မြေပြိုမှုဖြစ်စဉ်များကို မြေပြိုမှု (Landslide) ဟု အလွယ်ခေါ်ဆိုကြပြီး အခြားသော တောင်ပြိုခြင်း၊ ပင်လယ်ကမ်းရိုးတန်းမြေပြိုခြင်း၊ မြစ်ကမ်းဘေး နှင့် ချောင်းကမ်းပါးများမြေပြိုခြင်း၊ တောင်စောင်းနှင့် ချောက်ကမ်းပါးများမြေပြိုခြင်း၊ သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်းမြေပြိုခြင်း၊ တံတား ချဉ်းကပ်လမ်းမြေပြိုခြင်း၊ စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်းများလည်း မြေပြိုမှုမှာအကျုံးဝင် ပါတယ်။ မြေပြိုမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ မြေမျက်နှာပြင်ပေါ်ရှိ သဘာဝ အလျောက်ပေါက်ရောက်နေသည့် သဘာဝပေါက်ပင်များ ဆုံးရှုံးခြင်း၊ မြေပြင်ရှိ နိမ့်ရာမှမြင့်ရာသို့ ဒေါင်လိုက်ပေါက်တတ်သော သဘာဝပေါက်ပင်များ၏ ဖွဲ့စည်းမှုပုံစံ၊ မြေသားအတွင်းရှိ အာဟာရဓာတ်များနှင့် မြေသားတည်ဆောက်ပုံများဟာ သစ်တော မီးလောင်မှုများကြောင့် သို့မဟုတ် သတ္တုတူးဖော်မှုများကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မြစ်၊ ချောင်းများ အရှိန်ပြင်းစွာစီးဆင်းမှုကြောင့် မြေသားတိုက်စားခံရခြင်း၊ ဆီးနှင်း များ ကျဆင်းခြင်းနှင့် ရေခဲမြစ်များ အရည်ပျော်ခြင်းတို့က မြေပြင်ပေါ်ရှိ အပေါ်ယံမြေသားတို့အား ဖယ်ရှားပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းများ မြင့်တက်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတို့၏ လုပ်ဆောင် မှုများဖြစ်တဲ့ သစ်တောများခုတ်ထွင်ခြင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လေးလံသော သယ်ယူပို့ဆောင် ရေးယာဉ်များ ဖြတ်သန်းသွားလာမှုမှ တုန်ခါမှု ဖြစ်ပေါ်ခြင်း၊ မြေယာတူးဖော်အသုံးချခြင်း၊ မိုင်းခွဲ ခြင်း၊ စွန့်ပစ်မြေစာစုပုံခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ချုံနွယ်ပင်များအား မီးရှို့ခြင်းဖြင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သဘာဝပေါက်ပင်များအား ဖျက်ဆီးဖယ်ရှားမိခြင်းများသည်လည်း မြေပြိုမှုကို ဖြစ်ပေါ်စေပါတယ်။
မြေပြိုမှုဖြစ်ပွားရာ နေရာတစ်ခုကို အနုစိတ် ပုံဖော်ကြည့်လျှင် ၎င်းနေရာမှာ တည်ရှိနေတဲ့မြေသား၊ သို့မဟုတ် ကျောက်သားတို့ရဲ့ ပြင်ပ သက်ရောက်မှုအားနှင့် အတွင်းမှခုခံတွန်းလှန်အားတို့ အားပြိုင်မှုပေါ်မူတည်ပြီး မြေပြို၊ တောင်ပြိုခြင်း တွေ ဖြစ်လာတာပါ။ အဆိုပါအင်အားနှစ်ခု တူညီနေ သမျှ တောင်ပြို၊ မြေပြိုမှု မဖြစ်နိုင်ပါ။ စာရေးသူ အနေနဲ့ ကင်းသာအနီးဝန်းကျင်မှ မြေပြို၊ တောင်ပြို မှုများကို ဖြစ်ပေါ်စေနိုင်တဲ့ ကျောက်သားတို့ကို လေ့လာတဲ့အခါမှာ ကျောက်သားတို့ရဲ့ ခိုင်မာမှုနဲ့ အတန်းအစား၊ ကျောက်သားများ အဆက်ပြတ် အက်ကွဲရာမှ ပြိုကျပြုတ်ထွက်လာနိုင်တဲ့ ကျောက်သားရဲ့ ထုထည်၊ ပုံသဏ္ဌာန်နှင့် ဖြစ်ပေါ်နိုင်တဲ့ တောင်ပြိုမှုနည်းလမ်းတို့ကို အသေးစိတ် တိုင်းတာလေ့လာ ဆောင်ရွက်ခဲ့ပါတယ်။
ကျောက်သားတို့ရဲ့ အဆက်မပြတ်အက်ကွဲမှုဖြစ်တဲ့နေရာမှာ သဘာဝမူလအရ အက်ကွဲတာ လည်းဖြစ်နိုင်သလို လူတို့၏ ပယောဂဖန်တီးမှုတို့ကြောင့်လည်း အက်ကြောင်းများ ပေါ်ပေါက်လာစေ နိုင်ပါတယ်။ သဘာဝအားဖြင့် အနည်ကျကျောက်နဲ့ အသွင်ပြောင်းကျောက်တို့ဆိုတာဟာ တစ်လွှာပြီး တစ်လွှာ ထပ်လျက်အနေအထားဖြင့် ဖြစ်တည် နေတာဖြစ်ပါတယ်။ အဲဒီလိုလွှာထပ်များကြားနဲ့ ကျောက်သားတို့ရဲ့ အဆက်ပြတ် အက်ကွဲရာများ အတွင်းသို့ ရေများဝင်ရောက်ကာ ကျောက်ခြေမွှခြင်း ဖြစ်စဉ်ကို လျင်မြန်စွာ ဖြစ်ထွန်းစေပြီး ကျောက်သားခိုင်မာမှုအဆင့်အတန်း လျော့ကျလာကာ မြေပြို၊ တောင်ပြိုမှုများ ဖြစ်ပေါ်လာတာဖြစ်ပါ တယ်။ နေပြည်တော် - ပင်လောင်းလမ်း ၆ မိုင် ဝန်းကျင်ဒေသဟာ ရေဝေချောင်းနှင့် ကိုလုံချောင်းဆုံ အနီးမှာ တည်ရှိပြီး ဘူမိဗေဒအနေအထားအရ ရေဝေချောင်းသည် ရေဝေပြတ်ရွေ့ကြောင်း တစ်လျှောက် စီးဆင်းဖြစ်ပေါ်နေတဲ့ချောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီဒေသမှာ သက်လယ်ကပ် နှောင်းပိုင်းမှ သက်နှောင်းကပ်အစောပိုင်းသက်တမ်းရှိ နှမ်းဖတ်ကျောက်များနဲ့ လိပ်သည်းကျောက်များ ဟာ ပြတ်ရွေ့ထိစပ်ဇုန်အသွင် ဖြစ်ပေါ်နေပါတယ်။
နှမ်းဖတ်ကျောက်များမှာ ကျောက်သားခိုင်မာမှု အလွန်မြင့်မားသော်လည်း ရာသီဥတုကြောင့် ကျောက်ခြေမွှခြင်းဖြစ်စဉ်နဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ကျောက်သားအဆက်ပြတ်အက်ကွဲ ကြောင်းများအတွင်း ရေများဝင်ရောက်မှုကြောင့် ကျောက်သားတွဲဆက်ခိုင်မာမှုအား ကျဆင်းလာပြီး ကြီးမားလုံးဝန်းသော ကျောက်တုံးကျောက်ခဲကြီးများ ပြိုကျပြုတ်ထွက်လိမ့်ဆင်းလာရခြင်း ဖြစ်ပါ တယ်။ ဒီလို ကျောက်ခြေမွှခြင်းဖြစ်စဉ်နဲ့ ကျောက်သား အဆက်ပြတ်အက်ကွဲမှုအတွင်း ရေများ ဝင်ရောက်ခဲ့ခြင်းတို့ကြောင့် နေပြည်တော်-ပင်လောင်းလမ်း ၇ မိုင် ပတ်ဝန်းကျင်ဒေသရှိ ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုများတွင် တောင်ကျချောင်းရေနဲ့အတူ ကျောက်တုံးကျောက်ခဲကြီးများ မျောပါလာ ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဘာဝတောတောင်များ တဖြည်းဖြည်းပျောက်ဆုံးလာခြင်း၊ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်း၊ တောင်ကုန်း၊ တောင်စောင်းများရဲ့ မြေသားတည်ငြိမ် မှုကို မြေကြီးအတွင်းရှိ ရေရဲ့ဖိအားက ပြောင်းလဲစေသဖြင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါး ပြိုခြင်းတို့ ထိခိုက်ခံစားရခြင်း ဖြစ်ပါတယ်။
မြေပြို၊ တောင်ပြိုခြင်းကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် လူတိုင်းအလွယ်တကူ ဆောင်ရွက် နိုင်သော နည်းလမ်းကောင်းမှာ နှစ်ရှည်သစ်ပင်ကြီးများကို မိမိတို့အခြေချနေထိုင်ရာ မြို့ရွာများ၏ အနီးတစ်ဝိုက်၌ စနစ်တကျ စိုက်ပျိုးခြင်းပင်ဖြစ်ပါတယ်။ နှစ်ရှည်သစ်ပင်ကြီးများသည် အပင်အရွယ် အစားနှင့် အပင်အသက်တို့အလိုက် အပင်ပတ်လည် တစ်ဝိုက် ပေပေါင်းရာနှင့်ချီ၍ မြေသားလွှာများကို ကျစ်လျစ်အောင် ကုပ်ယူထိန်းသိမ်းပေးထားနိုင် စွမ်းရှိပြီး မြေဆီလွှာ တိုက်စားခံရခြင်းကိုလည်း ကောင်းစွာကာကွယ်ပေးနိုင်သလို အရှိန်အဟုန် ပြင်းစွာ စီးဆင်းဝင်ရောက်လာသော ရေထုကြီးကိုလည်း ဟန့်တားဆီးကာပေးနိုင်သဖြင့် မြစ်ရေ၊ ချောင်းရေများကြောင့် ရုတ်တရက် ရေကြီးရေလျှံ ဖြစ်ပေါ်ခြင်းကို နှောင့်နှေးကြန့်ကြာအောင် ထိန်းသိမ်း နိုင်စွမ်းရှိပါတယ်။ သို့ဖြစ်၍ လူနေမြို့ရွာများ အတွင်းနှင့် အနီးတစ်ဝိုက်၌ နှစ်ရှည်ပင်ကြီးများကို စနစ်တကျ ရှင်သန်အောင် တိုးချဲ့စိုက်ပျိုးခြင်းနှင့် ရှိပြီးသား နှစ်ရှည်ပင်ကြီးများကို မည်သည့် အကြောင်းနှင့်မျှ ခုတ်လှဲဖြိုဖျက်မှု မပြုကြခြင်း အားဖြင့် သဘာဝဖြစ်စဉ်ကြောင့်ဖြစ်ရသော မြေပြိုခြင်းကို အတိုင်းအတာတစ်ရပ်အထိ ဟန့်တားနိုင်မည်ဖြစ်ပါတယ်။
ဇော်(ဘူမိ)

အမေရိကန် လျှပ်စစ်ကားကုမ္ပဏီကြီးဖြစ်သည့် တက်စလာသည် ယာဉ်မောင်းမလိုသည့် စက်ရုပ်တက္ကစီစမ်းသပ်ယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါတက္ကစီတွင် စတီယာရင်နှင့် ခြေနင်းများ မပါဝင်ချေ။ တက်စလာက ထုတ်ဖော်ပြသသည့် လျှပ်စစ်ကား စမ်းသပ်ယာဉ်ကို ဆိုက်ဘာကပ်ဘ်ဟု အမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် ဘားဘန့်ခ်ရှိ စတူဒီယိုတွင် အောက်တိုဘာ ၁၀ ရက်က ပြသခဲ့သည်။ တက်စလာစီအီးအို အီလွန်မက်ခ်စ်က အဆိုပါကားအတွင်း လိုက်ပါခဲ့သည်။
ကုမ္ပဏီသည် ထိုင်ခုံနှစ်ခုပါ အပြည့်အဝအလိုအလျောက်မောင်းနှင်နိုင်သော တက္ကစီကို အမေရိကန်ဒေါ်လာ ၃၀၀၀၀ အောက်ဈေးနှုန်းဖြင့် ရောင်းချရန် မျှော်မှန်းထားပြီး ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ထုတ်လှုပ်မှုများစတင်မည်ဟု ရည်ရွယ်ထားကြောင်း တက်စလာစီအီးအိုက ပြောသည်။
တက်စလာသည် ယခင်ကလည်း လျှပ်စစ်ကားဝယ်လိုအားကို တိုးမြှင့်ရန် တန်ဖိုးနည်း မော်ဒယ်ထုတ်လုပ်ရန် ပြောကြားခဲ့ဖူးသည်။ တက်စလာကုမ္ပဏီသည် ယခုအခါ မောင်းသူမဲ့တက္ကစီများထုတ်လုပ်ရန် အာရုံစိုက်နေသည်။
အင်န်အိတ်ချ်ကေ

(Myanmar Insider ဂျာနယ်၏ တွေ့ဆုံမေးမြန်းခန်းမှ ထုတ်နှုတ်ဖော်ပြသည်။)
နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိပြီးကတည်းက လွန်ခဲ့သော နှစ်အနည်းငယ်က အငြိမ်းစား ယူချိန်အထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် အမည်မဖော်လိုသူ မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ အငြိမ်းစားဝန်ထမ်းတစ်ဦးနှင့် Myanmar Insider (MI) က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မှု အခြေအနေက ဘာကြောင့် ဒီလောက်ဆိုး နေရတာလဲ။
အကြောင်းအရင်းများအားလုံးက စီမံခန့်ခွဲမှုနှင့်သာသက်ဆိုင်ပါသည်။
ဗဟိုအစိုးရ၏ စီမံခန့်ခွဲမှု သို့မဟုတ် ဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ဆွေးနွေးကြရအောင်။
ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအဆင့်ကို ဝန်ထမ်းအင်အားနှင့် ရှိပြီးသားဖြန့်ဖြူးရေး အခြေခံ အဆောက်အအုံများ စီမံခန့်ခွဲရန် ကန့်သတ်ထားပါသည်။ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေး အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆုံးဖြတ်ခွင့် အာဏာမရှိပါ။ ပြည်ထောင်စုအဆင့် ဗဟိုအစိုးရက ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။
သမိုင်းအကြောင်း နည်းနည်းပြောရမည်ဆိုပါက ၁၉၆၀ ခုနှစ်တွင် ဂျပန်၏အကူအညီဖြင့် ကယားပြည်နယ်ရှိ လောပိတ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစခန်း တည်ဆောက်ပြီးစီး ခဲ့ပါသည်။ လောပိတ ဒေသတွင် ပေ ၂၈၀ မြင့်သည့် တစ်နှစ်ပတ်လုံး ရေစီးဆင်းသော ရေတံခွန် ရှိသဖြင့် အဆိုပါရေတံခွန်၏ စွမ်းအားကို အသုံးပြု၍ တာဘိုင် ၃ လုံးမှ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း ၁၆၄ မဂ္ဂါဝပ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၄၈ မဂ္ဂါဝပ်သာ ရှိခဲ့ ပါသည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှ လိုအပ်ချက်မှာ မဂ္ဂါဝပ် ၃၀၀၀ ကျော် ရှိပြီး ဂစ်ဂါဝပ်အနေဖြင့် ၃ ဂစ်ဂါဝပ် ရှိပါသည်။ စုစုပေါင်းဓာတ်အား ထောက်ပံ့ ဖြန့်ဖြူး ပေးနိုင်မှုက လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်မှု မရှိပါ။
လောပိတမှ 230 kVa လိုင်းများမှတစ်ဆင့် မိုင် ၂၀၀ ကျော် တောင်ငူဓာတ်အားခွဲရုံသို့ ပထမ ပို့လွှတ်ပြီးနောက် လှော်ကားပင်မလျှပ်စစ်ဓာတ်အားခွဲရုံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ် ပါသည်။ အဆိုပါ ပို့လွှတ်ဖြန့်ဖြူးပေးသည့် ဓာတ်အားသည် လောပိတနှင့် လှော်ကား ဓာတ်အားခွဲရုံများတွင် ရှိသည့်အခြားလျှပ်စစ်ဓာတ်အားပေးရုံများမှ လျှပ်စစ်ဓာတ်အားများ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ထိုသို့ ပေါင်းစပ်ဖြန့်ဖြူးပေးသည့် ဓာတ်အား ဖြန့်ဖြူးရေးရုံသည် EBS (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဖြစ်ကာ ၁၀ မဂ္ဂါဝပ်စီ ရှိသော တာဘိုင် ၃ လုံး နှင့် ၅ မဂ္ဂါဝပ်စီရှိသည့် တာဘိုင် ၆ လုံး အသုံးပြု၍ အလုံဧရိယာမှ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးပါသည်။ ယင်းတာဘိုင်များသည် ကျောက်မီးသွေး သို့မဟုတ် မီးထိုးဆီ တစ်ခုခုကို အသုံးပြုနိုင်သည်။
တောနက်များနှင့် တောင်အမြင့်ကြီးများကိုဖြတ်၍ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ သွယ်တန်း ထားရှိသော်လည်း circuit breaker အများအပြားကို တပ်ဆင်ထားသောကြောင့် ငှက်များ တိုက်မိခြင်း၊ လျှပ်စီးလက်ခြင်း သို့မဟုတ် အခြားအဖြစ်အပျက်တစ်ခုခုကြောင့် သွယ်တန်း ထားသောကြိုးများသည် အလွယ်တကူ မီးလောင်မည်မဟုတ်ပါ။ ဓာတ်အားခွဲရုံများမှ ဓာတ်အား ပြတ်တောက်သွားသည်နှင့်တပြိုင်နက် လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက် သွားနိုင်သည်။ ဓာတ်အားခွဲရုံများသည် ဓာတ်အားလိုအပ်ချက်များကြောင့် ဝန်အားမမျှသည့် ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးရပါက ဈေးနှုန်းကြီးမားသည့် စက်ပစ္စည်းကိရိယာများ ပျက်စီးစေနိုင်မည်ဖြစ်ပါသည်။ ထို့အတွက် ဓာတ်အားလိုအပ်ချက်များနေသည့် ရန်ကုန်မြို့ တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းကို ဦးစွာ ဖြတ်တောက်ရခြင်းဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားကို စီးပွားဖြစ် သိုလှောင်ထား၍မရပါ။ ဓာတ်အား အချို့ကို ဘတ္ထရီ များတွင်အားဖြည့်သွင်းခြင်းဖြင့် သိမ်းဆည်းနိုင်သော်လည်း စီးပွားဖြစ်တော့ သိမ်းဆည်း မရနိုင်ပါ။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ ပိုမိုဆိုးရွားလာရခြင်း၏ အကြောင်းအရင်းမှာ လောပိတကဲ့သို့ ဓာတ်အားပေးစက်ရုံအသစ်များ မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသလား။
အဆိုပါ အကြောင်းအရင်းကလည်း အမှန်ဟု ယူဆ၍ မရနိုင်ပါ။ ၇၀ ခုနှစ် အလယ်လောက် အထိ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုက လုံလောက်နေပါသေးသည်။ ယင်းနောက် ဓာတ်အား လိုအပ်ချက်က ဆက်တိုက်မြင့်တက်ခဲ့သော်လည်း ဖြန့်ဖြူးပေးနိုင်မှုမှာ တိုးတက်လာမှု မရှိခဲ့ပါဘူး။ ၉၀ ခုနှစ်များ အစောပိုင်းတွင် ရန်ကုန်မြို့တစ်မြို့တည်းတွင် ဓာတ်အား လိုအပ်ချက်မှာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုထက် ၁၀၀ မဂ္ဂါဝပ်ကို ကျော်လွန်နေပြီဖြစ် ပါသည်။
အကြောင်းအရင်းတစ်ခုမှာ အစိုးရထိပ်ပိုင်း၌ ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်းပင်ဖြစ်ပါသည်။ လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များသည် ပြည်ထောင်စုဝန်ကြီးတစ်ဦး ဦးဆောင်သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တာဝန်သာဖြစ်ကြောင်း ယူဆကြပါသည်။
ဓာတ်ငွေ့ပို့လွှတ်ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ အခြားဝန်ကြီးက ဦးဆောင်ပြီး စွမ်းအင်ဝန်ကြီး ဌာနက ကိုင်တွယ်ပါသည်။ နောက်ထပ် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ များစွာကို တည်ဆောက်ပြီးနောက်မှာတော့ အဆိုပါစက်ရုံများ၏ ပေါင်းစပ်ထွက်ရှိမှုသည် သတ်မှတ်ထားသည့် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ချက်အတွက် လုံလောက်မှု ရှိပါသည်။ သို့သော် တာဘိုင်များကို လည်ပတ်ရန်အတွက် ဓာတ်ငွေ့လုံလောက်မှု မရှိပါ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သဘာဝဓာတ်ငွေ့ရရှိမှုမှာ အမြဲတမ်းအကန့်အသတ်ရှိ သောကြောင့် ဓာတ်ငွေ့တာဘိုင်များကလည်း ၎င်းတို့၏အမြင့်ဆုံးစွမ်းဆောင်ရည်အထိ လည်ပတ်နိုင်ခြင်း မရှိပါ။
ဝန်ကြီးဌာနအနေဖြင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်မှုသည် အမြဲတမ်း အကန့်အသတ် ရှိနေကတည်းက ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဘာကြောင့် ဆောင်ရွက်ခြင်းမရှိခဲ့သလဲ။
ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများက တည်ဆောက်ရန် ပိုမိုစျေးကြီးပြီး စက်ရုံတစ်ခု လည်ပတ်နိုင်ရန်အတွက် ငါးနှစ်ခန့် အချိန်ယူရနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဓာတ်ငွေ့သုံးစက်ရုံကတော့ ဓာတ်ငွေ့တာဘိုင်များကို တစ်ကြိမ်ဝယ်ရုံမျှဖြင့် ၎င်းတို့ကို ဓာတ်ငွေ့ဖြည့်သွင်းသည်နှင့် ချက်ချင်းလည်ပတ်နိုင်ပါသည်။
ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၅ ရုံကျော် တည်ဆောက်ခဲ့ပါသည်။ သို့သော် ရွှေလီနှင့် လောပိတရေအားလျှပ်စစ်စက်ရုံများမှလွဲ၍ ဂျပန်အကူအညီဖြင့် တည်ဆောက် ထားသည့် အခြားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ဆည်များမှ ရေပေးဝေမှု အပေါ် အခြေခံထားသည့် ရေအားလျှပ်စစ်စက်ရုံများဖြစ်ပြီး ပူပြင်းသောရာသီတွင် ဆည်များ ခြောက်သွေ့သွားကာ တာဘိုင်များလည်ပတ်ရန် စွမ်းအင်အရင်းအမြစ်မရရှိပါ။
ရွှေလီသည် မူဆယ်မြို့အနီး၊ တရုတ်နယ်စပ်နှင့် နီးသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်တွင်းရန်ပုံငွေကို အသုံးပြု၍ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကတိပြုထား ပြီးဖြစ်သော်လည်း မိမိတို့ဝန်ကြီးဌာနက ၀န်ကြီးများက အဆိုပါစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်ရန် တာဝန်ယူလိုခြင်းမရှိကြပါ။ ၎င်းတို့အနေဖြင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများ လိုအပ်မည်ကို သိရှိကြသဖြင့် တိုင်းပြည်အတွက် ကြိုးကြိုးစားစား လုပ်ကိုင် ဆောင်ရွက်ခြင်းက ၎င်းတို့၏ အစီအစဉ် မဟုတ်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ၎င်းတို့ အနေဖြင့် “စီမံကိန်းအတွက် ကိုယ်ပိုင်ရန်ပုံငွေ သုံးစွဲမည့်အစား တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်ပြီး ရန်ပုံငွေကို ချွေတာနိုင်ကြောင်း” အကြံပြုခဲ့ကြပါသည်။ အဆိုပါ အဆိုပြုချက် ကို နိုင်ငံ့ခေါင်းဆောင်များက လက်ခံခဲ့ပြီး ရလဒ်အနေဖြင့် တရုတ်တို့သည် ဓာတ်အားပေး စက်ရုံကို တည်ဆောက်ပြီး တာဘိုင် ၆ လုံးအနက် တာဘိုင် ၄ လုံးမှ ထုတ်လုပ်နိုင်သော ဓာတ်အားများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ပါသည်။ ယူနန်ပြည်နယ်တွင် ဓာတ်အား လုံလောက်သွားသည့် အချိန်တွင် မိမိတို့၏ တာဘိုင် ၆ လုံးမှ ထုတ်လုပ်နိုင်သော ဓာတ်အား များကို ပြန်လည်ပေးခဲ့သော်လည်း အခကြေးငွေသတ်မှတ်ခဲ့ပါသည်။ တရုတ်နှင့် အပြန် အလှန်ဆက်ဆံခြင်းက ကောင်းမွန်မှုရလဒ်တော့ ရှိပါသည်။
အစိုးရ အဆက်ဆက် ဘယ်လက်ထက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အကောင်းဆုံး ဖြစ်မလဲ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရဖြစ်မည် ထင်ပါသည်။ နှစ်အတော်ကြာအောင် တိုင်းပြည် မှာ အာဏာရနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့လက်ထက်မှာ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးစားခဲ့ ကြပါသည်။ သို့သော် အဆိုပါကိစ္စက ဝန်ကြီးဌာနများနှင့် သက်ဆိုင်ပါသည်။ ချေးငွေနှင့် အကျိုးပြုလုပ်ငန်းများတွင် ဝန်ကြီးဌာနများအကြား ပြိုင်ဆိုင်မှုများရှိခဲ့သည်။ ဥပမာတစ်ခု ပေးရလျှင် စွမ်းအင်ဝန်ကြီးက “လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဓာတ်ငွေ့ပေးခြင်းသည် ငွေကြေးကို မီးရှို့နေခြင်းဖြစ်ကြောင်း” တစ်ချိန်က ပြောခဲ့ဖူးသည်။ ၎င်းအနေဖြင့် အများ ပြည်သူနှင့် စီးပွားရေးလုပ်ငန်းများအတွက် လုံလောက်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခြင်းမှ ရရှိနိုင်မည့်အကျိုးကျေးဇူး အလားအလာကို မမြင်ခဲ့ပါ။ ဤသည်မှာ ဝန်ကြီး ဌာနများအကြားတွင် ဦးစားပေးခံရနိုင်ရေး အပြိုင်အဆိုင်ကြိုးပမ်းမှုကိစ္စ တစ်ခုမျှသာ ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်အလွန်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိသော်လည်း တိုက်ပွဲများကြောင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေး ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင် တာဘိုင် များအားလုံးတွင် ဓာတ်အားလုံလောက်စွာ ထောက်ပံ့ပေးထားသော်လည်း လက်ရှိ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်မည်မဟုတ်ပေ။
ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး တိုးမြှင့်ရန် လိုအပ်မှုကို လုံးလုံးလျားလျား လျစ်လျူ ရှုသော အစိုးရတစ်ခုမျှတော့ မရှိပါ။ သို့သော် ဓာတ်အားထုတ်လုပ်ခြင်း၏ သဘော သဘာဝ သည် နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုအချို့ လိုအပ်ပါသည်။ အခြားဝန်ကြီး ဌာနများ သို့မဟုတ် အစိုးရလုပ်ငန်းများနှင့်မတူပါ။ သို့သော် အစိုးရ အကြီးတန်းအရာရှိ အများစုက ထိုကိစ္စအပေါ်နားလည်မှု နည်းပါးခြင်းကို တွေ့ခဲ့ရပါသည်။
အစိုးရထိပ်ပိုင်း အကြီးအကဲသည် ဓာတ်အားထုတ်လုပ်သည့်စက်ရုံအတွက် ဆက်လက် ဆောင်ရွက်ရန် မီးစိမ်းပြ ခွင့်ပြုနိုင်သော်လည်း ဓာတ်အားပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အား ခွဲရုံများနှင့် ဖြန့်ဖြူးရေးကွန်ရက်များကဲ့သို့သော ဓာတ်အားဖြန့်ဖြူးရေးအတွက် နောက်ထပ် လိုအပ်ချက်များကို မျှော်မှန်းထားခြင်း မရှိကြပါ။
ရန်ကုန်မှာ အနည်းဆုံး ၂၄ နာရီ ၇ ရက် တစ်ပတ်လုံး ဓာတ်အားရရှိဖို့ ဘာတွေလိုအပ်လဲ။
ရန်ကုန်မြို့အနီးတွင် ဓာတ်အားပေးစက်ရုံကြီးတစ်ရုံ တည်ဆောက်နိုင်ပါသည်။ အသုံးပြု ရသည့်လောင်စာသည် ကျောက်မီးသွေး သို့မဟုတ် ဓာတ်ငွေ့ ဖြစ်နိုင်ပါသည်။ စွမ်းအင် ဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် စွမ်းအင်ဝန်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံရသော ဦးခင်မောင်သိန်းသည် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုံးဝ မလုံလောက်ကြောင်း သိရှိခဲ့သဖြင့် ရန်ကုန်မြို့နှင့် မျက်နှာချင်းဆိုင် ဒလဘက်ခြမ်း တွင် ၂၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ထုတ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ဆုံးဖြတ် ခဲ့ပါသည်။ သို့သော် စီမံကိန်းကို လုံးလုံးလျားလျား စွန့်လွှတ်ခဲ့ရပါသည်။ ဗိုလ်မှူးချုပ် လွန်းသီ က စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဦးခင်မောင်သိန်းက ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ ပြောင်းရွှေ့တာဝန်ယူခဲ့ရပြီးနောက် ဗိုလ်မှူးချုပ် လွန်းသီက စီမံကိန်းသည် နိုင်ငံတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု (နိုင်ငံခြား ၀င်ငွေရရှိမှု၏အရင်းအမြစ်) အများအပြားကို အသုံးပြုရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောကြားခဲ့ပါသည်။ ဦးခင်မောင်သိန်း၏ အမျှော်အမြင်ရှိမှုက ဗိုလ်မှူးချုပ် လွန်းသီ၏ အမြင်ကျဉ်းမှုကြောင့် ဓာတ်အားရရှိရေး လမ်းကြောင်းလွဲသွားခဲ့ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ပြတ်တောက်ရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ အစိုးရထိပ်ပိုင်းအကြီးအကဲထံမှ ဦးစားပေးခံရမှုအတွက် ဝန်ကြီးများအကြား အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်မှုများကြောင့်က အကြောင်းအရင်းများအနက်က တစ်ချက်ဖြစ်နေပါသည်။
အစိုးရက လျှပ်စစ်မီတာခကို အကြမ်းဖျင်း ၆၀ ရာခိုင်နှုန်းအထက် တိုးမြှင့် ကောက်ခံ သော်လည်း ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်မှုက တိုးမြှင့်မလာဘူး။ ဘာကြောင့်ပါလဲ။
မီတာခ စျေးနှုန်းများ တိုးမြှင့်ခြင်းအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းနှင့် ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးဆောင်ရွက်သည့် အဖွဲ့အစည်း ကွဲပြားကြောင်း သိထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးဆောင်ရွက်သည့် အဖွဲ့အစည်းကတော့ ပုံမှန်အတိုင်း ဓာတ်အားလုံလောက်အောင် ဖြန့်ဖြူးပေးနိုင်မှု မရှိသေး ပါဘူး။
ရန်ကုန်မြို့တွင် လိုအပ်သည့် လျှပ်စစ်ကဏ္ဍကို ဖြည့်တင်းရန်အတွက် ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်အားလိုင်းများသွယ်တန်းရေး၊ ဓာတ်အားဖြန့်ဖြူးရေးမှာ ဘယ်လောက် ရင်းနှီး မြုပ်နှံထားပါသလဲ။
ရန်ကုန်မြို့အနေဖြင့် အများကြီးပြောင်းလဲစရာမရှိပါဘူး။ ရန်ကုန်မြို့အနီးတွင် ဓာတ်အားပေး စက်ရုံကြီးတစ်ခု တည်ဆောက်ရန်သာ လိုအပ်ပါသည်။ အနည်းဆုံး ၃ ဂစ်ဂါဝပ် (3GW) စက်ရုံ လိုပါသည်။ ကုန်ကျစရိတ် ခန့်မှန်းချက်တော့ မသိပါ။
ရန်ကုန်မြို့၏ လမ်းဘေးတစ်လျှောက် ဓာတ်တိုင်များ ရှုပ်ပွနေပါသည်။ တခြားနိုင်ငံများ ကဲ့သို့ ကေဘယ်ကြိုးများကို ဘာကြောင့် မြေအောက်မမြှုပ်ထားသလဲ။
အမှန်တကယ်တော့ ဓာတ်တိုင်နှစ်မျိုး ပဲရှိပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဓာတ်တိုင်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးမှ ဓာတ်တိုင်တို့ ဖြစ်ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးမှ ဓာတ်တိုင်က ပိုမိုသေးပါသည်။ မီးကြိုးများကို ဘတ်ဂျက်မရှိသဖြင့် မြေအောက်မြှုပ်နှံနိုင်ခြင်း မရှိသေးပါ။ ဒါကလည်း ရန်ပုံငွေကြေး ကိစ္စသာဖြစ်ပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသောကြောင့် အချို့သော ဓာတ်တိုင် များသည် လမ်းများပေါ်တွင်ပင် စိုက်ထူထားကြပါသေးသည်။
၎င်းတို့အနေဖြင့် ဘတ်ဂျက်ရရှိသည့်အခါ သို့မဟုတ် အထက်လူကြီးတစ်ဦးဦးက တိုင်ကြားသည့် အခါတိုင်း ဓာတ်တိုင်ကို နေရာတကျပြန်လည်စိုက်ထူမည် သို့မဟုတ် ပြောင်းရွှေ့စိုက်ထူပါမည် ဖြစ်ပါသည်။
အစမှာပြောခဲ့သလိုပဲ အားလုံးက စီမံခန့်ခွဲမှုနှင့်သာသက်ဆိုင်ပါသည်။ အဆိုပါကိစ္စကို ဝန်ကြီးဌာနများအကြား ညှိနှိုင်းရန်အတွက် ရိုးရိုးရှင်းရှင်းပဲ ထား၍မရပါ။ နိုင်ငံ ပိုမိုကောင်းမွန်စေရန်အတွက် ညွှန်ကြားချက်များ မှတ်ပေးမည့် အထက်အကြီးအကဲများ လိုအပ်ပါသည်။
Nori Lynn
ကိုးကား - Myanmar Insider

ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပေါကြွယ်ဝသည်ဟု ယူဆထားသည့် တောင်တရုတ်ပင်လယ် ဧရိယာအတွင်းရှိ Reed Bank သည် တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်လာစေနိုင်ပါသည်။ Reed Bank သည် ဖိလစ်ပိုင်နိုင်ငံ၊ Palawanကမ်းရိုးတန်းမှ ၉၅ မိုင်အကွာတွင် တည်ရှိသော ပင်လယ်ရေအောက်သန္တာကျောက်တန်းဖြစ်ပါသည်။ သုတေသီတို့၏ သုံးသပ်ချက်အရဖိလစ်ပိုင်နိုင်ငံသည် ၎င်းတို့၏ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် Reed Bank ကို တစ်နိုင်ငံတည်းပိုင် စွမ်းအင်တူးဖော်ထုတ်လုပ်ရာနေရာအဖြစ် အသုံးချလာပါက နှစ်နိုင်ငံအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံ၏ ဖွံ့ဖြိုးမှုကန့်သတ်ချက်များအရလည်းကောင်း၊ မကြာမီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကြောင့်လည်းကောင်း၊ အမေရိကန်၏ ပထဝီနိုင်ငံရေး နှောင့်ယှက်မှုများကြောင့်လည်းကောင်း၊ တရုတ်နှင့် အမေရိကန်တို့က Reed Bank အား လုယူမှုသည် အချိန်ကာလ တစ်ခု ကြာပြီးမှ ဖြစ်ပေါ် နိုင်ကြောင်းလည်း သုတေသီများက သုံးသပ်ထားကြပါသည်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲရေး၏ ၂၀၁၃ ခုနှစ်၊ အစီရင်ခံစာတွင် Reed Bank အနီးတစ်ဝိုက်တွင် ရေနံစည်ပေါင်း ၅.၄ ဘီလီယံ နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁.၅၆ ထရီလီယံ ( ၅၅.၁ ထရီလီယံ ကုဗပေ) ခန့် တွေ့ရှိနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့များသည် မတူးဖော်ရသေးသည့် အရင်းအမြစ် များဖြစ်ပါသည်။ ယခင်က တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ထိုအရင်းအမြစ် များကို ပူးပေါင်းတူးဖော်ထုတ်လုပ်ခဲ့ကြသော်လည်း အိမ်နီးချင်း နှစ်နိုင်ငံ အကြား တင်းမာမှုများကြောင့် တူးဖော်ထုတ်လုပ်မှုများကို နှစ်ပေါင်း များစွာ ရပ်ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား - South China Morning Post
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဘင်္ဂါလီများကို နိုင်ငံတော်အစိုးရက ကူညီစောင့်ရှောက်ပေးလျက်ရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ရာအိမ်မှူး ဦးကျော်တင်လှိုင်၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည် -
ဦးကျော်တင်လှိုင် (ရာအိမ်မှူး)
အောင်မင်္ဂလာရပ်ကွက် စစ်တွေမြို့
ကျွန်တော့် နာမည်က ဦးကျော်တင်လှိုင်ပါ။ မွတ်ဆလင်နာမည်က မူဆာအာမက်ပါ။ ကျွန်တော်က အောင်မင်္ဂလာရပ်ကွက် ရာအိမ်မှူးတစ်ယောက်ပါ။ ကျွန်တော်တို့ အောင်မင်္ဂလာရပ်ကွက်မှာ တိုင်းရင်းသားနဲ့ ဆက်စပ်နေတဲ့ ရပ်ကွက်ငါးခုရှိပါတယ်။ ကုန်းတန်း၊ ကသစ်၊ ကျောင်းကြီးလမ်း၊ အောင်မင်္ဂလာ နဲ့ မောလစ်စတဲ့ ငါးရပ်ကွက်ပါ။ ငါးရပ်ကွက်မှာ အိမ်ထောင်စုက ၇၂၀ ပါ၊လူဦးရေက ၄၀၀၀ လောက်ရှိပါတယ်။ ကျွန်တော်က ၂၀၁၀ ကနေ ရာအိမ်မှူးတာဝန်ကို ထမ်းဆောင်နေတာပါ။ ၂၀၁၂ ခုနှစ် ၆ လပိုင်း ပဋိပက္ခကာလမှာ တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေက ကျွန်တော်တို့ ရပ်ကွက်ကို ကာကွယ်ပေးခဲ့ပါတယ်။ အချိန်မီကာကွယ်ပေးခဲ့လို့ ကျွန်တော်တို့ရပ်ကွက်တစ်ခုပဲ ဘာမှမဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ရပ်ကွက်မှာ မီးရှို့မှုဖြစ်မှာစိုးလို့ ပြည်နယ်အစိုးရအဖွဲ့က တပ်မတော်နဲ့ပူးပေါင်းပြီး ကျွန်တော်တို့ရပ်ကွက်ကို တပ်မတော်၊ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေက ကာကွယ်ပေးခဲ့ပါတယ်။ အသက်အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် အဲဒီအချိန်မှာ လူတစ်စုနဲ့တစ်စု သွေးဆူမှုဖြစ်နေတာမို့ အကာအကွယ်ပေးခဲ့တယ်။ အခုအချိန်ထိ ကျွန်တော်တို့ရပ်ကွက် ဘာမှမဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ကို အစိုးရအဖွဲ့က လစဉ်လတိုင်း ဆန်အိတ်ထောက်ပံ့ပေးပါတယ်။ NGO တွေလည်း ခဏခဏကူညီပေးတာတွေ ရှိပါတယ်။ ရပ်ကွက်မှာ အရင်တုန်းက မြို့မဈေးနဲ့ ဆိုင်ခန်းတွေရှိခဲ့ပါတယ်။ ကုန်သည်တွေ၊ ဆေးသုတ် သမားတွေ၊ ပန်းရန်ဆရာ၊ လက်သမားဆရာတွေ၊ ကျပန်းအလုပ်သမားတွေ အကုန်ရှိခဲ့ပါတယ်။ပဋိပက္ခပြီးတဲ့နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် သဟဇာတမဖြစ်တော့ ရွာထဲမှာပဲနေပြီး ထောက်ပံ့ကြေးနဲ့ စားခဲ့ရပါတယ်။ ၂၀၁၉ ကာလမှာ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းပါးပါး သဟဇာတဖြစ်လာတဲ့နောက်ပိုင်းမှာ တားဆီးထားတဲ့ဂိတ်တွေ ဖြုတ်လိုက်တယ်။ ရဲတပ်ရင်းတွေကလည်း ၂၀၂၀ မှာ တစ်ခါတည်း ရုပ်သိမ်းပြီးပြန်သွားပါတယ်။ အခုကတော့ ကျွန်တော်တို့ရပ်ကွက်မှာ အပြင်က ဈေးကြီးကို သွားပြီး ဈေးဝယ်လို့ရတယ်။ တချို့ ငါးရောင်းတဲ့ သူတွေကလည်း ဈေးကြီးမှာ သွားပြီး ငါးရောင်းလို့ရတယ်။ ဘာမှပြဿနာမရှိပါဘူး။
ကျွန်တော်တို့ ရပ်ကွက်မှာလည်း တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီးတော့ ဆိုင်ခန်းတွေ၊ ဆေးခန်းတွေရှိတယ်။ အစိုးရအဖွဲ့က ဖွင့်ပေးထားတဲ့ဆေးခန်းမှာ ဘာသာပေါင်းစုံလာပြီးတော့ ဆေးကုနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာပြဿနာမှမရှိပါဘူး။ အခုကတော့ လွတ်လွတ်လပ်လပ်ပါပဲ။ ကျန်းမာရေးအနေနဲ့ ပဋိပက္ခကာလမှာ လုံခြုံရေးကို ဆေးရုံသွားမယ်ဆိုရင် သတင်းပို့ပြီး ရပ်ကွက်ကတစ်ဆင့် လုံခြုံရေးယူပြီးမှ ဆေးရုံ၊ ဆေးခန်းသွားရတယ်။ အခုကတော့ ဘာမှမလိုဘူး။ ကိုယ့်ဟာကိုယ် ဆေးခန်းသွားလိုက်လို့ရတယ်။ ရပ်ကွက်မှာလည်း သဒ္ဓါပုဂ္ဂလိကဆေးခန်းတစ်ခု ဖွင့်ထားတယ်။ သဒ္ဓါဆေးခန်းမှာ ဆေးကုလို့ရတယ်။ ရပ်ကွက်ထဲမှာ အစိုးရက ဆေးကုပေးတာ တစ်ပတ်ကို နှစ်ကြိမ် ပုံမှန်ရှိပါတယ်။ ကျွန်တော်တို့ ရပ်ကွက်မှာ ပညာသင်တဲ့ကလေးတွေအတွက် အရင်တုန်းက မူလတန်းကျောင်းပဲ ရှိတယ်။ မူလတန်းကနေ အခုက အလယ်တန်းကျောင်းဖြစ်သွားပြီ။ အလယ်တန်းကနေ အထက်တန်းကျောင်း ဖြစ်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းတစ်ကျောင်းဆောက်ပေးမယ်လို့ ပြောထားပါတယ်။ ကျွန်တော်တို့က မြေနေရာမပေးနိုင်သေးလို့ပါ။ မြေနေရာပေးလိုက်တာနဲ့ အစိုးရအဖွဲ့က ဆောက်ပေးမှာပါ။ စာမေးပွဲဖြေရင်တော့ သက္ကယ်ပြင်ကျောင်းမှာ သွားဖြေရပါတယ်။
အခု ကျွန်တော်တို့ဘက်မှာ တစ်ခုခုလေလံကျတယ်ဆိုရင် မွတ်ဆလင်လည်း အစိုးရအဖွဲ့ဆီကနေ လေလံသွားဆွဲလို့ရတယ်။ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး လေလံသွားဆွဲကြတာပါ။ ရတဲ့သူရတယ်။ စီးပွားရေးသမား ကုန်သည်တွေကလည်း ရန်ကုန်ကနေ ပစ္စည်းမှာပြီး ရောင်းနေကြတာရှိတယ်။ တချို့ သူတွေက တိုင်းရင်းသားတွေအိမ်မှာ ဆေးသုတ်၊ ပန်းရန်၊ လက်သမား အကုန်လုပ်နေကြတယ်။ သဟဇာတဖြစ်နေကြပါပြီ။ အခုက လုံးဝပြဿနာမရှိဘူး။ ဆေးရုံကြီးကိုလည်း ဆေးသွားကုလို့ရတယ်။ ကျွန်တော်တို့ မွတ်ဆလင်လူမျိုးမှာ ဗလီ ငါးကြိမ်တက်ရတယ်။ ငါးကြိမ်လုံး ပုံမှန်တက်နေတာပါ။
moi

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မြန်မာနိုင်ငံရှိ မြို့နယ် ၆၁ မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပရာ မြို့နယ်များဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်မှ ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။
မောင်ဝင်းထက်ဗိုလ် (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)
ကျွန်တော်က ပထမဆုံးဆန္ဒမဲပေးတာဖြစ်ပါတယ်။ မဲပေးတဲ့အခါမှာ ကိုယ်ကြိုက်တဲ့၊ ကိုယ်ရွေးချယ်ထားတဲ့ ပါတီကိုပဲလွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲကနေ လူငယ်တွေအတွက် အကောင်းဆုံးကို ဖန်တီးပေးနိုင်မယ့် အစိုးရတစ်ရပ် ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။
မဇင်မာထွန်း (လက်ခုပ်ပင်ရွာ၊ ညောင်ရွှေမြို့နယ်)
ဆန္ဒမဲပေးနိုင်ဖို့ မဲရုံကိုရွာကနေ အစောကြီးလာခဲ့တာပါ။ ကျွန်မအသက်က ၁၉ နှစ်ပါ။ ပထမဆုံးမဲပေးတဲ့ အတွေ့အကြုံမှာ စက်နဲ့ မဲပေးရမယ်ဆိုတော့ စိတ်ဝင်စားတယ်။ စက်နဲ့ မဲပေးတဲ့အခါမှာလည်း လွယ်ကူအဆင်ပြေပါတယ်။ ကိုယ်တိုင်ဆန္ဒပြုရွေးချယ်တဲ့အခါမှာ လူငယ်တွေအတွက်၊ နိုင်ငံအတွက် အကျိုးပြုဆောင်ရွက်မယ့် သူတွေကိုပဲ ရွေးချယ်ဆန္ဒပြုခဲ့ပါတယ်။
မအေးမြတ်သူ (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)
မိသားစုနဲ့အတူ လာရောက်ပြီး ဆန္ဒမဲပေးတာပါ။ ကိုယ်တိုင် သေချာစဉ်းစားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့်သူတွေကိုပဲ ရွေးချယ်မဲပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုကနေ အကောင်းဆုံးတွေဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ မဲပေးတဲ့အခါမှာ မဲပေးစက်နဲ့ မဲပေးခဲ့ရတဲ့အတွက် အခက်အခဲမရှိပါဘူး။ မဲပေးရတာအားလုံးအဆင်ပြေပါတယ်။
မဆောင်းနှင်းဖြူ (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)
လူငယ်တစ်ဦးအတွက် ထူးခြားတဲ့ ပထမဆုံးမဲပေးမှုအတွေ့အကြုံလို့ ပြောလို့ရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ နိုင်ငံအတွက် ကိုယ့်ဆန္ဒနဲ့အညီ ပေးခွင့်ရတယ်။ မဲပေးတဲ့အခါမှာလည်း ကိုယ့်ဆန္ဒပြုချင်တဲ့သူကို လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ တာဝန်ကျေပွန်တယ်လို့ ခံစားရပါတယ်။ ရွေးကောက်ပွဲကနေ အဓိကလူငယ်တွေအတွက် မျှော်လင့်တာပါ။ ပညာရေးကဏ္ဍနဲ့ အလုပ်အကိုင်အခွင့် အလမ်းကဏ္ဍကို ဖော်ဆောင်မယ့်သူမျိုးကို ရွေးချယ်ဆန္ဒမဲပေးခဲ့ပါတယ်။
မသွယ်သွယ်ဦး (လွယ်ပြေရပ်ကွက်၊ မိုးနဲမြို့)
ကျွန်မက လွယ်ပြေရပ်ကွက်ကပါ။ အခုရွေးကောက်ပွဲမှာ မဲန္ဒရှင်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် မဲလာရောက်ပေးတာဖြစ်ပါတယ်။ လူငယ်တစ်ဦးအနေနဲ့ အခုလို ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရတဲ့အပေါ်မှာ ဝမ်းသာမိတယ်။ ကိုယ့်နိုင်ငံအနာဂတ်အတွက် လူငယ်တစ်ဦးအနေနဲ့ တာဝန်ကျေချင်လို့ ပါဝင်မဲပေးဖြစ်တာပါ။ မဲပေးတဲ့အခါမှာလည်း လွတ်လပ်စွာမဲပေးခဲ့ရပါတယ်။ ကျွန်မတို့ နိုင်ငံနဲ့ပြည်သူ အနာဂတ်သာယာလှပဖို့အတွက် ဦးဆောင်နိုင်သူကို ကိုယ်တိုင်လာရောက် ရွေးချယ်ခွင့်ရခဲ့ပါပြီ။
ပြည်နယ် (ပြန်/ဆက်)

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ စစ်တွေမြို့ ဆေးသမားကြီးကျေးရွာနေ ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်။
ဦးအောင်နိုင်ဦး (ညွှန်ကြားရေးမှူး) ခရိုင်အုပ်ချုပ်ရေးမှူး၊ စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ကျွန်တော်တို့ အခုအောင်မင်္ဂလာရပ်ကွက်မှာ ရောက်နေတာ ဖြစ်ပါတယ်၊၊ ဒီမှာ တွေ့မြင်နေရတာတော့ အောင်မင်္ဂလာရပ်ကွက် စာသင်ကျောင်းပဲဖြစ်ပါတယ်၊၊ အောင်မင်္ဂလာရပ်ကွက်ထဲမှာ အစိုးရစာသင်ကျောင်းတစ်ကျောင်းနဲ့ အာရဗီစာသင်ကျောင်း နှစ်ကျောင်းရှိပါတယ်၊၊ လက်ရှိရောက်ရှိနေတဲ့ အစိုးရကျောင်းထဲမှာလည်း ရပ်ကွက်ထဲက ကျောင်းသား ကျောင်းသူတွေကို ပညာသင်ကြားနေတာဖြစ်သလို ဆရာ ဆရာမတွေလည်း အင်ပြည့်အားပြည့်သင်ကြားပေးနေတာဖြစ်ပါတယ်၊၊ ကျွန်တော်တို့ ဒီရပ်ကွက်အတွင်းမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ၂၀၁၃-၂၀၁၄ မှာတော့ ရပ်ကွက်ပြည်သူတွေ လုံခြုံရေးအတွက် အပြင်မှာ လုံခြုံရေးစောင့်ပေးတာရှိတယ်၊ ဂိတ်တွေချထားတာရှိပါတယ်၊၊
၂၀၁၄ ခုနှစ် နောက်ပိုင်းမှာတော့ ဂိတ်တွေပြန်လည်ဖယ်ရှားပြီး ပြည်သူတွေလွတ်လပ်စွာ သွားလာနေကြပြီပဲဖြစ်ပါတယ်၊၊ ဘာအတားအဆီးမှ ချထားတာမရှိပါဘူး၊၊ အလားတူပဲ ကျွန်တော်တို့ ဒီနားမှာလည်း စည်ကားတဲ့ဈေးတစ်ခုရှိပါတယ်၊၊ ဈေးနာမည်ကတော့ ရပ်ကွက်နေ ဒေသခံတွေက ဒီမိုကရေစီဈေးလို့ အမည်ပေးထားတဲ့ဈေး ဖြစ်ပါတယ်၊၊ ဒီအချိန်အခါမှာတော့ ဒီရပ်ကွက်အတွင်းမှာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ အခြားတိုင်းရင်းသားလူမျိုးတွေ၊ ဘင်္ဂါလီလူမျိုးတွေ လွတ်လွတ်လပ်လပ်သွားလာနေတဲ့နေရာ ဖြစ်ပါတယ်၊၊
ဒီစာသင်ကျောင်းလေးမှာ မြေကွက်လပ်တစ်ခုရှိပါတယ်။ ထပ်ပြီးတိုးချဲ့ဖို့ စီမံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရောက်ရှိနေတာက အောင်မင်္ဂလာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းဖြစ်ပါတယ်။ ဒီကျောင်းမှာက ရပ်ကွက်ထဲက ကျောင်းသား ကျောင်းသူတွေ ပညာသင်ကြားနေတာဖြစ်ပါတယ်။ ထပ်မံပြီးတော့ ဒီဘက်အဆောက်အအုံတိုးချဲ့ဖို့ မြေကွက်လပ်မှာ ကျောင်းဆောင်အသစ်ဆောက်လုပ်နိုင်ဖို့လည်း စီမံဆောင်ရွက်နေတာရှိပါတယ်၊၊ ကျွန်တော်တို့ ရောက်ရှိနေတာက စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ထဲမှာရှိတဲ့ ဈေးဖြစ်ပါတယ်။ ဈေးနာမည်က ဒီမိုကရေစီဈေးဖြစ်ပါတယ်၊၊ ဒီဈေးထဲမှာ ရပ်ကွက်ထဲမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ရောင်းဝယ်ဖောက်ကားနေတာရှိသလို ရခိုင်တိုင်းရင်းသားတွေ၊ အခြားတိုင်းရင်းသားတွေလည်း ရောင်းဝယ်ဖောက်ကားနေကြတာ ဖြစ်ပါတယ်၊၊ ဒီမှာတော့ အခုလိုပဲလွတ်လပ်အေးချမ်းစွာနဲ့ သွားလာလှုပ်ရှားနေကြတာ ဖြစ်ပါတယ်၊၊
ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရ ဆေးသမားကြီးကျေးရွာ၊ စစ်တွေမြို့
ကျွန်မ ဒီမှာနေတာ နှစ်ပေါင်းသုံးဆယ်လောက်ရှိပါပြီ။ အိမ်ထောင်သည်ပါ၊ ကလေးလေးယောက်ရှိပါတယ်။ ဆေးဝါးကုသမှုအခြေအနေက အစိုးရအဖွဲ့ဆီကနေ ဆေးဝါးကုသမှုခံယူလို့ရပါတယ်။ အစိုးရ ကျန်းမာရေးဌာနက တစ်လတစ်ကြိမ် ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ လူနာဆိုရင်လည်း တစ်ပတ်တစ်ခါ၊ ဆယ့်ငါးရက်တစ်ခါ လာပြီးတော့ ဆေးကုသမှုပေးလေ့ရှိပါတယ်။ ကျွန်မတို့ လွတ်လွတ်လပ်လပ် ကုသခွင့်ရပါတယ်။ လုံခြုံရေးအနေနဲ့ဆိုရင် ကျွန်မတို့မှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရှိပါတယ်။ သူတို့ကကာကွယ်ပေးပါတယ်။ အကူအညီလိုအပ်လို့ သူတို့ဆီသွားပြောတဲ့အခါ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတာမျိုးရှိပါတယ်။ သူတို့ဆီက အကောင်းဆုံးအကူအညီတွေ ရပါတယ်။ အစိုးရအဖွဲ့ကလည်း အကောင်းဆုံးကူညီဆောင်ရွက်ပေးတာမျိုးရှိပါတယ်။ ကျွန်မအလုပ်က ကျပန်းပါ။ ဒါပေမယ့် အဆင်ပြေပါတယ်။ ကျွန်မယောကျာ်းကလည်း ကျပန်းပါ။ လုံးဝလွတ်လွတ်လပ်လပ်ရှိပါတယ်။ ဘာအနှောင့်အယှက်မှ မရှိပါဘူး။ အစိုးရအဖွဲ့ကလည်း လွတ်လွတ်လပ်လပ်နေလို့ရအောင် လုပ်ပေးပါတယ်။ အဆင်ပြေပါတယ်။
ကျန်းမာရေးအခြေအနေဆိုရင် ကျန်းမာရေးဌာနကခုနက ပြောသလိုမျိုး ကာကွယ်ဆေးတစ်လတစ်ကြိမ်လာပြီး ကာကွယ်ဆေးထိုးပေးတာမျိုး၊ ကိုယ်ဝန်ဆောင်ဆိုရင် ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ ကလေးဆိုရင်ကလေးနှစ်လပြည့်တဲ့အခါ ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ တကယ့်အရေးပေါ်ဆိုရင် အစိုးရအဖွဲ့က ဆေးကုသမှုပေးတာမျိုးရှိပါတယ်။ အဲဒီမှာသွားပြီးတော့ လွတ်လွတ်လပ်လပ်ကုသလို့ရပါတယ်။
ပညာရေးကဏ္ဍဆိုရင် ကျွန်မတို့ဆေးသမားကြီးရွာမှာ မူလတန်းလွန်ကျောင်းရှိပါတယ်။ ခုနစ်တန်းအထိ မူလတန်းလွန်ကျောင်းမှာ ပညာသင်လို့ရပါတယ်။ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းဆိုရင်တော့ သက္ကယ်ပြင်မှာ အစိုးရကျောင်းဖွင့်ထားတာရှိပါတယ်။ အဲဒီကျောင်းမှာ သွားပြီးတော့ လွတ်လွတ်လပ်လပ်တက်လို့ရပါတယ်။ နိုင်ငံသားကတ်ပြားဆိုရင် ၂၀၁၇ ခုနှစ်မှာတော့ စီမံချက်အနေနဲ့ အစိုးရအဖွဲ့ လဝကက လာပြီးတော့ လုပ်ပေးတာမျိုးရှိပါတယ်။ ရထားတဲ့လူလည်းရှိပါတယ်။ မရတဲ့လူလည်းရှိပါတယ်။ ကျွန်မကတော့ လျှောက်ထားဆဲပါ။ ကျွန်မတို့ရမယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲမဲပေးဖို့တော့ ကျွန်မမှာမရှိပါဘူး။ ဒါပေမယ့် ကျွန်မသွားကြည့်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ တုံ့ပြန်ချေပလျှောက်လဲခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လာရောက်ကြိုဆိုခဲ့ကြသူများအနက်မှ တွေ့ဆုံမေးမြန်းထားသူများ၏ ပြန်လည်ဖြေကြားထားသည်များကို ဖော်ပြလိုက်ပါသည်-
မောင်ရောင်စဉ်ထွန်း (ရန်ကင်းပညာရေးဒီဂရီကောလိပ်)
ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ တရားမျှတတဲ့ အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သွားရောက်ဖြေရှင်းပေးခဲ့ကြပြီး ပြန်လည်ရောက်ရှိလာကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို လာရောက်ဂုဏ်ပြုကြိုဆိုရတဲ့အတွက် ရန်ကင်းပညာရေးဒီဂရီကောလိပ်မိသားစုအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ လူငယ်တိုင်း လူငယ်တိုင်းမှာ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးအစရှိတဲ့ နိုင်ငံတော်ရဲ့ သမိုင်းပေး တာဝန်တွေကို လူငယ်တွေအနေနဲ့ နောင်တစ်ချိန်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အစကောင်းမှ အနှောင်းသေချာဆိုသလိုမျိုးပဲပေါ့။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ အခုကတည်းကစပြီး နိုင်ငံတော်ရဲ့ကိစ္စရပ်တွေမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းသာယာဝပြောရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်ပြီးတော့ ဆောင်ရွက်ပေးလိုပါတယ်။ အခု အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့တဲ့အမှုက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို စွဲဆိုခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အမှုဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့အမြင်နဲ့ ပြောရမယ်ဆိုရင် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ခွင့်ဆိုတာ ရှိပါတယ်။ အခုအမှုကို သွားရောက်ဖြေရှင်းပေးခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
ဦးဇော်လွင်ဦး (ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာလုပ်ငန်းကော်မတီ)
ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်မှာ အစစ၊ အရာရာအဆင်ပြေစေဖို့ အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီးများမရှိဘဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ချောချောမွေ့မွေ့နဲ့ တိုင်းရင်းသားအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကောင်းတာပေါ့။ အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီးတွေကို ဝိုင်းဝန်းပြီး မိသားစုစိတ်ဓာတ်နဲ့ ဖြေရှင်းနိုင်ရင် အောင်မြင်နိုင်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေအားလုံးက ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေ၊ ကျွန်တော်တို့လုပ်ရ မယ့် တာဝန်တွေကို သိရှိပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ICJ မှာ သွားရောက်ဖြေရှင်းပြီး ပြန်လည်ရောက်ရှိလာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းလင်းပြောကြားချက်တွေကို လိုက်နာမှတ်သားပြီး ဘယ်လိုဆောင်ရွက်မယ်၊ ဘယ်လိုလိုက်နာရမယ်ဆိုတာတွေ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီနေ့လူငယ်ကဏ္ဍအနေနဲ့ လာရောက်ဂုဏ်ပြုကြိုဆိုတာဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်တိုင်းပြည်မှာ ဘာအနှောင့်အယှက်မှ မရှိစေချင်တဲ့အတွက်ကြောင့် ဒါတွေကို ဝိုင်းဝန်းဝန်းရံ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ဦးထင်ကျော်မိုး (ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း)
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက မဟုတ်မမှန်လုပ်ကြံပြီးတော့ စွပ်စွဲတာနဲ့ ပတ်သက်ပြီးတော့ မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ဖြေရှင်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ တစ်သွေးတည်း၊ တစ်သားတည်းရှိတယ်ဆိုတာကို ပြသချင်တဲ့အတွက်ကြောင့် အခုလိုလာရောက်ဂုဏ်ပြုကြိုဆိုတာဖြစ်ပါတယ်။ အခုလို လာရောက်ကြိုဆိုရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီမှာ လာရောက် ဂုဏ်ပြုကြိုဆိုတဲ့သူတွေကို ကြည့်မယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေလည်း အားတက်သရော လာရောက်ဂုဏ်ပြုကြိုဆိုကြတာတွေ့ရ ပါတယ်။
မဖြိုးသီရိကျော် (သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်)
ကျွန်မအနေနဲ့ကတော့ ကိုယ့်ရဲ့နိုင်ငံအတွက် မတရားစွပ်စွဲခံရတာကို မြန်မာကိုယ်စားလှယ်အဖွဲ့က ICJ မှာ သွားပြီး ဖြေရှင်းပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်က ကျောင်းသား ကျောင်းသူ ၅၀၀ လောက်လာပြီး ဂုဏ်ပြုကြိုဆိုတာပါ။ အခြားကျောင်းက ကျောင်းသား ကျောင်းသူတွေလည်း လာရောက်ကြိုဆိုတယ်လို့ သိရပါတယ်။ အခုလိုမျိုး ကိုယ့်နိုင်ငံအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က ဖြေရှင်းပေးပြီး ပြန်ရောက်လာကြတာကို ကြိုဆိုရတဲ့အတွက် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ပြီး ဝမ်းသာမိပါတယ်။
မောင်ဟိန်းစွမ်းသူ (သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်)
ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးကို ရဲဝံ့စွာ သွားရောက်ဖြေရှင်းခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ လာရောက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အားရကျေနပ်မှုရှိပါတယ်။ လူငယ်တွေအနေနဲ့ အပျော်အပါးမမက်ဘဲ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးရမယ်၊ ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းကိုလဲ သိထားရမယ်၊ သမိုင်းကိုမသိထားရင် အလိမ်အညာခံရမယ်။ ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်း သိထားမှသာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မှာပါ။
တွေ့ဆုံမေးမြန်း - ရန်ကုန်သတင်းအဖွဲ့