းမရှိသည့် အချက်အလက်များနှင့် အပြည်ပြည် ဆိုင်ရာတရားခွင်သို့ စွဲတင်ခံရခြင်းမှာ မိမိတို့နိုင်ငံအတွက် ထိခိုက်မှု တစ်စုံတစ်ရာရှိစေကာမူ တစ်ဖက်တွင်လည်း တကယ့်အမှန်တရားကို နိုင်ငံတကာအလယ်တွင် တရားဝင်ပြသနိုင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ လတ်တလော စွဲဆိုခံထားရသည့်အမှု၏ သမိုင်းနောက်ခံအကြောင်းအရာများအပါအဝင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့အစည်း၏ ရက်စက်မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဒေသခံအခြားတိုင်းရင်းသားများကို ARSA အကြမ်းဖက်အဖွဲ့က ရက်စက်စွာညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ကျေးရွာများရှိ အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီ အသိုင်းအဝိုင်းနှင့် တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများအတွင်း ARSA အကြမ်းဖက်အဖွဲ့က အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ထားမှုများစသည့် များစွာသောဖြစ်ရပ်မှန်တို့မှာ ကာလရှည်ကြာစွာ ဖုံးကွယ်ခံထားရပြီး နိုင်ငံတကာမီဒီယာများနှင့် ဘက်လိုက်သော အချက်အလက်ရှာဖွေရေးမစ်ရှင်တို့က လျစ်လျူရှုခဲ့ကြသည့် အချက်အလက်များဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ရပ်မှန် ယင်းအချက်အလက်များကို နိုင်ငံတကာမှ ပြည်သူများလည်း သိခွင့်ရကြမည်မဟုတ်။ ယခု အပြည်ပြည်ဆိုင်ရာတရားရုံးတော်တွင် အထောက်အထားခိုင်ခိုင်မာမာဖြင့် တရားဝင်တင်ပြခွင့်ရခြင်းမှာ မီဒီယာအင်အားနည်းသည့် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းတစ်ခု ရရှိခဲ့ခြင်းလည်းဖြစ်သည်။နှစ်ပေါင်းထောင်ချီသည့် မြန်မာနိုင်ငံ၏သမိုင်းတွင် ရှေးခေတ်က အုပ်ချုပ်သူဘုရင်များအပါအဝင် နိုင်ငံသားအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်တိုင် ဘာသာရေးကိုအကြောင်းပြု၍ အနည်းစုသောသူတို့ကို နှိပ်စက်ကလူမပြုခဲ့။ ခေတ်အဆက်ဆက်တွင်လည်း လွတ်လပ်စွာဘာသာကိုးကွယ်ခွင့်ကို ခွင့်ပြုပေးခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီအရေးကိစ္စသည်လည်း ကိုလိုနီခေတ်ကတည်းကပင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာတစ်ခုသာဖြစ်၍ မူဂျာဟစ်အကြမ်းဖက်သောင်းကျန်းသူ ခေတ်မှစကာ နိုင်ငံရေးအသွင်ဖြင့် နယ်မြေလုရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြံစည်ကြိုးပမ်းလာခဲ့ကြခြင်းဖြစ်သည်။ယခုလည်း အခြေအမြစ်မရှိ၊ မမှန်ကန်သည့် အချက်အလက်များဖြင့် မြန်မာနိုင်ငံကို စွပ်စွဲမှုပြုလာသည့်အပေါ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနယ်ပယ်တွင် တရားဥပဒေစိုးမိုးမှုရှိရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးအပေါ်၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အလေးအနက်ထားဆောင်ရွက်နေသည့်အပေါ် မြန်မာနိုင်ငံ၊ မြန်မာပြည်သူများက တစ်ခဲနက် ဂုဏ်ပြုအားပေးလျက်ရှိပါကြောင်း။ ။moi

နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် နိုင်ငံကိုကိုယ်စားပြု၍ တရားရင်ဆိုင်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်သူလူထုကြီးက ထောက်ခံအားပေးလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော အာဖရိကနိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ကြီးလေးသော အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်မှုဖြင့် စွပ်စွဲထားခြင်းဖြစ်ရာ ယခုတရားရင်ဆိုင်မှုမှာ မြန်မာနိုင်ငံအတွက် လွန်စွာအရေးကြီးသည်။

မြန်မာနိုင်ငံအစိုးရသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် တရားရုံး၏အခန်းကဏ္ဍကို အလေးထားယုံကြည်ကြောင်းပြသသည့် အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရေးအတွက် အခြေအမြစ်မရှိသော အချက်အလက်များကိုအခြေခံသည့် တစ်ဖက်သတ် အစီရင်ခံစာများသည် အမှန်တရားကို ဖော်ဆောင်နိုင်ခြင်းမရှိကြောင်းကို တရားရုံးအားပြသရန် တာဝန်ရှိမှုအရလည်းကောင်း ယခုကဲ့သို့ တရားရင်ဆိုင်နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက် အထိပြုလုပ်သည့် တရားရုံးကြားနာပွဲအတွင်း ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက်များအပြီးတွင် ၎င်း၏စွပ်စွဲချက်များသည် အချက်အလက်အရနှင့် ဥပဒေကြောင်းအရ မှန်ကန်မှုရှိသော အချက်အလက်များမဟုတ်ကြောင်း ခိုင်မာသည့်သက်သေအထောက် အထားအစုံအလင်ဖြင့် တရားရုံးသို့ မြန်မာနိုင်ငံက ဇန်နဝါရီလ ၁၆ ရက်တွင် ပထမအကျော့ကိုလည်းကောင်း၊ ဇန်နဝါရီလ ၁၉ ရက် တွင် ဒုတိယအကျော့ကိုလည်းကောင်း လျှောက်လဲခဲ့ပြီးဖြစ်သည်။

အမှန်တကယ် ဖြစ်ပေါ်ခဲ့ခြင်းမရှိသော အမှုကိစ္စတစ်ခုအပေါ် ခိုင်လုံမှန်ကန်ခြင်းမရှိသည့် အချက်အလက်များနှင့် အပြည်ပြည် ဆိုင်ရာတရားခွင်သို့ စွဲတင်ခံရခြင်းမှာ မိမိတို့နိုင်ငံအတွက် ထိခိုက်မှု တစ်စုံတစ်ရာရှိစေကာမူ တစ်ဖက်တွင်လည်း တကယ့်အမှန်တရားကို နိုင်ငံတကာအလယ်တွင် တရားဝင်ပြသနိုင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ လတ်တလော စွဲဆိုခံထားရသည့်အမှု၏ သမိုင်းနောက်ခံအကြောင်းအရာများအပါအဝင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့အစည်း၏ ရက်စက်မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဒေသခံအခြားတိုင်းရင်းသားများကို ARSA အကြမ်းဖက်အဖွဲ့က ရက်စက်စွာညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ကျေးရွာများရှိ အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီ အသိုင်းအဝိုင်းနှင့် တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများအတွင်း ARSA အကြမ်းဖက်အဖွဲ့က အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ထားမှုများစသည့်များစွာသောဖြစ်ရပ်မှန်တို့မှာ ကာလရှည်ကြာစွာ ဖုံးကွယ်ခံထားရပြီး နိုင်ငံတကာမီဒီယာများနှင့် ဘက်လိုက်သော အချက်အလက်ရှာဖွေရေးမစ်ရှင်တို့က လျစ်လျူရှုခဲ့ကြသည့် အချက်အလက်များဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ရပ်မှန် ယင်းအချက်အလက်များကို နိုင်ငံတကာမှ ပြည်သူများလည်း သိခွင့်ရကြမည်မဟုတ်။ ယခု အပြည်ပြည်ဆိုင်ရာတရားရုံးတော်တွင် အထောက်အထားခိုင်ခိုင်မာမာဖြင့် တရားဝင်တင်ပြခွင့်ရခြင်းမှာ မီဒီယာအင်အားနည်းသည့် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းတစ်ခု ရရှိခဲ့ခြင်းလည်းဖြစ်သည်။

နှစ်ပေါင်းထောင်ချီသည့် မြန်မာနိုင်ငံ၏သမိုင်းတွင် ရှေးခေတ်က အုပ်ချုပ်သူဘုရင်များအပါအဝင် နိုင်ငံသားအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်တိုင် ဘာသာရေးကိုအကြောင်းပြု၍ အနည်းစုသောသူတို့ကို နှိပ်စက်ကလူမပြုခဲ့။ ခေတ်အဆက်ဆက်တွင်လည်း လွတ်လပ်စွာဘာသာကိုးကွယ်ခွင့်ကို ခွင့်ပြုပေးခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီအရေးကိစ္စသည်လည်း ကိုလိုနီခေတ်ကတည်းကပင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာတစ်ခုသာဖြစ်၍ မူဂျာဟစ်အကြမ်းဖက်သောင်းကျန်းသူ ခေတ်မှစကာ နိုင်ငံရေးအသွင်ဖြင့် နယ်မြေလုရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြံစည်ကြိုးပမ်းလာခဲ့ကြခြင်းဖြစ်သည်။

ယခုလည်း အခြေအမြစ်မရှိ၊ မမှန်ကန်သည့် အချက်အလက်များဖြင့် မြန်မာနိုင်ငံကို စွပ်စွဲမှုပြုလာသည့်အပေါ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနယ်ပယ်တွင် တရားဥပဒေစိုးမိုးမှုရှိရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးအပေါ်၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အလေးအနက်ထားဆောင်ရွက်နေသည့်အပေါ် မြန်မာနိုင်ငံ၊ မြန်မာပြည်သူများက တစ်ခဲနက် ဂုဏ်ပြုအားပေးလျက်ရှိပါကြောင်း။ ။

ပဋိညာဉ် ချိုးဖောက်၊ ကျင့်ဝတ်ကင်းမဲ့ ကိုယ်တိုင်ပြုသည့်ကတိကဝတ် ပျက်ကွက်
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN - အာဆီယံ) ကို မတူကွဲပြားမှုများပြားသည့် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံရေးစနစ်စသည်ဖြင့် ကွဲပြားခြားနားကြသည့် အဆိုပါနိုင်ငံများမှာ မတူညီသည့် နောက်ခံသမိုင်းကြောင်းများကို ဖြတ်သန်းခဲ့ကြရပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများမှာလည်း မတူညီ။ ဥရောပသမဂ္ဂကဲ့သို့သော နိုင်ငံအဖွဲ့အစည်းမျိုးနှင့် နှိုင်းယှဉ်ကြည့်လျှင် အာဆီယံ၏ ထူးခြားသည့်အနေအထားကို ပို၍ထင်ရှားစွာတွေ့မြင်နိုင်သည်။အရှေ့တောင်အာရှဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအသင်းကြီးမှာ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC)၊ အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter)နှင့် အခြားအာဆီယံစာချုပ်စာတမ်းများတွင် ပါဝင်သည့် အခြေခံမူများနှင့် စံနှုန်းများကို လေးစားလိုက်နာသော စည်းမျဉ်းအခြေပြုအသိုက် အဝန်းတစ်ခုအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အာဆီယံအသင်းကြီး၏ အသက်ဝိညာဉ်သဖွယ်ဖြစ်သော အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia- TAC) တွင် အဖွဲ့၀င်နိုင်ငံများ လိုက်နာရမည့် အဓိကမူကြီး (၆) ရပ်ကို ပြဋ္ဌာန်းထားရာ အသင်းကြီး၏ စည်းလုံးညီညွတ်မှုအတွက် လွန်စွာအရေးကြီးသည့် အချက်များပင်ဖြစ်သည်။အဆိုပါမူကြီး (၆)ရပ်မှာ(၁) အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာရပ်များကို အပြန်အလှန်လေးစားရန်။ (၂)နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်။ (၃)အဖွဲ့ဝင် နိုင်ငံတိုင်းသည် ပြင်ပမှစွက်ဖက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် အကျပ်ကိုင်ခြင်းများမရှိဘဲ မိမိနိုင်ငံ၏တည်ရှိမှုကို မိမိဘာသာ ဦးဆောင်ပိုင်ခွင့်ရှိရန်။ (၄) အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန်။ (၅)အင်အားသုံး၍ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးဖြေရှင်းခြင်းကိုရှောင်ကြဉ်ရန်။ (၆)အဖွဲ့ဝင်နိုင်ငံများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။ မြန်မာနိုင်ငံသည် တာဝန်သိအာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံအသိုက်အဝန်း တည်ထောင်မှုလုပ်ငန်းစဉ်များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မသမာမှုများကြောင့် တိမ်းစောင်းခဲ့သည့် ဒီမိုကရေစီကို ပြန်လည်တည့်မတ်ပေးပြီး မူလလမ်းကြောင်းပေါ် သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်နေရသည့် နိုင်ငံဖြစ်သည်။ ယင်းသို့သောအခြေအနေတွင် အာဆီယံအသင်းကြီးသို့ နောက်ဆုံးဝင်ရောက်လာသည့် တီမောလက်စ်တေနိုင်ငံသည် မြန်မာနိုင်ငံက မတရားအသင်းအဖြစ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း NUG နှင့် ထိတွေ့ဆက်ဆံမှုပြုခဲ့သလို ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းကလည်း တည်ဆဲအစိုးရကို ဆန့်ကျင်နေသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ဆိုသည့် အဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။ ယင်းအဖွဲ့မှာ သတင်းအမှားများကို ဖြန့်ဝေလှုံ့ဆော်ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေရန် ဆောင်ရွက်နေသည့် ဆန့်ကျင်ဘက်အဖွဲ့ဖြစ်ရာ တီမောလက်စ်တေအစိုးရသည် မြန်မာအစိုးရကို ဆန့်ကျင်နေသည့် အဖွဲ့များအား တရားဝင်ထိတွေ့ဆက်ဆံနေခြင်းပင်ဖြစ်သည်။တီမောလက်စ်တေအစိုးရ၏ အပြုအမူများသည် နိုင်ငံတကာကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းဖြစ်သည့်အပြင် အာဆီယံအခြေခံမူများကိုပါ လေးစားလိုက်နာမှုမရှိခြင်းလည်းဖြစ်သည်။ ၎င်းနိုင်ငံအနေဖြင့် အာဆီယံသို့ဝင်ခွင့်ရရေးတွင် မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်ကြောင့် အတားအဆီးဖြစ်ပေါ်လျက်ရှိရာ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်းနှင့် အာဆီယံအခြေခံမူများကို အပြည့်အဝလေးစားလိုက်နာမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံက ဆက်လက်ကန့်ကွက်ခြင်းမပြုဘဲ ရုပ်သိမ်းပေးခဲ့သည်။မိမိဝင်ရောက်ထားသည့် အဖွဲ့အစည်း၏ ပဋိညာဉ်ကိုလိုက်နာမှုမရှိခြင်း၊ အဖွဲ့ဝင်အခြားနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုမရှိခြင်း၊ ပြည်တွင်းရေးတွင်ဝင်ရောက်စွက်ဖက်ခြင်း၊ မိမိတို့ကိုယ်တိုင်ပြုခဲ့သည့် ကတိကဝတ်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း စသည့် တီမောလက်စ်တေအစိုးရ၏ သိက္ခာမဲ့သည့် အပြုအမူတို့က တီမောလက်စ်တေနိုင်ငံနှင့် ပြည်သူတို့အပေါ်တွင်ပါ စွန်းထင်းစေနိုင်သည့် ရှက်ဖွယ်အမှုကို ကျူးလွန်မိခြင်းပင်ဖြစ်သည့်အကြောင်း။ ။moi

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN - အာဆီယံ) ကို မတူကွဲပြားမှုများပြားသည့် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံရေးစနစ်စသည်ဖြင့် ကွဲပြားခြားနားကြသည့် အဆိုပါနိုင်ငံများမှာ မတူညီသည့် နောက်ခံသမိုင်းကြောင်းများကို ဖြတ်သန်းခဲ့ကြရပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများမှာလည်း မတူညီ။ ဥရောပသမဂ္ဂကဲ့သို့သော နိုင်ငံအဖွဲ့အစည်းမျိုးနှင့် နှိုင်းယှဉ်ကြည့်လျှင် အာဆီယံ၏ ထူးခြားသည့်အနေအထားကို ပို၍ထင်ရှားစွာတွေ့မြင်နိုင်သည်။

အရှေ့တောင်အာရှဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအသင်းကြီးမှာ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC)၊ အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter)နှင့် အခြားအာဆီယံစာချုပ်စာတမ်းများတွင် ပါဝင်သည့် အခြေခံမူများနှင့် စံနှုန်းများကို လေးစားလိုက်နာသော စည်းမျဉ်းအခြေပြုအသိုက် အဝန်းတစ်ခုအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အာဆီယံအသင်းကြီး၏ အသက်ဝိညာဉ်သဖွယ်ဖြစ်သော အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia- TAC) တွင် အဖွဲ့၀င်နိုင်ငံများ လိုက်နာရမည့် အဓိကမူကြီး (၆) ရပ်ကို ပြဋ္ဌာန်းထားရာ အသင်းကြီး၏ စည်းလုံးညီညွတ်မှုအတွက် လွန်စွာအရေးကြီးသည့် အချက်များပင်ဖြစ်သည်။

အဆိုပါမူကြီး (၆)ရပ်မှာ(၁) အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာရပ်များကို အပြန်အလှန်လေးစားရန်။ (၂)နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်။ (၃)အဖွဲ့ဝင် နိုင်ငံတိုင်းသည် ပြင်ပမှစွက်ဖက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် အကျပ်ကိုင်ခြင်းများမရှိဘဲ မိမိနိုင်ငံ၏တည်ရှိမှုကို မိမိဘာသာ ဦးဆောင်ပိုင်ခွင့်ရှိရန်။ (၄) အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန်။ (၅)အင်အားသုံး၍ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးဖြေရှင်းခြင်းကိုရှောင်ကြဉ်ရန်။ (၆)အဖွဲ့ဝင်နိုင်ငံများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။ မြန်မာနိုင်ငံသည် တာဝန်သိအာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံအသိုက်အဝန်း တည်ထောင်မှုလုပ်ငန်းစဉ်များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မသမာမှုများကြောင့် တိမ်းစောင်းခဲ့သည့် ဒီမိုကရေစီကို ပြန်လည်တည့်မတ်ပေးပြီး မူလလမ်းကြောင်းပေါ် သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်နေရသည့် နိုင်ငံဖြစ်သည်။ ယင်းသို့သောအခြေအနေတွင် အာဆီယံအသင်းကြီးသို့ နောက်ဆုံးဝင်ရောက်လာသည့် တီမောလက်စ်တေနိုင်ငံသည် မြန်မာနိုင်ငံက မတရားအသင်းအဖြစ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း NUG နှင့် ထိတွေ့ဆက်ဆံမှုပြုခဲ့သလို ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းကလည်း တည်ဆဲအစိုးရကို ဆန့်ကျင်နေသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ဆိုသည့် အဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။ ယင်းအဖွဲ့မှာ သတင်းအမှားများကို ဖြန့်ဝေလှုံ့ဆော်ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေရန် ဆောင်ရွက်နေသည့် ဆန့်ကျင်ဘက်အဖွဲ့ဖြစ်ရာ တီမောလက်စ်တေအစိုးရသည် မြန်မာအစိုးရကို ဆန့်ကျင်နေသည့် အဖွဲ့များအား တရားဝင်ထိတွေ့ဆက်ဆံနေခြင်းပင်ဖြစ်သည်။

တီမောလက်စ်တေအစိုးရ၏ အပြုအမူများသည် နိုင်ငံတကာကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းဖြစ်သည့်အပြင် အာဆီယံအခြေခံမူများကိုပါ လေးစားလိုက်နာမှုမရှိခြင်းလည်းဖြစ်သည်။ ၎င်းနိုင်ငံအနေဖြင့် အာဆီယံသို့ဝင်ခွင့်ရရေးတွင် မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်ကြောင့် အတားအဆီးဖြစ်ပေါ်လျက်ရှိရာ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်းနှင့် အာဆီယံအခြေခံမူများကို အပြည့်အဝလေးစားလိုက်နာမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံက ဆက်လက်ကန့်ကွက်ခြင်းမပြုဘဲ ရုပ်သိမ်းပေးခဲ့သည်။

မိမိဝင်ရောက်ထားသည့် အဖွဲ့အစည်း၏ ပဋိညာဉ်ကိုလိုက်နာမှုမရှိခြင်း၊ အဖွဲ့ဝင်အခြားနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုမရှိခြင်း၊ ပြည်တွင်းရေးတွင်ဝင်ရောက်စွက်ဖက်ခြင်း၊ မိမိတို့ကိုယ်တိုင်ပြုခဲ့သည့် ကတိကဝတ်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း စသည့် တီမောလက်စ်တေအစိုးရ၏ သိက္ခာမဲ့သည့် အပြုအမူတို့က တီမောလက်စ်တေနိုင်ငံနှင့် ပြည်သူတို့အပေါ်တွင်ပါ စွန်းထင်းစေနိုင်သည့် ရှက်ဖွယ်အမှုကို ကျူးလွန်မိခြင်းပင်ဖြစ်သည့်အကြောင်း။ ။