မြေဩဇာဆိုသည်မှာ သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနှင့် အပင်များရှင်သန်ကြီးထွားရေးအတွက် မြေဆီလွှာတွင် ဓာတုဆိုင်ရာ ပြောင်းလဲမှုဖြစ်စေရန်နှင့် အပင်အာဟာရဓာတ်များကို အခြားနည်းလမ်းတစ်ခုခုဖြင့် ထောက်ပံ့ပေးနိုင်သော ပစ္စည်းများကိုခေါ်ဆိုသည်။ စိုက်ပျိုးရေးပညာရှင်များနှင့် မြေဆီလွှာသိပ္ပံပညာရှင်များက မြေဩဇာအမျိုးအစားများအား (က) ဓာတ်မြေဩဇာ(ခ)သဘာဝမြေဩဇာ (ဂ)ဇီဝမြေဩဇာများဟူ၍ သုံးမျိုးခွဲခြားထားသည်။
ဓာတ်မြေဩဇာဆိုသည်မှာ သဘာဝအရပြုလုပ်ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုပြင်စီမံထားသည့် မြေဩဇာများကိုခေါ်ဆိုသည်။ မြန်မာနိုင်ငံတွင် တောင်သူအသုံးများသည့် ဓာတ်မြေဩဇာများမှာ အပင်ပိုင်းဆိုင်ရာကြီးထွားမှုကို အားပေးသည့် နိုက်ထရိုဂျင်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်သော ယူရီးယားဓာတ်မြေဩဇာ၊ အမြစ်များကြီးထွားမှုနှင့် ပန်းပွင့်ချိန်ကို လှုံ့ဆော်အားပေးသော ဖော့စဖိတ်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်သော တီစူပါ(Triple Super Phosphate)ဓာတ်မြေဩဇာ၊ ရေနှင့်အာဟာရဓာတ်များ ပို့ဆောင်ပေးခြင်း၊ အပင်၏ဇီဝကမ္မဖြစ်စဉ်များဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် ပိုတက်စီယမ်ဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်သော ပိုတက်ဓာတ်မြေဩဇာ၊ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖိတ်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ်အာဟာရဓာတ် သုံးမျိုးပါဝင်သောကွန်ပေါင်းဓာတ်မြေဩဇာ အချိုးအမျိုးမျိုးနှင့် ရွက်ဖျန်းဓာတ်မြေဩဇာတို့ဖြစ်သည်။
ဇီဝမြေဩဇာဆိုသည်မှာ အပင်များရှင်သန်ကြီးထွားရေးအတွက် အကျိုးပြုသက်ရှိများဖြစ်သည့် ဗက်တီးရီးယား၊ မှို စသည်တို့ဖြင့်ပွားများ ထုတ်လုပ်သည့် မြေဩဇာများကိုခေါ်ဆိုသည်။ ဇီဝမြေဩဇာအမျိုးအစားများမှာ ရိုင်ဇိုဘီယမ်၊ စိမ်းပြာရေညှိ၊ အဇိုလာ၊ ထရိုင်ဂိုဒါးမား၊ အီးအမ်၊ ဒိုချက်ကင်နှင့် မိုင်ကိုရိုက်ဇာတို့ဖြစ်သည်။
သဘာဝမြေဩဇာဆိုသည်မှာ သက်ရှိသတ္တဝါနှင့်အပင်တို့၏ ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများ၊ အဏုဇီဝပိုးများ၏အကူအညီဖြင့် ဆွေးမြည့်စေပြီး အပင်များမှ အသင့်စားသုံးနိုင်သည့် အာဟာရဓာတ်များရရှိစေရေးအတွက် ပြုပြင်စီမံ၍ရရှိလာသော ပစ္စည်းများကို ခေါ်ဆိုခြင်းဖြစ်သည်။ သဘာဝမြေဩဇာများမှာ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ (နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး)နှင့် လယ်ယာစွန့်ပစ်ပစ္စည်းများ(ကောက်ရိုး၊ ပဲဖတ်၊ နှမ်းဖတ်)များကို ဆွေးမြည့်စေပြီး သဘာဝမြေဩဇာပြုလုပ်ခြင်း၊ မြေဆွေး၊ တီကျစ်စာ၊ သစ်ဆွေးမြေ၊ အရိုးမှုန့်၊ အီးအမ်မြေဆွေး၊ သစ်စိမ်းမြေဩဇာ၊ ဒိုချက်ကင်၊ ငါးအမိုင်နိုအက်စစ်နှင့် ကြံမြှုပ်ချေးတို့ဖြစ်သည်။
သဘာဝမြေဩဇာများသည် ဓာတ်မြေဩဇာများလောက် အာဟာရဓာတ်ပါဝင်မှုမများသော်လည်း မြေဆီလွှာထက်သန်ကောင်းမွန်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သည်။
မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများဖြစ်သည့် မြေသားဖွဲ့စည်းမှုကောင်းစေခြင်း၊ လေဝင်လေထွက်ကောင်းစေခြင်း၊ ရေထိန်းစွမ်းအားကောင်းစေခြင်း၊ အပင်အာဟာရဓာတ် စုပ်ယူနိုင်မှုကောင်းစေခြင်းနှင့်မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ စေးသောမြေကိုဖွယ်စေ၍ဖွယ်သော မြေကိုစေးစေခြင်းနှင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့်ဓာတုဂုဏ်သတ္တိများကို ပိုမိုကောင်းမွန်လာစေနိုင်သည်။
မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများမှာ
(က) တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ - နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး
(ခ) လယ်ယာကုန်ထုတ်စက်ရုံ ဘေးထွက်ပစ္စည်းများ- လွှစာမှုန့်၊ ကော်ဖီကြိတ်ဖတ်၊ စပါးခွံ
(ဂ) အပင်နှင့် အပင်အကြွင်းအကျန်များ-ကောက်ရိုး၊ ပြောင်းရိုး၊ မြက်၊ မြက်ခြောက်၊ ဗေဒါ
(ဃ) ဇီဝသက်ရှိများ - အီးအမ်၊ ထရိုင်ဂိုဒါးမား(မှို)၊
ဒိုချက်ကင်မြေဆွေးပြုလုပ်ရာတွင် ကောင်းစွာဆွေးမြည့်သောမြေဆွေးကောင်းရရှိရန်အတွက် အဓိကကျသည့်အချက်များရှိသည်။ ၎င်းတို့မှာ အော်ဂဲနစ်ပစ္စည်း၏ ကာဗွန်၊ နိုက်ထရိုဂျင်အချိုး၊ အသုံးပြုမည့်ပစ္စည်း၏ အရွယ်အစား၊ အစိုဓာတ်၊ လေဝင်လေထွက်အခြေအနေ၊ အပူချိန်၊ သင့်တော်သောမြေဆွေးပုံအရွယ်အစားနှင့် အာဟာရဓာတ်ဖြစ်စေသော အခြားပစ္စည်းများ ထည့်သွင်းခြင်းတို့ဖြစ်သည်။ မြေဆွေးပြုလုပ်နည်းများမှာ-
(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း- မြေဆွေးပုံ
(၂) အကျိုးပြုအဏုဇီဝများဖြင့်ပြုလုပ်နည်း - အီးအမ် (Effective microorga-nism)၊ ထရိုင်ဂိုဒါးမား (Trichoderma)၊ ဒိုချက်ကင် (Dochekin)၊
(၃) အဏုဇီဝ အားဖြည့်စာများဖြင့်ပြုလုပ်နည်း (ME: Microbe Enhancer Technology)
- အော်ဂဲနစ်ရှလကာရည်၊ စပါးခွံမီးသွေး၊ ခိုင်တိုစန်၊ စပီရူလိုင်းနားရေညှိ၊
- ကြံမြှုပ်ချေး၊ ငါးအမိုင်နိုအက်စစ်၊ သစ်သီးချဉ်ဖောက်ရည်၊ ကုက္ကိုသီး
(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း(မြေဆွေးပုံ)
(က) အရိပ်ရပြီး ညီညာပြန့်ပြူးသောနေရာ၊ ရေမဝပ်သောနေရာတွင် မြေဆွေးပုံပြုလုပ်ပါ။
(ခ) အော်ဂဲနစ်ပစ္စည်းများနှင့် တိရစ္ဆာန်အညစ်အကြေးများကို အလွှာလိုက်စုပါ။
(ဂ) ပထမအလွှာတွင် သီးနှံအကြွင်းအကျန်အရိုး/အရွက်ခြောက်များကို (၈-၁၀) လက်မအထူဖြန့်ခင်း၍ နုန်းမြေ၊ နွားချေးနှင့်ပြာမှုန့်များကို ရေတွင်ခပ်ပျစ်ပျစ်ဖျော်ပြီး ဖျန်းရမည်။
(ဃ) ဒုတိယအလွှာတွင် လတ်ဆတ်သောအစိမ်းရောင်ရှိ အပင်ထွက်ပစ္စည်းများကို (၈-၁၀) လက်မအထူဖြန့်ခင်းရမည်။ (ရေလောင်းရန်မလိုပါ)
(င) တတိယအလွှာတွင် နွားချေး၊ကြက်ချေး၊ ဝက်ချေးများကို (အခြောက်/အစို)ကို မြေကြီး/ သစ်ဆွေးများနှင့်ရော၍ (၂-၄)လက်မအထိရအောင်ဖြန့်ရမည်။ တိရစ္ဆာန်အညစ်အကြေး ရရှိနိုင်မှုနည်းပါက ရေနှင့်ဖျော်၍(၁/၂)လက်မရရှိအောင်ဖျန်းရမည်။
(စ) အလွှာများကိုတစ်လွှာခြင်း အမြင့် ၃ ပေ (သို့) ၄ ပေရရှိသည်အထိစုပုံပါ။ မြေဆွေးပုံရာတွင် အလယ်ပိုင်းကပိုထူပြီး အဖျားပိုင်းများက အနည်းငယ်စီနိမ့်၍ လိပ်ပုံသဏ္ဌာန်စုပုံပါ။ မြေဆွေးပုံအမြင့်သည် ၄ ပေခွဲကျော်သွားပါက အောက်ဆုံးအလွှာရှိ အဏုဇီဝများမှာ ကောင်းစွာအလုပ်မလုပ်နိုင်သဖြင့် ဆွေးမြည့်မှုနောက်ကျမည်ဖြစ်သည်။
(ဆ) မြေဆွေးပုံအတွင်း လေဝင်လေထွက်ကောင်းစေရန် ဒေါင်လိုက်(သို့) ဝါးတုတ်များထိုးစိုက်ပါ။
(ဇ) မြေဆွေးပုံအား ပလတ်စတစ် (သို့)ရွှံ့စေးဖြင့်ဖုံးအုပ်ပါ။ မြေဆွေးပုံမပျက်စီးစေရန် အောက်ခြေတွင် ကျောက်တုံးများစီခြင်း/ အကာအရံပြုလုပ်ပါ။
(ဈ) မြေဆွေးပုံ အလယ်သားများ ဆွေးမြည့်လာပါက အပုံကိုအထက်အောက်လှန်ပေးပြီး ရေအနည်းငယ်ဖျန်းပေးရန်လိုအပ်သည်။ သို့မှသာ အပုံရှိမြေဆွေးအားလုံး စိုထိုင်းစေမည်ဖြစ်သည်။
(ည) ဆွေးမြည့်ပြီး မြေဆွေးပုံသည် ယခင်မြေဆွေးပုံအမြင့်၏ ထက်ဝက်ခန့်သာရှိမည်ဖြစ်သည်။ အတွင်းသားအရောင်မှာ ညိုမည်းနက်မှောင်နေပြီး အနံ့လည်း ကောင်းမွန်လာမည် ဖြစ်သည်။
MWD

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် လယ်ယာမြေများအားလုံးသည် မြေဆီဩဇာထက်သန်ပြီး အာဟာရဓာတ်ကြွယ်ဝနေရမည်ဖြစ်သည်။ စိုက်ပျိုးမြေဆီလွှာသည် အပင်များရှင်သန် ကြီးထွားမှုအတွက် အဓိကမရှိမဖြစ်လိုအပ်သော ရေနှင့်အပင်အာဟာရဓာတ်များကို ပေးဆောင်သည့် သတ္တုဓာတ်၊ မြေဆွေးဓာတ်၊ ရေ၊ လေတို့ဖြင့်ဖွဲ့စည်းထားသော ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ရှိ အပေါ်ယံ ဆုံးသောအလွှာပါးလေးဖြစ်သည်။ မြေဆီလွှာသည် ရေကိုထိန်းညှိပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့်သတ္တုတွင်းလုပ်ငန်းများမှ ထွက်ရှိလာသော အန္တရာယ်ရှိစေနိုင်သည့် ဓာတ်ကြွင်းများနှင့် လေထုညစ်ညမ်းမှုများကို လျှော့ချပေးနိုင်ခြင်းနှင့် စစ်ထုတ်ပေးနိုင်ခြင်း၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် အခြားအာဟာရဓာတ်များစွာကို မြေဆီလွှာထဲတွင်သိမ်းဆည်း ပေးနိုင်ခြင်းစသည့် အရေးပါသော လုပ်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးသည်။ ထို့ကြောင့် သက်ရှိဂေဟစနစ်တွင် အပင်များ၊ လူသားများနှင့် တိရစ္ဆာန်များရေရှည် တည်တံ့နေစေရန်အတွက် မြေဆီလွှာ၏ အရည်အသွေးနှင့် အာဟာရကိုကောင်းမွန်စေရေး ထိန်းသိမ်းထားရန် အထူးလိုအပ်သည်။
ယနေ့ကမ္ဘာကြီးတွင် လျင်မြန်စွာ တိုးတက်လာသော လူဦးရေအတွက် စားရေရိက္ခာ လုံလောက်စွာရရှိနိုင်ရန် မြေဆီလွှာကိုအနားမပေးဘဲ စိုက်ပျိုးလာခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ အစရှိသော ဓာတုသွင်းအားစုများကို လိုအပ်သည်ထက်ပိုမို၍ အလွန်အကျွံသုံးစွဲမိခြင်းတို့ကြောင့် မြေဆီလွှာအရည်အသွေးနှင့် အာဟာရဓာတ်များ စွမ်းအားကျဆင်းလျက်ရှိသည်။ မြေဆီလွှာရေရှည်တည်တံ့ ကောင်းမွန်စေရန်နှင့်မြေဆီလွှာအဆင့်အတန်း ကျဆင်းလာခြင်းများကို အချိန်မနှောင်းမီ ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ အပင်အာဟာရဓာတ်ဆိုင်ရာ ဘက်စုံစီမံမှုနည်းစနစ်များကို လက်တွေ့ကျကျလိုက်နာ ကျင့်သုံးရန်အထူးပင် လိုအပ်လာသည်။
ဘက်စုံအပင်အာဟာရဓာတ်ဆိုင်ရာကြွယ်ဝရေး
သီးနှံအထွက်နှုန်းတိုးစေရန် တောင်သူအများစုသည် ဓာတ်မြေဩဇာများကိုသာ အားပြုထည့်သွင်း အသုံးပြုလေ့ရှိပြီး မြေဆီလွှာကျန်းမာရေးအတွက် မြေဆီလွှာကို ပြုပြင်ထိန်းသိမ်းမှုများ လွန်စွာအားနည်းနေပါသေးသည်။ ဓာတ်မြေဩဇာဆိုသည်မှာ အပင်အတွက် ၎င်းဓာတ်မြေဩဇာတွင် ပါဝင်သည့် အာဟာရဓာတ်ကိုသာပေးနိုင်စွမ်းရှိပြီး အသုံးပြုသည့်နှုန်းထား မှန်ကန်ခြင်းမရှိပါက ကောင်းကျိုးထက်ဆိုးကျိုး များစွာဖြစ်စေနိုင်သည့်အပြင် ရေရှည်တွင် မြေနှင့်ရေသယံဇာတများကို ထိခိုက်ပျက်စီးစေသည်။ ဘက်စုံအပင်အာဟာရဓာတ်ဆိုင်ရာ စီမံမှုဆိုသည်မှာ မြေဆီလွှာ၏အရည်အသွေးနှင့် အပင်အာဟာရဓာတ်ပံ့ပိုးမှုများကို အကောင်းမွန်ဆုံးထိန်းသိမ်းနိုင်ရန်အပင်အာဟာရအရင်းအမြစ်အမျိုးမျိုးကိုပေါင်းစပ်၍ မှန်ကန်ကောင်းမွန်စွာဆောင်ရွက်သော နည်းစနစ်များကိုဆိုလိုသည်။ အဓိကအားဖြင့် မြေဆီလွှာ၏အရည်အသွေးများဖြစ်သော လေဝင်လေထွက်ကောင်းမွန်မှု၊ ဖွဲ့စည်းတည်ဆောက်မှု၊ အပင်အာဟာရဓာတ်အမျိုးမျိုးနှင့် ရေထိန်းသိမ်းနိုင်မှုများကို မြှင့်တင်ပေးနိုင်သည့်အပြင် လေထုထဲသို့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်သည်။ ဘက်စုံအာဟာရဓာတ်ကြွယ်ဝစေရန် ဆောင်ရွက်ရာတွင် (၁) လိုအပ်သည့်ပမာဏကိုသာ သုံးစွဲခြင်း၊ (၂) ပြန်၍အသုံးပြုခြင်းနှင့်(၃) ပြန်လည်ပြုပြင်၍အသုံးပြုခြင်းဟူသော နည်းလမ်းသုံးသွယ်ဖြင့် ချဉ်းကပ်ဆောင်ရွက်နိုင်သည်။
လိုအပ်သည့်ပမာဏအားသုံးစွဲခြင်း ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးဦးစီးဌာနမှ အတည်ပြုထောက်ခံသော ပမာဏကိုသာ ထည့်သွင်းပြီး လွန်ကဲစွာသုံးစွဲခြင်းကို လျှော့ချသွားသင့်သည်။
ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းဖြင့် မြေဆီလွှာ၏ဖွဲ့စည်းပုံနှင့် မြေဆီလွှာအာဟာရဓာတ် ပမာဏမညီမျှမှုကိုဖြစ်ပေါ်စေရုံသာမက မြေဆီလွှာ၏ထုတ်လုပ်နိုင်မှု စွမ်းအားနှင့် အရည်အသွေးကိုပါ ထိခိုက်စေနိုင်သည်။ အကျိုးဆက်အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် အကျိုးအမြတ်များ ကျဆင်းသွားကာ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုပါ ထိခိုက်စေနိုင်သည်။
ထို့ကြောင့် ဓာတ်မြေဩဇာအသုံးပြုရာတွင် လိုအပ်သည့်အတိုင်းအဆကိုသာ ထည့်သွင်း၍ လွန်ကဲသည့်ပမာဏကိုလျှော့ချနိုင်ရန် မြေဆွေးများ၊ သီးနှံအကြွင်းအကျန်များ၊ သဘာဝမြေဆွေးများ၊ ကောင်းမွန်စွာဆွေးမြည့်နေသောနွားချေး၊ ကြက်ချေးကဲ့သို့သော တိရစ္ဆာန်အညစ်အကြေးများနှင့် ဇီဝမြေဩဇာများကို တွဲဖက်အသုံးပြုခြင်းဖြင့် မြေဆီလွှာ၏ကျန်းမာရေးကိုမြှင့်တင်နိုင်ပြီး သီးနှံအထွက်နှုန်းကို ပိုမိုတိုးတက်စေနိုင်သည်။
ထို့ပြင် အခြားသောစိုက်ပျိုးရေးစနစ်များ ဖြစ်သောသီးလှည့်စိုက်ပျိုးခြင်းနှင့် ပိုက်ဆန်လျှော်၊ ညံပင်ကဲ့သို့သော သစ်စိမ်းမြေဩဇာများပြုလုပ်သုံးစွဲခြင်း၊ မြေဖုံးပင်များစိုက်ပျိုးခြင်း အစရှိသော အလေ့အကျင့်ကောင်းများကိုလည်း လိုက်နာကျင့်သုံးရန် လိုအပ်သည်။ အပင်မှအမှန်တကယ် လိုအပ်သော အာဟာရဓာတ်များကို ညီမျှစွာထည့်သွင်းနိုင်ရန်အတွက် မြေဆီလွှာဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကိုသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလက်တွဲ၍ဆောင်ရွက်သင့်သည်။
ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ၊ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစမ်းသပ်နိုင်သဖြင့် တောင်သူများအနေဖြင့် မြေနမူနာများနှင့် အပင်နမူနာများရယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများကို အလေ့အကျင့်ကောင်းတစ်ခုအဖြစ် မဖြစ်မနေဆောင်ရွက်ကြစေလိုသည်။
မှားယွင်းသည့်စိုက်ပျိုးရေး နည်းစနစ်များဖြစ်သော ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ မြေယာပြုပြင်ရန်ရိုးပြတ်များမီးရှို့ခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုမှုများလာပြီး ကောက်ရိုးများ အလွယ်တကူမီးရှို့ခြင်း၊အပင်အကြွင်းအကျန်များမီးရှို့ခြင်း အစရှိသောလုပ်ဆောင်ချက်များကြောင့် ထွက်ရှိလာသည့်မီးခိုးမြူငွေ့များကိုလည်းလျှော့ချရန် အထူးလိုအပ်လျက်ရှိသည်။
အဆိုပါမီးခိုးမြူငွေ့များသည် အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် လူသားတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်ပျက်စီးစေရုံသာမက သက်ရှိတိရစ္ဆာန်များနှင့် အပင်များအပေါ်တွင်လည်း အလွန်အန္တရာယ်ဖြစ်စေနိုင်သည်။
မီးရှို့ခြင်းကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်ကို ထိခိုက်စေနိုင်ရုံသာမက မီးရှို့ထားသောစိုက်ခင်းမှ ထွက်ရှိလာသော လယ်ယာထွက်ကုန်များကို အခြားနိုင်ငံများက ဝယ်ယူမည်မဟုတ်သည့်အတွက် သီးနှံဈေးကွက်ဝယ်လိုအားများ ကျဆင်းသွားစေနိုင်သည်။
သီးနှံစိုက်ပျိုးရာတွင် မီးရှို့မှုလျှော့ချရေး လုပ်ငန်းစဉ်များကိုပါ တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေလိုသည်။
ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်သွားစေမည့်နည်းလမ်းဖြစ်သော နှစ်ရှည်သီးနှံများပြောင်းလဲ စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း၊ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုးခြင်းနှင့်တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးရေးနည်းစနစ်များသို့ ပြောင်းလဲကျင့်သုံးရန်လိုအပ်သည်။
လယ်ယာစိုက်ပျိုးရေးမှထွက်ရှိသော အပင်အကြွင်းအကျန်များကို သဘာဝမြေဆွေးပြုလုပ်ခြင်း၊ ရိုးပြတ်များအား ထယ်မှောက်၍ဆွေးမြည့်စေခြင်း၊ နောက်သီးနှံများ၏အပင်ခြေတွင် အပင်အကြွင်းအကျန်များကို မြေဖုံးပေးခြင်းနှင့် ထွန်ယက်မှုကိုတတ်နိုင်သမျှလျော့နည်းစေခြင်း အစရှိသည့်လုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်သည်။
ထိုကဲ့သို့ပြုမူဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက်လည်း များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။
ပြန်၍အသုံးပြုခြင်း
ဒုတိယနည်းလမ်းဖြစ်သော ပြန်၍အသုံးပြုခြင်းတွင် စိုက်ပျိုးမွေးမြူရေးမှထွက်ရှိလာသော တိရစ္ဆာန်အညစ်အကြေးစွန့်ပစ်ပစ္စည်းများ၊ ပဲရိုး၊ ပဲမှော်၊ ကောက်ရိုး အစရှိသောသီးနှံအကြွင်းအကျန်များကို စိုက်ခင်းအတွင်းပြန်လည် ထည့်သွင်းအသုံးပြုခြင်း၊ ကောက်ရိုးများကိုအသုံးပြု၍ မှိုစိုက်ပျိုးခြင်း၊ တီမွေးမြူခြင်း စသည်တို့အပြင် မြေဖုံးပစ္စည်းများအဖြစ် အသုံးပြုခြင်း စသည့်နည်းလမ်းများလည်းပါဝင်သည်။
လယ်ယာထွက်ပစ္စည်းများအပြင် စိုက်ခင်းများအတွင်းသို့ ရေသွင်းရာမှ စီးဆင်းလာသည့် ပိုလျှံရေများ၊ရေထုတ်မြောင်းများအတွင်းရှိ ပိုလျှံရေများကိုပြန်လည်အသုံးပြုခြင်းဖြင့် ရေကိုအကျိုးရှိထိရောက်စွာ အသုံးပြုလာနိုင်မည်ဖြစ်သည်။ ထို့ပြင် အညာဒေသကဲ့သို့သော ပူပြင်းခြောက်သွေ့၍ ရေရှားပါးသောအရပ်များ၌ ရေစုကန်၊ ရေစုကျင်းများတူးဖော်၍ မိုးရေကိုစနစ်တကျစုဆောင်းခြင်းဖြင့် မြေဆီလွှာတိုက်စားခြင်းများကိုလျောကျစေပြီး ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်မည်ဖြစ်ရုံသာမက အဆိုပါရေများကို ဖြည့်စွက်ရေအဖြစ် ပြန်လည်အသုံးပြုခြင်းဖြင့် သီးနှံများအထွက်တိုးလာနိုင်သည်။
တောင်သူများအနေဖြင့် ဖော်ပြပါနည်းလမ်းများကိုလုပ်ဆောင်ပါက မိမိတို့၏စိုက်ပျိုးမြေတွင် မြေဆီဩဇာကြွယ်ဝကောင်းမွန်စေပြီး အကျိုးပြုအဏုဇီဝသက်ရှိများ၏ ရှင်သန်ပေါက်ပွားမှုကို မြှင့်တင်ပေးနိုင်သည်။ သီးနှံအကြွင်းအကျန်များကို ကောက်ရိုးမှိုများစိုက်ပျိုးခြင်း၊ တီကျစ်မြေဩဇာများ ထုတ်လုပ်ခြင်းအားဖြင့်လည်း တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိနိုင်သည်။
ပြန်လည်ပြုပြင်၍အသုံးပြုခြင်း
တတိယနည်းလမ်းအနေဖြင့် သီးနှံအကြွင်းအကျန်များကို ပုံစံပြောင်းပြုပြင်ပြီး ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ စပါးခွံ၊ ကောက်ရိုးအစရှိသည်တို့ကို အသုံးပြု၍ ဇီဝမီးသွေး၊ ဇီဝအုတ်ခဲများ၊ အီးအမ်ဘိုကာရှီမြေဆွေး၊ သဘာဝမြေဩဇာများအဖြစ် ပြန်လည်ပြုလုပ်အသုံးပြုခြင်းဖြင့် မြေဆီလွှာဆုံးရှုံးမှုကို သက်သာစေသည့်အပြင် အပိုဝင်ငွေရရှိနိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
ထို့ပြင် အိမ်မွေးတိရစ္ဆာန် စွန့်ပစ်အညစ်အကြေးများကို ဇီဝဓာတ်ငွေ့များထုတ်လုပ်သုံးစွဲခြင်း ပြုလုပ်ပြီး ဘေးထွက်ပစ္စည်းများကို စိုက်ခင်းများသို့ပြန်လည်ထည့်သွင်းခြင်းများဖြင့် မြေဆီလွှာ၏ အရည်အသွေးကိုတိုးတက်စေရုံသာမက လျှပ်စစ်မီးရရှိခြင်းဖြင့် ကျေးလက်ဒေသကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။
ရေရှည်တည်တံ့စေခြင်း
လက်ရှိကာလဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံအများ စက်သုံးဆီပြဿနာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ စက်သုံးဆီပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံအလိုက်နည်းလမ်း အမျိုးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အရှေ့အလယ်ပိုင်းဒေသတွင် ပြဿနာစတင်ဖြစ်စဉ်ကတည်းကပင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရန်အတွက် စက်သုံးဆီကို နေ့စဉ်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
စိုက်ပျိုးရေးအတွက်သွင်းအားစုများဖြစ်သည့် ရေနှင့်ဓာတ်မြေဩဇာများ လိုအပ်သကဲ့သို့ပင် လယ်ထွန်စက်နှင့်ရေတင်စက် အစရှိသည်တို့မှာလည်း စက်သုံးဆီနှင့်ဆက်စပ်လျက်ရှိသည်။အလားတူ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာနိုင်သဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် သဘာဝဓာတ်မြေဩဇာများကို ပိုမိုသုံးစွဲနိုင်ရေးနည်းလမ်း အသွယ်သွယ်တို့ကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။
စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့် လက်ရှိကာလတွင်သာမက ရေရှည်တွင် မိမိတို့၏အနာဂတ်မျိုးဆက်များ စားရေရိက္ခာဖူလုံရေးအတွက်ပါ မျှော်မှန်းပြီး မြေဆီလွှာကျန်းမာရေးနှင့်ရေအရင်းအမြစ်များကို ထိန်းသိမ်းရန်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။
အချုပ်ဆိုရသော် လျှော့ချခြင်း၊ ပြန်၍အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်၍အသုံးပြုခြင်းဟူသော နည်းလမ်းသုံးသွယ်ကိုအခြေခံသော မြေဆီလွှာအာဟာရဓာတ်ကြွယ်ဝရေး နည်းစနစ်များကို အသုံးပြုလုပ်ဆောင်ခြင်းဖြင့် စိုက်ပျိုးသမျှ အောင်မြင်စွာ ထုတ်လုပ်ရောင်းချနိုင်ပြီး“မြေကြီးမှရွှေသီးစေရန် လုပ်ဆောင်ကြပါစို့”ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

မြေဩဇာများ လိုအပ်လာခြင်း
ယနေ့အချိန်ကာလတွင် လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားရေရိက္ခာ ဖူလုံရေးအတွက် သီးနှံများ စိုက်ပျိုးထုတ် လုပ်ရာ၌ တစ်သီးစားသာမက နှစ်သီးစား၊ သုံးသီးစား စသည်ဖြင့် သီးထပ်စွမ်းအားကို တိုးမြှင့်ပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်သည်။ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များမှာ စိုက်ထားသည့်အပင် နှင့် မြေကြီးအတွင်းရှိ အဏုဇီဝသက်ရှိ များမှ စားသုံးခြင်း၊ ရေသွင်းရေထုတ်အကြိမ် ရေများ၍ ရေတွင်ပါသွားခြင်း၊ အပေါ်ယံ မြေဆီလွှာအား ရေနှင့်လေတိုက်စားခံရခြင်း စသည့်ပုံစံအမျိုးမျိုးဖြင့် ဆုံးရှုံးလျက်ရှိပြီး စိုက်ပျိုးမြေဆီလွှာ၏ အဆင့်အတန်း မှာလည်း နိမ့်ကျလာလျက်ရှိသည်။ ယင်း အကြောင်းတရားများကြောင့် မူလကမည်မျှပင် မြေဆီဩဇာကောင်းမွန်သည် ဖြစ်စေ သီးထပ်စွမ်းအားမြင့်မားလာသည် နှင့်အမျှ မြေဆီလွှာတွင်းရှိ အာဟာရဓာတ် များ တစ်နေ့တခြား ယုတ်လျော့ကျဆင်း လာရခြင်းဖြစ်သည်။ သီးနှံအထွက်နှုန်း ကောင်းစေရေးအတွက် သီးနှံပင်လိုအပ် သည့် အာဟာရဓာတ်များကို ဓာတ်မြေဩဇာ၊ ဇီဝမြေဩဇာ၊ သဘာဝမြေဩဇာများ အသုံးပြု၍ ထည့်သွင်းပေးရန် မဖြစ်မနေ လိုအပ်လာပြီဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဓာတ်မြေဩဇာ
မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာကို ၁၉၅၆-၁၉၅၇ ခုနှစ်တွင် စပါးသီးနှံ၌ စတင်သုံးစွဲခဲ့ကြသော်လည်း ၁၉၇၈ ခုနှစ် နောက်ပိုင်းမှသာ တွင်ကျယ်စွာသုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ ဓာတ်မြေဩဇာများ သုံးစွဲခြင်းကြောင့် အားသာချက်များအနေဖြင့် အချိန်တိုအတွင်း အာနိသင်လျင်မြန်စွာပြသခြင်း၊ အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ သုံးစွဲရာတွင် ကရိကထနည်းခြင်း၊ အထွက်နှုန်းတိုး စေခြင်း စသည့်ကောင်းကျိုးများရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် အားနည်းချက်များ အနေဖြင့် ဓာတုဓာတ်ကြွင်းများနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများရှိခြင်း၊ လွန်ကဲ စွာသုံးပါက အပင်ကိုလောင်စေခြင်း၊ အင်း ဆက်၊ ပိုးမွှား၊ ရောဂါများကျရောက်မှု ပိုမို များပြားခြင်း၊ အလွန်အကျွံရေရှည်သုံးစွဲ ပါက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ခြင်း၊ ရေထုညစ်ညမ်းလာခြင်း၊ သဘာဝ ဂေဟစနစ်ပျက်စီးလာခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်လာစေပါသည်။
သဘာဝမြေဩဇာ ဆိုသည်မှာ
မြေဩဇာဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆို ထားချက်အရ သဘာဝမြေဩဇာဆိုသည် မှာ သက်ရှိသတ္တဝါနှင့် အပင်တို့၏ရုပ်ကြွင်း များ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်း များကိုလည်းကောင်း၊ ယင်းတို့ကို ဆွေးမြည့် စေပြီး ပြုပြင်စီမံ၍ရရှိသော ပစ္စည်းများကို လည်းကောင်း ဆိုလိုခြင်းဖြစ်သည်။
သဘာဝမြေဩဇာများအသုံးပြုသင့်သည့် အကြောင်းရင်းများ
ဓာတ်မြေဩဇာအများစုမှာ ပြည်ပမှဝယ်ယူတင်သွင်းရခြင်းဖြစ်ပြီး လက်ရှိ ကာလတွင် ဈေးနှုန်းအနေဖြင့်လည်း ကြီးမြင့်လာလျက်ရှိသည်။ ၎င်းအပြင် ဓာတ်မြေဩဇာများသည် မြေဩဇာအိတ် တွင်ဖော်ပြထားသည့် အမျိုးအစားနှင့် ပါဝင် သည့်အချိုးအစားပေါ်မူတည်၍ အပင် အတွက် လိုအပ်သည့် အာဟာရဓာတ်ကို သာ ပေးစွမ်းနိုင်သည်။ သဘာဝမြေဩဇာ များသည် ဓာတ်မြေဩဇာနှင့် နှိုင်းယှဉ်ပါ က အာဟာရဓာတ်တစ်မျိုးစီ ပါဝင်မှုနည်း သော်လည်း အပင်မှလိုအပ်သော အာဟာရ ဓာတ်များ စုံလင်စွာပေးစွမ်းနိုင်ရုံသာမက မြေဆီလွှာကျန်းမာရေးကိုပါ အထောက် အကူပြုနိုင်စွမ်းရှိသည်။ သဘာဝမြေဩဇာ များကို အသုံးပြုမည်ဆိုပါက သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေနိုင်ခြင်း၊ ရေရှည်တွင် မြေဆီလွှာကောင်းမွန် လာစေခြင်း၊ ရေထိန်းစွမ်းအားကောင်း စေခြင်း၊ မြေတွင်းရှိ အဏုဇီဝသက်ရှိများ အတွက် အထောက်အကူပြုခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေခြင်း၊ သီးနှံများ ၏အရသာနှင့် အရည်အသွေး ကောင်းမွန်စေခြင်း၊ ဘေးအန္တရာယ်ကင်းသော သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေခြင်းစသည့် ကောင်းကျိုးများကို ရရှိစေနိုင်မည်ဖြစ် သည်။ သီးနှံအထွက်ကောင်းစေရန်နှင့် မြေဆီလွှာကျန်းမာစေရန်အတွက် ဓာတ် မြေဩဇာနှင့်အတူ သဘာဝမြေဩဇာများ ကို မဖြစ်မနေထည့်သွင်းအသုံးပြုသင့်ပါ သည်။
အသုံးများသော သဘာဝမြေဩဇာများ
သဘာဝမြေဩဇာပြုလုပ်နည်း များစွာရှိသည့်အနက်မှ တောင်သူလယ်သမားဦးကြီးများ အလွယ်တကူနှင့် အများဆုံး ပြုလုပ်အသုံးပြုနိုင်သည့် သဘာဝမြေဩဇာ နည်းပညာအချို့မှာ-
(က) သဘာဝမြေဆွေးများ
သဘာဝမြေဆွေးသည် ကုန်ကျစရိတ် သက်သာစွာစိုက်ပျိုးသူများ ကိုယ်တိုင် အလွယ် တကူပြုလုပ်သုံးစွဲနိုင်သော သဘာဝ မြေဩဇာဖြစ်သည်။ မြေဆွေးပုံပြုလုပ်နည်း မှာ အရိပ်ရသောနေရာတွင် အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ အရွယ်အပုံ(သို့) ကျင်းများတွင် ပြုလုပ်ပါ။ ကာဗွန် ပါဝင်မှုများသော ကုန်ကြမ်းများ (ဥပမာ-ကောက်ရိုး၊ သစ်ရွက်ဆွေး၊ စပါးခွံ) များကို အောက်ခြေတွင် ၆ လက်မအမြင့်ခင်းပါ။ နိုက်ထရိုဂျင်ပါဝင်မှုများသော ကုန်ကြမ်း များ (ဥပမာ-စွန့်ပစ် အစားအစာ၊ ဥခွံ၊ အသီးအရွက်အခွံများ)ကို နောက်ထပ် ၆ လက်မ အထူထပ်ခင်းပါ။ နွားချေးဆွေး၊ ကြက်ချေးဆွေးတို့ကို ယင်းအပေါ်မှ ၂ လက်မခန့် အထူခင်းပါ။ ၎င်းအလွှာစဉ် အတိုင်း ၃ ပေအမြင့် ရောက်သည်အထိ ထပ်ပေးပါ။ အစိုဓာတ်အသင့်အတင့်ရရန် ညီညာစွာ ရေလောင်းပါ။ လေဝင်လေထွက်ကောင်းရန် အပုံတစ်ဖက်တစ်ချက်စီတွင် ဝါးလုံးများ ရိုက်သွင်းပါ။ မြေဆွေးပုံများ ကို အပူချိန်ထိန်းထားနိုင်ရန် ကောက်ရိုး၊ မြေကြီးစသည်တို့ဖြင့် ဖုံးပေးရန်လိုသည်။ ရက်သတ္တ နှစ်ပတ်ခန့်အကြာတွင် မြေဆွေးပုံ ကို အပူချိန်လွန်ကဲမှုမရှိစေရန် အဖုံးအကာ များကို (၁၅)မိနစ်ခန့်လှပ်ပေးပါ။ အပေါ် အောက် သမအောင်မွှေနှောက်လှန်ပေးပါက ပိုကောင်းပါသည်။ သုံးလေးလခန့်အကြာ တွင်ကောင်းစွာဆွေးမြည့်နေသော မြေဆွေး မြေဩဇာကို ရရှိမည်ဖြစ်သည်။ အကျိုးပြု အဏုဇီဝများ (Effective Microbe, EM ) နှင့် ထရိုင်ကိုဒါးမား (Trichoderma) တို့ကို ထည့်ပေးခြင်းအားဖြင့် မြေဆွေးပုံဆွေးမြည့်မှုကို လျင်မြန်စေနိုင်ပါသည်။
(ခ) တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ
ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက် စသည့် တိရစ္ဆာန်များမှ ကျင်ကြီး၊ ကျင်ငယ် အညစ် အကြေးများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုကြသည်။ သတိပြုရမည့်အချက် မှာ ကောင်းစွာဆွေးမြည့်ပြီးသော တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများကိုသာ စိုက်ခင်းအတွင်း သို့ ထည့်သွင်းရန်ဖြစ်သည်။ အာဟာရ ဓာတ်ပါဝင်မှုသည် ဓာတ်မြေဩဇာများနှင့် နှိုင်းယှဉ်ပါက နည်းပါးသော်လည်း မြေဆီ လွှာရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူရစေနိုင်ပါသည်။
(ဂ) သစ်စိမ်းမြေဩဇာ
သီးနှံပင်များကြီးထွားစေရန်အတွက် အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ် လိုအပ် သည်။ စိုက်ခင်းများတွင် နိုက်ထရိုဂျင်ဓာတ်ရရှိစေရန် သစ်စိမ်းမြေဩဇာများ ပြုလုပ်သုံးစွဲသင့်သည်။ ပဲမျိုးရင်းဝင်အပင်များတွင် နိုက်ထရိုဂျင်ပါဝင်မှုများသဖြင့် သီးနှံများ မစိုက်ပျိုးမီ (သို့မဟုတ်) သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ထားချိန်တွင် အကြီးမြန် သော ပဲမျိုးရင်းဝင်အပင်များနှင့် ပိုက်ဆန်လျှော်များအား ပန်းပွင့်ချိန်တွင် ထယ်ထိုး မြေမြှုပ်ပြီး မြေဆီလွှာအာဟာရဓာတ် တိုးတက်အောင် ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်သည်။
(ဃ) သီးနှံပင်အကြွင်းအကျန်များ
စိုက်ခင်းထဲသို့ သီးနှံပင် အကြွင်းအကျန်များကို ထည့်သွင်းပေးခြင်းဖြစ်သည်။ မည်သည့် သီးနှံပင်အကြွင်းအကျန်မဆို အသုံးပြုနိုင်သော်လည်း အာဟာရဓာတ် ပါဝင်မှုများသည့် ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ စပါးခွံ၊ မြေပဲခွံ၊ ဗေဒါဆွေး၊ ကြံမြှုပ်ချေး၊ တမာကြိတ်ဖတ်တို့ကို အသုံးပြုခြင်းသည် မြေဆီဩဇာ ပိုမိုထက်သန်စေပါသည်။
(င) ဘိုင်အိုချာ(Biochar)
ဘိုင်အိုချာဆိုသည်မှာ သီးနှံပင်အကြွင်း အကျန်များဖြစ်သည့် သစ်တို၊ သစ်စ၊ ဝါး၊ လွှစာမှုန့်၊ သစ်ရွက်ခြောက်၊ သစ်ကိုင်း ခြောက်၊ သစ်ခေါက်၊ စပါးခွံ၊ ပဲခွံ၊ ပဲရိုး၊ သစ်မာသီးခွံ၊ သီးနှံရိုးပြတ် အကြွင်းအကျန်များ စသည်တို့ကို အောက်ဆီဂျင်လုံးဝမရှိ သည့်အခြေအနေ သို့မဟုတ် အနည်းငယ် သာရှိသည့် အခြေအနေမျိုး (Pyrolysis) တွင် မီးပြင်းပြင်းဖြင့် ပြာအဆင့်ထိ မရောက်စေဘဲ လောင်ကျွမ်းသွားအောင် စနစ်တကျမီးရှို့ ခြင်းဖြစ်သည်။ ဥပမာ ကုန်ကြမ်းအနေဖြင့် စပါးခွံကိုအသုံးပြုပြီး ပြာအဆင့်အထိ မရောက်စေဘဲ မီးသွေးဖြစ်ရုံအဆင့်သာ စနစ်တကျ မီးရှို့ခြင်းဖြင့် စပါးခွံမီးသွေးကို ရရှိမည်ဖြစ်သည်။ ဘိုင်အိုချာသည် မြေဆီ လွှာကိုပွမွစေပြီး လေဝင်လေထွက်ကောင်း သဖြင့် အဏုဇီဝပိုးများ ပိုမိုများပြားလာစေပြီး မြေဆီလွှာကို ထက်သန်စေပါသည်။
(စ) အော်ဂဲနစ်ရွက်ဖျန်းမြေဩဇာ
ပဲဖတ်၊ နှမ်းဖတ်တို့ကို အချဉ်ဖောက်၍ လည်းကောင်း၊ တိရစ္ဆာန်ချေးများနှင့် ငါးစွန့်ပစ်ပစ္စည်းများကို အချဉ်ဖောက်၍လည်းကောင်း ရွက်ဖျန်းမြေဩဇာပြုလုပ်၍ အပင်အားဆေးအဖြစ် သုံးစွဲခြင်းဖြစ်သည်။
(ဆ) အကျိုးပြုအဏုဇီဝနည်းပညာ
သဘာဝအလျောက်တည်ရှိသော အကျိုး ပြုအဏုဇီဝများကို ထုတ်ယူမွေးမြူ၍ စိုက်ပျိုးမြေများတွင် ထည့်သွင်းပေးခြင်းဖြင့် မြေဩဇာထက်သန်ကောင်းမွန်ပြီး ရောဂါ ပိုးမွှားကင်းစင်စေသည့် နည်းပညာဖြစ် သည်။ မိမိကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင် သလို အသင့်ထုတ်ပြီး အကျိုးပြုအဏုဇီဝ ဆေးအမျိုးမျိုးကိုလည်း ဝယ်ယူသုံးစွဲနိုင်ပါ သည်။
(ဇ) တီကောင်မွေးမြူခြင်း
တီကောင်ကို သီးနှံပင်အကြွင်းအကျန် များကျွေး၍မွေးမြူပြီး တီကျစ်စာမြေဆွေး နှင့် တီမြေဩဇာရည်ကို ထုတ်လုပ်သုံးစွဲ နိုင်သည်။ တီကောင်များကို မြေကျင်းကန်၊ အုတ်ကန်၊ ပလတ်စတစ်ကန်၊ မိုးကာကန် တို့ဖြင့်ဖြစ်စေ၊ ဝါးကတ်များ သစ်သားများ ကာ၍ ဖြစ်စေ၊ ကွန်ကရစ် ခွေများအသုံးပြု၍ ဖြစ်စေ၊ နည်းလမ်းမျိုးစုံဖြင့် ကန်ပြုလုပ်ပြီး တစ်ပိုင်တစ်နိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း မွေးမြူနိုင်သည်။ တီကျစ်စာမြေဆွေးသည် ရိုးရိုးမြေဆွေး ထက် အာဟာရဓာတ်ပါဝင်မှု ပိုများပြီး သီးနှံပင်များအတွက် အထွက်နှုန်းသာမက အရည်အသွေးကိုပါ ပိုမိုကောင်းမွန်စေသည်။ ရောဂါပိုးမွှားများ ကာကွယ်နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်ပါသည်။
သဘာဝမြေဩဇာများ ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေး သဘာဝမြေဩဇာများကို ပိုမိုထုတ်လုပ် အသုံးပြုလာစေရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် သင်တန်းများပို့ချခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်း စသည်တို့ကို စဉ်ဆက်မပြတ်ပညာပေး ဆောင်ရွက်လျက်ရှိသည်။
နည်းပညာပြန့်ပွားရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ICT ကိုအသုံးပြု၍ Website များမှ ပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ၏ Webportal ဖြစ်သည့် https://landuse-division.doa.gov.mm တွင် သဘာဝမြေဩဇာပြုလုပ်နည်းအပါအဝင် ပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များကို လွယ်လင့်တကူ download ရယူနိုင်ပြီဖြစ်ပါသည်။
ယနေ့ကာလစိုက်ပျိုးရေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လုပ်သားရှားပါးလာမှု၊ လုပ်အားခ ကြီးမြင့်လာမှုတို့ကြောင့် စက်ကိရိယာ အသုံးပြုမှုများပြားလာသည်။ စိုက်ပျိုးရာ တွင်လည်း ထယ်ရေးနက်နက်၊ ထွန်ရေး ညက်ညက်ဖြစ်စေရေးအတွက်ထယ်ရေး၊ ထွန်ရေးကောင်းမွန်စေရေးကို အလေးထား လုပ်ဆောင်လေ့ရှိသည်။ ယင်းသို့ မြေကြီးကို ထွန်ယက်မှုများလာသည်နှင့်အမျှ မြေတွင်းရှိ အော်ဂဲနစ်ပစ္စည်းများ ဆုံးရှုံးခြင်း၊ အဏုဇီဝသက်ရှိများ လျော့နည်းလာခြင်း၊ မြေသားတည်ဆောက်မှု ပျက်စီးခြင်း၊ မြေကျပ်လွှာများဖြစ်ပေါ်လာခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်လာသည်။
ဤပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တောင်သူလယ်သမားများအနေဖြင့် ထွန်ယက်မှုကို တတ်နိုင်သမျှနည်းပါးအောင် ဆောင်ရွက်သင့်ပြီး စိုက်ခင်းများထဲသို့ သဘာဝမြေဩဇာများကို နှစ်စဉ်ပုံမှန်ထည့်သွင်းပေးသည့် အလေ့အထများ ကျင့်သုံးသင့်ပါသည်။ မြေဆီလွှာအတွင်း အော်ဂဲနစ်ပစ္စည်း များပြားစေရန် တောင်သူလယ်သမားများအနေဖြင့် သီးနှံ စိုက်ခင်းအကြွင်းအကျန်များကို စိုက်ခင်း အတွင်းသို့ မဖြစ်မနေပြန်လည်ထည့်သွင်း အသုံးပြုသင့်ပါသည်။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိများ ကောင်းမွန်စေရန်အတွက် ဓာတ်မြေဩဇာ တစ်ခုတည်းကို အားမကိုးဘဲ သဘာဝမြေဩဇာများကိုပါ တွဲဖက်အသုံးပြုသင့် ပါကြောင်း နှိုးဆော်ရေးသား လိုက်ရပါသည်။ ။

လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခေတ်မီစိုက်ပျိုးရေးစနစ်တွင် သီးနှံအထွက်နှုန်းတိုးရုံသာမက မြေဆီလွှာကျန်းမာရေးကိုပါ ထိန်းသိမ်းနိုင်ရန်မှာ အဓိကစိန်ခေါ်မှုဖြစ်လာသည်။ ထိုစိန်ခေါ်မှုကို ကျော်လွှားနိုင်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲမှု (Integrated Nutrient Management)ကို လိုက်နာကျင့်သုံးခြင်းဖြစ်သည်။
မြေကြီးကို သက်မဲ့ကြားခံနယ်(Medium) ဟုမမြင်ဘဲ သက်ရှိစနစ်(Living System)တစ်ခုအဖြစ် ရှုမြင်တတ်ရန်လိုသည်။ မြေဆီလွှာတွင် ရူပဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများရှိသည်။ ကျန်းမာသောမြေဆီလွှာဖြစ်ရန်အတွက် မြေသား အနု/အကြမ်း၊ မြေစိုင်ခဲဖွဲ့စည်းမှု၊ မြေသားတည်ဆောက်မှု၊ မြေဆီလွှာသိပ်သည်းမှု၊ လေပေါက်၊ ရေပေါက်ပါဝင်မှု စသည့် ရူပဂုဏ်သတ္တိများ ကောင်းမွန်ရန်လိုသကဲ့သို့ ဓာတုဂုဏ်သတ္တိဖြစ်သော သင့်တင့်သည့်မြေချဉ်ငန်ကိန်း၊ ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းရည်မြင့်ရန်နှင့် ဇီဝဂုဏ်သတ္တိဖြစ်သည့် မြေကြီးအတွင်း အဏုဇီဝပိုးမွှားများပေါများရန်လိုသည်။ ဓာတ်မြေဩဇာကို လွန်ကဲစွာသုံးစွဲပါက မြေကြီး၏ဆားဓာတ်ကိုမြင့်တက်စေပြီး မြေသားဖွဲ့စည်းပုံကို ပျက်စီးစေနိုင်သကဲ့သို့ မြေကြီးထဲရှိအကျိုးပြုပိုးမွှားများ ရှင်သန်နိုင်စွမ်းမရှိတော့၍ မြေဆီလွှာ၏ဇီဝဂုဏ်သတ္တိပျက်စီးပြီး မြေကြီးသေသွားနိုင်သည်။
တောင်သူလယ်သမားများ၏ အခက်အခဲနှစ်စဉ်ဆက်တိုက် စိုက်ပျိုးခြင်း၊ ထွန်ယက်မှုများခြင်း၊ ဓာတုမြေဩဇာများ လွန်ကဲစွာသုံးခြင်း၊ သဘာဝမြေဩဇာ သုံးစွဲမှုနည်းပါးခြင်းတို့ကြောင့် မြေဆီလွှာအဆင့်အတန်း နိမ့်ကျလာလျက်ရှိသည်။ အထွက်ကောင်းမျိုးများ အသုံးပြုလာကြ၍ အာဟာရဓာတ်လိုအပ်ချက်မြင့်မား လာသကဲ့သို့ ဈေးကွက်အတွင်း ဓာတ်မြေဩဇာဈေးနှုန်းများမှာလည်း ကြီးမြင့်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ကိရိယာများ အသုံးပြုမှုများလာ၍ မြေကျပ်ခြင်းများဖြစ်လာပြီး လေဝင်လေထွက်ညံ့ဖျင်း၍ ရေစိမ့်ဝင်နှုန်းကျလာသည်။ ၎င်းအပြင် သီးနှံစိုက်ပျိုးရာ၌ ဓာတုဆေးများ အလွန်အကျွံအသုံးပြုမှု များပြားလာသည့်အတွက် မြေဆီလွှာပျက်စီးမှုများလည်း ဖြစ်ပေါ်လာပြီး သီးနှံများကောင်းစွာမဖြစ်ထွန်းဘဲ အရည်အသွေး ညံ့ဖျင်းလာသည်။
အပင်များလိုအပ်သည့် အာဟာရဓာတ်များ အပင်များ ကျန်းမာသန်စွမ်းပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် အာဟာရဓာတ်များကို စနစ်တကျစီမံခန့်ခွဲနိုင်စွမ်းရှိရန် အလွန်အရေးကြီးသည်။ သိပ္ပံနည်းကျလေ့လာမှုများအရ အပင်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် ၁၈ မျိုးအထိ ရှိလာပြီဖြစ်သည်။ အပင်များ ရှင်သန်ရန်အတွက် အခြေခံအကျဆုံးဖြစ်
သည့် ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်တို့ကို လေနှင့်ရေထဲမှ သဘာဝအတိုင်း အလုံအလောက်ရရှိနိုင်သည်။ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်တို့မှာ အပင်များအတွက် အဓိကအများလိုအာဟာရဓာတ်များဖြစ်ကြပြီး မြေဆီလွှာတွင် လျော့နည်းတတ်သဖြင့် ဓာတ်မြေဩဇာများမှတစ်ဆင့် အဓိကဖြည့်တင်းပေးရသော ဓာတ်များဖြစ်သည်။ ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလဖာတို့သည် ဒုတိယအများလို အာဟာရဓာတ်များဖြစ်ကြသည်။ ၎င်းအပြင် အပင်များအတွက် မဂ္ဂနိ၊ ဇင့်၊ ကော့ပါး၊ ဘိုရွန်၊ မော်လဒီနမ်၊ ကလိုရိုက်၊ အိုင်းယွန်း၊ ကိုဘော့၊ နီကယ် စသည့် အနည်းလိုအာဟာရဓာတ်များလည်းလိုအပ်သည်။ သတိပြုရမည့်အချက်မှာ အနည်းလိုအာဟာရဓာတ်များသည် ပမာဏအနည်းငယ်သာ လိုအပ်သော်လည်း အပင်၏ ဇီဝကမ္မဖြစ်စဉ်များအတွက် လုံးဝ(လုံးဝ)မရှိမဖြစ်လိုအပ်သောဓာတ်များဖြစ်သည်။
အာဟာရဓာတ်စီမံခန့်ခွဲမှု၏ အရေးကြီးပုံ
သီးနှံအထွက်နှုန်းကို ဆုံးဖြတ်ရာတွင် အပေါများဆုံးရှိနေသော အာဟာရဓာတ်က ဆုံးဖြတ်သည်မဟုတ်ဘဲ “အပင်အတွက် အလိုအပ်ဆုံးဖြစ်နေပြီး အနည်းဆုံးဖြစ်နေသည့် အာဟာရဓာတ်”မှသာ အထွက်နှုန်းကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ အာဟာရဓာတ်တစ်ခုချင်းစီတွင် သီးသန့်လုပ်ဆောင်ချက်များရှိကြသောကြောင့် ဓာတ်တစ်ခုကို နောက်တစ်ခုနှင့်အစားထိုး၍မရနိုင်ပါ။
ထို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူများအနေဖြင့် မိမိတို့၏အပင်များမျှတသောအာဟာရဓာတ်ကို ရရှိစေရန်အတွက် အများလိုဓာတ်များသာမက အနည်းလိုဓာတ်များကိုပါ စနစ်တကျထည့်သွင်းကျွေး
ပေးရန်လိုအပ်သည်။ အာဟာရဓာတ်များမျှတစွာရရှိမှသာလျှင် သီးနှံများအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း အမြင့်ဆုံးကိုရရှိနိုင်မည်ဖြစ်သည်။
မြေဆီလွှာ၏ မြေချဉ်ငန်ကိန်း (Soil pH) မြေဆီလွှာ၏ ချဉ်ခြင်း၊ ငန်ခြင်း အဆင့်အတန်းကို သုညမှ ၁၄ အထိ သတ်မှတ်ထားသည်။ pH 7 သည် အလယ်အလတ် မျှခြေအမှတ် (Neutral) ဖြစ်ပြီး 7 အောက် နည်းလျှင် မြေချဉ်၊ 7 ထက်များလျှင် မြေငန်ဟု သတ်မှတ်သည်။ သီးနှံအမျိုးအစား အလိုက် သင့်လျော်သည့် pH တန်ဖိုးကွာခြားကြသော်လည်း ယေဘုယျအားဖြင့် အပင်အများစုအတွက် pH 6 မှ 7 ကြားသည် အာဟာရဓာတ်စုံလင်စွာ စုပ်ယူနိုင်ရန် အကောင်းဆုံးအခြေအနေဖြစ်သည်။
မြေဆီလွှာ၏ မြေချဉ်ငန်ကိန်းနိမ့်လွန်းခြင်း/မြင့်လွန်းခြင်းများသည် အပင်၏အာဟာရဓာတ်စုပ်ယူမှုကို အဓိကဟန့်တားသည်။ မြေဆီလွှာထဲတွင် အာဟာရဓာတ်များ ပြည့်စုံစွာရှိသည့်တိုင်အောင် သီးနှံပင်အတွက်သင့်လျော်သည့် pH တန်ဖိုးမဟုတ်ခဲ့ပါက အဆိုပါဓာတ်များသည် ဓာတ်ပြောင်းလဲမှုဖြစ်ပြီး အပင်မှစုပ်ယူ၍မရသည့် ပုံစံမျိုး(Locked up)ဖြစ်သွားတတ်သည်။ စိုက်ပျိုးသူများအနေဖြင့် မိမိစိုက်ပျိုးသည့် သီးနှံနှစ်သက်သည့် မြေချဉ်ငန်ကိန်းပမာဏရရှိစေရန် မြေပြုပြင်ပေးရမည်။
မြေအလွန်ချဉ်ပါက ထုံးထည့်ပေးခြင်း၊ မြေအလွန်ငန်ပါက ဂျစ်ပဆမ် သို့မဟုတ် ဆာလဖာထည့်ပေးခြင်းတို့ဖြင့် pH တန်ဖိုးပြောင်းလဲစေရန် ပြုပြင်နိုင်သည်။ သဘာဝမြေဩဇာကို များများထည့်ပေးခြင်းသည်လည်း မြေကြီး၏ pH ပုံမှန်ဖြစ်အောင် အလိုအလျောက် ထိန်းညှိပေးနိုင်သည်။
မြေဆီလွှာ၏ အာဟာရဓာတ်ထိန်းသိမ်းနိုင်စွမ်း (CEC)
ဤနေရာတွင် မြေကြီး၏ အာဟာရဓာတ်ထိန်းနိုင်စွမ်းဖြစ်သည့် ဓာတ်ဖိုဖလှယ်နိုင်စွမ်း (CEC) အကြောင်းကို သိရှိနားလည်ရန်လိုသည်။ မြေသြဇာထည့်ပေးတိုင်း အပင်က စားရသည်မဟုတ်ပါ။ ထည့်လိုက်သည့် မြေသြဇာကို မြေကြီးက အရင်ဆုံးထိန်း ပေးထားရသည်။ ဓာတ်ဖိုဖလှယ်နိုင်စွမ်းဆိုသည်ကို မြင်လွယ်အောင်ပြောရမည်ဆိုပါက မြေကြီး၏သံလိုက်အင်အားဟု
တင်စားနိုင်သည်။ ယေဘုယျအားဖြင့် မြေကြီးထဲရှိ မြေစေးမှုန်များနှင့် မြေဆွေးများတွင် အမဓာတ် (Negative Charge) များစွာ ရှိသည်။ အပင်အတွက် လိုအပ်သည့် နိုက်ထရိုဂျင် (အမိုနီယမ်)၊ ပိုတက်စီယမ်၊ ကယ်စီယမ်နှင့် မဂ္ဂနီစီယမ် စသည့်အာဟာရဓာတ်အများစုသည် အဖိုဓာတ် (Positive Charge/Cations)များဖြစ်ကြသည်။ သံလိုက်သဘောအရ (မ)က(ဖို)ကို ဆွဲကပ်ထားနိုင်သည့်အတွက် အမဓာတ်များသောမြေစေး/မြေဆွေး စသည့်မြေများသည်ထည့်လိုက်သည့် မြေဩဇာအဖိုဓာတ်များကို ကောင်းကောင်းဆုပ်ကိုင်ထားနိုင်သည့် အတွက် ဓာတ်ဖိုဖလှယ်နိုင်စွမ်း CEC မြင့်မားလေ့ရှိသည်။ သဲမှုန်များ၏ မျက်နှာပြင်တွင် အမဓာတ် အလွန်နည်းပါးသည်။ ထို့ကြောင့် အာဟာရဓာတ်(ဓာတ်ဖိုများ)ကို ဆွဲကပ်ထားနိုင်စွမ်း အလွန်နည်းသည့်အတွက် သဲမြေတွင်အာဟာရဓာတ် စိမ့်ဝင်ဆုံးရှုံးမှုများသည်။
CEC မြင့်မားခြင်း၏ အကျိုးကျေးဇူး
CEC မြင့်မားသည့်မြေများသည် အပင်အတွက် ရိက္ခာတိုက်သဖွယ်ဖြစ်နေပြီး ဤမြေမျိုးတွင် စိုက်ပျိုးခြင်းအားဖြင့် မြေဩဇာအလေအလွင့်နည်းခြင်း၊ အပင်မှလိုအပ်သည့်အချိန်တွင် မြေကြီးတွင်တွယ်ကပ်နေသည့် အာဟာရဓာတ်များကို ပြန်လည်ထုတ်ယူစားသုံးနိုင်ခြင်း၊ မြေချဉ်ငန်ကိန်းတန်ဖိုးကို ထိန်းညှိပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်သည်။ CEC နည်းသောမြေ (သဲဆန်သည့်မြေ)တွင် ရေအလွန်အကျွံလောင်းလျှင် အာဟာရဓာတ်များ မြေအောက်ထဲစီးမျောဆုံးရှုံးမှု ပိုများနိုင်သည်ကို သတိပြုရမည်။ ထို့ကြောင့် CEC နည်းသော သဲမြေများတွင် မြေဩဇာကို တစ်ကြိမ်တည်း အများကြီး မကျွေးဘဲ နည်းနည်းနှင့် အကြိမ်ကြိမ်အလီလီ ခွဲကျွေးသင့်သည်။ စိုက်ပျိုးသူများအနေဖြင့် မြေဩဇာကျွေးရုံဖြင့် မလုံလောက်ဘဲ မိမိမြေကြီး၏ CEC တက်လာစေရန် အော်ဂဲနစ်ပစ္စည်း (သီးနှံအကြွင်းအကျန်များ)/မြေဆွေး/သစ်စိမ်းမြေဩဇာ စသည်တို့ကို ထည့်သွင်းပေးရမည်။ မြေဆွေးဓာတ်တိုးပွားအောင် လုပ်ဆောင်ခြင်းသည် မြေကြီး၏သံလိုက်အားကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။
ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲမှု (INM)
ဘက်စုံအာဟာရဓာတ် စီမံခန့်ခွဲမှု ဆိုသည်မှာ အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို ရင်းမြစ်တစ်ခုတည်း (ဥပမာ- ဓာတ်မြေဩဇာ)မှသာ ရယူခြင်းမဟုတ်ဘဲ ရရှိနိုင်သောအာဟာရ ရင်းမြစ်အားလုံးကို အချိုးအစားကျကျ ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်။ ဓာတ်မြေဩဇာများသည် အပင်မှလိုအပ်သော အာဟာရကို အချိန်တိုအတွင်း အမြန်ဆုံးဖြည့်တင်းပေးနိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထည့်သွင်းသည့် မြေဩဇာကို အပင်မှရယူနိုင်စွမ်းကွာခြားနိုင်သည်။ ၎င်းအပြင် ဓာတ်မြေဩဇာများကိုသာ ဆက်တိုက်အသုံးပြုခြင်းသည် ရေတိုတွင်အထွက်နှုန်း ကောင်းနိုင်သော်လည်း ရေရှည်တွင်မြေဆီလွှာကို ပျက်စီးစေသည်။ ထို့ကြောင့် ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရန် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာတို့ကို ပေါင်းစပ်အသုံးပြု၍ ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲသည့် နည်းလမ်းကိုအသုံးပြုသင့်သည်။ ဤနည်းလမ်းကိုအသုံးပြုခြင်းဖြင့် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာ pH ကို ထိန်းညှိပေးခြင်း၊ အာဟာရဓာတ် အလေအလွင့်နည်းခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကိုလျှော့ချနိုင်ပြီး ကုန်ကျစရိတ်သက်သာစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချပေးခြင်း စသည့်အကျိုးကျေးဇူးများရမည်ဖြစ်သည်။
“မြေဆီလွှာသည် အပင်၏အစာအိမ်ဖြစ်သည်” ဟူသော စကားအတိုင်း အစာအိမ် မကောင်းပါက မည်မျှကောင်းသော အစာ(ဓာတ်မြေဩဇာ) ကျွေးသည်ဖြစ်စေ အပင်မှစားနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် မိမိတို့၏ မြေဆီလွှာကျန်းမာသန်စွမ်းပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာတို့ကို ပေါင်းစပ်အသုံးပြု၍ ဘက်စုံအာဟာရဓာတ် စီမံခန့်ခွဲခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်း တင်ပြအပ်ပါသည်။ ။

ဖေဖော်ဝါရီလကုန်ကတည်းက ဖြစ်ပွားလျက်ရှိတဲ့ အရှေ့အလယ်ပိုင်းဒေသတင်းမာမှုတွေဟာ သာမန်ရိုးရိုးပဋိပက္ခအဆင့်ကနေ ကမ္ဘာ့စီးပွားရေးရဲ့ အသက်သွေးကြောအဖြစ် တည်ရှိနေတဲ့စွမ်းအင်ကဏ္ဍကို တိုက်ရိုက်ခြိမ်းခြောက်လာတဲ့ အနေအထား ရောက်လာခဲ့ပါပြီ။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့အတွင်းက စွမ်းအင်အခြေခံအဆောက်အအုံတွေအနေနဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ခံရတာဟာ အမေရိကန်-အစ္စရေးပူးပေါင်းအင်အားစုနဲ့ အီရန်တို့ကြားအားပြိုင်မှုကို ကမ္ဘာ့ရေနံလမ်းကြောင်း တွေရဲ့မဏ္ဍိုင်ဆီ ဆွဲခေါ်သွားသလိုဖြစ်နေပါတယ်။
ဒီအခြေအနေကြောင့်ပဲ ကမ္ဘာ့နိုင်ငံများစွာအနေနဲ့ သူတို့ရဲ့ စွမ်းအင်ဖူလုံရေးမူဝါဒတွေကို အရင်ကထက် ပိုမိုတင်းကျပ်ပြီး အသစ်တစ်ဖန် ပြန်လည်ရေးဆွဲဖို့ တွန်းအားပေးခြင်း ခံနေရတာပါ။ လွန်ခဲ့တဲ့ သုံးပတ်အတွင်းမှာတင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ အရင်က ပင်လယ်ကွေ့ဒေသဟာ အန္တရာယ်ရှိနိုင်တယ်လို့ မှန်းဆထားတဲ့ ဇုန်တစ်ခုအဖြစ်သာရှိပေမယ့်လည်း အခုတော့ ကမ္ဘာ့စွမ်းအင်အခြေခံအဆောက်အအုံနဲ့ ကုန်သွယ်သင်္ဘောလိုင်းတွေအတွက် တကယ့်ကိုထိပ်တိုက်ရင်ဆိုင်နေရတဲ့လုံခြုံရေးအရ အစိုးရိမ်ရဆုံး ဗဟိုချက်ဖြစ်လာပါတယ်။ ဒီပြောင်းလဲမှုဟာ ရေနံဈေးနှုန်းတွေအပေါ် တင်မကဘဲ နိုင်ငံတကာရဲ့ စွမ်းအင်ဖြန့်ဖြူးမှုစနစ်တစ်ခုလုံးကိုပါ အကြီးအကျယ်ရိုက်ခတ် နေတာတွေ့ရပါတယ်။
အထူးသဖြင့် ကမ္ဘာ့လောင်စာစွမ်းအင်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေရတဲ့ ဟော်မု ရေလက်ကြားဟာ အရင်ကနောက်ကွယ်ကနေ စိုးရိမ်ရုံလောက်သာရှိခဲ့ရာကနေ အခုတော့ အထင်အရှားကို အန္တရာယ်ရှိတဲ့လမ်းကြောင်းကြီး ဖြစ်လာပါပြီ။ အာမခံကုမ္ပဏီတွေကလည်း လက်ရှိအခြေအနေတွေကို အသည်းအသန် ပြန်သုံးသပ်နေကြသလို ရေနံတင်သင်္ဘောတွေ သွားလာမှုလည်း တုံ့ဆိုင်းနှေးကွေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဒီရေလက်ကြားဟာ ပထဝီနိုင်ငံရေး မီးပွားတွေမှတစ်ဆင့် စွမ်းအင်ဈေးကွက်ဆီသို့ ကူးစက်လောင်ကျွမ်းစေတဲ့ အဓိကအချက်အချာနေရာတစ်ခု ဖြစ်လာခဲ့ရပါတယ်။ ပဋိပက္ခဖြစ်ပြီး တစ်ပတ်အကြာမှာ အမေရိကန်က ရေတပ်ရဲ့ အစောင့်အရှောက်တွေနဲ့ ထောက်ပံ့ရေးအစီအမံတွေ လုပ်ပေးမယ်လို့ ကတိပြုခဲ့ပေမယ့် ဥရောပမဟာမိတ်တွေဆီကနေ စစ်ရေးအရ ပါဝင်ဖို့ ထောက်ခံမှုမရခဲ့ပါဘူး။ မတ်လ ၁၉ ရက်မှာဥရောပနိုင်ငံ တော်တော်များများအပြင် ဂျပန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့က ရေလက်ကြားမှာ ဘေးကင်းလုံခြုံစွာသွားလာနိုင်ဖို့ ကြိုးပမ်းမှုတွေမှာပါဝင်ဖို့ အသင့်ရှိကြောင်း ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ကတော့ သေနတ်သံတွေတိတ်သွားမှပဲ ဂျာမနီအနေနဲ့ ဒီဒေသမှာပါဝင်ပတ်သက်နိုင်မယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
အစီရင်ခံစာအချို့ကိုကြည့်မယ်ဆိုရင် ပါကစ္စတန်၊ တရုတ်၊ အီရတ်နဲ့ မလေးရှားတို့က အီရန်နဲ့ဆွေးနွေးပြီး သင်္ဘောအချို့ ဖြတ်သန်းနိုင်နေပြီလို့ ဆိုပေမယ့် လမ်းကြောင်းတစ်ခုလုံးကတော့ အပြည့်အဝဘေးမကင်းသေးပါဘူး။ ဈေးကွက်ကလည်း သံတမန်ရေးအရ ပြောရုံနဲ့တော့ စက်သုံးဆီစီးဆင်းမှု ပြန်မှန်လာမယ်လို့ မယုံကြည်ကြပါဘူး။ ရေနံဈေးကွက်မှာလည်း ချက်ချင်းဆိုသလို တုံ့ပြန်မှုဖြစ်ပေါ်ပြီး ဘရန့်ရေနံစိမ်းဈေးဟာ မတ်လ ၁၉ ရက်မှာ တစ်စည်ကို ၁၁၉ ဒေါ်လာအထိ တက်သွားခဲ့ပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒူဘိုင်းရေနံစိမ်းဈေးဟာ တစ်စည်ကို ၁၆၆ ဒသမ ၈၀ ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားတာက ရေနံအမှန်တကယ်လိုအပ်ချက်ဟာ ကြိုတင်ရောင်းဝယ်တဲ့ဈေးကွက်ထက်တောင် ပိုမြန်နေတာကိုပြနေပါတယ်။
ပင်လယ်ရေကြောင်းပိတ်ဆို့မှု လုံးဝမဖြစ်သေးရင်တောင်မှ သင်္ဘောခတွေ၊ အာမခံကြေးတွေ မြင့်တက်လာတာနဲ့ လမ်းကြောင်းလွှဲရတာတွေကြောင့် ရေနံဈေးနှုန်းမှာ စစ်ပွဲကြောင့်တက်တဲ့ အပိုဈေးနှုန်းက ကြာရှည်ကပ်ပါလာမှာဖြစ်ပါတယ်။ ဒါဟာ OPEC+ ရဲ့ အခန်းကဏ္ဍ အထူးသဖြင့် ဆော်ဒီ-ရုရှား ပူးပေါင်းမှုကို ရေနံဈေးထိန်းသူတွေတင်မဟုတ်ဘဲ ပင်လယ်ကွေ့ ရေကြောင်းလုံခြုံရေးကိုပါ စောင့်ရှောက်သူတွေအဖြစ် ပုံဖော်ပေးလိုက်တာဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ ရေနံစက်ရုံတွေနဲ့သင်္ဘောတွေ တိုက်ခိုက်ခံရတာထက် ပိုဆိုးတဲ့ဈေးကွက်တုန်လှုပ်မှုကတော့ ပင်လယ်ကွေ့တစ်ခုလုံးရဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ သင်္ဘောလမ်းကြောင်းတွေ၊ အာမခံဈေးကွက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ ပျက်စီးသွားတာပဲ ဖြစ်ပါတယ်။ လေကြောင်းပိုင်နက်၊ ဆိပ်ကမ်း၊ သင်္ဘောအာမခံနဲ့ လမ်းကြောင်းတွေအားလုံးက ပဋိပက္ခဇုန်ထဲ တိုက်ရိုက်ဆွဲသွင်းခံလိုက်ရပါတယ်။
ပဋိပက္ခစတင်ကတည်းက ပါရှန်းပင်လယ်ကွေ့နဲ့ဟော်မုရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေအပါအဝင် အရပ်ဘက်သင်္ဘော အနည်းဆုံးအစင်း ၂၀ ကျော်တိုက်ခိုက်ခံခဲ့ရပါတယ်။ သင်္ဘောကိုခြေရာခံအချက်အလက်တွေအရ အန္တရာယ်ရှိရေပြင်ထဲမဝင်ရဲဘဲ အပြင်မှာစောင့်နေရတဲ့သင်္ဘောတွေ ဒါဇင်နဲ့ချီရှိနေပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ဟော်မုရေလက်ကြားမှာ တန်းစီစောင့်ဆိုင်းနေတဲ့ သင်္ဘောတန်းတွေ ပိုရှည်လာခဲ့ပါတယ်။ ဘေးကင်းတဲ့လမ်းကြောင်းကို ညှိနှိုင်းလို့ရသွားရင်တောင်မှ ပျက်စီးသွားတဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို ပြန်ပြင်ဖို့က လူတွေထင်ထားတာထက်ကို ပိုကြာနိုင်ပါတယ်။
အခုလို အခြေအနေမဆိုးခင်ကတည်းက ဘရန့်ရေနံစိမ်းဈေးဟာ ဒေါ်လာ ၇၀ ဝန်းကျင်ရှိနေတာပါ။ အခုပြောင်းလဲတာက လက်တွေ့ရေနံအမှန်တကယ် ပို့ဆောင်နိုင်မှုက စက္ကူပေါ်ကဈေးကွက်ထက် ပိုပြီး ကျပ်တည်းလာတာပဲဖြစ်ပါတယ်။ Petro-Logistics ရဲ့ အဆိုအရ ရေနံစိမ်းစီးဆင်းမှုက တစ်ရက်ကို စည်ပေါင်း ၁၂ သန်းလောက်လျော့ကျသွားပြီး ဒါဟာကမ္ဘာ့နေ့စဉ် လိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါဟာကမ္ဘာ့ရေနံထောက်ပံ့မှုစာရင်းဇယားနဲ့ တကယ့်လက်တွေ့ပို့ဆောင်နိုင်မှုကြားက ကွာဟချက်ကို ပိုသိသာစေပါတယ်။ စာရင်းဇယားတွေအရတော့ ၂၀၂၆ ခုနှစ်မှာ ရေနံပိုလျှံမယ်လို့ ခန့်မှန်းထားကြပေမယ့်လက်တွေ့မှာတော့ အဲဒီရေနံတွေကို ဘေးကင်းကင်းနဲ့အချိန်မီပို့နိုင်ပါ့မလားဆိုတာက ပိုအရေးကြီးလာပါတယ်။
ကမ္ဘာ့ရေနံရဲ့ငါးပုံတစ်ပုံဟာ ဟော်မုရေလက်ကြားကို ဖြတ်နေရဆဲဖြစ်လို့ ဒီလမ်းကြောင်းပိတ်ဆို့တာဟာ ပိုလျှံမယ့်ရေနံပမာဏကိုပါ ဝါးမျိုသွားနိုင်ပါတယ်။
စာရင်းဇယားအရ ဟော်မုရေလက်ကြားကို ပိတ်လိုက်ရင် တစ်ရက်ကို ရေနံစည် ၂၁ သန်းလောက် ပိတ်မိသွားမှာပါ။ ဆော်ဒီနဲ့ ယူအေအီး ရေနံပိုက်လိုင်းတွေက တစ်ရက်ကို စည် ၆ သန်းကနေ ၈ သန်းလောက်ပဲ လွှဲပို့နိုင်တာကြောင့် ကျန်တဲ့စည်ကတော့ လုံးဝပိတ်မိနေမှာဖြစ်ပါတယ်။ အရေးပေါ် ရေနံသိုလှောင်မှုတွေကို ထုတ်သုံးရင်တောင်မှ ဒီလိုအကျပ်အတည်းမျိုးမှာ တစ်ရက်ကို ရေနံစည် ၈ သန်းကနေ ၁၀ သန်းလောက်အထိ အသားတင်လျော့နည်းသွားနိုင်ပါတယ်။ ဒါဟာ၂၀၂၆ ခုနှစ်မှာ ပိုလျှံမယ့် ရေနံပမာဏကို အကုန်ဖျက်ဆီးပစ်နိုင်ပြီး ရေနံဈေးကိုလည်း အကြီးအကျယ် မြင့်တက်စေမှာဖြစ်ပါတယ်။ ဒီအကျပ်အတည်းဟာ OPEC+ အဖွဲ့က ဈေးနှုန်းထိန်းညှိသူအဆင့်ကနေ စုပေါင်းစီမံခန့်ခွဲသူအဆင့်ကို ပြောင်းလဲဖို့ကြိုးစားနေချိန်မှာ ဖြစ်လာတာပါ။ ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အတွက်တော့ ဒါဟာရေနံထုတ်လုပ်မှုပမာဏကို ချိန်ညှိရုံတင်မဟုတ်ဘဲ ပထဝီနိုင်ငံရေးအရပါ ဩဇာသက်ရောက်ဖို့ ကြိုးစားတာဖြစ်ပါတယ်။
ဆော်ဒီနဲ့ ယူအေအီးတို့မှာပိုလျှံနေတဲ့ ထုတ်လုပ်နိုင်စွမ်းဟာ အကျပ်အတည်းကို တည်ငြိမ်အောင် လုပ်နိုင်မယ့် အဓိကလက်နက် ဖြစ်လာပါတယ်။ ဒါပေမဲ့ OPEC+ အနေနဲ့ သင်္ဘောတွေကိုအာမခံပေးတာ ဒါမှမဟုတ် စစ်ရေးခြိမ်းခြောက်မှုတွေကို ဖယ်ရှားတာမျိုးတော့ မလုပ်နိုင်ပါဘူး။ သူတို့လုပ်နိုင်တာက ရေနံထုတ်ပေးနိုင်တဲ့ပမာဏကို ချိန်ညှိပေးရုံပဲရှိပါတယ်။ ရုရှားရဲ့ ရေနံလမ်းကြောင်းတွေကတော့ ဟော်မုရေလက်ကြားနဲ့ တိုက်ရိုက်မပတ်သက်တဲ့အတွက် အိန္ဒိယလို အာရှနိုင်ငံတွေအတွက်တော့ ရုရှားရေနံကတည်ငြိမ်မှု ပေးနိုင်တဲ့နေရာမှာ ရှိနေပါတယ်။ ဆော်ဒီ၊ ယူအေအီးနဲ့ ရုရှားတို့ ဘယ်လိုညှိနှိုင်းမလဲဆိုတာက ရေနံဈေးနှုန်း တည်ငြိမ်မလား၊ မြင့်တက်နေမလားဆိုတာကိုအဆုံးအဖြတ်ပေးပါလိမ့်မယ်။ အခုလိုအခြေအနေကြောင့် ပင်လယ်ကွေ့ အကျပ်အတည်းဟာ ကမ္ဘာ့စွမ်းအင်နိုင်ငံရေးမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ဖော်ပြနေပါတယ်။ အဓိကအချက်က ရေနံပမာဏတစ်ခုတည်းသာ မဟုတ်ဘဲ သင်္ဘောလမ်းကြောင်းတွေ တည်ငြိမ်ဖို့နဲ့ အဲဒီလမ်းကြောင်းတွေကို ဘယ်သူကအကာအကွယ် ပေးနိုင်မလဲဆိုတာ ဖြစ်လာပါတယ်။
အချုပ်အားဖြင့်ဆိုရရင် အခုဖြစ်ပွားနေတဲ့ ပင်လယ်ကွေ့အကျပ်အတည်းဟာ ကမ္ဘာ့စွမ်းအင်နိုင်ငံရေးမှာ ကြီးမားတဲ့ အချိုးအကွေ့တစ်ခုဖြစ်ပါတယ်။ အဓိက အချက်က ရေနံဘယ်လောက်ထွက်သလဲဆိုတာထက် ရေနံသယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းတွေက ဘယ်လောက်တည်ငြိမ်သလဲ၊ အဲဒီလမ်းကြောင်းတွေကို ဘယ်သူကအကာအကွယ်ပေးနိုင်မလဲဆိုတာ ပိုပြီးအရေးပါလာတာဖြစ်ပါတယ်။ ရေနံစက်ရုံတွေ မပျက်စီးရင်တောင်မှ လမ်းကြောင်းတွေမှာ တင်းမာမှုရှိနေသရွေ့ ရေနံဈေးနှုန်းတွေ မြင့်တက်နေဦးမှာဖြစ်သလို စွမ်းအင်ဖူလုံရေးအတွက်လည်း စိန်ခေါ်မှုတွေရှိနေဦးမှာပါ။ ဒါကြောင့် OPEC+ လို အဖွဲ့အစည်းတွေဟာ ဈေးနှုန်းထိန်းကျောင်းတဲ့ အဆင့်ကနေ စွမ်းအင်ဖူလုံရေးကို ဝိုင်းဝန်းစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲလာနေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ရေနံတင်သွင်းတဲ့ အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စွမ်းအင်မူဝါဒတွေကို ရေနံရရှိဖို့တင်မကတော့ဘဲ လမ်းကြောင်းတွေ ဘေးကင်းဖို့၊ လမ်းကြောင်းအသစ်တွေရှာဖွေဖို့နဲ့ အရေးပေါ်အရန်စနစ်တွေ ထားရှိဖို့အထိပါ အလေးပေးစဉ်းစားလာရပါတယ်။ ဒါဟာ ကမ္ဘာ့စွမ်းအင်အခင်းအကျင်းအသစ်ရဲ့ အစောပိုင်း စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာအခုရင်ဆိုင်နေရတဲ့ ပြဿနာဟာ ရေနံပြတ်လပ်တာ မဟုတ်ဘဲ ဘေးကင်းစွာ ရယူနိုင်ခွင့် ပြတ်လပ်နေတာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သူ၊ တင်သွင်းသူနဲ့ ရေကြောင်းအင်အားကြီးနိုင်ငံတွေ အားလုံးအတွက် စိန်ခေါ်မှုကရေနံကို လိုသလောက်ထုတ်လုပ်နိုင်ဖို့တင် မဟုတ်တော့ဘဲ အဲဒီရေနံတွေဖြတ်သန်းသွားမယ့် လမ်းကြောင်းတွေကို ယုံကြည်စိတ်ချမှုရှိအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာပဲဖြစ်ပါတယ်။ ဒါဟာ အနာဂတ်ကမ္ဘာ့စွမ်းအင်ဖူလုံရေးကို အဆုံးအဖြတ်ပေးမယ့် အဓိကအချက် ဖြစ်လာပါလိမ့်မယ်။ ။
Ref: RT

သစ်တောသယံဇာတများ၏အရေးပါမှု
သစ်တောများသည် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးကို အထောက်အကူပြုရန် မရှိမဖြစ် အရေးပါသောအရင်းအမြစ် တစ်ခုလည်းဖြစ်သည်။ သစ်တောများသည် သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းအမျိုးမျိုး၊ ပြန်လည်အသုံးချနိုင်သော ကုန်ကြမ်းအရင်းအမြစ်အမျိုးမျိုးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကိုထောက်ပံ့ပေးလျက်ရှိပြီး ကျေးလက်ဒေသနေပြည်သူများ၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရုံသာမက နိုင်ငံ၏စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပံ့ပိုးပေးလျက်ရှိသည်။
သစ်တောများမှ သစ်များ၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင်၊ ပျားရည်၊ မှို၊ ငှက်သိုက် အစရှိသည့် သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းများ၊ အစားအစာများ၊ ရေကောင်းရေသန့်များ၊ ဇီဝမျိုးစုံမျိုးကွဲများ စသည့်စီးပွားရေးအရ အလွန်တန်ဖိုးရှိသော ထောက်ပံ့မှုဆိုင်ရာ ဝန်ဆောင်မှုများ (Provisional Services) ပံ့ပိုးပေးသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ခြင်း၊ ရေ၊ လေသန့်စင်ခြင်း၊ မြေတိုက်စားမှု မြေပြိုမှုများမှကာကွယ်ခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း စသည့်ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာဝန်ဆောင်မှုများ (Regulating Services) ကိုလည်း ပံ့ပိုးပေးသည်။
သစ်ပင်သစ်တောများတည်ရှိနေခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်သာယာစေခြင်း၊ မျက်စိပသာဒကောင်းမွန်စေခြင်း၊ အပန်းဖြေနိုင်ခြင်း၊ ယုံကြည်မှုကိုးကွယ်မှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် ဆက်စပ်သောစိတ်ပိုင်းဆိုင်ရာလိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ခြင်း(Aesthetic, Cultural and Spiritual Services) စသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။
သစ်တောများတည်ရှိနေခြင်းသည် “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏အကျိုးစီးပွားနှင့် အနာဂတ်၏ဖွံ့ဖြိုးမှု” ဟုဆိုသည့်အတိုင်း သစ်တောများသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ်ရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် စနစ်တကျစီမံအုပ်ချုပ်ခြင်းသည် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟုဆိုနိုင်သည်။
မြန်မာ့သစ်တောသယံဇာတများ
မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ အလွန်ကြွယ်ဝသောနိုင်ငံဖြစ်သည်။ ၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာမှုများအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏၄၂ ဒသမ ၁၅ ရာခိုင်နှုန်း (ဧရိယာ ဧက ၇၀ ဒသမ ၄၇ သန်း) ရှိပြီး မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးတွင် သစ်တောအမျိုးအစားစုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။ အအေးပိုင်းသစ်တောများ၊ ရွက်ပြတ်ရောနှောတောများ၊ အပူပိုင်းသစ်တောများ၊ အမြဲစိမ်းတောများ၊ တောင်ပေါ်တောများနှင့် ဒီရေတောများ၊ ရွှံ့ညွန်တောများ စသည်ဖြင့်စုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။ အထူးသဖြင့် ကျွန်းသစ်နှင့် သစ်မာသစ်မျိုးများဖြစ်သော ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်းဝင်၊ အင်၊ ကညင် စသည့်စီးပွားရေးအရ အဖိုးတန်သစ်မျိုးများကို ရွက်ပြတ်ရောနှောတောများတွင် တွေ့ရပြီး နိုင်ငံ့စီးပွားရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အဆိုပါ အဖိုးတန်သစ်မျိုးများနှင့်အတူ ဝါး၊ ကြိမ်၊ မှို၊ ပျားရည်၊ ငှက်သိုက် အစရှိသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းအမျိုးမျိုးလည်း သစ်တောအမျိုးအစား အလိုက်တွေ့နိုင်သည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ သစ်ပင်များ၏ အစိတ်အပိုင်းအမျိုးမျိုးတို့သည် ကျွန်းနှင့်သစ်မာများကဲ့သို့ပင် နိုင်ငံ၏စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများအား ရေရှည်တည်တံ့စေရန် စနစ်တကျစီမံ ခန့်ခွဲခြင်းနှင့် စနစ်တကျထုတ်ယူသုံးစွဲခြင်းသည် သစ်တောပြုန်းတီးမှုမဖြစ်စေဘဲ ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေသည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များ ဖွံ့ဖြိုးလာစေနိုင်သည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဆောင်ရွက်မည်ဆိုပါက စီးပွားရေး အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်သည်။
ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများ
(က) သစ်တောများနှင့် ဇီဝစီးပွားရေး (Bioeconomy)
၂၁ ရာစုအတွင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုသည် ရာသီဥတုပြောင်းလဲမှု၊ သဘာဝအရင်းအမြစ်လျော့နည်းလာမှု၊ သဘာဝဘေးအန္တရာယ်များ ပိုမိုများပြားလာမှု၊ နည်းပညာနှင့် ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာမှုတို့နှင့် တစ်ပြိုင်နက် ရင်ဆိုင်ရလျက်ရှိသည်။
ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုလျှော့ချခြင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော ထုတ်ကုန်ပစ္စည်းများနှင့် နည်းပညာများ အသုံးပြုလာခြင်း၊ ဓာတုပစ္စည်းများအခြေခံသော ထုတ်ကုန်ပစ္စည်းများ သုံးစွဲမှုလျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝသယံဇာတများဖြစ်သည့် သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကိုအခြေခံသည့် ဆောက်လုပ်ရေးပစ္စည်းများနှင့် ပရိဘောဂများ၊ အော်ဂဲနစ်ထုတ်ကုန်များ၊ ဇီဝထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများကို ပိုမိုဦးစား ပေးရွေးချယ်သုံးစွဲလာလျက်ရှိသည်။
တစ်နည်းအားဖြင့် ကမ္ဘာ့နိုင်ငံအများစုသည် သက်ရှိသဘာဝအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းခြင်း၊ ပြန်လည်စိုက်ပျိုးခြင်း၊ မွေးမြူခြင်း၊ စဉ်ဆက်မပြတ် ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်းကို အဓိကထားဆောင်ရွက်သည့် ရေရှည်တည်တံ့ခိုင်မြဲသော ဇီဝစီးပွားရေးစနစ် (Sustainable Bioeconomy) သို့ပြောင်းလဲရန် ကြိုးပမ်းလာလျက်ရှိသည်။
သစ်သား၊ ဝါးနှင့် ကြိမ်တို့သည် ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝအရင်းအမြစ်များဖြစ်ပြီး သံမဏိ၊ ကွန်ကရစ်နှင့် ပလတ်စတစ်ကဲ့သို့ ကာဗွန်ထုတ်လွှတ်မှုများသောပစ္စည်းများကို အစားထိုးအသုံးပြု နိုင်သည့် အရင်းအမြစ်များဖြစ်သည်။ သစ်တောထွက်ပစ္စည်းများ၊ သစ်တောထုတ်ကုန်များသည် ကာဗွန်ထုတ်လွှတ်မှုများသော ပစ္စည်းများကို အစားထိုးနိုင်ပြီး စီးပွားရေး အခွင့်အလမ်းအသစ်များကိုလည်း ဖန်တီးပေးနိုင်သည့် ဇီဝစီးပွားရေး (Bioeconomy) ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ သစ်တောများသည် ထွန်းသစ်စဇီဝစီးပွားရေးစနစ် ဗဟိုချက်တွင်ရှိပြီး အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေသည်။
(ခ) သစ်တောများနှင့် အစိမ်းရောင်စီးပွားရေး (Green Economy)
သစ်တောများသည် အစိမ်းရောင် စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အရေးပါသော ပတ်ဝန်းကျင်စနစ်ဝန်ဆောင်မှုများ၊ ပြန်လည်အသုံးပြုနိုင်သော သဘာဝအရင်းအမြစ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပံ့ပိုးပေးနိုင်သည့်အပြင် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးရာတွင်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်ပင်သစ်တောများနှင့် ဂေဟစနစ်အခြေပြုသော စီးပွားရေးလုပ်ငန်းများစွာ ဆောင်ရွက်နိုင်သည်။ သစ်တောများရေရှည် တည်တံ့စေရန် စနစ်တကျစီမံအုပ်ချုပ်ခြင်း (Sustainable Forest Management) ၊ သစ်တောစိုက်ခင်းများနှင့် ဝါးစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ ဝါးနှင့်ကြိမ်တို့အခြေခံသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆေးဖက်ဝင်အပင်များ ထုတ်လုပ်ခြင်း၊ သဘာဝအခြေခံခရီးသွား လုပ်ငန်း (Ecotourism) ကို မြှင့်တင်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်မည့် သစ်အခြေခံစက်မှုလုပ်ငန်းများ အသွင်ကူးပြောင်း ဆောင်ရွက်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (Reducing Emissions from Deforestation and Forest Degradation-REDD+)၊ ဂေဟစနစ်ဝန်ဆောင်မှု တန်ဖိုးပေးချေခြင်းဆိုင်ရာလုပ်ငန်းများ (Payment for Ecosystem Services-PES)၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် ကာဗွန်ခရက်ဒစ်ရောင်းဝယ်ခြင်း စသည့်လုပ်ငန်းများသည် သစ်ပင်သစ်တောများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အခြေခံသော အစိမ်းရောင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး သစ်တောကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများက အလေးထားဖော်ဆောင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများဖြစ်သည်။
အစိမ်းရောင်စီးပွားရေးလုပ်ငန်းများနှင့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများသည် စီးပွားရေးအကျိုးအမြတ်များ ရရှိနိုင်ရုံသာမက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးနိုင်သည့် သဘာဝအခြေပြုဖြေရှင်းခြင်း (Nature-based Solutions) နည်းလမ်းတစ်ရပ်ဖြစ်သည်။ သစ်တောစီမံအုပ်ချုပ်မှု အတတ်ပညာ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကိုအသုံးပြု၍ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
(ဂ) သစ်တောများနှင့် စက်ဝိုင်းပုံစီးပွားရေး (Circular Economy)
ယခုအခါတွင် သဘာဝအရင်းအမြစ်များ၊ သစ်တောသယံဇာတများ လျော့နည်းရှားပါးလာမှုနှင့်အတူ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းပမာဏအနည်းဆုံးကို အသုံးပြု၍ စီးပွားရေးအကျိုးအမြတ်အများဆုံး ရရှိစေနိုင်သော ထုတ်လုပ်မှုပုံစံများ၊ သစ်တောထွက်ပစ္စည်းများကို အကြိမ်ကြိမ်၊အဆင့်ဆင့် ပြန်လည်ပြုပြင်သုံးစွဲသည့် ထုတ်လုပ်မှုပုံစံများသို့ ပြောင်းလဲဆောင်ရွက်လာလျက်ရှိသည်။ စက်ဝိုင်းပုံစီးပွားရေးသည် သစ်တောထွက်ပစ္စည်းများ၊ သဘာဝအရင်းအမြစ်များကို အဆုံးစွန်အထိအသုံးချပြီး စွန့်ပစ်ပစ္စည်းများထွက်ရှိမှုကို အနည်းဆုံးသို့ လျှော့ချရန်ရည်ရွယ်သည့် စီးပွားရေးပုံစံဖြစ်သည်။ သစ်သားနှင့် သစ်တောထွက်ပစ္စည်း ထုတ်ကုန်များသည် ပလတ်စတစ်ကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုများမရှိသည့်အပြင် ပြန်လည်အသုံးချနိုင်စွမ်းမြင့်မားသဖြင့် စက်ဝိုင်းပုံစီးပွားရေး၏အဓိကပစ္စည်းများအဖြစ် အသုံးချမှုများတိုးပွားလာလျက်ရှိသည်။
ဥပမာအားဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုအဆင့်ဆင့်၌ သစ်ကုန်ကြမ်းများ၊ ဝါးနှင့်ကြိမ်ကုန်ကြမ်းများကို အလေအလွင့်မရှိစေရန်နှင့် အနည်းဆုံးဖြစ်စေရန် စနစ်တကျအသုံးပြုလာသကဲ့သို့ ဖြစ်ပေါ်လာသည့် သစ်အတိုအစများ၊ ဝါးအတိုအစများ၊ ကြိမ်အတိုအစများ၊ ဖြတ်စများနှင့်လွှစာများကို ခေတ်မီစက်ပစ္စည်းများ၊ နည်းပညာနှင့် အရည်အသွေးမြင့်ကော်များအသုံးပြု၍ ဘုတ်ပြားများ (Particle Board) ထုတ်လုပ်ခြင်း၊ ကြိတ်သား၊ အထပ်သား၊ လက်ယှက်များ၊ ကြမ်းခင်းများ၊ မျက်နှာကြက်များ၊ နံရံများနှင့်ပရိဘောဂများ ထုတ်လုပ်ခြင်း၊ လောင်စာတောင့်များ (Wood Pallet) ပြုလုပ်ခြင်းဖြင့် ပြန်လည်ပြုပြင်သုံးစွဲလာလျက်ရှိသည်။ နည်းပညာများ၊ တီထွင်ဆန်းသစ်မှုများ၊ ခေတ်မီစက်ကိရိယာများ၊ ဆန်းသစ်သောဒီဇိုင်းပုံစံများ၊ အထောက်အကူပြုပစ္စည်းများကို အသုံးပြုပြီး သစ်တောထွက်ပစ္စည်းများအား အလေအလွင့်မရှိစေရန်နှင့် အနည်းဆုံးဖြစ်စေရန် စနစ်တကျစီမံခန့်ခွဲပြီး တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လျက် နိုင်ငံ့စီးပွားကို ပံ့ပိုးပေးလျက်ရှိသည်။
(ဃ) သစ်တောများနှင့် အပြာရောင်
စီးပွားရေး (Blue Economy) ပင်လယ်သမုဒ္ဒရာနှင့် ကမ်းရိုးတန်းများတွင် သဘာဝသယံဇာတများကို ကာကွယ်ခြင်း၊ ပြန်လည်တည်ထောင်ထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်သော စီးပွားရေးလုပ်ငန်းများစွာကို စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေမည့် စီးပွားရေးပုံစံသည် အပြာရောင်စီးပွားရေး (Blue Economy) ဖြစ်သည်။ ကမ်းရိုးတန်းသစ်တောများနှင့် ဒီရေတော များသည် အပြာရောင်စီးပွားရေး၏ အခြေခံအင်ဂျင်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းဒေသသည် ၂၈၀၀ ကီလိုမီတာခန့်ရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်ဒေသ ဂေဟစနစ်တစ်ခုလုံး၏ ငါးပုံတစ်ပုံကိုပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောပေါက်ရောက်မှု ဧရိယာအားဖြင့် သတ္တမအဆင့်တွင်တည်ရှိပြီး အာရှတိုက်တွင် ဒီရေတောပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဖြစ်သည်။ ၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ချက်များအရ မြန်မာ့ဒီရေရောက်သစ်တောများသည် မြန်မာနိုင်ငံဧရိယာ၏ သုည ဒသမ ၇၆ ရာခိုင်နှုန်း (ဧရိယာ ဧက ၁ ဒသမ ၂၆ သန်းကျော်)ရှိသည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် တနင်္သာရီကမ်းရိုးတန်းဒေသတို့သည် အပြာရောင်စီးပွားရေးဖွံ့ဖြိုးရေးအတွက် အဓိကကျသောဒေသများဖြစ်သည်။
ဒီရေတောများသည် ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေလုပ်ငန်းအတွက် အဓိကနေရင်းဒေသများဖြစ်ပြီး စားရေရိက္ခာဖူလုံစေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းဒေသနေပြည်သူများနှင့် နိုင်ငံအတွက် ရေထွက်ကုန်ပစ္စည်းများ၊ စားရေရိက္ခာများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးထုတ်လုပ်ပေးလျက်ရှိပြီး နိုင်ငံ့စီးပွားရေးကိုပံ့ပိုးလျက်ရှိသည်။ ဒီရေတောများသည် ပင်လယ်ရွှံ့ညွန်များ၊ သစ်ဆွေးမြေများနှင့် ဆက်စပ်နေပြီး လေထုအတွင်းမှကာဗွန်ကို အလွန်ထိရောက်စွာ စုပ်ယူသိုလှောင်နိုင်သဖြင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးတွင် အလွန်အရေးပါသည်။ ထို့ကြောင့် ဒီရေတောများက စုပ်ယူသိုလှောင်သောကာဗွန်ကို အပြာရောင်ကာဗွန် (Blue Carbon) ဟုခေါ်ဆိုပြီး ကာဗွန်ဈေးကွက်တွင်ရင်းနှီးမြှုပ်နှံရောင်းဝယ်လျက်ရှိသည်။
ဒီရေတောများသည် လေပြင်းမုန်တိုင်းများနှင့် ဆူနာမီရေလှိုင်းများ၏ အန္တရာယ်မှလျော့ကျစေရန် ကာကွယ်ပေးခြင်း၊ မြေပေါ်နှင့်မြေအောက် ရေချိုအရင်းအမြစ်များအတွင်း ရေငန်ဝင်ရောက်ခြင်းနှင့် ကမ်းခြေဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်ချောင်းကမ်းပါးများရေတိုက်စားပြီး မြေပြိုခြင်း အန္တရာယ်စသည်တို့မှလည်း ကာကွယ်ပေးခြင်းတို့ကို ဒီရေတောများက ဝန်ဆောင်မှုပေးလျက်ရှိသည်။ အဆိုပါ ဝန်ဆောင်မှုတန်ဖိုးများသည် စီးပွားရေးအရ ငွေကြေးဖြင့်တန်ဖိုးဖြတ်၍ ဈေးကွက်တွင်ရောင်းဝယ်၍မရသော်လည်း သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ပေးနိုင်ပြီး စီးပွား ရေးလုပ်ငန်းများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်မှုအန္တရာယ်များမှ ကာကွယ်ပေးလျက်ရှိပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးဖို့ သစ်တောများကိုထိန်းသိမ်းစို့
ယခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (International Day of Forests) ၏ အဓိကဆောင်ပုဒ်မှာ “သစ်တောများနှင့် စီးပွားရေး (Forests and Economies)” ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးရာတွင် သစ်တောများ၏ မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍကို အလေးထားပြီး ဂုဏ်ပြုလျက် အောက်ဖော်ပြပါအတိုင်း မီးမောင်းထိုးဖော်ပြထားသည်-
သစ်တောများသည် ကမ္ဘာ့ကုန်းနေဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်း၏ ခိုလှုံရာဖြစ်ပြီး သစ်ပင်မျိုးစိတ် ပေါင်း ခြောက်သောင်းကျော်ပါဝင်လျက်ရှိကြောင်း၊
သစ်တောများသည် ကမ္ဘာ့စီးပွားရေးကို မောင်းနှင်ပေးလျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ၏ အလုပ်အကိုင်များကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊
အမေရိကန်ဒေါ်လာ ၄၄ ထရီလီယံခန့်တန်ဖိုးရှိသော စီးပွားရေး လုပ်ငန်းများသည် သစ်တောများ အပါအဝင် သဘာဝဂေဟစနစ်များအပေါ် အားထားဆောင်ရွက်နေကြောင်း၊
ကမ္ဘာ့လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့်သည် အစားအစာ၊ ခိုလှုံစရာ၊ စွမ်းအင်၊ ဆေးဝါးများနှင့် ဝင်ငွေအတွက် သစ်တောများအပေါ် တိုက်ရိုက်မှီခိုလျက်ရှိပြီး လူဦးရေ ၃၃ သန်းအတွက် အလုပ်အကိုင်ဖန်တီးပေးလျက်ရှိကြောင်း၊
လက်ရှိအချိန်တွင် ကမ္ဘာနှင့် တစ်ဝန်း နှစ်စဉ် သစ်ထုတ်လုပ်မှုပမာဏမှာ ခန့်မှန်းအားဖြင့် ကုဗမီတာ ၄ ဘီလီယံခန့်ရှိ ကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် စက်မှုလုပ်ငန်းသုံး သစ်လုံး (industrial roundwood) ကုဗမီတာ ၁ ဘီလီယံခန့် ထပ်မံလိုအပ်လာနိုင်ကြောင်း၊
ကမ္ဘာတစ်ဝန်းရှိလူဦးရေ ၅ ဒသမ ၈ ဘီလီယံခန့်သည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေး အတွက် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ (Non-Timber Forest Products-NTFPs) ကို အရေးပါသောအရင်းအမြစ်အဖြစ် အသုံးပြုလျက်ရှိကြောင်း၊
အစားအစာများ၊ ဆေးဝါးများ၊ သစ်စေးများ (Resins)၊ အလှဆင်အပင်များနှင့် တိရစ္ဆာန်အစာ (Fodder) များအပါအဝင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းထုတ်ကုန်များသည် ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် နှစ်စဉ်အနည်းဆုံး အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၁ ဘီလီယံခန့်တန်ဖိုး ရှိကြောင်း၊
ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၂ ဘီလီယံကျော်သည် ထင်းနှင့်မီးသွေးတို့ကို နေ့စဉ်ချက်ပြုတ် ရေးနှင့် အပူပေးရေးဆိုင်ရာ စွမ်းအင်အရင်းအမြစ်များအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် သစ်အခြေပြု ခေတ်မီလောင်စာတောင့်(Wood Pellets) များကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် အပူစွမ်းအင်အသုံးချရေးစသည့်စက်မှုလုပ်ငန်း များတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားသည်။
ယနေ့ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွင်း သစ်တောကဏ္ဍနှင့် ဆက်စပ်လျက်ရှိသော စီးပွားရေးဖွံ့ဖြိုးမှု သဘောတရားအခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော ဇီဝစီးပွားရေး (Bioeconomy)၊ အစိမ်းရောင်စီးပွားရေး (Green Economy)၊ စက်ဝိုင်းပုံစီးပွားရေး (Circular Economy) နှင့် အပြာရောင်စီးပွားရေး (Blue Economy) မော်ဒယ်များသည် သဘာဝအရင်းအမြစ်များကို အလွန်အကျွံသုံးစွဲခြင်းမှ ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချနိုင်ရေးသို့ ပြောင်းလဲစေသော အဓိက လမ်းညွှန်ချက်များဖြစ်လာနေသည်။ ဤစနစ်များအားလုံး၏ အခြေခံတန်ဖိုးမှာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ခြင်း၊ တန်ဖိုးမြှင့်အသုံးချခြင်းနှင့် မျိုးဆက်သစ်များအတွက် အရင်းအမြစ်များ ဆက်လက်ကျန်ရှိစေရန် အာမခံပေးခြင်းတို့ဖြစ်သည်။
သစ်တောသယံဇာတပေါကြွယ်ဝမှုနှင့် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေသည် ဖြစ်သည့်အတွက် သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ သစ်တောများသည် စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့်အတွက် စီးပွားရေးတည်ငြိမ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အနာဂတ်အတွက် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုအဖြစ်သတ်မှတ်ကာ တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ခေတ်မီနည်းစနစ်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ကာ သစ်တောသယံဇာတများ ထိန်းသိမ်းနိုင်ရန်၊ သစ်တောကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သစ်တောထိန်းသိမ်းရေးနှင့် သစ်တောအခြေခံ ဖွံ့ဖြိုးတိုးတက်မှုများကို စနစ်တကျပေါင်းစပ် ဆောင်ရွက်နိုင်ပါက စီးပွားရေးတိုးတက်မှု၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို သဟဇာတမျှတစွာ တစ်ပြိုင်နက်တည်း အောင်မြင်နိုင်မည်ဖြစ်သည်။
တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် သဘာဝတောများကို ရေရှည်တည်တံ့စေရန် စနစ်တကျစီမံ အုပ်ချုပ်ခြင်း၊ တောနိမ့်တောကျဲပါး နေရာများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ဂေဟစနစ်အမျိုးမျိုးတွင် သစ်တောစိုက်ခင်းများ ပြန်လည်တည်ထောင်ခြင်း၊ သစ်တောနယ်မြေပြင်ပသစ်ပင်များ (Trees Outside Forests) စိုက်ပျိုးထိန်းသိမ်းခြင်း၊ သစ်ပင် သစ်တောစိုက်ပျိုး ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး တက်ကြွစွာပူးပေါင်းပါဝင်ခြင်းဖြင့် သစ်တောဖုံးလွှမ်းမှုများတိုးပွားလာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာနိုင်မည်ဖြစ်ပါကြောင်း “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” ကို ဂုဏ်ပြုအပ်ပါသည်။ ။

စီးပွားရေး (Blue Economy) ပင်လယ်သမုဒ္ဒရာနှင့် ကမ်းရိုးတန်းများတွင် သဘာဝသယံဇာတများကို ကာကွယ်ခြင်း၊ ပြန်လည်တည်ထောင်ထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး
နိုင်သော စီးပွားရေးလုပ်ငန်းများစွာကို စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေမည့် စီးပွားရေးပုံစံသည် အပြာရောင်စီးပွားရေး (Blue Economy) ဖြစ်သည်။ ကမ်းရိုးတန်းသစ်တောများနှင့် ဒီရေတော များသည် အပြာရောင်စီးပွားရေး၏ အခြေခံအင်ဂျင်တစ်ခုဖြစ်သည်။

ဝါး ဆိုသည်မှာ အမြစ်ဆုံမှ အပင်များပွား၍ တစ်စုတည်းပေါက်တတ်ပြီး ပင်စည်ကိုစိတ်ဖြာ၍ ထရံ၊ တောင်း စသည် ရက်လုပ်ရသောအပင်ဟူ၍ မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယပြီးလျှင် ဝါးဖြစ်ထွန်းမှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် အလေ့ကျပေါက်ရောက်လျက်ရှိသည်။ ၎င်းတို့အနက် ဝါးပိုးဝါး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ထီးရိုးဝါး၊ ဝါးမင်း အစရှိသည့်ဝါးများမှာ စီးပွားရေးအရ ဈေးကွက်ဝင်သည့် ဝါးပင်အမျိုးအစားများဖြစ်ကြသည်။
ဝါးပင်များသည် ကမ္ဘာ့ကြီးထွားမှုအမြန်ဆုံး အပင်အမျိုးအစားဖြစ်၍ တစ်ရက်လျှင် တစ်မီတာအထိ မြင့်မားနိုင်ပြီး နှစ်ရှည်ခံသည့်အပင်အမျိုးအစားဖြစ်သည်။ ဝါးပင်များသည် လေထုထဲရှိ များစွာသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို စုပ်ယူနိုင်စွမ်းရှိခြင်း၊ အမြစ်ဖွဲ့စည်းမှု ကျစ်လျစ်ခိုင်မာသည့်အတွက် မြေဆီလွှာရေတိုက်စားမှုကို အထူးကာကွယ်ပေးနိုင်ခြင်း၊ ရာသီဥတုပူနွေးမှုကို လျှော့ချသည့်နေရာတွင် ကူညီပေးနိုင်ခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အထူး အကျိုးပြုသည့်အပင်ဖြစ်သည်။
သဘာဝတရား၏ လက်ဆောင်ဖြစ်သော ဝါးကို စားသောက်ကုန်(Food Stuff) (ဥပမာ- မျှစ်၊ မျှစ်ချဉ်၊ မျှစ်ခြောက်)၊ ဆောက်လုပ်ရေး (Construction)(ဥပမာ- ဝါးတဲ၊ ဝါးအိမ်၊ ဝါးတံတား၊ နှီး ဘုရား)၊ သယ်ယူပို့ဆောင်ရေး (Tran-sportation)(ဥပမာ-ဝါးဖောင်၊ နွားလှည်း၊ ထမ်းစင်)၊ ဆေးဝါး (Medicine)(ဥပမာ-Bamboo Acid ၊ Cosmetics ၊ Bamboo ash)၊ လူသုံးကုန်ပစ္စည်း(Commodities) (ဥပမာ- စက္ကူ၊ ယပ်တောင်၊ ဖျာ၊ တောင်း၊ ခြင်း)၊ ဝါးအမျှင်(Bamboo Fiber)(ဥပမာ- ဝါးချည်မျှင်) စသည်ဖြင့် နေရာအမြောက်အမြားတွင် အသုံးပြုနိုင်သည်။ ဝါးသည် မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့ အပြားတွင် အလွယ်တကူရရှိ စိုက်ပျိုးနိုင်သော တန်ဖိုးမဖြတ်နိုင်သည့် သယံဇာတဖြစ်သည်။ သို့ဖြစ်၍ ဒေသခံများအနေဖြင့် နီးစပ်ရာအိမ်သုံးပစ္စည်းများကိုအသုံးပြု၍ ဝါးမှ ဝါးပျော့ဖတ်၊ စက္ကူနှင့် ချည်မျှင်ထုတ်ယူခြင်းတို့အား အလွယ်တကူပြုလုပ်နိုင်မည့် ဒေသန္တရနည်းလမ်းများကို လက်တွေ့အသုံးချဗဟုသုတအဖြစ် စာရေးသူလေ့လာမှတ်သားမိသမျှ မျှဝေလိုပါသည်။
ဝါးရွေးချယ်ခြင်း
စက်ပစ္စည်းအကြီးစားများမသုံးဘဲ ဒေသန္တရနည်းလမ်းဖြင့် ဝါးပျော့ဖတ်ထုတ်လုပ်ပုံသည် ရှေးကျသော်လည်း စနစ်ကျသည်။ ဒေသန္တရနည်းလမ်းဖြင့် ဝါးမှ ဝါးပျော့ဖတ်ပြုလုပ်ခြင်းသည် အဆင့်ဆင့်ဆောင်ရွက်ရသော လက်မှုပညာရပ်တစ်ခုဖြစ်ပြီး အချိန်ယူရသော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နည်းလမ်းတစ်ခုဖြစ်သည်။ ပထမဆုံးအဆင့်မှာ အသုံးပြုမည့်ရည်ရွယ်ချက်အပေါ်မူတည်၍ သင့်လျော်သောဝါးကို ရွေးချယ်ဖြတ်တောက်ခြင်းဖြစ်သည်။
လက်မှုစက္ကူ (Handmade Paper) ပြုလုပ်ရန်အတွက် ရက် ၄၀ မှ ရက် ၅၀ ခန့်သက်တမ်းရှိ ဝါးနုများအားလည်းကောင်း၊ ဝါးချည်မျှင်ထုတ်ယူရန်အတွက် အမျှင်ဓာတ်(Cellulose) အားကောင်းပြီး ရင့်မာ သည့် သက်တမ်းသုံးနှစ်အထက်ရှိ ဝါးရင့်များကိုလည်းကောင်း ရွေးချယ်အသုံးပြုကြရမည်။
လက်မှုစက္ကူ (Handmade Paper)ပြုလုပ်ခြင်း
စက္ကူအတွက် ဝါးကိုပျော့ဖတ်ပြုလုပ်ရာတွင် စက်မပါဘဲလက်နှင့်ထောင်းရမည်ဖြစ်၍ အမျှင်နုသည့် ဝါးပိုးဝါး သို့မဟုတ် ဝါးနု (အသက်တစ်နှစ်အောက်) ကို အသုံးများသည်။ ရွေးချယ်ပြီးသော ဝါးကိုခုတ်ဖြတ်ပြီးနောက် အကိုင်းအခက်များနှင့် အခွံမာများကိုခွာထုတ်ပစ်ရသည်။ ဝါး၏အပြင်ခွံအစိမ်းရောင်ကို ဓားနှင့်ခြစ်ထုတ်ပစ်ရသည်(ဒါမှသာ စက္ကူအရောင်ဖြူမည်ဖြစ်သည်)။ ထို့နောက် ဝါးချောင်းများကို အရှည် ၁ မီတာ သို့မဟုတ် ၃ ပေခန့်ရှိ အတုံးများဖြတ်ကာ ထပ်မံ၍အစင်းလိုက်ခွဲခြမ်းရသည်။ အချို့သော ဒေသဆိုင်ရာနည်းလမ်းများတွင် ဝါးစများကိုရေစိမ်ခြင်း မပြုမီ နေရောင်တွင် ရက်သတ္တပတ်များစွာလှန်းလေ့ရှိသည်။
၎င်းနောက် ဝါးကိုအစိတ်စိတ်ပိုင်းပြီး ထုံးရည်(Lime Water) သို့မဟုတ် ရိုးရိုးရေထဲတွင် ပျော့အိသွားသည်အထိ စိမ်ထားရသည်။ ဝါးစများကို ထုံးရည်ကြည်ထဲတွင် နှစ်မြှုပ်ထားရသည်။
ဤလုပ်ငန်းစဉ်သည် ဝါးအတွင်းရှိ အညစ်အကြေးများ၊ ကစီဓာတ်နှင့် အဆီဓာတ်များကို ဖယ်ရှားပေးပြီး အမျှင်များကို စတင်ပြိုကွဲစေသည်။ ဤသို့စိမ်ခြင်းကို အနည်းဆုံး နှစ်လကြာပြုလုပ်ရလေ့ရှိပြီး အချို့နည်းလမ်းများတွင် ထုံးရည်စိမ်ပြီးနောက်၊ နောက်ထပ်နှစ်လကြာ ရေသန့်ဖြင့် ထပ်မံစိမ်သည်။
ထုံးရည်စိမ်ပြီးသောဝါးများကို ရေစင်အောင်ဆေးကြောပြီး အိုးကြီးများတွင်ထည့်၍ရက်အတန်ကြာပြုတ်ပေးရသည်။ ဝါးပြားငယ်များကို ဒယ်အိုးကြီးကြီးထဲထည့် ၍ ပြာရည် သို့မဟုတ် ထုံးရည်နှင့်ရောပြီး ၁၂ နာရီမှ ၂၄ နာရီအထိ မီးအေးအေးနှင့် ပြုတ်ရသည်။ စက်မှုဇုန်သုံး ဓာတုဆေးများအစား အိမ်သုံးမီးဖိုမှထွက်သောပြာ သို့မဟုတ် ထုံးကို အသုံးပြုကြသည်။
ဤနည်းသည် ဝါးထဲတွင်ရှိသည့် အစေးနှင့် အမျှင်များကို ခွဲထုတ်ပေးပြီး လက်နှင့်ထောင်း၍ရအောင် ပျော့သွားစေသည်။
ဤအဆင့်သည် စက်အစား လူအားသုံးရသည့် အရေးကြီးဆုံးအဆင့်ဖြစ်သည်။
ပြုတ်ပြီးသားဝါးဖတ်များကို ရေစင်အောင်ဆေးပြီး ဆုံထဲတွင်ထည့်ထောင်းရသည်။ အချို့က ရှေးရိုးကျောက်ပြားကြိတ်စက် သို့မဟုတ် ရေအားသုံးထုစက်များဖြင့် ကြိတ်ခြေကာ ပျော့ဖတ်အဖြစ်ပြုလုပ်သည်။ ယနေ့ခေတ်တွင် အချို့နေရာများ၌ လျှပ်စစ်ဓာတ်အားသုံး ကြိတ်စက်များကိုပါ အသုံးပြုလာကြသည်။ ဝါးဖတ်များ အဖတ်မတင်တော့ဘဲ ဝါဂွမ်းကဲ့သို့ အမျှင်နုလေးများဖြစ်သွားသည်အထိ အချိန်ယူထုထောင်းရသည်။ ဒေသန္တရအခေါ် ဝါးချွဲဖြစ်အောင်လုပ်ခြင်းဖြစ်သည်။ ကြိတ်ခြေထားသောအရာကို ရေဖြင့်ထည့်မွှေကာ ရွှံ့ညွန်ကဲ့သို့ အရည်ပျစ်(Slurry)အဖြစ် ပြုလုပ်သည်။
ဤအဆင့်တွင် ဝါးအမျှင်များသည် တစ်ခုနှင့်တစ်ခု သီးခြားစီကွဲထွက်သွားသည်။
နောက်ဆုံးအဆင့်သည် ရရှိလာသော ဝါးပျော့ဖတ်ကို သန့်စင်အောင်ဆေးကြောခြင်းဖြစ်သည်။ ထောင်းထားသည့် ဝါးပျော့ဖတ်များကို ရေကန်အငယ်စားထဲထည့်ဖျော်၍ ပျော့ဖတ်များရေထဲတွင် ညီညီညာညာပျံ့နှံ့နေအောင် သစ်သားတုတ် သို့မဟုတ် ဝါးလှော်တက်ဖြင့် မွှေပေးရသည်။ ကျန်ရှိနေသော အညစ်အကြေးများ၊ အဖတ်မာများကို လက်ဖြင့်ဖြစ်စေ၊ ကိရိယာငယ်ဖြင့်ဖြစ်စေထုတ်ပစ်ရသည်။ သန့်စင်ပြီးသော ဝါးမျှင်များကို ဝါးသားကွက် သို့မဟုတ် ပိတ်စပတ်ထားသည့် မှန်ပေါင်ကဲ့သို့သော ဆန်ခါ (Mold) ကို သုံးပြီး ရေကန်ထဲရှိ ပျော့ဖတ်များကို ဆယ်ယူရသည်။ ရေစစ်သွားသည့်အခါ ဆန်ခါပေါ်တွင် ပျော့ဖတ်အလွှာပါးလေး တင်ကျန်ခဲ့မည်ဖြစ်သည်။ ဤသို့ဖြင့် စက္ကူလုပ်ရန် အသင့်ဖြစ်နေသော ဝါးပျော့ဖတ်ကိုရရှိသည်။
ဆန်ခါပေါ်တွင်တင်နေသည့် စိုစွတ်နေသော စက္ကူချပ်ကို နေပူထဲတွင် အခြောက်ခံရသည်။ လုံးဝခြောက်သွားသည့်အခါ ဆန်ခါပေါ်မှ အသာအယာခွာယူခြင်းဖြင့် ဝါးစက္ကူ (Bamboo Paper)ကို ရရှိမည်ဖြစ်သည်။ ဤသို့ပြုလုပ်ထားသော စက္ကူသည် စက်ရုံထုတ်ကဲ့သို့ ချောမွေ့ခြင်းမရှိသော်လည်း အလွန်တာရှည်ခံပြီး မင်စုပ်ယူမှုအားကောင်းသဖြင့် ပန်းချီဆွဲခြင်း၊ လက်ဆောင်ဘူးပြုလုပ်ခြင်းနှင့် လက်မှုပစ္စည်းများပြုလုပ်ရာတွင် အလွန်အသုံးဝင်သည်။
အဆိုပါ လက်မှုနည်းဖြင့် ထုတ်လုပ်ထားသည့် ဝါးစက္ကူချပ်များကို စာရေးရလွယ်ကူပြီး ကြည့်ကောင်းသည့် အဆင့်မြင့်ထုတ်ကုန်ဖြစ်လာအောင် အချောသပ်သည့် (Finishing) နည်းလမ်းများလည်းရှိသည်။ နေလှန်းပြီးသား စက္ကူများသည် အနည်းငယ်ကောက်ကွေးနေတတ်သည်။
ယင်းကို ပြေပြစ်သွားအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဖော်ပြပေးပါမည်။
ကျောက်ချောတိုက်ခြင်း (Stone Burnishing) ဤနည်းလမ်းသည်ရှေးကျပြီး အလွန်ထိရောက်သည့် နည်းလမ်းဖြစ်သည်။ စက္ကူချပ်ကိုညီညာသော သစ်သားပြားပေါ်တင်ပြီး ချောမွေ့သည့် မြစ်ကျောက်ခဲ သို့မဟုတ် ဖန်ခွက်အောက်ခြေနှင့်ဖိပြီးအထက်အောက် ပွတ်ပေးခြင်းဖြင့် စက္ကူသားပိုမိုသိပ်သည်းသွားပြီး ပြောင်ချောလာသည့်အတွက် မင်သားထင်လွယ်စေသည်။
မီးပူတိုက်ခြင်း (Ironing) ခေတ်သစ်နည်းလမ်းအရ အိမ်သုံးမီးပူကိုအသုံးပြု၍ စက္ကူချပ်ပေါ်တွင် ပိတ်စပါးပါးလေးအုပ်ပြီး မီးပူအေးအေးဖြင့် တိုက်ပေးခြင်းဖြင့် စက္ကူ၏အစိုဓာတ်ကို ထပ်မံဖယ်ရှားပေးပြီး မျက်နှာပြင်ကို တညီတညာတည်းဖြစ်စေသည်။
စာရေးနိုင်ရန် အနားသတ်ခြင်း (Sizing for Writing) အကယ်၍ ပျော့ဖတ်ကန်ထဲတွင် ကစီဓာတ်မထည့်ခဲ့ရလျှင် ယခုအချောသပ်အဆင့်တွင် လုပ်ဆောင်နိုင်သည်။ တိရစ္ဆာန်ကော် သို့မဟုတ် ဂျယ်လတင် (Gelatin) အရည်ကျဲလေးကို စုတ်တံဖြင့် စက္ကူမျက်နှာပြင်ပေါ် သုတ်ပေးခြင်းဖြင့် စက္ကူ၏ချွေးပေါက်လေးများပိတ်စေ၍ ဖောင်တိန် သို့မဟုတ် စုတ်တံဖြင့် ရေးသည့်အခါ မင်များဘေးပြန့်ခြင်းမရှိနိုင်တော့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဒေသန္တရနည်းဖြင့်ပြုလုပ်ထားသည့် ဝါးစက္ကူများအား ရှမ်းစက္ကူထီး၊ မီးပုံးနှင့် ယပ်တောင်များ၊ ဝါးစက္ကူပန်းချီကားများပြုလုပ်ခြင်းနှင့် လက်ဖက်ခြောက်ထုပ်ခြင်း (ဝါးစက္ကူသည် လေဝင်လေထွက်ကောင်းပြီး အနံ့ကိုထိန်းသိမ်းပေးနိုင်သည်) စသည့်နေရာများတွင် အမြတ်တနိုးသုံးစွဲကြသည်။ ဖော်ပြပါနည်းစနစ်ကိုအခြေခံ၍ မိမိတို့အိမ်တွင် ဝါးစက္ကူများအား စမ်းသပ်ထုတ်လုပ်ကြည့်နိုင်သည်။
ဝါးချည်မျှင်ပြုလုပ်ခြင်း
ဝါးမှတစ်ဆင့်ချည်မျှင် (Bamboo Fiber) ထုတ်ယူသည့် ဒေသန္တရနည်းလမ်းမှာ စက္ကူပြုလုပ်ပုံနှင့် ဆင်တူသော်လည်း အမျှင်ရှည်ရှည်ရရှိနိုင်ရန် ပိုမိုဂရုစိုက်ရသည့် နည်းလမ်းဖြစ်သည်။ စက္ကူပြုလုပ်သကဲ့သို့ ဝါးနုကိုမသုံးရပါ။ အမျှင်ဓာတ်(Cellulose) အားကောင်းပြီး ရင့်မာသည့် ဝါးရင့် (သက်တမ်းသုံးနှစ်အထက်)ကို သုံးရသည်။ ဝါးလုံးကို အဆစ်များဖယ်၍ အလွှာပါးပါးလေးများဖြစ်အောင် ဓားနှင့်ခြစ်ရသည်။ အလွှာပါးလေလေ ဆေးရည်စိမ့်ဝင်ပြီး အမျှင်ထုတ်ရလွယ်လေလေ ဖြစ်သည်။ ဝါး၏အမျှင်များကို ပေါင်းစည်းထားသည့် အစေး(Lignin)များကို ဖယ်ရှားနိုင်ရန် သဘာဝအင်ဇိုင်း သို့မဟုတ် ထုံးရည်ဖြင့်စိမ်ရသည်။ ဝါးလွှာများကို ထုံးရည် သို့မဟုတ် သစ်သားပြာများဖျော်ထားသည့် ပြာရည်ထဲတွင် အနည်းဆုံး တစ်ပတ်မှ နှစ်ပတ်အထိ စိမ်ထားရမည်။
၎င်းသည် ဝါးသားကိုနူးညံ့စေပြီး အမျှင်ဓာတ်များကို အခြားအသားများမှ ကွဲထွက်စေသည်။
အမျှင်ထုတ်ခြင်း (Mechanical Extraction) ဤအဆင့်တွင် စက်မသုံးဘဲ လက်ဖြင့် အမျှင်ဆွဲထုတ်ရသည်။ နူးညံ့သွားသည့် ဝါးပြားလေးများကို သစ်သားတူနှင့် ထုရိုက်ပြီး ပွတက်လာသည့် ဝါးသားများကို ဓား သို့မဟုတ် သံဘီး(Comb) နှင့် အသားများကွာကျပြီး ဝါးအမျှင်ဖြူဖြူလေးများ ကျန်ရစ်သည်အထိ အထပ်ထပ်ခြစ်ချရသည်။ ရလာသည့်အမျှင်များကို ရေစင်အောင်ဆေးပြီး နေလှန်းရသည်။ ပိုဖြူလိုပါက ရှေးနည်းအရ ဆန်ဆေးရည်ထဲတွင်စိမ်ပြီး နေလှန်းခြင်းမျိုး လုပ်ဆောင်နိုင်သည်။
ချည်ငင်ခြင်း (Spinning) ခြောက်သွေ့သွားသည့်ဝါးအမျှင်များကို ဗိုင်းငင်သကဲ့သို့ သို့မဟုတ် ချည်ငင်သည့် စက်ကလေးဖြင့်လှည့်ပြီး ဝါးချည်မျှင် (Bamboo Yarn) အဖြစ် ပြောင်းလဲရယူသည်။ ၎င်းချည်မျှင်များဖြင့် အထည်ရက်လုပ်ခြင်း၊ ခြင်းတောင်းရက်ခြင်းတို့တွင် အသုံးပြုနိုင်သည်။ ဝါးချည်ဖြင့် ရက်ထားသောအထည်သည် နွေရာသီတွင် အလွန်အေးမြသည်။ သဘာဝအတိုင်း ပိုးမွှားဒဏ်ခံနိုင်သည့် ဂုဏ်သတ္တိ (Bamboo Kun) ပါဝင်သည်။ ချွေးစုပ်ယူမှုအလွန်ကောင်းမွန်သည်။ ဒေသန္တရနည်းဖြင့်ထုတ်ယူသည့်အတွက် ဝါးအမျှင်များသည် စက်ရုံထုတ်ကဲ့သို့ သေးငယ်ညက်ညောခြင်းမရှိနိုင်သော်လည်း ရိုးရာလက်မှုအိတ်၊ ဖျာနှင့် ခိုင်ခံ့သည့် အထည်ကြမ်းများရက်လုပ်ရန် အလွန်သင့်လျော်သည်။
ယခုအခါ ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာနှင့် ခေတ်မီစက်ကိရိယာများပေါင်းစပ်တီထွင်လာမှုဖြင့် တန်ဖိုးမြင့်ဝါးထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ ဝါးအထပ်သား၊ ဝါးဖျာဘုတ်ပြား၊ Bamboo Particle Board၊ Bamboo Lumber များ ထုတ်လုပ်သုံးစွဲလာနိုင်ပြီဖြစ်ရာ သစ်၏နေရာတွင် အစားထိုးအသုံးပြုနေကြပြီဖြစ်သည်။ ထို့ပြင် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာမှထွက်ရှိလာသည့် ဝါးအပိုင်းအစများကို ဝါးမီးသွေးထုတ်လုပ်ခြင်း၊ ဝါးအချဉ်ရည်မှ လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးများထုတ်လုပ်ခြင်း၊ ဝါးအမျှင်မှအဝတ်အထည်များ ထုတ်လုပ်ခြင်း စသည်ဖြင့် ဝါးပင်မှထုတ်ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်သည်။ သို့ဖြစ်၍ ကျေးလက်နေပြည်သူများအတွက် လက်တစ်ကမ်းတွင်ရှိနေသော ဝါးပင်များကို စနစ်တကျစိုက်ပျိုး ထုတ်လုပ်အသုံးချခြင်းဖြင့် ဝင်ငွေတိုးစေရန် ရေးသားဖော်ပြလိုက်ရပါသည်။ ။

နိုင်ငံတော်နှင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခန်းကဏ္ဍတစ်ခုမှ အကျိုးပြုနေသည့် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း (မယ်ယန်း)တွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကျွန်တော်သွားရောက်လေ့လာခဲ့ပါသည်။
ထိုသို့သွားရောက်လေ့လာစဉ် ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဇော်က “ကျွန်တော်တို့ဌာနရဲ့ ကုန်သွယ်ရေးလုပ်ငန်းစဉ်တွေကို ပြည်သူတွေ ပိုမိုသိရှိနားလည် လာမယ်ဆိုရင်လုပ်ငန်းတွေ ပိုမိုလွယ်ကူမြန်ဆန်ကောင်းမွန်ရုံသာမက ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ မြို့တစ်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ စီးပွားရေးက အဓိကဖြစ်ပါတယ်။ တာချီလိတ်မြို့ဟာ အခုဆို အရင်ကနဲ့မတူဘဲ ပိုမိုဖွံ့ဖြိုးတိုးတက်နေတာကိုတွေ့နိုင်ပါတယ်။
“တချို့ကထင်မယ်၊ ထွက်ကုန်သီးနှံလည်းမရှိ၊ ထုတ်ကုန်လည်းမရှိဘူး။ နိုင်ငံခြားမှာနေတဲ့ သားသမီးတွေရဲ့ ထောက်ပံ့မှုကြောင့်လားပေါ့။ တကယ်တော့ ကုန်သွယ်ရေးကဏ္ဍက တစ်စိတ်တစ်ပိုင်းပါဝင်နေတယ်လို့ ဆိုချင်ပါတယ်။ ဥပမာသီးနှံတွေဆိုရင် ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံအထိ ပို့ရပါတယ်။ ပြောရမယ်ဆိုရင် ဒီနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ကျက်သရေဆောင်နေရာ တစ်ခုလို့တောင် တင်စားပြောနိုင်ပါတယ်”ဟု ပြောကြားသည်။
တာချီလိတ်မြို့သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာ
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံအားဖြင့်ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးစသည့်ကဏ္ဍများ ကောင်းမွန်ရန် အဓိကကျသလို နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု၊ အလုပ် အကိုင်အခွင့်အလမ်း၊ ကူးသန်းရောင်းဝယ်ရေး စသည့်ကဏ္ဍအသီးသီးတို့ ဘက်ပေါင်းစုံ ပြည့်စုံကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ရှမ်း ပြည်နယ် (အရှေ့ပိုင်း)ရှိ တာချီလိတ်မြို့လေးသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ပြီး ရေကြီးရေလျှံသဘာဝဘေးကြုံတွေ့ရမှုကြောင့် တိုးတက်မှုအချို့ လျော့နည်းခဲ့ရသည်လည်းရှိပါသည်။
တာချီလိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်အကျိုးပြုလျက်ရှိသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကျဉ်းမျှတင်ပြလိုပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနတို့၏ မူဝါဒများနှင့်အညီ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များချမှတ်ကာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် “ကုန်သွယ်ဖွံ့ဖြိုး ပြည်သူ့အကျိုး”ဟူသော ဆောင်ပုဒ်အတိုင်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါသည်။
ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ကုန်သွယ်မှုဖြင့် အမျိုးသားအကျိုးစီးပွားကို တိုးတက်မြင့်မားစေရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုပတ်ဝန်းကျင်ကောင်းမွန်စေရေး၊ မှန်ကန်မျှတသော ကုန်သွယ်မှုစနစ်ဖြစ်စေရေး ထိန်းညှိဆောင်ရွက်ရန်၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးပေးနိုင်ရန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်စေမည့် လုပ်ငန်းစဉ်များကို ဖြေလျှော့၍ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြု၍ ပံ့ပိုးကူညီရန်၊ နိုင်ငံစုံနှင့် ဒေသတွင်းကုန်သွယ်မှုစနစ်များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးများ တိုးမြှင့်တည်ဆောက်ရန်၊ ကုန်သွယ်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အစိုးရနှင့်ပုဂ္ဂလိက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်ဆိုသည့် ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိ
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ စီးပွားရေးအတွက် မောင်းနှင်အားဖြစ်သလို ပြည်သူများ၏ နေ့စဉ်လူမှုဘဝ တိုးတက်မြင့်မားရေးအပေါ် ထိရောက်စေမည်လည်းဖြစ် သည်။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိခြင်း၊ ပို့ကုန်များမှတစ်ဆင့် နိုင်ငံခြားငွေများ စီးဝင်လာစေပြီး နိုင်ငံတော်၏ အရန်ငွေကြေးများကို ခိုင်မာစေမည်လည်း ဖြစ်ပါသည်။ ကုန်သွယ်မှုမှရရှိသော အကောက်ခွန် (Customs Duty) နှင့် ကုန်သွယ်လုပ်ငန်းခွန်များသည် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံစသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်အတွက် အဓိကဘဏ္ဍာငွေအရင်းအမြစ်များ ရရှိစေမည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) မြင့်မားတိုးပွားစေခြင်း၊ ကုန်သွယ်မှုပမာဏများပြားလာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းကို တိုက်ရိုက်အထောက်အကူပြု စေမည်လည်းဖြစ်သည်။
အလားတူ အာဆီယံနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာ့စီးပွားရေး အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခြင်းလည်းဖြစ်သည်။ ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းကြောင့် ပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်သည်။ မရှိမဖြစ်လိုအပ်သည့် စားဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများကို မူဝါဒဖြင့် စနစ်တကျ တင်သွင်းခွင့်ပြုခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုမဖြစ်စေရေး အထောက်အကူဖြစ်စေမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ကုန်သွယ်မှုပြုခြင်းဖြင့် ခေတ်မီစိုက်ပျိုးရေးနည်း ပညာများ၊ စက်မှုနည်းပညာများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများ ပြည်တွင်းသို့ရရှိမည်ဖြစ်သည်။ နယ်စပ်သွင်းကုန်များ၏ အရည်အသွေးများကို စနစ်တကျ စစ်ဆေးကြပ်မတ်ပေးခြင်းကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းသည့် အစားအသောက်နှင့် အရည်အသွေးမီလူသုံးကုန်ပစ္စည်း များကို သုံးစွဲနိုင်မည်ဖြစ်သည်။
အဓိကအားဖြင့် ပို့ကုန်များမှ ရငွေများဖြင့် နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်စေရန် အထောက် အကူပြုခြင်း၊ သွင်းကုန်အစားထိုးခြင်းကြောင့် ပြည်တွင်း MSME လုပ်ငန်းများ တိုးတက်အောင်မြင်လာနိုင်ခြင်း၊ Tradenet 2.0 စနစ် ဆောင်ရွက်ပေးမှုမှ လုပ်ငန်းရှင်များအတွက် အချိန်နှင့်ကုန်ကျ စရိတ် သက်သာစေခြင်းစသည့် အကျိုးဖြစ်ထွန်းမှုများ ရရှိစေမည်ဖြစ်သည်။ ကုန်သွယ်ရေးမူဝါဒသည် နိုင်ငံတော်အတွက် ‘‘ဝင်ငွေ’’ ရှာပေးပြီး၊ ပြည်သူများအတွက် ‘‘အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး’’ကို ဖော်ဆောင်ပေးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပေသည်။
နိုင်ငံအတွက်အဓိက ဝင်ငွေရှာပေးနေသော ပို့ကုန်များအနေဖြင့် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နနွင်းတက်၊ မန်ကျည်းသီး(အစေ့မပါ)၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ပြောင်း၊ ဝဥ(အစို၊အခြောက်)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကော်ဖီစေ့၊ ဆီးသီးခြောက်၊ ဆီးဆန်၊ ကွမ်းသီး၊ ကွမ်းစားဂမုန်း၊ လက်ဖက်ခြောက်၊ လိမ္မော်သီး၊ ထောပတ်သီး၊ ငရုတ်သီး (စိမ်း၊ ခြောက်)၊ ဆေးရွက်ကြီးဖြတ်စ၊ ဆီးဖြူသီးခြောက်၊ ရွှေဖရုံသီး၊ ဖာလာစေ့၊ ရှောက်ကောစေ့နှင့် ရော်ဘာစေး၊ ဝါး(သေး)၊ သစ်ခေါက်၊ တံမြက်စည်း၊ အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ဖြတ်စများ၊ စက္ကူဖြတ်စများ၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးခြောက်၊ ပုစွန်ခြောက်၊ တိရစ္ဆာန်ထွက်ပစ္စည်း(ဆိတ်အရှင်) သဘာဝသယံ ဇာတပစ္စည်းများဖြစ်သည့် သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် သတ္တုရိုင်းများ စသည့်ကုန်ပစ္စည်းများဖြစ်သည်။
တင်သွင်းမှုလိုင်စင်များ စနစ်တကျ ခွင့်ပြုပေး
ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော သွင်းကုန်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း များ၊ စက်ရုံသုံးစက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ စက်သုံးဆီ (Diesel/ Petrol)၊ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ အထည်ချုပ်လုပ်ငန်းသုံး အထည်လိပ်များ ဖြစ်ပေသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်များ ဆောင်ရွက်နေရာတွင်နိုင်ငံ၏ စားရေရိက္ခာဖူလုံစေရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အရည်အသွေးမမီသည့်ဆေးဝါးများ၊ အစား အသောက်များ ဝင်မလာစေရန် FDA နှင့် ပူးပေါင်းစစ်ဆေးခြင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းမှန်ကန်စေရေး တင်သွင်းမှုလိုင်စင်များအား စနစ်တကျ ခွင့်ပြုပေးခြင်းတို့ ဆောင်ရွက်လျက် ရှိပေသည်။
လက်ရှိတွင် ကုန်သွယ်ရေးဦးစီးဌာနအောက် ဖွင့်လှစ်ထားသည့် အဓိကနယ်စပ်ကုန်သွယ်ရေးစခန်း (Border Trade Posts) များမှာ မြန်မာ- တရုတ်နယ်စပ် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ၊ မြန်မာ-ထိုင်းနယ်စပ် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး၊ မြိတ်၊ မောတောင်၊ မြန်မာ- အိန္ဒိယနယ်စပ်၊ တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေ၊ မောင်တော၊ မြန်မာ-လာအိုနယ်စပ် ကျိုင်းလပ်၊ ဝမ်ပုံဆိပ်ကမ်းတို့ ဖြစ်သည်။ ယခုအခါ နယ်စပ်ကုန်သွယ်ရေးလိုင်စင် များကို Tradenet 2.0 စနစ်ဖြင့် Online မှ လျှောက်ထားနိုင်မည်ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုနှင့် ထိုင်း-မြန်မာနယ်စပ်တွင် ဘတ်/ကျပ် တိုက်ရိုက် ပေးချေမှုစနစ်များကို ခွင့်ပြုပေးထားသဖြင့် လုပ်ငန်း ရှင်များ များစွာအဆင်ပြေအကျိုးရှိနေသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်နယ်စပ်ဂိတ်သည် မြန်မာ-ထိုင်း ကုန်သွယ်ရေးအတွက်သာမက ဒေသတွင်းခရီးသွားလာရေးအတွက်ပါ အလွန်အရေးပါသည့် ဗျူဟာမြောက်ဂိတ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့ကို ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာသကဲ့သို့ တာချီလိတ်ဝမ်ပုံဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့်လည်း ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ ကုန်သည်များအနေဖြင့် ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ဘဏ်များမှတစ်ဆင့် ဘတ်နှင့်ကျပ်ကို တိုက်ရိုက်လဲလှယ်အသုံးပြုနိုင်သဖြင့် လွယ်ကူလျင်မြန် အဆင်ပြေလျက်ရှိသည်။
အလုပ်အကိုင်များ ပိုမိုဖန်တီးပေးသည်ကိုလည်း တွေ့နိုင်
တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် Online Licensing ကို Tradenet 2.0 စနစ်ဖြင့် သွင်းကုန်/ပို့ကုန်လိုင်စင်များ လျှောက်ထားနိုင်ခြင်း။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတောင်ပိုင်း သို့ ဆက်သွယ်နိုင်ခြင်း၊ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များ လွယ်ကူစွာရရှိခြင်း၊ တောင်သူလယ်သမားများအတွက် ဈေးကွက်ဝင်၍ ဝင်ငွေတိုးစေခြင်း၊ ရော်ဘာနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များအား နယ်စပ်မှတစ်ဆင့် အချိန်တိုအတွင်း ရောင်းချနိုင်သဖြင့် အလေအလွင့်ဆုံးရှုံးမှုနည်းစေခြင်း၊ ငွေကြေးလဲလှယ်မှုလွယ်ကူခြင်းစသည့် ပြည်သူများအတွက် အထိရောက်ဆုံး လက်တွေ့အကျိုးကျေးဇူးများပင်ဖြစ်သည်။ ထို့ပြင် ကုန်သွယ်မှုစည်ကားသည့်အတွက် တာချီလိတ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ ဟိုတယ်နှင့်ဈေးဆိုင်များ အရောင်းအဝယ်ကောင်းမွန်ပြီး အလုပ်အကိုင်များ ပိုမိုဖန်တီးပေးသည်ကိုလည်း တွေ့နိုင်မည်ဖြစ်သည်။
အထူးသဖြင့် ကုန်သည်များအတွက် လွန်စွာအကျိုးဖြစ်ထွန်းသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်အား တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် လျှောက်ထားဆောင်ရွက်နိုင်သဖြင့် လုပ်ငန်းများ လွယ်ကူလျင်မြန်၍ အဆင်ပြေလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin )(CO) ရှိခြင်းဖြင့် ကုန်သွယ်မှုအာမခံနိုင်မည်ဖြစ်သည်။ ကုန်စည်တစ်ခုအားမည်သည့်နိုင်ငံတွင် ထုတ်လုပ်ထားသည်ကို တရားဝင်အာမခံပေးသည့် စာရွက်စာတမ်းဖြစ်သည်။ တာချီလိတ်ကဲ့သို့ နယ်စပ်ဂိတ်များတွင် ပြုလုပ်ဆောင်ရွက်ထားလျှင် လက်တွေ့အကျိုးကျေးဇူးများဖြစ်သော “အကောက်ခွန်သက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့် ရရှိနိုင်မည့် အကြီးမားဆုံး အကျိုးကျေးဇူးဖြစ်သည်”။ မြန်မာနိုင်ငံသည် အာဆီယံ (ASEAN) အဖွဲ့ဝင် ဖြစ်သည့်အတွက် တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းပို့လျှင် (Form-D) ဟုခေါ်သည့် (CO) လက်မှတ်ပါရှိသွားပါက ထိုင်းနိုင်ငံဘက်၌ပေးရမည့် သွင်းကုန်ခွန် (Import Duty) ကို လျှော့ပေါ့ခွင့် (သို့မဟုတ်) ၀ % အထိ ကင်းလွတ်ခွင့် ရရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် မိမိ၏ကုန်ပစ္စည်းသည် အခြားနိုင်ငံမှ ကုန်ပစ္စည်းများထက် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း ပိုမိုရရှိမည်ဖြစ်ပြီး၊ ကုန်ပစ္စည်း၏ အရည်အသွေးနှင့် ယုံကြည်မှု (Credibility)အား ဝယ်ယူသူ (Buyer)ဘက်မှ မြန်မာနိုင်ငံ၏ တရားဝင်ထုတ်လုပ်သည့်ကုန်ပစ္စည်းဖြစ်ကြောင်း ယုံကြည်စိတ်ချမှု ပိုမိုရရှိစေမည်ဖြစ်သည်။ အထူးသဖြင့် လယ်ယာထွက်ကုန် များတွင် ပင်ရင်းနိုင်ငံကို အတိအကျသိမှသာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုရှိပြီး သတ်မှတ်တန်ဖိုးရရှိနိုင်မည်ဖြစ်သည်။ CO လက်မှတ်ရှိခြင်း ဖြင့် မိမိကုန်စည်မှာ ပိတ်ပင်ထားသည့် နိုင်ငံမှ လာသည့်ပစ္စည်းမဟုတ်ဘဲ မြန်မာနိုင်ငံကလာသည်ဖြစ်ကြောင်း သက်သေပြနိုင်သည့်အတွက် အဝင်အထွက်ချောမွေ့စေခြင်းကိုလည်း ခံစားနိုင်မည် ဖြစ်သည်။ ဘဏ်အသီးသီးမှ CO လက်မှတ်ကို အဓိကအထောက်အထားစာရွက်စာတမ်း တစ်ခုအဖြစ် တောင်းဆိုလေ့ရှိပြီး၊ အဆိုပါလက်မှတ်ရှိပါက ငွေထုတ်ယူခြင်း၊ သို့မဟုတ် ငွေလွှဲခြင်းများ ပို၍တရားဝင်တိကျစေပါသည်။ လက်ရှိတွင် တာချီလိတ်ကုန်သွယ်ရေးစခန်း၌ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်(Form–D)များကို ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံနှင့် လာအိုနိုင်ငံများသို့ ပို့ကုန်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်အား ထုတ်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ယခုအခါ CO လက်မှတ်များကို Online (Tradenet 2.0)မှတစ်ဆင့် လျှောက်ထားနိုင်ရေး မြန်ဆန်လွယ်ကူစွာဝန်ဆောင်မှုအကောင်းဆုံးဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး များစွာအကျိုးပြု
အလျဉ်းသင့်၍ တင်ပြလိုသည်မှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက်က တာချီလိတ်မြို့နယ်အတွင်း မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား လာရောက်လေ့လာခဲ့သည်ကိုလည်း တွေ့ရသည်။ သံအမတ်ကြီးနှင့်အဖွဲ့သည် တာလော့ ဈေး၊ ရွှေနန်းတော်ကုန်တိုက်တို့တွင် ရောင်းဝယ်ဖောက်ကားနေမှုများ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ကူးသန်းသွားလာနေမှုများ၊ ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် နှစ်နိုင်ငံကုန်စည်စီးဆင်းသွားလာနေမှုများ၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း (မယ်ယန်း) တွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်သွယ်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ခြင်း၊ ထိုမှတစ်ဆင့် မဲခေါင်မြစ်ကမ်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(ဝမ်ပုံ)တွင် ကုန်စည်စီးဆင်းနေမှုအခြေအနေများ သွားရောက် လေ့လာခဲ့သည်ကိုလည်း သိခဲ့ရသည်။ ထိုသို့ သက်ဆိုင် ရာနိုင်ငံများမှ တာဝန်ရှိသူများ လာရောက်လေ့လာ ဆွေးနွေးညှိနှိုင်းခြင်းတို့သည်လည်း ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး များစွာအကျိုးပြု မည့်အပြင် ရေရှည်တည်တံ့ ဖြစ်ထွန်းနေမည်လည်း ဖြစ်ပေသည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရှေးရှုလျက်ချမှတ်ထားသည့်မူဝါဒများ၊ လုပ်ငန်းမျှော်မှန်း ချက်များ၊ ရည်မှန်းချက်များနှင့်အညီ ဝန်ထမ်းများကလည်း နိုင်ငံတော်၏ မှန်ကန်သော ဦးဆောင်မှုအောက်တွင် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသော၊ မိမိဌာနကို ကောင်းအောင်ကြိုးစားသော၊ မိမိ တိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားသော၊ စိတ်ဓာတ်၊ စည်းကမ်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားဆောင်ရွက်မည်ဟူသော ခံယူချက်တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပို့ကုန်သွင်းကုန်လုပ်ငန်းမှ နိုင်ငံတော်ဝင်ငွေအဖြစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လျာထားမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈ သန်းဖြစ်ပြီး၊ အမှန်ရရှိမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၄၂ သန်းကျော်ကိုလည်းကောင်း၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအထိ လျာထားမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၇ သန်းဖြစ်ပြီး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအထိ အမှန်ဝင်ငွေရရှိမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၆ သန်းကျော်ကိုလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ထားနိုင်ကြောင်းလည်း သိရသည်။
သို့ပါ၍ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း (မယ်ယန်း)၊ တာချီလိတ်-ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ တာချီလတ် - ကျိုင်းလပ် ကုန်သွယ်ရေး စခန်းတို့တွင် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး “ကုန်သွယ်ဖွံ့ဖြိုးပြည်သူ့အကျိုး” ဟူသော ဆောင်ပုဒ်အတိုင်း စနစ်တကျ စီမံကြီးကြပ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည် ဖြစ်ရာ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေးအထောက်အကူဖြစ် အကျိုးပြုနေသည့် နယ်စပ်ကုန်သွယ်ရေးသည်လည်း အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
moi

တောင်သူလယ်သမားနေ့ ဂုဏ်ပြုဆောင်းပါး
မြန်မာနိုင်ငံ၏စီးပွားရေး ကုန်ထုတ်လုပ်ငန်းကြီးများအနက် လယ်ယာကဏ္ဍသည် အခြေခံအကျဆုံး လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ စီးပွားရေး၊ လူမှုရေးကဏ္ဍများနှင့် အခြေခံကျစွာအထောက်အပံ့ ပြုလျက်ရှိသည်မှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်သည်။ နိုင်ငံတော်၏ ရေမြေသဘာဝအရင်းအမြစ်၊ လုပ်အား၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဓနအင်အားများအရ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံအဖြစ် ကာလကြာရှည်စွာကပင် အစဉ်တစိုက်ရပ်တည်လာခဲ့သည်။
နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးသည် နိုင်ငံတော်ကဆောင်ရွက်နေသော အမျိုးသားရေးပန်းတိုင်နှစ်ရပ်ဖြစ်သည်။ ထိုအမျိုးသားရေးပန်းတိုင် နှစ်ရပ်အောင်မြင်ရန်အတွက် ပြည်သူတစ်ရပ်လုံးက မိမိတို့ကျရာအခန်းကဏ္ဍတွင် ပါဝင်ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့် တိုင်းကျိုးပြည်ပြုဆောင်ရွက်နေကြသည့် တောင်သူဦးကြီးများ၏ အခန်းကဏ္ဍကလည်း လွန်စွာအရေးကြီးလှသည်။
လူတိုင်းနေ့စဉ် အသက်ရှင်သန်စွာ နေထိုင်နိုင်ရေးအတွက် မဖြစ်မနေအစားအစာ စားသောက်ကြသည်ဖြစ်ရာ ဆန်စပါးသည် နေ့စဉ်စားသုံးမှုအတွက် မရှိမဖြစ် အခြေခံအရာဖြစ်သည်။ သို့ဖြစ်ရာ တောင်သူလယ်သမားဦးကြီးများ၏ ဆန်စပါးစိုက်ပျိုးပေးမှုကြောင့် ပြည်သူများ စားရေရိက္ခာပြည့်ဝစွာနေထိုင်ကြရသည်။
ထို့ကြောင့် တောင်သူလယ်သမားတို့သည် ပြည်သူလူထုအတွက် အဓိက ကျေးဇူးရှင်များ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံများမှာ ပြည်တွင်း၌ အဓိကစားသုံးသည့် သီးနှံဖြစ်သော စပါးနှင့် ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပြည်ပပို့ကုန် ပဲအမျိုးမျိုး၊ ပြောင်း၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ဝါ၊ ကြံနှင့် နှစ်ရှည်ပင်များဖြစ်သည့် ကော်ဖီ၊ ရော်ဘာ၊ မီးဖိုချောင်သုံးသီးနှံ ငရုတ်၊ ကြက်သွန်၊ အာလူးနှင့် သစ်သီးဝလံများ၊ နှစ်ရှည်သီးနှံများအား စိုက်ပျိုးလျက်ရှိသည်။
စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် နည်းလမ်းလေးမျိုးဖြင့်ဆောင်ရွက်သွားရန်လိုသည်။ သီးနှံအလိုက် ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေများ၏ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်မြေဩဇာ သို့မဟုတ် သဘာဝမြေဩဇာများကိုအသုံးပြုရန် လိုအပ်ရာ ဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်ချိန်တွင် ဒေသအလိုက်ရရှိနိုင်သည့် သဘာဝမြေဩဇာကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ထုတ်လုပ်သုံးစွဲ သွားနိုင်ရန်နည်းလမ်းများနှင့် ပညာပေးမှုများရှိပြီးဖြစ်သည့် အလျောက် အဆိုပါနည်းလမ်းများ ရရှိနိုင်ရန် အားထုတ်ကြရန်လည်း လိုအပ်သည်။ ပိုက်ဆန်လျှော်ကဲ့သို့ သစ်စိမ်းမြေဩဇာများစိုက်ပျိုး၍ ထည့်သွင်းအသုံးပြုခြင်း၊ မြေဆွေးများပြုလုပ်သုံးစွဲခြင်း၊ ဓာတ်မြေဩဇာနှင့် ဇီဝမြေဩဇာတို့ကို သဘာဝမြေဩဇာများနှင့် တွဲဖက်၍ အသုံးပြုခြင်း၊ အပင်ကြီးထွားမှုအတွက် လိုအပ်သောသွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ ဒေသနှင့် လိုက်လျောညီထွေဖြစ်စေသည့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။
လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာလုပ်သားရှားပါးမှုများနှင့် စပ်လျဉ်း၍လည်း ခေတ်မီ စက်ကိရိယာများ အသုံးပြုဆောင်ရွက်ခြင်းအားဖြင့် အချိန်နှင့်လုပ်အားတို့ လျော့နည်းသက်သာစေသည့်အပြင် လေလွင့်ဆုံးရှုံးမှုများလည်းလျော့နည်းစေမည်ဖြစ်ရာ တောင်သူကြီးများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းများရရှိပြီး ဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံအတွက် ဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။
သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်အတူ သီးနှံစိုက်စွမ်းအားကို မြှင့်တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရမည်ဖြစ်ရာ မိုးစပါးတစ်သီးသာစိုက်ပျိုးကြသော မြေယာများအပေါ်တွင် ဒေသ၊ ရေ၊ မြေ အခြေအနေပေါ်မူတည်ပြီး သီးထပ်သီးနှံအပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် သီးညှပ်စိုက်ပျိုးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံ စိုက်ပျိုးနည်းစနစ်များကို နည်းပညာပေးဆောင်ရွက်ထားပြီးဖြစ်ရာ တောင်သူများအနေဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် သီးထပ်သီးညှပ် စိုက်ပျိုးနည်းစနစ်များကို ရွေးချယ်စိုက်ပျိုးသွားရန် လိုအပ်သည်။ တောင်သူကြီးများအနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် နိုင်ငံတကာဈေးကွက် လိုအပ်ချက်နှင့်အညီ နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်သည်။ သီးနှံများ၏ အထွက်နှုန်းတိုးတက်စေရေးဆောင်ရွက်မှုအပြင် စိုက်ပျိုးသမျှ သီးနှံတိုင်း၏ အရည်အသွေးကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ကြရန် လိုအပ်သည်။ ပြည်တွင်းထုတ်ကုန်များ အဆင့်မီမီထုတ်လုပ်နိုင်လျှင် ပြည်တွင်းပြည်ပဈေးကွက်တွင် မျက်နှာပန်းလှလှဈေးကွက်ဝင်စွာတင်ပို့ ရောင်းချနိုင်မည်ဖြစ်သည်။ မိမိတို့ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်နေသမျှ ဈေးကွက်သည်လည်း ကျယ်ပြန့်နေမည်သာဖြစ်သည်။
နိုင်ငံတော်အနေဖြင့် လယ်ယာသီးနှံများ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် ပြည်တွင်းပို့ကုန်များ တင်ပို့နိုင်ရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် MSME လုပ်ငန်းများ တိုးတက်လာအောင်အားပေး ဆောင်ရွက်လျက်ရှိသည်။ နည်းပညာလိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးအရင်းအနှီးများ ရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ခေတ်မီ စိုက်ပျိုးနည်းပညာများနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူလယ်သမားကြီးများ အချိန်နှင့်တစ်ပြေးညီ သိရှိအသုံးချ နိုင်ရေးအတွက် တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel) အစီအစဉ်များ၊ လယ်ယာစီးပွားသတင်းများ ထုတ်ပြန်ပေးနေသည့်အပြင် စိုက်ပျိုးနည်းပညာများ လွယ်လင့်တကူရရှိနိုင်ရန် မိုဘိုင်းဖုန်းများမှ Mobile Application ဖြင့် မိုးလေဝသသတင်းများ၊ လယ်ယာကဏ္ဍနှင့် ဈေးကွက်ဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် တောင်သူလယ်သမားများ သိရှိလိုသည့် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ လေ့လာသိရှိနိုင်ပြီဖြစ်သည်။
တောင်သူလယ်သမားဦးကြီးများ လူမှုဘဝ မြင့်မားရေးအတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်မှုပြုနေသကဲ့သို့ တောင်သူလယ်သမားကြီးများအနေဖြင့်လည်း ဥစ္စာရင်လိုဥစ္စာရင်ခဲ ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ သို့မှသာ တောင်သူလယ်သမားကြီးတို့၏ စွမ်းအားဖြင့် နိုင်ငံတော်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်စွာဖော်ဆောင်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးကို တိုးတက်စေနိုင်မည်ဖြစ်ပါကြောင်း မတ်လ ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အား ဂုဏ်ပြုရေးသားအပ်ပါသည်။ ။MWD