တပေါင်းလသည် မြန်မာလများတွင် (၁၂)လမြောက်ဖြစ်ပြီး တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ပထမလဝက်မှာ ဆောင်းရာသီတွင် ကျရောက်ပြီး ဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော ရာသီလဖြစ်သည်။ တပေါင်းလသည် ထန်းပင်နှင့်သက်ဆိုင်သော အမည်ဖြစ်သည်။ ထန်းဖိုပင်များမှခံယူရရှိသည့် ထန်းရည်ကို မီးနှင့်ကျိုချက်ပြီး ထန်းလျက်ပြုလုပ်သည့်လဖြစ်၍ ထန်းရည်များပေါင်းစပ် ကျိုချက်ကြခြင်းဖြင့် ထန်းပေါင်းဟူသော စကားမှ ရွေ့လျားလာခြင်းကြောင့် တပေါင်းလဟု ခေါ်တွင်ခြင်းဖြစ်သည်။ တပေါင်းလသည် ဆောင်းတစ်ဝက်၊ နွေတစ်ဝက်ဖြစ်၍ “နေ့ပူလို့ညချမ်း တပေါင်းလသရမ်း” ဟုပင် ဆိုစမှတ်ပြုကြသည်။ ဗေဒင်အလိုကား တပေါင်းလသည် မိန်ရာသီဖြစ်သည်။ ရာသီရုပ်မှာ ငါးနှစ်ကောင်ရုပ်ဖြစ်ပြီး အင်ကြင်းပန်းနှင့်သရဖီပန်းများ ပွင့်ဖူးကြသည်။ ရာသီပွဲမှာ သဲပုံစေတီပွဲနှင့်တပေါင်းပွဲများဖြစ်သည်။
တပေါင်းလသဲပုံစေတီပွဲ
ပတ်ဝန်းကျင်သာယာလှပသော တပေါင်းလတွင် ရှေးယခင်က သဲပုံစေတီပွဲများကို ရွှေနန်းတော်ကြီးမှစ၍ ကျေးလက်တောရွာများအထိ ဆင်နွှဲကျင်းပကြသည်။ ထို့ပြင် မြစ်ရေ၊ ချောင်းရေတို့သည်လည်းကြည်လင်စိမ်းမြနေ၍ ရေလုပ်ငန်းလုပ်ကိုင်သောကိုတံငါတို့အတွက် ငါးကျချိန်၊ ငါးမြူးချိန်လည်းဖြစ်သည်။ ထို့ကြောင့် ကြည်လင်သောမြစ်ရေပြင်၌ လှေငယ်များဖြင့် ကိုတံငါများ ပိုက်ကွန်ချကာ ငါးဖမ်းနေပုံကိုမြင်ယောင်မိလာအောင် မဟာအတုလမင်းကြီးက “ကိုတံငါလည်း၊ ဘာသာသောင်တင်၊ ပျော်မြူးသာရွှင်တော့တယ်၊ သဘင်လခါမီကို သဲစေတီငွေဆောင်ကမ်းက၊ လွမ်းလှတယ်လေး”ဟုဖွဲ့ဆိုခဲ့သည်။
တပေါင်းလသို့ရောက်သောအခါ မြစ်များ၊ ချောင်းများ၌ ရေစစ်ကာ သဲခုံ၊ သောင်ခုံဖြူဖြူဖွေးဖွေးကလေးများ ပေါ်ထွန်းလာလေ့ရှိသည်။ ထိုရာသီသည် လယ်ထွက် ယာထွက်သီးနှံများကို ရောင်းချချိန်ဖြစ်သဖြင့် တောင်သူဦးကြီးတို့ငွေစရွှင်သည့် ရာသီဖြစ်သည်။ လယ်ယာလုပ်ငန်းများပြီးစီး၍ လုပ်ငန်းခွင်မှအနားယူချိန်လည်းဖြစ်သည်။ ယင်းသို့အကြောင်းညီညွတ်သောအချိန်ဖြစ်၍ မြန်မာဘုရင်များသည် ထိုလတွင် သဲပုံစေတီပွဲကို ရာသီပွဲအဖြစ်သတ်မှတ်၍ ရွှေနန်းတော်ကြီးမှသည် ကျေးလက်တောရွာများအထိ ခြိမ့်ခြိမ့်သဲဆင်နွှဲကျင်းပကြသည်။ သဲပုံစေတီပွဲသည် ဗုဒ္ဓဘာသာမှဆင်းသက်လာသည့် မြန်မာ့ယဉ်ကျေးမှုပွဲတော်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ စတင်ထွန်းကားလာချိန်ကပင် ရှိခဲ့သောပွဲတော်ဖြစ်သည်။
သဲပုံစေတီတည်ထားပုံနှင့် ပွဲသဘင်ကျင်းပပုံတို့မှာထူးခြားလှပါသည်။ သဲသောင်ပြင်ပေါ်က သဲဖြူလွလွ၊ ငွေရောင်တောက်နေသောသဲများကို လူငယ်လူပျို၊ လုံမပျိုလေးများက သယ်ယူကာ သဲစေတီတည်မည့်သောင်ခုံပေါ်၌ စုပုံထားရသည်။ သဲများအလုံအလောက်ရပြီးသောအခါ စနစ်တကျသန့်ရှင်းညီညာစွာသပ်ပြီး ရစ်ခွေထားသည့် ဝါးခွေကြီးများကို တစ်ဆင့်ပြီးတစ်ဆင့်တင်ကာ သဲများကိုလောင်းထည့်ရသည်။ စေတီတော်ပုံစံအတိုင်း ဖောင်းရစ်များဖြင့် အထက်ငှက်ပျောဖူးတိုင်အောင် ဝါးခွေများခံပြီး သဲများကိုထည့်ရသည်။ ဤသို့သပ်ရပ်ညီညွတ်စွာ စေတီတော်တစ်ဆူပုံသဏ္ဌာန် ပေါ်လာသောအခါ စက္ကူဖြင့်ထီးတော်ပြုလုပ်၍ ထိပ်တွင်ပန်းတိုင်ထိုးကာ တင်လှူကြသည်။ ရှေးအခါကာလမှ ယခုကာလအထိ လူတိုင်းဘုရားမတည်နိုင် စေတီပုထိုးမတည်နိုင်ကြပေ။ ငွေကြေးမတတ်နိုင်ပါက ဘုရားဒကာမဖြစ်နိုင်ပေ။ သို့သော်လည်း သဲပုံစေတီကို စနစ်တကျ တည်ထားကိုးကွယ်နိုင်ပါက ဘုရားဒကာ၊ ဒကာမများ မည်သူမဆိုဖြစ်နိုင်ပေသည်။ ယနေ့ခေတ်နောက်ပိုင်းတွင် သဲပုံစေတီပွဲ ကျင်းပသည့်ဓလေ့ တဖြည်းဖြည်းမှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များကျင်းပသည့် ဓလေ့ခေတ်စားလာခဲ့ပြီး ထိုသို့ဘုရားပွဲတော်ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။
သာသနာတော်၌ထူးခြားသော မှတ်တိုင်ကြီးတပေါင်းလသည် ရာသီဥတုသာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများပေါ်ထွန်းခဲ့သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့်မဂဓတိုင်းမှ ဒကာ၊ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တစ်ယောက်ကို ဗုဒ္ဓထံစေလွှတ်ရာ အမတ်သည် ဗုဒ္ဓထံရောက်သောအခါ တရားတော်ကိုနာရ၍ ရဟန်းပြုသွားသည်။ မင်းကြီးလည်း နောက်ထပ်အမတ်တို့ကို စေလွှတ်၍ ပင့်ခိုင်းသော်လည်း အမတ်များအားလုံးသည် ရဟန်းပြု၍ နေကြပြန်သည်။ ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့်ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကိုစေလွှတ်သည်။ အမတ်သည်လည်း ရှေးကအမတ်များနည်းတူ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံတပေါင်းအလှကို ဂါထာပေါင်း(၆၀)ဖြင့်ဖွဲ့နွဲ့ကာ ကပိလဝတ်ပြည်သို့ကြွမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလဝတ်ပြည်သို့ ကြွတော်မူခဲ့သည်။ ထို့ကြောင့် တပေါင်းလပြည့်နေ့သည် ဘုရားရှင်ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သည်။ ထိုနေ့ကို အကြောင်းပြု၍ “ပြည်တော်ဝင်အခါတော်နေ့”ဖြစ်ပေါ်လာခဲ့သည်။ သာသနာတော်၌ ထူးခြားသော မှတ်တိုင်တစ်ခုဖြစ်ပါသည်။
တပေါင်းလရာသီ၏အလှသရုပ်ကို အင်းဝခေတ် ရဟန်းစာဆိုကျော် ရှင်ဥတ္တမကျော်၏ တောလားတွင် တပေါင်းလ၏တင့်တယ်ပုံကို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား”ဟု ချီးမွမ်းဖွဲ့ဆိုထားသည်။
ကုန်းဘောင်ခေတ်ပြဇာတ်ဆရာကြီး ဦးကြင်ဥကလည်း “ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည်၊ သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့ ဖူးကွန့်ကိုက်စည်၊ ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြဝတ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော်ကွဲ၊ ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင်စာညီပြောပေပ၊ ကျော၍သာမြဲ”ဟုလည်း ဖွဲ့ဆိုထားပါသေးသည်။
တပေါင်းပွဲတော်
တပေါင်းလဆန်းရောက်ပြီဆိုသည်နှင့် ရွာတိုင်းမြို့တိုင်းတွင် ဘုရားပွဲတော်အတွက် ကြိုတင်ပျော်ကြစမြဲဖြစ်သည်။ ကလေးများက ကျောင်းပိတ်ရက်တွင် ဘုရားပွဲတော်နွှဲပျော်ရန်ဖြစ်ပြီး လူကြီးများ အနေဖြင့် ဘုရားပွဲတွင် အလှူဒါနပြုလုပ်ရန်နှင့် တစ်နှစ်တာကာလပတ်လုံး သုံးစွဲရန်အတွက် ပစ္စည်း ပစ္စယများဝယ်ယူရန်ဖြစ်သည်။ တောင်သူဦးကြီးတို့ ငွေရွှင်သည့်ကာလဖြစ်၍ အညာဒေသများတွင် တစ်နှစ်ပတ်လုံးအသုံးပြုရန်ပစ္စည်းများကို တပေါင်းပွဲတော်ရှိ ဆယ့်နှစ်ပွဲစျေးသည်များထံမှ ဝယ်ယူလေ့
ရှိသည်။ ဘုရားပွဲကျင်းပရာမြို့ရွာများသို့ လှည်းပေါင်းမိုးများဖြင့် အိမ်ရှိမိသားစုအကုန် ပွဲလာကြည့်ကြသည့်ဓလေ့မှာ မြန်မာတို့၏ ချစ်စရာဓလေ့ဖြစ်သည်။ ဘုရားပွဲတော်များကို ငါးရက်မှ ဆယ်ရက်အထိ ကျင်းပလေ့ရှိပြီး ရွှေတိဂုံစေတီတပေါင်းပွဲတော်၊ သန်လျင်ကျိုက်ခေါက်စေတီဘုရားပွဲ စသည်တို့မှာ ထင်ရှားသည့်ပွဲတော်များဖြစ်ကြပြီး မြန်မာနိုင်ငံအရပ်ရပ်မှဘုရားဖူးများ လာရောက်လေ့ရှိကြသည်။ မြန်မာနိုင်ငံ၏အကြီးကျယ်ဆုံး အထင်ရှားဆုံးသော ရွှေတိဂုံစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာ ဤတပေါင်းလပြည့်နေ့တွင်ပင်ဖြစ်သည်။
ဗုဒ္ဓပူဇနိယပွဲတော်ကြီးနှင့်တွဲဖက်၍ ဆွမ်းကြီးလောင်းပွဲ၊ ပဋ္ဌာန်းရွတ်ပွဲ စသည်တို့ကိုပါ ကျင်းပလေ့ရှိသည်။ ထို့ပြင် ပြည်တွင်း၊ ပြည်ပ ရဟန်းသံဃာများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကိုလည်း နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ နှစ်တိုင်းကျင်းပလေ့ရှိသည်မှာလည်း တပေါင်းလပြည့်နေ့တွင်ဖြစ်သည်။ သို့ဖြစ်ရာ တပေါင်းပွဲတော်သည် မြန်မာပြည်သူများအတွက် ဘုရားလည်းဖူးရင်း ကုသိုလ်လည်းယူကာ အလှူရှင်ကြီးများ၏အလှူဒါနကိုဝမ်းသာပီတိသာဓုခေါ်ဆိုနိုင်သော ကာလဖြစ်သည်။
ထူးမြတ်သည့်လတပေါင်းနှင့်တပေါင်းအောင်ပွဲ
တပေါင်းလသည် မြန်မာလူမျိုးတို့၏ ထူးခြားသောလတစ်လဖြစ်သည်။ တပေါင်းလအတွင်း သမိုင်းတစ်ခုဖြစ်သည့် ဆန်စပါးကိုစိုက်ပျိုးပေးကြသော တောင်သူလယ်သမားဦးကြီးများကို မြန်မာလူမျိုးတို့က ကျေးဇူးရှင်များအဖြစ် တင်စားဂုဏ်ပြုသောအားဖြင့် မတ်လ ၂ ရက်ကို “တောင်သူလယ်သမားနေ့”အဖြစ်လည်းကောင်း၊ မေ့မရသည့်သမိုင်းဖြစ်သည့် မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေးသာ ပေးခဲ့သည့်အတွက် စစ်မှန်သောလွတ်လပ်ရေးကိုရယူနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တို့ကို တွန်းလှန်တိုက်ထုတ်ခဲ့သည့်နေ့ကို “တော်လှန်ရေးနေ့”အဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။ ထို့နောက် ၁၉၇၅ ခုနှစ်မှစ၍ တော်လှန်ရေးနေ့ကို “တပ်မတော်နေ့”အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့ကြောင့် လတပေါင်းသည် မြန်မာလူမျိုးတို့အတွက် ထူးခြားသောဝိသေသများကို ဖော်ဆောင်နေသည့်လတစ်လဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ “တပေါင်းသာခေါင်လများနောင်”ဟု ဆိုထားသည့်အတိုင်း သာယာကြည်နူးဖွယ်ကောင်းလှသော လတပေါင်း၏လပြည့်ဝန်းကြီးအောက်တွင် များစွာသောစေတီပုထိုးများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို တစ်ပြိုင်တည်း တစ်ချိန်တည်း ကျင်းပကြသည်မှာ တပေါင်းလ၏ထူးခြားချက်ပင်ဖြစ်သည်။
သဘာဝအလှတင်သာမက ဘာသာရေးအလှ၊ လူမှုရေးအလှဘက်တွင်လည်း တပေါင်းလသည် လတကာတို့၏နောင်တော်၊ သာယာမှုအပေါင်းတို့၏ ထိပ်ခေါင်ဖြစ်နေခြင်းဖြစ်သည်။
အချုပ်အားဖြင့် နွေဦးအစတပေါင်းလသည် ရွက်ဟောင်းညှာကြွေပြီး ရွက်သစ်ဝေချိန်ကာလဖြစ်သဖြင့် ကျေးငှက်သာရကာတို့ကလည်း တောမြိုင်တစ်ကြောတွင် ပျော်ရွှင်မြူးထူးကာ နွေရိပ်ကို ခိုလှုံကြသည်။ ထိုသို့ထူးကဲသာယာသည့် တပေါင်းလတွင် ယမ်းခိုးယမ်းငွေ့များအကြား သွေးသစ်လောင်းခဲ့သည့် မြန်မာ့အတိတ်ကာလသမိုင်းကြောင်း၌ ဖက်ဆစ်တို့ကို အမိမြေမှတွန်းလှန်ပြီး မြန်မာ့သတ္တိ၊ မြန်မာ့သွေးကိုပြသနိုင်ခဲ့ကြောင်း ဤလတပေါင်းက ပြန်ပြောင်းသတိပေးနေသလို ခံစားရပါသည်။ မည်သို့ဆိုစေ တပေါင်းလရာသီသည် မြန်မာတို့၏နွေဦးရာသီဖြစ်သည်။ နွေဦးဆိုသည်မှာ အသစ်အသစ်သောသဘောတရားများဖြစ်ပေါ်မည်ကို သိကြရမည်သာဖြစ်သည်။ သို့ပါ၍ တပေါင်းလသည် ပင်မြင့်ထက်ရှိ ရော်ရွက်ဝါများ လေအဝင့်တွင် ကြွေလွင့်ရခြင်းကို သတိသံဝေဂယူ၍ အားမာန်သစ်စေသောလဖြစ်သလို ဘုရားပွဲများ ကျင်းပလှူဒါန်းကြ၍ ကုသိုလ်ကောင်းမှုများပွားများ ရသောလဖြစ်သဖြင့် ထူးမြတ်သောလတပေါင်းဟု တင်စားချင်ပါတော့သည်။ ။

တပို့တွဲလသည် ချမ်းအေးခြင်း၊ ပျော်ရွှင်ခြင်း၊ ညီညွတ်ခြင်းတို့၏ပြယုဂ်ကို တစ်ပြိုင်တည်းခံစားရသည့်လတစ်လဖြစ်သည်။
“ပေါက်လဲပွင့်ငုံ ဆူးပန်းငုံ မီးပုံယာဂုပွဲ” (ကင်းဝန်မင်းကြီး)။ တပို့တွဲလအခါသမယတွင် ပေါက်လဲပန်း၊ ဆူးပန်းတို့ ဖူးဝေမြူးကြွ ပွင့်လန်းကြသည်။ တပို့တွဲလ၏စန်းယှဉ်နက္ခတ်မှာ မာဃနက္ခတ်ဖြစ်ပြီး ရာသီရုပ်မှာ ရေထမ်းသမားရုပ်ဖြစ်သည်။ ရဲရဲနီသော ပေါက်ပွင့်တို့က တပို့တွဲလ၏ထင်ရှားသော အမှတ်အသားဖြစ်သည်။ တပို့တွဲလကို ရာသီအားဖြင့် ကုံရာသီဟူ၍ မြန်မာမှုပြုခေါ်ဆိုကြသည်။ ရာသီပွဲတော်များမှာ မီးဖုန်းအလှူပွဲနှင့် ထမနဲအလှူပွဲတို့ဖြစ်သည်။
တပို့တွဲလကို ပုဂံခေတ်ကျောက်စာများတွင် “တပိုဒ်တွယ်၊ တပို့ထွယ်၊ တပိုင်တွဲ”ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။ မျက်မှောက်ခေတ်တွင် တပို့တွဲဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။ တပို့တွဲလတွင် ထန်းဖူး၊ ထန်းခိုင်တို့ကိုအောက်သို့ တွဲလောင်းကျအောင် ပြုလုပ်၍ ထန်းရည်နင်းသည်ကိုအစွဲပြုကာ တပို့တွဲလဟု ခေါ်တွင်လာခဲ့ကြောင်း မှတ်သားရသည်။ တပို့တွဲလ၏အမည်သည် ထိုလရာသီတွင် ဖူးကြသီးကြသော ထန်းပင်ကိုအကြောင်းပြု၍ ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။ တပို့တွဲလနှင့်ပတ်သက်၍ “ပေါက်လဲငုံကင်း၊ ထန်းယဉ်နင်းသည်၊ နှင်းစီစီငယ်နှင့်လေး”ဟူ၍ ရာသီပန်းနှင့် အေးချမ်းသော အချိန်အခါ၊ ထန်းများဖူးသောလကို စာဆိုရှင်ဦးယာက ရှင်းလင်းမြင်သာအောင် ရေးသားခဲ့လေသည်။
မီးအလှူပွဲ ခေါ် မီးဖုန်းပွဲ
တပို့တွဲလတွင် မြန်မာ့ယဉ်ကျေးမှုအလှူပွဲများဖြစ်သော မီးအလှူပွဲ ခေါ် မီးဖုံးပွဲနှင့်ထမနဲပွဲများကျင်းပကြသည်။ မီးဖုံးဟူသောအသုံးအနှုန်းမှာ အရပ်စကားဖြစ်သည်။ စာပေအမှတ်အသားအရမှာမူ ‘မီးဖုန်းသဘင်’ဟုရေးသည်ကို လေ့လာတွေ့ရှိရသည်။ တပို့တွဲလ၏အအေးဒဏ်ကြောင့် မြတ်စွာဘုရားကိုယ်တော်တိုင် ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသောကြောင့် ဓာတ်ကြီးလေးပါးမျှတစေရန် မီးအိုးကင်းတွင် ရွှေလက်တော်တင်ကာ မီးလှုံတော်မူခဲ့သည်ကိုအစွဲပြု၍
ရှေးမြန်မာတို့သည် တပို့တွဲလတွင် မီးကုသိုလ်ပြုပွဲကို ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ မီးဖုန်းပွဲ၏အဓိပ္ပာယ်မှာ “မီးဖုန်းသည် ပုည၊ ပုညမှာ ကုသိုလ်အလှူ”ဟူ၍ဖြစ်သည်။ ထို့ကြောင့် မီးဖုန်းပွဲဆိုသည်မှာ မီးအလှူ၊ မီးကုသိုလ်တော်ဖြစ်သည်။ ကုသိုလ်ယူကြပုံမှာ မီးဖုန်းပြာသာဒ်ပြုလုပ်ပြီး အမွှေးနံ့သာတို့ဖြင့် ဘုရားရှင်အား အပူဓာတ်ကိုလှူဒါန်းပူဇော်ခြင်းဟုမှတ်ယူ၍ရသည်။ မီးကုသိုလ်ပြုပွဲ (မီးဖုန်းပွဲ)တွင် နံ့သာထင်းများဖြင့် မြတ်စွာဘုရားအား ပူဇော်ခဲ့ကြသည်။
မြန်မာနိုင်ငံ မန္တလေး၊ ရွှေဘို စသည့်အထက်အညာဒေသရှိ အချို့အရပ်ဒေသများတွင် တပို့တွဲလဆန်းရောက်ပါက တောထဲသို့သွား၍ သနပ်ခါးထင်းများခုတ်ကာ နေပူလှန်းထားကြသည်။ တပို့တွဲလပြည့်နေ့ ရောက်သောအခါတွင် ခြောက်နေပြီးဖြစ်သည့် နံ့သာထင်းများကို စေတီပုထိုးရုပ်ပွားတော်များရှေ့၌ စေတီသဏ္ဌာန်၊ ပြာသာဒ်သဏ္ဌာန်ပြုလုပ်စုပုံ၍ မီးပူဇော်ကာ မီးကုသိုလ်အလှူကိုပြုကြသည်။ တချို့အရပ်ဒေသတွင် ဘုရားပုထိုးတွင်သာမက သံဃာများကိုလည်းကောင်း၊ သက်ကြီးရွယ်အိုများကို လည်းကောင်း နံ့သာထင်းများဖြင့် မီးအိုးကင်းလှူတတ်ကြသည်။
မြန်မာ့ရိုးရာထမနဲပွဲ
ယခုအခါ နံ့သာထင်းများသည်လည်း ရှားပါးလာပြီဖြစ်၍ မီးဖုန်းပွဲဓလေ့မှာလည်း တစ်စတစ်စပျောက်ကွယ်လာကာ အနယ်နယ်အရပ်ရပ်တွင် ထမနဲ(ထမနှဲ)ပွဲကိုသာ စည်ကားသိုက်မြိုက်စွာ ကျင်းပလှူဒါန်းကြလေ့ရှိသည်။ မီးဖုန်းပွဲကျင်းပသည့် တပို့တွဲလတွင် မြတ်စွာဘုရားသခင်ကို ယာဂုကပ်လှူရာမှ တစ်ဆင့်ပြီးတစ်ဆင့် ထမနဲဟူ၍ ပြောင်းလဲလာခဲ့သည်။
“တပို့တွဲ ပေါက်လဲငယ်ထိန်ထိန်လျှံ၊ တေးဖွဲ့သံတစာစာနဲ့၊ ထမနဲပွဲလည်းနွှဲကြသည်”ဆိုသည့် “ဆယ့်နှစ်လရာသီ”သီချင်းထဲကကဲ့သို့ မြန်မာ့ရိုးရာထမနဲပွဲတော်ကို ကောက်ဦးပေါ်စ တပို့တွဲလတွင် ကျင်းပလေ့ရှိကြသည်။ တပို့တွဲလတွင် ဆောင်းရာသီ၏ချမ်းအေးမှုကို အန်တုနိုင်ရန်နှင့် စည်းလုံးညီညွတ်မှုကို ပြသနိုင်ရန် ရှေးအစဉ်အဆက် ထမနဲထိုးပွဲကို လက်ဆင့်ကမ်းခဲ့ကြသည်မှာ ချစ်စရာ့ရိုးရာ ဓလေ့ပင်ဖြစ်သည်။ တပို့တွဲလရာသီတွင် ထမနဲထိုးပွဲကို ဒေသအလိုက်ပြိုင်ပွဲများ ကျင်းပကြသဖြင့် ချမ်းအေးသောဆောင်းရာသီတွင် မီးဖိုကြီးများနှင့် ထမနဲထိုးပွဲများ ကျင်းပသည့်မြင်ကွင်းမှာ အချမ်းပြေ သည့်အပြင် စိတ်အင်အားတက်ကြွချစ်ခင်စည်းလုံးမှုကို တစ်ပြိုင်တည်းရရှိစေသည်။ ထမနဲထိုးနေသူများကို အိုးစည်ဗုံမောင်းများ တီးခတ်ကာ အကများဖြင့် ဖျော်ဖြေအားပေးနေကြသည်မှာ ပျော်ရွှင်ကြည်နူးဖွယ် ညီညွတ်မှုပြယုဂ်ပင်ဖြစ်ပေသည်။ ထိုသို့ထမနဲထိုးပြီးလျှင် ဘုရားကပ်လှူခြင်း၊ သံဃာတော်များကိုလှူဒါန်းခြင်း၊ မိဘဘိုးဘွားဆွေမျိုးများထံပို့ဆောင်ခြင်း၊ လာရောက်အားပေးသည့် ဧည့်ပရိသတ်များကိုဝေငှခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ဝေငှခြင်းတို့ ပြုလုပ်လေ့ရှိသည်။
ထမနဲသည် မြန်မာတိုင်းရင်းသားများ ကြိုက်နှစ်သက်သည့် ရာသီစာတစ်ခုဖြစ်သည်။ ထမနဲကို ကောက်ညှင်း၊ အုန်းသီး၊ ချင်း၊ မြေပဲ၊ ဆီ စသည့်အမယ်များဖြင့်ပြုလုပ်ကြသည်။ ကောက်ညှင်းကိုကြေညက်စေးကပ်သွားအောင် နယ်ရ နှဲရသဖြင့် “ထမင်းနှဲ”ဟု ခေါ်ရာမှ “ထမနဲ”ဟု ပြောင်းလဲလာခဲ့ပြီး အချို့မှာလည်း နှမ်းမနဲဟူ၍လည်းခေါ်ကြသည်ဟု မှတ်သားရသည်။ ထမနဲထိုးရာတွင် ချင်း၊ အုန်းသီးစိတ်၊ မြေပဲ၊ နှမ်းနှင့် ဆားတို့ကိုရောကာ ဆီများများနှင့်စေးကပ် တွဲသွားအောင် ယောက်မကြီးများနှင့် ယောက်ျားသား
များက အားကုန်သုံးပြီးထိုးရသည်။ ထမနဲတစ်ဒယ်လျှင် လူသုံးဦးပါဝင်ရသည်။
နှစ်ဦးက ဘေးမှယောက်မတစ်ချောင်းစီနှင့်ထိုးကာ အလယ်မှတစ်ဦးက ထိုယောက်မ နှစ်ချောင်းကိုကိုင်ပြီး စည်းချက်ကျကျ၊ အတိုင်အဖောက်ညီညီ မွှေပေးရသည်။ အားကောင်းမောင်းသန်ယောက်ျားကြီးများက ခါးတောင်းကျိုက်၍ အားသွန်ခွန်စိုက် ယောက်မကြီးများဖြင့် မွှေကာ ထမနဲထိုးသည့်မြင်ကွင်းကို မြန်မာ့ရိုးရာထမနဲပွဲမြင်ကွင်းအဖြစ် နှစ်စဉ်ဂုဏ်ယူဖွယ် ပုံဖော်ခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ပြီး ဆက်လက်ထိန်းသိမ်းသွားရမည့် ရိုးရာအမွေကောင်းတစ်ခုဖြစ်ပေသည်။
စားကောင်းသော ထမနဲ
ပြုလုပ်ပုံနှင့်အကျိုးကျေးဇူးအချို့သောနေရာဒေသများတွင် ထမနဲထိုးပြိုင်ပွဲများပြုလုပ်ကာ အရသာအစပ်အဟပ်၊ အချိန်မီပြီးစီးမှု စသည်တို့ကိုကြည့်ရှုအကဲဖြတ်ပြီး ဆုပေးသည့်အလေ့အထကို တပို့တွဲလတွင် ကျင်းပကြသည်။ ထမနဲထိုးရာတွင် ထည့်သွင်းသောပစ္စည်းများ အချိန်အဆမှန်ကန်ရန်နှင့် ထိုးနည်းမှန်မှသာ အလွန်စားကောင်းသည့်ထမနဲကိုရရှိမည်ဖြစ်ပြီး ရက်ရှည်လည်းအထားခံသော အစားအစာဖြစ်မည်။ ထမနဲထိုးလိုလျှင် ကောက်ညှင်းဆန်လေးပြည်ကို ရေစင်အောင်ဆေး၍ ဆီတစ်ပိဿာကို ဒယ်တွင်ထည့်ကာ ချင်းသုံးဆယ်သားနှင့်ဆီသတ်၍ ကောက်ညှင်းထည့်နှပ်ရသည်။ ကောက်ညှင်းနပ်၍ ဆီပြန်သော်မီးဖိုမှချပြီး ကြေအောင်နှဲရသည်။ ယင်းသို့နှဲရာတွင် ယောက်မနှစ်လက်ဖြင့် ပွတ်ခြေသဖြင့် ကြေသွားသော ကောက်ညှင်း
တွင် မြေပဲ၊ နှမ်း၊ အုန်းသီးစိတ်၊ ဆားတို့ကိုနှံ့အောင်ထည့်၍ မွှေလျှင်ထမနဲရပြီဖြစ်သည်။
မြန်မာတို့တွင် ထမနဲကိုမကြိုက်သော သူမှာရှားသည်။ ထမနဲသည် စားကောင်းရုံသာမက ကျန်းမာရေးနှင့်လည်း ညီညွတ်သည့် အစားအစာဖြစ်သည်။ ဆီနိုင်နိုင်သုံးထားသောထမနဲတွင် ချမ်းစိမ့်မှုနှင့်အဆီဓာတ်ခန်းမှုကို ကာကွယ်ပေးနိုင်သောကြောင့် ဆောင်းကာလနှင့် ကိုက်ညီပေသည်။ အအေးဓာတ်ပိုသော ကာလဖြစ်၍ ကိုယ်သားကိုယ်ရေအဆီဓာတ်ခန်းချိန်ဖြစ်ရာ ဆီနိုင်သောအပူဓာတ်ထမနဲက အသားအရေစိုပြည်လာစေသည်။ ထမနဲတွင်ပါဝင်သော ပါဝင်ပစ္စည်းများ၏ အချိုးအစားမှန်မှသာ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရရှိမည်ဖြစ်ပြီး အနံ့အရသာနှင့်ပြည့်စုံမည်ဖြစ်သည်။ ထမနဲကိုစားသုံးခြင်းအားဖြင့် လေကိုအောက်သို့သက်စေခြင်း၊ ဆီးကိုရွှင်စေခြင်းနှင့် မကြေညက်သောအစာသစ်များကို ကြေညက်စေခြင်းတို့ကိုဖြစ်စေသည်။
ထမနဲပွဲသည် ရိုးရှင်းသည်ဟုထင်မှတ်ယူဆပါက ရိုးရှင်းစွာတွေ့မြင်နိုင်သလို တန်ဖိုးရှိရှိတွေးမြင်ကြည့်ပါက အဓိပ္ပာယ်များစွာ ပါဝင်ကြောင်း တွေးဆနိုင်၊ တွေ့မြင်နိုင်ပေသည်။ ထမနဲထိုးပွဲတစ်ပွဲ ဖြစ်မြောက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ရန်လိုအပ်သည်။ ထိုကဲ့သို့ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားခြင်း၊ ပါဝင်ပစ္စည်းများ၏ အချိန်အဆကိုကောင်းစွာသိရှိခြင်း၊ ထမနဲထိုးသူများ၏ ညီညွတ်မှုနှင့် ထမနဲကျက်မည့်အချိန်၊ ထည့်ရမည့်အမျိုးအစား၊ အချိုးအဆတို့ကို သိရှိခြင်းတို့က စား၍ကောင်းပြီး အထားခံသည့်ထမနဲတစ်အိုးရရှိစေရန် လိုအပ်ချက်များဖြစ်ကာ လွယ်မယောင်နဲ့ခက်သောကိစ္စတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း ညီညွတ်မှု၊ စည်းလုံးမှုများက အရာရာကို လွယ်ကူစွာကျော်ဖြတ်နိုင်ကြောင်း ထမနဲပွဲများကသက်သေပင် ဖြစ်ပေသည်။
ထမနဲပွဲကို အစောဆုံးတွေ့ရှိရသည့်ခေတ်မှာ ညောင်ရမ်း(ဒုတိယအင်းဝခေတ်) နောက်ပိုင်းဖြစ်ပြီး တနင်္ဂနွေမင်းလက်ထက်တွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုပညာရှင်ကြီး ဆီသည်ရွာစား ဦးအောင်ကြီးက “ရပ်ရှစ်မျက်နှာ သံဃာတို့အား ဆယ်ပါးဝတ္ထု၊ ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးဖုံး သဘင်၊ သူကြီးယင်သည်၊ ရောက်ချင်နိဗ္ဗာန် ကျွန်းတဲ့လေး”ဟု ဖွဲ့ဆိုထားသည်ကိုလည်းကောင်း၊ သက္ကရာဇ် ၁၁၁၅ ခုနှစ်ဟုယူဆရသော အင်ရုံဝန်ကြီးရေးသားသော ရှေးအင်းဝမင်းအဆက်ဆက်တို့၏ မင်းခမ်းမင်းနားအဆောင်အယောင်နှင့်ရာသီပွဲတို့ကိုပြဆိုသည့် လောကဗျူဟာကျမ်း၌ “တပို့တွဲလတွင် ကျီဝန်က ယာဂုအိုး ၁၀ဝ၀၊ ထမ်းစင် ၁၀ဝ၀ နှင့် မယ်ဖျူး ၁၀ဝ၀ ကို သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်တို့ကြပ်မတ်၍ လှူမြဲကျောင်းဘုရားမှာတင်လှူသည်”ဟူ၍ ရေးသားချက်တို့ကိုလည်းကောင်း ထောက်ရှုခြင်းဖြင့် ဒုတိယ
အင်းဝခေတ်နောက်ပိုင်းတွင် ယာဂု(ထမနဲ)ပွဲကို မီးဖုံးပွဲနှင့်အတူ တပို့တွဲလရာသီပွဲတော်အဖြစ် ကျင်းပနေပြီဖြစ်ကြောင်း သိရှိရသည်။
စည်းလုံးမှု၏ပြယုဂ်
အရသာရှိသော ထမနဲတစ်ပွဲဖြစ်လာစေရန် စုပေါင်းထိုးကြရသည်ကို အတုယူ၍ တိုင်းရင်းသားအားလုံးတို့သည်လည်း နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်စေရန် ထမနဲထိုးပွဲတွင် အားသွန်ခွန်စိုက် ကျရာကဏ္ဍအလိုက် အသီးသီးပြုလုပ်ကြသလို မိမိတိုင်းပြည်၏ကဏ္ဍအသီးသီးရှိတာဝန်တို့ကို ကျရာကဏ္ဍအလိုက် အသိရှိရှိတန်ဖိုးသိသိဖြင့်ဆောင်ရွက်ကြပါက ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
မြန်မာ့ရိုးရာထမနဲပွဲသည် စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတဖြစ်သလို ထိုးသောထမနဲပွဲ၏ အရသာကောင်းခြင်းသည်လည်း စည်းလုံးညီညွတ်ခြင်း၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်သည်။ ထိုကဲ့သို့ မြန်မာ့ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ ကျင့်ဝတ်၊ စည်းကမ်းတို့ကို မပျောက်ပျက်မတိမ်ကောအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။ ထို့ပြင် မြန်မာ့ရိုးရာထမနဲပွဲသည် ညီညွတ်မှု၊
စည်းလုံးမှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ကောင်းကျိုးကိုပြသနေသည့် ချစ်စရာ့ရိုးရာဓလေ့တစ်ခုပင် ဖြစ်ပေတော့သည်။ ။
MWD

တပို့တွဲလရောက်လျှင် မြန်မာတို့၏စည်းလုံးညီညွတ်မှုပြယုဂ်ကိုမြင်တွေ့ရသည်။ ရပ်ကွက်၊ ကျေးရွာအလိုက် ထမနဲထိုးပြိုင်ပွဲများကျင်းပကြသည်။ မီးဖိုပြုလုပ်သူ၊ မီးမွှေးသူ၊ ထင်းထည့်သူ၊ အိုးဆေးသူ၊ ကောက်ညှင်းဆေးကြောသူ၊ ရေထည့်သူ၊ စားပွဲခင်းသူ စသည်ဖြင့်မည်သူကမျှ ပြောစရာမလိုအောင် လုပ်ကိုင်နေကြသည်မှာ ဟာကွက်ပင်မရှိကြပေ။
ကောက်ညှင်းနပ်သည်နှင့် အမျိုးသားများသည်ချွေးတလုံးလုံးဖြင့် ကောက်ညှင်းကိုကြေညက်အောင်ချေကြရသည်။ အမျိုးသမီးများသည်မြေပဲ၊ နှမ်းနှင့် အုန်းကြော်များဖြူးပေးကြသည်။ လူငယ်များသည်ဘေးမှနေ၍လက်ခုပ်တီးအားပေးကြသည်။ သက်ကြီးရွယ်အိုများက ထမနဲနပ်၊မနပ်နှင့် အပေါ့၊ အငန်မြည်းပေးကြသည်။ ပြည်ထောင်စုကြီးအတွင်းမှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားညီအစ်ကိုများ၏စည်းလုံးညီညွတ်မှုကိုတွေ့မြင်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။
အလှူဒါနပြုလုပ်
ဆောင်းရာသီ၏နောက်ဆုံးလဖြစ်သည့် တပို့တွဲလတွင် ညဉ့်အချိန်၌ နှင်းမှုန်ဖြူလွလွကလေးများက ဇာပဝါလိုခြုံလွှမ်းထားသဖြင့်လွန်စွာချမ်းအေးလှသောကာလဖြစ်သည်။ “နှာရည်ယိုရွှဲ တပို့တွဲ” ဟုခေါ်ဆိုကြသည့်အတိုင်း အပူနှင့်အအေးလွန်ဆွဲသည့်ကာလလည်းဖြစ်သည်။
တပို့တွဲလတွင် ပေါက်ပန်းနှင့် လဲပန်းများပွင့်လေ့ရှိကြသည်။ ရဲရဲနီသော ပေါက်ပွင့်တို့က တပို့တွဲလ၏ ထင်ရှားသည့် အလှတစ်ပါးပင်မဟုတ်ပါလား။ ဆောင်းရာသီ၏ ငွေရောင်အခင်းအကျင်းအောက်တွင် ရဲရဲနီနေသော ပေါက်ပန်းများကိုကြည့်ရသည်မှာ ပန်းချီကားတစ်ချပ်လိုပင်ဖြစ်နေသည်။
တပို့တွဲလတွင် မြန်မာတို့၏ ထူးခြားသောအလှူဒါနတစ်ခုသည် ထမနဲထိုးကာလှူဒါန်းကြခြင်းဖြစ်သည်။ အထူးသဖြင့် ကျေးလက်နေပြည်သူများသည်လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံများမှထွက်ရှိသော ကောက်ပဲသီးနှံများကိုရောင်းချပြီးနောက် အလှူဒါနပြုလုပ်ခြင်းဖြစ်သည်။ ချစ်စရာကောင်းသောအလေ့အထပင်မဟုတ်ပါလား။
တပို့တွဲလ
တပို့တွဲလသည် မြန်မာလများတွင် ဆယ့်တစ်ကြိမ်မြောက်လဖြစ်သည်။ ဆောင်းဥတုနောက်ပိုင်းချိန်ဖြစ်သည်။ တပို့တွဲလဟုခေါ်ဝေါ်ခြင်းသည်ထန်းဖူးထန်းခိုင်တို့တွဲညွတ်သောရာသီဖြစ်၍ ခေါ်တွင်ခြင်းဖြစ်သည်ဟု မှတ်ယူကြသည်။ ကျောက်စာအရေးအသား၌ တပို့တွဲကို တပိုဝ်ထွယ်၊ တပိုဝ်ထွဲ၊ တပိုဝ်တွဲ၊ တပိုဝ်တွယ်၊ တပိုဝ့်ထွယ်ဟုရေးသားလေ့ရှိသည်။ ဗေဒင်အခေါ်အားဖြင့် ကုံရာသီဖြစ်သည်။ ထိုရာသီတွင် မာဃနက္ခတ် စန်းနှင့်ယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်သည် ရေထမ်းသမား ဆင်းရဲ သားပုံဖြစ်သည်။ ရာသီပန်းသည် ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံပွင့်တို့ဖြစ်ကြသည်။ တပို့တွဲလတွင် ထမနဲပွဲကျင်းပကြသည်။ ကောက်ညှင်းစပါးသစ်ပေါ်ချိန်တွင် နိုင်ငံတစ်ဝန်း၌ ထမနဲထိုး၍ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။
တပို့တွဲလတွင် နံနက် ၆ နာရီ မိနစ် ၂ဝ ၌ နေထွက်လေ့ရှိပြီး ညနေ ၅ နာရီ မိနစ် ၄ဝ တွင် နေဝင်လေ့ရှိသဖြင့် ညအချိန်သည် နေ့အချိန်ထက်ပို၍ရှည်လျားသည်။ တပို့တွဲလသည် ရက်မစုံလကွယ်သောကြောင့် ၂၉ ရက်သာရှိသည်။ တပို့တွဲ “ကျွဲချိုဖျားဆတ်ဆတ်ခါသည်”ဟူ၍လည်းကောင်း၊ “နှာရည်ယိုရွှဲ တပို့တွဲ” ဟူ၍လည်းကောင်းအဆိုရှိသဖြင့်တပို့တွဲလတွင်လွန်စွာချမ်းအေးလေ့ရှိသည်။
ထမနဲဆိုသည်မှာ
ထမနဲသည်ကောက်ညှင်းနှင့်စီမံပြုလုပ်သောမြန်မာတို့၏ ချိုဆိမ့်မွှေးသည့်စားစရာတစ်မျိုးဖြစ်သည်။ ကောက်ညှင်းထမင်းကို ကော်များ၊ပတ်စာများလုပ်သကဲ့သို့ ထပ်ပြန်တလဲလဲမွှေ၍နယ်ရသောကြောင့် ထမနဲဟုခေါ်ဆိုသည်။ ထမနဲကို အရပ်ဒေသလိုက်၍ ယာဂုဟုလည်းခေါ်သည်။ ယာဂုသည် ပါဠိစကားဖြစ်၍ မြန်မာလို ဆန်ပြုတ်ဟုအဓိပ္ပာယ်ရရှိသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ချင်း၊ နှမ်းဆီနှင့်နှမ်းနိုင်နိုင်ထည့် ရသောကြောင့် နှမ်းမနဲဟုလည်းခေါ်ကြသည်။
ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်တောရွာများအထိ ထမနဲထိုးပွဲများကျင်းပကြသည်။ ရှေးမြန်မာမင်းများလက်ထက်ကတည်းက တပို့တွဲလဆန်းတစ်ရက်နေ့မှစ၍လပြည့်နေ့အထိ ထမနဲထိုးပွဲတော်များကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ ထို့ကြောင့် ရှေးစာဆိုတော်များက “တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ။ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ ၊ မီးပုံယာဂုပွဲ” ဟုစပ်ဆိုခဲ့ကြသည်။
ထမနဲထိုးရာတွင်ထည့်ရမည့်ပစ္စည်းအမယ်များကို “ကုံရာသီ မာသ၊ သဘာဝရွှင်စွာ။ ထာဝရစဉ်လာ၊ များသူငါ ခြိမ့်သဲ။ ညာဇမ္ဗူ့သာဓုခေါ်အောင်၊ ယာဂုတော်ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ ၊ လေးပြည်သာ ထည့်မြဲ။ ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့၊ နှမ်းဆီလည်းထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့် ဒွတ္တိံသတိလဗီဇံ။ အုန်းသီးစိတ် ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်၊ ချင်းနုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ် မသွေ။
နည်းစဉ်ဆက် သမုဆွေငယ် ဥပဒေမော်ကွန်းပလေး။” ဆိုသောတေးထပ်မျိုးဖြင့် စပ်ဆိုခဲ့ကြသည်။
ဆိုခဲ့ပါတေးထပ်အရ ထမနဲထိုးမည်ဆိုလျှင် ကောက်ညှင်းဆန်လေးပြည်ကိုရေစင်အောင်ဆေး၊ ဆီတစ်ပိဿာကို ဒယ်အိုးတွင်ထည့်ကာ ချင်းသုံးဆယ်သားနှင့်ဆီသတ်၍ကောက်ညှင်းထည့်နှပ်ရသည်။ ကောက်ညှင်းနပ်၍ဆီပြန်လာသော် မီးဖိုပေါ်မှချ၍ကြေအောင်ချေရသည်။
ထိုသို့ကြေသွားသောကောက်ညှင်းတွင် မြေပဲ ၈ဝ ကျပ်သား၊ နှမ်း၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂ဝ ကျပ်သား၊ ဆား ၇ ကျပ်သားတို့ကို နှံ့အောင်ထည့်၍ မွှေပေးလျှင်ထမနဲဖြစ်သည်။
စည်းလုံးညီညွတ်မှုပြယုဂ်
ထမနဲထိုးမည်ဆိုလျှင်ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်။ သာဓကအနေဖြင့် မြေပဲလှော်ပြီး အခွံချွတ်ခြင်း၊ အုန်းသီးစိတ်ပြီးနေလှန်းခြင်း၊နှမ်းလှော်ခြင်းတို့ကိုလုပ်ရသည်။ လူတစ်ဦးတည်းဖြင့် ထမနဲထိုးလျှင်ကောင်းနိုင်မည်မဟုတ်ချေ။ ဒယ်အိုးနှင့်ထိုးမည်ဆိုလျှင် အနည်းဆုံး သုံးယောက်ခန့်လိုမည်ဖြစ်သည်။ အားလုံးတက်ညီလက်ညီ ဆောင်ရွက်မှသာလျှင် ကြေညက်အိစက်ပြီး မတူးဘဲနပ်နေသည့် အနံ့အရသာပြည့်စုံသော ထမနဲကောင်းတစ်ဒယ်ရရှိမည်ဖြစ်သည်။
တပို့တွဲလရောက်လျှင် မိသားစုအလိုက်၊ ရပ်ကွက်၊ ကျေးရွာအလိုက် စုပေါင်းထမနဲထိုးပွဲများပြုလုပ်လေ့ရှိကြသည်။ ထို့ပြင် ဘာသာရေးအသင်းအဖွဲ့များအလိုက်၊ ရုံး၊ ဌာနများအလိုက်လည်း ထမနဲထိုးပြိုင်ပွဲများ ပြုလုပ်လေ့ရှိသည်။ ထိုပြိုင်ပွဲများတွင် မြန်မာတို့၏စည်းလုံးညီညွတ်မှု၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုတို့ကိုတွေ့ရလေ့ရှိသည်။ အမှန်စင်စစ်မှာမူ ထမနဲထိုးရခြင်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့်မရပေ။ အများစုပေါင်းလုပ်ရသောအလုပ်တစ်ခုဖြစ်၍ တက်ညီလက်ညီ ပေါင်းစပ်ဆောင်ရွက်မှသာလျှင် အရသာရှိသော ထမနဲကိုရရှိမည်ဖြစ်သည်။ ထမနဲတွင်ပါဝင်ရမည့် အမယ်မျိုးစုံအပြင် မြန်မာတို့၏ စေတနာနှင့်စည်းလုံးညီညွတ်မှုတို့ကိုလည်းတွေ့ရသည်။ ထိုးပြီးသောထမနဲများကို ဘုရားအမှူးပြုသော သံဃာတော်များကိုကပ်လှူကြသည်။ လမ်းသွားလမ်းလာများကိုလည်း ဒါနပြုကျွေးမွေးကြသည်။ ကြည်နူးချမ်းမြေ့စရာကောင်းသောအလေ့အထပင်ဖြစ်သည်။
ထိုနည်းတူစွာ တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင်လည်း ထမနဲထိုးသလို တိုင်းရင်းသားအားလုံး၏စည်းလုံးညီညွတ်မှု၊စုစည်းမှု၊အပြန်အလှန်နားလည်မှု၊အနစ်နာခံမှု၊ ယုံကြည်မှု၊ လေးစားမှုနှင့်တန်ဖိုးထားမှုများလိုအပ်ပေသည်။ ထိုသို့စည်းလုံးညီညွတ်မှုကိုသာ အခြေခံသွားမည်ဆိုလျှင် ပြည်ထောင်စုကြီးသည်မတိုးတက်စရာ အကြောင်းမရှိချေ။ တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းရေး စိတ်ကူးအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
ဩဝါဒပါတိမောက်အခါတော်နေ့ထို့ပြင် တပို့တွဲလတွင်ထင်ရှားသောနေ့ထူးနေ့မြတ်သည် ဩဝါဒပါတိမောက်အခါတော်နေ့ဟုခေါ်ဆိုသည့် တပို့တွဲလပြည့်နေ့ပင်ဖြစ်သည်။
မြတ်စွာဘုရားရှင်လက်ထက်တော်က တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ရဟန္တာပေါင်း ၁၂၅ဝ တက်ရောက်သော “ပထမသံဃသန္တိပါတ” ပထမဆုံးသော သံဃာ့အစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေး၌ သုံးလောကထွတ်ထားမြတ်စွာဘုရားသည် ရဟန္တာများကို ဘုရားအဆူဆူတို့၏ ဆုံးမဩဝါဒပါတိမောက်ချီးမြှင့်တော်မူခဲ့သည်။
ဆိုရလျှင် တပို့တွဲလသည် ဆောင်းရာသီ၏နောက်ဆုံးလဖြစ်သော်လည်း ခိုက်ခိုက်တုန်အောင်ချမ်းနေဆဲပင်ဖြစ်သည်။ တပို့တွဲလရောက်ပြီဆိုလျှင် ကောက်ဦးလှိုင်လှိုင်ပေါ်နေပြီဖြစ်သည်။ ကျေးလက်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် ထမနဲထိုးပြိုင်ပွဲများကျင်းပလေ့ရှိသည်။ ထိုပြိုင်ပွဲများတွင် မြန်မာတို့၏စည်းလုံးညီညွတ်မှုနှင့်စေတနာသဒ္ဓါတရားထက်သန်မှုတို့ကိုတွေ့မြင်နိုင်ပေသည်။မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုဖွားတိုင်းရင်းသားများသည် မြန်မာ့ရိုးရာပွဲတော်များကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ဆင်နွှဲနေကြသည်မှာ ကြည်နူးဖွယ်ရာပင်ဖြစ်ပေတော့သည်။ ။

ကမ္ဘာမြေ၏ သဘာဝလောကဖြစ်စဉ်မှာ ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့ထက်တိုင် နေ (တနင်္ဂနွေဂြိုဟ်)၊ လ (တနင်္လာဂြိုဟ်)၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ ရာဟုဂြိုဟ်များသည် အစဉ်အတိုင်းထွက်ပေါ်နေကြ၏။ ထိုနည်းတူ နက္ခတ်တာရာကြယ်စုများသည် အစဉ်အတိုင်းလှည့်ပတ်နေကြ၏။ ယင်းသို့ နက္ခတ်ရာသီနှင့်အညီ ကမ္ဘာမြေပေါ်တွင် ပေါက်ရောက်ဖူးပွင့်ကုန်သော ပန်းတို့သည် မည်သည့်ဖန်ဆင်းရှင်၊ တန်ခိုးတော်ကြောင့်မဟုတ်ဘဲ သဘာဝအလျောက် ဖူးပွင့်နေခြင်းသာဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင်၏ ဒေသနာတော်တွင် ပြဆိုထားသည်။
သဘာဝပေါက်ပင်များ၊ သီးနှံ၊ ပန်းမန်များသည် ရာသီဥတုကိုမှီ၍ ဖြစ်ထွန်းကြစမြဲဖြစ်သည်။ လူတို့သည် ရာသီအလိုက် အသီးအပွင့်များကို ကြည့်ရှုလေ့လာမှတ်သားပြီး စိုက်ပျိုးလုပ်ဆောင်ကြရမည့် လရာသီကို မှတ်သားနိုင်ကြသည်။ ရှေးမြန်မာကြီးများက “ရာသီမသိပန်းနှင့်ညှိ” ဟူ၍ သဘာဝဖူးပွင့်ကြသည့် ပန်းကလေးများကိုကြည့်ပြီး မည်သည့်လရာသီကို ရောက်နေကြောင်းဆုံးဖြတ်ကြသည်။ ထို့ကြောင့် “ခွာတံပေါက်လဲတပို့တွဲ” လင်္ကာအရ ပြာသိုလတွင် ခွာညိုပန်းနှင့် တပို့တွဲလတွင် ပန်းပွင့်သည်မှာ ပေါက်ပန်း၊ လဲပန်း၊ လက်ပံတို့ဖူးပွင့်ကြသည်ဟုမှတ်ယူရမည်။
ထိုနည်းတူ ဆယ့်နှစ်လမိုးကို လအလိုက်ရွာသွန်းသည်ကိုလည်း ကဗျာလင်္ကာဖြင့် မှတ်တမ်းတင်ကြပြီး “တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း” ဟု မှတ်သားထားကြသည်။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီတွင် တပို့တွဲမှာ ဆောင်းလရာသီကုန်ဆုံးချိန်ဖြစ်သော်လည်း မိုးကြွင်းမိုးကျန်ကလေးများ ရွာသွန်းတတ်ကြောင်းကို ပြဆိုထားသည်။ နှင်းမှုန်ကြားမှာ အေးမြသောရာသီဖြစ်၍ တပို့တွဲလတွင် ရှေးအခါက မုရင်းစပါးများ စိုက်ပျိုးကြကြောင်းကို မဃဒေဝလင်္ကာကြီး အပိုဒ် (၂၇၆)တွင် သင်္ကြန်ကျပြီး နှစ်ဆန်းတစ်ရက်နေ့မှအစပြု၍ ရေတွက်သော် “ရက် ၃၁၈၊ ပြည့်လစ်မလွဲ၊ တပို့တွဲဟု၊ စိုရွှဲငွေနှင်း၊ ကုံရက်တွင်းမူ မူရင်းကောက်သား၊ ဝံတုံညား၏”ဟူ၍ ပြဆိုထားသည်။ ရှေးအခါက မုရင်းကောက်စိုက်သည့်နေ့တွင် လယ်မြေအတွက် ပုဗ္ဗကြယ် (ပုန်းမကြည်နတ်)ကို ပသမှုပြုလုပ်ကြသည်။
မြန်မာတို့၏ ရိုးရာဓလေ့ ဆယ့်နှစ်လရာသီပွဲတော်များကိုလည်း ရွှေနန်းထက်မှစ၍ ကျေးလက်မကျန် ကျင်းပပျော်ရွှင်ကြသည်။ မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုံးဟူ၍ လင်္ကာစာချိုးအရ ပြာသိုလတွင် မြင်းခင်းသဘင်နှင့် တပို့တွဲလတွင် အေးမြမြဆောင်းနံနက်ခင်း ယာဂု(ထမနဲ)တို့ကိုလှူဒါန်းကြပြီး ညဉ့်အခါတွင် မြတ်စွာဘုရားကို ညံရိုးဆီမီးဖြင့်ပူဇော်ကြသည့် မီးပုံပွဲသဘင်ဆင်ယင်ကျင်းပကြသည်။
ပုဂံခေတ်ကျောက်စာများတွင် တပို့တွဲလအမည်ကို “တပို့လ်တွယ်” “တပိုင်တွယ်” “တပို့တွယ်” “တပို့တွဲ” စသည်ဖြင့် ရေးထိုးခဲ့ကြသည်။
“တပို့”သည် ထမ်းပို့ဟုအနက်ရ၍ “တွဲ”မှာ ချိတ်ဆွဲထားခြင်းဟု အဓိပ္ပာယ်ရှိသည်။ ရှေးအခါက တောင်သူဦးကြီးများ လယ်ယာလုပ်ငန်းပြီးစီးသည့်လဖြစ်၍ လယ်ယာသုံးကိရိယာများကို ချိတ်ဆွဲသိမ်းဆည်းထားသည်ဟုလည်းယူဆကြသည်။
ထို့ပြင် တပို့တွဲ၊ တပေါင်း၊ တန်ခူး စသည့်သုံးလတွင် “တ” ကို “ထန်း” ဟုအနက်ဖွင့်ကြသည်။ တပို့တွဲလသည် ထန်းဖူး၊ ထန်းခိုင်ဟု အဓိပ္ပာယ်သက်ရောက်ပြီး “တွဲ” မှာ အောက်သို့ကိုင်းညွတ်ဆွဲဆိုင်းအောင် တွဲကျနေရန် ပြုပြင်ခြင်းဟုအနက်ဖွင့်သည်။ ထို့ကြောင့် တပို့တွဲလကို ထန်းဖူး၊ ထန်းခိုင်၊ ထန်းလက်များအောက်သို့ ညွတ်ကိုင်းတွဲလျားကျနေသောကာလ၊ ထန်းရည်နင်းလဖြစ်သည်ဟုလည်းယူဆကြသည်။
တပို့တွဲပေါက်လဲငုံစီစီ
တပို့တွဲလတွင် ပေါက်ပန်းနှင့် လဲပန်းတို့ နီနီရဲရဲဖြင့် တစ်ပင်လုံး ကမ္ဗလာဝတ်ရုံခြုံထားသကဲ့သို့ ပွင့်ဖူးကြသည်။
ပေါက်ပန်းနှင့် လဲပန်းမှာတစ်ပင်စီဖြစ်၏။ ပေါက်ပင်ကပွင့်သောပန်းကို ပေါက်ပန်းဟုခေါ်သည်။ လက်ပံပင်ကပွင့်သောပန်းကို လက်ပံပန်းဟုမခေါ်ဘဲ လဲပန်းဟုခေါ်ကြသည်။ အကြောင်းမူကား လက်ပံသီးမှ လဲကိုရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်ပံပင်ကို လဲပင်ဟုခေါ်သကဲ့သို့ လက်ပံပန်းကိုလည်း လဲပန်းဟုခေါ်ကြခြင်းဖြစ်သည်။
ရှေးမြန်မာတို့သည် “ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး” ဟူ၍ ခိုင်းနှိုင်းကြသည်။ ပေါက်ပင်၏အရွက်မှာစိမ်း၍ ပေါက်ပန်းမှာရဲရဲနီသည်။ ထိုနည်းတူ ကြက်တူရွေး၏ အမွေးအတောင်ကစိမ်း၍ နှုတ်သီးကနီသည်။ ထို့ကြောင့် ကြက်တူရွေးတို့သည် ပေါက်ပန်းပွင့်ချိန်တွင် ပေါက်ပွင့်နှင့်ခွဲမရအောင်ဖြစ်ရသည်။ ထိုနည်းတူ ပြည်ထဲရေးနှင့် နိုင်ငံရေးမှာ ထင်ရှားပြတ်သားစွာခွဲခြားမရကြောင်းကို ပြဆိုခိုင်းနှိုင်းထားခြင်းဖြစ်သည်။
ပေါက်ပန်းနှင့်လဲပန်းတို့၏အရောင်အဆင်းကို ဂါထာ ၆၀ ပျို့ (အပိုဒ်-၃၇)တွင် ရှင်အုန်းညိုက “ရင်းမာဖက်ဆွတ်၊ ရင်ခတ်သရဖီ၊ ကတ္တရီမြစ်ကိုင်း၊ ရွှေနှိုင်းပိတောက်၊ လဲနှင့်ပေါက်လည်း၊ တောက်သည့်မီးရောင်၊ ပြောင်ပြောင်ညီးညီး၊ ပန်းတောင်ကြီးသို့၊ ခရီးတောဝယ်၊ မြိုင်အလယ်၌၊ အံ့ဖွယ်သရဲ၊ မဖြစ်မြဲတည့်” ဟူ၍ တပို့တွဲလ ပေါက်လဲပန်းတို့ကြောင့် တောတောင်တစ်ဝိုက် နီနီဝါဝါ စိမ်းစိမ်းလဲ့လဲ့ အဆင်းလှပနေကြောင်း လျှောက်ထားစပ်ဆိုထားသည်။
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း
မိုးရာသီကာလကုန်ဆုံးလွန်မြောက်၍ တပို့တွဲလဆောင်းရာသီကုန်ဆုံးချိန်ဖြစ်သော်လည်း မိုးကြွင်းမိုးကျန်ကလေးများ ရွာသွန်းတတ်ကြောင်းကိုပြဆိုထားသည်။
ဤသည်ကိုရည်၍ ကုန်းဘောင်ခေတ်စာဆိုတော်လူဦးမင်းက ဆယ့်နှစ်လရာသီဖွဲ့တွင်-
“သဘင်ငယ်တင့်ဆုံး၊ လှူမီးပုံးနှင့်
အိုင်ထုံးသီဒါ၊ မြိုင်လုံးသာနှင့်၊ ခါ ပရမ။
သိသိရကို၊ ညီလာ့သန်းခေါင်၊ ဆန်းတဲ့ညောင်က
နောင်ဗျာထပ်ပို့၊ နှောင့်သဲကိုလ၊ ပျောက်ပြိုခွဲဝေ။
ဘယ်နဲသာဖြေလိမ့်၊ သွန်းရွှေခန့်ပုံစံငယ်
ကုံသန်ကျန်ခါတော်မြို့က၊ တိုးဆင့်ချည်သေး” ဟူ၍ တပို့တွဲလ၏ မိုးကြွင်းမိုးကျန်များ ရွာလေ့ရှိသည်ကိုပြဆိုထားသည်။
ဆရာကြီး ဦးပြုံးချိုက -
“ပေါက်လဲရယ်တဲ့ ပွင့်စီစီ၊ ဝတ်ပန်းသူရာရေကြောင့်
ဆက်ရက်တွေ သံစုံကျူးကြတယ်၊ မြူးတဲ့ရာသီ။
ငွေသော်တာ ကြယ်မာဃငယ်နှင့်
ထွန်းလျှံပ ပြည့်ခါညီ၊ ပြာရီလဲ့မြူခိုး။
ယာဂုပွဲကိုတဲ့၊ လှူမြဲအလွန်ရွှင်လို့၊
ခုနစ်စဉ်တာရာလျှမ်းသည်နှင့်၊
ဆူးပန်းတွေဝေဝေပွင့်ကြတယ်၊ ထူးတင့်မညှိုး။” ဟူ၍ တပို့တွဲလသည် ပေါက်ပန်းတို့လည်းပွင့်၊ မြူခိုးမြူမှုန်ပြာရီလဲ့နှင်းဝင်းပနေသည်။ ငှက်ကျေးသာရကာတို့သည် တပို့တွဲ ပေါက်လဲပန်းဝတ်ရည်စုပ်၍ ပျော်ရွှင်ဆူညံနေကြသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း ထမနဲ(ယာဂု)ပွဲများဖြင့် ဆင်နွှဲလှူဒါန်းကြပုံကို ရေးဖွဲ့ထားသည်။
တပို့တွဲလရာသီတွင် ကောက်ပင်တို့ရိတ်သိမ်းပြီးကြသည်။ မိုးမရွာသဖြင့် ခြောက်သယောင်းနေသည့် ရိုးပြတ်တောက လယ်ကွင်းပြင်တွင် ထိုးထိုးထောင်ထောင်နှင့် နေပူလောင်ခြင်းကို သရုပ်ပြနေသည်။ ကျေးလက်တောင်သူများက တပေါင်း၊ တန်ခူးလတို့တွင် မိုးရွာပါက မိုးကြိုထွန်ရေးငယ်ငင်နိုင်ရန်အတွက် ရိုးပြတ်တောများကို ရှင်းလင်းရန်လိုအပ်သည်။ တောင်သူတို့က ရိုးပြတ်တောများကို ဂရုတစိုက်မီးရှို့၍ စောင့်ဆိုင်းကာပြုလုပ်ကြသည်။ သို့သော် မသမာသူ သို့မဟုတ် ခြေလက်စည်းမစောင့်နိုင်သူအချို့က ရိုးပြတ်တောကိုမီးရှို့၍ မျက်နှာလွှဲခဲပစ်ရှောင်သွားလေ့ရှိကြသည်။
မီးရောင်ညီးညီး နွေလယ်နေ့တွင် တောက်လောင်နေသည့် မိုးရနံ့ကင်းသော ရိုးပြတ်တောမီးကို မြင်တွေ့ကြရသည်။ အမည်မသိရှေးစာဆိုတစ်ဦးက စာဖွဲ့ထားခဲ့သည်မှာ-
“မှုန်ပြာရီ၊ ကုံရာသီတပို့တွဲမှာလ၊
ပေါက်လဲတွေအရောင်တောက်ပါလို့၊
တောင်မြောက်လေနှော။
ညီးလို့ငယ်ဝါ၊ မီးရှို့ကာဘယ်သူမြှိုက်ခဲ့ပါလိမ့်၊
ပူလိုက်လေအကျိုးပါမျှမနပ်ပါကာလ
လူမိုက်တွေ၊ ပိုးသတ္တဝါသတ်ခဲ့တယ်၊ ရိုးပြတ်လယ်တော။”ဟူ၍ဖြစ်သည်။
စာဆိုရှင်က သဘာဝတရားကိုချစ်မြတ်နိုးသကဲ့သို့ သတ္တဝါကလေးများကို သနားကြင်နာကရုဏာသက်သည်မှာ ကျေးလက်သဘာဝတရားကို ဖော်ကျူးရာရောက်ပေသည်။
ကုံရာသီတပို့တွဲ ယာဂုမီးပုံပွဲကုံရာသီတပို့တွဲလတွင် ချမ်းအေးသည့် နှင်းပွဲများကြားတွင် မြန်မာတို့သည် ယာဂုခေါ် ထမနဲထိုးပွဲများကျင်းပသည်။ ကောက်ဦး ပေါ်ဦးပေါ်ဖျား ထမနဲ (နှမ်းမနဲ) အလှူပွဲများကိုကျင်းပသည်။ ရှင်တော်မြတ် ဘုရားကိုရည်မှန်း၍ အနွေးဓာတ်ဖြင့် ပူဇော်ပွဲနှင့်မီးပုံပွဲသဘင်ကိုလည်းဆင်ယင်ကျင်းပကြသည်။
မဟာအတုလမင်းကြီး၏ ဆယ့်နှစ်ရာသီပွဲလွမ်းချင်းတွင်-
“တပို့တွဲမို့၊ မင်းပွဲရွှင်ပျော်၊
ယာဂုတော်နှင့်၊ ကြွေးကြော်ပြင်ဆင်၊
လွမ်းဖို့သာ ဆင်တော့တယ်၊
ကောင်းကင်မြင့်တိမ်ဆီမှာ၊
ကြယ်မာဂီ ရောင်စုံကျင်းလို့၊
လင်းလှတယ်လေး။”ဟူ၍ ရေးဖွဲ့မှတ်တမ်းတင်ထားခဲ့သည်။
တပို့တွဲလ ထမနဲပွဲတွင် မင်းနှင့်ပြည်သူအားလုံးပျော်ရွှင်ကြသည်။
ကောင်းကင်ယံတွင် တိမ်များရောင်စုံထွန်းလင်းနေသည်ဟုပြဆိုထားသည်။ ရှေးအခါက တပို့တွဲလမှာ ယာဂုကျိုသည့်ပွဲကျင်းပသည်ဟုဆို၏။
“ယာဂု” ဆိုသည်မှာ ပါဠိဘာသာစကားဖြစ်၏။ မြန်မာတို့က “ယာဂု” ဟူ၍ခေါ်သော်လည်း ခေတ်ကာလရွေ့လျော၍ “ထမနဲ” ဟုခေါ်ဆိုလာခြင်းဖြစ်သည်။
ယာဂု (ထမနဲ) ထိုးခြင်းတွင် ပါဝင်သောပစ္စည်းများမှာ ကောက်ညှင်းဆန်၊ မြေပဲ၊ အုန်းသီး၊ နှမ်းဆီ စသည်တို့ရောနှော၍ ကျိုချက်ထိုးရသောစားဖွယ်ဖြစ်၏။
တပို့တွဲလနံနက်လင်းရောင်ပျို့ အရုဏ်မတက်မီအချိန်တွင် တန်ခိုးကြီးဘုရားစေတီရင်ပြင်တော်ပေါ်တွင် ထင်းမီးများစုပုံ၍ မီးပုံပွဲသဘင်ဆင်ယင်ပူဇော်ကန်တော့ကြသည်။ မီးပုံပွဲများအနက် ပြည်မြို့ ရွှေဆံတော်ဘုရားရင်ပြင်တွင်ကျင်းပသည့် တပို့တွဲလပြည့်နေ့ မိုးသောက်ယံ (ညံရိုးဖြင့်)မီးပူဇော်ပွဲမှာ စည်ကားသိုက်မြိုက်လှသည်။
ဗုဒ္ဓမြတ်စွာဘုရားသခင်သည် ဘုရားပွင့်တော်မူပြီး ကိုးလမြောက် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် သံဃာတော်များအား ဩဝါဒပါတိမောက်ဒေသနာတရားတော်ကို ဩဝါဒပေးတော်မူသည်။
ဗုဒ္ဓ၊ သံဃာတော်များက ထိုနေ့ကို ဩဝါဒပါတိမောက်အခါတော်နေ့အဖြစ် သတ်မှတ်ပူဇော်ကြသည်။ ။

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။ တည်နေရာအားဖြင့် မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ကရင်ပြည်နယ်တို့က ဝန်းရံထားပြီး အနောက်ဘက်တွင် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အကြား နယ်နိမိတ်စည်းအဖြစ် သံလွင်မြစ်စီးဆင်းလျက်ရှိသည်။
ကယားပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ဝန်းရံထားသော ပြည်နယ်တစ်ခုဖြစ်ပြီး လူဦးရေသိပ်သည်းဆ နည်းပါးသော်လည်း ယဉ်ကျေးမှုနှင့် ဘာသာစုံလင်စွာ ယှက်နွှယ်နေသည့် လှပသောဒေသဖြစ်သည်။ ပြည်နယ်အား လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုခရိုင်၊ ဘောလခဲခရိုင်၊ မယ်စဲ့ခရိုင်ဟူသည့် ခရိုင်လေးခရိုင်၊ မြို့နယ်ခုနစ်မြို့နယ်၊ မြို့လေးမြို့၊ ရပ်ကွက် ၅၆ ခု၊ ကျေးရွာအုပ်စု ၇၄ စုနှင့် ကျေးရွာပေါင်း ၅၀၆ ရွာတို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်လူဦးရေ၏ ၅၆ ရာခိုင်နှုန်းခန့်သည် ကယားတိုင်းရင်းသားများဖြစ်ပြီး ကယားမျိုးနွယ်စု ကိုးမျိုးနှင့် ဗမာ၊ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်းအပါအဝင် အခြားတိုင်းရင်းသားလူမျိုးများလည်း အတူယှဉ်တွဲနေထိုင်ကြသည်။
ကယားပြည်နယ်သည် ဘာသာရေးအရ စုံလင်ကွဲပြားမှုရှိသော ဒေသဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားဘာသာများ ကိုးကွယ်ကြပြီး အဓိကဘာသာနှစ်ခုမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ဖြစ်ပြီး ဗုဒ္ဓဘာသာ ၄၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာ ၄၈ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် လူဦးရေအချိုး တူညီနီးပါးရှိသည်ကို တွေ့ရသည်။ ပြည်နယ်အတွင်း လူမျိုးစုံ၊ ဘာသာစုံတို့သည် ရှည်လျားသောသမိုင်းကြောင်းအတွင်း အေးအတူပူအမျှ အတူယှဉ်တွဲနေထိုင် လာခဲ့ကြပြီး ချစ်ကြည်ရင်းနှီးသော လူမှုဆက်ဆံရေး၊ တစ်ဦးနှင့်တစ်ဦးလေးစားမှုနှင့် ဘာသာရေးအရ သည်းခံမှုတို့ကို တည်ဆောက်ထားနိုင်ခဲ့သည်။
ဤစုံလင်မှုသည် ကယားပြည်နယ်၏ ထူးခြားသော အမှတ်လက္ခဏာ တစ်ရပ်လည်းဖြစ်သည်။
ကယားပြည်နယ်နေ့ဖြစ်ပေါ်လာပုံ
ကရင်နီပြည်နယ်အမတ် ဦးစိန်သည် ၁၉၄၉ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင်ကျင်းပသော ကရင်နီပြည်နယ်ကောင်စီ ဒုတိယညီလာခံတွင် လည်းကောင်း၊ ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်)တွင်လည်းကောင်း “ကရင်နီပြည်နယ်” အစား “ကယားပြည်နယ်” ဟူသောအမည်ကို တရားဝင် အဆိုတင်သွင်းခဲ့သည်။ ပြည်နယ်ခေါင်းဆောင်များ၏ စည်းရုံးမှု၊ လူထု၏ထောက်ခံမှုနှင့် ဥပဒေရေးရာကြိုးပမ်းမှုများ အောင်မြင်ခဲ့သည့်အနေဖြင့် ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေ(အက်ဥပဒေအမှတ် ၆၂) ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ထိုအက်ဥပဒေ၏ ပုဒ်မ ၈ တွင် “ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် “ကရင်နီ”ဆိုသည့် စကားရပ်ပါရှိသော နေရာတိုင်း၌ ထိုစကားရပ်အစား “ကယား” ဆိုသည့်စကားရပ်ကိုထည့်သွင်းရမည်” ဟု အတိအလင်း ဖော်ပြထားသည်။
ဤသည်မှာ ပြည်နယ်လူထုနှင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအဆင့်တွင် အသိအမှတ်ပြုခြင်းဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားအမှတ်လက္ခဏာ သတ်မှတ်ပိုင်ခွင့်အတွက် ကြီးမားသော အောင်ပွဲတစ်ရပ်ဖြစ်ခဲ့သည်။ ဤအောင်ပွဲကို အမှတ်ရစေရန် နှစ်စဉ် ဇန်နဝါရီလ ၁၅ ရက်နေ့ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ကြသည်။
၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် “ကရင်နီပြည်နယ်” မှ “ကယားပြည်နယ်” သို့ အမည်ပြောင်းလဲခေါ်တွင်သည့် နာမကရဏသဘင် အခမ်းအနားကြီး ကျင်းပခဲ့သည်။ အဆိုပါနေ့မှစ၍ ပြည်နယ်အမည်သည် “ကယားပြည်နယ်” ဖြစ်လာခဲ့ပြီး နှစ်စဉ်ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲများကို ဂုဏ်ယူစွာ ဆက်လက်ကျင်းပလာခဲ့ကြသည်။ သို့ဖြစ်၍“ကရင်နီ” မှ “ကယား”သို့ ပြောင်းလဲခဲ့သည့် ဤဖြစ်စဉ်သည် အမည်နာမတစ်ခုသာမက ပြည်ထောင်စုအတွင်း ကိုယ်ပိုင်အခွင့်အရေးနှင့် အမှတ်လက္ခဏာကို ဥပဒေနှင့်အညီ တောင်းဆိုရယူနိုင်ခဲ့သော ပြည်နယ် တစ်ခု၏ သမိုင်းဝင်ခရီးပန်းတိုင်တစ်ခုအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။
ကယားပြည်နယ်သည် ထူးခြားသောပြည်နယ်တစ်ခုအဖြစ်ထင်ရှားသည်။ စိမ်းလန်းသော တောင်ကုန်းများ၊ ကြည်လင်သောရေကန်များနှင့် လှပသောချိုင့်ဝှမ်းများဖြင့် ဖုံးလွှမ်းထားသည့် ဤဒေသသည် ရှေးဟောင်းရိုးရာဓလေ့များ သက်ဝင်ရှင်သန်နေဆဲ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ ဟန်ချက်ညီစွာ ယှဉ်တွဲတည်ရှိသည့် စံပြနေရာ၊ လူမှုရေးချစ်ကြည်မှုနှင့် သည်းခံမှုတို့ဖြင့် ပြည့်နှက်နေသည့် ငြိမ်းချမ်းရာဒေသဖြစ်သည်။
သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီတော်)
သီရိမင်္ဂလာတောင်တော်ပေါ်ရှိ တောင်ကွဲစေတီတော်မြတ်သည် ကယားပြည်နယ်၏ အထင်ကရ ဘာသာရေး မှတ်တိုင်တစ်ခုဖြစ်သည်။ မတူညီသော ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် သဘာဝတောင်ထိပ်ကိုးခုတွင် စေတီတော် ၁၂ ဆူအား တည်ထားကိုးကွယ်ထားသည်။ ပထမဆုံးသောစေတီတော်ကို ၁၉ ရာစုနှစ်တွင် လွိုင်ကော်မြို့စားကြီးကတည်ထားကိုးကွယ်ခဲ့သည်။ သီရိတောင် သို့မဟုတ် မင်္ဂလာသီရိတောင်ဟုခေါ်ဝေါ်ခဲ့ရာမှ သီရိမင်္ဂလာတောင်ဟူ၍ ၁၉၇၀ ပြည့်နှစ်လောက်တွင် ပြောင်းလဲခေါ်တွင်ခဲ့သည်။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောတောင်ဟု အဓိပ္ပာယ်ရသည်။ သီရိမင်္ဂလာတောင်တော်သည် အမြင့် ၃၈၇ ပေရှိသည်။ လွိုင်ကော်မြို့၏ အဓိကအချက်အချာ ကျသောနေရာတွင် တည်ရှိပြီး စေတီတော်ပေါ်မှနေ၍ လွိုင်ကော်မြို့၏ ရှုခင်းများကို တွေ့ရှိခံစားနိုင်သည်။ ထို့ပြင် မြို့နာမ်စေတီ၊ ရွှေလက်ဝါးစေတီ၊ ဘေးမခတောင်တော်၊ မြကလပ်တောင်တော်၊ နေစက်လစက်စေတီ၊ သစ်တစ်ပင်တောင်နှင့်ရွှေလက်ဝါးစေတီ စသည့်သမိုင်းဝင်စေတီပုထိုးများစွာလည်း တည်ရှိသည်။
ပန်ပက်ကျေးရွာ
ကယားပြည်နယ်တွင်အထင်ကရနေရာ များစွာရှိသည့်အနက် ပန်ပက်ကျေးရွာသည် ဒီးမော့ဆိုမြို့နယ်အတွင်း တည်ရှိပြီး လွိုင်ကော်မြို့မှ ၂၆ မိုင်၊ မော်တော်ယာဉ်ဖြင့် တစ်နာရီခန့်သွားရသည်။ ကယန်း(ပဒေါင်)လူမျိုးများ၏ ဇာတိကျေးရွာဖြစ်သည်။ လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်ထားရှိသည့် ကျေးရွာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေကြသည့် ကျေးရွာဖြစ်သည်။ ကျေးရွာအတွင်း ကယန်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုများ၊ ကိုးကွယ်ယုံကြည်မှု၊ လက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကယန်း ရိုးရာအစားအသောက်များ၊ ကယန်းလူမျိုးတို့၏ ခေါင်ရည်ချက်လုပ်မှုနှင့် သောက်သုံးသည့် ဓလေ့များသည် ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်နေသည့် အရာများဖြစ်သည်။ ကျေးရွာအနီး တောင်တက်ခရီးစဉ်များနှင့် လမ်းလျှောက်ခရီးစဉ်များသည် ကယားပြည်နယ်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ အတွက် အမှတ်ရစရာ ခရီးစဉ်တစ်ခုဖြစ်သည်။
တနီးလာလဲကျေးရွာနှင့်ကန်ခုနစ်ဆင့်ရေကန်
တနီးလာလဲကျေးရွာနှင့် ကန်ခုနစ်ဆင့်ရေကန်သည် ဒီးမော့ဆိုမြို့နယ်အတွင်းတည်ရှိပြီး လွိုင်ကော်မြို့၏ ၁၃ မိုင်အကွာတွင်တည်ရှိသည်။ တနီးလာလဲကျေးရွာသည် လူထုအခြေပြုခရီးသွား လုပ်ငန်းများ ဖော်ဆောင်ထားရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ကယားတိုင်းရင်းသားများ နေထိုင်ရာ ရွာတစ်ရွာလည်းဖြစ်သည်။ ကျေးရွာအတွင်း နွားလှည်းစီးခြင်း၊ လေးခွပစ်ခြင်း၊ ကယားရိုးရာ အသားကင်များပြုလုပ်ခြင်း၊ ကျေးရွာရှိတံခွန်တိုင်နှင့်ကြာကန်သို့ သွားရောက်လည်ပတ်ခြင်း၊ ကယားရိုးရာအိမ်များသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်နိုင်သည်။ တနီးလာလဲကျေးရွာအနီးရှိ ကန်ခုနစ်ဆင့်ရေကန်သည် သာယာလှပပြီး အပန်းဖြေအနားယူရန် ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည်။
ငွေတောင်ဆည်
ကယားပြည်နယ်ဟုဆိုလျှင် “ငွေတောင်ပြည်၊ ငွေတောင်ဆည်”ဟုသိရှိကြသည်။ ငွေတောင်ဆည်ကြီးသည် လွိုင်ကော်မြို့မှ ၉ မိုင်အကွာအဝေးတွင်တည်ရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များနှင့် ဒေသခံပြည်သူများ၏ အနားယူအပန်းဖြေရာ ရှုမငြီးဖွယ်နေရာတစ်ခုဖြစ်သည်။
ဆင်ဖြူတောင်
ဆင်ဖြူတောင်သည် ဖရူဆိုမြို့နယ်ရှိ မော်သီဒိုကျေးရွာအနီးတွင်တည်ရှိပြီး လွိုင်ကော်မြို့မှ မိုင် ၄၀ အကွာတွင်တည်ရှိသည်။ Trekking လျှောက်ခြင်း၊ တောင်တက်ခြင်း၊ Adventure Trip များဆောင်ရွက်နိုင်သည်။
ကေ့ထိုးဘိုး (တံခွန်တိုင်ပွဲတော်)
ကယားပြည်နယ်တွင် ကယားတိုင်းရင်းသားတို့၏ စိုက်ပျိုးရေးနှင့် ဘာသာရေးဓလေ့များသည် သဘာဝပတ်ဝန်းကျင်နှင့် နီးကပ်လျက်ရှိသည်။ ကယားတိုင်းရင်းသားတို့သည် မိမိတို့ မိရိုးဖလာနည်းများဖြင့် စိုက်ပျိုးကြသူများဖြစ်ခြင်းကြောင့် သဘာဝကပေးသော မိုးရေကိုအားကိုး၍ ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရသည်။ ထို့ကြောင့် ယင်းတို့သည် မိုးကိုခေါ်ကြသည်။ တောင်ယာမစိုက်မီ၊ စပါးမရိတ်သိမ်းမီ၊ စပါးရိတ်သိမ်းပြီးချိန်တွင် မိမိတို့မမြင်နိုင်သော တန်ခိုးရှင်တို့အား လုပ်ငန်းကိစ္စအဝဝ အထမြောက်အောင်မြင်စေရေးအတွက် ကူညီစောင်မရန် ပူဇော်ပသပွဲများပြုလုပ်ကြသည်။
ယင်းပူဇော်ပွဲများအနက် ကေ့ထိုးဘိုး (တံခွန်တိုင်ပွဲတော်)သည် ကယားအနွယ်ဝင်တို့၏ ရိုးရာကိုးကွယ်မှုမှ ပေါက်ဖွားလာသည့် နတ်ပူဇော်ပသပွဲများဖြစ်သည်။ ယင်းပွဲတော်ကို နှစ်စဉ်တန်ခူးလနှင့် ကဆုန်လတို့တွင် ကျင်းပကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းပွဲတော်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပွဲတော်လည်းဖြစ်သည်။ ဤပွဲတော်ကျင်းပခြင်းအားဖြင့် မိုးလေဝသမှန်ကန်ပြီးလျှင် ကောက်ပဲသီးနှံများ ဖွံ့ဖြိုးအောင်မြင်လိမ့်မည်ဟု ကယားအမျိုးသားတို့က ယုံကြည်ကြသည်။ သို့ဖြစ်၍ တံခွန်တိုင်ပွဲတော်ကို မိုးခေါ်ပွဲ (မိုးတပွဲ)ဟုခေါ်လျှင် မှားမည်မထင်ပါ။ တံခွန်တိုင်ပွဲတော်သည် ကယားလူမျိုးတို့၏ အလွန်အရေးပါအရာရောက်သော ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်၍ ဘိုးဘွားအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ရွာစဉ်အလိုက် ကျင်းပသောပွဲတော်တစ်ရပ်ဖြစ်သည်။
အဲဒူ(ခေါ်) ကောက်ညှင်းထုပ်ပွဲ
ထို့ပြင် ကယားရိုးရာ အဲဒူ (ခေါ်) ကောက်ညှင်းထုပ်ပွဲတော်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့်သက်ဆိုင်သော ပွဲတော်တစ်ခုဖြစ်သည်။
ယင်းပွဲတော်ကို ကောက်ပဲသီးနှံများစိုက်ပျိုး၍ အောင်မြင်ပြီးစီးကြောင်း အထိမ်းအမှတ်သဘောမျိုးဖြင့် ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် အဲဒူပွဲတော်ကို စပါးစိုက်ပျိုးပြီးချိန် တော်သလင်းလနှင့် သီတင်းကျွတ်လတို့တွင် ကျင်းပလေ့ရှိကြသည်။
အချုပ်အားဖြင့်ဆိုရလျှင် ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ထူးခြားသောယဉ်ကျေးမှု၊ သဘာဝအလှနှင့် သမိုင်းတန်ဖိုးများ စုစည်းတည်ရှိရာ ဒေသအဖြစ် ထင်ရှားလှသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် ဤပြည်နယ်သည် လေးစားမှုနှင့် ညီညွတ်ရေး၏ စံပြပုံရိပ်တစ်ခုလည်းဖြစ်သည်။ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် “ကရင်နီ” မှ “ကယား”သို့ အမည်ပြောင်းလဲခဲ့သည့် သမိုင်းဝင်ခရီးစဉ်သည် ပြည်နယ်သူ၊ ပြည်နယ်သားများ၏ အမျိုးသားအမှတ်လက္ခဏာကို ထိန်းသိမ်းရန်အတွက် ဇွဲလုံ့လပြည့်ဝမှုကို ဖော်ကျူးပြသခဲ့သည်။ နှစ်စဉ်ကျင်းပလေ့ရှိသော ကယားပြည်နယ်နေ့သည် ဤဂုဏ်ယူဖွယ်အမှတ်တရနှင့်စည်းလုံးညီညွတ်မှုကို ပြန်လည်အားဖြည့်ရန် အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်သည်။ စိမ်းလန်းသောတောင်တန်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ငြိမ်းချမ်းသာယာသည့် လူမှုအသိုင်းအဝိုင်းတို့ဖြင့် ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏လှပသော ပန်းချီကားတစ်ချပ်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ။

ဥရောပဒေသရဲ့ ခရီးသွားမြေပုံပေါ်မှာ လူသိနည်းနေသေးပေမယ့် တကယ်တမ်းခြေချကြည့်လိုက်တဲ့အခါ မမျှော်လင့်ထားတဲ့ အလှတရားတွေနဲ့ ဆီးကြိုနေမယ့် နိုင်ငံတစ်နိုင်ငံရှိပါတယ်။ အဲဒါကတော့ “ဥရောပရဲ့ အဆုတ်” လို့ တင်စားခံရပြီး သန့်ရှင်းစိမ်းလန်းတဲ့ သဘာဝတရား၊ ခမ်းနားထည်ဝါတဲ့ ရဲတိုက်ကြီးတွေနဲ့ ဖော်ရွေပျူငှာတဲ့ ဒေသခံတွေရှိရာ “ဘယ်လာရုစ်နိုင်ငံ” ပဲ ဖြစ်ပါတယ်။
ဥရောပအရှေ့ပိုင်းမှာတည်ရှိပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း ဘယ်လာရုစ်ဟာ ရေကန်ပေါင်း ၁၁၀၀၀ ကျော်နဲ့ မြစ်ချောင်းပေါင်း ၂၀၀၀၀ ကျော် စီးဆင်းနေတာကြောင့် “အပြာရောင်မျက်လုံးပိုင်ရှင် နိုင်ငံ” (The Blue-Eyed Country) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဆူညံပွက်လောရိုက်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ အေးချမ်းဆိတ်ငြိမ်မှုကို ရှာဖွေနေကြသူတွေအတွက် ဘယ်လာရုစ်နိုင်ငံက အကောင်းဆုံး ခိုနားရာတစ်ခုပါပဲ။
ဘယ်လာရုစ်နိုင်ငံကို ရောက်တာနဲ့ ပထမဆုံး သတိထားမိမယ့်အရာက သန့်ရှင်းသပ်ရပ်မှုနဲ့အတူ ခေတ်ဟောင်းအငွေ့အသက်တွေ ဖုံးလွှမ်းရာနေရာတစ်ခုဖြစ်တဲ့ မင့်(စ်)မြို့ပါပဲ။ ဘယ်လာရုစ်နိုင်ငံရဲ့မြို့တော်ဖြစ်တာနဲ့အညီ သန့်ရှင်းသပ်ရပ်မှုရှိပြီး လမ်းမကျယ်ကြီးတွေ၊ စနစ်ကျတဲ့ ပန်းခြံကြီးတွေနဲ့ ဆိုဗီယက်ခေတ် ဗိသုကာလက်ရာတွေက ခေတ်မီအဆောက်အအုံတွေနဲ့အတူ ယှဉ်တွဲနေတာဖြစ်ပါတယ်။
မင့်(စ်)မြို့ရဲ့မြို့လယ်ကောင်က အဓိကလမ်းမကြီးဖြစ်ပြီး ဥရောပရဲ့အရှည်လျားဆုံး လမ်းမတွေထဲမှာ ပါဝင်ပါတယ်။ လမ်းမကြီးတစ်လျှောက်ကို လျှောက်လှမ်းကြည့်ရင် ခမ်းနားလှပတဲ့ ဂန္ထဝင်အဆောက်အအုံတွေကို ငေးမောနိုင်မှာပါ။
စိန်တုံးပုံစံနဲ့တည်ဆောက်ထားတဲ့ အမျိုးသားစာကြည့်တိုက်ကြီးက မင့်(စ်)မြို့ရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ညဘက်မှာဆိုရင် မီးရောင်စုံတွေနဲ့ ထိန်ထိန်လင်းနေပြီး အပေါ်ဆုံးထပ်ကနေကြည့်ရင် တစ်မြို့လုံးရဲ့ ရှုခင်းကို ပသာဒဖြစ်ဖွယ်ရာ တွေ့မြင်နိုင်ပါတယ်။
မြစ်ကမ်းဘေးမှာရှိတဲ့ ရောင်စုံအိမ်လေးတွေနဲ့ ရှေးဟောင်းရပ်ကွက်လေးကတော့ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာပါပဲ။ ကော်ဖီဆိုင်လေးတွေ၊ အနုပညာပြခန်းလေးတွေနဲ့ ပြည့်နှက်နေပြီး ၁၉ ရာစုအငွေ့အသက်ကို ခံစားရစေပါတယ်။ နေရာကတော့ Trinity Suburb ဖြစ်ပါတယ်။
ဘယ်လာရုစ်နိုင်ငံကိုရောက်ရင်မသွားမဖြစ် သွားရမယ့်နေရာကတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရဲတိုက်ကြီးနှစ်ခုဖြစ်ပါတယ်။ အဲဒီရဲတိုက်ကြီးတွေက နတ်သမီးပုံပြင်ဆန်တဲ့ ရဲတိုက်ကြီးများလို့ပြောရင်လည်းမမှားပါဘူး။
ရဲတိုက်နှစ်ခုအနက်တစ်ခုက မီယာရဲတိုက်ဖြစ်ပါတယ်။ ၁၆ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ ရဲတိုက်ကြီးဖြစ်ပြီး ဂေါသစ်၊ ဘာရော့နဲ့ ရီနေးဆွန်း ဗိသုကာလက်ရာတွေ ပေါင်းစပ်ထားပါတယ်။ ရဲတိုက်ရဲ့ရှေ့ကရေကန်ထဲမှာ ရဲတိုက်ပုံရိပ်ထင်ဟပ်နေတာက ပန်းချီကားတစ်ချပ်သဖွယ် လှပလှပါတယ်။
နောက်ထပ်ရဲတိုက်တစ်ခုက နက်စဗီရဲတိုက်ဖြစ်ပါတယ်။ ဥရောပရဲ့ အလှဆုံးနန်းတော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီရဲတိုက်ကြီးက ရတ်ဇီဝေး မိသားစုရဲ့နေအိမ်ဖြစ်ခဲ့ပြီး အတွင်းပိုင်း အပြင်အဆင်တွေက ရွှေရောင်ဝင်းလက်ကာ အင်မတန်ခမ်းနားပါတယ်။ ရဲတိုက်ပတ်လည်က ဥယျာဉ်ကြီးထဲမှာ လမ်းလျှောက်ရင်း ရှေးခေတ်မင်းညီမင်းသားတွေရဲ့ ဘဝကို စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။
ဥရောပရဲ့ ရှေးအကျဆုံးသစ်တောကြီးဖြစ်တဲ့ Belovezhskaya Pushcha က သဘာဝကြီးကိုချစ်ခင်မြတ်နိုးသူတွေအတွက် တကယ့်ကိုသုခဘုံပါပဲ။ ဒီသစ်တောကြီးဟာ ဥရောပရဲ့ရှေးအကျဆုံးနဲ့ အကြီးဆုံးသော သစ်တောကြီးတစ်ခုဖြစ်ပါတယ်။ ဒီတောအုပ်ထဲမှာ ဥရောပကျွဲရိုင်းလို့ခေါ်တဲ့ တိရစ္ဆာန်တွေကို သဘာဝအတိုင်း တွေ့မြင်နိုင်ပါသေးတယ်။ ဒါ့အပြင် စက်ဘီးစီးတာ၊ တောတွင်းလမ်းလျှောက်တာတွေ ပြုလုပ်နိုင်ပြီး ဆောင်းရာသီမှာဆိုရင်တော့ နှင်းမှုန်ဖွေးဖွေးကြားမှာ သစ်တောအလှကိုခံစားရင်း “Father Frost” (ဘယ်လာရုစ် စန်တာကလော့) ရဲ့ အိမ်တော်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။
ရိုးရာအစားအစာနဲ့ ဧည့်ဝတ်ကျေပွန်မှု အကြောင်းပြောရရင် ဘယ်လာရုစ်နိုင်ငံသားတွေက အာလူးကို အင်မတန်နှစ်သက်ကြပါတယ်။ သူတို့ဆီမှာ အာလူးနဲ့လုပ်တဲ့ ဟင်းလျာအမျိုးပေါင်း ၃၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အာလူးကိုအခြေခံတဲ့ အထင်ရှားဆုံးဟင်းလျာတချို့ကတော့ Draniki လို့ခေါ်တဲ့ အာလူးကို ခြစ်ပြီးကြော်ထားတဲ့ အာလူးကပ်ကြော်ဖြစ်ပါတယ်။
နောက်တစ်ခုက Machanka လို့ခေါ်တဲ့ ဝက်သား၊ ဝက်အူချောင်းတို့ကို အနှစ်နဲ့ချက်ပြီး ပန်ကိတ်နဲ့တို့စားရတဲ့ဟင်းလျာဖြစ်ပါတယ်။
ဒေသခံတွေဟာ နိုင်ငံခြားသားတွေအပေါ်မှာ အလွန်ဖော်ရွေပြီး ကူညီတတ်ကြပါတယ်။ ဘာသာစကား အခက်အခဲရှိနိုင်ပေမယ့် သူတို့ရဲ့နွေးထွေးတဲ့ အပြုံးတွေကြောင့်ပဲ စိတ်လုံခြုံမှုကိုရရှိစေမှာဖြစ်ပါတယ်။
ပဲရစ်တို့ ရောမတို့က ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတဲ့ နေရာတွေဖြစ်တာကြောင့် စိတ်ရှုပ်ရတာမျိုးတွေရှိတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လာရုစ်ကတော့ ဒီလိုစိတ်ရှုပ်စရာတွေနဲ့ ကင်းဝေးပြီး ခရီးသွားတွေနဲ့ ကျပ်ညပ်မနေဘဲ အေးအေးလူလူ လည်ပတ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကလည်း ဥရောပရဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နေစရိတ်၊ စားစရိတ်မှာ အများကြီးသက်သာပါတယ်။ လုံခြုံမှုရှိရဲ့လားလို့ဆိုလာရင်လည်း ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့အလုံခြုံဆုံး နိုင်ငံများစာရင်းထဲမှာ ပါဝင်လေ့ရှိပြီး ညဘက်တွေမှာ လမ်းလျှောက်ထွက်ရင်တောင် အလွန်စိတ်ချရတဲ့ အနေအထားရှိပါတယ်။
ဘယ်လာရုစ်ဆိုတာ သတင်းခေါင်းစဉ်တွေထဲမှာ တွေ့ရတာထက် ပိုမိုနက်ရှိုင်းတဲ့ အလှတရားတွေ ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သမိုင်းကြောင်း၊ယဉ်ကျေးမှု၊ သဘာဝတရားနဲ့ ရိုးသားအေးဆေးတဲ့ လူနေမှုဘဝကို မြတ်နိုးသူတွေအတွက်ဆိုရင်တော့ ဘယ်လာရုစ်နိုင်ငံဟာ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ “လျှို့ဝှက်ရတနာ” ကြီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

မြန်မာနိုင်ငံသည် သဘာဝအလှတရားများ ပေါကြွယ်သည့် နိုင်ငံဖြစ်သကဲ့သို့ မြန်မာတို့သည် စေတနာသဒ္ဓါတရားထက်သန်သော သူများဖြစ်ကြသည်။
သဘာဝပတ်ဝန်းကျင်က လှပနေသကဲ့သို့မြန်မာတို့၏ ဖြူစင်သောစိတ်ရင်းစိတ်ထားမှာလည်း အလွန်ပင်လှပနေသည်။ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နေထိုင်ကြပြီး အေးအတူပူအမျှ ဥမကွဲသိုက်မပျက်ယှဉ်တွဲနေထိုင်ကြသည်မှာ ရှေးယခင်ကတည်းကပင်ဖြစ်သည်။ ထူးခြားသည်မှာ မြန်မာနိုင်ငံ၏နေရာဒေသ အနှံ့အပြားတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့သည် ချစ်ကြည်ရင်းနှီးစွာ ပူးတွဲနေထိုင်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည့်အလျောက် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော အခမ်းအနားများတွင် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်မှာ ဝမ်းသာကြည်နူး စရာပင်ဖြစ်သည်။ တစ်နှစ်လျှင် ၁၂ လရှိပေရာ အဆိုပါ ၁၂ လလုံးတွင် ပွဲတော်များကျင်းပခြင်းဖြင့် ပျော်ရွှင်ခြင်း၊ ကြည်နူးချမ်းမြေ့ခြင်း၊ ကုသိုလ်များတိုးပွားခြင်းများကိုရရှိစေသည်။
တောင်ကြီးမြို့တည်ထားပုံမှာ အလွန်လှပပြီးသန့်ရှင်းသည်။ သပ်ရပ်မှုရှိသည်။ တောင်ကြီးသည်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အလွန်စိတ်ဝင်စားသည့်မြို့ဖြစ်သည်။ တောင်ကြီးမြို့၏ အရှေ့ဘက်နဂါး တောင်တန်းပေါ်တွင် ရွှေဘုန်းပွင့်ဘုရား၊ အကြီးဆုံးမုံတဝဂူ၊ မင်္ဂလာဂူ၊ ပတ္တမြားဂူ၊ မြစိမ်းတောင်ဘုရား၊ နဂါးရေထွက်၊ ရွှေမုဋ္ဌောဘုရား၊ ရွှေချမ်းသာဘုရားများကို လေ့လာဖူးမြော်နိုင်သည်။
ထို့အတူ စူဠာမုဏိ၊ လောကချမ်းသာနှင့် မြို့လယ်ဓမ္မာရုံ၊ ရပ်တော်မူဘုရားကြီးနှင့် အောင်တော်မူကျောင်း၊ ဘုရားကြီးအတွင်းကျောင်းက မဟာမြတ်မုနိ၊ အေးစေတီဘုရားဖြူနှင့် မြို့သက်စေ့ရန်အောင်ကျောင်းနှင့် အရိုးဂူကျောင်းတို့မှာလည်း ထင်ရှားစွာတည်ရှိသည့် ဘုရားစေတီနှင့်ကျောင်းများဖြစ်သည်။
ဤနေရာတွင် တောင်ကြီးမြို့နှင့်တန်ဆောင်တိုင် မီးပုံးပျံဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဆက်စပ်တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်စဉ်၊ တောင်တန်းမြင့်မားသောဒေသ တောင်ကြီးမြို့၌စတင်သန္ဓေတည်ခဲ့သည်။ တောင်ကြီးမြို့သည် ပင်လယ်ရေပြင်ထက် အမြင့် ၄၇၁၂ ပေနှင့် တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့်ပေ ၅၆၀၀ ရှိသည်။
ဗုဒ္ဓဘာသာအနွယ်ဝင် ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသားစသည့်တိုင်းရင်းသားအများစု နေထိုင်သောမြို့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်ခန့်က ပအိုဝ်းကျေးရွာလေး တစ်ရွာဖြစ်ခဲ့ဖူးပြီး ပအိုဝ်းတိုင်းရင်းသား ဘာသာဖြင့် “ဒုံတောင်ကျည်း”၊ ရှမ်းဘာသာဖြင့် “တွံတီးရွာ”ဟုခေါ်ဆိုခဲ့ကြသည်။ မြန်မာတို့က “တောင်ကြီး”ဟူ၍ခေါ်ဆိုရာမှ ယခုတိုင်ထိုအမည်ဖြင့် တည်ရှိနေသည်။
တောင်ကြီးမြို့၌ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်ပွဲတော်နှင့် အတူ မီးပုံးပျံလွှတ်တင်ခြင်းကို ဒုတိယကမ္ဘာစစ်မတိုင်မီ တစ်နှစ်ခန့်အလို ၁၉၃၈ ခုနှစ်တွင် ပထမဆုံးအကြိမ် လွှတ်တင်ခဲ့သည်။
ကုန်းသာကျောင်းဘုန်းကြီး၏ နည်းနာညွှန်ပြချက်များအရ ပိတ်ကိုက်ပေါင်း ၄၀ ဖြင့် မီးပုံးပျံတစ်ခု ချုပ်လုပ်ခဲ့သည်။
ဦးစီးလုပ်ကိုင်သူမှာ ကူညီကုန်းရပ်ကွက်တွင်နေထိုင်သည့် စာရေးကတော်ဒေါ်သင့်နှင့် အဖွဲ့ဖြစ်သည်။ တောင်ကြီးတစ်မြို့လုံးမှ ဝါသနာရှင်ကာလသားများ၏ လုပ်အားဖြင့် သင်္ကန်းအဟောင်းအပိုင်းအစများကို ပတ်ကာ၊ ချည်ကာ ရေနံချေးဝအောင် စိမ်ထားခဲ့ကြပြီး မီးပုံးပျံတွင် အသုံးပြုခဲ့သည်။ မီးပုံးပျံမှာ အလွန်ကြီးလှသဖြင့် မှိုင်းဝရေးမှာ အင်မတန်ခက်ခဲလှသည်။
မီးပုံးပျံကို ကုန်းသာကျောင်းကုန်းပေါ်မှပင် လွှတ်တင်ခဲ့သည်။ မီးပုံးပျံအောက်တွင် ထီး၊ ချိုင့်၊ ဖိနပ်၊ အင်္ကျီ၊ လုံချည်၊ ပိတ်စ၊ ပိတ်အုပ်၊ ပန်းကန်မျိုးစုံ၊ ဆေး၊ ဆီပုံး၊ ဆန်အိတ်ငယ်များ၊ သင်္ကန်း၊ သပိတ်၊ နာရီနှင့် လူ့အသုံးအဆောင်ပစ္စည်းမျိုးစုံကို ပံ့သကူပစ္စည်းအဖြစ် ပိတ်လေထီးများဖြင့် မီးပုံးပျံမှအောက်သို့ပြုတ်ကျရန် ဆောင်ရွက်ပေးထားသည်။
ထောင့်လေးထောင့်တွင် အရပ်လေးမျက်နှာကို စောင့်ကြပ်သော နတ်မင်းကြီးလေးရုပ်ကား အမြင့် ၈ ပေခန့်ပါရှိသည်။ နတ်သားတစ်ရုပ်တွင် ငွေကျပ် ၂၅ ကျပ်စီထည့်ထားသည်။ မီးပုံးပျံမှိုင်းဝပြီး မီးစာကိုမီးရှို့ကာ မီးပုံးပျံဆွဲပြီဟု ယူဆချိန်တွင် သစ်ပင်ငုတ်တွင်ချည်ထားသည့် ကြိုးလေးပင်ကို ဘုန်းကြီးလေးပါးက ဆရာတော်အချက်ပေးသည်နှင့် တစ်ပြိုင်နက် ဓားရှည်ဖြင့်ခုတ်ဖြတ်ရသည်။ ထိုသို့ခုတ်ဖြတ်ရာတွင် ရာဟုထောင့်မှတာဝန်ယူခုတ်ဖြတ်သော ဘုန်းကြီးမှာအနည်းငယ်နောက်ကျသွားသဖြင့် ယင်းမီးပုံးပျံသည် အရှေ့ဘက်သို့တက်သွားပြီး ထီးနှင့်ချိုင့်နှစ်ခုသာ လေထီးနှင့်ကျလာကာ အမြင့်ကိုက် ၄၀၀ ကျော်တွင် “ဝုန်း”ဟူသောအသံကြီးမြည်၍ မြို့ပတ်လမ်းနှင့် တောင်ကျောင်းလမ်းဆုံပန်းခြံ၌ကျပြီး မီးလောင်ခဲ့သည်။
၁၂၉၉ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်မံကြိုးစားခဲ့ရာ အောင်မြင်ခဲ့ပြီး မီးပုံးပျံသည် တောင်စောင်းတစ်လျှောက်ဝဲပျံတက်ကာ တောင်ကြီးမြို့ အရှေ့ဘက်တောင်စဉ်ကြောမှ နွားလားဥဿဘတောင်ပေါ်ရှိ ရွှေဘုန်းပွင့်စေတီရှိရာဘက်သို့ ဦးတည်၍ပျံတက်သွားခဲ့သည်။ ပံ့သကူပစ္စည်းတို့က ကောင်းကင်မှ ကျလာသလိုဖြစ်သွားသဖြင့် အောက်မှ ကြည့်ရှုသူပရိသတ်များက ပျော်ရွှင်စွာပြေးလွှားလိုက်ပါလျက် ကျလာသည့်ပစ္စည်းများကို ကောက်ယူခဲ့ကြသည်။
ဒုတိယအကြိမ် မီးပုံးပျံလွှတ်တင်သည့် ၁၂၉၉ ခုနှစ် တန်ဆောင်မုန်းလမှအစပြုခဲ့သည့် တောင်ကြီးမြို့၏ မီးပုံးပျံလွှတ်တင်ပူဇော်မှုကို လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။
တောင်ကြီးမြို့ကဲ့သို့ ကလောမြို့တွင်လည်း တန်ဆောင်တိုင်ကို ပျော်ရွှင်စွာ စည်ကားစွာ ကျင်းပလေ့ရှိသည်ကိုလည်း တွေ့ရသည်။ ကလောမြို့လုံးကျွတ် တန်ဆောင်တိုင်ရိုးရာ မီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲဖြစ်သည်။
မြို့ပေါ်ရပ်ကွက်ကျေးရွာများမှ မီးရှော်တိုင် ၂၁ တိုင်၊ မီးကြာစံအလှပဒေသာအဖွဲ့ ၂၁ ဖွဲ့တို့က နိုဝင်ဘာလ ၅ ရက်မှ ၉ ရက်အထိသတ်မှတ်ရက်အလိုက် ယှဉ်ပြိုင်ကြသည်။
ဆုချီးမြှင့်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်တွင်ကျင်းပမည်။ မြို့လုံးကျွတ်မဟာ တန်ဆောင်တိုင်ရိုးရာ မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာ ထွန်းညှိပူဇော်ပွဲဖွင့်ပွဲတွင် မီးပုံးပျံအလုံး ၇၀၀ လွှတ်တင်ကြသည်။
တောင်ကြီးတန်ဆောင်တိုင်မီးထွန်း ပွဲတော်မှစတင်သည့် မီးပုံးပျံလွှတ်တင်ပွဲများသည် ယခုအခါ မြန်မာနိုင်ငံမြို့အများအပြားတွင် ကျင်းပနေကြပြီဖြစ်သည်။ ပင်းတယမြို့မှာလည်း ရှမ်းပြည်နယ် တောင်ပိုင်းတွင်တည်ရှိပြီး ရှေးဟောင်းအမွေအနှစ်များ ပေါများသည်။ အဆိုပါမြို့၏ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲမှာလည်း စည်ကားလှသည်။ ထို့အတူအင်းလေးဒေသ အင်းသားတို့၏တန်ဆောင်တိုင်မှာလည်း စည်ကားလှသည်။ မြန်မာနိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်း သာယာလှသည့်အတွက် တန်ဆောင်မုန်းလတွင် ကထိန်ပွဲတော်များနှင့်အတူ တန်ဆောင်တိုင်ပွဲတော်များမှာ အထူးပင်စည်ကားလှသည်။
တန်ဆောင်တိုင်ပွဲတော်ကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့်အတိုင်း ယခုနှစ်တွင်လည်း အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ ကျင်းပလျက်ရှိသည်။ ပွဲတော်ကာလအတွင်း မြို့လုံးကျွတ်ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ ၂၅၈ လုံး၊ ညလွှတ်မီးပုံးပျံညမီးကြီး ၄၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၇ လုံး မီးပုံးပျံပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပလျက်ရှိသည်။
၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်က တောင်ကြီးမြို့အဝေရာ မီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားကပင် လွန်စွာစည်ကားလှသည်။ ဒေသခံတိုင်းရင်းသား အဆိုတော်များက ခေတ်ပေါ်တေးဂီတတီးဝိုင်းဖြင့် “ရှမ်းရိုးမကအိုးစည်သံ၊ မြေပြန့်သူလေး၊ ရိုးရာမပျက်တဲ့မြေ” သီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲတွင် စိန်နားပန်မီးပုံးပျံတစ်လုံး လွှတ်တင်၍ တိုင်းရင်းသား တိုင်းရင်းသူများက မီးပုံးပျံအလတ်အလုံး ၅၀၊ ကျောင်းသား၊ ကျောင်းသူ ၉၀၀ က မီးပုံးပျံအသေး ၃၀၀ လွှတ်တင်ပေးကာ မီးရှူးမီးပန်းများ ပစ်ဖောက်ပေးကြသည်။ အဆိုတော်များက “လှမ်းလာခဲ့ပါချယ်ရီမြေနှင့်မင်္ဂလာပါမိုင်ဆုန်ခ”တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့နှင့်ပညာရေးဒီဂရီကောလိပ် အကအဖွဲ့တို့က တူညီအကဖြင့် တင်ဆက်ဖျော်ဖြေပေးကြသည်မှာ အလွန်ပင်လှပ၍ စည်ကားပြီး ပျော်စရာကောင်းလှသည်။ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ ၂၉ ရက်မှစတင်၍ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်းများနှင့် တောင်ကြီးမြို့အနီးပတ်ဝန်းကျင်မြို့၊ ရွာများမှ ပြိုင်ပွဲဝင်အသင်းများက အတီးအမှုတ်၊ အကအခုန်များနှင့်ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လွှတ်တင်လျက် ရှိကြသည်။ ထို့အတူ အနယ်နယ် အရပ်ရပ်မှမိဘပြည်သူများကလည်း အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိပြီး နေ့စဉ်လူဦးရေ ၂၅၀၀၀၀ ခန့်လာရောက်ကြည့်ရှုကြသည်။
ယခုနှစ် ၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး၊ စိန်နားပန် ၁၈ပေ ၃၇ လုံး စုစုပေါင်းအလုံး ၈၀၊ နေ့လွှတ်အရုပ်မီးပုံးပျံ အရုပ်ခြေနှစ်ချောင်း ၁၉၃ လုံး၊ အရုပ်ခြေလေးချောင်း ၉၃ လုံး၊ အရုပ်အုပ်စု ၇၅ လုံး စုစုပေါင်း ၃၆၁ လုံးပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ ညလွှတ်မီးပုံးပျံကို နေ့ရက်အလိုက် ည ၆ နာရီမှပွဲစဉ်ပြီးဆုံးသည်အထိ လွှတ်တင်သွားမည်ဖြစ်သည်။
နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိနေ့ရက်အလိုက်လွှတ်တင်ကြရာ ကြက်ရုပ်၊ ငှက်ရုပ်မျိုးစုံ၊ဆင်ရုပ်၊ မြင်းရုပ်၊ ကျွဲရုပ်၊ နွားရုပ် စသည်ဖြင့်တစ်လုံးနှင့်တစ်လုံး မတူညီသောအသွင်အပြင်များဖြင့် ပွဲတော်လာပြည်သူများ၏စိတ်ကို ဆွဲဆောင်နိုင်စွမ်းရှိလှသည်။
ပွဲတော်ကျင်းပပုံကို လေ့လာကြည့်ပါက မီးပုံးပျံပြိုင်ပွဲကြီးကို နေ့မီးနှင့်ညမီးဟူ၍နှစ်မျိုးခွဲကာ ပြိုင်ပွဲကျင်းပခြင်းဖြစ်သည်။ ညလွှတ်မီးပုံးပျံများ၌လည်း ညမီးကြီးနှင့်စိန်နားပန်ဟူ၍ နှစ်မျိုးရှိသည်။ ညမီးကြီးတွင် မီးပုံးပျံအောက်ဆွဲ၌ ယမ်းခွေများပါဝင်ပြီး မီးပုံးပျံတက်သည့်ကာလအတွင်း မီးရှူးမီးပန်းများပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြကြောင်းနှင့် စိန်နားပန်သည် မီးပုံးပျံအပြင် ကိုယ်ထည်ပေါ်နှင့်အောက်ဆွဲ၌ မီးပုံးအရောင်အမျိုးမျိုးနှင့်ရုပ်ပုံများ၊ စာလုံးများကိုပုံဖော်ကာ လွှတ်တင်ကြသည့် မီးပုံးပျံအမျိုးအစားဖြစ်သည်။
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သော်လည်း လက်ရှိမိုးလေဝသ အခြေအနေများကြောင့် ပွဲတော်ရက်အား သုံးရက်တိုးကာ နိုဝင်ဘာလ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင် မီးပုံးပျံပညာရှင်များ၏ဝါသနာ၊ စေတနာ၊ ငွေကြေးနှင့်အချိန်ယူပြီး ကြိုးစားအားထုတ်ပါဝင်ယှဉ်ပြိုင်မှုများကို လေးစားအသိအမှတ် ပြုသောအားဖြင့်လည်းကောင်း၊ မီးပုံးပျံပညာရှင်များ ကြိုးစားအားထုတ် တီထွင်ဖန်တီးထားသည့် ညမီးကြီးနှင့်စိန်နားပန်မီးပုံးပျံ လက်ရာများကို ပရိသတ်ပြည်သူများ ဆက်လက်ကြည့်ရှုအားပေးနိုင်ရန်အတွက် လည်းကောင်း မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၈ ရက်အထိ ဆက်လက်ကျင်းပခြင်းဖြစ်သည်။ နိုဝင်ဘာလ ၈ ရက် ညနေပိုင်းတွင် ပြိုင်ပွဲဝင်မီးပုံးပျံများအားဆုချီးမြှင့်ခြင်း၊ တန်ဆောင်တိုင်ပွဲတော် ဂုဏ်ပြုစိန်နားပန်မီးပုံးပျံ၊ ညမီးကြီးမီးပုံးပျံများလွှတ်တင်ခြင်း၊ မီးရှူးမီးပန်းအလှများ လွှတ်တင်ခြင်းများဖြင့် တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ တိုးမြှင့်ထားသည့်ရက်များအတွင်း ခေတ်ပေါ်တေးဂီတ၊ မြူးကြွသည့်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှာ ရှမ်းပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသာမက မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးက ပြည်သူများလာရောက် အားပေးသည့်ပွဲတော်ဖြစ်သည်။ မိမိတို့တည်းခိုနေထိုင်ရေးအတွက် ကြိုတင်ချိတ်ဆက်ကာ တန်ဆောင်တိုင် ရုံးပိတ်ရက်များအတွင်း စိတ်အေးချမ်းသာကြည့်ရှုကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများလွယ်ကူစွာ သွားလာနိုင်ရေးအတွက် မော်တော်ကားနှင့် ရထားခရီးစဉ်များကို အဆင်ပြေစွာစီစဉ်ပေးလျက်ရှိသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှရှုခင်းကြည့်(Sight Seeing)အပျော်စီးရထားကို တောင်ကြီး-ပေါမူ-တောင်ကြီးခရီးစဉ်အဖြစ် နိုဝင်ဘာလ ၁ ရက်မှ ၄ ရက်အထိပြေးဆွဲပေးလျက်ရှိသည်။
တောင်ကြီး-ပေါမူခရီးစဉ်မှာ ၁၁ ဒသမ ၄၁ မိုင်ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီခန့်ကြာမြင့်သည်။ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ်ရပ်တန့်ပေးသည်။ ပေါမူဘူတာသို့ နံနက် ၁၀ နာရီခွဲတွင်ရောက်ရှိ၍ ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးသည်။ ပေါမူဘူတာမှ နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိသည်။ ဤသည်မှာလည်း အကောင်းဆုံး စီမံဆောင်ရွက်ပေးမှုဖြစ်သည်။
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အလှတရားတို့လွှမ်းမိုးလျက်ရှိရာ ထိုလှပသောမြင်ကွင်းများကိုမြင်တွေ့ခြင်းဖြင့် စိတ်ကြည်နူးချမ်းမြေ့စေသည်။ အေးချမ်းသာယာသော နေရာဒေသတိုင်းတွင် အလှအပများ စုံလင်စွာရှိပေသည်။ တန်ဆောင်မုန်းလသည် မီးရှူး၊မီးတိုင်၊ ဆီမီးဟုအဓိပ္ပာယ်ရသည်။ ဆီမီးတန်ဆောင်ထွန်းပြောင်သည့်လ ဟူသောနာမနှင့်အညီ ဆီမီးရောင်ရှိန် ထိန်ထိန်လင်းလျက်ရှိနေသည်။ ပြည်သူအားလုံးရွှင်ပြုံးသောလဟု တင်စားဆိုနိုင်သည်။ ဆီမီးရောင်ရှိန်တထိန်ထိန်ဖြင့် မြတ်စွာဘုရားကိုရည်မျှော်ကာ ပူဇော်ကြသည့်ပွဲတော်ဖြစ်၍လည်း ကုသိုလ်များစွာရရှိသည်။ ကောင်းကျိုးတိုးပွားစေသည်။
တန်ဆောင်မုန်းလ၏အလှရှုခင်းကို စာဆိုတော်မယ်ခွေက “ခဝဲရစ်ခွေ၊ ပြည်ပန်းရွှေနှင့်၊ တောခြေ တောင်ယံ၊ ပင်နန်းပျံမှာ၊ လူဟန်နွဲ့ညိတ်၊ ကရဝိက်လည်း၊ ချစ်ရိပ်သွယ်လို့၊ ငယ်သံတွတ်တီး၊ ဆီမီးကထိန်၊ မြောက်လေကကြိမ်သနှင့်၊ တိမ်အဆာကျယ်၊ နှာမောင်းသွယ်လို့”ဟူ၍ဖွဲ့ဆိုခဲ့သည်။ တောင်ကြီးမြို့၏မူလပင်ကို သဘာဝရာသီဥတုကအေးမြသည်။ နေလို့ထိုင်လို့ကောင်းသည့် ရာသီဖြစ်သည်။
တန်ဆောင်မုန်းလက သာယာလှပသလို မိုးလေကင်းစင်သည်။ သို့သော် ယခုနှစ်တန်ဆောင်တိုင်တွင် မိုးကပိုမိုအေးမြစေရန် ရွာသွန်းပေးသည်နှင့်ကြုံရသည်။ ရာသီဥတုကိုအံတု၍ တောင်ကြီးသား၊ တောင်ကြီးသူတို့က မီးပုံးပျံလွှတ်တင်ပွဲကို အောင်မြင်စွာဆင်ယင်ကြသည်။
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်မှုတွင် ပရိသတ်များအနေဖြင့် မီးပုံးပျံများကို အရောင်အသွေး စုံလင်စွာမြင်တွေ့ရသည်။ ကြည့်မြင်ရသည်မှာ လွယ်ကူလှသော်လည်း မီးပုံးပျံတစ်ခုဖြစ်လာရန်မှာ လွယ်ကူလှသည်မဟုတ်ပေ။ မီးကျည်တစ်ခုတွင်ပါဝင်ရမည့် အမျိုးအစားပြည့်စုံစွာထည့်ရသည်။ မီးဆရာ၏အစွမ်းအရ အချိုးအစားကျနခြင်း၊ သေသပ်လှပခြင်းတို့ရှိရသည်။ ယမ်းကွဲခြင်းအဆင့်ဆင့်ကို အချိန်ကြာမြင့်စွာ မြင်တွေ့နိုင်ရေးနှင့် ဆန်းသစ်လှပစေရေးကို လုပ်ဆောင်ရသည်။
ထိုသို့လုပ်ဆောင်ကြရာတွင် အဓိကမှာ စိတ်ဓာတ်ခိုင်မာပြတ်သားမှုဖြစ်သည်။ ဤသည်မှာ အကြမ်းအားဖြင့်ရေးသားခြင်းဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရသည့်နယ်ပယ်မှာ သည့်ထက်မက အများကြီးကျယ်ပြန့်လှသည်။
အဝေရာဟူသည့်အဓိပ္ပာယ်မှာ ဘေးရန်အပေါင်း ကင်းရှင်းခြင်းဖြစ်ပေရာ တောင်ကြီးမြို့အဝေရာ မီးပုံးပျံကွင်းမှာ ဘေးရန်ကင်းသည်ဟုဆိုနိုင်သည်။ လာရောက်ကြည့်ရှုကြသည့် ပြည်သူများသည် စည်းစနစ်ကျနစွာနေထိုင်ကြသည်။ ပွဲတော်လာပရိသတ်များ သိရှိစေရန် တောင်ကြီးမီးပုံးပျံအသင်းက ထုတ်ပြန်ချက်အချို့ကို တွေ့လိုက်ရသည်။ ဘွတ်ဖိနပ်ကိုမဖြစ်မနေ စီးထားကြရန်၊ မာဖလာ သို့မဟုတ် ခြုံတဘက်များ ဆောင်ထားကြရန်၊ ပွဲခင်းထဲထိုင်ရန် ယိုးဒယားဖျာများ ယူသွားကြရန် စသည်ဖြင့်အသိပေးထားသည်။ ထို့ပြင် မိန်းကလေးများအနေဖြင့် ကုတ်အင်္ကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍ သင့်တော်သည်။ ပရိသတ်များအနေဖြင့် အထူးသတိပြုရန်မှာ ယမ်းခွေများအနီး မကပ်ကြရန်နှင့်အနီးတွင် ဆေးလိပ်မသောက်ကြရန်ဖြစ်သည်။ ယမ်းကိုအခြေခံပြုရသည့် အခမ်းအနားတွင် ပရိသတ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းများကိုလိုက်နာခြင်းဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
မြန်မာနိုင်ငံတွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်သည့်ပွဲတော်မှာ ကမ္ဘာသိပွဲတော်တစ်ခုဖြစ်သည်။ ခမ်းနားဆန်းပြားလှသည့် လက်ရာများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာနေသည်။ တိုးတက်သောခေတ်နှင့်အညီ ခေတ်မီဆန်းပြားသောဒီဇိုင်းများမှာ အံ့ဩငေးမောလောက်သည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ်အထင်ကရပွဲတော် တစ်ခုသာမကဘဲ မြန်မာနိုင်ငံ၏ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာသင်္ကြန်ပွဲတော်ကဲ့သို့ပင် ယူနက်စကိုတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းနိုင်သည့် ပွဲတော်ဖြစ်သည်။ အမွေအနှစ်စာရင်းဝင်အဖြစ်တင်သွင်းနိုင်ရေး ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ဒေသအာဏာပိုင်များအနေဖြင့် လေ့လာဆန်းစစ်မှုပြုသင့်ကြောင်း တိုက်တွန်းလိုသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ စွမ်းဆောင်ရည်မြင့်မားမှုနှင့် စည်ကားများပြားမှုမှာ ကမ္ဘာတွင်ပင်ထင်ရှားလှသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ မီးပုံးပျံလွှတ်တင်မှုကိုအတုယူပြီး တောင်ကြီးဒေသမှတစ်ဆင့် ပြင်ဦးလွင်၊ နေပြည်တော်နှင့် အခြားသောဒေသများသို့ပင် ကူးလူးဆက်နွှယ်မှုရှိလာသည်။ တောင်ကြီးဒေသတစ်ဝိုက်မှာပင် တန်ဆောင်တိုင်ပွဲတော်များ များပြားစွာကျင်းပလျက်ရှိကြသည်။ တောင်ကြီးဒေသမှ မီးပုံးပျံပညာရှင်များထံမှ ပညာများကူးစက်ပြန့်ပွားခြင်းဖြစ်ပေရာ အဆိုပါပညာရပ်များကိုမျိုးဆက်သစ်တို့က ဆက်လက်ထိန်းသိမ်းကာ တတ်မြောက်အောင်သင်ယူထားသင့်သည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မြန်မာနိုင်ငံ၏ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ကို ကမ္ဘာကအသိအမှတ်ပြုစေသည့် နိုင်ငံ့ဂုဏ်ဆောင်ပွဲဖြစ်သည်။ မီးရှူးမီးပန်းနှင့်ယမ်း အသုံးပြုသည့် ညမီးကြီးပြိုင်ပွဲ၊ လက်မှုပညာအဆင့်မြင့်သည့် နေ့လွှတ်အရုပ်များမှာ နိုင်ငံခြားသားခရီးသွားများ၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသော ပွဲတော်ဟုဆိုနိုင်သည်။
ဒေသတစ်ခုတွင် ဤကဲ့သို့သော ထူးခြားစည်ကားသော ပွဲတော်ကိုကျင်းပခြင်းအားဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝသည်လည်း ပိုမိုမြင့်မားလာစေသည်။ ပွဲတော်ကရရှိသည့် ဝင်ငွေ(အခွန်)များက ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုခြင်းအားဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုဖြစ်လာမည်။
မီးပုံးပျံလွှတ်တင်ခြင်း ဆောင်ရွက်ရာတွင် အောင်အောင်မြင်မြင် လွှတ်တင်နိုင်ရန်အတွက် အဖွဲ့လိုက် စည်းလုံးညီညွတ်မှုနှင့် စည်းကမ်းလိုက်နာမှုသည် အဓိကဖြစ်သည်။ မည်သည့်လုပ်ငန်းမဆို စည်းလုံးညီညွတ်မှု၊ စည်းကမ်းကောင်းမွန်မှုတို့ဖြင့်ဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်သည်ကို တောင်ကြီးတန်ဆောင်တိုင်ကညွှန်ပြနေသည်။
ယဉ်ကျေးမှုနှင့် လူမှုရေးရှုထောင့်အရကြည့်မည်ဆိုပါက တောင်ကြီးတန်ဆောင်တိုင်သည် ဘာသာရေးနှင့်ရိုးရာဓလေ့ အမွေအနှစ်တစ်ခုဖြစ်သည်။ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရှမ်းစက္ကူနှင့်မီးပုံးပျံအနုပညာကို မျိုးဆက်သစ်များဆီ လက်ဆင့်ကမ်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ပေးခြင်းဖြစ်သည်။ ရှမ်းစက္ကူလုပ်ငန်းများ ပိုမိုတိုးပွားလာမည်ဖြစ်သည်။
ပွဲတော်ရက်အတွင်းတစ်ရက်လျှင် ဧည့်ပရိသတ် ၂၅၀၀၀၀ ခန့်အနည်းဆုံး လာရောက်ကြည့်ရှုနေကြောင်း သိရှိရသည့်အတွက် ဒေသဖွံ့ဖြိုးမှုအတွက် အလွန်ပင်ဝမ်းသာ ကြည်နူးဖွယ်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။

တန်ဆောင်မုန်းလဆန်းသို့ ရောက်ပြီဆိုလျှင် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ရှိ အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းကြီး၏ ဝေဟင်ထက်၌ ပျံတက်နေသည့် မီးပုံးပျံများ၊ တိရစ္ဆာန်အရုပ်မျိုးစုံ ရောင်စုံမီးပုံးပျံ အလှအပများကို တန်ဆောင်မုန်းလပြည့်ညအထိ ရှုမြင်ခံစားရစမြဲ ဖြစ်သည်။
ဆောင်းနှင်းတို့ဝေသည့် ထိုကာလတွင် “ပွဲတော် ည... ပွဲတော် ည... တောင်ကြီးမြို့၏ တန်ဆောင်တိုင် ပွဲတော်ည” ဟူသည့် တေးသီချင်းသံများကလည်း တောင်ကြီးမြို့တစ်ခွင် ဘဝဂ်ညံလျက်ရှိလေသည်ကို ခံစားရသူတိုင်းက တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိနားလည်စေပါသည်။
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခု ဖြစ်သည့် တောင်ကြီးမြို့ ၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ပွဲတော်နှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲကြီးကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပတော့မည် ဖြစ်ပေသည်။ ဤပွဲတော်ကြီးကို တောင်ကြီးမြို့ရှိ တိုင်းရင်းသားများအားလုံးက စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် ရှေးအစဉ်အလာမပျက် ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။
ပွဲတော်ကျင်းပခြင်းရည်ရွယ်ချက်
တောင်ကြီးသူ တောင်ကြီးသားတို့သည် မိမိတို့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်ရန်၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်ကန်တော့ရန်နှင့် မျိုးဆက်သစ် (မီးပုံးပျံ) လူငယ်များ မွေးထုတ်သွားနိုင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ် ကြောင်းသိရှိရပါသည်။ တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံး ပျံပွဲတော်ကြီးသည် အဆန်းတကြယ် အံ့သြဖွယ်ရာမြင်ကွင်းများကို တွေ့မြင်ခံစားနိုင်သောကြောင့် ပြည်တွင်းပြည်ပကပါ စိတ်ဝင်စားကြရသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည့်အလျောက် ကမ္ဘာလှည့် ခရီးသွားများနွှဲပျော်ရာ ပွဲတော်ကြီးလည်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်စရာ အထင်ကရနေရာများစွာရှိသည့် အနက် ဤတောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပြိုင်ပွဲကြီးမှာ ၎င်းတို့အတွက် ထူးဆန်းအံ့ဖွယ်၊ အမှတ် တရဖြစ်ဖွယ်များစွာ ဖော်ထုတ်ပေးသည့် ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်ကြီးဟုလည်း ဆိုနိုင်ပါသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သမိုင်းအစ
တောင်ကြီးမြို့ရှိ ရိုးရာမီးပုံးပျံပညာရှင်များ၏ အဆိုများအရ တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို ၁၉၄၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခု အကျော် ၁၉၅၃ - ၁၉၅၄ ခုနှစ်တွင် ပွဲတော်တစ်ခုအဖြစ် ကျင်းပလာခဲ့ကြသည်မှာ ယခုနှစ်တွင် သက်တမ်း ၈၄ နှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပ
နှစ်စဉ်နှစ်တိုင်း နေ့ခင်းလွှတ် အရုပ်မီးပုံးပျံ ခြေနှစ်ချောင်း၊ ခြေလေးချောင်း စသည်တို့ကို တစ်ကောင်ချင်း၊ နှစ်ကောင်ချင်း သို့တည်းမဟုတ် သုံးကောင်နှင့်အထက် အုပ်စုအလိုက် အရုပ်အမျိုးမျိုး လွှတ်တင်ပြိုင်ပွဲဝင်ကြသည်။ ဖွင့်ပွဲညမှပွဲတော် နောက်ဆုံးညအထိ မီးပုံးပျံပညာရှင်များ ပြုလုပ်ထားသည့် စိန်နားပန်မီးပုံးပျံ (ရောင်စုံမီးပုံးငယ်လေး များဖြင့် ပုံဖော်အလှဆင်ချိတ်ဆွဲထားသည့် မီးပုံးပျံ)များနှင့် ညမီးကြီး(ခေါ်)ယမ်း မီးပုံးပျံအလှများအား တစ်ညလျှင် အနည်းဆုံး ၁၀ လုံးမှ ၁၄ လုံးခန့်အထိ အဖွဲ့လိုက် လွှတ်တင်ပြိုင်ပွဲဝင်လေ့ရှိကြသည့် မြင်ကွင်း များကို ရင်သပ်ရှုမောခံစားကြရမည်ဖြစ်သည်။
တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်ကြီးကို ဆင်ယင်ကျင်းပကြရာတွင် မီးပုံးပျံပြိုင်ပွဲများ သာမက နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မြို့တွင်းမီးပဒေသာ လှည့်လည် ပူဇော်ပွဲ၊ မြို့လုံးကျွတ်မဟာဘုံကထိန်လှည့်လည်ပွဲ စသည်တို့မှာလည်း တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ပိုမိုခမ်းနားတင့်တယ် စည်ကား သိုက်မြိုက်ပေါ်လွင် စေပါသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ ပိတ်ပွဲအခမ်းအနားမှ ပွဲတော်အစအလယ်အဆုံး ဆင်နွှဲပုံအဆင့်ဆင့် လှုပ်ရှားမှုတို့၏ ဓာတ်ပုံပြိုင်ပွဲ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ၌ အသုံးပြုသွားမည့် တေးသီချင်း ပြိုင်ပွဲအစရှိသည်တို့အပြင် တောင်ကြီးတန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
ထို့အပြင် ဌာနဆိုင်ရာများအလိုက်ပြခန်းများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ရှမ်းပြည်နယ်ရှမ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ရှမ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်း၊ တိုးနရားအက၊ ကိန္နရီကိန္နရာ အကနှင့် ဓားသိုင်းအကအလှများလည်း နှစ်စဉ် ထည့်သွင်းကျင်းပရာ ပွဲတော်ကြီးကို ပိုမိုမြိုင်ဆိုင် စည်ကားစေပါသည်။
တောင်ကြီးဒေသတစ်ဝိုက် အေးအတူပူအမျှ အတူလက်တွဲ၍ မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ရိုးရာအကအလှများ၊ ပျော်ပွဲရွှင်ပွဲအမျိုးမျိုး၊ စျေးရောင်းပွဲတော်များ ပါမကျန် စုံစုံလင်လင် ပါဝင်ကျင်းပလျက်ရှိရာ ဒေသ ၏ ယဉ်ကျေးမှုပွဲ တော်ကြီးဟုလည်း ဆိုနိုင်ပါသည်။
အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းကြီး၌ စတင်ကျင်းပ
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စူဠာမုနိ စေတီကုန်းတော်အခြေရှိ မီးပုံးပျံကွင်းနေရာ၌ ကျင်းပခဲ့ရာမှ လက်ရှိအဝေရာကုန်းသာယာမီးပုံးပျံကွင်းကြီးသို့ ၂၀၀၇ ခုနှစ်တွင် စတင်ပြောင်းရွှေ့လာ ကာ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါသည်။ ထိုမှပွဲတော်ကို သုံးနှစ်ခန့်ခေတ္တရပ်ဆိုင်းထားခဲ့ပြီး နောက် ၂၀၂၃ ခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်ကြီးကို ပြန်လည်ကျင်းပလာခဲ့သည်မှာ ယနေ့ တိုင် ဖြစ်ပါသည်။
အနယ်နယ်အရပ်ရပ်မှ လာရောက်
ပွဲတော်ကျင်းပသည့်နှစ်တိုင်း တောင်ကြီးမြို့သူမြို့သားများ၊ တောင်ကြီးနယ်တစ်ဝိုက်ရှိ ဒေသ အသီးသီးနေ တိုင်းရင်းသားပြည်သူများသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမြို့မြို့အနယ်နယ်မှ ပြည်သူအပေါင်းတို့က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ ဖွင့်ပွဲနေ့မှစကာ တစ်ခဲနက် လာရောက် ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားလှပါသည်။
အထင်ကရနေရာများသို့လည်း လည်ပတ်နိုင်
အထူးသဖြင့် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကျင်းပစဉ်ကာလအတွင်း ပွဲလာရောက် လည်ပတ်ရင်း တောင်ကြီးမြို့တွင်းသာမက ပတ်ဝန်း ကျင်အနီးရှိ ညောင်ရွှေ၊ အင်းလေး၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဟိုက်ပါ ရေတံခွန်၊ နောင်ဖာကန် အစရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်းရှိ) သဘာဝအလှ အထင် ကရနေရာများသို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။
ပွဲတော်ရက်ကာလအတွင်း တောင်ကြီးမြို့ အတွင်းရှိ ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုရိပ်သာ များ အသီးသီးတို့၌လည်း တန်ဆောင်တိုင်ပွဲလာ ဧည့်သည်များ သွားလာလှုပ်ရှားကြသည်မှာလည်း ကြက်ပျံမကျ စည်ကားလှပါသည်။ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ မရောက်ဖူးသေးသူများ လည်းလာသကဲ့သို့ ရောက်ဖူးပြီးသူများကလည်း ထပ်အရောက်လာကြသည်။ အချို့က နှစ်စဉ်မပျက် လာရောက်ပါဝင်ဆင်နွှဲလေ့ရှိကြသည်။
ရှေးနှစ်ပေါင်းများစွာမှသည် ယနေ့တိုင် ကျင်းပ လာသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တိုင်းရင်း သားလူမျိုးများ၏ စည်းလုံးညီညွတ်ခြင်းအားကို ဖော်ဆောင်သည့်ပွဲတော်၊ ရိုးရာဓလေ့ ရှေးအစဉ် အလာမပျက် ဆင်နွှဲသည့်ပွဲတော်၊ ပြည်တွင်းသာမက နိုင်ငံတကာခရီးသွား ဧည့်သည်များ အံ့သြစေသည့် ပွဲတော်ကြီးဖြစ်သော ရှမ်းပြည်နယ် တောင်ကြီးမြို့၏ မကြာမီကျင်းပတော့မည့် “ထာဝရလှသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ တစ်ခေါက်တစ်ခါအရောက်လှမ်းလာခဲ့ပါ”ဟု ဖိတ်ခေါ်ရေးသား လိုက်ရပါသည်။ ။

MOI

ရွှေဝါရောင်ကြီးမားထင်ရှားတဲ့မျက်နှာဖုံးနဲ့ ခြင်္သေ့ခေါင်းကိုတစ်ဦးကမြှောက်၍ အဝါရောင်၊ အနီရောင်ပိတ်စအမျှင်တွေနဲ့ အလှဆင်ထားတဲ့ ခန္ဓာကိုယ်နဲ့ အမြီးကို တစ်ဦးကကိုင်ကာ စည်တီးသံနဲ့ စည်းချက်ညီအောင် သရုပ်ဖော်ကပြနေပါတယ်။
ခြင်္သေ့အကက ပရိသတ်တွေကို စိတ်လှုပ်ရှားစေ
ခြင်္သေ့ပုံစံတစ်ခုမှာ အကသမားနှစ်ဦးပါဝင်ပြီး ခြင်္သေ့လေးကောင်က ခေါင်းကိုအပေါ်အောက်၊ ဘယ်ညာလှည့်ကာ၊ ခုန်ကာ၊ ပြေးလွှားကာနဲ့ စည်တီးသံ၊ လင်းကွင်းသံ၊ ခရာသံတွေနဲ့အညီလှုပ်ရှားနေပါတယ်။ ခြင်္သေ့အကမှာ လှုပ်ရှားမှုတွေက အားမာန်အပြည့်နဲ့ ခြင်္သေ့ရဲ့ စိတ်ခံစားမှုစွမ်းအင်ကို ဖော်ပြနေပါတယ်။ တူရိယာတီးမှုတ်သံတွေက ခြင်္သေ့ရဲ့လှုပ်ရှားမှုကို ပိုမိုသက်ဝင်စေပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားစေပါတယ်။
တီယန်ကျင်းရိုးရာ ခြင်္သေ့အက (Tianjin Traditional Lion Dance) ဖြစ်ပြီး ကံကောင်းခြင်း၊ အောင်မြင်ခြင်း၊ သာယာဝပြောခြင်း၊ မကောင်းသောစွမ်းအင်တွေကို ဖယ်ရှားခြင်း အဓိပ္ပာယ်တွေကို ပေးစွမ်းပါတယ်။ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတစ်ခုဖြစ်ပြီး ပွဲတော်တွေ၊ အထူးအခမ်းအနားတွေမှာ ကပြလေ့ရှိပါတယ်။
တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center -CIPCC) အစီအစဉ်နဲ့ တီယန်ကျင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတကာ မှသတင်းထောက်တွေကို တီယန်ကျင်းရိုးရာခြင်္သေ့အကနဲ့ ကပြဖျော်ဖြေနေခြင်း ဖြစ်ပါတယ်။
ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေ ယှဉ်တွဲတည်ရှိနေတဲ့ တီယန်ကျင်း (Tianjin) မြို့က ပေကျင်းမြို့အနီး ၁၃၇ ကီလိုမီတာ (၈၅မိုင်)ခန့်အကွာမှာ တည်ရှိပါတယ်။ အမြန်ရထားနဲ့ဆိုရင် မိနစ် ၃၀ လောက်သာသွားရပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ မြို့ကြီးလေးမြို့ထဲက တစ်မြို့ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေနဲ့ ဆက်သွယ်သွားလာနိုင်တဲ့ ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။
၁၄၀၄ ခုနှစ်မှာ စတင်တည်ထောင် ခဲ့ပြီး “Tianjin”က“ကူးတို့ဆိပ်" အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။ ၁၈၆၀ ပြည့်နှစ်မှာ ကုန်သွယ်ဆိပ်ကမ်းမြို့အဖြစ် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံမြောက်ပိုင်းရဲ့အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပါတယ်။
အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်
သမိုင်းနဲ့ယဉ်ကျေးမှု ဗဟိုချက်ဖြစ်သလို တရုတ်နိုင်ငံမြောက်ပိုင်း ဟိုင်းဟီမြစ်(Haihe River) ကမ်းပါးမှာ တည်ရှိပြီး ဘိုဟိုင်ပင်လယ်(Bohai)နဲ့ လည်း နီးပါတယ်။ မြစ်နဲ့ပင်လယ်တွေ့ဆုံရာမှာ တည်ရှိတဲ့အတွက် Tianjin Port ဟာ တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ အကြီးဆုံး ကုန်စည်ပို့ဆောင်ရေးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။
ကမ္ဘာ့အဆင့်မြင့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်၊ ဒေသပေါင်း ၈၀၀ ကျော်မှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့ ကုန်သွယ်မှုတွေဆောင်ရွက်လျက်ရှိပါတယ်။ ရေကြောင်း - ရထားပေါင်းစပ် သယ်ယူပို့ဆောင်ရေးလိုင်း ၄၀ ကျော်၊ ကွန်တိန်နာသင်္ဘောလိုင်း ၁၄၇ ခုနဲ့ လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၄ ခုနှစ်မှာ Jin Gang Tong ပလက်ဖောင်း (tjgportnet.com) ကို မိတ်ဆက်ခဲ့ပြီး Global Shipping Busi-ness Network (GSBN)နဲ့ ချိတ်ဆက်ကာ အမေရိကန်အရှေ့ကမ်းရိုးတန်းနဲ့ တောင်အမေရိက အရှေ့ကမ်းရိုးတန်းကို တိုက်ရိုက်သင်္ဘောလိုင်းအသစ်တွေ စတင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ ကုန်စည်သယ်ယူမှုပမာဏတန်ချိန် ၁၆၂သန်းနဲ့ ကွန်တိန်နာသယ်ယူမှုပမာဏ ၇ ဒသမ ၇၁၄ သန်း(TEU) ရှိခဲ့တယ်လို့ သိရပါတယ်။
တီယန်ကျင်းမြို့မှာ နောက်ထပ်လေ့လာစရာနေရာကတော့ဟိုင်ဟီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ တီယန်ကျင်းရှေးဟောင်းယဉ်ကျေးမှုလမ်းဖြစ်ပြီး မြို့ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ ကျင်(Jin)၊ ယွမ်(Yaun)၊မင်း (Ming)၊ ချင်း (Qing) မင်းဆက်တွေက ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းထားပြီး သမိုင်းဝင်အဆောက်အအုံများစွာတည်ရှိပါတယ်။ ဒေသထွက်အစားအစာတွေ၊ ရိုးရာပြပွဲတွေ၊ အနုပညာလက်ရာတွေကို တွေ့မြင်ခံစားနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ခရီးသွားအများစု စိတ်ဝင်စား
ညနေပိုင်းမှာ ဟိုင်ဟီမြစ်တစ်လျှောက် အပျော်စီးသင်္ဘောနဲ့ လှည့်လည်တဲ့ ခရီးစဉ်ကလည်း ခရီးသွားအများစု စိတ်ဝင်စားကြပါတယ်။ တီယန်ကျင်းမြို့ရဲ့ မြစ်ကမ်းပါးတစ်လျှောက် မြစ်ပြင်မြင်ကွင်းရှုခင်းတွေ၊ သမိုင်းဝင်ဗိသုကာလက်ရာတွေနဲ့ ခေတ်မီမိုးမျှော်တိုက်ကို ရောင်စုံမီးတွေနဲ့လှပစွာ ယှဉ်တွဲပေါင်းစပ်ထားပါတယ်။ တရုတ်နှင့် အနောက်တိုင်း ဗိသုကာပုံစံပေါင်းစပ်ထားပြီး မိုးမျှော်တိုက်တွေဆီက ဖြာထွက်တောက်ပနေတဲ့ ရောင်စုံမီးရောင်စုံတွေက မြစ်ပြင်ကို ဖြန့်ကြက်ထားတဲ့အတွက် ညနေခင်းရဲ့အမှောင်နဲ့ လိုက်ဖက်သက်ဝင်နေပါတယ်။
ဖြတ်သန်းသွားလာရာ မြစ်ကြောင်းတစ်လျှောက် ၃၂ ကီလိုမီတာရှိပြီး အဆောက်အအုံ ၂၁၆ ခု၊ တံတား ၁၃ စင်းရှိပါတယ်။ မြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းခုနစ်ခုရှိပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပြပွဲတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပလျက်ရှိတာကို တွေ့ရပါတယ်။ တီယန်ကျင်းမြို့ “ဟိုင်ဟီ မြစ်ရဲ့ ညအလှ”က မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေနဲ့အတူ တေးသွားနဲ့ မီးရောင်စုံတွေကြောင့် ရေအစဉ်ကပါ လိုက်ပါကနေသယောင်ငေးမော၍ မဆုံးနိုင်အောင် ဖြစ်ရပါတယ်။
မြစ်ကမ်းဘေးတစ်လျှောက်မှာ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေသူတွေ၊ မိသားစုနဲ့ အပန်းဖြေ လမ်းလျှောက်နေသူတွေ၊ ပြေးလွှားကစားနေတဲ့ကလေးငယ်တွေနဲ့ မိဘတွေကို တွေ့မြင်ရပါတယ်။ သူတို့မြို့ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို ဖော်ရွေပျူငှာစွာ ကြိုဆိုတဲ့အနေနဲ့ လက်ပြနှုတ်ဆက်နေကြပါတယ်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သလို တီယန်ကျင်းမြို့က တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းနဲ့ အထည်အလိပ်လုပ်ငန်းတွေ စတင်ရာနေရာဖြစ်ပြီး နိုင်ငံတကာနဲ့ ဆက်သွယ်ဆက်ဆံမှုရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ခန့်မှန်းချက်အရ တီယန်ကျင်းရဲ့ လူဦးရေဟာ ၁၄ သန်းကျော်ရှိပါတယ်။ တီယန်ကျင်းဆိပ်ကမ်းနဲ့ ကမ်းလွန် အင်ဂျင်နီယာကုမ္ပဏီတွေ တည်ရှိနေပြီး မော်တော်ကားစက်ရုံတွေ၊ ဓာတုဗေဒ၊ သံမဏိနဲ့ အီလက်ထရောနစ်လုပ်ငန်းတွေ၊ သတင်းအချက်အလက်နည်းပညာ၊ ခေတ်မီဆေးပညာဆိုင်ရာလုပ်ငန်းတွေ စုစည်းတည်ရှိနေပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အထူးအခွန်လျှော့ပေါ့မှု၊ သက်သာတဲ့ကုန်သွယ်မှု စည်းမျဉ်း၊ လုပ်ငန်းလည်ပတ်ရာမှာ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်တဲ့စနစ်တွေကို ဖန်တီးပေးထားတဲ့ ကုန်သွယ်မှုဇုန် (Tianjin Free Trade Zone) တည်ရှိပြီး နိုင်ငံတကာမှ နာမည်ကျော်ကုမ္ပဏီများစွာ လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိတယ်လို့ သိရပါတယ်။
တီယန်ကျင်းမြို့ရဲ့ စီးပွားရေးတိုးတက်မှု မောင်းနှင်အားက တရုတ်နိုင်ငံရဲ့ အကြီးဆုံးစက်မှုဇုန်တွေထဲက တစ်ခုဖြစ်တဲ့ ဘင်ဟိုင်းစီးပွားရေးဇုန်သစ်ဖြစ်ပါတယ်။ တီယန်ကျင်းမြို့ရဲ့ အရှေ့ဘက်မှာတည်ရှိပြီး ပေကျင်းမြို့နဲ့နီးတဲ့အတွက် မဟာဗျူဟာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆွဲဆောင်မှု ရှိတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
တီယန်ကျင်းမြို့က တရုတ်နိုင်ငံရဲ့ အရှေ့မြောက်၊ မြောက်ပိုင်းနဲ့ အနောက် မြောက်ဒေသတွေအတွက် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးတံခါးပေါက်အဖြစ် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ သမိုင်းကြောင်းနဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝအလှတရားတွေကို တစ်ပြိုင်နက်တည်း ထိတွေ့နိုင်တဲ့နေရာတစ်ခုအဖြစ် ခံစားမိသမျှ ရေးသားဖော်ပြလိုက်ရပါတယ်။

မြန်မာ့ ၁၂ လရာသီဘွဲ့စာလင်္ကာများကိုရေးစပ်ကြသည့်စာဆိုတော်များ ခေတ်အဆက်ဆက်တွင် ပေါ်ပေါက်ခဲ့ကြသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်တစ်လျှောက်ရေးစပ်ခဲ့ကြသည်ကိုတွေ့ရ သည်။ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ မဟာအတုလမင်းကြီး၊ ဆီသည်ရွာစား ဦးအောင်ကြီး၊ မယ်ခွေ၊ ဦးကြင်ဥ၊ ဦးကြော့၊ ဦးယာ၊ ဦးပုည၊ ကင်းဝန်မင်းကြီး စသည်ဖြင့်စာဆိုအသီးသီးသည်သူ့နည်းသူ့ဟန်နှင့် ဥတုသုံးလီ လရာသီ ၁၂ ခုကို ရှုထောင့်တွေးထောင့်များနှင့် အသီးသီးရှုမြင်ခဲ့ကြသည်မျိုးရှိသည်။ တချို့ရာသီဖွဲ့စာပေများသည် ပြောင်မြောက်ကောင်းမွန်သော်လည်း စာဆိုသူမထင်ရှားဘဲ ခေတ်အဆက်ဆက် တည်တံ့လာသည်ကိုလည်း တွေ့ရသည်။ ဤ၌ ပထမဆုံးတင်ပြမည့် ပေါ့ပေါ့ပါးပါး ကဆုန်လစာ အလင်္ကာကိုဦးစွာတင်ပါမည်။
“ခွန်းထောက်သဖြန်” -
ကဆုန်လကြုံရပါတဲ့မြတ်ပွဲတော်၊သွန်းညောင်ရေ စုကာပေါင်းတယ်လောင်းကြပျော်ပျော်။
မြတ်ဗုဒ္ဓေါ်ရည်မြော်လို့အေးစေကြောင်း၊ဗောဓိပင် ပလ္လင်နန်းကို ဖျန်းလို့ဆုတောင်း..။
အပူဝေးလို အေးကြပါစေကြောင်း….. ။
ဖော်ပြပါ ခွန်းထောက်မှာ ဇာတ်ပွဲတွင် မင်းသား၊ မင်းသမီးမထွက်မီ လူရွှင်တော်များက ဤနေ့ည ကပြ အသုံးတော်ခံကြမည့် မင်းသမီး၊ မင်းသား၊ ဇာတ်စီး၊ ဇာတ်နင်း၊ ရှေ့ပိုင်း၊ နောက်ပိုင်းများကို နိဒါန်း အနေဖြင့်ပြည်ဖုံးကတ္တီပါကားကြီးရှေ့သို့ပြောရန်ထွက်လာကြသောအခါလူရွှင်တော်တစ်ဦးစီကတစ်ပိုဒ်စီဆိုကြရသော ခွန်းထောက်လေးဆစ်သဖြန် အမျိုးအစားဖြစ်ပေသည်။ ခွန်းထောက်သဖြန် ဆို သောအခါ အသံကိုဖြန့်၍ဆိုရလေသည်။
ဒွေးချိုး၊လေးဆစ်ကဗျာအမျိုးအစားဖြစ်သည်။သီချင်းကြီးကဏ္ဍနှင့်ဆက်စပ်ပါကပတ်ပျိုးဆုံးသည့် အခါတွင်ဆက်ဆိုရသော စာကဗျာများဖြစ်သည်။ ဇာတ်ထွက်ရာတွင်မူ ပဏာမဆိုရသော အကြောင်းအရာဖြစ်သည်။ အချို့ကလည်း တောခရီးလမ်းတွင် စခန်းခွန်းထောက် ရပ်နားရာတွင်ဆိုရန် ဖွဲ့ဆိုထားသောကြောင့် ခွန်းထောက်ကဗျာဟုလည်း မှတ်ယူကြပေသည်။ဤခွန်းထောက်မှာ အလွန်အသိခက်သော ဝေါဟာရအသုံးအနှုန်းမပါဘဲ အများသူငါသိနိုင်သော အကြောင်းခြင်းရာဖြစ်သည်။ ပေါ့ပေါ့ပါးပါးဆိုနိုင်သည့် ကဆုန်လဘွဲ့ စာအလင်္ကာဖြစ်ပေသည်။
အပိုင်းလေးပိုင်း လေးချိုးရှိသဖြင့် လေးဆစ်သဖြန်၊ လေးဆစ်ခွန်းထောက်သဖြန်ဟုခေါ်ရပေမည်။လေးချိုးကြီး၊မဟာလေးချိုးကြီး စသည်ကဲ့သို့ အတွန့်အတက်မရှိ သာမန်ရေးစပ်သုံးထားသည့် ကဆုန်လဘွဲ့ ဖြစ်သည်။ စာဆိုအမည်မှာမထင်ရှားပေ။ ကဗျာရေးချင် စာစပ်သင်ဆိုသောသူများ ရေးဖွဲ့နိုင်သောစာပေဖြစ်ပေသည်။ အောက်ပါလေးချိုးသဖြန်မှာ စာဆိုတော် ဖိုးသူတော်ဦးမင်း၏ လေးချိုးသဖြန်ဖြစ်သည်။
စံကားဝါ ငုံသင်းလို့ ကြယ်မင်းတည့်(တဲ့) ဝိသာခါ၊
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း ထွန်းတဲ့ချိန်ခါ၊စုံကန္တာ ဟေမာ မြိုင်ထဲ၊
ရွှေကျေး အပျံသင်လို့ စံပျော်ရွှင် သည်ဟိုကူးလို့ငယ်… မြူးကြစမြဲ….။
ဤစာအလင်္ကာမှာ ဖိုးသူတော်ဦးမင်း၏ စာကဗျာဖြစ်သည်။ ဖိုးသူတော်ဦးမင်း (၁၁၆၀ ခန့်-၁၂၁၀ ခန့်) မှာ ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် ဦးလန်း၊ ဦးအိ၊ ဦးနု၊ ဦးမင်း စသည့် စာဆိုများကဲ့သို့ ထင်ရှားခဲ့သောစာဆိုဖြစ်သည်။ ဦးမင်းစာဆို နှစ်ဦးရှိခဲ့သည်။ ကွဲပြားရန် ဖိုးသူတော်ဦးမင်း၊ လူဦးမင်း ဟုခေါ်ဝေါ်ခဲ့ကြသည်။ ဖိုးသူတော်ဦးမင်းဟု ခေါ်ခြင်းမှာလည်း ငယ်စဉ်က ရှင်ဣန္ဒောဘာသ ဓဇဘွဲ့နှင့် ကိုရင်ကြီးအနေနှင့် နေခဲ့ဖူးသည်။ နောင်လူထွက်၍ နန်းမတော်မိဖုရားကြီးဖြစ်သူ မယ်နုထံတွင် ခစားစာဆိုရကြောင်းသိရပေသည်။ သဖြန်လေးဆစ် ၁၂ ပုဒ်၊ ၁၂ ရာသီလွမ်းချင်း၊ နွေဘွဲ့၊ မိုးဘွဲ့၊ ဆောင်းနွေမိုး လေးချိုးကြီးများကိုစပ်၍ ရတု ဒုံးချင်းများလည်း ရေးသားခဲ့သည်။ ဤလေးဆစ်သဖြန် သည်လည်းပဲ အထက်ဖော်ပြပါစာအလင်္ကာကဲ့သို့ လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးပင်ရွတ်ဆို အသိလွယ် သည့်စာဖြစ်သည်။
“တေးထပ်” -
ပရမေ ဘဂဝါအမြတ် ဇလာကပ်သွန်းလှူ နံ့သာဓာတ်မွှန်းကြူကျွန်းဇမ္ဗူခြိမ့်သဲ…
ပုညာဘိညွှန်းပြောင်ဝေသည် သွန်းညောင်ရေ ပြုသည့်ခါပွဲ…
မြန်မာတို့စဉ်အလာနွယ် မင်္ဂလာခြယ်တင့်ဆဲ သဘင်မဟာ အယဉ်နွှဲပါလို့ ရွှင်စမြဲကြည်ပေရာ…
ရပ်ပေါင်းစုံ တအိမ်မလပ် အချိန်မြတ်ကောင်းမှုပူဇော် ဝတိံနတ်အဇဋာကျော်အောင်..
ဇလာအဖျော်အမွှေးရေ ကရမက်ကယ်နှင့်ပရမေဓမ္မစက် စေတီယင်သွန်းပြုရေစင်…
ဥဒ္ဓိဿနှင့် မာတုဓမ္မအရှင်ကို သာဓုနရ သဘင် အောင်ပွဲတော်မို့လေး…..။ ။
ဤကဗျာမှာ တေးထပ်အမျိုးအစားဖြစ်သည်။ ထပ်တွန့်တေးထပ်ဖြစ်သည်။ တေးထပ်များမှာ သာမည တေးထပ်၊ တေးထပ်ဆန်း၊ တေးထပ် ပိုဒ်စုံ၊ ၈၀- ပေါ်တေးထပ် စသည်ဖြင့် ကွဲပြားမှုအမျိုးမျိုး ရှိပေသည်။ တကယ့်ပွဲကြီးလမ်းကြီးများဖြင့် သဘင်ခံရသောအခါ ၈၀-ပေါ်တေးထပ်၊ ထပ်တွန့်ကြီးတေးထပ်များဖြင့် သီဆိုတီးမှုတ်ကြသည်ကများသည်။ ၈၀-ပေါ်တေးထပ်ဆိုသည်မှာ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၀ ပြည့်နှစ်ကစ၍ ပေါ်ပေါက်လာသောကြောင့် ၈၀-ပေါ်တေးထပ်ဟုခေါ်ကြောင်း ရှေးကဗျာဆရာ များက ဆိုမိန့်ကြလေသည်။ ၈၀ - ပေါ် အရေးကောင်းသူများ၏ စာအလင်္ကာများကို ဂီတနှင့်တွဲဖက်၍ သီဆိုပါက အလွန်သာယာနာပျော်ဖွယ် ရသပေါ်လွင် ခံစားရပေသည်။
“၈ လုံးဘွဲ့ကဗျာ” -
• အလောင်းတော်ကြီး၊ ပျော်မှီး.နတ်ပြေ၊ ဗြဟ္မနတ်ပေါင်း၊ ပန်တောင်း.ထွေထွေ၊ သန္ဓေမှီးလို့၊ ရိပ်ထီးလူ့ပြေ၊ဖွားမြင်မှု၊ ရတုကဆုန်နွေ။
• ဖွားတော်မူက၊ လူမျာ့ညွတ်ရုံ၊ ကပ္ပီလနန်း၊ စံမြန်းသုံးဘုံ၊တောထွက်စခန်း၊ မြိုင်နန်းရဂုံ၊ဘုရားဖြစ်၊ အားသစ်လ, ကဆုန်။
• ၄၅-မြောက်၊ သက်ရောက်ရှစ်ဆယ်၊ မလ္လာအင်ကြင်း၊ ပင်မင်းအလယ်၊ဝမ်းတော်လားလို့၊ ရွှေအားတော်ငယ်၊နိဗ္ဗာန်နန်း၊ စံမြန်းကဆုန်ဝယ်။
• ရှင်တော်ရုပ်ကလာပ်၊ တုပ်ဝပ်လုံးစုံ၊နံ့သာရှိန်မီး၊ ထိန်ညီးဖုံဖုံ၊ဓာတ်တော်ကြွင်းကြ၊ မင်းမျာ့ဝေပုံ၊ စေတီများ၊ တည်ထားလ, ကဆုန်။
• ဖွားမြင်မြောက်တော့၊ နွေပေါက်ကဆုန်၊ဗောဓိပလ္လင်နန်း၊ စံမြန်းကဆုန်၊နိဗ္ဗူခြွေကြ၊ နွေလကဆုန်၊ကိလန၊ ညီမျှလကဆုန်။
• ကဆုန်မာသ၊ ကာလကိုမျှော်၊ ထိပ်တင်ဥက္ကဋ္ဌ၊ တုပ်ဝပ်ကော်ရော်၊ ရှင်တော်ငြိမ်းဇာတ်၊ ထိမ်းမှတ်အလျော်၊ညီအမျှ၊ ဤလရေပူဇော်။
ဤကဗျာမှာ ၈ လုံးဘွဲ့ကဗျာဖြစ်သည်။ ၈ လုံးဘွဲ့ကဗျာများကို ဘာသာရေးဆိုင်ရာပူဇော်ပွဲများတွင် အသုံး ပြုကြသည်။ ပူဇော်မည့်အကြောင်းအရာကိုလိုက်၍ (ဝါ) ဒုရေး(ဒုမင်္ဂလ)၊ သုရေး (သုမင်္ဂလ) တွင်သုံးကြ ပေသည်၊၊ ဒုရေးတွင် သံဝေဂ သဘောပါသောအဓိပ္ပာယ်များကို ရေးစပ်ကြသည်။ သုရေးတွင်မူ ဘွဲ့တံ ဆိပ်တော် ဂုဏ်ပြုကြည်ညိုဖွယ် သဒ္ဓါစိတ်ဖြစ်စေမည့် အကြောင်းခြင်းရာများကို ရေးစပ်ကြရ သည်။ အများနားလည်နိုင်သော ဝေါဟာရအသုံးအနှုန်းများကိုသုံးတတ်ကြသည်။ ကာရန်အနေနှင့် ၂ မတြာဒီဃ၊ ၃ မတြာ၊ ၃-မတြာ အထက် ပလုတ အသုံးများကို များသောအားဖြင့်သုံးရပေသည်။
ကိုလိုနီခေတ်နှောင်းနှင့် လွတ်လပ်ရေးရပြီးခါစ ဝန်းကျင်တွင် ယပ်လှဲတရားဟောပုဂ္ဂိုလ်များ ဟောစာ များ အလွန်ပေါ်ပေါက်လာသည်။ ထိုတရားပွဲကြီးများမဟောကြားမီ ရွတ်ဆိုကြသည့် ဒုရေး၊ သုရေးနှစ်ခု လုံးပင် ၈ လုံးဘွဲ့ကဗျာကိုသုံးကြသည်။ အကြောင်းအရာကိုလိုက်၍ တိုတိုလည်းရသလို ရှည်၍လည်း ရနိုင်သည်။
“လူးတား” -
သာစွလေ-ခါနွေသဘင်၊ နှစ်သစ်ဝင်၍၊ ကောင်းကင်သော်တာ၊ ဝိသာခါနှင့်၊ ပြည့်လာအညီ၊ ရာသီပြိဿ၊ အလှကြိုင်မြူး၊ ကွန့်ဖူးစံကား၊ လှိုင်ပျံ့ရှားသည်၊ မိုးသားကျူးစ၊ ကဆုန်လဝယ်၊ လောကထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ထက်၊ ရွှေပင်ရောင်တောက်၊ ညောင်တော်အောက်
၌၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူ,တာ,တကောင်း၊ မတင့်တောင်းဝယ်၊ သွန်းလောင်းရေပြည့်၊ ဖြိုးမျှထည့်လျက်၊ ပတ်လှည့်ညာကြေ၊ ရှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ်းကြောင်းရှာသည်.. အခါညောင်ရေ သွန်းတည့်လေ…..ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး……။ ။
ဖော်ပြပါစာအလင်္ကာမှာ ကဆုန်လဘွဲ့ လူးတားဖြစ်သည်။ ကဗျာသဘောတရား၌ ၃မတြာ ၃မတြာထက် အထက်အသံကိုရှည်ရှည်ရွတ်ဖတ်ရလျှင် ပလုတဖြစ်ပေသည်။ ကဗျာသာရတ္ထသင်္ဂြိုဟ်နှင့် ဆရာကြီး ဓမ္မာစရိယဦးထွန်းရွှေ၏ကဗျာ့စွယ်စုံကျမ်းကြီးတွင်ပလုတမှရွေ့လျားလာကာ လူးတားဖြစ်သည် ဟုဖွင့် ဆိုလေသည်။
အချို့ပညာရှင်များကလည်း ရေစီးသန်သောချောင်းမြစ်ကြောင်းတို့တွင် လှေဆန်တက်သောအခါ ကြိုးဖြင့် ဟိုဘက်ဒီဘက်ဆိုင်း၍ဆွဲ၍ လှော်တက်သွားသည်ကို “လူးတားပေါက်” သည်ဟုခေါ်သည်။ ထိုအခေါ်ကို အကြောင်းပြု၍ “လူးတား” ဟုခေါ်ဆိုခြင်းကိုလည်း ဖွင့်ဆိုပေသည်။
လေးလုံးစပ်လင်္ကာဖြင့် နှစ်ပိုဒ်ဖြစ်စေ၊ သုံးပိုဒ်ဖြစ်စေ၊ လေးပိုဒ်ဖြစ်စေ ခံပြီး သုံးလုံးတစ်ပိုဒ်ကို “လေ”ဟူသော အက္ခရာထား၏။ ရတုလင်္ကာများကဲ့သို့ပင် လေးလုံးစပ်လင်္ကာပင်ဖြစ်သည်။ အချပိုဒ်နှင့် အက္ခရာ ခုနစ်လုံးဖြင့်ဆင့်၍ချရသည်။ဤလူးတားမှာအချသည် “အခါညောင်ရေ သွန်းတည့်လေ၊ ရွှေပြည်ရွှေဝ နန်းတည့်လေး” ဟုချထား၍ လူးတားအနေနှင့် ရေးထားသော ကဆုန်လ စာအလင်္ကာဖြစ်သည်။
“အဲချင်း”
ဖန်နန်းမှ မျက်အုံလေ… နေနှင့်ယှဉ်မှီ၊ ရောဟဏီလည်း၊ မှန်စီဆောင်က၊ ရွှေထီးရိပ်ပြပါလို့၊ လွမ်းစ ယှက်သွယ်၊ မင်းမူဟန်ကျယ်လှ၊ မိုးလယ်ဘုံမှာတည့်လေး…
ကဆုန်ငယ်မှရတု၊ မြနီလာစစ်၊ အပြာရစ်သို့၊ ရှစ်မျက်နှာစို၊ တောတခိုမှာ၊ ပျိုနုနုနှင့်၊ ကျီးဥမှလဲ့ပြာ။ စံကားထုံသင်း၊ဂေါစာချင်းတွင်၊တုကင်းလွတ်ကွာ၊ငှက်ပေါင်းသာလို့၊ညှာခြွေငယ်စံသည်(ညာကြေငယ်ပျံသည်)၊ ယုဂန်မှာ တိမ်တစ်ပုံက၊ ဂဠုန်လို ဝဲ။ အသည်းမှာဆွတ်ကျင်၊ သောင် သင်ဖြူးခင်း၊ မြစ်ကြီး တွင်းမှာ၊ ငါးကြင်းဆန်ကူး၊ ငါးတန်မြူးသည်၊ ပိုက်ဦးငင်လို့၊ သဘင်မှဖြိုးဝေ။ စင်ရော်,သောင်တင်း၊ ရွှေပိန်ညင်းတို့၊ ချစ်တင်းပိုင်ပိုင်၊ အာလုတ်ကယ်လှိုင်လို့၊ သံပြိုင်ငယ်ခြွေသည်။ ဂြိုဟ်စနေ ဖီလာပိုင်း ဆီက၊ မုန်တိုင်းချီပြင်း။ ပြည်ကမ္ဗောဇ၊ တိုင်းညိုမြမှာ၊ တံငါ့တာရာ၊ ကြယ်ဥက္ကာနှင့်၊ အခါညောင်ရေ၊ ပွဲစုံငယ်ထွေလို့၊ လွမ်းပွေဆိုင်ညီ၊ သေမင်းပင် မှီရော့ထင့်။ စက်ရာသီ ပြိဿရေးတဲ့၊ ငိုကြွေးခင်း လေး.….။
စာဆိုမယ်ခွေ၏ ကဆုန်လဘွဲ့ အဲချင်းဖြစ်သည်။ စာဆိုတော်မယ်ခွေမှာ ကုန်းဘောင်ခေတ် ထင်ရှားခဲ့ သောစာဆိုတစ်ဦးဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက် နန်းတွင်း၌ ခစားရသော စာဆိုအမျိုးသမီး တစ်ဦးဖြစ်သည်။
အဲချင်းအမျိုးအစားမှာ အစပိုဒ်၌ “နေနက်ကယ်မှ ရာဇာလေ… ခမောက်ကယ်မှ စိန်တောင်လေ… မင်္ဂလာရယ်မှ မဏ္ဍိုင်လေး…”
စသည်ဖြင့် ခြောက်လုံးဖြစ်စေ၊ ခုနစ်လုံးဖြစ်စေ စ၍ သုံးချိုး၊ လေးချိုးဖြင့် စပ်ဆိုရေးသားထားသောစာပေ အမျိုးအစားဖြစ်သည်။ အဲချင်းမှာ အရှင်သခင်အကြီးအကဲကို ပသတမ်းတပြီး ဆိုသောသဘောလည်း ဖြစ်ပေ သည်။ ထို့ကြောင့် နတ်ပွဲအစ အဲချင်းကဟုဆိုရိုးရှိပေသည်။
စာဆိုမယ်ခွေ၏ အဲချင်းထူးခြားချက်မှာ ဝေဒပညာနှင့်ကြည့်ပါကရာသီစက်၊တိတ်စွဲဒေသ၊ ဂြိုဟ်နက္ခတ် တာရာ၊ ရာသီပန်း၊ ပတ်ဝန်းကျင်မြင်ကွင်း၊ ရာသီပွဲ စသည်တို့ကို ချိတ်ဆက်မှု ကောင်းကောင်းဖြင့် ပေါ်လွင်အောင်ရေးသားထားလေသည်။ နက္ခတ်ဗေဒင် ကျွမ်းကျင်သူများ အနေနှင့်ကြည့်ပါက အလွန် ပညာရပ်ဆန်သော၊ ကောင်းမွန်တန်ဖိုးရှိသော စာပေအမျိုးအစားဖြစ်ပေသည်။ ဝေဒပညာရပ်နှင့် တိုင်းနိုင်ငံ တိတ်စွဲများကို မူကွဲတွေ့ပါက မယ်ခွေ၏အဲချင်းပါ တိတ်စွဲနှင့် ညှိရသည်။ ထိုအနေအထား မျိုးကိုရေးသားထားသော အဆင့်မြင့်ရာသီဘွဲ့အမျိုးအစားဖြစ်သည်။
“ကြိုး သီချင်း”
အောက်တွင်ဖော်ပြမည့် “တေတလေ တေတေလေ ထံဒျန့်ဒျန့်တေ...” စသောတေးသွားမှာ ဗောဓိ ညောင်ရွက်သံ ကြိုးသီချင်းဖြစ်သည်။
အလောင်းဘုရားလက်ထက် မြင်းရည်တက် ၆ ကျိပ် ၈ ယောက် (၆၈) တွင်ပါဝင်သော လက်ဝဲနော်ရထာ ဦးနေဆိုသည့် ပုဂ္ဂိုလ်ဖွဲ့ခဲ့သော (သို့) ရှေးကရှိခဲ့ပြီးသော ဗောဓိညောင်စာအလင်္ကာကို ဂီတသင်္ကေ တပြု ခဲ့သော တေးသွားဖြစ်ပေသည်။
ထိုကဲ့သို့ ဂီတတေးသွားသင်္ကေတများကို ဒူပေါင် ထန်ပေါင်ဟုခေါ်သည်။ ဆရာပန်းမူ ဆရာရိပ်မူ မည်သည့်ဆရာမူ စသည်ဖြင့် ဂီတမျိုးဆက်တွင်ရှိပါ၏။ မြဝတီမင်းကြီးဦးစ၏ သီချင်းစာသားအချို့တွင် ဖောင်လားကြိုး၊ ဖောင်ငင်ကြိုး၊ ဖောင်ဆိုက်ကြိုး စသည်ဖြင့် မည်သည့် စာသားဝေါဟာရ မျှမပါဘဲ တေတလေ၊ ဒူတေလေ၊ ဒျန့်ဒျန့်ဒူ စသည်ဖြင့် ရေးဖွဲ့ထားမှု အများပင်တွေ့ရသည်။
ဤသည်ကို တေးတွဲ့ဟုလည်းခေါ်ကြောင်းသိရသည်။ ဂီတပညာရှင်များဖြစ်ကြသည့် ပုသိမ် ဒေါ်တင်တင်၊ ဣန္ဒဝဇီရ ခေါ် သခင်အောင်ရှိန်(ဘိသိက်မင်္ဂလာကျမ်းပြု) ဤကဲ့သို့ သဘောသက်ဝင် သော တံတျာတေရှင် ပုစဉ်း တောင်သံကြိုးကို ပဉ္စသင်္ခနတ်စောင်း သဘောဖြင့် အနက်အဓိပ္ပာယ် ကြံဆဖွင့်ဆိုခဲ့ဖူးသည်ကို အမျိုးသား စာပေဆုများရှင် (ဓာတ်ပြား) ဦးမောင်မောင် သူ၏မဟာဂီတ ပေါင်းချုပ်စွယ်စုံကျမ်း၌ ထိုခေတ်ပညာရှင် များ၏သဘောမှတ်ချက်ကို လေ့လာဖော်ပြထားလေသည်။
ဥပမာအနေနှင့်ပြောရပါက မှုန်ရွှေရည် သီချင်းအလိုက်ကို စာသားမရ၍ဖြစ်စေ၊ ရ၍ဖြစ်စေ လေချွန် သောအခါ (သို့) ပါးစပ်ကညည်းသောအခါ.. ဒီဒီဒီ .... ဒီဒီဒီဒီဒီ.... စသဖြင့်ထွက်လာသည်။ နိဂ္ဂဟိတ် အသံကိုရေးထားသော စာသားမပါ (Word Lose) စာလုံးပျောက် သင်္ကေတ ဖြစ်သည်။ Melody သဘောဖြစ်ပေသည်။ စာရှုသူဒူပေါင်ထန်ပေါင်ကို စာလုံးသွင်း၍ရှေးခေတ်က ရေးခဲ့ သောကဆုန် ဗောဓိညောင်ရေသွန်း .... စာကြောင်းစာသားအကြောင်းအရာကို ဖြည့်စွက်၍ စာအလင်္ကာမြူးကြည့်ပါဘိ။
ကမ္ဘာကျော်စစ်တုရင်ကစားကွက်ဖြစ်သည့်ဗော်လကာတောင်တန်းကိုဖြတ်ကျော်ခြင်းဆိုသော စစ်တုရင် ကွက်ကို တစ်ကွက်ချန်၍ (ဝါ) မြှုပ်၍ကစားကြရာ ယနေ့တိုင် ထိုအတိုင်း ကစားပွဲ မသိမ်းနိုင်သေး ဆိုသော အဆိုတစ်ခုရှိပေသည်။
ဤဗောဓိညောင်ရွက်သံကြိုးသီချင်းသည်လည်း ကဆုန်ညောင်ရေသွန်းအကြောင်းပင်လော သို့မဟုတ် ဤနေမျိုးမဟာကျော်ထင်ပင် ရေးဖွဲ့သော (၁၁၃၂ တန်ဆောင်မုန်းလ) ဗောဓိရွက်သံကြိုးကဲ့သို့ ဆောင်းဘွဲ့လော(နိုင်ငံတော်မူ မဟာဂီတ) စာရှုသူများ ဉာဏ်ကစားရမည့် ဗောဓိရုက္ခေ ကဆုန်လ ဗောဓိညောင်ကြိုး သီချင်းကြီးဖြစ်ပါတော့သည်။ ။
(တေတလေ)J ထံတုံ့တုံ့ (တေ)J လေ (တေလေ) ထံတုံ့တုံ့တေ (တေလေ) တလေထူ (ထံ)/တျာ (တာလျာ) တို့တို့တေ တေတလေ တေတေ တျာထူတုံ့ တေ ထူတျော တေတျော (ထံ) တေတျော (ထူတျော)ပ ထူထပ်တာ တေထံတျာ ထပ်တျာ တေတျော (ထံတျာ)' တျော တေထူထံတ္တံ့ တျော ထပ်တျာ
Source: Myawady Web Portal