ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ကမ္ဘောဒီးယားရောက် မြန်မာလူငယ်တို့၏ သင်ခန်းစာ
-
ယနေ့ခေတ်ကာလတွင် စီးပွားရေးအကျပ်အတည်းနှင့် အလုပ်အကိုင်ရှားပါးမှုများကို အခွင့်ကောင်းယူကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင်ခေါ်ယူနေမှုများသည် အိမ်နီးချင်းနိုင်ငံများတွင် မှိုလိုပေါများလာလျက်ရှိပါသည်။အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ “အွန်လိုင်းလိမ်လည်မှု” (Online Scams) ဟု ခေါ်ဆိုသော ငွေကြေးလိမ်လည်သည့် လုပ်ငန်းစုများသည် မြန်မာလူငယ်များစွာ၏ဘဝကို မြေစာပင်ဖြစ်စေခဲ့သည်။ အဆိုပါ မိမိတို့၏ ရင်ဝယ်သားလူငယ်များကို နိုင်ငံတော်မှ မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။မျက်မှောက်ခေတ်တွင် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ်များ များပြားလာသည်နှင့်အမျှ “လစာကောင်းကောင်း၊ အလုပ်သက်သာ” ဟူသောမက်လုံးများဖြင့် လိမ်လည်သွေးဆောင်ဖြားယောင်းနေမှုများသည် လူကုန်ကူးမှုဘေးအန္တရာယ်ဆိုးတွင်းသို့ ဆွဲခေါ်နေသလိုဖြစ်နေပါသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများ (Online Scams) တွင် အဓမ္မခိုင်းစေခံရသည့် မြန်မာလူငယ်များ၏ ဖြစ်ရပ်အား သင်ခန်းစာရယူရန် ရည်ရွယ်ပါသည်။ဆွဲဆောင်မှုရှိသော “ပိုက်ကွန်”ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော လူငယ်များ၏ အတွေ့အကြုံများအရ အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းများသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook နှင့် Telegram တို့တွင် အလုပ်ခေါ်စာများကို ဆွဲဆောင်မှုရှိစွာ တင်လေ့ရှိကြောင်း၊ အင်္ဂလိပ်စာပြောဆိုတတ်ရန်မလို၊ ဘွဲ့ရရန်မလို၊ ကွန်ပျူတာအခြေခံရှိရုံဖြင့် တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ရမည်ဟု စည်းရုံးခဲ့ကြကြောင်း သိရှိရပါသည်။အဆိုပါမက်လုံးများသည် မိမိတို့၏ လူနေမှုဘဝတိုးတက်မှုကို ရှာဖွေနေသောလူငယ်များအတွက် ရွှေရောင်အိပ်မက်တစ်ခု ဖြစ်လာခဲ့ပါသည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရမည့်အပြင် “လမ်းစရိတ်အခမဲ့၊ ဗီဇာနှင့် နေစရိတ်အခမဲ့”ဟူသော စကားများဖြင့် ဖြားယောင်းကာ လေကြောင်းလိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ တာချီလိတ်မြို့ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ မြဝတီမြို့မှ မဲဆောက်သို့ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး တောလမ်းများကိုဖြတ်ကာ ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ပို့ဆောင်ခံကြရပါသည်။ သို့သော် ထို “အခမဲ့” ဆိုသည့် စကားနောက်တွင် ထိုသူတစ်ဦးချင်းစီ၏ ခေါင်းပေါ်၌ “ရောင်းကြေး” (Bounty) များရှိနေသည်ကို ကာယကံရှင်များ မသိရှိကြပေ။အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာ ဘာလဲ၎င်းတို့၏ အဓိကအလုပ်မှာ - အမျိုးသမီးချောလေးများ၏ ပုံကိုသုံး၍ Facebook/ Telegram တွင် အကောင့်တုများ ဖွင့်ခြင်း၊ နိုင်ငံခြားသားများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများကို ချဉ်းကပ်ကာ အချစ်ရေးဖြင့် မြှူဆွယ်ခြင်း (Pig Butchering Scam) ၊ ယုံကြည်မှုရလာပါက အွန်လိုင်းမှတစ်ဆင့် ငွေတိုးရင်းနှီးမြှုပ်နှံရန် ဖြားယောင်းပြီး ငွေများအားလုံးကို လိမ်လည်ယူခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြုကာ ငွေများကို လိမ်လည်ရယူခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည်မှု (Online Scam) အများဆုံးကျူးလွန်သည့် ပုံစံ ၅ မျိုးမှာ -(၁) Applicationများ၊ Website အတုများအသုံးပြု၍ သတင်း အချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud) ၊(၂) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင် ဆောင်၍ လိမ်လည်ခြင်း(Social Media and Telecom-munication Fraud) ၊(၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည် ခြင်း (Online Romance Fraud) ၊(၄) အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading / Trading Platform Fraud) ၊(၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam) တို့ဖြစ်ပေသည်။လက်တွေ့ရင်ဆိုင်ရသည့်အခြေအနေကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းစုများသည် ကာစီနိုရုံဟောင်းများ သို့မဟုတ် ဝေးလံသောမြို့သစ်စီမံကိန်းများရှိ အထပ်မြင့်အဆောက်အအုံများတွင် အခြေစိုက်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ စီဟာနုဗေး (Sihanoukville)နှင့် နယ်စပ်ဒေသများသို့ ရောက်ရှိသွားသော လူငယ်များကြုံတွေ့ရသည့်အခြေအနေများမှာ ကတိများနှင့် တခြားစီဖြစ်သည်။အလုပ်ခွင်သို့ ရောက်ရှိသွားသောအခါ လူငယ်များသည် မိမိတို့ထင်မှတ်ထားသည့် ရုံးအလုပ်မျိုးမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိ စီဟာနုဗေး (Sihanoukville)၊ ဖနွမ်းပင် (Phnom Penh)နှင့် နယ်စပ်မြို့များရှိ အထပ်မြင့်အဆောက်အအုံများတွင် ထိန်းချုပ်ခံထားရကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းတွင် “လိမ်လည်ရသူ” (Scammer) အဖြစ် အတင်းအဓမ္မစေခိုင်းခံရသည်။ တစ်နေ့လျှင် ၁၅ နာရီမှ ၁၈ နာရီအထိ မနားတမ်း အလုပ်လုပ်ရပေသည်။အလုပ်သဘာဝ - လူမှုကွန်ရက်တွင် အကောင့်အတုများဖွင့်၍ ကမ္ဘာတစ်ဝန်းရှိ လူများကို ငွေကြေးရင်းနှီးမြှုပ်နှံရန် သို့မဟုတ် အချစ်ရေးဖြင့် လိမ်လည်ရန် (Pig Butchering Scam) ခိုင်းစေခံရသည်။ချုပ်နှောင်ခံရမှု - ခြံဝင်းအတွင်းမှ အပြင်သို့ ထွက်ခွာခွင့်မရှိဘဲ လက်နက်ကိုင်လုံခြုံရေးများဖြင့် စောင့်ကြပ်ထားခြင်း ခံရသည်။နှိပ်စက်ညှဉ်းပန်းမှု - သတ်မှတ်ထားသော အရေအတွက်မပြည့်ပါက ရိုက်နှက်ခြင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် တို့ခြင်း၊ အစာငတ်ထားခြင်းနှင့် အဆိုးရွားဆုံးအခြေအနေဖြင့် ပြန်လည်ရောင်းချခြင်း (Reselling)များ ကြုံတွေ့ရနိုင်ပေသည်။​ပြန်ပေးဆွဲသကဲ့သို့ ငွေတောင်းခြင်း - အလုပ်မှ ထွက်လိုပါက လျော်ကြေးအဖြစ် ဒေါ်လာသောင်းချီပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်းခံရပေမည်။ကမ္ဘောဒီးယားနိုင်ငံအွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် ကိုယ်တွေ့ကြုံရသူ၏ စကားသံ“လိုင်းပေါ်မှာ လူခေါ်တဲ့ဟာတွေ တွေ့တယ်။ ကျွန်မတို့သွားပြီးတော့ ဆက်သွယ်ကြည့်တော့ ဒီအလုပ်က အလွန်ကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရဘူး။ Customer Service ပေးရုံပဲဆိုပြီး ခေါ်ခဲ့တာ။ ဟိုမှာ တစ်လကို သိန်း ၄၀ လောက် ရတယ်ဆိုပြီးတော့ သွားခဲ့တာပေါ့။ စရောက်တော့ တစ်ရက်လောက်ပေးနားတယ်။ ရောက်တဲ့အချိန်မှာ Facebook အတိုင်းပဲ IG အကောင့်တွေ ဖွင့်ရတယ်။ ပြီးရင် အဲဒီကနေမှ ရည်ညွှန်းတဲ့ နိုင်ငံကို အင်ဒိုနီးရှားဆို အင်ဒိုနီးရှား၊ US ဆို US ပေါ့။ ကျွန်မတို့က အင်ဒိုနီးရှားကို လူရှာပြီးတော့မှ Whatsapp ရဖို့အတွက် ကျွန်မတို့က တောင်းပေးရတာ။ ပြဿနာတွေမဖြစ်ခင်မှာ ကျွန်မတို့က သံရုံးကို တိုင်မယ်ပေါ့။ သံရုံးကို တိုင်ပြီးတော့မှ သံရုံးက လာခေါ်ပေးတာကို စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။ အဲဒီကနေမှ ကမ္ဘောဒီးယားအစိုးရက လိုက်လံဖမ်းဆီးတဲ့အခါမှာ ဖြစ်ချင်တာဖြစ်တော့ သေရင်လည်းသေပါစေ၊ ရှင်ရင်လည်း ငါတို့မြန်မာပြည်တော့ရောက်အောင်ပြန်မယ်။ ဘယ်လိုနည်းနဲ့မဆို ဆိုပြီးတော့ အဲဒီကနေထွက်ပြေးပြီး နီးစပ်ရာ ကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားငှားပြီး သံရုံးကို ရောက်အောင်သွားခဲ့တာ။ စရောက်တော့ သံအမတ်ကြီးရော၊ သံရုံးက အစ်မတွေရော အလွန်သဘောကောင်းတယ်။ အကုန်လုံးလည်း အစစအရာရာကူညီပေးတယ်။ စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့ အပြင်မှာတောင်မနေခိုင်းဘဲ သံရုံးထဲမှာပဲနေဖို့၊ ထိုင်ဖို့တွေ အစစအရာရာ ကျန်းမာရေးကအစ အကုန်လုံးဂရုစိုက်ပေးတယ်။ နေမကောင်းဘူးဆိုရင်လည်း ဆေးခန်းပြပေးတယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံးစီစဉ်ပေးပြီးတော့မှ အားလုံးနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးတယ်။ အစကနေ အဆုံးထိပေါ့။”ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် မြန်မာနိုင်ငံသားလူငယ်များ၏ ပြောပြချက်အရ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းရှော့ပင်း ဈေးရောင်းလုပ်ကိုင်ရမည်၊ လုပ်ခလစာ အမေရိကန်ဒေါ်လာ ၆၀၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံ ပို့ဆောင်ပေးမည်၊ နိုင်ငံကူးလက်မှတ်စာအုပ်မရှိလည်းရသည်၊ သွားရောက်မည်ဆိုပါက ကိုယ်ပိုင်အကောင့်သို့ လာရောက်ဆက်သွယ်ပါဟု ကြော်ငြာထားသည်ကိုတွေ့ရှိ၍ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူ၏ Telegram အကောင့်မှ ချိတ်ဆက်စီစဉ်ဆောင်ရွက် ပေးမှုဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်အား ပြုလုပ်ပြီး ၂၀-၁၂-၂၀၂၅ ရက်နေ့တွင် တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့လည်းကောင်း၊ မယ်ဆိုင်မြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့လည်းကောင်း ကားဖြင့်သွားရောက်၍ ၎င်းမြို့မှ ကားဖြင့် ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါ့ (KAM POT)မြို့ အပြင်ဘက်ရှိ BoKor တောင်ပေါ်ရှိ KAMPOT-2 အမည်ရှိ ကုမ္ပဏီသို့ရောက်ရှိခဲ့ကြောင်း၊ လေးထပ်တိုက် အခန်း (၂၀)ရှိ အဆောက်အအုံတွင် နေထိုင်ခဲ့ရပြီး ကွန်ပျူတာနှင့် ဖုန်းများကိုအသုံးပြုကာ Telegram မှ အကောင့် ၁၀၀၀ ခန့်ချပေးပြီး အသက် ၃၅ နှစ်အထက်ရှိ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အမျိုးသမီးဓာတ်ပုံများအား Profile တင်ကာ နိုင်ငံခြားသားအကောင့်များကို ရှာပေးရကြောင်း၊ နိုင်ငံခြားသားများမှ အကောင့်လာအပ်ပါက အဖွဲ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားသားထံ လွှဲပြောင်းပေးရပြီး အဖွဲ့ခေါင်းဆောင်က ငွေကြေးလိမ်လည်မှုကို ဆက်လက် ပြုလုပ်ကြောင်း သိရှိရပါသည်။ Online Scams တွင် လုပ်ကိုင်ခဲ့ရသူများအပေါ် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးမှုမြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပါသည်။ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး မှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားလူငယ်များကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ယနေ့အချိန်အထိ မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားလူငယ်များအား သက်ဆိုင်ရာတာဝန်ရှိသူ များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းစာရင်းကောက်ယူခြင်းစသည့် စိစစ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။Online Scams နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ မူဝါဒပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအား အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio A ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် “အွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်းကစားမှုများသည် လူသားများအပေါ် ကျူးလွန်သော ကြီးလေးသည့်ရာဇဝတ်မှုများဖြစ်သည်ဟု မြန်မာနိုင်ငံ အစိုးရကသတ်မှတ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ မူဝါဒသည် Zero Tolerance Policy ဖြစ်ကြောင်း၊ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ ခွင့်လွှတ်မှုမရှိ၊ ရေဆုံးရေဖျားလိုက်လံချေမှုန်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရက ကျင့်သုံးမည့်နည်းလမ်း (Method)သည် Aggressive Crack Downs Method ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒဖြစ်ပါကြောင်း” ပြတ်ပြတ်သားသား ကြေညာထားပြီးဖြစ်ပါသည်။ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ၁၀-၁၂-၂၀၂၅ ရက်တွင် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ဖွဲ့စည်းပြီးဖြစ်ပါသည်။ ၁၂-၁၂-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီတို့ကိုလည်း ဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွဲ့စည်းပြီးဖြစ်ပါသည်။နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားအလှမ်းမမီသည့် လက်နက်ကိုင်သောင်းကျန်းသူအချို့၏ နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက စိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိုပြဿနာကို ရိုးရိုးသာမန်ရာဇဝတ်မှုများလို သဘောမထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းခဲ့ပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲခြင်း၊ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားများပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်း ပြည်ပ အဓိကတရားခံများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောက်ရွက်လျက်ရှိပါသည်။ကြိုတင်ကာကွယ်ခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များလူကုန်ကူးမှုသည် နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံပြောင်းလာတတ်သဖြင့် တစ်ဦးတစ်ယောက်ချင်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်းကြိုတင်ကာကွယ်ရမည့်အပြင် Online Scams တွင် လုပ်ကိုင်ရခြင်းနှင့် နောက်ဆက်တွဲ လူကုန်ကူးမခံရစေရေးအတွက် လူကုန်ကူးမှုဆီသို့ ဦးတည်ဖြစ်ပေါ်စေနိုင်သည့် ပြည်ပသို့တရားမဝင်ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေးအတွက် တရားမဝင်ပို့ဆောင်သူများကို စုံစမ်း ဖော်ထုတ် အရေးယူလျက်ရှိပါသည်။လူကုန်ကူးသူလူပွဲစားများကိုလည်း စုံစမ်းဖော်ထုတ်၍ ထိရောက်ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့်လည်း အောက်ပါလုပ်ငန်းတာဝန်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-(က) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့် စပ်လျဉ်း၍ ဤဥပဒေပါ ရည်ရွယ်ချက်များကို ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊(ခ) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာ တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့အား လမ်းညွှန်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊(ဂ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးအတွက်လည်းကောင်း၊ လိုအပ်သည့်  အခြေခံအချက်အလက်များရရှိနိုင်ရေးအတွက်လည်းကောင်း ကျွမ်းကျင်သူများပါဝင်သည့် သုတေသနလုပ်ငန်းအဖွဲ့များ၊ လေ့လာစိစစ်ရေးနှင့် အကဲဖြတ်အဖွဲ့များ၊ အခြားလိုအပ်သော အဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊(ဃ) လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတိပြုလာစေရေးအတွက် အသိပညာပေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း၊(င) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တားဆီးနှိမ်နင်းရေးအရာရှိများအား ခေတ်မီနည်းပညာများဖြင့် လေ့ကျင့်သင်ကြားရေး၊ အခြားနိုင်ငံများမှ ကျွမ်းကျင်သူများနှင့် နည်းပညာဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လမ်းညွှန်ခြင်း၊(စ) လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေးစီမံချက်များ၊ အစီအစဉ်များချမှတ်ရာတွင် သက်ဆိုင်ရာအစိုးရဌာန/ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်း၊(ဆ) နိုင်ငံဖြတ်ကျော်၍ တရားမဝင်ရွှေ့ပြောင်းသွားလာမှုနှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး/ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအာဏာပိုင်များ အချင်းချင်းသတင်းဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊( ဇ) လူကုန်ကူးခံရသည့် အမျိုးသား/ အမျိုးသမီး၊ လိင်ဝိသေသထူးခြားသူများနှင့် ကလေးသူငယ်များ၏ ကာယိန္ဒြေစောင့်ထိန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ယင်းတို့၏ အကျိုးအတွက် အလေးဂရုပြုဆောင်ရွက်ခြင်း၊( ဈ) ဤဥပဒေအရ ရန်ပုံငွေတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊(ည)လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များတွင် တရားခံလွှဲပြောင်းရေးနှင့် နိုင်ငံအချင်းချင်း အကူအညီပေးရေးတို့ကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊( ဋ)ဤဥပဒေအရတရားမစွဲဆိုမီ သက်သေခံအဖြစ် သိမ်းဆည်းထားသော မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို လိုအပ်ပါက ချိပ်ပိတ်ထားရန်နှင့် ခံဝန်ဖြင့် ပြန်လည်ပေးအပ်ထားရန် ညွှန်ကြားခြင်း၊( ဌ)ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်ရှိသော ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ်များကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမပြုရန် တားမြစ်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်းနှင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊(ဍ)လူကုန်ကူးမှုနှင့်ဆက်စပ်ပြီး ပေါ်ပေါက်လာသော အခြား တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသည့်ပြစ်မှုများကိုလည်းကောင်း၊ လူကုန်ကူးခံရသူအား စိစစ်ပြီး ၎င်းအား အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် အရေးယူရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊( ဎ) လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် အကူအညီပေးရေးလုပ်ငန်းများအတွက် အစီအမံများ ချမှတ်ပေးခြင်း၊(ဏ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းများနှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures - SOP) ကို ထုတ်ပြန်သတ်မှတ်ခြင်း၊(တ)လူကုန်ကူးမှုများ တားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေး လုပ်ငန်းများအတွက်လည်းကောင်း၊ လူကုန်ကူးခံရသူများအား ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်ပါက ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊(ထ) လူကုန်ကူးမှုကျူးလွန်သူ တရားခံများကို တရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ လွှဲပြောင်းရေးအတွက်လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊(ဒ) ဤဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူသောပြစ်မှုတွင် သတင်းပေးသူနှင့် စုံစမ်းစစ်ဆေးအရေးယူမှုတွင် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်သည့်ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုချီးမြှင့်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊( ဓ) ဗဟိုအဖွဲ့၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များနှင့်အညီ ကျင်းပခြင်း၊(န) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း၊(ပ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ် သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။ဘေးကင်းစေရန် မည်သို့ ကာကွယ်ရမည်နည်း ဤကဲ့သို့ လူကုန်ကူးမှုဆိုသည့် ငရဲကျင်းအတွင်းမကျရောက်စေရန် လူငယ်များနှင့် မိဘအုပ်ထိန်းသူများအထူးသတိပြုရန် လိုအပ်ပေသည်။ လွယ်ကူလွန်းသော အခွင့်အရေးကို သံသယရှိပါ။ အရည်အချင်းမလိုဘဲ လစာအဆမတန်များနေသည့် အလုပ်မှန်သမျှသည် ထောင်ချောက်ဖြစ်ရန် ၉၉ ရာခိုင်နှုန်းသေချာပါသည်။ အွန်လိုင်းပေါ်မှအလုပ်ခေါ်စာများ SocialMedia (Facebook, Telegram, Tiktok) များမှတစ်ဆင့် ချိတ်ဆက်လာသော အလုပ်များကို ပိုမိုသတိထားပါ၊ ပြည်ပသို့ ထွက်ခွာမည်ဆိုပါက တရားဝင်လမ်းကြောင်းကိုသာ အသုံးပြုပါ။ ပြည်ပသို့ အလုပ်သွားလုပ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရထားသော အေဂျင်စီများမှတစ်ဆင့်သာ သွားရောက်ပါ။ ခရီးစဉ်အသေးစိတ်ကို စုံစမ်းပါ၊ မည်သည့်မြို့၊ မည်သည့်ကုမ္ပဏီတွင် လုပ်ရမည်ကို ကြိုတင်စုံစမ်းပြီး မိသားစုထံ လိပ်စာနှင့် ဖုန်းနံပါတ်များအား ပေးထားပါ၊ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်မည့် သက်ဆိုင်ရာတပ်ဖွဲ့၊ ဌာနများ၏ Help Line/ Hot Line ဖုန်းနံပါတ်များကို မှတ်သားသွားပါ၊ နိုင်ငံကူးလက်မှတ် (Passport)၊ နိုင်ငံသားစိစစ်ရေး ကတ်နှင့် အရေးကြီးသော ကိုယ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာထားပါ၊ မည်သည့်အလုပ်ရှင်ဖြစ်စေ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိပါ။ အချုပ်ဆိုရသော် “အွန်လိုင်းလိမ်လည်မှု” ဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝကိုသာမက မိသားစုပေါင်းများစွာကိုပါ ပူလောင်စေသည့် ငရဲကျင်းတစ်ခုဖြစ်ပါသည်။ ရည်ရွယ်ချက်ကို ဖုံးကွယ်၍ သွေးဆောင်ခေါ်ယူနေသော အလုပ်ခေါ်စာများကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်အိပ်မက်များနောက်သို့ မစဉ်းစားမဆင်ခြင် လိုက်ပါသွားခြင်းသည် မိမိကိုယ်မိမိသေတွင်းထဲသို့ ခုန်ဆင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ဘဝအနာဂတ်ကို တန်ဖိုးထားသော လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သတိ၊ ဝီရိယဖြင့် ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်ကြပါရန်နှင့် မသေချာသော ရွှေရောင်အိပ်မက်များနောက်သို့ မျက်စိမှိတ်မလိုက်ပါရန် အရေးကြီးပါသည်။ “အွန်လိုင်းလိမ်လည်မှု” လုပ်ငန်းများနှင့် ဆက်နွှယ် ဖြစ်ပေါ်လာသော လူကုန်ကူးခံရမှုသည် လူသားတို့၏ ဘဝနှင့်ဂုဏ်သိက္ခာကို ဖျက်ဆီးနေသည့် လုပ်ငန်းများဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့် မှန်ကန်သောလမ်းကို အသိ/ သတိဖြင့် ရွေးချယ်လျှောက်လှမ်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။MDN

ယနေ့ခေတ်ကာလတွင် စီးပွားရေးအကျပ်အတည်းနှင့် အလုပ်အကိုင်ရှားပါးမှုများကို အခွင့်ကောင်းယူကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင်ခေါ်ယူနေမှုများသည် အိမ်နီးချင်းနိုင်ငံများတွင် မှိုလိုပေါများလာလျက်ရှိပါသည်။

အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ “အွန်လိုင်းလိမ်လည်မှု” (Online Scams) ဟု ခေါ်ဆိုသော ငွေကြေးလိမ်လည်သည့် လုပ်ငန်းစုများသည် မြန်မာလူငယ်များစွာ၏ဘဝကို မြေစာပင်ဖြစ်စေခဲ့သည်။ အဆိုပါ မိမိတို့၏ ရင်ဝယ်သားလူငယ်များကို နိုင်ငံတော်မှ မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။

မျက်မှောက်ခေတ်တွင် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ်များ များပြားလာသည်နှင့်အမျှ “လစာကောင်းကောင်း၊ အလုပ်သက်သာ” ဟူသောမက်လုံးများဖြင့် လိမ်လည်သွေးဆောင်ဖြားယောင်းနေမှုများသည် လူကုန်ကူးမှုဘေးအန္တရာယ်ဆိုးတွင်းသို့ ဆွဲခေါ်နေသလိုဖြစ်နေပါသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများ (Online Scams) တွင် အဓမ္မခိုင်းစေခံရသည့် မြန်မာလူငယ်များ၏ ဖြစ်ရပ်အား သင်ခန်းစာရယူရန် ရည်ရွယ်ပါသည်။

ဆွဲဆောင်မှုရှိသော “ပိုက်ကွန်”

ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော လူငယ်များ၏ အတွေ့အကြုံများအရ အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းများသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook နှင့် Telegram တို့တွင် အလုပ်ခေါ်စာများကို ဆွဲဆောင်မှုရှိစွာ တင်လေ့ရှိကြောင်း၊ အင်္ဂလိပ်စာပြောဆိုတတ်ရန်မလို၊ ဘွဲ့ရရန်မလို၊ ကွန်ပျူတာအခြေခံရှိရုံဖြင့် တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ရမည်ဟု စည်းရုံးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါမက်လုံးများသည် မိမိတို့၏ လူနေမှုဘဝတိုးတက်မှုကို ရှာဖွေနေသောလူငယ်များအတွက် ရွှေရောင်အိပ်မက်တစ်ခု ဖြစ်လာခဲ့ပါသည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရမည့်အပြင် “လမ်းစရိတ်အခမဲ့၊ ဗီဇာနှင့် နေစရိတ်အခမဲ့”ဟူသော စကားများဖြင့် ဖြားယောင်းကာ လေကြောင်းလိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ တာချီလိတ်မြို့ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ မြဝတီမြို့မှ မဲဆောက်သို့ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး တောလမ်းများကိုဖြတ်ကာ ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ပို့ဆောင်ခံကြရပါသည်။ သို့သော် ထို “အခမဲ့” ဆိုသည့် စကားနောက်တွင် ထိုသူတစ်ဦးချင်းစီ၏ ခေါင်းပေါ်၌ “ရောင်းကြေး” (Bounty) များရှိနေသည်ကို ကာယကံရှင်များ မသိရှိကြပေ။

အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာ ဘာလဲ

၎င်းတို့၏ အဓိကအလုပ်မှာ- အမျိုးသမီးချောလေးများ၏ ပုံကိုသုံး၍ Facebook/ Telegram တွင် အကောင့်တုများ ဖွင့်ခြင်း၊ နိုင်ငံခြားသားများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများကို ချဉ်းကပ်ကာ အချစ်ရေးဖြင့် မြှူဆွယ်ခြင်း (Pig Butchering Scam) ၊ ယုံကြည်မှုရလာပါက အွန်လိုင်းမှတစ်ဆင့် ငွေတိုးရင်းနှီးမြှုပ်နှံရန် ဖြားယောင်းပြီး ငွေများအားလုံးကို လိမ်လည်ယူခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြုကာ ငွေများကို လိမ်လည်ရယူခြင်းဖြစ်သည်။       

အွန်လိုင်းလိမ်လည်မှု (Online Scam) အများဆုံးကျူးလွန်သည့် ပုံစံ ၅ မျိုးမှာ -

(၁) Applicationများ၊ Website အတုများအသုံးပြု၍ သတင်း အချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud) ၊

(၂) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင် ဆောင်၍ လိမ်လည်ခြင်း(Social Media and Telecom-munication Fraud) ၊

(၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည် ခြင်း (Online Romance Fraud) ၊

(၄) အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading / Trading Platform Fraud) ၊

(၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam) တို့ဖြစ်ပေသည်။

လက်တွေ့ရင်ဆိုင်ရသည့်အခြေအနေ

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းစုများသည် ကာစီနိုရုံဟောင်းများ သို့မဟုတ် ဝေးလံသောမြို့သစ်စီမံကိန်းများရှိ အထပ်မြင့်အဆောက်အအုံများတွင် အခြေစိုက်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ စီဟာနုဗေး (Sihanoukville)နှင့် နယ်စပ်ဒေသများသို့ ရောက်ရှိသွားသော လူငယ်များကြုံတွေ့ရသည့်အခြေအနေများမှာ ကတိများနှင့် တခြားစီဖြစ်သည်။

အလုပ်ခွင်သို့ ရောက်ရှိသွားသောအခါ လူငယ်များသည် မိမိတို့ထင်မှတ်ထားသည့် ရုံးအလုပ်မျိုးမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိ စီဟာနုဗေး (Sihanoukville)၊ ဖနွမ်းပင် (Phnom Penh)နှင့် နယ်စပ်မြို့များရှိ အထပ်မြင့်အဆောက်အအုံများတွင် ထိန်းချုပ်ခံထားရကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းတွင် “လိမ်လည်ရသူ” (Scammer) အဖြစ် အတင်းအဓမ္မစေခိုင်းခံရသည်။ တစ်နေ့လျှင် ၁၅ နာရီမှ ၁၈ နာရီအထိ မနားတမ်း အလုပ်လုပ်ရပေသည်။

အလုပ်သဘာဝ - လူမှုကွန်ရက်တွင် အကောင့်အတုများဖွင့်၍ ကမ္ဘာတစ်ဝန်းရှိ လူများကို ငွေကြေးရင်းနှီးမြှုပ်နှံရန် သို့မဟုတ် အချစ်ရေးဖြင့် လိမ်လည်ရန် (Pig Butchering Scam) ခိုင်းစေခံရသည်။

ချုပ်နှောင်ခံရမှု - ခြံဝင်းအတွင်းမှ အပြင်သို့ ထွက်ခွာခွင့်မရှိဘဲ လက်နက်ကိုင်လုံခြုံရေးများဖြင့် စောင့်ကြပ်ထားခြင်း ခံရသည်။

နှိပ်စက်ညှဉ်းပန်းမှု - သတ်မှတ်ထားသော အရေအတွက်မပြည့်ပါက ရိုက်နှက်ခြင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် တို့ခြင်း၊ အစာငတ်ထားခြင်းနှင့် အဆိုးရွားဆုံးအခြေအနေဖြင့် ပြန်လည်ရောင်းချခြင်း (Reselling)များ ကြုံတွေ့ရနိုင်ပေသည်။

​ပြန်ပေးဆွဲသကဲ့သို့ ငွေတောင်းခြင်း - အလုပ်မှ ထွက်လိုပါကလျော်ကြေးအဖြစ် ဒေါ်လာသောင်းချီပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်းခံရပေမည်။

ကမ္ဘောဒီးယားနိုင်ငံအွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် ကိုယ်တွေ့ကြုံရသူ၏ စကားသံ

“လိုင်းပေါ်မှာ လူခေါ်တဲ့ဟာတွေ တွေ့တယ်။ ကျွန်မတို့သွားပြီးတော့ ဆက်သွယ်ကြည့်တော့ ဒီအလုပ်က အလွန်ကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရဘူး။ Customer Service ပေးရုံပဲဆိုပြီး ခေါ်ခဲ့တာ။ ဟိုမှာ တစ်လကို သိန်း ၄၀ လောက် ရတယ်ဆိုပြီးတော့ သွားခဲ့တာပေါ့။ စရောက်တော့ တစ်ရက်လောက်ပေးနားတယ်။ ရောက်တဲ့အချိန်မှာ Facebook အတိုင်းပဲ IG အကောင့်တွေ ဖွင့်ရတယ်။ ပြီးရင် အဲဒီကနေမှ ရည်ညွှန်းတဲ့ နိုင်ငံကို အင်ဒိုနီးရှားဆို အင်ဒိုနီးရှား၊ US ဆို US ပေါ့။ ကျွန်မတို့က အင်ဒိုနီးရှားကို လူရှာပြီးတော့မှ Whatsapp ရဖို့အတွက် ကျွန်မတို့က တောင်းပေးရတာ။ ပြဿနာတွေမဖြစ်ခင်မှာ ကျွန်မတို့က သံရုံးကို တိုင်မယ်ပေါ့။ သံရုံးကို တိုင်ပြီးတော့မှ သံရုံးက လာခေါ်ပေးတာကို စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။ အဲဒီကနေမှ ကမ္ဘောဒီးယားအစိုးရက လိုက်လံဖမ်းဆီးတဲ့အခါမှာ ဖြစ်ချင်တာဖြစ်တော့ သေရင်လည်းသေပါစေ၊ ရှင်ရင်လည်း ငါတို့မြန်မာပြည်တော့ရောက်အောင်ပြန်မယ်။ ဘယ်လိုနည်းနဲ့မဆို ဆိုပြီးတော့ အဲဒီကနေထွက်ပြေးပြီး နီးစပ်ရာ ကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားငှားပြီး သံရုံးကို ရောက်အောင်သွားခဲ့တာ။ စရောက်တော့ သံအမတ်ကြီးရော၊ သံရုံးက အစ်မတွေရော အလွန်သဘောကောင်းတယ်။ အကုန်လုံးလည်း အစစအရာရာကူညီပေးတယ်။ စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့ အပြင်မှာတောင်မနေခိုင်းဘဲ သံရုံးထဲမှာပဲနေဖို့၊ ထိုင်ဖို့တွေ အစစအရာရာ ကျန်းမာရေးကအစ အကုန်လုံးဂရုစိုက်ပေးတယ်။ နေမကောင်းဘူးဆိုရင်လည်း ဆေးခန်းပြပေးတယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံးစီစဉ်ပေးပြီးတော့မှ အားလုံးနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးတယ်။ အစကနေ အဆုံးထိပေါ့။”

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် မြန်မာနိုင်ငံသားလူငယ်များ၏ ပြောပြချက်အရ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းရှော့ပင်း ဈေးရောင်းလုပ်ကိုင်ရမည်၊ လုပ်ခလစာ အမေရိကန်ဒေါ်လာ ၆၀၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံ ပို့ဆောင်ပေးမည်၊ နိုင်ငံကူးလက်မှတ်စာအုပ်မရှိလည်းရသည်၊ သွားရောက်မည်ဆိုပါက ကိုယ်ပိုင်အကောင့်သို့ လာရောက်ဆက်သွယ်ပါဟု ကြော်ငြာထားသည်ကိုတွေ့ရှိ၍ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူ၏ Telegram အကောင့်မှ ချိတ်ဆက်စီစဉ်ဆောင်ရွက် ပေးမှုဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်အား ပြုလုပ်ပြီး ၂၀-၁၂-၂၀၂၅ ရက်နေ့တွင် တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့လည်းကောင်း၊ မယ်ဆိုင်မြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့လည်းကောင်း ကားဖြင့်သွားရောက်၍ ၎င်းမြို့မှ ကားဖြင့် ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါ့ (KAM POT)မြို့ အပြင်ဘက်ရှိ BoKor တောင်ပေါ်ရှိ KAMPOT-2 အမည်ရှိ ကုမ္ပဏီသို့ရောက်ရှိခဲ့ကြောင်း၊ လေးထပ်တိုက် အခန်း (၂၀)ရှိ အဆောက်အအုံတွင် နေထိုင်ခဲ့ရပြီး ကွန်ပျူတာနှင့် ဖုန်းများကိုအသုံးပြုကာ Telegram မှ အကောင့် ၁၀၀၀ ခန့်ချပေးပြီး အသက် ၃၅ နှစ်အထက်ရှိ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အမျိုးသမီးဓာတ်ပုံများအား Profile တင်ကာ နိုင်ငံခြားသားအကောင့်များကို ရှာပေးရကြောင်း၊ နိုင်ငံခြားသားများမှ အကောင့်လာအပ်ပါက အဖွဲ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားသားထံ လွှဲပြောင်းပေးရပြီး အဖွဲ့ခေါင်းဆောင်က ငွေကြေးလိမ်လည်မှုကို ဆက်လက် ပြုလုပ်ကြောင်း သိရှိရပါသည်။

 Online Scams တွင် လုပ်ကိုင်ခဲ့ရသူများအပေါ် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးမှု

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပါသည်။ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး မှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားလူငယ်များကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့အချိန်အထိ မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားလူငယ်များအား သက်ဆိုင်ရာတာဝန်ရှိသူ များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းစာရင်းကောက်ယူခြင်းစသည့် စိစစ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

Online Scams နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ မူဝါဒ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအား အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio A ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် “အွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်းကစားမှုများသည် လူသားများအပေါ် ကျူးလွန်သော ကြီးလေးသည့်ရာဇဝတ်မှုများဖြစ်သည်ဟု မြန်မာနိုင်ငံ အစိုးရကသတ်မှတ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ မူဝါဒသည် Zero Tolerance Policy ဖြစ်ကြောင်း၊ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ ခွင့်လွှတ်မှုမရှိ၊ ရေဆုံးရေဖျားလိုက်လံချေမှုန်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရက ကျင့်သုံးမည့်နည်းလမ်း (Method)သည် Aggressive Crack Downs Method ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒဖြစ်ပါကြောင်း” ပြတ်ပြတ်သားသား ကြေညာထားပြီးဖြစ်ပါသည်။

ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ၁၀-၁၂-၂၀၂၅ ရက်တွင် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ဖွဲ့စည်းပြီးဖြစ်ပါသည်။ ၁၂-၁၂-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီတို့ကိုလည်း ဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွဲ့စည်းပြီးဖြစ်ပါသည်။

နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားအလှမ်းမမီသည့် လက်နက်ကိုင်သောင်းကျန်းသူအချို့၏ နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက စိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိုပြဿနာကို ရိုးရိုးသာမန်ရာဇဝတ်မှုများလို သဘောမထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းခဲ့ပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲခြင်း၊ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားများပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်း ပြည်ပ အဓိကတရားခံများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောက်ရွက်လျက်ရှိပါသည်။

ကြိုတင်ကာကွယ်ခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ

လူကုန်ကူးမှုသည် နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံပြောင်းလာတတ်သဖြင့် တစ်ဦးတစ်ယောက်ချင်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်းကြိုတင်ကာကွယ်ရမည့်အပြင် Online Scams တွင် လုပ်ကိုင်ရခြင်းနှင့် နောက်ဆက်တွဲ လူကုန်ကူးမခံရစေရေးအတွက် လူကုန်ကူးမှုဆီသို့ ဦးတည်ဖြစ်ပေါ်စေနိုင်သည့် ပြည်ပသို့တရားမဝင်ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေးအတွက် တရားမဝင်ပို့ဆောင်သူများကို စုံစမ်း ဖော်ထုတ် အရေးယူလျက်ရှိပါသည်။

လူကုန်ကူးသူလူပွဲစားများကိုလည်း စုံစမ်းဖော်ထုတ်၍ ထိရောက်ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့်လည်း အောက်ပါလုပ်ငန်းတာဝန်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-

(က) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့် စပ်လျဉ်း၍ ဤဥပဒေပါ ရည်ရွယ်ချက်များကို ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊

(ခ) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာ တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့အား လမ်းညွှန်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊

(ဂ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးအတွက်လည်းကောင်း၊ လိုအပ်သည့်  အခြေခံအချက်အလက်များရရှိနိုင်ရေးအတွက်လည်းကောင်း ကျွမ်းကျင်သူများပါဝင်သည့် သုတေသနလုပ်ငန်းအဖွဲ့များ၊ လေ့လာစိစစ်ရေးနှင့် အကဲဖြတ်အဖွဲ့များ၊ အခြားလိုအပ်သော အဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

(ဃ) လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတိပြုလာစေရေးအတွက် အသိပညာပေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း၊

(င) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တားဆီးနှိမ်နင်းရေးအရာရှိများအား ခေတ်မီနည်းပညာများဖြင့် လေ့ကျင့်သင်ကြားရေး၊ အခြားနိုင်ငံများမှ ကျွမ်းကျင်သူများနှင့် နည်းပညာဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လမ်းညွှန်ခြင်း၊

(စ) လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေးစီမံချက်များ၊ အစီအစဉ်များချမှတ်ရာတွင် သက်ဆိုင်ရာအစိုးရဌာန/ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဆ) နိုင်ငံဖြတ်ကျော်၍ တရားမဝင်ရွှေ့ပြောင်းသွားလာမှုနှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး/ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအာဏာပိုင်များ အချင်းချင်းသတင်းဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

( ဇ) လူကုန်ကူးခံရသည့် အမျိုးသား/ အမျိုးသမီး၊ လိင်ဝိသေသထူးခြားသူများနှင့် ကလေးသူငယ်များ၏ ကာယိန္ဒြေစောင့်ထိန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ယင်းတို့၏ အကျိုးအတွက် အလေးဂရုပြုဆောင်ရွက်ခြင်း၊

( ဈ) ဤဥပဒေအရ ရန်ပုံငွေတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊

(ည)လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များတွင် တရားခံလွှဲပြောင်းရေးနှင့် နိုင်ငံအချင်းချင်း အကူအညီပေးရေးတို့ကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

( ဋ)ဤဥပဒေအရတရားမစွဲဆိုမီ သက်သေခံအဖြစ် သိမ်းဆည်းထားသော မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို လိုအပ်ပါက ချိပ်ပိတ်ထားရန်နှင့် ခံဝန်ဖြင့် ပြန်လည်ပေးအပ်ထားရန် ညွှန်ကြားခြင်း၊

( ဌ)ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်ရှိသော ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ်များကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမပြုရန် တားမြစ်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်းနှင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊

(ဍ)လူကုန်ကူးမှုနှင့်ဆက်စပ်ပြီး ပေါ်ပေါက်လာသော အခြား တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသည့်ပြစ်မှုများကိုလည်းကောင်း၊ လူကုန်ကူးခံရသူအား စိစစ်ပြီး ၎င်းအား အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် အရေးယူရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊

( ဎ) လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် အကူအညီပေးရေးလုပ်ငန်းများအတွက် အစီအမံများ ချမှတ်ပေးခြင်း၊

(ဏ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းများနှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures - SOP) ကို ထုတ်ပြန်သတ်မှတ်ခြင်း၊

(တ)လူကုန်ကူးမှုများ တားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေး လုပ်ငန်းများအတွက်လည်းကောင်း၊ လူကုန်ကူးခံရသူများအား ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်ပါက ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊

(ထ) လူကုန်ကူးမှုကျူးလွန်သူ တရားခံများကို တရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ လွှဲပြောင်းရေးအတွက်လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဒ) ဤဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူသောပြစ်မှုတွင် သတင်းပေးသူနှင့် စုံစမ်းစစ်ဆေးအရေးယူမှုတွင် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်သည့်ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုချီးမြှင့်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊

( ဓ) ဗဟိုအဖွဲ့၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များနှင့်အညီ ကျင်းပခြင်း၊

(န) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း၊

(ပ)   ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ် သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

ဘေးကင်းစေရန် မည်သို့ ကာကွယ်ရမည်နည်း

ဤကဲ့သို့ လူကုန်ကူးမှုဆိုသည့် ငရဲကျင်းအတွင်းမကျရောက်စေရန် လူငယ်များနှင့် မိဘအုပ်ထိန်းသူများအထူးသတိပြုရန် လိုအပ်ပေသည်။ လွယ်ကူလွန်းသော အခွင့်အရေးကို သံသယရှိပါ။ အရည်အချင်းမလိုဘဲ လစာအဆမတန်များနေသည့် အလုပ်မှန်သမျှသည် ထောင်ချောက်ဖြစ်ရန် ၉၉ ရာခိုင်နှုန်းသေချာပါသည်။ အွန်လိုင်းပေါ်မှအလုပ်ခေါ်စာများ SocialMedia (Facebook, Telegram, Tiktok) များမှတစ်ဆင့် ချိတ်ဆက်လာသော အလုပ်များကို ပိုမိုသတိထားပါ၊ ပြည်ပသို့ ထွက်ခွာမည်ဆိုပါက တရားဝင်လမ်းကြောင်းကိုသာ အသုံးပြုပါ။ ပြည်ပသို့ အလုပ်သွားလုပ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရထားသော အေဂျင်စီများမှတစ်ဆင့်သာ သွားရောက်ပါ။ ခရီးစဉ်အသေးစိတ်ကို စုံစမ်းပါ၊ မည်သည့်မြို့၊ မည်သည့်ကုမ္ပဏီတွင် လုပ်ရမည်ကို ကြိုတင်စုံစမ်းပြီး မိသားစုထံ လိပ်စာနှင့် ဖုန်းနံပါတ်များအား ပေးထားပါ၊ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်မည့် သက်ဆိုင်ရာတပ်ဖွဲ့၊ ဌာနများ၏ Help Line/ Hot Line ဖုန်းနံပါတ်များကို မှတ်သားသွားပါ၊ နိုင်ငံကူးလက်မှတ် (Passport)၊ နိုင်ငံသားစိစစ်ရေး ကတ်နှင့် အရေးကြီးသော ကိုယ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာထားပါ၊ မည်သည့်အလုပ်ရှင်ဖြစ်စေ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိပါ။

အချုပ်ဆိုရသော် “အွန်လိုင်းလိမ်လည်မှု” ဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝကိုသာမက မိသားစုပေါင်းများစွာကိုပါ ပူလောင်စေသည့် ငရဲကျင်းတစ်ခုဖြစ်ပါသည်။ ရည်ရွယ်ချက်ကို ဖုံးကွယ်၍ သွေးဆောင်ခေါ်ယူနေသော အလုပ်ခေါ်စာများကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်အိပ်မက်များနောက်သို့ မစဉ်းစားမဆင်ခြင် လိုက်ပါသွားခြင်းသည် မိမိကိုယ်မိမိသေတွင်းထဲသို့ ခုန်ဆင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။

ထို့ကြောင့် မိမိ၏ ဘဝအနာဂတ်ကို တန်ဖိုးထားသော လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သတိ၊ ဝီရိယဖြင့် ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်ကြပါရန်နှင့် မသေချာသော ရွှေရောင်အိပ်မက်များနောက်သို့ မျက်စိမှိတ်မလိုက်ပါရန် အရေးကြီးပါသည်။ “အွန်လိုင်းလိမ်လည်မှု” လုပ်ငန်းများနှင့် ဆက်နွှယ် ဖြစ်ပေါ်လာသော လူကုန်ကူးခံရမှုသည် လူသားတို့၏ ဘဝနှင့်ဂုဏ်သိက္ခာကို ဖျက်ဆီးနေသည့် လုပ်ငန်းများဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့် မှန်ကန်သောလမ်းကို အသိ/ သတိဖြင့် ရွေးချယ်လျှောက်လှမ်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

MDN

အမည်မသိ

လက်ဆင့်ကမ်းအမွေ
-
စာရေးသူမှာ တပ်မတော်သား မိသားစုဝင်တစ်ဦး မဟုတ်သော်လည်း တပ်မတော်နှင့်မစိမ်းလှပေ။ နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် နေရာဒေသအနှံ့သို့ ရောက်ရှိတာဝန်ထမ်းဆောင်စဉ် ဒေသခံတပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများနှင့် အကြောင်းအားလျော်စွာ ထိတွေ့ဆက်ဆံခဲ့ရသည်။ လုပ်ငန်းတာဝန်များ အတူတကွ ထမ်းဆောင်ခဲ့ရဖူးသည်။နေရာဒေသအလိုက် တပ်ဖွဲ့အမျိုးအစားများ မတူညီကြသော်လည်း သူတို့အားလုံးတွင် တူညီသော အရာတစ်ခုရှိနေသည်ကို သတိထားမိပါ၏။ ထိုအရာမှာ အထက်အောက်ရိုသေလေးစားမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကို ကျောရိုးမဏ္ဍိုင်ပြုထားသည်ဆိုသော အချက်ပင်။ ပမာပြုရသော် ပန်းတို့မည်သည် အမျိုးမျိုးအစားစားကွဲပြားကြသော်ငြား လှပသောအဆင်အသွေးနှင့် မွှေးပျံ့သောရနံ့တို့ ကိုယ်စီရှိကြသည့်နှယ်ဖြစ်ပါသည်။ တပ်မတော်သားတို့မည်သည်လည်း ထမ်းဆောင်ရသည့် တာဝန်နှင့် ရာထူးအဆင့်အလိုက် ကွဲပြားနိုင်သော်ငြား နိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးကိုရှေးရှု၍ ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲဦးထိပ် ထားလေ့ရှိသည်မှာ တစ်သားတည်း တစ်ထပ်တည်းပင်ဖြစ်ကြပါ၏။တပ်မတော်၏ ဒီအင်န်အေဟု ဆိုအပ်သည့် ထိုကျောရိုးမဏ္ဍိုင် အမှတ်လက္ခဏာများနှင့် ယုံကြည်ချက်၊ ခံယူချက်များ ယနေ့တိုင် တပ်မတော်သားအားလုံး၏ ရင်ထဲ၊ နှလုံးသားထဲတွင် ရှင်သန်ခိုင်မြဲနေရခြင်းမှာ မွန်မြတ်သည့် အစဉ်အလာကောင်းများအဖြစ် မျိုးဆက်ပေါင်းများစွာက ခေတ်သမိုင်းအဆက်ဆက် လက်ဆင့်ကမ်းအမွေအဖြစ် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းကြောင့်ဖြစ်မည်ဟု စာရေးသူ ယူဆမိပါ၏။ စာရေးသူကြည့်လိုက်ရသော ရုပ်သံသတင်းတစ်ပုဒ်ကလည်း ထိုအယူအဆကို ပို၍ခိုင်မာစေခဲ့ပါသည်။မှန်ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က ကြည့်ရှုလိုက်ရသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားပင်ဖြစ်ပါ၏။စာရေးသူလုပ်ငန်းခွင်မှ သက်ပြည့်ပင်စင်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှ ကြာမြင့်ခဲ့ပါပြီ။ လျင်မြန်စွာစီးဆင်းနေသော သတင်းခေတ်ကြီးထဲတွင် မျက်မှောက်ခေတ် ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးများနှင့်မျက်ခြည်မပြတ်စေခြင်းငှာ သတင်းများကို နေ့စဉ်စားသုံးနေရပါသည်။ သတင်းများ စီးဆင်းပုံကလည်း အမျိုးမျိုးဖြစ်သည်။ လူမှုကွန်ရက်မီဒီယာများတွင် သတင်းများက အဆီးအတားမရှိ အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေကြသည်။ သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေတတ်သည်။ အဆိပ်အတောက်၊ အညစ်အကြေးများ ပြည့်နှက်ဖုံးလွှမ်းနေတတ်သည်။ သတင်းများ၏ မှန်ကန်စိတ်ချရမှုတန်ဖိုးက အထိန်းအကွပ်မဲ့စွာ ပရမ်းပတာဖြစ်နေတတ်သည်။ တစ်ဖက်တွင် တရားဝင်ထုတ်ဝေနေသည့် ပုံနှိပ်မီဒီယာများရှိသည်။ တရားဝင်ထုတ်လွှင့်နေသည့် ရုပ်သံမီဒီယာများရှိသည်။ သတင်းစီးဆင်းမှု အနည်းငယ်ကြန့်ကြာသည်ဟု ထင်ရသော်လည်း ၎င်းတို့၏ အားသာချက်မှာ ရာနှုန်းပြည့် မှန်ကန်စိတ်ချရမှုရှိခြင်းပင်ဖြစ်သည်။ အဆင့်ဆင့်သော နေရာဌာနတိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် သတင်းစစ်၊ သတင်းမှန်များကို ပြည်သူလူထုလက်ဝယ်သို့ မွန်မြတ်သော ရည်ရွယ်ချက်ကောင်းများဖြင့် ပို့ဆောင်ပေးနေကြခြင်းဖြစ်သည်။စာရေးသူတို့အိမ်တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာ သုံးစောင်လုံးယူထားသည်။ ဈေးနှုန်းများကလည်း သင့်တင့်မျှတသည်။ သတင်းစာသုံးစောင်လုံးအတွက် တစ်လတာကျသင့်ငွေမှာ လက်ဖက်ရည်ဝိုင်းတစ်ဝိုင်းစာမျှသာရှိသည်။ ညရှစ်နာရီဆိုလျှင် စာရေးသူတို့မိသားစု အားလုံးဧည့်ခန်းသို့ စုရုံးရောက်ရှိနေတတ်သည်မှာ အစဉ်အလာတစ်ခုလိုပင်ဖြစ်နေသည်။ မြဝတီနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှထုတ်လွှင့်မည့် နေ့စဉ်သတင်းများကို ကြည့်ရှုနိုင်ရန်ဖြစ်သည်။ ကျေနပ်စရာအကောင်းဆုံးမှာ စာရေးသူအဖို့ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ခိုင်ခိုင်လုံလုံ၊ တိတိကျကျနှင့် မှန်မှန်ကန်ကန် သုံးသပ်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ရရှိစေခြင်းပင်ဖြစ်သည်။ စာရေးသူညွှန်းဆိုလိုသည့် အခမ်းအနားမြင်ကွင်းမှာ ခမ်းနားလေးနက်လှသည်နှင့်အမျှ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်လျှမ်း၍နေပါသည်။ လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးတို့ အလေးပြုခံစင်မြင့်ထက်တွင် အတူယှဉ်တွဲလျက် ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူကြပုံ၊ ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးနေပုံတို့မှာ တပ်မတော်၏ စည်းစနစ်ကျနမှု၊ စည်းကမ်းသေဝပ်မှုနှင့် လေးနက်သော အဓိပ္ပာယ်တို့ ထင်ဟပ်ပေါ်လွင်နေပါသည်။ ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူနေစဉ် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ထပ်မံဂုဏ်ပြုပစ်ဖောက်လိုက်ပုံမှာ ကြက်သီးမွေးညင်းထဖွယ်ဖြစ်ပါသည်။လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓားနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးပုံ၊ တစ်ဖန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးက တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓားကို ဂါရဝပြု ပြန်လည်ပေးအပ်နေပုံ မြင်ကွင်းတို့မှာ အထက်အောက်ရိုသေ လေးစားမှုသဘော၊ စည်းလုံးညီညွတ်မှုသဘောနှင့် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှု တရားဆိုသည့် ရဲဘော် စိတ်ကိုပေါ်လွင်စွာ ထင်ဟပ်ဖော်ကျူးနေသည်ဟု စာရေးသူခံစားရပါ၏။အခမ်းအနားတွင် တပ်မတော်အကြီးအကဲနှစ်ဦး၏ မိန့်မှာချက်များမှာလည်း တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံတော်အတွက်ပါ အလေးအနက်ထား လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များပင်ဖြစ်ပါသည်။ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ ဂုဏ်ပြုမိန့်ခွန်းတွင် “မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏တာဝန်များကို စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်၊ မြန်မာတည်သရွေ့ မြန်မာ့တပ်မတော်တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူ လူထုကအားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်း”အပြန်အလှန်အမှီသဟဲပြုလျက်ရှိသည့် နိုင်ငံတော်နှင့်တပ်မတော် ဖြစ်တည်မှုနှစ်ရပ်၏ အခန်းကဏ္ဍကို ထည့်သွင်းပြောကြားခဲ့ပါသည်။ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန် အတွေ့အကြုံရင့်ကျက်သော နောင်တော်ကြီးတစ်ဦး၏ မေတ္တာနှင့်ယှဉ်သော ဆုံးမလမ်းညွှန်မှုအဖြစ် ခံစားရစေပါသည်။ထို့အတူ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူရဲဝင်းဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်”တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကိုထမ်းဆောင် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း”ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် နောင်တော်ခေါင်းဆောင် အဆက်ဆက်တို့၏ ဆုံးမသွန်သင်မှုများ၊ လမ်းညွှန်မှာကြားမှုများအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မည့် တက်ကြွထက်သန်သော စိတ်နေစိတ်ထားကို အတိုင်းသားတွေ့မြင်ရပါသည်။တပ်မတော်အကြီးအကဲနှစ်ဦးတို့၏ ထိုမြင်ကွင်းပုံရိပ်များမှာ ကြည်နူးခြင်း၊ ဝမ်းသာခြင်း၊ ဂုဏ်ယူခြင်းတို့နှင့်အတူ ကြည့်ရှုနေသူစာရေးသူတို့ကိုပင် ကူးစက်ခံစားရစေပါသည်။ တပ်မတော်အကြီးအကဲ နှစ်ဦးသည် တက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြပုံမှာ နွေးထွေးရင်းချာလှသည့် မိသားစုများသဖွယ် စည်းလုံးညီညွတ်သည့်မြင်ကွင်းသရုပ်နှင့် ချစ်ခင်လေးစားသည့် ပြယုဂ်ကို တစ်ပြိုင်တည်းတွေ့လိုက်ရခြင်းပင်ဖြစ်ပါသည်။ တီဗွီဖန်သားပြင်မှ သတင်းပုံရိပ်များပေါ်တွင် သက်ဝင်စီးမျောနေသော စာရေးသူတို့ မိသားစုမှာ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လက်ဆင့်ကမ်းလွှဲပြောင်း ပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာသည်အထိ ကြည့်ရှုနေကြရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုလိုက်သည့် သီချင်းသံကိုကြားလိုက်ရမှပင် သတိပြန်ဝင်လာပါတော့သည်။အလားတူပင် လက်ရှိမြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်းနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းတို့၏ တာဝန်လွှဲပြောင်းမှု အခမ်းအနားကိုလည်း တပ်မတော်၏ ကောင်းမြတ်သောအစဉ်အလာများကို လက်ဆင့်ကမ်း ထမ်းဆောင်ကြသည်နှင့်အညီ အနှစ်သာရပြည့်ဝစွာ ကြည့်ရှုတွေ့မြင်ခဲ့ရပါသည်။ထိုမြင်ကွင်းများကိုကြည့်ရှုပြီးနောက် တပ်မတော်၏ အစဉ်အလာကောင်းများနှင့် လက်ဆင့်ကမ်း အမွေဆိုသည့် အဓိပ္ပာယ်ကို စာရေးသူပိုမိုနားလည်လာမိပါသည်။ မြန်မာနိုင်ငံသမိုင်းကြောင်း တစ်လျှောက်မှ ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ဦးဆောင်နိုင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ခြင်း ဆိုသည်မှာ ခေတ်အဆက်ဆက်လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစ၍ လွတ်လပ်ရေးရပြီးနောက် မျက်မှောက်ကာလအထိ အဆင့်ဆင့်သော တပ်မတော် ခေါင်းဆောင်ကြီးများ၊ မိဘ၊ ဆရာသမားများ၏ သွန်သင်ဆုံးမမှုများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အဆင့်ဆင့်လက်ဆင့်ကမ်း သွန်သင်ဆုံးမမှုများကြောင့် ခိုင်မာစွာရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။ ပြည်တွင်းရန်၊ ပြည်ပရန်တို့ကို တွန်းလှန်တိုက်ဖျက်နိုင်ခြင်းဖြစ်ပါသည်။ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းဖြစ်ပါသည်။ဝန်ထမ်းငယ်ဘဝမှသည် ယနေ့အငြိမ်းစားယူပြီးသည်အထိ စာရေးသူမျက်ခြည်မပြတ်သတိပြုမိသည်မှာ တပ်မတော်သားများအနေဖြင့် တိုင်းရင်းသားပြည်သူများက မွေးဖွားလာသော မျိုးချစ်တပ်မတော်သားများအဖြစ် ခံယူကြပြီး အဆင့်ဆင့်သော ခေါင်းဆောင်များနှင့် ချမှတ်ထားသော လမ်းညွှန်ချက်များကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်လျက်ရှိနေကြသည် ဆိုသောအချက်ပင်ဖြစ်ပါသည်။ အစဉ်အလာကောင်းများနှင့်အညီ တပ်မတော်ကြီးထာဝစဉ်နုပျိုနေစေရန် အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ အင်အားပြည့်ဝသည့် တပ်မတော်၊ စွမ်းရည်ထက်မြက်သည့်တပ်မတော် အဖြစ် ဆက်လက်တည်ဆောက်လျက် ရှိနေကြသည်ဆိုသော အချက်ပင်ဖြစ်ပါသည်။စာရေးသူတို့နိုင်ငံ၌ မကြာမြင့်သော ကာလမှာပင် ပြည်သူများလိုလားသည့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာတော့မည်ဖြစ်ပါသည်။ ၎င်းအစိုးရသစ်သည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်စေရန်၊ တရားဥပဒေစိုးမိုးစေရန်၊ ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေစေရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ကြတော့မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အထူးလိုအပ်သည့်အတွက် တပ်မတော်၏ အခန်းကဏ္ဍမှာလည်း အလွန်မှပင်အရေးကြီးပြီး အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် အစဉ်အလာမပျက် တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင် သွားရမည်ဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်၏အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်အောင် သမိုင်းကြောင်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းအမွေအဖြစ် ဤသို့ ခမ်းနားလေးနက်စွာ လွှဲပြောင်းဆက်ဆံနေသည့်မြင်ကွင်းမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှပါသည်။ တပ်မတော်အကြီးအကဲနှစ်ဦး၏ နိုင်ငံတော်နှင့် တပ်မတော်အတွက် မိန့်မှာချက်များမှာလည်း အထူးပင်မှတ်သား လိုက်နာဖွယ်ဖြစ်ပါသည်။ထို့အတူပင် နိုင်ငံတော်သီချင်း၌ “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ”ဟူ၍ပါရှိပါသည်။ စာရေးသူတို့၏ ဘိုးဘွားမိဘများ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့သော အမွေဖြစ်ပါသည်။ ထိုအမွေမှာ “မြန်မာပြည်”ပင်ဖြစ်ပါသည်။ စာရေးသူတို့လက်ရှိနေထိုင်နေသော အမိမြန်မာပြည်ကြီးသည် ဘိုးဘွားအစဉ်အဆက်တို့ အသက်၊ သွေး၊ ချွေးများစွာစတေးပြီး ရယူပေးခဲ့သောနိုင်ငံတော်ဖြစ်ပါသည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် မိမိတို့၏ အသက်ကိုမငဲ့ကွက်ဘဲ ကာကွယ်စောင့်ရှောက်၍ လက်ဆင့်ကမ်းပေးခဲ့သောထိုအမွေကို တန်ဖိုးထား ထိန်းသိမ်းကာကွယ် ကြရမည်ဖြစ်ပါသည်။အနှစ်ချုပ်ဆိုရပါသော် တပ်မတော်သားများ အပါအဝင် မိမိတို့ နိုင်ငံသူနိုင်ငံသား အားလုံးတို့ကလည်း နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိချမှတ်ထားခဲ့သည့် မွန်မြတ်သည့်လက်ဆင့်ကမ်း အမွေများကိုထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရမည်ဖြစ်ပါကြောင်း ညွှတ်နူးသော စိတ်နှလုံးဖြင့် ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။MWD

     စာရေးသူမှာ တပ်မတော်သား မိသားစုဝင်တစ်ဦး မဟုတ်သော်လည်း  တပ်မတော်နှင့်မစိမ်းလှပေ။ နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ်   နေရာဒေသအနှံ့သို့ ရောက်ရှိတာဝန်ထမ်းဆောင်စဉ်  ဒေသခံတပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများနှင့် အကြောင်းအားလျော်စွာ ထိတွေ့ဆက်ဆံခဲ့ရသည်။ လုပ်ငန်းတာဝန်များ အတူတကွ ထမ်းဆောင်ခဲ့ရဖူးသည်။

နေရာဒေသအလိုက် တပ်ဖွဲ့အမျိုးအစားများ မတူညီကြသော်လည်း   သူတို့အားလုံးတွင်  တူညီသော အရာတစ်ခုရှိနေသည်ကို သတိထားမိပါ၏။ ထိုအရာမှာ အထက်အောက်ရိုသေလေးစားမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကို ကျောရိုးမဏ္ဍိုင်ပြုထားသည်ဆိုသော  အချက်ပင်။ ပမာပြုရသော် ပန်းတို့မည်သည် အမျိုးမျိုးအစားစားကွဲပြားကြသော်ငြား လှပသောအဆင်အသွေးနှင့် မွှေးပျံ့သောရနံ့တို့ ကိုယ်စီရှိကြသည့်နှယ်ဖြစ်ပါသည်။ တပ်မတော်သားတို့မည်သည်လည်း ထမ်းဆောင်ရသည့် တာဝန်နှင့် ရာထူးအဆင့်အလိုက် ကွဲပြားနိုင်သော်ငြား နိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးကိုရှေးရှု၍ ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲဦးထိပ် ထားလေ့ရှိသည်မှာ တစ်သားတည်း တစ်ထပ်တည်းပင်ဖြစ်ကြပါ၏။

တပ်မတော်၏   ဒီအင်န်အေဟု ဆိုအပ်သည့် ထိုကျောရိုးမဏ္ဍိုင် အမှတ်လက္ခဏာများနှင့် ယုံကြည်ချက်၊ ခံယူချက်များ ယနေ့တိုင် တပ်မတော်သားအားလုံး၏ ရင်ထဲ၊ နှလုံးသားထဲတွင် ရှင်သန်ခိုင်မြဲနေရခြင်းမှာ မွန်မြတ်သည့် အစဉ်အလာကောင်းများအဖြစ် မျိုးဆက်ပေါင်းများစွာက ခေတ်သမိုင်းအဆက်ဆက် လက်ဆင့်ကမ်းအမွေအဖြစ် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းကြောင့်ဖြစ်မည်ဟု စာရေးသူ ယူဆမိပါ၏။ စာရေးသူကြည့်လိုက်ရသော ရုပ်သံသတင်းတစ်ပုဒ်ကလည်း ထိုအယူအဆကို ပို၍ခိုင်မာစေခဲ့ပါသည်။

မှန်ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က    ကြည့်ရှုလိုက်ရသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း   ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားပင်ဖြစ်ပါ၏။

စာရေးသူလုပ်ငန်းခွင်မှ သက်ပြည့်ပင်စင်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှ ကြာမြင့်ခဲ့ပါပြီ။ လျင်မြန်စွာစီးဆင်းနေသော သတင်းခေတ်ကြီးထဲတွင် မျက်မှောက်ခေတ် ကမ္ဘာ့အရေး၊  နိုင်ငံ့အရေးများနှင့်မျက်ခြည်မပြတ်စေခြင်းငှာ သတင်းများကို နေ့စဉ်စားသုံးနေရပါသည်။ 

သတင်းများ  စီးဆင်းပုံကလည်း အမျိုးမျိုးဖြစ်သည်။ 

လူမှုကွန်ရက်မီဒီယာများတွင် သတင်းများက အဆီးအတားမရှိ အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေကြသည်။ သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေတတ်သည်။ အဆိပ်အတောက်၊ အညစ်အကြေးများ ပြည့်နှက်ဖုံးလွှမ်းနေတတ်သည်။  သတင်းများ၏ မှန်ကန်စိတ်ချရမှုတန်ဖိုးက အထိန်းအကွပ်မဲ့စွာ ပရမ်း

ပတာဖြစ်နေတတ်သည်။ တစ်ဖက်တွင် တရားဝင်ထုတ်ဝေနေသည့် ပုံနှိပ်မီဒီယာများရှိသည်။ တရားဝင်ထုတ်လွှင့်နေသည့်  ရုပ်သံမီဒီယာများရှိသည်။ သတင်းစီးဆင်းမှု  အနည်းငယ်ကြန့်ကြာသည်ဟု ထင်ရသော်လည်း  ၎င်းတို့၏ အားသာချက်မှာ ရာနှုန်းပြည့် မှန်ကန်စိတ်ချရမှုရှိခြင်းပင်ဖြစ်သည်။ အဆင့်ဆင့်သော နေရာဌာနတိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် သတင်းစစ်၊ သတင်းမှန်များကို ပြည်သူလူထုလက်ဝယ်သို့ မွန်မြတ်သော ရည်ရွယ်ချက်ကောင်းများဖြင့် ပို့ဆောင်ပေးနေကြခြင်းဖြစ်သည်။

စာရေးသူတို့အိမ်တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာ သုံးစောင်လုံးယူထားသည်။ ဈေးနှုန်းများကလည်း သင့်တင့်မျှတသည်။ သတင်းစာသုံးစောင်လုံးအတွက်  တစ်လတာကျသင့်ငွေမှာ လက်ဖက်ရည်ဝိုင်းတစ်ဝိုင်းစာမျှသာရှိသည်။ ညရှစ်နာရီဆိုလျှင် စာရေးသူတို့မိသားစု အားလုံးဧည့်ခန်းသို့ စုရုံးရောက်ရှိနေတတ်သည်မှာ အစဉ်အလာတစ်ခုလိုပင်ဖြစ်နေသည်။ မြဝတီနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှထုတ်လွှင့်မည့် နေ့စဉ်သတင်းများကို ကြည့်ရှုနိုင်ရန်ဖြစ်သည်။ ကျေနပ်စရာအကောင်းဆုံးမှာ စာရေးသူအဖို့ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို  ခိုင်ခိုင်လုံလုံ၊  တိတိကျကျနှင့် မှန်မှန်ကန်ကန် သုံးသပ်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ရရှိစေခြင်းပင်ဖြစ်သည်။ 

စာရေးသူညွှန်းဆိုလိုသည့် အခမ်းအနားမြင်ကွင်းမှာ ခမ်းနားလေးနက်လှသည်နှင့်အမျှ  ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်လျှမ်း၍နေပါသည်။ လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးတို့ အလေးပြုခံစင်မြင့်ထက်တွင် အတူယှဉ်တွဲလျက် ဂုဏ်ပြုတပ်ခွဲ၏  အလေးပြုခြင်းကိုခံယူကြပုံ၊   ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးနေပုံတို့မှာ တပ်မတော်၏ စည်းစနစ်ကျနမှု၊ စည်းကမ်းသေဝပ်မှုနှင့် လေးနက်သော အဓိပ္ပာယ်တို့ ထင်ဟပ်ပေါ်လွင်နေပါသည်။   ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူနေစဉ် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ထပ်မံဂုဏ်ပြုပစ်ဖောက်လိုက်ပုံမှာ ကြက်သီးမွေးညင်းထဖွယ်ဖြစ်ပါသည်။

လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးထံသို့   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓားနှင့်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးပုံ၊ တစ်ဖန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   တာဝန်လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးက တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့်     ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓားကို ဂါရဝပြု ပြန်လည်ပေးအပ်နေပုံ မြင်ကွင်းတို့မှာ အထက်အောက်ရိုသေ လေးစားမှုသဘော၊  စည်းလုံးညီညွတ်မှုသဘောနှင့် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော  မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှု တရားဆိုသည့် ရဲဘော် စိတ်ကိုပေါ်လွင်စွာ ထင်ဟပ်ဖော်ကျူးနေသည်ဟု စာရေးသူခံစားရပါ၏။

အခမ်းအနားတွင် တပ်မတော်အကြီးအကဲနှစ်ဦး၏ မိန့်မှာချက်များမှာလည်း တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံတော်အတွက်ပါ အလေးအနက်ထား လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များပင်ဖြစ်ပါသည်။ 

လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့်     ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏  ဂုဏ်ပြုမိန့်ခွန်းတွင်    မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင်   တပ်မတော်၏တာဝန်များကို စုစည်းညီညွတ်စွာဖြင့်   ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်၊ မြန်မာတည်သရွေ့ မြန်မာ့တပ်မတော်တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူ လူထုကအားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်းအပြန်အလှန်အမှီသဟဲပြုလျက်ရှိသည့် နိုင်ငံတော်နှင့်တပ်မတော် ဖြစ်တည်မှုနှစ်ရပ်၏ အခန်းကဏ္ဍကို ထည့်သွင်းပြောကြားခဲ့ပါသည်။  စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို  သယ်ပိုးဆောင်ရွက်ကြရန်   အတွေ့အကြုံရင့်ကျက်သော နောင်တော်ကြီးတစ်ဦး၏ မေတ္တာနှင့်ယှဉ်သော ဆုံးမလမ်းညွှန်မှုအဖြစ် ခံစားရစေပါသည်။

ထို့အတူ  မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူရဲဝင်းဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ အခြေခံဥပဒေကို   ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊  စစ်မှန်၍ စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်တာဝန်ပေးထားသည့်အတွက်  ယခုတာဝန်များကို သစ္စာရှိရှိကျေပွန်စွာဖြင့်  ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့်  ဒီမိုကရေစီလမ်းကြောင်းကို  ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကိုထမ်းဆောင် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင်  အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်နှင့်  နိုင်ငံသားတို့အတွက် နောင်တော်ခေါင်းဆောင် အဆက်ဆက်တို့၏ ဆုံးမသွန်သင်မှုများ၊ လမ်းညွှန်မှာကြားမှုများအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မည့်  တက်ကြွထက်သန်သော စိတ်နေစိတ်ထားကို အတိုင်းသားတွေ့မြင်ရပါသည်။

တပ်မတော်အကြီးအကဲနှစ်ဦးတို့၏ ထိုမြင်ကွင်းပုံရိပ်များမှာ ကြည်နူးခြင်း၊ ဝမ်းသာခြင်း၊  ဂုဏ်ယူခြင်းတို့နှင့်အတူ ကြည့်ရှုနေသူစာရေးသူတို့ကိုပင် ကူးစက်ခံစားရစေပါသည်။ တပ်မတော်အကြီးအကဲ နှစ်ဦးသည် တက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများကို  ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြပုံမှာ နွေးထွေးရင်းချာလှသည့် မိသားစုများသဖွယ် စည်းလုံးညီညွတ်သည့်မြင်ကွင်းသရုပ်နှင့် ချစ်ခင်လေးစားသည့် ပြယုဂ်ကို တစ်ပြိုင်တည်းတွေ့လိုက်ရခြင်းပင်ဖြစ်ပါသည်။ 

တီဗွီဖန်သားပြင်မှ သတင်းပုံရိပ်များပေါ်တွင်   သက်ဝင်စီးမျောနေသော စာရေးသူတို့ မိသားစုမှာ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လက်ဆင့်ကမ်းလွှဲပြောင်း ပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာသည်အထိ ကြည့်ရှုနေကြရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုလိုက်သည့် သီချင်းသံကိုကြားလိုက်ရမှပင် သတိပြန်ဝင်လာပါတော့သည်။

အလားတူပင်   လက်ရှိမြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့်  ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်းနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်  လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းတို့၏ တာဝန်လွှဲပြောင်းမှု အခမ်းအနားကိုလည်း တပ်မတော်၏ ကောင်းမြတ်သောအစဉ်အလာများကို လက်ဆင့်ကမ်း ထမ်းဆောင်ကြသည်နှင့်အညီ အနှစ်သာရပြည့်ဝစွာ ကြည့်ရှုတွေ့မြင်ခဲ့ရပါသည်။

ထိုမြင်ကွင်းများကိုကြည့်ရှုပြီးနောက် တပ်မတော်၏ အစဉ်အလာကောင်းများနှင့် လက်ဆင့်ကမ်း အမွေဆိုသည့် အဓိပ္ပာယ်ကို  စာရေးသူပိုမိုနားလည်လာမိပါသည်။     မြန်မာနိုင်ငံသမိုင်းကြောင်း တစ်လျှောက်မှ ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ဦးဆောင်နိုင်ခြင်း၊  နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို   ထမ်းဆောင်နိုင်ခြင်း ဆိုသည်မှာ ခေတ်အဆက်ဆက်လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစ၍ လွတ်လပ်ရေးရပြီးနောက် မျက်မှောက်ကာလအထိ အဆင့်ဆင့်သော တပ်မတော် ခေါင်းဆောင်ကြီးများ၊ မိဘ၊ ဆရာသမားများ၏ သွန်သင်ဆုံးမမှုများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အဆင့်ဆင့်လက်ဆင့်ကမ်း သွန်သင်ဆုံးမမှုများကြောင့် ခိုင်မာစွာရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။ ပြည်တွင်းရန်၊ ပြည်ပရန်တို့ကို  တွန်းလှန်တိုက်ဖျက်နိုင်ခြင်းဖြစ်ပါသည်။

ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းဖြစ်ပါသည်။

ဝန်ထမ်းငယ်ဘဝမှသည် ယနေ့အငြိမ်းစားယူပြီးသည်အထိ စာရေးသူမျက်ခြည်မပြတ်သတိပြုမိသည်မှာ တပ်မတော်သားများအနေဖြင့် တိုင်းရင်းသားပြည်သူများက မွေးဖွားလာသော မျိုးချစ်တပ်မတော်သားများအဖြစ် ခံယူကြပြီး အဆင့်ဆင့်သော ခေါင်းဆောင်များနှင့် ချမှတ်ထားသော လမ်းညွှန်ချက်များကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်လျက်ရှိနေကြသည် ဆိုသောအချက်ပင်ဖြစ်ပါသည်။ အစဉ်အလာကောင်းများနှင့်အညီ တပ်မတော်ကြီးထာဝစဉ်နုပျိုနေစေရန် အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ အင်အားပြည့်ဝသည့် တပ်မတော်၊ စွမ်းရည်ထက်မြက်သည့်တပ်မတော် အဖြစ် ဆက်လက်တည်ဆောက်လျက် ရှိနေကြသည်ဆိုသော အချက်ပင်ဖြစ်ပါသည်။

စာရေးသူတို့နိုင်ငံ၌ မကြာမြင့်သော ကာလမှာပင် ပြည်သူများလိုလားသည့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာတော့မည်ဖြစ်ပါသည်။ ၎င်းအစိုးရသစ်သည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်စေရန်၊ တရားဥပဒေစိုးမိုးစေရန်၊ ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေစေရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ကြတော့မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အထူးလိုအပ်သည့်အတွက် တပ်မတော်၏ အခန်းကဏ္ဍမှာလည်း အလွန်မှပင်အရေးကြီးပြီး   အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် အစဉ်အလာမပျက် တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင် သွားရမည်ဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်၏အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်အောင် သမိုင်းကြောင်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းအမွေအဖြစ် ဤသို့ ခမ်းနားလေးနက်စွာ လွှဲပြောင်းဆက်ဆံနေသည့်မြင်ကွင်းမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှပါသည်။ တပ်မတော်အကြီးအကဲနှစ်ဦး၏ နိုင်ငံတော်နှင့် တပ်မတော်အတွက် မိန့်မှာချက်များမှာလည်း အထူးပင်မှတ်သား လိုက်နာဖွယ်ဖြစ်ပါသည်။

ထို့အတူပင် နိုင်ငံတော်သီချင်း၌ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေဟူ၍ပါရှိပါသည်။ စာရေးသူတို့၏ ဘိုးဘွားမိဘများ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့သော အမွေဖြစ်ပါသည်။ ထိုအမွေမှာ မြန်မာပြည်ပင်ဖြစ်ပါသည်။ စာရေးသူတို့လက်ရှိနေထိုင်နေသော  အမိမြန်မာပြည်ကြီးသည်  ဘိုးဘွားအစဉ်အဆက်တို့ အသက်၊ သွေး၊ ချွေးများစွာစတေးပြီး ရယူပေးခဲ့သောနိုင်ငံတော်ဖြစ်ပါသည်။ ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက်  မိမိတို့၏ အသက်ကိုမငဲ့ကွက်ဘဲ   ကာကွယ်စောင့်ရှောက်၍ လက်ဆင့်ကမ်းပေးခဲ့သောထိုအမွေကို တန်ဖိုးထား ထိန်းသိမ်းကာကွယ် ကြရမည်ဖြစ်ပါသည်။

အနှစ်ချုပ်ဆိုရပါသော် တပ်မတော်သားများ အပါအဝင် မိမိတို့ နိုင်ငံသူနိုင်ငံသား အားလုံးတို့ကလည်း နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိချမှတ်ထားခဲ့သည့် မွန်မြတ်သည့်လက်ဆင့်ကမ်း အမွေများကိုထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရမည်ဖြစ်ပါကြောင်း ညွှတ်နူးသော စိတ်နှလုံးဖြင့် ဂုဏ်ပြုရေးသား လိုက်ရပါသည်။    ။

MWD

ပြည်စိုးညိမ်း

ကိန်းဂဏန်းများက သက်သေထူနေသည့် မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အမှန်တရား
-
လူအများသိနေကြတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေဟာ မြန်မာနိုင်ငံက စတင်ခဲ့တာမဟုတ်ဘဲ နိုင်ငံခြားသားဝိသမ လောဘသားများက အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့ နယ်စပ်တွေမှာအခြေချပြီး တရားမဝင်လုပ်ကိုင်နေတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေဖြစ်ပါတယ်။ အဲဒီနိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဦးဆောင်ကျူးလွန်နေသူတွေဟာ ပြည်ပနိုင်ငံသားတွေသာဖြစ်ပြီး အခြားနိုင်ငံသားများကို ပြစ်မှုကျူးလွန်ရန်အသုံးချရာမှတစ်ဆင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှု၊ လက်နက်ခဲယမ်း တရားမဝင်မှောင်ခိုရောင်းဝယ်မှုစတဲ့ ရာဇဝတ်မှုကြီးများနဲ့ ဆက်နွှယ်ရာကနေဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးကိုပါ ခြိမ်းခြောက်လာတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား အလှမ်းမမီတဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ရဲ့ နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကစိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုခင်းများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဒီပြဿနာကို ရိုးရိုးသာမန်ရာဇဝတ်မှုများလို သဘောမထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းခဲ့တာကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်များ၊ ပါဝင်ပတ်သက်ခဲ့တဲ့ ပြည်ပနိုင်ငံသားများ၊ တရားမဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားများနဲ့ ဖမ်းဆီးရမိခဲ့တဲ့ဆက်စပ်ပစ္စည်း ကိန်းဂဏန်းများက သက်သေပြနေပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ခံယူပြီး အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ပြတ်ပြတ်သားသား နှိမ်နင်းလျက်ရှိသလို အရေးယူဆောင်ရွက်ချက်တွေကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းများ ထုတ်ပြန်အသိပေးလျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်နေတာဟာ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဒုစရိုက်ဘေးကနေ ကင်းဝေးစေဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝအကာအကွယ်ပေးဖို့အတွက် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးနေတာဖြစ်သလို မြန်မာနိုင်ငံမှာအခြေပြုပြီး နယ်စပ် ဖြတ်ကျော်မှုခင်းများ နိုင်ငံတကာကို မရောက်ရှိသွားစေရေးအတွက် တာဝန်သိမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေစိမ့်ဝင်နေပြီး အစိုးရအုပ်ချုပ်ရေးယန္တရား အပြည့်အဝမရှိတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ နယ်မြေတွေမှာ အခြေပြုနေတဲ့ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကိုလည်း စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အလေးထားပြီးဖြိုခွင်းလျက်ရှိနေပါတယ်။ဒီလိုဖြိုခွင်းရာမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို နယ်စပ်ဒေသများမှာ အမြစ်ပြတ်ရှင်းလင်းဖို့နဲ့ ပြည်တွင်းအထိပျံ့နှံ့ရောက်ရှိမလာစေဖို့ “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကြီးကြပ်တိုက်ဖျက်ရေး ဗဟိုကော်မတီ” နဲ့ “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာန” (Anti Scam Centre- ASC)တွေကိုဖွဲ့စည်းထားပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲခြင်း၊ တရားမဝင် ရောက်ရှိလုပ်ကိုင်နေတဲ့နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်း၊ ပြည်ပက အဓိက တရားခံတွေကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုလုပ်ကိုင်ဆောင်ရွက်မှုများကို မျက်ကွယ်ပြုပြီး နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့အဆိုးမြင်ဒေါ်လာစားမီဒီယာတွေက ပြည်သူလူထုနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားစေဖို့ သတင်းအတု၊ သတင်းအမှားများနဲ့ အစိုးရရဲ့အွန်လိုင်း လိမ်လည်မှုနှိမ်နင်းရေး လုပ်ငန်းများကို ပုံရိပ်ကျဆင်းအောင် နှောင့်ယှက်လုပ်ဆောင်နေကြတာ မြင်တွေ့ကြားသိနေရပါတယ်။အဆိုးမြင်မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace- USIP)ရဲ့ ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို ညွှန်းဆိုပြီး မြန်မာနိုင်ငံဟာ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အဓိကလည်ပတ်နေတဲ့ ဗဟိုချက်ဖြစ်တယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပုံကြီးချဲ့ကာ ပြည်သူတွေ အထင်အမြင်လွဲမှားစေဖို့ ဖော်ပြခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေအဓိကလည်ပတ်နေဆဲ ဖြစ်တယ်လို့ မဟုတ်မမှန် ဝါဒဖြန့်ချိနေကြပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီကိစ္စတွေကို မျက်ကွယ်ပြုထားတာမျိုး ဒါမှမဟုတ် နောက်ကွယ်ကနေ ပတ်သက်ဆက်နွှယ်နေတာမျိုး လုံးဝမရှိဘူးဆိုတာကို အခိုင်အမာပြောကြား လိုပါတယ်။ ၂၀၂၃ ခုနှစ်ကတည်းကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို မြန်မာနိုင်ငံအစိုးရက အမြစ်ပြတ်တိုက်ဖျက်ရှင်းလင်းခဲ့တယ်ဆိုတာကို အဲဒီ USIP အဖွဲ့အစည်းကြီးကတောင် တရားဝင်အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုကိစ္စရပ်တွေမှာ အစိုးရဝန်ထမ်းတွေအနေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေပြုလုပ်ပြီး ပါဝင်ပတ်သက်ခဲ့တာမျိုး စစ်ဆေးတွေ့ရှိရရင်လည်း ဘယ်သူ့မျက်နှာမှမထောက်ထားဘဲ ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အစိုးရက အတိအလင်း သတင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေသာမက မြန်မာနိုင်ငံသားတွေပါ များစွာနစ်နာဆုံးရှုံးနေရတဲ့ ဒီလိုဆိုးရွားလှတဲ့လုပ်ရပ်တွေဟာ နိုင်ငံဖြတ်ကျော်တဲ့ သဘောသဘာဝရှိတာကြောင့် အဲဒီလိုရာဇဝတ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့အတွက်ကိုလည်းနိုင်ငံတော်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုဆိုးရွားလှတဲ့ အွန်လိုင်းလိမ်လည်မှုကိစ္စကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရဟာ မိမိတို့နိုင်ငံတစ်ခုတည်းသာမကဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့နဲ့ နီးနီးကပ်ကပ်ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ်အတွင်းမှာ Operation Storm လို့အမည်ပေးထားတဲ့ အထူးစစ်ဆင်ရေးကြီးတစ်ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အခြေချလုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပေါင်း ရာနဲ့ချီကိုလည်း အပြီးတိုင်ဝင်ရောက်ချေမှုန်းနိုင်ခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့ အဓိကတရားခံတွေကိုတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ထံကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သလို လူပေါင်းသောင်းနဲ့ချီပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကို လုံခြုံစိတ်ချစွာပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ဒါတင်မကသေးဘဲ မြန်မာ၊ တရုတ်နဲ့ ထိုင်း သုံးနိုင်ငံအကြားမှာ အထူး Task Force တစ်ရပ်ဖွဲ့စည်းပြီး ထိရောက်တဲ့ Action Plan တွေရေးဆွဲကာ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ သုံးနိုင်ငံစစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းအသုံးပြုပြီး လိမ်လည်နေမှုတွေကို တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့လည်း အချိတ်အဆက်မိမိစဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့်မို့လို့ ယနေ့အချိန်မှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေးကဏ္ဍမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုနေကြပြီဖြစ်ပါတယ်။ဒီလိုအသိအမှတ်ပြုခံရခြင်းရဲ့ အကြောင်းတရားကတော့ နိုင်ငံတော်အကြီးအကဲရဲ့ စဉ်ဆက်မပြတ် လမ်းညွှန်ချက်များနဲ့အညီ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာနက နယ်စပ်ဒေသများအပါအဝင် ပြည်တွင်းရှိမြို့ရွာအသီးသီးမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ မကြီးထွားလာစေရေးအတွက် နည်းပညာအရ ထိန်းချုပ်ခြင်းအပါအဝင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အခြေပြုနေတဲ့နေရာတွေကို စီးနင်းဝင်ရောက်ဖမ်းဆီးတာတွေ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ပါတယ်။နည်းပညာအရထိန်းချုပ်ရာမှာ အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သည့် IP Address ပိတ်ဆို့မှုများ၊ ဘဏ်စာရင်းပေါင်း ထောင်နှင့်ချီပိတ်သိမ်းမှုများ၊ Cryptocurrency နှင့် အဆင့်မြင့်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ တရားမဝင် Internet Bandwidth များ၏ တည်နေရာကို ခြေရာခံ၍ စီးနင်းမှုများ၊ တရားမဝင်ငွေလွှဲလုပ်ငန်း(Hundi)များမှတစ်ဆင့်စီးဆင်းနေသည့် ငွေကြေးလမ်းကြောင်းများကို စောင့်ကြည့်ဖမ်းဆီးခြင်းများ၊ နယ်စပ်ဒေသများတွင် အသုံးပြုနေသည့် တရားမဝင် ဂြိုဟ်တုအင်တာနက်များအား ပိတ်ဆို့ဖြတ်တောက်ခြင်းများ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။KNU အကြမ်းဖက်သောင်းကျန်းသူများ နယ်မြေမှာ လက်ခံထားတဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို Border Safety Operation အမည်ဖြင့် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတစ်ရပ်ကို အရှိန်အဟုန်နဲ့ ဖော်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် မြဝတီ-မဲ့ထော်သလေး(KK Park)နဲ့ ရွှေကုက္ကိုလ်နယ်မြေတွေမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ အခိုင်အမာတည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို စက်ယန္တရားကြီးတွေနဲ့ ကျူပင်ခုတ်ကျူငုတ်မကျန်ရလေအောင် မြေလှန်ဖြိုချဖျက်ဆီးပေးခဲ့တဲ့အပြင် ဖြိုဖျက်မှုမှတ်တမ်းဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကိုလည်း နိုင်ငံတကာသို့ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုနိုင်ငံတော်အစိုးရရဲ့ အဖွဲ့စုံပူးပေါင်းစစ်ဆင်ရေးတွေနဲ့ အရှိန်အဟုန်ပြင်းပြင်း ရှင်းလင်းဖယ်ရှားခဲ့တဲ့ မှတ်တမ်းတွေဟာ ငြင်းလို့မရတဲ့သက်သေ အထောက်အထားများဖြစ်ပါတယ်။ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေအတွင်းမှာဆိုရင် ဒုစရိုက်လုပ်ငန်းတွေအတွက် အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အအုံပေါင်း ၆၃၅ လုံးကို နိုင်ငံတော်ရဲ့ ဥပဒေအာဏာစက်နဲ့အတူ အဆင့်မြင့်နည်းပညာတွေသုံးပြီး အစအနမကျန် ဖြိုချဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ဒီလိုပြတ်ပြတ်သားသား နှိမ်နင်းဖမ်းဆီးခဲ့ရာမှာ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများရဲ့ အသုံးချခံနေရတဲ့ ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေကိုအခြေခံပြီး သူတို့ရဲ့သက်ဆိုင်ရာမိခင်နိုင်ငံတွေဆီကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိပါတယ်။ ကရင်ပြည်နယ်အတွင်း ရှာဖွေကူညီကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံခြားသားများ၏ထွက်ဆိုချက်တွေအရ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ဝင်ရောက်ပြီး ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်/ လေယာဉ်တို့ဖြင့် ပို့ဆောင်ခြင်း၊ မဲဆောက်မြို့မှတစ်ဆင့် သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကူးပြီး ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာရှိတဲ့ ကုမ္ပဏီများကို ပို့ဆောင်ခြင်း၊ ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိပြီး မော်တော်ယာဉ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့အတွင်းရှိကုမ္ပဏီများကိုပို့ဆောင်ခြင်း စတဲ့လမ်းကြောင်းတွေကနေတစ်ဆင့် လူကုန်ကူးခံခဲ့ကြရတာဖြစ်ပါတယ်။ သက်ဆိုင်ရာသံရုံးတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေကို လူကုန်ကူးခံရသူတွေအဖြစ်နဲ့ဖော်ပြပြီး အကူအညီတောင်းနေကြပေမယ့် အဲဒီထဲက တချို့ကတော့ လူကုန်ကူးခံရသူတွေမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ကိုယ်တိုင်လာရောက် လုပ်ကိုင်နေကြသူတွေဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေပြီး ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေသူတွေအပါအဝင် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုလုပ်ငန်း လုပ်ကိုင်တဲ့နေရာတွေကို ဖော်ထုတ်အရေးယူခဲ့ရာမှာ ပါဝင်ပတ်သက်သူ နိုင်ငံခြားသား ၇၁၉၇၅ ဦးကို နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုအရ သူတို့ရဲ့မိခင်နိုင်ငံအသီးသီးဆီ ပြန်လည်လွှဲပြောင်းပေးအပ်နေသလိုမျိုးပဲ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ပတ်သက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြီး အွန်လိုင်းလိမ်လည်မှုကိစ္စကို အမြစ်ပြတ်သွားအောင် လုပ်ဆောင်လျက်ရှိပါတယ်။ဖမ်းဆီးရမိထားတဲ့ ပြည်တွင်းကတရားခံတွေကို အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေအစရှိတဲ့ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ပြီး ပြင်းပြင်းထန်ထန် တရားစွဲဆိုအရေးယူလျက်ရှိပါတယ်။ အမှန်တကယ်တော့ ဝိသမလောဘသားပြည်ပနိုင်ငံသားတွေ ကြိုးကိုင်ထားတဲ့ အွန်လိုင်းလိမ်လည်မှုကိစ္စမှာ ပါဝင်ပတ်သက်နေကြသူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတွေသာဖြစ်တယ်ဆိုတာကို ခိုင်လုံတဲ့သက်သေ အထောက်အထားတွေက ရှင်းလင်းစွာဖော်ပြနေပါတယ်။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ဟာ သူတို့စိုးမိုးထားတဲ့နေရာမှာ တရားမဝင်ဒုစရိုက်သမားတွေကို လုံခြုံအောင်အကာအကွယ်ပေးထားပြီး အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ကိုယ်ကျိုးစီးပွားအတွက် လောဘတက်ကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ပြုထားတာပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲက အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဇာတ်လမ်းအစ တရားမဝင်မြေငှားစာချုပ်မှာ KNU ရဲ့ ဘဏ္ဍာရေးကော်မတီ တာဝန်ခံဖြစ်သူ ဖဒိုစောကွယ်ထူးဝင်း (လက်ရှိဥက္ကဋ္ဌ)ကိုယ်တိုင်က လက်မှတ်ရေးထိုးခဲ့ပြီး ဒုတိယအသိသက်သေအနေနဲ့လည်း ဖဒိုစောရောဂျာခင်ကိုယ်တိုင် အသီးသီးပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာဟာ သူတို့ရဲ့ကိုယ်ကျိုးရှာ မတရားတဲ့လုပ်ရပ်တွေကို အထင်အရှား သက်သေပြသနေပါတယ်။ မြေပြင်ဖော်ထုတ်ချက်များအရ ပကတိအမှန်တရားကတော့ မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို ကိုယ်တိုင်ဖန်တီးခဲ့တာမျိုး မဟုတ်ဘဲ ပြည်ပက ရာဇဝတ်ဂိုဏ်းတွေက နယ်စပ်ဒေသ မတည်ငြိမ်တာကိုအခွင့်ကောင်းယူပြီး ခိုအောင်းအခြေပြုလုပ်ခဲ့တာသာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ အဲဒီအွန်လိုင်းလိမ်လည်မှု ဂိုဏ်းဝင်တွေကို တရားဝင်လက်ခံထားတာမျိုး မရှိသလို ဧည့်သည်အဖြစ် လက်မခံဘဲ "Operation Storm"နဲ့ "Border Safety Operation" ကဲ့သို့သော စစ်ဆင်ရေးများနဲ့အမြစ်ပြတ်ဖယ်ရှားခဲ့တာကို ကမ္ဘာသိအောင်လုပ်ဆောင်ပြသလျက်ရှိပြီး အဆိုးမြင်ဝါဒီများ စွပ်စွဲနေသလို မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုဗဟိုချက်မဟုတ်ဘဲ “ဒုစရိုက်သမားများရဲ့ကျူးကျော်ခံရမှုကို ရှင်းလင်းနေသူ” ဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ရှင်းလင်းပြတ်သားစွာ အသိပေးလိုပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖယ်ရှားနိုင်ခဲ့မှုတွေဟာ ဘယ်သူမှငြင်းပယ်လို့မရနိုင်တဲ့ လက်တွေ့မြေပြင် အမှန်တရားပဲဖြစ်ပါတယ်။ သောင်းနဲ့ချီတဲ့ဖမ်းဆီးရမိမှု ကိန်းဂဏန်းအချက်အလက်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကိုစနစ်တကျပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့တဲ့ ခိုင်လုံတဲ့မှတ်တမ်းတွေက နိုင်ငံတော်အစိုးရရဲ့ အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်မှုတွေကို အခိုင်အမာသက်သေထူပြသနေပါတယ်။ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးစစ်ပွဲကြီးမှာ ရှေ့တန်းကမားမားမတ်မတ်ရပ်တည်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီလိုအောင်မြင်မှုတွေကို လွဲမှားတဲ့ရှုထောင့်တွေကနေ တစ်ဖက်သတ်ဝေဖန်နေမယ့်အစား အပြုသဘောဆောင်ကာ အမှန်တရားနဲ့ ကိန်းဂဏန်းတွေက သက်သေထူနေတဲ့ မြန်မာနိုင်ငံရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးကြပါရန် နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ။

      လူအများသိနေကြတဲ့  အွန်လိုင်းလိမ်လည်မှု၊  အွန်လိုင်းလောင်းကစားမှုတွေဟာ   မြန်မာနိုင်ငံက  စတင်ခဲ့တာမဟုတ်ဘဲ နိုင်ငံခြားသားဝိသမ လောဘသားများက    အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့    နယ်စပ်တွေမှာအခြေချပြီး တရားမဝင်လုပ်ကိုင်နေတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေဖြစ်ပါတယ်။  အဲဒီနိုင်ငံဖြတ်ကျော်မှုခင်းတွေကို  ဦးဆောင်ကျူးလွန်နေသူတွေဟာ ပြည်ပနိုင်ငံသားတွေသာဖြစ်ပြီး အခြားနိုင်ငံသားများကို ပြစ်မှုကျူးလွန်ရန်အသုံးချရာမှတစ်ဆင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှု၊   လက်နက်ခဲယမ်း တရားမဝင်မှောင်ခိုရောင်းဝယ်မှုစတဲ့ ရာဇဝတ်မှုကြီးများနဲ့ ဆက်နွှယ်ရာကနေဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးကိုပါ ခြိမ်းခြောက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား အလှမ်းမမီတဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ရဲ့ နယ်မြေတွေမှာ  အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကစိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုခင်းများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဒီပြဿနာကို  ရိုးရိုးသာမန်ရာဇဝတ်မှုများလို သဘောမထားဘဲ   ပြတ်ပြတ်သားသားနှိမ်နင်းခဲ့တာကို   ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်များ၊   ပါဝင်ပတ်သက်ခဲ့တဲ့ ပြည်ပနိုင်ငံသားများ၊ တရားမဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားများနဲ့ ဖမ်းဆီးရမိခဲ့တဲ့ဆက်စပ်ပစ္စည်း ကိန်းဂဏန်းများက သက်သေပြနေပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးကို  အန္တရာယ်ပေးနေတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ခံယူပြီး    အားသွန်ခွန်စိုက်   အင်တိုက်အားတိုက်    ပြတ်ပြတ်သားသား နှိမ်နင်းလျက်ရှိသလို အရေးယူဆောင်ရွက်ချက်တွေကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းများ ထုတ်ပြန်အသိပေးလျက်ရှိပါတယ်။ 

ဒီလိုလုပ်ဆောင်နေတာဟာ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဒုစရိုက်ဘေးကနေ ကင်းဝေးစေဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝအကာအကွယ်ပေးဖို့အတွက် ဥပဒေနဲ့အညီ  လုပ်ဆောင်ပေးနေတာဖြစ်သလို မြန်မာနိုင်ငံမှာအခြေပြုပြီး နယ်စပ် ဖြတ်ကျော်မှုခင်းများ   နိုင်ငံတကာကို မရောက်ရှိသွားစေရေးအတွက် တာဝန်သိမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။

အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေစိမ့်ဝင်နေပြီး အစိုးရအုပ်ချုပ်ရေးယန္တရား အပြည့်အဝမရှိတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ နယ်မြေတွေမှာ အခြေပြုနေတဲ့ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကိုလည်း စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အလေးထားပြီးဖြိုခွင်းလျက်ရှိနေပါတယ်။

ဒီလိုဖြိုခွင်းရာမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို နယ်စပ်ဒေသများမှာ အမြစ်ပြတ်ရှင်းလင်းဖို့နဲ့ ပြည်တွင်းအထိပျံ့နှံ့ရောက်ရှိမလာစေဖို့     အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကြီးကြပ်တိုက်ဖျက်ရေး ဗဟိုကော်မတီ နဲ့ အွန်လိုင်းလိမ်လည်မှု  တိုက်ဖျက်ရေးဗဟိုဌာန (Anti Scam Centre- ASC)တွေကိုဖွဲ့စည်းထားပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲခြင်း၊ တရားမဝင်   ရောက်ရှိလုပ်ကိုင်နေတဲ့နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်း၊ ပြည်ပက  အဓိက တရားခံတွေကို  ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစတဲ့  လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလိုလုပ်ကိုင်ဆောင်ရွက်မှုများကို မျက်ကွယ်ပြုပြီး  နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့အဆိုးမြင်ဒေါ်လာစားမီဒီယာတွေက ပြည်သူလူထုနဲ့   နိုင်ငံတကာက အထင်အမြင်လွဲမှားစေဖို့ သတင်းအတု၊ သတင်းအမှားများနဲ့   အစိုးရရဲ့အွန်လိုင်း လိမ်လည်မှုနှိမ်နင်းရေး လုပ်ငန်းများကို ပုံရိပ်ကျဆင်းအောင်  နှောင့်ယှက်လုပ်ဆောင်နေကြတာ မြင်တွေ့ကြားသိနေရပါတယ်။

အဆိုးမြင်မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့    အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace- USIP)ရဲ့  ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို ညွှန်းဆိုပြီး မြန်မာနိုင်ငံဟာ   အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အဓိကလည်ပတ်နေတဲ့  ဗဟိုချက်ဖြစ်တယ်ဆိုတဲ့  အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပုံကြီးချဲ့ကာ ပြည်သူတွေ အထင်အမြင်လွဲမှားစေဖို့ ဖော်ပြခဲ့ပါတယ်။ 

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေအဓိကလည်ပတ်နေဆဲ   ဖြစ်တယ်လို့ မဟုတ်မမှန်    ဝါဒဖြန့်ချိနေကြပေမယ့်      တကယ်တမ်းမှာတော့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီကိစ္စတွေကို မျက်ကွယ်ပြုထားတာမျိုး ဒါမှမဟုတ် နောက်ကွယ်ကနေ ပတ်သက်ဆက်နွှယ်နေတာမျိုး လုံးဝမရှိဘူးဆိုတာကို အခိုင်အမာပြောကြား လိုပါတယ်။ ၂၀၂၃ ခုနှစ်ကတည်းကစတင်ပြီး   ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို မြန်မာနိုင်ငံအစိုးရက အမြစ်ပြတ်တိုက်ဖျက်ရှင်းလင်းခဲ့တယ်ဆိုတာကို အဲဒီ USIP အဖွဲ့အစည်းကြီးကတောင်  တရားဝင်အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။ 

ဒါ့အပြင် ဒီလိုကိစ္စရပ်တွေမှာ အစိုးရဝန်ထမ်းတွေအနေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေပြုလုပ်ပြီး  ပါဝင်ပတ်သက်ခဲ့တာမျိုး စစ်ဆေးတွေ့ရှိရရင်လည်း ဘယ်သူ့မျက်နှာမှမထောက်ထားဘဲ    ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အစိုးရက အတိအလင်း သတင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေသာမက မြန်မာနိုင်ငံသားတွေပါ  များစွာနစ်နာဆုံးရှုံးနေရတဲ့ ဒီလိုဆိုးရွားလှတဲ့လုပ်ရပ်တွေဟာ နိုင်ငံဖြတ်ကျော်တဲ့   သဘောသဘာဝရှိတာကြောင့် အဲဒီလိုရာဇဝတ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့အတွက်ကိုလည်းနိုင်ငံတော်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလိုဆိုးရွားလှတဲ့   အွန်လိုင်းလိမ်လည်မှုကိစ္စကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရဟာ မိမိတို့နိုင်ငံတစ်ခုတည်းသာမကဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့နဲ့ နီးနီးကပ်ကပ်ပူးပေါင်းပြီး   ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ်အတွင်းမှာ Operation Storm လို့အမည်ပေးထားတဲ့  အထူးစစ်ဆင်ရေးကြီးတစ်ရပ်ကို   အောင်မြင်စွာ   အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။   ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ    အခြေချလုပ်ကိုင်နေတဲ့   အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပေါင်း ရာနဲ့ချီကိုလည်း   အပြီးတိုင်ဝင်ရောက်ချေမှုန်းနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ အဓိကတရားခံတွေကိုတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ထံကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သလို လူပေါင်းသောင်းနဲ့ချီပြီး   သက်ဆိုင်ရာ နိုင်ငံအသီးသီးကို လုံခြုံစိတ်ချစွာပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါတင်မကသေးဘဲ မြန်မာ၊ တရုတ်နဲ့ ထိုင်း သုံးနိုင်ငံအကြားမှာ အထူး Task Force  တစ်ရပ်ဖွဲ့စည်းပြီး ထိရောက်တဲ့ Action Plan တွေရေးဆွဲကာ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့  ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ သုံးနိုင်ငံစစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းအသုံးပြုပြီး လိမ်လည်နေမှုတွေကို တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့လည်း အချိတ်အဆက်မိမိစဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဒါကြောင့်မို့လို့    ယနေ့အချိန်မှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေးကဏ္ဍမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ ရှေ့တန်းကနေ   မားမားမတ်မတ်ရပ်တည်ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုနေကြပြီဖြစ်ပါတယ်။

ဒီလိုအသိအမှတ်ပြုခံရခြင်းရဲ့ အကြောင်းတရားကတော့ နိုင်ငံတော်အကြီးအကဲရဲ့ စဉ်ဆက်မပြတ် လမ်းညွှန်ချက်များနဲ့အညီ အွန်လိုင်းလိမ်လည်မှု   တိုက်ဖျက်ရေးဗဟိုဌာနက နယ်စပ်ဒေသများအပါအဝင် ပြည်တွင်းရှိမြို့ရွာအသီးသီးမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ   မကြီးထွားလာစေရေးအတွက် နည်းပညာအရ ထိန်းချုပ်ခြင်းအပါအဝင်    တပ်မတော်နှင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီး   အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အခြေပြုနေတဲ့နေရာတွေကို   စီးနင်းဝင်ရောက်ဖမ်းဆီးတာတွေ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ပါတယ်။

နည်းပညာအရထိန်းချုပ်ရာမှာ အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သည့် IP Address ပိတ်ဆို့မှုများ၊ ဘဏ်စာရင်းပေါင်း ထောင်နှင့်ချီပိတ်သိမ်းမှုများ၊ Cryptocurrency နှင့် အဆင့်မြင့်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ တရားမဝင် Internet Bandwidth များ၏  တည်နေရာကို ခြေရာခံ၍  စီးနင်းမှုများ၊ တရားမဝင်ငွေလွှဲလုပ်ငန်း(Hundi)များမှတစ်ဆင့်စီးဆင်းနေသည့် ငွေကြေးလမ်းကြောင်း

များကို စောင့်ကြည့်ဖမ်းဆီးခြင်းများ၊ နယ်စပ်ဒေသများတွင် အသုံးပြုနေသည့်  တရားမဝင် ဂြိုဟ်တုအင်တာနက်များအား  ပိတ်ဆို့ဖြတ်တောက်ခြင်းများ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။

KNU အကြမ်းဖက်သောင်းကျန်းသူများ နယ်မြေမှာ လက်ခံထားတဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို Border Safety Operation အမည်ဖြင့် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတစ်ရပ်ကို အရှိန်အဟုန်နဲ့ ဖော်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် မြဝတီ-မဲ့ထော်သလေး(KK Park)နဲ့ ရွှေကုက္ကိုလ်နယ်မြေတွေမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ အခိုင်အမာတည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို  စက်ယန္တရားကြီးတွေနဲ့ ကျူပင်ခုတ်ကျူငုတ်မကျန်ရလေအောင် မြေလှန်ဖြိုချဖျက်ဆီးပေးခဲ့တဲ့အပြင် ဖြိုဖျက်မှုမှတ်တမ်းဓာတ်ပုံတွေနဲ့  ဗီဒီယိုဖိုင်တွေကိုလည်း နိုင်ငံတကာသို့ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။

    ဒီလိုနိုင်ငံတော်အစိုးရရဲ့ အဖွဲ့စုံပူးပေါင်းစစ်ဆင်ရေးတွေနဲ့ အရှိန်အဟုန်ပြင်းပြင်း ရှင်းလင်းဖယ်ရှားခဲ့တဲ့ မှတ်တမ်းတွေဟာ ငြင်းလို့မရတဲ့သက်သေ အထောက်အထားများဖြစ်ပါတယ်။ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေအတွင်းမှာဆိုရင် ဒုစရိုက်လုပ်ငန်းတွေအတွက်    အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အအုံပေါင်း ၆၃၅ လုံးကို နိုင်ငံတော်ရဲ့ ဥပဒေအာဏာစက်နဲ့အတူ   အဆင့်မြင့်နည်းပညာတွေသုံးပြီး အစအနမကျန် ဖြိုချဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ 

ဒီလိုပြတ်ပြတ်သားသား နှိမ်နင်းဖမ်းဆီးခဲ့ရာမှာ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများရဲ့ အသုံးချခံနေရတဲ့  ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့  နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေကိုအခြေခံပြီး သူတို့ရဲ့သက်ဆိုင်ရာမိခင်နိုင်ငံတွေဆီကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိပါတယ်။ 

ကရင်ပြည်နယ်အတွင်း ရှာဖွေကူညီကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံခြားသားများ၏ထွက်ဆိုချက်တွေအရ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ဝင်ရောက်ပြီး ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်/ လေယာဉ်တို့ဖြင့်  ပို့ဆောင်ခြင်း၊ မဲဆောက်မြို့မှတစ်ဆင့် သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကူးပြီး ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာရှိတဲ့ ကုမ္ပဏီများကို ပို့ဆောင်ခြင်း၊     ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံ   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိပြီး မော်တော်ယာဉ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့အတွင်းရှိကုမ္ပဏီများကိုပို့ဆောင်ခြင်း စတဲ့လမ်းကြောင်းတွေကနေတစ်ဆင့်  လူကုန်ကူးခံခဲ့ကြရတာဖြစ်ပါတယ်။  သက်ဆိုင်ရာသံရုံးတွေအနေနဲ့      သူတို့ရဲ့ နိုင်ငံသားတွေကို လူကုန်ကူးခံရသူတွေအဖြစ်နဲ့ဖော်ပြပြီး အကူအညီတောင်းနေကြပေမယ့်   အဲဒီထဲက တချို့ကတော့ လူကုန်ကူးခံရသူတွေမဟုတ်ဘဲ    ကိုယ်ကျိုးစီးပွားအတွက်   ကိုယ်တိုင်လာရောက်  လုပ်ကိုင်နေကြသူတွေဖြစ်တယ်ဆိုတာ  တွေ့ရှိရပါတယ်။

၂၀၂၃  ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေပြီး ၂၀၂၆ ခုနှစ်  မတ်လ ၂၄ ရက်အထိ  မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေသူတွေအပါအဝင် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုလုပ်ငန်း လုပ်ကိုင်တဲ့နေရာတွေကို ဖော်ထုတ်အရေးယူခဲ့ရာမှာ   ပါဝင်ပတ်သက်သူ နိုင်ငံခြားသား ၇၁၉၇၅ ဦးကို နိုင်ငံတော်အစိုးရအနေနဲ့  လုပ်ထုံးလုပ်နည်းတွေနဲ့အညီ   သက်ဆိုင်ရာနိုင်ငံတွေကို  ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။

ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုအရ သူတို့ရဲ့မိခင်နိုင်ငံအသီးသီးဆီ ပြန်လည်လွှဲပြောင်းပေးအပ်နေသလိုမျိုးပဲ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ပတ်သက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြီး အွန်လိုင်းလိမ်လည်မှုကိစ္စကို အမြစ်ပြတ်သွားအောင် လုပ်ဆောင်လျက်ရှိပါတယ်။

ဖမ်းဆီးရမိထားတဲ့ ပြည်တွင်းကတရားခံတွေကို အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာဥပဒေ၊   လောင်းကစားဥပဒေအစရှိတဲ့ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ပြီး ပြင်းပြင်းထန်ထန်  တရားစွဲဆိုအရေးယူလျက်ရှိပါတယ်။ 

အမှန်တကယ်တော့  ဝိသမလောဘသားပြည်ပနိုင်ငံသားတွေ ကြိုးကိုင်ထားတဲ့ အွန်လိုင်းလိမ်လည်မှုကိစ္စမှာ  ပါဝင်ပတ်သက်နေကြသူတွေဟာ  တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတွေသာဖြစ်တယ်ဆိုတာကို  ခိုင်လုံတဲ့သက်သေ  အထောက်အထားတွေက ရှင်းလင်းစွာဖော်ပြနေပါတယ်။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ဟာ သူတို့စိုးမိုးထားတဲ့နေရာမှာ  တရားမဝင်ဒုစရိုက်သမားတွေကို လုံခြုံအောင်အကာအကွယ်ပေးထားပြီး    အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ကိုယ်ကျိုးစီးပွားအတွက်   လောဘတက်ကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ပြုထားတာပဲဖြစ်ပါတယ်။   ကရင်ပြည်နယ်ထဲက    အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဇာတ်လမ်းအစ    တရားမဝင်မြေငှားစာချုပ်မှာ  KNU  ရဲ့ ဘဏ္ဍာရေးကော်မတီ တာဝန်ခံဖြစ်သူ ဖဒိုစောကွယ်ထူးဝင်း  (လက်ရှိဥက္ကဋ္ဌ)ကိုယ်တိုင်က လက်မှတ်ရေးထိုးခဲ့ပြီး ဒုတိယအသိသက်သေအနေနဲ့လည်း ဖဒိုစောရောဂျာခင်ကိုယ်တိုင် အသီးသီးပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာဟာ သူတို့ရဲ့ကိုယ်ကျိုးရှာ မတရားတဲ့လုပ်ရပ်တွေကို အထင်အရှား     သက်သေပြသနေပါတယ်။ 

မြေပြင်ဖော်ထုတ်ချက်များအရ  ပကတိအမှန်တရားကတော့   မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှု   လုပ်ငန်းတွေကို  ကိုယ်တိုင်ဖန်တီးခဲ့တာမျိုး    မဟုတ်ဘဲ ပြည်ပက  ရာဇဝတ်ဂိုဏ်းတွေက နယ်စပ်ဒေသ မတည်ငြိမ်တာကိုအခွင့်ကောင်းယူပြီး ခိုအောင်းအခြေပြုလုပ်ခဲ့တာသာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့  အဲဒီအွန်လိုင်းလိမ်လည်မှု ဂိုဏ်းဝင်တွေကို    တရားဝင်လက်ခံထားတာမျိုး မရှိသလို  ဧည့်သည်အဖြစ် လက်မခံဘဲ "Operation Storm"နဲ့ "Border Safety Operation" ကဲ့သို့သော စစ်ဆင်ရေးများနဲ့အမြစ်ပြတ်ဖယ်ရှားခဲ့တာကို      ကမ္ဘာသိအောင်လုပ်ဆောင်ပြသလျက်ရှိပြီး အဆိုးမြင်ဝါဒီများ      စွပ်စွဲနေသလို  မြန်မာနိုင်ငံဟာ   အွန်လိုင်းလိမ်လည်မှုဗဟိုချက်မဟုတ်ဘဲ ဒုစရိုက်သမားများရဲ့ကျူးကျော်ခံရမှုကို ရှင်းလင်းနေသူ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ရှင်းလင်းပြတ်သားစွာ အသိပေးလိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့   အွန်လိုင်းလိမ်လည်မှုတွေကို ပြတ်ပြတ်သားသား   နှိမ်နင်းဖယ်ရှားနိုင်ခဲ့မှုတွေဟာ  ဘယ်သူမှငြင်းပယ်လို့မရနိုင်တဲ့  လက်တွေ့မြေပြင် အမှန်တရားပဲဖြစ်ပါတယ်။ သောင်းနဲ့ချီတဲ့ဖမ်းဆီးရမိမှု ကိန်းဂဏန်းအချက်အလက်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကိုစနစ်တကျပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့တဲ့  ခိုင်လုံတဲ့မှတ်တမ်းတွေက   နိုင်ငံတော်အစိုးရရဲ့ အင်တိုက်အားတိုက်  ကြိုးပမ်းအားထုတ်မှုတွေကို အခိုင်အမာသက်သေထူပြသနေပါတယ်။

ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးစစ်ပွဲကြီးမှာ ရှေ့တန်းကမားမားမတ်မတ်ရပ်တည်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီလိုအောင်မြင်မှုတွေကို လွဲမှားတဲ့ရှုထောင့်တွေကနေ တစ်ဖက်သတ်ဝေဖန်နေမယ့်အစား အပြုသဘောဆောင်ကာ  အမှန်တရားနဲ့ ကိန်းဂဏန်းတွေက သက်သေထူနေတဲ့ မြန်မာနိုင်ငံရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးကြပါရန်  နိုင်ငံတကာကို    တိုက်တွန်းနှိုးဆော်အပ်ပါတယ်။    ။

မင်းခန့်

အမိမြေအတွက် ဆက်လက်အောင်ပွဲချီ
-
နှစ်စဉ် မပြတ်ဖော်သရွေ့တပ်မတော်နေ့ ထာဝရတည်။ရှစ်ဆယ့်တစ်ကြိမ် ဂုဏ်အမြင့်ဂုဏ်ဆင့်ပါမည်။တပ်မတော်အတွက် စာစီတွဲလက်ညီ ဖော်ညွှန်း။ရွှေနိုင်ငံ ရွှေတစ်ခေတ်ထုဆစ်မော်ကွန်း။ မတ်လရက်မွန် နှစ်ဆယ့်ခွန်သို့ ရောက်ရှိခဲ့ပေပြီ။ ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍ ဖူးပုရစ်တို့ မြူးလှစ်သည့်အချိန်အခါပါပေ။ နွေ၏ပြကွင်းပြကွက်တို့သည် အားမာန်အပြည့်ဖြင့် ထပ်လောင်းပေါင်းစပ်လျက်ရှိသည်။ အဟောင်းအဟောင်းတို့နေရာ၌ အသစ်အသစ်တို့ ဖြစ်ထွန်းတိုးတက်လာရသည့်ပမာ ရေအလျဉ်သဖွယ် စဉ်ဆက်မပြတ် စီးဆင်းနေသော အင်အားသရုပ်ကို ဖော်ထုတ်ပြသနေသည့် မြင်ကွင်းတစ်ရပ်လည်းမည်ပါပေသည်။ဤရာသီအခါသမယမှာ မြန်မာ့သမိုင်းစဉ်နှင့် ဆက်စပ်ကြည့်မည်ဆိုပါလျှင်လည်း ထင်ရှားသော ကမ္ပည်းမှတ်တိုင်တစ်ခုကို တွေ့ကြရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော မြန်မာ့တပ်မတော်၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှမောင်းထုတ်နိုင်ခဲ့သည့် အချိန်ကာလဖြစ်သည်။ ဖက်ဆစ်ဂျပန်များကို ကျူပင်ခုတ် ကျူငုတ်မကျန်တော်လှန်တိုက်ထုတ်နိုင်ခဲ့သော မတ်လ ၂၇ ရက်နေ့သည် တပ်မတော်နေ့ပင်ဖြစ်သည်။ လွတ်လပ်ရေးတည်းဟူသော မြစ်တစ်စင်းမှာ တိုင်းရင်းသားပြည်သူတို့၏ တစ်စိတ်တစ်ဝမ်းတည်းသောစိတ်ဖြင့် လက်တွဲညီညွတ်ခဲ့သည့် ဤမည်သော အခါသမယတွင် မြစ်ဖျားခံစီးဆင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာ့တပ်မတော်သည် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံပြီး တစ်ဦးချင်းကိုယ်ကျိုးကို ပဓာနမထားဘဲ အများအကျိုးကို ဦးစားပေး ထမ်းရွက်လျက်ရှိသည့် နိုင်ငံတော်၏ အခိုင်မာဆုံးသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ တပ်မတော်သားများသည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသူများဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေကြသူများဖြစ်သည်။ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တစိုက်မတ်မတ် ထမ်းဆောင်နေကြသူများဖြစ်သည်။ တပ်မတော်၏အခန်းကဏ္ဍအရေးကြီးပုံကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၃၇ တွင် “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသည်။ မွန်မြတ်သည့်စိတ်ဓာတ်၊ ခိုင်မာသည့် ယုံကြည်ချက်၊ ရဲရင့်သည့်သတ္တိတို့ဖြင့် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် မိမိတို့၏ ရင်နှစ်သည်း ချာများကဲ့သို့ ရင်းနှီးနွေးထွေး၍ အားကိုးအားထား ပြုကြလျက်ရှိသည့် မိဘပြည်သူ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအတွက် နှစ်စဉ် မတ်လ ၂၇ ရက်နေ့သို့ရောက်ရှိလေတိုင်း တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားများကို ခမ်းနားထည်ဝါစွာ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၈၁)နှစ်သို့တိုင်ရောက်ရှိခဲ့ပြီဖြစ်သည်။မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ သန္ဓေတည် ပေါက်ဖွားလာခဲ့၍ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုတပ်မတော်ဖြစ်သည်။ တိုင်းရင်းသားပြည်သူတို့၏ အကျိုးကိုသာလျှင် အစဉ်ရှေးရှု ဆောင်ရွက်ခဲ့သောတပ်မတော်ဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံတော် ပြိုကွဲပြီး ပြည်သူတို့ သူ့ကျွန်ဘဝ ပြန်လည်ရောက်ရှိသွားနိုင်သည့် အခြေအနေဆိုးများ ကျရောက်လာတိုင်း အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ပြည်သူတို့၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတော် အဓွန့်ရှည်ရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အစဉ်တာဝန်ကျေပွန်ခဲ့သောတပ်မတော် ဖြစ်သည်။ဤသို့လျှင် သမိုင်းကြောင်း အစဉ်အလာကြီးမားလှသည့် မြန်မာ့တပ်မတော်သားတို့အတွက် ဂုဏ်ယူမြတ်နိုးဖွယ်ရာဖြစ်သော (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးကို စည်စည်ကားကား၊ ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါကျင်းပနေသည့် မြင်ကွင်းကျယ်ကြီးမှာ နိုင်ငံသားတစ်ယောက်အဖို့ အားမာန်အပြည့်ဖြင့် ဇာတိသွေး၊ ဇာတိမာန်များ နိုးကြားထက်သန်လာသည်အထိ ခံစားရစေပါသည်။ စစ်ကြောင်းကြီးများချီတက်ရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်နှင့် ပြည်သူ ကြည်ဖြူစွာ မေတ္တာတုံ့လှယ်နေကြသည့် မြင်ကွင်းပုံရိပ်များကလည်း ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းလှသည်။ ပင်လောင်းလမ်းဆုံတစ်လျှောက်နှင့် စစ်ရေးပြကွင်းကြီးအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတအနုပညာရှင်များ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ဒေသခံပြည်သူများကလည်း စစ်ရေးပြစစ်ကြောင်းကြီးများကို ဂုဏ်ပြုပန်းကုံးများဖြင့် ကြိုဆိုရန် သောင်းသောင်းဖြဖြကြိုဆိုစောင့်ဆိုင်းနေကြသည်မှာ အားတက်ဖွယ်ပင်ဖြစ်သည်။စစ်ရေးပြမှူးကြီး၏ “တပ်ပေါင်း”ဟူသော အမိန့်သံအဆုံးတွင် တပ်မတော်နေ့အခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့က အမိန့်စဉ်အတိုင်းပါဝင်ချီတက်ရန် အသင့်ပြင်ထားကြပြီးဖြစ်သည်။ စစ်ရေးပြစစ်ကြောင်းကြီးတွင်ပါဝင်ကြသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲများ၏ အသွင်သဏ္ဌာန်မှာ တည်ကြည်ခံ့ညားလျက်ရှိသည်။ စစ်ရေးပြအခမ်းအနားအတွက် တူညီဝတ်စုံများနှင့် ချပ်ဝတ်တန်ဆာများကို သပ်ရပ်ညီညာစွာ စနစ်တကျ ဝတ်ဆင်ထားသည်။ ဇာတိသွေး၊ ဇာတိမာန်ကိုတက်ကြွစေသည့် စစ်ချီသီချင်းများကို အားအပြည့်၊ မာန်အပြည့် သံပြိုင်ညီညာသီဆိုကြပြီး တက်ကြွ၊ ညီညာ၊ သွက်လက်သည့် ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးတွင် ပါဝင်ဆင်နွှဲရသည်ကို ကိုယ်စီကိုယ်စီ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း ပေါ်လွင်လှပါသည်။ထို့ပြင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွလာစေရန် ကြည်း၊ ရေ၊ လေ စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသည့် ပိုစတာကြီးများကိုလည်း လမ်းတစ်လျှောက်တွေ့မြင်ရသည်။ ပင်လောင်းလမ်း တစ်လျှောက်၏ လမ်းဘေး ဝဲ၊ ယာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့်လိုက်ဖက်ညီစွာ သစ်ပင်ပန်းပင်များကို လှပညီညာ စိုက်ပျိုးထားပြီး အလှမီးပန်းများ၊ ရောင်စုံမီးဆိုင်းများဖြင့် အလှဆင်ထားသည်မှာ ရှု၍မငြီးနိုင်အောင်ပင်ဖြစ်သည်။ နေရာအလိုက်၊ အခန်းကဏ္ဍအလိုက် အခမ်းအနားအပြင်အဆင်များကို စစ်ရေးပြအခမ်းအနားကြီးနှင့် လိုက်လျောညီစွာ အသေးစိတ်ကအစ စနစ်တကျ စီမံဆောင်ရွက်ထားသည်မှာ တပ်မတော်နှင့် တပ်မတော်သားများ၏ စည်းကမ်းကျနသေဝပ်မှုကို ပုံဆောင်ပြသနေသကဲ့သို့ရှိပါသည်။အခမ်းအနားကြီးကျင်းပရာနေရာဌာနအားလုံးတို့၌ လျှပ်စစ်မီးများဖြင့် ထိန်ထိန်ညီးညီးထွန်းလင်းနေသဖြင့် ညဘက်ဖြစ်သော်လည်း နေ့ခင်းအချိန်အလား လင်းလင်းကျင်းကျင်းရှိနေပါသည်။ ထိုမျှမကသေး စစ်ရေးပြကွင်းကြီးဆီသို့ ချီတက်ရာလမ်းတစ်လျှောက်တွင် တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ်နှစ် ဘာသာဖြင့် ဆိုင်းဘုတ်များ စိုက်ထူကာပြသထားသည်။ စာတန်းများ ချိတ်ဆွဲရာတွင်လည်း ရဲစွမ်းသတ္တိကို ပြသရာရောက်သည့် အနီရောင်ကို အောက်ခံအရောင်အဖြစ် အသုံးပြုထားပြီး ၎င်းအနီရောင်အပေါ်တွင် ရွှင်လန်းတက်ကြွမှု၊ ချစ်ခင်ရင်းနှီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို ခံစားရရှိနိုင်စေရန် အဝါရောင်စာလုံးကြီးများဖြင့် ထင်ထင်ရှားရှားပုံဖော်ကာ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုလျက်ရှိနေသော ပုံရိပ်အငွေ့အသက်များဖြစ်ပေါ်လာအောင် ပြသထားသည်ကိုတွေ့မြင်ရသည်။စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာတွေ့မြင်ရသည်။ လျှပ်စစ်မီးများဖြင့်အလှဆင်ထားပြီး ဆလိုက်မီးကြီးများ ထိုးထားသဖြင့် မုခ်ဦးကြီး၏ ခမ်းနားထည်ဝါပုံကို ခံ့ခံ့ညားညားမြင်တွေ့ရသည်။ မုခ်ဦးအတွင်း၌ ပုံဖော်ထားသည့် ပန်းအလှများအပြင် ထပ်မံ၍ ရောင်စုံမီးအလှများ စီခြယ်ထားသည်ကို တွေ့ရသည်။ ထိန်ထိန်ညီးညီး ထွန်းတောက်တည်ရှိနေသည့် မီးရှူးတိုင်ကြီး၏ခံ့ညားမှုနှင့် အေးမြကြည်လင်မှုကိုပုံဖော်နေသည့် ရေပန်းအလှတို့ကလည်း တပ်မတော်သည် နိုင်ငံတော်အတွက် တောက်ပမှုအလင်းရောင်နှင့်အေးချမ်းသာယာမှုကို ဆောင်ကြဉ်းပေးနိုင်ရန် အစဉ်တည်ရှိနေခြင်းကို ပြသပေးနေသကဲ့သို့ ခံစားမိစေသည်။တပ်မတော်နေ့ စစ်ရေးပြစစ်တီးဝိုင်းများ၏ စစ်သီချင်းတီးမှုတ်ပုံများ၊ စစ်ရေးပြစစ်ကြောင်းကြီးများတွင် ပါဝင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ ဇာတိသွေး၊ ဇာတိမာန်အပြည့် စစ်ချီတေးသီချင်းသီဆိုမှုများမှာ နားသောတဆင်ရသူ ပြည်သူလူထု၏ ရင်ထဲ၊ အသည်းထဲ၊ စိတ်နှလုံးထဲတွင် ရဲစိတ်ရဲမာန်များ တိုးပွားလာကာ မျိုးချစ်စိတ်ဓာတ်များတက်ကြွလာစေသည်။ စစ်ချီသီချင်းသံများမှာ တိမ်ယံကိုထွင်းဖောက်၍ ထက်ကောင်းကင်သို့ပင် လွင့်ပျံရောက်ရှိမတတ် အားမာန်တို့ဖြင့် ပြည့်လျှမ်း၍နေပါသည်။စစ်ရေးပြစစ်ကြောင်းကြီးများချီတက်လာချိန်တွင် လမ်းတစ်လျှောက်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတအနုပညာရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စစ်ကြောင်းကြီးများကို သောင်းသောင်းဖြဖြကြိုဆိုကြကာ ဂုဏ်ပြုပန်းကုံးများ ချီးမြှင့်နေကြပုံမှာ ကြည်နူးဖွယ်ကောင်းလှသည်။စစ်ရေးပြကွင်းအတွင်းသို့ ယန္တရားစစ်ကြောင်းအပါအဝင် စစ်ရေးပြမှူးကြီး ဦးဆောင်သော စစ်ကြောင်းများက သတ်မှတ်နေရာတွင် ဝင်ရောက်နေရာယူပုံ၊ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ အမြောက် ၁၉ ချက်ပစ်ဖောက်ဂုဏ်ပြုပုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းများက အလေးပြုပုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ကိုစစ်ဆေးပုံ၊ မိန့်ခွန်းပြောကြားပုံ၊ မိန့်ခွန်းပြောကြားအပြီးတွင် စစ်ရေးပြမှူးကြီးဦးဆောင်သော စစ်ကြောင်းများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပုံ၊ တစ်ချိန်တည်းမှာပင် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များကလည်း ကောင်းကင်ယံမှ သရုပ်ပြပျံသန်းပြီးအလေးပြုပုံ၊ စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပုံ စသည့် စစ်ရေးပြ အခမ်းအနားအစီအစဉ်များကို လေ့ကျင့်သားပြည့်ဝမှု၊ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စုစည်းညီညွတ်မှုတို့ဖြင့် စနစ်တကျ ဆောင်ရွက်သွားသည်ကိုတွေ့ရသည်။ထို့ပြင် ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MTX – 1 A လေယာဉ် ၁ စင်းနှင့် PT-6 လေယာဉ် ၂ စင်း တို့က ရှုရပ်၏ရှေ့တည့်တည့်မှ Composite Formation ပုံစံဖြင့်လည်းကောင်း၊ Mi-17 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ Mi-2M ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာ ဘက်သို့ပျံသန်း၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စင်းက ရှုရပ်၏ အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှ ဝင်ရောက်လာပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ် ပျံသန်း၍လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စင်းက ရှုရပ်၏ရှေ့တည့်တည့်မှဝင်ရောက်ပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ်ပျံသန်း၍လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် ၂ စင်းက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီမှဝင်ရောက်လာပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ်ပျံသန်း၍ လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းက ရှုရပ်၏အရှေ့ဘယ် ၄၅ ဒီဂရီ မြင်ကွင်းမှ ပျံသန်း၍လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှ ပျံသန်း၍လည်းကောင်း၊ ATR 72 သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းက ရှုရပ်၏ရှေ့တည့်တည့်မှ ပျံသန်း၍လည်းကောင်း၊ K-8 W တိုက်ခိုက်ရေးလေယာဉ် ၂ စင်းက Echelon Formation ပုံစံဖြင့် ရှုရပ်၏ရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှပျံသန်း၍ လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၃ စင်းက ရှုရပ်၏အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှဝင်ရောက်ကာ Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ် ၃ စင်းက ပွဲကြည့်စင်နောက်မှ ရှုရပ်၏အရှေ့ဘက်သို့ ပျံသန်း၍ Flare မီးကျည်များ ထုတ်လွှတ်၍လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်အား အလေးပြုကြသည်။ လေယာဉ်၊ ရဟတ်ယာဉ်များ၏ ပျံသန်းခြင်းဆိုင်ရာ စွမ်းရည်ပြသမှုများကို ညဘက်တွင် ထူးခြားစွာ မြင်တွေ့ရသည်မှာ ကြည့်ရှုရသူပရိသတ်များအဖို့ ရင်သပ်ရှုမောဖွယ် ဖြစ်ပါသည်။ထို့ပြင် (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကျင်းပသော နေပြည်တော်စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသည့် မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်ကြီးကို လည်းကောင်း ဝင့်ထည်စွာ တွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေး မှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့်လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်၌ စစ်ကြောင်းများ၏ကိုယ်စားပြု အရောင်အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့်လည်းကောင်း၊ စစ်ရေးပြကွင်းကြီး၏အဝင်မုခ်ဦးတွင် LED Strip Light များအသုံးပြု၍ စစ်ကြောင်းကြီးများ၏ ကိုယ်စားပြုအရောင်များအတိုင်း ပြောင်းလဲအလှဆင်၍လည်းကောင်း၊ လမ်းဘေး ဝဲ၊ ယာ တစ်လျှောက်၌လည်း မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့်ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုသည့်စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်းကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံ စင်မြင့်မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့်လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED Street Light များဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မမင်းအောင်လှိုင် ပြန်လည်ထွက်ခွာမည့် လမ်းတစ်လျှောက်တွင်လည်း Flag Light Box များ၊ LED Street Light များဖြင့် အသီးသီးပုံဖော်အလှဆင်ထားသည်ကိုတွေ့မြင်နိုင်ပါသည်။ဤသို့ဤနှယ် ခမ်းနားထည်ဝါလှသော စစ်ရေးပြ အခမ်းအနားကြီးသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားစစ်သံရုံးမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ တပ်မတော်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတအစည်းအရုံး၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ အင်ပြည့်အားပြည့်တက်ရောက်လာကြသည်ကိုလည်း တွေ့ရသည်။အနှစ်ချုပ်ဆိုရပါသော် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် ယနေ့အချိန်ထိ မည်သည့်ခေတ်စနစ်တွင်မဆို နိုင်ငံတော်နှင့် ပြည်သူတို့ အကျပ်အတည်း ဘေးဒုက္ခကြုံတွေ့တိုင်း အစဉ်အမြဲလက်တွဲ ဦးဆောင်၍ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်မှာ မြန်မာ့တပ်မတော်ပင်ဖြစ်ပါသည်။ ဤသို့လျှင် နိုင်ငံတော်နှင့်ပြည်သူအတွက် သမိုင်းမှတ်တိုင်ကောင်းများစိုက်ထူ၍ မရပ်မနားခရီးနှင်ခဲ့သော ပြည်ထောင်စုတပ်မတော်ကြီးမှာ မွန်မြတ်သည့်လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်း၍ သမိုင်းအစဉ်အလာ ကောင်းများနှင့်အညီ “အမိမြေအတွက် ဆက်လက်အောင်ပွဲချီ” လျက်ရှိပါကြောင်း စာပန်းချီခြယ်မှုန်း၍ ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။MWD

နှစ်စဉ် မပြတ်ဖော်သရွေ့

တပ်မတော်နေ့ ထာဝရတည်။

ရှစ်ဆယ့်တစ်ကြိမ် ဂုဏ်အမြင့်

ဂုဏ်ဆင့်ပါမည်။

တပ်မတော်အတွက် စာစီ

တွဲလက်ညီ ဖော်ညွှန်း။

ရွှေနိုင်ငံ ရွှေတစ်ခေတ်

ထုဆစ်မော်ကွန်း။       

မတ်လရက်မွန် နှစ်ဆယ့်ခွန်သို့ ရောက်ရှိခဲ့ပေပြီ။ ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍ ဖူးပုရစ်တို့ မြူးလှစ်သည့်အချိန်အခါပါပေ။  နွေ၏ပြကွင်းပြကွက်တို့သည် အားမာန်အပြည့်ဖြင့် ထပ်လောင်းပေါင်းစပ်လျက်ရှိသည်။ အဟောင်းအဟောင်းတို့နေရာ၌  အသစ်အသစ်တို့   ဖြစ်ထွန်းတိုးတက်လာရသည့်ပမာ   ရေအလျဉ်သဖွယ် စဉ်ဆက်မပြတ် စီးဆင်းနေသော အင်အားသရုပ်ကို   ဖော်ထုတ်ပြသနေသည့် မြင်ကွင်းတစ်ရပ်လည်းမည်ပါပေသည်။

ဤရာသီအခါသမယမှာ မြန်မာ့သမိုင်းစဉ်နှင့် ဆက်စပ်ကြည့်မည်ဆိုပါလျှင်လည်း  ထင်ရှားသော  ကမ္ပည်းမှတ်တိုင်တစ်ခုကို တွေ့ကြရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော မြန်မာ့တပ်မတော်၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး၏   စည်းလုံးညီညွတ်မှုဖြင့် ဖက်ဆစ်တို့ကို  မြန်မာ့မြေပေါ်မှမောင်းထုတ်နိုင်ခဲ့သည့် အချိန်ကာလဖြစ်သည်။ ဖက်ဆစ်ဂျပန်များကို ကျူပင်ခုတ် ကျူငုတ်မကျန်တော်လှန်တိုက်ထုတ်နိုင်ခဲ့သော မတ်လ ၂၇ ရက်နေ့သည် တပ်မတော်နေ့ပင်ဖြစ်သည်။    လွတ်လပ်ရေးတည်းဟူသော မြစ်တစ်စင်းမှာ တိုင်းရင်းသားပြည်သူတို့၏   တစ်စိတ်တစ်ဝမ်းတည်းသောစိတ်ဖြင့် လက်တွဲညီညွတ်ခဲ့သည့်   ဤမည်သော အခါသမယတွင် မြစ်ဖျားခံစီးဆင်းခဲ့ခြင်း ဖြစ်သည်။ 

မြန်မာ့တပ်မတော်သည်     စွမ်းရည်သုံးရပ်နှင့်ပြည့်စုံပြီး      တစ်ဦးချင်းကိုယ်ကျိုးကို  ပဓာနမထားဘဲ အများအကျိုးကို ဦးစားပေး ထမ်းရွက်လျက်ရှိသည့် နိုင်ငံတော်၏  အခိုင်မာဆုံးသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ တပ်မတော်သားများသည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသူများဖြစ်ပြီး နိုင်ငံတော်နှင့်    နိုင်ငံသားများအပေါ်  သစ္စာစောင့်သိရိုသေကြသူများဖြစ်သည်။ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊      လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တစိုက်မတ်မတ် ထမ်းဆောင်နေကြသူများဖြစ်သည်။    တပ်မတော်၏အခန်းကဏ္ဍအရေးကြီးပုံကို    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်    ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၃၇ တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည် ဟု     ပြဋ္ဌာန်းထားသည်။   မွန်မြတ်သည့်စိတ်ဓာတ်၊ ခိုင်မာသည့် ယုံကြည်ချက်၊ ရဲရင့်သည့်သတ္တိတို့ဖြင့် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် မိမိတို့၏ ရင်နှစ်သည်း ချာများကဲ့သို့ ရင်းနှီးနွေးထွေး၍ အားကိုးအားထား ပြုကြလျက်ရှိသည့် မိဘပြည်သူ၊  တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအတွက်  နှစ်စဉ် မတ်လ ၂၇ ရက်နေ့သို့ရောက်ရှိလေတိုင်း   တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားများကို  ခမ်းနားထည်ဝါစွာ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၈၁)နှစ်သို့တိုင်ရောက်ရှိခဲ့ပြီဖြစ်သည်။

မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ သန္ဓေတည် ပေါက်ဖွားလာခဲ့၍  ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုတပ်မတော်ဖြစ်သည်။  တိုင်းရင်းသားပြည်သူတို့၏ အကျိုးကိုသာလျှင် အစဉ်ရှေးရှု ဆောင်ရွက်ခဲ့သောတပ်မတော်ဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံတော် ပြိုကွဲပြီး ပြည်သူတို့ သူ့ကျွန်ဘဝ ပြန်လည်ရောက်ရှိသွားနိုင်သည့်    အခြေအနေဆိုးများ ကျရောက်လာတိုင်း   အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့်  ပြည်သူတို့၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတော် အဓွန့်ရှည်ရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အစဉ်တာဝန်ကျေပွန်ခဲ့သောတပ်မတော် ဖြစ်သည်။

ဤသို့လျှင်  သမိုင်းကြောင်း အစဉ်အလာကြီးမားလှသည့် မြန်မာ့တပ်မတော်သားတို့အတွက်  ဂုဏ်ယူမြတ်နိုးဖွယ်ရာဖြစ်သော (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးကို  စည်စည်ကားကား၊ ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါကျင်းပနေသည့် မြင်ကွင်းကျယ်ကြီးမှာ နိုင်ငံသားတစ်ယောက်အဖို့    အားမာန်အပြည့်ဖြင့် ဇာတိသွေး၊ ဇာတိမာန်များ နိုးကြားထက်သန်လာသည်အထိ  ခံစားရစေပါသည်။ စစ်ကြောင်းကြီးများချီတက်ရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်နှင့် ပြည်သူ ကြည်ဖြူစွာ မေတ္တာတုံ့လှယ်နေကြသည့် မြင်ကွင်းပုံရိပ်များကလည်း ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းလှသည်။ 

ပင်လောင်းလမ်းဆုံတစ်လျှောက်နှင့် စစ်ရေးပြကွင်းကြီးအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊   နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတအနုပညာရှင်များ၊  ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့်   ဒေသခံပြည်သူများကလည်း  စစ်ရေးပြစစ်ကြောင်းကြီးများကို ဂုဏ်ပြုပန်းကုံးများဖြင့်   ကြိုဆိုရန် သောင်းသောင်းဖြဖြကြိုဆိုစောင့်ဆိုင်းနေကြသည်မှာ အားတက်ဖွယ်ပင်ဖြစ်သည်။

စစ်ရေးပြမှူးကြီး၏ “တပ်ပေါင်းဟူသော အမိန့်သံအဆုံးတွင် တပ်မတော်နေ့အခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊  ဆင်ဖြူရှင်စစ်ကြောင်း၊   ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့က အမိန့်စဉ်အတိုင်းပါဝင်ချီတက်ရန် အသင့်ပြင်ထားကြပြီးဖြစ်သည်။ 

စစ်ရေးပြစစ်ကြောင်းကြီးတွင်ပါဝင်ကြသည့်   တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲများ၏ အသွင်သဏ္ဌာန်မှာ တည်ကြည်ခံ့ညားလျက်ရှိသည်။ စစ်ရေးပြအခမ်းအနားအတွက် တူညီဝတ်စုံများနှင့် ချပ်ဝတ်တန်ဆာများကို သပ်ရပ်ညီညာစွာ စနစ်တကျ ဝတ်ဆင်ထားသည်။ ဇာတိသွေး၊ ဇာတိမာန်ကိုတက်ကြွစေသည့်    စစ်ချီသီချင်းများကို အားအပြည့်၊ မာန်အပြည့်  သံပြိုင်ညီညာသီဆိုကြပြီး  တက်ကြွ၊ ညီညာ၊ သွက်လက်သည့် ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးတွင် ပါဝင်ဆင်နွှဲရသည်ကို  ကိုယ်စီကိုယ်စီ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း ပေါ်လွင်လှပါသည်။

ထို့ပြင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့် ပင်လောင်းလမ်းဆုံတွင်  မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွလာစေရန် ကြည်း၊ ရေ၊ လေ   စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို   ဖော်ကျူးထားသည့် ပိုစတာကြီးများကိုလည်း  လမ်းတစ်လျှောက်တွေ့မြင်ရသည်။ ပင်လောင်းလမ်း တစ်လျှောက်၏  လမ်းဘေး ဝဲ၊  ယာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့်လိုက်ဖက်ညီစွာ သစ်ပင်ပန်းပင်များကို လှပညီညာ စိုက်ပျိုးထားပြီး အလှမီးပန်းများ၊ ရောင်စုံမီးဆိုင်းများဖြင့်   အလှဆင်ထားသည်မှာ   ရှု၍မငြီးနိုင်အောင်ပင်ဖြစ်သည်။ နေရာအလိုက်၊ အခန်းကဏ္ဍအလိုက် အခမ်းအနားအပြင်အဆင်များကို   စစ်ရေးပြအခမ်းအနားကြီးနှင့် လိုက်လျောညီစွာ   အသေးစိတ်ကအစ စနစ်တကျ စီမံဆောင်ရွက်ထားသည်မှာ တပ်မတော်နှင့် တပ်မတော်သားများ၏ စည်းကမ်းကျနသေဝပ်မှုကို ပုံဆောင်ပြသနေသကဲ့သို့ရှိပါသည်။

အခမ်းအနားကြီးကျင်းပရာနေရာဌာနအားလုံးတို့၌ လျှပ်စစ်မီးများဖြင့် ထိန်ထိန်ညီးညီးထွန်းလင်းနေသဖြင့်  ညဘက်ဖြစ်သော်လည်း  နေ့ခင်းအချိန်အလား  လင်းလင်းကျင်းကျင်းရှိနေပါသည်။ 

ထိုမျှမကသေး    စစ်ရေးပြကွင်းကြီးဆီသို့  ချီတက်ရာလမ်းတစ်လျှောက်တွင်  တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ်နှစ် ဘာသာဖြင့် ဆိုင်းဘုတ်များ စိုက်ထူကာပြသထားသည်။ စာတန်းများ ချိတ်ဆွဲရာတွင်လည်း   ရဲစွမ်းသတ္တိကို ပြသရာရောက်သည့်    အနီရောင်ကို အောက်ခံအရောင်အဖြစ် အသုံးပြုထားပြီး ၎င်းအနီရောင်အပေါ်တွင်   ရွှင်လန်းတက်ကြွမှု၊ ချစ်ခင်ရင်းနှီးမှုနှင့်  ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို   ခံစားရရှိနိုင်စေရန် အဝါရောင်စာလုံးကြီးများဖြင့် ထင်ထင်ရှားရှားပုံဖော်ကာ   (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုလျက်ရှိနေသော ပုံရိပ်အငွေ့အသက်များဖြစ်ပေါ်လာအောင် ပြသထားသည်ကိုတွေ့မြင်ရသည်။

စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးကြီးကိုလည်း  ခမ်းနားထည်ဝါစွာတွေ့မြင်ရသည်။ လျှပ်စစ်မီးများဖြင့်အလှဆင်ထားပြီး ဆလိုက်မီးကြီးများ ထိုးထားသဖြင့်  မုခ်ဦးကြီး၏ ခမ်းနားထည်ဝါပုံကို   ခံ့ခံ့ညားညားမြင်တွေ့ရသည်။ မုခ်ဦးအတွင်း၌ ပုံဖော်ထားသည့် ပန်းအလှများအပြင် ထပ်မံ၍  ရောင်စုံမီးအလှများ  စီခြယ်ထားသည်ကို တွေ့ရသည်။  ထိန်ထိန်ညီးညီး ထွန်းတောက်တည်ရှိနေသည့် မီးရှူးတိုင်ကြီး၏ခံ့ညားမှုနှင့် အေးမြကြည်လင်မှုကိုပုံဖော်နေသည့် ရေပန်းအလှတို့ကလည်း တပ်မတော်သည် နိုင်ငံတော်အတွက် တောက်ပမှုအလင်းရောင်နှင့်အေးချမ်းသာယာမှုကို ဆောင်ကြဉ်းပေးနိုင်ရန် အစဉ်တည်ရှိနေခြင်းကို ပြသပေးနေသကဲ့သို့ ခံစားမိစေသည်။

တပ်မတော်နေ့  စစ်ရေးပြစစ်တီးဝိုင်းများ၏   စစ်သီချင်းတီးမှုတ်ပုံများ၊ စစ်ရေးပြစစ်ကြောင်းကြီးများတွင်   ပါဝင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ ဇာတိသွေး၊ ဇာတိမာန်အပြည့်  စစ်ချီတေးသီချင်းသီဆိုမှုများမှာ   နားသောတဆင်ရသူ ပြည်သူလူထု၏   ရင်ထဲ၊ အသည်းထဲ၊ စိတ်နှလုံးထဲတွင်    ရဲစိတ်ရဲမာန်များ တိုးပွားလာကာ မျိုးချစ်စိတ်ဓာတ်များတက်ကြွလာစေသည်။ စစ်ချီသီချင်းသံများမှာ တိမ်ယံကိုထွင်းဖောက်၍  ထက်ကောင်းကင်သို့ပင် လွင့်ပျံရောက်ရှိမတတ် အားမာန်တို့ဖြင့် ပြည့်လျှမ်း၍နေပါသည်။

စစ်ရေးပြစစ်ကြောင်းကြီးများချီတက်လာချိန်တွင် လမ်းတစ်လျှောက်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ    အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ   အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတအနုပညာရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စစ်ကြောင်းကြီးများကို  သောင်းသောင်းဖြဖြကြိုဆိုကြကာ  ဂုဏ်ပြုပန်းကုံးများ ချီးမြှင့်နေကြပုံမှာ    ကြည်နူးဖွယ်ကောင်းလှသည်။

စစ်ရေးပြကွင်းအတွင်းသို့ ယန္တရားစစ်ကြောင်းအပါအဝင်  စစ်ရေးပြမှူးကြီး ဦးဆောင်သော  စစ်ကြောင်းများက သတ်မှတ်နေရာတွင်  ဝင်ရောက်နေရာယူပုံ၊ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ   အမြောက် ၁၉ ချက်ပစ်ဖောက်ဂုဏ်ပြုပုံ၊      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းများက အလေးပြုပုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  တပ်ကိုစစ်ဆေးပုံ၊ မိန့်ခွန်းပြောကြားပုံ၊ မိန့်ခွန်းပြောကြားအပြီးတွင်  စစ်ရေးပြမှူးကြီးဦးဆောင်သော  စစ်ကြောင်းများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပုံ၊   တစ်ချိန်တည်းမှာပင်  တပ်မတော်(လေ)မှ  လေယာဉ်၊ ရဟတ်ယာဉ်များကလည်း  ကောင်းကင်ယံမှ သရုပ်ပြပျံသန်းပြီးအလေးပြုပုံ၊ စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပုံ စသည့် စစ်ရေးပြ အခမ်းအနားအစီအစဉ်များကို လေ့ကျင့်သားပြည့်ဝမှု၊ စည်းကမ်းကောင်းမွန်မှု၊  အမိန့်နာခံမှု၊  စုစည်းညီညွတ်မှုတို့ဖြင့် စနစ်တကျ ဆောင်ရွက်သွားသည်ကိုတွေ့ရသည်။

ထို့ပြင်  ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MTX – 1 A  လေယာဉ် ၁ စင်းနှင့် PT-6 လေယာဉ် ၂ စင်း တို့က ရှုရပ်၏ရှေ့တည့်တည့်မှ Composite Formation ပုံစံဖြင့်လည်းကောင်း၊ Mi-17 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ Mi-2M ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာ ဘက်သို့ပျံသန်း၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ H-125  ရဟတ်ယာဉ်  ၂  စင်းက ရှုရပ်၏ အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှ ဝင်ရောက်လာပြီး Echelon  Formation ပုံစံဖြင့် ဒုတိယအကြိမ် ပျံသန်း၍လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စင်းက ရှုရပ်၏ရှေ့တည့်တည့်မှဝင်ရောက်ပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ်ပျံသန်း၍လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် ၂ စင်းက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီမှဝင်ရောက်လာပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ်ပျံသန်း၍ လည်းကောင်း၊ BEECH 1900D အမျိုးအစား   သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းက ရှုရပ်၏အရှေ့ဘယ်  ၄၅ ဒီဂရီ မြင်ကွင်းမှ ပျံသန်း၍လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှ ပျံသန်း၍လည်းကောင်း၊  ATR 72  သယ်ယူပို့ဆောင်ရေးလေယာဉ်  ၁ စင်းက ရှုရပ်၏ရှေ့တည့်တည့်မှ ပျံသန်း၍လည်းကောင်း၊ K-8 W တိုက်ခိုက်ရေးလေယာဉ် ၂ စင်းက Echelon  Formation ပုံစံဖြင့် ရှုရပ်၏ရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှပျံသန်း၍ လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၃ စင်းက ရှုရပ်၏အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှဝင်ရောက်ကာ Arrow Head  Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်  ၃ စင်းက ပွဲကြည့်စင်နောက်မှ ရှုရပ်၏အရှေ့ဘက်သို့ ပျံသန်း၍ Flare မီးကျည်များ ထုတ်လွှတ်၍လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းကြပြီး  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မမင်းအောင်လှိုင်အား အလေးပြုကြသည်။   လေယာဉ်၊ ရဟတ်ယာဉ်များ၏ ပျံသန်းခြင်းဆိုင်ရာ စွမ်းရည်ပြသမှုများကို  ညဘက်တွင် ထူးခြားစွာ မြင်တွေ့ရသည်မှာ ကြည့်ရှုရသူပရိသတ်များအဖို့     ရင်သပ်ရှုမောဖွယ် ဖြစ်ပါသည်။

ထို့ပြင် (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကျင်းပသော နေပြည်တော်စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့်   တတိယမြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသည့် မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့်   (၈၁)နှစ်မြောက်  တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်ကြီးကို လည်းကောင်း ဝင့်ထည်စွာ တွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်အလံ၊    ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊  တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)     ညွှန်ကြားရေး မှူးရုံးအလံများ၊    တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့်လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။

စစ်ကြောင်းကြီးများ    ချီတက်ရာ လမ်းကြောင်းတစ်လျှောက်၌ စစ်ကြောင်းများ၏ကိုယ်စားပြု အရောင်အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့်လည်းကောင်း၊ စစ်ရေးပြကွင်းကြီး၏အဝင်မုခ်ဦးတွင် LED Strip Light များအသုံးပြု၍ စစ်ကြောင်းကြီးများ၏ ကိုယ်စားပြုအရောင်များအတိုင်း ပြောင်းလဲအလှဆင်၍လည်းကောင်း၊ လမ်းဘေး ဝဲ၊ ယာ တစ်လျှောက်၌လည်း မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့်ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုသည့်စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့်  ပုံဖော်၍လည်းကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံ စင်မြင့်မျက်နှာမူရာရှိ     သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့်လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED  Street  Light  များဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ  သတိုးသီရိ သုဓမ္မမင်းအောင်လှိုင် ပြန်လည်ထွက်ခွာမည့် လမ်းတစ်လျှောက်တွင်လည်း Flag Light Box များ၊ LED Street Light များဖြင့် အသီးသီးပုံဖော်အလှဆင်ထားသည်ကိုတွေ့မြင်နိုင်ပါသည်။

ဤသို့ဤနှယ် ခမ်းနားထည်ဝါလှသော စစ်ရေးပြ အခမ်းအနားကြီးသို့ နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊  တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားစစ်သံရုံးမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်   (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ  ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများနှင့်  ဝန်ထမ်းများ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းတို့မှ    တာဝန်ရှိသူများ၊ တပ်မတော်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပြိုင်ပွဲများတွင်  ဆုရရှိသူများ၊ သတင်းမီဒီယာကောင်စီ၊   ရုပ်ရှင်သဘင်ဂီတအစည်းအရုံး၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ  အင်ပြည့်အားပြည့်တက်ရောက်လာကြသည်ကိုလည်း တွေ့ရသည်။

အနှစ်ချုပ်ဆိုရပါသော် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် ယနေ့အချိန်ထိ မည်သည့်ခေတ်စနစ်တွင်မဆို  နိုင်ငံတော်နှင့် ပြည်သူတို့ အကျပ်အတည်း ဘေးဒုက္ခကြုံတွေ့တိုင်း    အစဉ်အမြဲလက်တွဲ ဦးဆောင်၍ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်မှာ  မြန်မာ့တပ်မတော်ပင်ဖြစ်ပါသည်။ ဤသို့လျှင်  နိုင်ငံတော်နှင့်ပြည်သူအတွက် သမိုင်းမှတ်တိုင်ကောင်းများစိုက်ထူ၍ မရပ်မနားခရီးနှင်ခဲ့သော ပြည်ထောင်စုတပ်မတော်ကြီးမှာ မွန်မြတ်သည့်လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်း၍ သမိုင်းအစဉ်အလာ ကောင်းများနှင့်အညီ “အမိမြေအတွက် ဆက်လက်အောင်ပွဲချီ လျက်ရှိပါကြောင်း စာပန်းချီခြယ်မှုန်း၍ ဂုဏ်ပြုရေးသားလိုက်ရပါသည်။     ။

MWD

ရဲခေါင်

ရဲသွေးညီညီ သစ္စာတည်၍ သည်မြေနန်းအတွက် နှင်းဆက်ဂုဏ်ဖော် မြန်မာ့တပ်မတော်
-
ယနေ့မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးအတွက် သန္ဓေတည်၍ မွေးဖွားခဲ့သော တပ်မတော်တစ်ရပ်ဖြစ်၏။ တိုင်းတစ်ပါးအောက်ဖိနှိပ်ခံဘဝတွင် ကိုယ့်ထီးကိုယ့်နန်းဟူသော လွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ နှလုံးသားများနှင့်အတူ ရည်စူးမျှော်မှန်းခဲ့ကြသည်။ နယ်ချဲ့တို့သည် မြန်မာတို့၏ ထီးနန်းနှင့် နယ်နိမိတ်ကို သိမ်းပိုက်နိုင်ခဲ့ကြ၏။ သို့သော် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကိုမူ မသိမ်းပိုက်နိုင်ခဲ့ကြပေ။မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ နိုးကြားလာမှုမှသည် သူ့ကျွန်မခံလိုစိတ်များ ထပ်မံမွေးဖွားပေးခဲ့သည်။ ထိုမှတစ်ဆင့် လွတ်လပ်ရေးအတွက် နယ်ချဲ့တို့ကို နေရာအနှံ့ တိုက်ထုတ်ခဲ့ကြသော်လည်း စုစည်းမှုမရှိသော ကာကွယ်ရေးအင်အားစုကြောင့် လွတ်လပ်ရေးဟူသော မျှော်မှန်းချက်ပန်းတိုင်မှာ လွန်စွာအလှမ်းကွာဝေးခဲ့၏။ နယ်ချဲ့တို့ကဖိနှိပ်မှု၊ အခွင့်အရေးပေးမှုတို့ ရောပြွမ်းကာ သွေးခွဲအုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့ကြပြန်သည်။ မည်သို့ဆိုစေ အဓိကသော့ချက်ကား စုစည်း၍ ကျစ်လျစ်ခိုင်မာမှုရှိသော ကာကွယ်ရေးအင်အားစုတစ်ရပ် လိုအပ်နေခြင်းပင်ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ပြည်ပသို့တိတ်တဆိတ် ထွက်ခွာကာ စစ်ပညာများကို သင်ကြားခဲ့ကြသည်။ ဤသည်ကား ယနေ့မြန်မာ့တပ်မတော်၏ အမြုတေပင်ဖြစ်၏။ မြန်မာ့တပ်မတော်သည် ကိုယ်ကျိုးမဖက် နိုင်ငံနှင့် လူမျိုးအတွက် သက်စွန့်ကြိုးပမ်းမည်ဟူသော သန္နိဋ္ဌာန်စိတ် အပြည့်အဝရှိနေသည်မှာ အတိတ်သမိုင်းက သက်သေပင်။ အနှစ်ချုပ်လျှင် နိုင်ငံနှင့်လူမျိုးအတွက် စွန့်စားမှုသက်သက်ဖြင့် စုစည်းခဲ့သော မျိုးချစ်လူငယ်တစ်စု၏ ကြိုးပမ်းမှုကြောင့် ပေါ်ပေါက်ခဲ့ရသော တပ်မတော်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာများကိုခက်ခက်ခဲခဲသင်ယူခဲ့ကြရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရဲဘော်သုံးကျိပ်ရောက်ရှိလာပြီး မြန်မာလူငယ် ၂၀၀ ကျော်ကို စုစည်းနိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို စတင်ဖွဲ့စည်းခဲ့၏။ ဂျပန်တို့အကူအညီဖြင့် နယ်ချဲ့ကို တိုက်ထုတ်ခဲ့ကြသည်။ နယ်ချဲ့တို့ဆုတ်ခွာသွားသော်လည်း မြန်မာ့မြေပေါ်တွင် ဂျပန်တို့ကျန်ခဲ့သည်။ ဂျပန်များသည်လည်း ဖက်ဆစ်စနစ်ဖြင့် တင်းကျပ်စွာဖိနှိပ် အုပ်ချုပ်ခဲ့ကြသည်။ မျိုးချစ်စိတ်အရင်းခံဖြင့် အင်အားကြီးထွားလာသော ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ဂျပန်တို့ကဖျက်သိမ်းပြီး အင်အားလျှော့ကာ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော် ဂျပန်လက်အောက်တွင်သာဖြစ်၏။ BIA၊ BDA ဟူ၍မည်သို့ အမည်နာမပြောင်းလဲသည်ဖြစ်စေ၊ မပြောင်းလဲသည်ကား မျိုးချစ်စိတ်ဓာတ်နှင့် မြန်မာ့လွတ်လပ်ရေးဟူသော မျှော်မှန်းချက်ပန်းတိုင်ပင်။ ယင်းနောက် ဖက်ဆစ်တို့က ဗမာ့အမျိုးသားတပ်မတော် (BNA) ဟု အမည်ပြောင်းလဲခဲ့၏။ ၁၉၄၃ ခုနှစ်တွင် တပ်မတော်သည် ဖက်ဆစ်တို့ကို တိုက်ထုတ်ရန် စတင်ပြင်ဆင်ခဲ့သည်။ တပ်မတော်သည် မဟာမိတ်တို့နှင့် လျှို့ဝှက်စွာအဆက်အသွယ်ရခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် တပ်မတော်သည် ပြည်သူလူထု၏ ထောက်ခံမှုအပြည့်အဝရရှိကာ တစ်သားတည်းပိုမိုဖြစ်တည်ခဲ့သည်။၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည် ဖက်ဆစ်ဂျပန်တို့ကို တရားဝင်စစ်ကြေညာကာ တိုက်စစ်ဆင်နွှဲပြီး တိုက်ထုတ်ခဲ့၏။ ထိုနေ့ကို ယနေ့တပ်မတော်နေ့အဖြစ် ဝံ့စားဂုဏ်ယူစွာ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ဗြိတိသျှတို့ ဒုတိယခြေလှမ်းအနေဖြင့် မြန်မာ့မြေပေါ်သို့ ဝင်ရောက်ခြေချခဲ့ကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာ့တပ်မတော်သည် သည်တစ်ကြိမ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းနိုင်ခဲ့သည်။ နောက်ဆုံးလွတ်လပ်ရေးတိုက်ပွဲသည် နိုင်ငံရေးနည်းဖြင့် ရယူခဲ့သည်ဟုဆိုရမည်။ သို့သော် နိုင်ငံရေးနည်းဖြင့် မရရှိပါက တပ်မတော်သည် စစ်ရေးနည်းဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်ရန်လည်း ဆုံးဖြတ်ထားပြီးဖြစ်သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၇ ခုနှစ် အတွင်း မြန်မာ့တပ်မတော်သည် ကြည်း၊ ရေ၊ လေဟူသော စစ်လက်ရုံးများအပြင် အခြားစစ်လက်ရုံးများကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ တစ်နည်းဆိုရသော် အမျိုးသားတပ်မတော်တစ်ရပ်၏ ဂုဏ်အင်္ဂါရပ်များနှင့် ကုံလုံပြည့်စုံခဲ့၏။ ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် ဖွဲ့စည်းတည်ထောင်ထားသောကြောင့် ပြည်ထောင်စုတပ်မတော်ဟူသည့် အနှစ်သာရကို ကောင်းစွာပြသနိုင်သည်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် မြန်မာ့လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့သည်။ လွတ်လပ်ရေးခရီးအစတွင် နိုင်ငံရေးအယူအဆများကွဲပြားပေါ်ပေါက်ခဲ့သည်။နိုင်ငံရေးအယူအဆ၊ အယူဝါဒကွဲပြားခြင်းသည် အပြစ်မဟုတ်သော်လည်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များ၏အမှားဟုဆိုရမည်။ နိုင်ငံရေး၏အဖော်သည် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြစ်၏။ အကြမ်းဖက်ခြင်း၏အဖော်ကား လက်နက်ကိုင်လမ်းစဉ်ဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် နိုင်ငံရေးအတွက်၊ နိုင်ငံ့အရေးအတွက် အဖြေကောင်းတစ်ခုမရနိုင်။ ၎င်းတို့စတင် လမ်းမှားခဲ့ကြသည့် ၁၉၄၈ - ၁၉၄၉ ခုနှစ်များ၏ ပြည်တွင်းသောင်းကျန်းမှု မီးတစ်စမှာ ယနေ့တိုင် အလုံးစုံမငြိမ်းသေးပေ။၁၉၄၈ - ၁၉၄၉ ခုနှစ် ပြည်တွင်းသောင်းကျန်းမှု အကျပ်အတည်း၊ ၁၉၅၈ခုနှစ် ပြည်ပကျူးကျော်မှုနှင့် ပြည်တွင်းသောင်းကျန်းမှု၊ ၁၉၆၂ ခုနှစ် ပြည်နယ်များခွဲထွက်မည့်အကျပ်အတည်း၊ ၁၉၈၈ခုနှစ် လူထုဆူပူအုံကြွမှုနှင့် ပြည်တွင်းသောင်းကျန်းမှု အကျပ်အတည်းဟူသော နိုင်ငံ့အကျပ်အတည်းကြီးလေးခုရှိခဲ့သည်။ ထိုကာလအကျပ်အတည်းများကြားတွင် မြန်မာ့တပ်မတော်သည် ပြည်သူကို ငဲ့ကွက်ခဲ့သလို တပ်မတော်သားများသည် ၎င်းတို့အသက်ထက် ပြည်သူများ၏ အသက်ကိုပိုမိုအလေးထားခဲ့သည်။ နိုင်ငံအပေါ် သစ္စာစောင့်သိခဲ့သည်။ ခေါင်းရှောင်၍ ကျောမခိုင်းခဲ့။ ဦးဆောင်၍သာ နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့၏။ နိုင်ငံတစ်နိုင်ငံ၏ အဓိက ကဏ္ဍကြီးများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို ဦးတည်ချက်များချမှတ်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊ နိုင်ငံရေးပါတီများအားကောင်းစေရေး စသည့်လုပ်ငန်းအသွယ်သွယ်ကို ဦးလည်မသုန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုမျှမက တပ်မတော်တစ်ရပ် အင်အားတောင့်တင်းခိုင်မာရေးကိုလည်း တစိုက်မတ်မတ်ဦးတည်ဆောင်ရွက်ခဲ့သည်။ တပ်မတော်သည် အခက်အခဲ၊ အကျပ်အတည်းအမျိုးမျိုးကြားမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အတူ ခိုင်မာသည့်ဒီမိုကရေစီအစိုးရတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ခဲ့၏။ လွတ်လပ်ရေးကြိုးပမ်းမှုမှ ပါတီစုံဒီမိုကရေစီ စနစ်ပေါ်ထွန်းလာချိန်ထိ တပ်မတော်၏ နိုင်ငံရေးစွမ်းရည်နှင့် စစ်ရေးစွမ်းရည်ကို ကောင်းစွာတွေ့မြင်နိုင်မည်ဖြစ်သည်။ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏”ဆိုသည့် ကတိသစ္စာအတိုင်း တပ်မတော်သည် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ကို သန္ဓေတည်ကာ သစ္စာရှိစွာဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် စောင့်ရှောက်သူအဖော်မွန်အဖြစ် အမြဲအသင့်ရှိနေခဲ့သည်။၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအစိုးရ ပထမသက်တမ်းတွင် ပေါ်ပေါက်လာသော အစိုးရနှင့်အတူ ခန့်အပ်ခဲ့သည့် တပ်မတော်အကြီးအကဲများသည် တွဲလက်ညီခဲ့ကြ၏။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အပြောင်းအလဲတစ်ရပ်ဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတော်နှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပိုမိုပီပြင်အောင် ပုံဖော်နိုင်ခဲ့သည်။ နိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။ (NCA) သည် ဆွေးနွေးမှုပေါင်းများစွာ အပါအဝင် ပြည်တွင်းပြည်ပ ပညာရှင်များရှေ့မှောက်တွင် အသိသက်သေများနှင့်တကွ ဖြစ်တည်လက်မှတ်ရေးထိုးခဲ့သော သမိုင်းဝင်စာချုပ် တစ်ခုဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးခရီးလမ်းအတွက် အခိုင်မာဆုံးသော ကတိကဝတ် သို့မဟုတ် လမ်းတစ်သွယ်ဖြစ်သည်။ပြည်သူအများ လိုလားသော ငြိမ်းချမ်းရေးလမ်းကို တိုင်းရင်းသားလက်နက်ကိုင်အချို့ လက်ခံလျှောက်လှမ်းခဲ့ကြသည်။ အချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကား ငြိမ်းချမ်းရေးဟူသော ပြည်သူ့ဆန္ဒကို ကျောခိုင်းငြင်းဆန်ခဲ့၏။ ပြည်သူများဘက်ကပြန်ကြည့်လျှင် စိတ်မကောင်းဖွယ်ရာ ပင်။ ပါတီစုံဒီမိုကရေစီပထမသက်တမ်း၌ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်နှင့် တိုင်းရင်းသားပြည်သူများ ကြုံတွေ့ခဲ့ရသည်။ ထိုသို့ကြုံတွေ့လာချိန်၌ တပ်မတော်သည် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ကျေပွန်စွာထမ်းဆောင်ပေးခဲ့သည်။ ကျန်းမာရေးကဏ္ဍအတွက် နာဂဒေသကဲ့သို့သော ဝေးလံခေါင်သီသည့် ဒေသများအထိ တပ်မတော်ဆရာဝန်များ စေလွှတ်ကာ စောင့်ရှောက်ပေးခြင်း၊ နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးများနှင့်ပြည်နယ်များအလိုက်အဖွဲ့များခွဲ၍ စေလွှတ်ပေးခြင်းများဖြင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးကို တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အစိုးရနှင့်အတူလက်တွဲပြီး အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဆက်လက်ထမ်းဆောင်မည့် အစိုးရထံသို့ တည်ငြိမ် ချောမွေ့စွာ အာဏာလွှဲပြောင်းပေးနိုင်သည်အထိ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါတီစုံဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် ဖြစ်ပေါ်ခဲ့သည့် လောက်ကိုင်ဒေသလက်နက်ကိုင် ပဋိပက္ခ၊ ရခိုင်ပြည်နယ်အရေးပဋိပက္ခများတွင်လည်း ဦးလည်မသုန် ကြိုးပမ်းထမ်းရွက်ပေးခဲ့သည်။ တပ်မတော်သည် စွမ်းရည်ရှိသည့်ခေတ်မီတပ်မတော်တစ်ရပ် (Standard Army) တည်ဆောက်ရေး၊တပ်တည်ဆောက်ရေးတာဝန်များ၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ကြိုးပမ်း ထမ်းရွက်နိုင်ခဲ့သည်။၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွ ေရွေးကောက်ပွဲတွင် မဲမသမာမှုရလဒ်များဖြစ်ပေါ်ခဲ့ပြီး တည်ဆဲအစိုးရအနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းပေးမှုမရှိဘဲ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ရသည်။ ဤတွင်သမိုင်းက အတိတ်ပုံရိပ်များအတိုင်း တစ်ပတ်ပြန်လည်သွားခဲ့၏။ လမ်းမထွက်ဆန္ဒပြမှု၊ ဆူပူအုံကြွမှုများကတစ်ဆင့် အသိမကြွယ်သည့် လူငယ်များကို အသုံးချကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြ၏။ ထိုအချိန်တွင် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကို ခံစားနေရချိန်ဖြစ်သည်။ နိုင်ငံရေးအမြင်မတူမှုကို အခွင့်ကောင်းယူကာ အသိမဲ့စွာ ကျောခိုင်းခဲ့သည့် အချို့သောကျန်းမာရေး ဝန်ထမ်းများနေရာ၌ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များကို အစားထိုးကာ ပြည်သူတစ်ရပ်လုံး၏ သက်ရှည်ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ရသည်။ အစိုးရယန္တရားများ ရပ်ဆိုင်းနိုင်သည်အထိ တိုက်ခိုက်လာမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များအထိ စနစ်တကျဖွဲ့စည်း၍ နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင် မပျက်ယွင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံကာ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင် စတင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံအလယ်ပိုင်းရေကြီးရေလျှံမှု၊ ၂၀၂၅ ခုနှစ်မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးမြေငလျင်စသော ကြီးမားသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှု၌ နိုင်ငံတော်အကြီးအကဲဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် (ကြည်း၊ရေ၊ လေ) တပ်မတော်သားအားလုံးသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်အတွက် မဆုတ်မနစ် ဝိုင်းဝန်းကူညီကြိုးပမ်းထမ်းရွက်ခဲ့သည်။ တစ်ဖက်တွင်လည်း NUG နှင့် သစ္စာမဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စနက်မီးကြောင့် ကြီးထွားလာသော PDF အကြမ်းဖက်များ၏ အန္တရာယ်ကိုလည်း တားဆီးနှိမ်နင်းရပြန်သည်။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ပိတ်ဆို့ခဲ့သော ဆက်သွယ်ရေးလမ်းကြောင်းများ၊ သောင်းကျန်းသူများ လှုပ်ရှားစိုးမိုးနေသော မြို့၊ ရွာများကို ပြန်လည်သိမ်းပိုက်ကာ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ အနိုင်ရရှိသော အစိုးရအား နိုင်ငံတော်၏တာဝန်များကို ပြန်လည်လွှဲပြောင်းပေးမည်ဟူသော လုပ်ငန်းစဉ် သဘောတရားများကို အစဉ်တစိုက်တွေ့ရမည်ဖြစ်သည်။ ဆိုခဲစေ မြဲစေဆိုသည့်အတိုင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ စတင်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အပိုင်းသုံးပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော်မှ အပြည့်အဝဝိုင်းဝန်း ကူညီပေးခဲ့သည်။မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် သမိုင်းအစမှ ယနေ့ထက်တိုင် ညီညာရဲရင့်သောသတ္တိသွေးတို့ဖြင့် သစ္စာရှိစွာရပ်တည်ရှင်သန်လျက်ရှိသည်။ နှလုံးသည်းပွတ်မျှ တန်ဖိုးထားအပ်သော ပြည်ထောင်စုအတွက်ဆိုလျှင် သမိုင်းဂုဏ်ရောင်ထွန်းပြောင်သည်အထိ သွေးအသက်တို့ကို နှင်းဆက်ကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ခိုင်ခိုင်မာမာ ယုံကြည်လျက်ရှိပါကြောင်း (၈၁)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။MWD

      ယနေ့မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးအတွက်  သန္ဓေတည်၍  မွေးဖွားခဲ့သော တပ်မတော်တစ်ရပ်ဖြစ်၏။ တိုင်းတစ်ပါးအောက်ဖိနှိပ်ခံဘဝတွင်     ကိုယ့်ထီးကိုယ့်နန်းဟူသော လွတ်လပ်ရေးအတွက်    တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ နှလုံးသားများနှင့်အတူ  ရည်စူးမျှော်မှန်းခဲ့ကြသည်။  နယ်ချဲ့တို့သည်  မြန်မာတို့၏  ထီးနန်းနှင့် နယ်နိမိတ်ကို သိမ်းပိုက်နိုင်ခဲ့ကြ၏။  သို့သော် မြန်မာတစ်မျိုးသားလုံး၏  မျိုးချစ်စိတ်၊  နိုင်ငံချစ်စိတ်ကိုမူ မသိမ်းပိုက်နိုင်ခဲ့ကြပေ။

မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ နိုးကြားလာမှုမှသည်    သူ့ကျွန်မခံလိုစိတ်များ ထပ်မံမွေးဖွားပေးခဲ့သည်။  ထိုမှတစ်ဆင့် လွတ်လပ်ရေးအတွက် နယ်ချဲ့တို့ကို  နေရာအနှံ့  တိုက်ထုတ်ခဲ့ကြသော်လည်း  စုစည်းမှုမရှိသော  ကာကွယ်ရေးအင်အားစုကြောင့်    လွတ်လပ်ရေးဟူသော မျှော်မှန်းချက်ပန်းတိုင်မှာ လွန်စွာအလှမ်းကွာဝေးခဲ့၏။ နယ်ချဲ့တို့ကဖိနှိပ်မှု၊      အခွင့်အရေးပေးမှုတို့ ရောပြွမ်းကာ   သွေးခွဲအုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့ကြပြန်သည်။ မည်သို့ဆိုစေ အဓိကသော့ချက်ကား    စုစည်း၍ ကျစ်လျစ်ခိုင်မာမှုရှိသော  ကာကွယ်ရေးအင်အားစုတစ်ရပ် လိုအပ်နေခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ပြည်ပသို့တိတ်တဆိတ် ထွက်ခွာကာ စစ်ပညာများကို သင်ကြားခဲ့ကြသည်။  ဤသည်ကား  ယနေ့မြန်မာ့တပ်မတော်၏  အမြုတေပင်ဖြစ်၏။ မြန်မာ့တပ်မတော်သည်  ကိုယ်ကျိုးမဖက် နိုင်ငံနှင့် လူမျိုးအတွက်  သက်စွန့်ကြိုးပမ်းမည်ဟူသော သန္နိဋ္ဌာန်စိတ်  အပြည့်အဝရှိနေသည်မှာ အတိတ်သမိုင်းက  သက်သေပင်။ အနှစ်ချုပ်လျှင် နိုင်ငံနှင့်လူမျိုးအတွက်  စွန့်စားမှုသက်သက်ဖြင့် စုစည်းခဲ့သော မျိုးချစ်လူငယ်တစ်စု၏  ကြိုးပမ်းမှုကြောင့် ပေါ်ပေါက်ခဲ့ရသော တပ်မတော်ဖြစ်သည်။ 

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည်   ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင်  စစ်ပညာများကိုခက်ခက်ခဲခဲသင်ယူခဲ့ကြရသည်။  ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့      ရဲဘော်သုံးကျိပ်ရောက်ရှိလာပြီး မြန်မာလူငယ် ၂၀၀  ကျော်ကို စုစည်းနိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇  ရက်နေ့တွင်     ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို စတင်ဖွဲ့စည်းခဲ့၏။ ဂျပန်တို့အကူအညီဖြင့် နယ်ချဲ့ကို တိုက်ထုတ်ခဲ့ကြသည်။     နယ်ချဲ့တို့ဆုတ်ခွာသွားသော်လည်း  မြန်မာ့မြေပေါ်တွင် ဂျပန်တို့ကျန်ခဲ့သည်။ ဂျပန်များသည်လည်း ဖက်ဆစ်စနစ်ဖြင့် တင်းကျပ်စွာဖိနှိပ် အုပ်ချုပ်ခဲ့ကြသည်။ 

မျိုးချစ်စိတ်အရင်းခံဖြင့်  အင်အားကြီးထွားလာသော  ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ဂျပန်တို့ကဖျက်သိမ်းပြီး အင်အားလျှော့ကာ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) ကို  ပြောင်းလဲဖွဲ့စည်းခဲ့သည်။  သို့သော်   ဂျပန်လက်အောက်တွင်သာဖြစ်၏။ BIA၊ BDA ဟူ၍မည်သို့ အမည်နာမပြောင်းလဲသည်ဖြစ်စေ၊ မပြောင်းလဲသည်ကား မျိုးချစ်စိတ်ဓာတ်နှင့် မြန်မာ့လွတ်လပ်ရေးဟူသော မျှော်မှန်းချက်ပန်းတိုင်ပင်။ 

ယင်းနောက်  ဖက်ဆစ်တို့က ဗမာ့အမျိုးသားတပ်မတော် (BNA) ဟု အမည်ပြောင်းလဲခဲ့၏။ 

၁၉၄၃ ခုနှစ်တွင် တပ်မတော်သည် ဖက်ဆစ်တို့ကို တိုက်ထုတ်ရန် စတင်ပြင်ဆင်ခဲ့သည်။  တပ်မတော်သည်  မဟာမိတ်တို့နှင့်    လျှို့ဝှက်စွာအဆက်အသွယ်ရခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် တပ်မတော်သည် ပြည်သူလူထု၏ ထောက်ခံမှုအပြည့်အဝရရှိကာ တစ်သားတည်းပိုမိုဖြစ်တည်ခဲ့သည်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည်  ဖက်ဆစ်ဂျပန်တို့ကို တရားဝင်စစ်ကြေညာကာ   တိုက်စစ်ဆင်နွှဲပြီး တိုက်ထုတ်ခဲ့၏။  ထိုနေ့ကို ယနေ့တပ်မတော်နေ့အဖြစ် ဝံ့စားဂုဏ်ယူစွာ   သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ 

ဗြိတိသျှတို့ ဒုတိယခြေလှမ်းအနေဖြင့် မြန်မာ့မြေပေါ်သို့ ဝင်ရောက်ခြေချခဲ့ကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာ့တပ်မတော်သည် သည်တစ်ကြိမ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းနိုင်ခဲ့သည်။ နောက်ဆုံးလွတ်လပ်ရေးတိုက်ပွဲသည် နိုင်ငံရေးနည်းဖြင့် ရယူခဲ့သည်ဟုဆိုရမည်။ သို့သော် နိုင်ငံရေးနည်းဖြင့် မရရှိပါက တပ်မတော်သည် စစ်ရေးနည်းဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်ရန်လည်း ဆုံးဖြတ်ထားပြီးဖြစ်သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၇ ခုနှစ် အတွင်း မြန်မာ့တပ်မတော်သည်   ကြည်း၊ ရေ၊  လေဟူသော  စစ်လက်ရုံးများအပြင် အခြားစစ်လက်ရုံးများကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။     တစ်နည်းဆိုရသော် အမျိုးသားတပ်မတော်တစ်ရပ်၏ ဂုဏ်အင်္ဂါရပ်များနှင့်   ကုံလုံပြည့်စုံခဲ့၏။ ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် ဖွဲ့စည်းတည်ထောင်ထားသောကြောင့် ပြည်ထောင်စုတပ်မတော်ဟူသည့် အနှစ်သာရကို  ကောင်းစွာပြသနိုင်သည်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့်  မြန်မာ့လွတ်လပ်ရေးကို  ရယူပေးနိုင်ခဲ့သည်။ 

လွတ်လပ်ရေးခရီးအစတွင်  နိုင်ငံရေးအယူအဆများကွဲပြားပေါ်ပေါက်ခဲ့သည်။

နိုင်ငံရေးအယူအဆ၊ အယူဝါဒကွဲပြားခြင်းသည် အပြစ်မဟုတ်သော်လည်း  လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များ၏အမှားဟုဆိုရမည်။ နိုင်ငံရေး၏အဖော်သည်  ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြစ်၏။  အကြမ်းဖက်ခြင်း၏အဖော်ကား  လက်နက်ကိုင်လမ်းစဉ်ဖြစ်သည်။    လက်နက်ကိုင်လမ်းစဉ်ဖြင့်  နိုင်ငံရေးအတွက်၊   နိုင်ငံ့အရေးအတွက် အဖြေကောင်းတစ်ခုမရနိုင်။    ၎င်းတို့စတင်   လမ်းမှားခဲ့ကြသည့်   ၁၉၄၈ - ၁၉၄၉ ခုနှစ်များ၏ ပြည်တွင်းသောင်းကျန်းမှု မီးတစ်စမှာ ယနေ့တိုင် အလုံးစုံမငြိမ်းသေးပေ။

၁၉၄၈ - ၁၉၄၉   ခုနှစ်    ပြည်တွင်းသောင်းကျန်းမှု  အကျပ်အတည်း၊ ၁၉၅၈ခုနှစ် ပြည်ပကျူးကျော်မှုနှင့် ပြည်တွင်းသောင်းကျန်းမှု၊   ၁၉၆၂  ခုနှစ် ပြည်နယ်များခွဲထွက်မည့်အကျပ်အတည်း၊   ၁၉၈၈ခုနှစ်   လူထုဆူပူအုံကြွမှုနှင့်  ပြည်တွင်းသောင်းကျန်းမှု အကျပ်အတည်းဟူသော နိုင်ငံ့အကျပ်အတည်းကြီးလေးခုရှိခဲ့သည်။ 

ထိုကာလအကျပ်အတည်းများကြားတွင်   မြန်မာ့တပ်မတော်သည်   ပြည်သူကို ငဲ့ကွက်ခဲ့သလို တပ်မတော်သားများသည်   ၎င်းတို့အသက်ထက် ပြည်သူများ၏ အသက်ကိုပိုမိုအလေးထားခဲ့သည်။ နိုင်ငံအပေါ် သစ္စာစောင့်သိခဲ့သည်။ ခေါင်းရှောင်၍ ကျောမခိုင်းခဲ့။ ဦးဆောင်၍သာ နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့၏။ 

နိုင်ငံတစ်နိုင်ငံ၏ အဓိက ကဏ္ဍကြီးများဖြစ်သည့်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို  ဦးတည်ချက်များချမှတ်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။  ထို့ပြင်  နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး၊    ပြည်တွင်းငြိမ်းချမ်းရေး၊ ၁၉၇၄  ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊   နိုင်ငံရေးပါတီများအားကောင်းစေရေး စသည့်လုပ်ငန်းအသွယ်သွယ်ကို ဦးလည်မသုန် မဆုတ်မနစ်   ကြိုးပမ်းဆောင်ရွက်ခဲ့သည်။   ထိုမျှမက တပ်မတော်တစ်ရပ် အင်အားတောင့်တင်းခိုင်မာရေးကိုလည်း တစိုက်မတ်မတ်ဦးတည်ဆောင်ရွက်ခဲ့သည်။ 

 တပ်မတော်သည် အခက်အခဲ၊ အကျပ်အတည်းအမျိုးမျိုးကြားမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အတူ ခိုင်မာသည့်ဒီမိုကရေစီအစိုးရတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ခဲ့၏။ လွတ်လပ်ရေးကြိုးပမ်းမှုမှ    ပါတီစုံဒီမိုကရေစီ စနစ်ပေါ်ထွန်းလာချိန်ထိ တပ်မတော်၏ နိုင်ငံရေးစွမ်းရည်နှင့် စစ်ရေးစွမ်းရည်ကို ကောင်းစွာတွေ့မြင်နိုင်မည်ဖြစ်သည်။   ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊  ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏

ဆိုသည့် ကတိသစ္စာအတိုင်း တပ်မတော်သည် နိုင်ငံချစ်စိတ်  မျိုးချစ်စိတ်ကို သန္ဓေတည်ကာ   သစ္စာရှိစွာဖြင့်   နိုင်ငံတော်နှင့်ပြည်သူများအတွက်    စောင့်ရှောက်သူအဖော်မွန်အဖြစ် အမြဲအသင့်ရှိနေခဲ့သည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအစိုးရ ပထမသက်တမ်းတွင် ပေါ်ပေါက်လာသော အစိုးရနှင့်အတူ ခန့်အပ်ခဲ့သည့် တပ်မတော်အကြီးအကဲများသည် တွဲလက်ညီခဲ့ကြ၏။ 

နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေးကဏ္ဍများတွင်  အပြောင်းအလဲတစ်ရပ်ဖြစ်သည်အထိ    ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတော်နှင့်ကိုက်ညီသည့်   ပါတီစုံဒီမိုကရေစီစနစ်ကို   ပိုမိုပီပြင်အောင်   ပုံဖော်နိုင်ခဲ့သည်။ 

နိုင်ငံ၏    ပကတိလိုအပ်ချက်ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးအတွက်  စိတ်ရင်းစေတနာမှန်ကန်စွာ   အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်  အောက်တိုဘာလတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်   (NCA)  ကို   ဖော်ဆောင်ပေးနိုင်ခဲ့သည်။   (NCA) သည် ဆွေးနွေးမှုပေါင်းများစွာ    အပါအဝင် ပြည်တွင်းပြည်ပ ပညာရှင်များရှေ့မှောက်တွင် အသိသက်သေများနှင့်တကွ ဖြစ်တည်လက်မှတ်ရေးထိုးခဲ့သော သမိုင်းဝင်စာချုပ် တစ်ခုဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးခရီးလမ်းအတွက် အခိုင်မာဆုံးသော ကတိကဝတ်  သို့မဟုတ် လမ်းတစ်သွယ်ဖြစ်သည်။

ပြည်သူအများ လိုလားသော ငြိမ်းချမ်းရေးလမ်းကို တိုင်းရင်းသားလက်နက်ကိုင်အချို့ လက်ခံလျှောက်လှမ်းခဲ့ကြသည်။ အချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကား ငြိမ်းချမ်းရေးဟူသော   ပြည်သူ့ဆန္ဒကို  ကျောခိုင်းငြင်းဆန်ခဲ့၏။ ပြည်သူများဘက်ကပြန်ကြည့်လျှင်    စိတ်မကောင်းဖွယ်ရာ ပင်။  ပါတီစုံဒီမိုကရေစီပထမသက်တမ်း၌ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်နှင့် တိုင်းရင်းသားပြည်သူများ  ကြုံတွေ့ခဲ့ရသည်။ ထိုသို့ကြုံတွေ့လာချိန်၌ တပ်မတော်သည်       သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး တာဝန်များကို   ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)နှင့်အညီ ကျေပွန်စွာထမ်းဆောင်ပေးခဲ့သည်။   ကျန်းမာရေးကဏ္ဍအတွက်   နာဂဒေသကဲ့သို့သော  ဝေးလံခေါင်သီသည့်   ဒေသများအထိ   တပ်မတော်ဆရာဝန်များ စေလွှတ်ကာ စောင့်ရှောက်ပေးခြင်း၊ နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့်  တိုင်းဒေသကြီးများနှင့်ပြည်နယ်များအလိုက်အဖွဲ့များခွဲ၍ စေလွှတ်ပေးခြင်းများဖြင့်    နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍရာနှုန်းပြည့်  လွှမ်းခြုံနိုင်ရေးကို  တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ခဲ့သည်။

၂၀၁၅  ခုနှစ်တွင်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အစိုးရနှင့်အတူလက်တွဲပြီး   အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့သည်။   ဆက်လက်ထမ်းဆောင်မည့်   အစိုးရထံသို့ တည်ငြိမ် ချောမွေ့စွာ အာဏာလွှဲပြောင်းပေးနိုင်သည်အထိ  ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါတီစုံဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် ဖြစ်ပေါ်ခဲ့သည့် လောက်ကိုင်ဒေသလက်နက်ကိုင် ပဋိပက္ခ၊   ရခိုင်ပြည်နယ်အရေးပဋိပက္ခများတွင်လည်း   ဦးလည်မသုန် ကြိုးပမ်းထမ်းရွက်ပေးခဲ့သည်။  တပ်မတော်သည် စွမ်းရည်ရှိသည့်ခေတ်မီတပ်မတော်တစ်ရပ်  (Standard Army)  တည်ဆောက်ရေး၊တပ်တည်ဆောက်ရေးတာဝန်များ၊  နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို   ဆက်လက်ကြိုးပမ်း ထမ်းရွက်နိုင်ခဲ့သည်။၂၀၂၀    ပြည့်နှစ်   ပါတီစုံဒီမိုကရေစီအထွေထွ ေရွေးကောက်ပွဲတွင် မဲမသမာမှုရလဒ်များဖြစ်ပေါ်ခဲ့ပြီး     တည်ဆဲအစိုးရအနေဖြင့်  ဥပဒေနှင့်အညီ ဖြေရှင်းပေးမှုမရှိဘဲ  နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန်     ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ရသည်။ ဤတွင်သမိုင်းက အတိတ်ပုံရိပ်များအတိုင်း တစ်ပတ်ပြန်လည်သွားခဲ့၏။ လမ်းမထွက်ဆန္ဒပြမှု၊ ဆူပူအုံကြွမှုများကတစ်ဆင့် အသိမကြွယ်သည့် လူငယ်များကို အသုံးချကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို   လျှောက်လှမ်းခဲ့ကြ၏။ ထိုအချိန်တွင်  နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကို ခံစားနေရချိန်ဖြစ်သည်။  နိုင်ငံရေးအမြင်မတူမှုကို  အခွင့်ကောင်းယူကာ အသိမဲ့စွာ ကျောခိုင်းခဲ့သည့်   အချို့သောကျန်းမာရေး ဝန်ထမ်းများနေရာ၌ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များကို အစားထိုးကာ   ပြည်သူတစ်ရပ်လုံး၏ သက်ရှည်ကျန်းမာရေးကို    စောင့်ရှောက်ပေးခဲ့ရသည်။ အစိုးရယန္တရားများ     ရပ်ဆိုင်းနိုင်သည်အထိ တိုက်ခိုက်လာမှုအပေါ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များအထိ စနစ်တကျဖွဲ့စည်း၍ နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင် မပျက်ယွင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံကာ ထာဝရငြိမ်းချမ်းရေး  ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။  ၂၀၂၃  ခုနှစ် မေလတွင် စတင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံအလယ်ပိုင်းရေကြီးရေလျှံမှု၊    ၂၀၂၅ ခုနှစ်မတ်လ ၂၈  ရက်တွင်   ဖြစ်ပွားခဲ့သော မန္တလေးမြေငလျင်စသော      ကြီးမားသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှု၌  နိုင်ငံတော်အကြီးအကဲဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် (ကြည်း၊ရေ၊ လေ)  တပ်မတော်သားအားလုံးသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်အတွက် မဆုတ်မနစ် ဝိုင်းဝန်းကူညီကြိုးပမ်းထမ်းရွက်ခဲ့သည်။ 

တစ်ဖက်တွင်လည်း NUG နှင့် သစ္စာမဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စနက်မီးကြောင့်  ကြီးထွားလာသော PDF အကြမ်းဖက်များ၏  အန္တရာယ်ကိုလည်း တားဆီးနှိမ်နင်းရပြန်သည်။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ပိတ်ဆို့ခဲ့သော ဆက်သွယ်ရေးလမ်းကြောင်းများ၊ သောင်းကျန်းသူများ လှုပ်ရှားစိုးမိုးနေသော မြို့၊ ရွာများကို    ပြန်လည်သိမ်းပိုက်ကာ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့်  ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက်  ကြိုးစားဆောင်ရွက်ခဲ့သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များတွင်    ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍    အနိုင်ရရှိသော အစိုးရအား   နိုင်ငံတော်၏တာဝန်များကို   ပြန်လည်လွှဲပြောင်းပေးမည်ဟူသော လုပ်ငန်းစဉ် သဘောတရားများကို အစဉ်တစိုက်တွေ့ရမည်ဖြစ်သည်။ ဆိုခဲစေ မြဲစေဆိုသည့်အတိုင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ   ၂၈  ရက်မှ   စတင်၍  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အပိုင်းသုံးပိုင်းခွဲ၍   အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  တပ်မတော်မှ အပြည့်အဝဝိုင်းဝန်း ကူညီပေးခဲ့သည်။

မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် သမိုင်းအစမှ ယနေ့ထက်တိုင် ညီညာရဲရင့်သောသတ္တိသွေးတို့ဖြင့်  သစ္စာရှိစွာရပ်တည်ရှင်သန်လျက်ရှိသည်။  နှလုံးသည်းပွတ်မျှ   တန်ဖိုးထားအပ်သော ပြည်ထောင်စုအတွက်ဆိုလျှင်    သမိုင်းဂုဏ်ရောင်ထွန်းပြောင်သည်အထိ သွေးအသက်တို့ကို  နှင်းဆက်ကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု     ခိုင်ခိုင်မာမာ ယုံကြည်လျက်ရှိပါကြောင်း (၈၁)နှစ်မြောက် တပ်မတော်နေ့အား    ဂုဏ်ပြုရေးသားလိုက်ရပါသည်။    ။

MWD

ကျော်တေဇ(ဥက္ကလာ)

သမိုင်းအစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်
-
(၈၁)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး သမိုင်းကြောင်းတစ်လျှောက် ရွှေရောင်လွှမ်းသည့် အချိန်များတွင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့၏ စစ်ချီပုံရိပ်၊ စစ်သည်စိတ်ဓာတ်အပြည့်ဖြင့်တိုက်ပွဲဝင်ပုံရိပ်တို့သည် ယနေ့ထက်တိုင် လွှမ်းခြုံထားမြဲဖြစ်၏။ အတိတ်သမိုင်းကို ခြေရာခံလျက် သူ့ကျွန်ဘဝရောက်ခဲ့စဉ်က နယ်ချဲ့ကိုတွန်းလှန် တိုက်ထုတ်ခဲ့ရသည့် ဖြစ်စဉ်များစွာသည် တပ်မတော်၌ အသွေးအသားထဲတွင် အမြဲတစေလှုပ်နှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ် ခွန်အားဖြစ်စေပြီး နိုးကြားတက်ကြွသော ကာကွယ်ရေးသတိ အစဉ်အမြဲရှိနေစေသည်။တပ်မတော်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသော စွမ်းရည်သုံးရပ်ကို လက်ဝယ်ပိုင်ဆိုင်ထားရှိပေသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် မြေထု၊ ရေထု၊ လေထုကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်ပေးနေသော နိုင်ငံ့အကျိုးပြုတပ်မတော်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေး၊ ပိုင်နက်တည်တံ့ရေးအတွက် တိုက်ပွဲများစွာဆင်နွှဲလျက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့သည်။ တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်အင်အားမှသည် တပ်မတော်တစ်ရပ်ဖြစ်လာသည်အထိ တည်ထောင်မှုဖြစ်စဉ်တိုင်းတွင် လွယ်လင့်တကူ တည်ဆောက်၍မရရှိဘဲ အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံကြားမှပေါက်ဖွားခဲ့ရပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ ၊မွန်၊ ရခိုင်၊ ရှမ်းဟူသော တစ်အူထုံ့ဆင်း ပြည်ထောင်စုတိုင်းရင်းသား သွေးချင်းညီအစ်ကိုများ၏အင်အားဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုသားတို့၏ မြန်မာ့တပ်မတော်ဖြစ်သည်။နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို လက်ဆင့်ကမ်းအမွေအဖြစ် ဆက်ခံခဲ့သည့် တပ်မတော်၏တာဝန် အရပ်ရပ်သည် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေး၊ ပိုင်နက်နယ်မြေမဆုံးရှုံးရေး ဦးတည်ချက်များဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ရေးကို အစဉ်တစိုက်ကြိုးပမ်းလာခဲ့သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံအများစုတွင် ပြည်သူလူထုကိုဗဟိုပြု ကာကွယ်စောင့်ရှောက်ပေးသည့် တပ်မတော်တစ်ရပ်စီရှိကြသည်။ တပ်မတော်ကို စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်များစွာဖြင့် သေသပ်ကျနစွာဖွဲ့စည်းထားရှိခဲ့ပြီး လုပ်ရည်ကိုင်ရည်နှင့် ဇွဲနပဲကြီးမားသော စစ်သည်တော်များ၏ လေ့ကျင့်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်တို့ဖြင့် နိုင်ငံတော်ကိုကာကွယ်ရန် အသင့်ရှိနေကြသည်။ အမိန့်နာခံမှုသည်တပ်မတော်၏ အသက်သွေးကြောဖြစ်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် တပ်မတော်၏ စည်းလုံးညီညွတ်မှုကို ထာဝရပြသနေလျက်ရှိသည်။တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အမြဲဦးထိပ်ပန်ဆင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှား နိုင်စွမ်းရှိသောစိတ်ဓာတ်ကိုယ်စီ ပိုင်ဆိုင်ထားရှိပြီး သစ္စာရှိသော၊ မျိုးချစ်စိတ်ရှိသော၊ စည်းကမ်းသေဝပ်သော၊ စည်းလုံးညီညွတ်သော၊ စွန့်လွှတ်စွန့်စားစိတ်ရှိသော ဂုဏ်ဒြပ်များစွာဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် အလုပ်အကျွေးပြုလျက်ရှိသည်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါက်ဖွားလာသည့် တပ်မတော်၏ ဂုဏ်ဒြပ်သည် ယနေ့တိုင် သက်ဝင်လှုပ်ရှားနေမြဲဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို လွတ်လပ်ရေး အမွေတစ်ရပ်အဖြစ် သတ်မှတ်ခံယူခဲ့ပြီး စဉ်ဆက်မပြတ်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ နိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေအရပ်ရပ်ကို ပြည်သူလူထု၏အကျိုးမျှော်တွေး၍ အသက်၊ သွေး၊ ချွေးပေးဆပ် ရပ်တည်လျက်ရှိပြီး အလုံးစုံဖွံ့ဖြိုးရေးကာလများဆီသို့ ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်သည် အရေးပါသောအခန်းကဏ္ဍ တစ်ခုမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာအမြဲလက်တွဲလျက် ရင်ဆိုင်ကြုံတွေ့လာရမည့် အခက်အခဲ၊ ပြဿနာရပ်တိုင်းကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်ခဲ့သည်။မြန်မာနိုင်ငံသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖြင့်တည်ရှိနေသော လှပငြိမ်းချမ်းသော ကမ္ဘာငယ်ကလေးတစ်ခုဖြစ်သည်။ အသွေးအရောင်မခွဲခြား တစ်သားတည်းရှိသည့်ပမာ ပြည်ထောင်စု သွေးချင်းများအကြား စည်းလုံးခြင်း စိတ်ဓာတ်အခြေခံထားရှိရမည်ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ပေါင်းများစွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်းကို နှိုင်းယှဉ်ကြည့်ပါက မျက်ဝါးထင်ထင်သိရှိနိုင်သည်။ ငြိမ်းချမ်းသောဒေသများသည် လမ်းပန်းဆက်သွယ်ရေးကောင်း၊ အခြေခံအဆောက်အအုံကောင်းများစွာဖြင့် အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။မငြိမ်းချမ်းသောဒေသများသည် ငြိမ်းချမ်းသော ဒေသများနှင့် ဆန့်ကျင်ဘက် ရလဒ်များသာရရှိနိုင်ပေသည်။ မိသားစုသဖွယ် တည်ရှိနေသည့် ပြည်ထောင်စုကြီး မပြိုကွဲရန်လိုအပ်ပေသည်။ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုဖြင့် မတူကွဲပြားမှုများကို ညှိနှိုင်းဆောင်ရွက်လျက် ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပေသည်။တပ်မတော်၏ အဓိက ဦးတည်ရည်ရွယ်ချက်မှာ ပြည်ပရန်ကိုကာကွယ်ရန်ဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း ရန်ဖြစ်ရန်ဆန္ဒမရှိ၊ ပကတိအမြင်ဖြင့် ညှိနှိုင်းဆွေးနွေးရန် အမြဲဆန္ဒရှိနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘူးသီးတောင်၊ မောင်တောဒေသ မူဂျာဟစ်နှိမ်နင်းမှုစစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး(ကူမင်တန်တရုတ်ဖြူ)၊ ချယ်ရီစစ်ဆင်ရေး(တရုတ်ဖြူ)၊ နဂါးနိုင်စစ်ဆင်ရေး(တရုတ်ဖြူ)၊ အောင်ပန်းစစ်ဆင်ရေး(တရုတ်ဖြူ)၊ ရန်ကြီးအောင်စစ်ဆင်ရေး(တရုတ်ဖြူ)၊ မဲခေါင်စစ်ဆင်ရေး(တရုတ်ဖြူ)အစရှိသည့် သမိုင်းဝင်တိုက်ပွဲများစွာဖြင့် တရုတ်ဖြူကူမင်တန်တပ်များ၏ ကျူးကျော်မှုအန္တရာယ်ကို ရွပ်ရွပ်ချွံချွံတွန်းလှန်နိုင်ခဲ့ပြီး သံမဏိစိတ်ဓာတ်ဖြင့် အမိမြေကို ကာကွယ်နိုင်စွမ်းရှိသည့် နိုင်ငံ၏ တစ်ခုတည်းသော တပ်မတော်ဖြစ်သည်။တပ်မတော်တစ်ရပ်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ကာကွယ်ရန် အဓိကကျသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသည့် စစ်ရေးနည်းပညာများ၊ စစ်ဆင်ရေးနည်းဗျူဟာများနှင့်အညီ ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာစေရန် စစ်ရေးဆိုင်ရာ လိုအပ်ချက်ကွက်လပ်များကို အမြဲတစေ ဖြည့်ဆည်းပေးလျက်ရှိသည်။ တပ်မတော်တစ်ရပ်၏ စွမ်းဆောင်ရည်သည် စစ်သည်များကိုင်ဆောင်ထားသော လက်နက်ကိရိယာများပေါ်တွင် မူတည်သည်။ စစ်ပွဲတစ်ခု၏ အဖြေကို အဆုံးအဖြတ်ပေးနိုင်သည့် တိကျမြန်ဆန်စွာ တိုက်ခိုက်နိုင်သော ခြေလျင်လက်နက်များ၊ သံချပ်ကာယာဉ်နှင့် တင့်ကားများ၊ ခေတ်မီတိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများ၊ ဒရုန်းများ၊ ဒုံးကျည်စနစ်များနှင့် ဝေဟင်ကာကွယ်ရေးစနစ်များလည်း အဆင့်မြင့်မားစွာပါရှိလာသည်။လူ့သမိုင်းတစ်လျှောက်တွင် စစ်ပွဲအတွင်းအသုံးပြုသည့် စစ်ဗျူဟာများသည် အဆက်မပြတ် ပြောင်းလဲတိုးတက်ခဲ့ပြီး ယနေ့ခေတ်နည်းပညာ တိုးတက်မှုနှင့်အတူ အစီအစဉ်များ တိကျထိရောက်မှုရှိရေး ပိုမိုအာရုံစိုက်လာရသည့် အခြေအနေပင်ဖြစ်သည်။ မည်သည့်စစ်ဆင်ရေးမဆို အောင်မြင်ရန်အတွက် ရည်မှန်းချက်ကို အတိအကျသတ်မှတ်ထားရလေ့ရှိသည်။ ရန်သူ၏အားနည်းချက်ကို ဖော်ထုတ်ပြီး အားသာချက်အဖြစ် အသုံးပြုမှုသည် စစ်ဗျူဟာ၏ အဓိကသော့ချက်ဖြစ်သည်။ ထို့အတူ ရန်သူမျှော်လင့်မထားသည့် နေရာ၊ အချိန်နှင့်နည်းလမ်းဖြင့် တိုက်ခိုက်ခြင်းသည် အောင်မြင်မှုရရှိစေနိုင်သည်။ ခေတ်သစ်နည်းပညာတိုက်ပွဲများ၏ အရှိန်အဟုန်သည် သိုသိပ်ကျစ်လျစ်လာခဲ့ပြီး မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများအသုံးပြု၍ စစ်ရေးအရှိန်အဟုန်ကို တစ်မုဟုတ်ချင်း ပြောင်းလဲနိုင်စွမ်းရှိလာသည်။ ရန်သူ့အခြေအနေကို ကင်းထောက်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် တိုက်ခိုက်ခြင်းလုပ်ငန်းများကိုလည်း ထိရောက်သေချာမှု ရှိစေခဲ့သည်။ထို့အတူ ခေတ်မီစစ်ဆင်ရေးများအတွင်း သတင်းအချက်အလက် လျင်မြန်စွာဖလှယ်နိုင်မှုသည် အောင်ပွဲဆီသို့ ဦးတည်ရောက်ရှိနိုင်သဖြင့် လုံခြုံမှုရှိသောခေတ်မီဆက်သွယ်ရေးစနစ်၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်၊ ဆိုက်ဘာလုံခြုံရေးစနစ်၊ သတင်းအချက်အလက်စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းစနစ်များ ပိုမိုကောင်းမွန်ရန်လည်း လိုအပ်သည်။ အလားတူပင် လက်နက်နှင့် နည်းပညာကောင်းမွန်ရေးကြိုးပမ်းဆောင်ရွက်သကဲ့သို့ စစ်သည်များ ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်ရေး စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း၊ အထူးတပ်ဖွဲ့ သင်တန်းများ (ကွန်မန်ဒို၊ လေထီး၊ ရေငုပ်သမား စသည်)ပေးခြင်း၊ ခေါင်းဆောင်မှုသင်တန်းများပေးခြင်း၊ နည်းပညာကျွမ်းကျင်မှုသင်တန်းပေးခြင်းများ ဆောင်ရွက်ပေးရလေ့ရှိသည်။ အလားတူပင် စစ်ဆင်ရေးအောင်မြင်မှုရရှိရေး အုပ်ချုပ်မှုဆိုင်ရာစနစ်ကောင်းဖြင့် လက်နက်ခဲယမ်းများ သိုလှောင်ဖြန့်ဖြူးခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့ခြင်း၊ လောင်စာဆီနှင့် စွမ်းအင်ထောက်ပံ့ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း (မြေပြင်၊ ရေပြင်၊ ဝေဟင်)အစရှိသော ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားလျှင် မမျှော်လင့်သောပြဿနာများ၊ ဆိုးကျိုးများစွာ ပေါ်ပေါက်လာနိုင်သည်။ အမိမြေကို ချစ်မြတ်နိုးသူတိုင်း၏ ဦးတည်ချက်ပန်းတိုင်သည် အလုံးစုံ ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိမှသာ ပိုမိုကောင်းမွန်သော လူ့လောကအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော် အတူတကွလက်တွဲမှသာ ရရှိနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားပေါင်းစုံ အေးအတူပူအမျှနေထိုင်သည့် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲရေးသည် အလွန်ပင်အရေးကြီးသည်။ တိုင်းရင်းသားပြည်သူ အချင်းချင်း ရန်လိုမုန်းတီးမှုအတ္တကို ဖယ်ရှားပြီး အများအကျိုး ဆောင်ရွက်ပေးလိုစိတ်၊ပရမျှတသောစိတ်ဓာတ်ဖြင့် အတူတကွ ရှေ့သို့ချီတက်ကြရမည်ဖြစ်သည်။တပ်မတော်သားအားလုံးသည် တိုင်းပြည်အတွက် လိုအပ်ပါက အသက်ပေးလှူရန် အသင့်ရှိကြသည်။ ကျည်ဆန်၊ ယမ်းငွေ့များကြား စွန့်လွှတ်စွန့်စား သွားလာနေကြရသည်။ အမိန့်တာဝန်ညွှန်ရာ လမ်းပြမြေပုံထက် ခရီးဆက်ကြသူများဖြစ်သည်။ နေ့ထူးနေ့မြတ်မသိ၊ ပျော်ရွှင်ခြင်းအစား နိုင်ငံတော်အပေါ်ထားရှိသည့် ကတိသစ္စာကို စောင့်ထိန်းသူများဖြစ်ကြသည်။ စစ်သည်တိုင်း၏ တူညီသောသိန္နိဋ္ဌာန်မှာ နိုင်ငံ့ပိုင်နက်နယ်မြေ တစ်လက်မအထိမခံ အမျိုး၊ဘာသာ၊ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။တိုက်ပွဲများတွင် လိုအပ်လာပါက အသက်ပေးလှူကြရပြီး ကိုယ်လက်အင်္ဂါများလည်း စွန့်လွှတ်ကြရသည်။ သေခြင်းတရားနှင့် နင်လား ငါလား နေထိုင်ခဲ့ကြရသည့် တပ်မတော်သားစစ်သည်များ၏ စိတ်ဓာတ်နှင့်ခံယူချက်သည် ထက်သောဓားနှယ်၊ မာသောကျောက်ဆောင်ပမာရှိသည်။အမျိုးသားရေး အမြင်အရဆိုလျှင် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်မှာ အမှန်တရားဖြစ်သည်။ကြည်း၊ ရေ၊ လေ ပေါင်းစုအားဖြင့် တည်ထောင်ထားသော မြန်မာ့တပ်မတော်ဖြစ်သည့်နည်းတူ ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များစွာကို စွန့်လွှတ်စွန့်စားထမ်းဆောင်နေသော တပ်မတော်ဖြစ်သည်။ ကာကွယ်ရေးတာဝန်သည် စစ်ရေးတစ်ခုအတွက်သာမက များစွာကျယ်ပြန့်လွန်းလှသည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ လိုအပ်ပါက ပြည်သူ့အကျိုးပြုကိစ္စအသီးသီးတွင် ပါဝင်ဆောင်ရွက်ပေးရေး ကဏ္ဍစုံပါဝင်နေသည်ကို တွေ့ရသည်။ ပြည်သူနှင့်ထိတွေ့ဆက်ဆံရသည့် ပြည်သူ့အကျိုးပြုကိစ္စများသည် လွန်စွာသိမ်မွေ့နက်နဲလွန်းလှသည်။ ရထားလမ်း၊ ကားလမ်းဖောက်သည့်လုပ်ငန်း၊ ရေကြီးရေလျှံ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများ ပါဝင်နေသည်ကို တွေ့ရသည်။ ထို့ပြင် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် တပ်မတော်နယ်လှည့် ဆေးတပ်ဖွဲ့များ၏ တောင်တန်းမြေပြန့်မခွဲခြား၊ အသားရောင်မခွဲခြား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော လုပ်ငန်းများ စသည့်လုပ်ငန်းပေါင်းစုံကို မြင်တွေ့နေရသော မြင်ကွင်းများသည် တပ်မတော်၏ကရုဏာပြယုဂ်များဖြစ်သည်။သမိုင်းဂုဏ်မညှိုး တိုးလို့အောင်မြင်ခဲ့သည့် မြန်မာ့တပ်မတော်၏ ဂုဏ်သတင်းသည် မမှိန်မပျောက် အရှိန်တောက်ပြောင်လျက် နှစ်အလီလီဖြတ်သန်းခဲ့ပြီးနောက် (၈၁)နှစ်မြောက် တပ်မတော်နေ့သို့ပင် တိုင်ခဲ့ပြီဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားလျက် ရည်မှန်းချက် ပန်းတိုင်နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးကို အဓိကတာဝန်အဖြစ် သတ်မှတ်ထမ်းဆောင်လျက်ရှိသည်။ ခေတ်မီတပ်မတော်၏အင်္ဂါရပ်များတွင် ပါဝင်သည့် စစ်လက်နက်၊ ဘက်စုံသုံးတိုက်လေယာဉ်၊ အမြောက်၊ သံချပ်ကာယာဉ်၊ ရေငုပ်သင်္ဘောနှင့် စစ်ရေယာဉ်တပ်ပေါင်းစုများဖြင့် မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာ့လေပိုင်နက်ကိုအစဉ်စိုးမိုးပေးလျက်ရှိသည်။အမှန်စင်စစ်အားဖြင့် တပ်မတော်သည် ပြည်သူကဖွား တပ်မတော်သားများ ဖြစ်ကြသည်။သစ္စာလေးချက် ထမ်းရွက်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် မြတ်သောအသက်ကို ပေးလှူထားကြသူများဖြစ်သည်။ ဆူးငြောင့်မကြောက်၊ တောတောင်ကိုဖောက်ပြီး အန္တရာယ်အသွယ်သွယ်ကို ဒူးမထောက်၊ လက်မမြှောက်ရင်ဆိုင်နိုင်စွမ်းရှိသူများဖြစ်သည်။အန္တရာယ်အမျိုးမျိုးကြုံလျှင် နယ်မြေစည်းခြား အရောက်သွား၍ ကူညီကယ်ဆယ်ကြသည်။ အသက်လဲထပ်တိုက်ပွဲဝင်ကြသည်။ ပြည်သူ့အတွက် အသင့်ရှိသည်ဟူသော စကားရပ်နှင့် အညီ လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံလျက် အရာအားလုံး စွန့်လွှတ်ကြရသည့်တိုင် ပြည်သူ့ဘက်မှ အစဉ်အမြဲမားမား ရပ်တည်ပေးခဲ့ကြသည်။ ထိုကဲ့သို့သော တပ်မတော်သားများ မွေးထုတ်ပေးသည့် အစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်၏ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို လှိုက်လှဲစွာဖြင့် ကြိုဆိုဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။MWD

(၈၁)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး

     သမိုင်းကြောင်းတစ်လျှောက် ရွှေရောင်လွှမ်းသည့် အချိန်များတွင် အနော်ရထာ၊  ဘုရင့်နောင်နှင့်   အလောင်းဘုရားတို့၏  စစ်ချီပုံရိပ်၊ စစ်သည်စိတ်ဓာတ်အပြည့်ဖြင့်တိုက်ပွဲဝင်ပုံရိပ်တို့သည် ယနေ့ထက်တိုင် လွှမ်းခြုံထားမြဲဖြစ်၏။ အတိတ်သမိုင်းကို ခြေရာခံလျက် သူ့ကျွန်ဘဝရောက်ခဲ့စဉ်က နယ်ချဲ့ကိုတွန်းလှန် တိုက်ထုတ်ခဲ့ရသည့် ဖြစ်စဉ်များစွာသည် တပ်မတော်၌ အသွေးအသားထဲတွင်  အမြဲတစေလှုပ်နှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ် ခွန်အားဖြစ်စေပြီး နိုးကြားတက်ကြွသော  ကာကွယ်ရေးသတိ အစဉ်အမြဲရှိနေစေသည်။

တပ်မတော်သည်   စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသော စွမ်းရည်သုံးရပ်ကို လက်ဝယ်ပိုင်ဆိုင်ထားရှိပေသည်။   နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် မြေထု၊ ရေထု၊ လေထုကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်ပေးနေသော နိုင်ငံ့အကျိုးပြုတပ်မတော်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေး၊  ပိုင်နက်တည်တံ့ရေးအတွက်    တိုက်ပွဲများစွာဆင်နွှဲလျက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့သည်။

    တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်အင်အားမှသည် တပ်မတော်တစ်ရပ်ဖြစ်လာသည်အထိ တည်ထောင်မှုဖြစ်စဉ်တိုင်းတွင် လွယ်လင့်တကူ တည်ဆောက်၍မရရှိဘဲ အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံကြားမှပေါက်ဖွားခဲ့ရပြီး  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ ၊မွန်၊ ရခိုင်၊ ရှမ်းဟူသော  တစ်အူထုံ့ဆင်း ပြည်ထောင်စုတိုင်းရင်းသား သွေးချင်းညီအစ်ကိုများ၏အင်အားဖြင့်   ဖွဲ့စည်းတည်ထောင်ထားသော  ပြည်ထောင်စုသားတို့၏    မြန်မာ့တပ်မတော်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို လက်ဆင့်ကမ်းအမွေအဖြစ် ဆက်ခံခဲ့သည့် တပ်မတော်၏တာဝန် အရပ်ရပ်သည် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေး၊ ပိုင်နက်နယ်မြေမဆုံးရှုံးရေး ဦးတည်ချက်များဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ရေးကို အစဉ်တစိုက်ကြိုးပမ်းလာခဲ့သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံအများစုတွင် ပြည်သူလူထုကိုဗဟိုပြု ကာကွယ်စောင့်ရှောက်ပေးသည့်    တပ်မတော်တစ်ရပ်စီရှိကြသည်။   တပ်မတော်ကို စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်များစွာဖြင့် သေသပ်ကျနစွာဖွဲ့စည်းထားရှိခဲ့ပြီး လုပ်ရည်ကိုင်ရည်နှင့် ဇွဲနပဲကြီးမားသော စစ်သည်တော်များ၏ လေ့ကျင့်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်တို့ဖြင့် နိုင်ငံတော်ကိုကာကွယ်ရန် အသင့်ရှိနေကြသည်။ အမိန့်နာခံမှုသည်တပ်မတော်၏ အသက်သွေးကြောဖြစ်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် တပ်မတော်၏ စည်းလုံးညီညွတ်မှုကို ထာဝရပြသနေလျက်ရှိသည်။

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အမြဲဦးထိပ်ပန်ဆင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။    အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှား နိုင်စွမ်းရှိသောစိတ်ဓာတ်ကိုယ်စီ ပိုင်ဆိုင်ထားရှိပြီး  သစ္စာရှိသော၊ မျိုးချစ်စိတ်ရှိသော၊ စည်းကမ်းသေဝပ်သော၊ စည်းလုံးညီညွတ်သော၊ စွန့်လွှတ်စွန့်စားစိတ်ရှိသော ဂုဏ်ဒြပ်များစွာဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် အလုပ်အကျွေးပြုလျက်ရှိသည်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါက်ဖွားလာသည့် တပ်မတော်၏ ဂုဏ်ဒြပ်သည် ယနေ့တိုင် သက်ဝင်လှုပ်ရှားနေမြဲဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို လွတ်လပ်ရေး အမွေတစ်ရပ်အဖြစ် သတ်မှတ်ခံယူခဲ့ပြီး စဉ်ဆက်မပြတ်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။           

နိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေအရပ်ရပ်ကို ပြည်သူလူထု၏အကျိုးမျှော်တွေး၍  အသက်၊ သွေး၊ ချွေးပေးဆပ် ရပ်တည်လျက်ရှိပြီး အလုံးစုံဖွံ့ဖြိုးရေးကာလများဆီသို့ ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော်အစိုးရအနေဖြင့်   ပြည်သူတို့၏လူမှုစီးပွားဘဝ   တိုးတက်ကောင်းမွန်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်သည် အရေးပါသောအခန်းကဏ္ဍ တစ်ခုမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာအမြဲလက်တွဲလျက် ရင်ဆိုင်ကြုံတွေ့လာရမည့် အခက်အခဲ၊ ပြဿနာရပ်တိုင်းကို   ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည်    ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖြင့်တည်ရှိနေသော လှပငြိမ်းချမ်းသော ကမ္ဘာငယ်ကလေးတစ်ခုဖြစ်သည်။ အသွေးအရောင်မခွဲခြား တစ်သားတည်းရှိသည့်ပမာ ပြည်ထောင်စု သွေးချင်းများအကြား    စည်းလုံးခြင်း စိတ်ဓာတ်အခြေခံထားရှိရမည်ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ပေါင်းများစွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်းကို နှိုင်းယှဉ်ကြည့်ပါက မျက်ဝါးထင်ထင်သိရှိနိုင်သည်။ ငြိမ်းချမ်းသောဒေသများသည် လမ်းပန်းဆက်သွယ်ရေးကောင်း၊ အခြေခံအဆောက်အအုံကောင်းများစွာဖြင့် အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

မငြိမ်းချမ်းသောဒေသများသည် ငြိမ်းချမ်းသော ဒေသများနှင့် ဆန့်ကျင်ဘက် ရလဒ်များသာရရှိနိုင်ပေသည်။ မိသားစုသဖွယ် တည်ရှိနေသည့်   ပြည်ထောင်စုကြီး မပြိုကွဲရန်လိုအပ်ပေသည်။  တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုဖြင့် မတူကွဲပြားမှုများကို ညှိနှိုင်းဆောင်ရွက်လျက် ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပေသည်။

တပ်မတော်၏ အဓိက ဦးတည်ရည်ရွယ်ချက်မှာ ပြည်ပရန်ကိုကာကွယ်ရန်ဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း ရန်ဖြစ်ရန်ဆန္ဒမရှိ၊ ပကတိအမြင်ဖြင့် ညှိနှိုင်းဆွေးနွေးရန် အမြဲဆန္ဒရှိနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘူးသီးတောင်၊ မောင်တောဒေသ    မူဂျာဟစ်နှိမ်နင်းမှုစစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး(ကူမင်တန်တရုတ်ဖြူ)၊ ချယ်ရီစစ်ဆင်ရေး(တရုတ်ဖြူ)၊ နဂါးနိုင်စစ်ဆင်ရေး(တရုတ်ဖြူ)၊ အောင်ပန်းစစ်ဆင်ရေး(တရုတ်ဖြူ)၊ ရန်ကြီးအောင်စစ်ဆင်ရေး(တရုတ်ဖြူ)၊ မဲခေါင်စစ်ဆင်ရေး(တရုတ်ဖြူ)အစရှိသည့် သမိုင်းဝင်တိုက်ပွဲများစွာဖြင့် တရုတ်ဖြူကူမင်တန်တပ်များ၏ ကျူးကျော်မှုအန္တရာယ်ကို   ရွပ်ရွပ်ချွံချွံတွန်းလှန်နိုင်ခဲ့ပြီး သံမဏိစိတ်ဓာတ်ဖြင့် အမိမြေကို     ကာကွယ်နိုင်စွမ်းရှိသည့်    နိုင်ငံ၏  တစ်ခုတည်းသော တပ်မတော်ဖြစ်သည်။

တပ်မတော်တစ်ရပ်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ကာကွယ်ရန်  အဓိကကျသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသည့် စစ်ရေးနည်းပညာများ၊ စစ်ဆင်ရေးနည်းဗျူဟာများနှင့်အညီ ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာစေရန် စစ်ရေးဆိုင်ရာ လိုအပ်ချက်ကွက်လပ်များကို အမြဲတစေ ဖြည့်ဆည်းပေးလျက်ရှိသည်။ တပ်မတော်တစ်ရပ်၏ စွမ်းဆောင်ရည်သည် စစ်သည်များကိုင်ဆောင်ထားသော လက်နက်ကိရိယာများပေါ်တွင် မူတည်သည်။   စစ်ပွဲတစ်ခု၏ အဖြေကို အဆုံးအဖြတ်ပေးနိုင်သည့် တိကျမြန်ဆန်စွာ တိုက်ခိုက်နိုင်သော    ခြေလျင်လက်နက်များ၊    သံချပ်ကာယာဉ်နှင့် တင့်ကားများ၊ ခေတ်မီတိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ၊      ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများ၊ ဒရုန်းများ၊    ဒုံးကျည်စနစ်များနှင့် ဝေဟင်ကာကွယ်ရေးစနစ်များလည်း   အဆင့်မြင့်မားစွာပါရှိလာသည်။

လူ့သမိုင်းတစ်လျှောက်တွင်   စစ်ပွဲအတွင်းအသုံးပြုသည့် စစ်ဗျူဟာများသည် အဆက်မပြတ်  ပြောင်းလဲတိုးတက်ခဲ့ပြီး ယနေ့ခေတ်နည်းပညာ တိုးတက်မှုနှင့်အတူ အစီအစဉ်များ တိကျထိရောက်မှုရှိရေး ပိုမိုအာရုံစိုက်လာရသည့် အခြေအနေပင်ဖြစ်သည်။    မည်သည့်စစ်ဆင်ရေးမဆို အောင်မြင်ရန်အတွက်    ရည်မှန်းချက်ကို အတိအကျသတ်မှတ်ထားရလေ့ရှိသည်။  ရန်သူ၏အားနည်းချက်ကို ဖော်ထုတ်ပြီး အားသာချက်အဖြစ်   အသုံးပြုမှုသည် စစ်ဗျူဟာ၏ အဓိကသော့ချက်ဖြစ်သည်။  ထို့အတူ ရန်သူမျှော်လင့်မထားသည့် နေရာ၊ အချိန်နှင့်နည်းလမ်းဖြင့် တိုက်ခိုက်ခြင်းသည် အောင်မြင်မှုရရှိစေနိုင်သည်။  ခေတ်သစ်နည်းပညာတိုက်ပွဲများ၏ အရှိန်အဟုန်သည် သိုသိပ်ကျစ်လျစ်လာခဲ့ပြီး မောင်းသူမဲ့လေယာဉ်များ၊    ဒရုန်းများအသုံးပြု၍ စစ်ရေးအရှိန်အဟုန်ကို တစ်မုဟုတ်ချင်း ပြောင်းလဲနိုင်စွမ်းရှိလာသည်။ ရန်သူ့အခြေအနေကို ကင်းထောက်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် တိုက်ခိုက်ခြင်းလုပ်ငန်းများကိုလည်း  ထိရောက်သေချာမှု ရှိစေခဲ့သည်။

ထို့အတူ ခေတ်မီစစ်ဆင်ရေးများအတွင်း သတင်းအချက်အလက် လျင်မြန်စွာဖလှယ်နိုင်မှုသည် အောင်ပွဲဆီသို့ ဦးတည်ရောက်ရှိနိုင်သဖြင့် လုံခြုံမှုရှိသောခေတ်မီဆက်သွယ်ရေးစနစ်၊  ဂြိုဟ်တုဆက်သွယ်ရေးစနစ်၊ ဆိုက်ဘာလုံခြုံရေးစနစ်၊  သတင်းအချက်အလက်စုဆောင်းခြင်းနှင့်       ခွဲခြမ်းစိတ်ဖြာခြင်းစနစ်များ    ပိုမိုကောင်းမွန်ရန်လည်း   လိုအပ်သည်။ အလားတူပင် လက်နက်နှင့် နည်းပညာကောင်းမွန်ရေးကြိုးပမ်းဆောင်ရွက်သကဲ့သို့ စစ်သည်များ ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်ရေး စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း၊  အထူးတပ်ဖွဲ့ သင်တန်းများ (ကွန်မန်ဒို၊ လေထီး၊ ရေငုပ်သမား စသည်)ပေးခြင်း၊ ခေါင်းဆောင်မှုသင်တန်းများပေးခြင်း၊ နည်းပညာကျွမ်းကျင်မှုသင်တန်းပေးခြင်းများ ဆောင်ရွက်ပေးရလေ့ရှိသည်။ အလားတူပင် စစ်ဆင်ရေးအောင်မြင်မှုရရှိရေး အုပ်ချုပ်မှုဆိုင်ရာစနစ်ကောင်းဖြင့် လက်နက်ခဲယမ်းများ သိုလှောင်ဖြန့်ဖြူးခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့ခြင်း၊ လောင်စာဆီနှင့် စွမ်းအင်ထောက်ပံ့ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း (မြေပြင်၊ ရေပြင်၊  ဝေဟင်)အစရှိသော ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို  အချိန်နှင့်တစ်ပြေးညီ   ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားလျှင် မမျှော်လင့်သောပြဿနာများ၊ ဆိုးကျိုးများစွာ ပေါ်ပေါက်လာနိုင်သည်။  အမိမြေကို ချစ်မြတ်နိုးသူတိုင်း၏ ဦးတည်ချက်ပန်းတိုင်သည် အလုံးစုံ ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိမှသာ ပိုမိုကောင်းမွန်သော လူ့လောကအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင်    နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော် အတူတကွလက်တွဲမှသာ ရရှိနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားပေါင်းစုံ    အေးအတူပူအမျှနေထိုင်သည့် ပြည်ထောင်စုကြီး  ရေရှည်တည်တံ့ခိုင်မြဲရေးသည် အလွန်ပင်အရေးကြီးသည်။ တိုင်းရင်းသားပြည်သူ အချင်းချင်း ရန်လိုမုန်းတီးမှုအတ္တကို     ဖယ်ရှားပြီး အများအကျိုး ဆောင်ရွက်ပေးလိုစိတ်၊ပရမျှတသောစိတ်ဓာတ်ဖြင့် အတူတကွ ရှေ့သို့ချီတက်ကြရမည်ဖြစ်သည်။

တပ်မတော်သားအားလုံးသည် တိုင်းပြည်အတွက် လိုအပ်ပါက အသက်ပေးလှူရန် အသင့်ရှိကြသည်။ ကျည်ဆန်၊ ယမ်းငွေ့များကြား စွန့်လွှတ်စွန့်စား သွားလာနေကြရသည်။ အမိန့်တာဝန်ညွှန်ရာ လမ်းပြမြေပုံထက် ခရီးဆက်ကြသူများဖြစ်သည်။ 

နေ့ထူးနေ့မြတ်မသိ၊ ပျော်ရွှင်ခြင်းအစား နိုင်ငံတော်အပေါ်ထားရှိသည့် ကတိသစ္စာကို     စောင့်ထိန်းသူများဖြစ်ကြသည်။ စစ်သည်တိုင်း၏  တူညီသောသိန္နိဋ္ဌာန်မှာ နိုင်ငံ့ပိုင်နက်နယ်မြေ   တစ်လက်မအထိမခံ   အမျိုး၊ဘာသာ၊   သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။

တိုက်ပွဲများတွင် လိုအပ်လာပါက  အသက်ပေးလှူကြရပြီး ကိုယ်လက်အင်္ဂါများလည်း  စွန့်လွှတ်ကြရသည်။ သေခြင်းတရားနှင့်  နင်လား ငါလား နေထိုင်ခဲ့ကြရသည့် တပ်မတော်သားစစ်သည်များ၏ စိတ်ဓာတ်နှင့်ခံယူချက်သည် ထက်သောဓားနှယ်၊  မာသောကျောက်ဆောင်ပမာရှိသည်။

အမျိုးသားရေး  အမြင်အရဆိုလျှင် တပ်မတော်အင်အားရှိမှ    တိုင်းပြည်အင်အားရှိမည်မှာ အမှန်တရားဖြစ်သည်။

ကြည်း၊ ရေ၊ လေ ပေါင်းစုအားဖြင့် တည်ထောင်ထားသော မြန်မာ့တပ်မတော်ဖြစ်သည့်နည်းတူ ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များစွာကို စွန့်လွှတ်စွန့်စားထမ်းဆောင်နေသော 

တပ်မတော်ဖြစ်သည်။    ကာကွယ်ရေးတာဝန်သည် စစ်ရေးတစ်ခုအတွက်သာမက များစွာကျယ်ပြန့်လွန်းလှသည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ လိုအပ်ပါက  ပြည်သူ့အကျိုးပြုကိစ္စအသီးသီးတွင် ပါဝင်ဆောင်ရွက်ပေးရေး ကဏ္ဍစုံပါဝင်နေသည်ကို တွေ့ရသည်။ ပြည်သူနှင့်ထိတွေ့ဆက်ဆံရသည့် ပြည်သူ့အကျိုးပြုကိစ္စများသည် လွန်စွာသိမ်မွေ့နက်နဲလွန်းလှသည်။ ရထားလမ်း၊ ကားလမ်းဖောက်သည့်လုပ်ငန်း၊ ရေကြီးရေလျှံ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများ ပါဝင်နေသည်ကို တွေ့ရသည်။ ထို့ပြင် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတစ်ခုဖြစ်သည့်   တပ်မတော်နယ်လှည့် ဆေးတပ်ဖွဲ့များ၏    တောင်တန်းမြေပြန့်မခွဲခြား၊ အသားရောင်မခွဲခြား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော    လုပ်ငန်းများ စသည့်လုပ်ငန်းပေါင်းစုံကို    မြင်တွေ့နေရသော  မြင်ကွင်းများသည်    တပ်မတော်၏ကရုဏာပြယုဂ်များဖြစ်သည်။

သမိုင်းဂုဏ်မညှိုး တိုးလို့အောင်မြင်ခဲ့သည့် မြန်မာ့တပ်မတော်၏ ဂုဏ်သတင်းသည်  မမှိန်မပျောက် အရှိန်တောက်ပြောင်လျက် နှစ်အလီလီဖြတ်သန်းခဲ့ပြီးနောက် (၈၁)နှစ်မြောက်    တပ်မတော်နေ့သို့ပင် တိုင်ခဲ့ပြီဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားလျက် ရည်မှန်းချက် ပန်းတိုင်နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးကို အဓိကတာဝန်အဖြစ် သတ်မှတ်ထမ်းဆောင်လျက်ရှိသည်။  ခေတ်မီတပ်မတော်၏အင်္ဂါရပ်များတွင်    ပါဝင်သည့်    စစ်လက်နက်၊ ဘက်စုံသုံးတိုက်လေယာဉ်၊ အမြောက်၊ သံချပ်ကာယာဉ်၊   ရေငုပ်သင်္ဘောနှင့် စစ်ရေယာဉ်တပ်ပေါင်းစုများဖြင့်    မြန်မာ့ရေ၊      မြန်မာ့မြေ၊ မြန်မာ့လေပိုင်နက်ကိုအစဉ်စိုးမိုးပေးလျက်ရှိသည်။

အမှန်စင်စစ်အားဖြင့် တပ်မတော်သည် ပြည်သူကဖွား တပ်မတော်သားများ ဖြစ်ကြသည်။သစ္စာလေးချက် ထမ်းရွက်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် မြတ်သောအသက်ကို  ပေးလှူထားကြသူများဖြစ်သည်။ ဆူးငြောင့်မကြောက်၊ တောတောင်ကိုဖောက်ပြီး အန္တရာယ်အသွယ်သွယ်ကို ဒူးမထောက်၊ လက်မမြှောက်ရင်ဆိုင်နိုင်စွမ်းရှိသူများဖြစ်သည်။အန္တရာယ်အမျိုးမျိုးကြုံလျှင် နယ်မြေစည်းခြား အရောက်သွား၍ ကူညီကယ်ဆယ်ကြသည်။ အသက်လဲထပ်တိုက်ပွဲဝင်ကြသည်။   ပြည်သူ့အတွက် အသင့်ရှိသည်ဟူသော    စကားရပ်နှင့် အညီ  လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံလျက် အရာအားလုံး စွန့်လွှတ်ကြရသည့်တိုင် ပြည်သူ့ဘက်မှ အစဉ်အမြဲမားမား ရပ်တည်ပေးခဲ့ကြသည်။  ထိုကဲ့သို့သော တပ်မတော်သားများ မွေးထုတ်ပေးသည့်   အစဉ်အလာကြီးမားသော  မြန်မာ့တပ်မတော်၏ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို လှိုက်လှဲစွာဖြင့်    ကြိုဆိုဂုဏ်ပြုရေးသား လိုက်ရပါသည်။    ။

MWD

ထက်ဝေအောင်(စစ်ကိုင်း)

သမိုင်းအစဉ်အလာခိုင်မာသည့် ခေတ်မီစွမ်းရည် ထက်မြက်သော တပ်မတော်ဆီသို့
-
နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့တွင် အဓိကကျသော အခန်းကဏ္ဍမှပါဝင်နေသည်မှာ ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်ပင်ဖြစ်သည်။ မြန်မာ့တပ်မတော်သည် မိမိတို့၏သမိုင်းကြောင်း တစ်လျှောက် ခိုင်မာလှသော ရိုးရာအစဉ်အလာကောင်းများကို အခြေခံလျက် ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော် (Standard Army) တစ်ရပ်အဖြစ် ကူးပြောင်းတည်ဆောက်နေသည့် အရေးကြီးသော အချိန်ကာလသို့ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာ့အခြေအနေအရပ်ရပ်သည် ဘက်စုံစစ်ဆင်ရေး (Multi-Domain Operations)နှင့် နည်းပညာအသာစီး ရယူမှုများဆီသို့ ဦးတည်ပြောင်းလဲနေသည်နှင့်အညီ တပ်မတော်သည်လည်း သမားရိုးကျစစ်ဆင်ရေး စွမ်းရည်များအပြင် အဆင့်မြင့်နည်းပညာ၊ အီလက်ထရွန်နစ်နှင့် ဆိုက်ဘာစစ်ဆင်ရေးဆိုင်ရာ စွမ်းပကားများကို ပေါင်းစပ်ဖြည့်တင်းလျက်ရှိသည်။ ဤသို့တည်ဆောက်ရာတွင် “တပ်မတော်သည်အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်”ဟူသည့် ခိုင်မာသောစိတ်ဓာတ်အစဉ်အလာကိုအရင်းခံ၍ နိုင်ငံတော်၏တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင်သော အဖွဲ့အစည်းတစ်ခုအဖြစ် ခေတ်သစ်သမိုင်းကို ရေးထိုးနေခြင်းဖြစ်သည်။ ယခုကျရောက်မည့် မတ်လ ၂၇ ရက်တွင်ကျင်းပမည့် (၈၁)နှစ်မြောက် တပ်မတော်နေ့သည် တပ်မတော်၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရုံသာမက အနာဂတ်တွင်ပိုမိုတောင့်တင်းခိုင်မာသော ကာကွယ်ရေးစွမ်းအားစုအဖြစ် အသွင်ကူးပြောင်းမှု၏ပြယုဂ်တစ်ခုလည်းဖြစ်ပေသည်။တပ်မတော်၏မပြောင်းလဲသော အမျိုးသားရေးသစ္စာနှင့် ခိုင်မာသည့် အစဉ်အလာ မြန်မာ့တပ်မတော်သည် ပေါက်ဖွားလာသည့် သမိုင်းကြောင်းမှစ၍ နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသော သစ္စာတရားကို အသက်နှင့်လဲ၍ စောင့်ရှောက်ခဲ့သည့် ထူးမြတ်သော အစဉ်အလာရှိသည်။ မည်သည့်ခေတ်စနစ်၊ မည်သည့်အစိုးရပင် ပြောင်းလဲစေကာမူ အမျိုးသားရေးတာဝန်ဖြစ်သည့် “ဒို့တာဝန်အရေးသုံးပါး”ကို အစဉ်ဦးထိပ်ထားကာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် မယိမ်းယိုင်သော စိတ်ဓာတ်ဖြင့် ရပ်တည်နေသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်သို့ ဦးတည်ခြင်း ကမ္ဘာ့အဆင့်မီစံနှုန်းများနှင့်အညီ တပ်မတော်ကို ပြန်လည်ဖွဲ့စည်း တည်ဆောက်ရာတွင် အရေအတွက်ထက် အရည်အချင်းကိုပိုမို ဦးစားပေးသည့်စနစ်ကိုကျင့်သုံးလျက်ရှိသည်။ စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ၊ ဖွဲ့စည်းပုံများနှင့်လက်နက်စနစ်များကို ခေတ်သစ်စစ်ပွဲများ၏ လိုအပ်ချက်နှင့်အညီ ပြောင်းလဲကာ ကျစ်လျစ်ခိုင်မာပြီး ထိုးစစ်၊ ခံစစ်စွမ်းရည်ထက်မြက်သော အင်အားစုအဖြစ် အသွင်ကူးပြောင်းလျက်ရှိသည်။စစ်ဘက်စွမ်းရည်မြှင့်တင်ရေးနှင့်အမြဲအသင့်ဖြစ်မှု တပ်မတော်သားတစ်ဦးချင်းစီ၏ တစ်ဦးချင်းတိုက်ခိုက်နိုင်စွမ်းမှသည် တပ်ရင်း၊ တပ်ဖွဲ့အလိုက် စုပေါင်းတိုက်ခိုက်နိုင်စွမ်းအထိ စွမ်းရည်ထက်မြက်နေစေရန် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့်အတိုင်း စဉ်ဆက်မပြတ်ဆောင်ရွက်နေသည်။မည်သည့်ရန်သူ့အန္တရာယ်၊ မည်သည့်စိန်ခေါ်မှုကိုမဆို အချိန်မရွေး၊ နေရာမရွေး ထိရောက်စွာတုံ့ပြန်နိုင်သည့် အမြဲအသင့်အနေအထား (Ready-to-Fight) ကို အစဉ်တစိုက်ထိန်းသိမ်းထားသည်။နည်းပညာစွမ်းအားဖြင့်ကာကွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်ခြင်း မျက်မှောက်ခေတ် စစ်ဆင်ရေးများသည် ဒစ်ဂျစ်တယ်နည်းပညာနှင့်အဆင့်မြင့်အီလက်ထရွန်နစ် ကိရိယာများအပေါ် များစွာမှီခိုလာရသည်။ ထို့ကြောင့် တပ်မတော်အတွင်း ဆိုက်ဘာလုံခြုံရေး၊ အီလက်ထရွန်နစ်စစ်ဆင်ရေး (Electronic Warfare) နှင့် အလိုအလျောက်ထိန်းချုပ်စနစ်သုံး လက်နက်များ (Automated Weapons) ကို အားဖြည့်လျက်ရှိကာ နည်းပညာအသာစီးရယူရေးကို မဟာဗျူဟာမြောက် ဖော်ဆောင်လျက်ရှိသည်။(ကြည်း၊ ရေ၊ လေ)ပူးပေါင်းစစ်ဆင်ရေး စွမ်းရည်ခေတ်မီတပ်မတော်တစ်ခု၏ အောင်မြင်မှုသည် တပ်ဖွဲ့ခွဲများအကြား ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မှုပေါ်တွင် မူတည်သည်။ (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များအကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်စေရန်နှင့် ပစ်ကူပေးမှုများ ထိရောက်စေရန် ပေါင်းစပ်စစ်ရေး လေ့ကျင့်မှုများကို နိုင်ငံတော်အဆင့် စနစ်တကျကျင်းပပြုလုပ်ကာ စွမ်းရည်မြှင့်တင်လျက်ရှိသည်။လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာခေတ်တပ်မတော် အဆင့်မြင့်စစ်လက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်မည့် တပ်မတော်သားများသည် ဗဟုသုတကြွယ်ဝပြီး ပညာတတ်များဖြစ်ရန် လိုအပ်သည်။ တပ်မတော်အတွင်း စစ်ဘက်၊ နယ်ဘက် ပညာရပ်များကို ဘွဲ့လွန်နှင့် ဒေါက်တာဘွဲ့အဆင့်ထိ သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း ပညာတော်သင်များစေလွှတ်ကာ နိုင်ငံတကာအဆင့်မီပညာရှင်စစ်သည်တော်များကို ပျိုးထောင်လျက်ရှိသည်။စိတ်ဓာတ်စွမ်းရည်၏ အဓိကကျသောအခန်းကဏ္ဍ လက်နက်ပစ္စည်းများ မည်မျှပင်သာလွန်စေကာမူ တိုက်ပွဲ၏ အဆုံးအဖြတ်သည် တိုက်ခိုက်သူ၏ စိတ်ဓာတ်ဖြစ်သည်။ တပ်မတော်သားများအနေဖြင့် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ တပ်မတော်၏အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ်တို့အခြေခံကာ မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိနှင့် ဇွဲစိတ်ဓာတ်ကိုမြှင့်တင်ထားသည်။စစ်လက်နက်ပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်နိုင်မှု မိမိတို့၏ ကာကွယ်ရေးပစ္စည်းစက်ရုံများမှ အဆင့်မြင့်လက်နက်ခဲယမ်းများ၊ သံချပ်ကာယာဉ်များ၊ စစ်ရေယာဉ်များနှင့် ဒရုန်းနည်းပညာများကို သုတေသနပြုထုတ်လုပ်လျက်ရှိသည်။ ဤသည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုယ်တိုင်ကာကွယ်နိုင်သည့် ခိုင်မာသောခြေလှမ်းဖြစ်သည်။နိုင်ငံတကာစစ်ဘက်ဆိုင်ရာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာနှင့် အခန်းကဏ္ဍကို ကမ္ဘာ့အလယ်တွင် မြှင့်တင်လျက်ရှိသည်။သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများ တပ်မတော်သည် စစ်ဆင်ရေးတာဝန်များအပြင် ပြည်သူလူထု သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တိုင်းတွင် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ကာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်သည်။ “တပ်မတော်သည် ပြည်သူ့အတွက်”ဟူသောဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို အစဉ်တစိုက်ဖော်ဆောင်လျက်ရှိသည်။စည်းကမ်းကောင်းမွန်မှုသည် တပ်မတော်၏ကျောရိုးစစ်စည်းကမ်းသည် တပ်မတော်၏ အသက်သွေးကြောဖြစ်သည့်အတိုင်းအမိန့်နာခံမှု၊ ကျင့်ဝတ်လိုက်နာမှုနှင့် စနစ်တကျနေထိုင်မှုများကို တင်းကျပ်စွာကျင့်သုံးသည်။ စည်းကမ်းရှိသော တပ်မတော်သားသည်သာ ပြည်သူကအားကိုးရသည့်၊ ရန်သူကကြောက်ရွံ့ရသည့် စစ်သားကောင်းဖြစ်လာနိုင်ကြောင်း လက်ကိုင်ထားကျင့်သုံးသည်။သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍကိုအလေးထားခြင်း ခေတ်သစ်စစ်ပွဲဗျူဟာများ ပြောင်းလဲလာမှုအပေါ် မူတည်၍ တပ်မတော်၏သုတေသနဌာနများမှ ဆန်းသစ်သော တိုက်ပွဲဝင်နည်းစနစ်များနှင့် ကာကွယ်ရေးပစ္စည်းများကို စဉ်ဆက်မပြတ်တီထွင်ဖန်တီးလျက်ရှိသည်။ ဤသုတေသနလုပ်ငန်းများသည် တပ်မတော်ကို အနာဂတ်စိန်ခေါ်မှုများအတွက် အသင့်ဖြစ်စေသည်။တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးနှင့်မိသားစုဘဝမြှင့်တင်ရေး တပ်မတော်သားများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရန် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုဘဝများကို အဆင့်မြှင့်တင်ပေးထားသည်။ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း သက်သာချောင်ချိရေးနှင့် ဂုဏ်ပြုထောက်ပံ့မှုများကို စနစ်တကျဖော်ဆောင်လျက်ရှိသည်။အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနှင့်တည်ငြိမ်ရေး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရန်နှင့် ခိုင်မာသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ တာဝန်သိစွာပါဝင် ထိန်းကျောင်းပေးလျက်ရှိသည်။ ဤသည်မှာ နိုင်ငံတော်မပြိုကွဲစေရန် ထိန်းသိမ်းခြင်းပင်ဖြစ်သည်။ခေတ်မီရေတပ်နှင့် ဝေဟင်စွမ်းအားကိုဟန်ချက်ညီစွာ တည်ဆောက်ခြင်း ပင်လယ်ပြင်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဘက်စုံသုံးစစ်ရေယာဉ်များ ဖြည့်တင်းခြင်း၊ ဝေဟင်ပိုင်နက် လုံခြုံရေးအတွက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်များကိုအသုံးပြုခြင်းဖြင့် (ကြည်း၊ ရေ၊ လေ)အင်အားစုအားလုံးကို အချိုးညီညီ တည်ဆောက်လျက်ရှိသည်။ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် စွမ်းရည်များဟန်ချက်ညီမှု စစ်ဆင်ရေးစွမ်းရည် (G)၊ စီမံခန့်ခွဲမှုစွမ်းရည် (A) နှင့် ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်(Q)တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် တပ်မတော်၏ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် အကောင်အထည်ဖော်နိုင်ပြီး ရေရှည်စစ်ဆင်နိုင်စွမ်းကိုမြှင့်တင်ပေးသည်။ပြည်သူ့စစ်မဟာဗျူဟာနှင့် အမျိုးသားကာကွယ်ရေး တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်လျက်ရှိသည်။ဤသို့ဖြင့် တပ်မတော်နှင့်ပြည်သူပူးပေါင်းကာ နိုင်ငံတော်ကာကွယ်ရေးအင်အားစုကို ကျယ်ပြန့်ခိုင်မာအောင်တည်ဆောက်ထားသည်။ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်ရေး အဆင့်ဆင့်သော ခေါင်းဆောင်များသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထက်မြက်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် စစ်ဘက်ခေါင်းဆောင်မှု သင်တန်းများကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးလျက်ရှိသည်။ အနာဂတ်မျိုးဆက်သစ် တပ်မတော်သားများ၏ တာဝန်သိစိတ် ခေတ်မီတပ်မတော်၏အခြေခံမှာ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ နည်းပညာတတ်မြောက်ပြီး နိုင်ငံချစ်စိတ်ထက်သန်သည့် မျိုးဆက်သစ်စစ်သည်တော်များကိုပြုစုပျိုးထောင်ခြင်းဖြင့် နောင်နှစ်ပေါင်းများစွာအထိ နိုင်ငံတော်ကိုအကာအကွယ်ပေးနိုင်မည့် အင်အားစုကြီးအဖြစ် အာမခံချက်ပေးထားခြင်းဖြစ်သည်။သို့ဖြစ်၍ တပ်မတော်သည်ခိုင်မာသည့် အစဉ်အလာကောင်းများကို အရင်းပြုလျက် ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်(Standard Army) ဆီသို့ ပြတ်သားသောခြေလှမ်းများဖြင့် လျှောက်လှမ်းလျက်ရှိသည်။ ကမ္ဘာ့အခြေအနေနှင့် ဒေသတွင်းပထဝီနိုင်ငံရေးအရပ်ရပ်ကို မျက်ခြည်မပြတ်ဘဲ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို ထာဝစဉ်ကာကွယ် စောင့်ရှောက်သွားမည့် တပ်မတော်အဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ပါသည်။ ။MWD

       နိုင်ငံတော်၏အချုပ်အခြာအာဏာ   တည်တံ့ခိုင်မြဲရေးနှင့်  အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့တွင် အဓိကကျသော အခန်းကဏ္ဍမှပါဝင်နေသည်မှာ ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်ပင်ဖြစ်သည်။ မြန်မာ့တပ်မတော်သည် မိမိတို့၏သမိုင်းကြောင်း တစ်လျှောက် ခိုင်မာလှသော ရိုးရာအစဉ်အလာကောင်းများကို အခြေခံလျက် ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော် (Standard Army) တစ်ရပ်အဖြစ် ကူးပြောင်းတည်ဆောက်နေသည့် အရေးကြီးသော အချိန်ကာလသို့ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာ့အခြေအနေအရပ်ရပ်သည် ဘက်စုံစစ်ဆင်ရေး (Multi-Domain Operations)နှင့် နည်းပညာအသာစီး ရယူမှုများဆီသို့ ဦးတည်ပြောင်းလဲနေသည်နှင့်အညီ တပ်မတော်သည်လည်း သမားရိုးကျစစ်ဆင်ရေး စွမ်းရည်များအပြင် အဆင့်မြင့်နည်းပညာ၊ အီလက်ထရွန်နစ်နှင့် ဆိုက်ဘာစစ်ဆင်ရေးဆိုင်ရာ စွမ်းပကားများကို ပေါင်းစပ်ဖြည့်တင်းလျက်ရှိသည်။ ဤသို့တည်ဆောက်ရာတွင် တပ်မတော်သည်အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်ဟူသည့်  ခိုင်မာသောစိတ်ဓာတ်အစဉ်အလာကိုအရင်းခံ၍ နိုင်ငံတော်၏တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင်သော အဖွဲ့အစည်းတစ်ခုအဖြစ် ခေတ်သစ်သမိုင်းကို ရေးထိုးနေခြင်းဖြစ်သည်။  ယခုကျရောက်မည့် မတ်လ ၂၇ ရက်တွင်ကျင်းပမည့် (၈၁)နှစ်မြောက် တပ်မတော်နေ့သည် တပ်မတော်၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရုံသာမက    အနာဂတ်တွင်ပိုမိုတောင့်တင်းခိုင်မာသော   ကာကွယ်ရေးစွမ်းအားစုအဖြစ် အသွင်ကူးပြောင်းမှု၏ပြယုဂ်တစ်ခုလည်းဖြစ်ပေသည်။

တပ်မတော်၏မပြောင်းလဲသော အမျိုးသားရေးသစ္စာနှင့် ခိုင်မာသည့် အစဉ်အလာ

      မြန်မာ့တပ်မတော်သည် ပေါက်ဖွားလာသည့် သမိုင်းကြောင်းမှစ၍ နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသော  သစ္စာတရားကို အသက်နှင့်လဲ၍ စောင့်ရှောက်ခဲ့သည့် ထူးမြတ်သော အစဉ်အလာရှိသည်။ မည်သည့်ခေတ်စနစ်၊ မည်သည့်အစိုးရပင် ပြောင်းလဲစေကာမူ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားကာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့်  နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် မယိမ်းယိုင်သော စိတ်ဓာတ်ဖြင့် ရပ်တည်နေသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။

ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်သို့ ဦးတည်ခြင်း

     ကမ္ဘာ့အဆင့်မီစံနှုန်းများနှင့်အညီ တပ်မတော်ကို ပြန်လည်ဖွဲ့စည်း တည်ဆောက်ရာတွင် အရေအတွက်ထက် အရည်အချင်းကိုပိုမို ဦးစားပေးသည့်စနစ်ကိုကျင့်သုံးလျက်ရှိသည်။ စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ၊ ဖွဲ့စည်းပုံများနှင့်လက်နက်စနစ်များကို ခေတ်သစ်စစ်ပွဲများ၏ လိုအပ်ချက်နှင့်အညီ ပြောင်းလဲကာ  ကျစ်လျစ်ခိုင်မာပြီး   ထိုးစစ်၊ ခံစစ်စွမ်းရည်ထက်မြက်သော အင်အားစုအဖြစ် အသွင်ကူးပြောင်းလျက်ရှိသည်။

စစ်ဘက်စွမ်းရည်မြှင့်တင်ရေးနှင့်အမြဲအသင့်ဖြစ်မှု

      တပ်မတော်သားတစ်ဦးချင်းစီ၏ တစ်ဦးချင်းတိုက်ခိုက်နိုင်စွမ်းမှသည် တပ်ရင်း၊ တပ်ဖွဲ့အလိုက် စုပေါင်းတိုက်ခိုက်နိုင်စွမ်းအထိ စွမ်းရည်ထက်မြက်နေစေရန် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့်အတိုင်း   စဉ်ဆက်မပြတ်ဆောင်ရွက်နေသည်။

မည်သည့်ရန်သူ့အန္တရာယ်၊ မည်သည့်စိန်ခေါ်မှုကိုမဆို အချိန်မရွေး၊ နေရာမရွေး ထိရောက်စွာတုံ့ပြန်နိုင်သည့် အမြဲအသင့်အနေအထား (Ready-to-Fight) ကို အစဉ်တစိုက်ထိန်းသိမ်းထားသည်။

နည်းပညာစွမ်းအားဖြင့်ကာကွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်ခြင်း

     မျက်မှောက်ခေတ် စစ်ဆင်ရေးများသည် ဒစ်ဂျစ်တယ်နည်းပညာနှင့်အဆင့်မြင့်အီလက်ထရွန်နစ် ကိရိယာများအပေါ် များစွာမှီခိုလာရသည်။ ထို့ကြောင့် တပ်မတော်အတွင်း ဆိုက်ဘာလုံခြုံရေး၊ အီလက်ထရွန်နစ်စစ်ဆင်ရေး (Electronic Warfare) နှင့် အလိုအလျောက်ထိန်းချုပ်စနစ်သုံး လက်နက်များ (Automated Weapons) ကို အားဖြည့်လျက်ရှိကာ နည်းပညာအသာစီးရယူရေးကို မဟာဗျူဟာမြောက် ဖော်ဆောင်လျက်ရှိသည်။

(ကြည်း၊ ရေ၊ လေ)ပူးပေါင်းစစ်ဆင်ရေး စွမ်းရည်ခေတ်မီတပ်မတော်တစ်ခု၏ အောင်မြင်မှုသည် တပ်ဖွဲ့ခွဲများအကြား ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မှုပေါ်တွင် မူတည်သည်။ (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များအကြား   အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်စေရန်နှင့် ပစ်ကူပေးမှုများ ထိရောက်စေရန် ပေါင်းစပ်စစ်ရေး လေ့ကျင့်မှုများကို  နိုင်ငံတော်အဆင့်  စနစ်တကျကျင်းပပြုလုပ်ကာ စွမ်းရည်မြှင့်တင်လျက်ရှိသည်။

လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာခေတ်တပ်မတော်

    အဆင့်မြင့်စစ်လက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်မည့် တပ်မတော်သားများသည် ဗဟုသုတကြွယ်ဝပြီး ပညာတတ်များဖြစ်ရန် လိုအပ်သည်။ တပ်မတော်အတွင်း စစ်ဘက်၊ နယ်ဘက် ပညာရပ်များကို   ဘွဲ့လွန်နှင့်  ဒေါက်တာဘွဲ့အဆင့်ထိ သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း ပညာတော်သင်များစေလွှတ်ကာ     နိုင်ငံတကာအဆင့်မီပညာရှင်စစ်သည်တော်များကို ပျိုးထောင်လျက်ရှိသည်။

စိတ်ဓာတ်စွမ်းရည်၏ အဓိကကျသောအခန်းကဏ္ဍ

      လက်နက်ပစ္စည်းများ မည်မျှပင်သာလွန်စေကာမူ တိုက်ပွဲ၏ အဆုံးအဖြတ်သည် တိုက်ခိုက်သူ၏ စိတ်ဓာတ်ဖြစ်သည်။ တပ်မတော်သားများအနေဖြင့် လှေခွက်ချည်းကျန်   အလံမလှဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ တပ်မတော်၏အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ်တို့အခြေခံကာ မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိနှင့် ဇွဲစိတ်ဓာတ်ကိုမြှင့်တင်ထားသည်။

စစ်လက်နက်ပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်နိုင်မှု

     မိမိတို့၏  ကာကွယ်ရေးပစ္စည်းစက်ရုံများမှ အဆင့်မြင့်လက်နက်ခဲယမ်းများ၊  သံချပ်ကာယာဉ်များ၊ စစ်ရေယာဉ်များနှင့် ဒရုန်းနည်းပညာများကို သုတေသနပြုထုတ်လုပ်လျက်ရှိသည်။ ဤသည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုယ်တိုင်ကာကွယ်နိုင်သည့် ခိုင်မာသောခြေလှမ်းဖြစ်သည်။

နိုင်ငံတကာစစ်ဘက်ဆိုင်ရာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု

     အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာနှင့် အခန်းကဏ္ဍကို ကမ္ဘာ့အလယ်တွင် မြှင့်တင်လျက်ရှိသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများ

     တပ်မတော်သည် စစ်ဆင်ရေးတာဝန်များအပြင် ပြည်သူလူထု သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တိုင်းတွင် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ကာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်သည်။ 

တပ်မတော်သည် ပြည်သူ့အတွက်ဟူသောဆောင်ပုဒ်နှင့်အညီ   ပြည်သူ့အကျိုးစီးပွားကို အစဉ်တစိုက်ဖော်ဆောင်လျက်ရှိသည်။

စည်းကမ်းကောင်းမွန်မှုသည် တပ်မတော်၏ကျောရိုးစစ်စည်းကမ်းသည် တပ်မတော်၏ အသက်သွေးကြောဖြစ်သည့်အတိုင်းအမိန့်နာခံမှု၊ ကျင့်ဝတ်လိုက်နာမှုနှင့် စနစ်တကျနေထိုင်မှုများကို တင်းကျပ်စွာကျင့်သုံးသည်။ စည်းကမ်းရှိသော တပ်မတော်သားသည်သာ  ပြည်သူကအားကိုးရသည့်၊  ရန်သူကကြောက်ရွံ့ရသည့်   စစ်သားကောင်းဖြစ်လာနိုင်ကြောင်း လက်ကိုင်ထားကျင့်သုံးသည်။

သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍကိုအလေးထားခြင်း

     ခေတ်သစ်စစ်ပွဲဗျူဟာများ ပြောင်းလဲလာမှုအပေါ် မူတည်၍  တပ်မတော်၏သုတေသနဌာနများမှ ဆန်းသစ်သော တိုက်ပွဲဝင်နည်းစနစ်များနှင့် ကာကွယ်ရေးပစ္စည်းများကို  စဉ်ဆက်မပြတ်တီထွင်ဖန်တီးလျက်ရှိသည်။  ဤသုတေသနလုပ်ငန်းများသည် တပ်မတော်ကို  အနာဂတ်စိန်ခေါ်မှုများအတွက် အသင့်ဖြစ်စေသည်။

တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးနှင့်မိသားစုဘဝမြှင့်တင်ရေး

    တပ်မတော်သားများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရန် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုဘဝများကို အဆင့်မြှင့်တင်ပေးထားသည်။ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း သက်သာချောင်ချိရေးနှင့် ဂုဏ်ပြုထောက်ပံ့မှုများကို စနစ်တကျဖော်ဆောင်လျက်ရှိသည်။

အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနှင့်တည်ငြိမ်ရေး

     နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရန်နှင့် ခိုင်မာသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ တာဝန်သိစွာပါဝင် ထိန်းကျောင်းပေးလျက်ရှိသည်။ ဤသည်မှာ နိုင်ငံတော်မပြိုကွဲစေရန် ထိန်းသိမ်းခြင်းပင်ဖြစ်သည်။

ခေတ်မီရေတပ်နှင့် ဝေဟင်စွမ်းအားကိုဟန်ချက်ညီစွာ တည်ဆောက်ခြင်း

      ပင်လယ်ပြင်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဘက်စုံသုံးစစ်ရေယာဉ်များ ဖြည့်တင်းခြင်း၊  ဝေဟင်ပိုင်နက် လုံခြုံရေးအတွက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်များကိုအသုံးပြုခြင်းဖြင့်   (ကြည်း၊ ရေ၊ လေ)အင်အားစုအားလုံးကို အချိုးညီညီ တည်ဆောက်လျက်ရှိသည်။                       

စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် စွမ်းရည်များဟန်ချက်ညီမှု

      စစ်ဆင်ရေးစွမ်းရည် (G)၊ စီမံခန့်ခွဲမှုစွမ်းရည် (A) နှင့် ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်(Q)တို့ကို ဟန်ချက်ညီညီ  ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် တပ်မတော်၏ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် အကောင်အထည်ဖော်နိုင်ပြီး ရေရှည်စစ်ဆင်နိုင်စွမ်းကိုမြှင့်တင်ပေးသည်။

ပြည်သူ့စစ်မဟာဗျူဟာနှင့် အမျိုးသားကာကွယ်ရေး

     တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် ပြည်သူ့စစ်မဟာဗျူဟာကို  ဖော်ဆောင်လျက်ရှိသည်။

ဤသို့ဖြင့် တပ်မတော်နှင့်ပြည်သူပူးပေါင်းကာ နိုင်ငံတော်ကာကွယ်ရေးအင်အားစုကို ကျယ်ပြန့်ခိုင်မာအောင်တည်ဆောက်ထားသည်။

ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်ရေး

     အဆင့်ဆင့်သော ခေါင်းဆောင်များသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထက်မြက်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်   စစ်ဘက်ခေါင်းဆောင်မှု သင်တန်းများကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးလျက်ရှိသည်။ 

အနာဂတ်မျိုးဆက်သစ် တပ်မတော်သားများ၏ တာဝန်သိစိတ်

      ခေတ်မီတပ်မတော်၏အခြေခံမှာ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ နည်းပညာတတ်မြောက်ပြီး နိုင်ငံချစ်စိတ်ထက်သန်သည့် မျိုးဆက်သစ်စစ်သည်တော်များကိုပြုစုပျိုးထောင်ခြင်းဖြင့် နောင်နှစ်ပေါင်းများစွာအထိ  နိုင်ငံတော်ကိုအကာအကွယ်ပေးနိုင်မည့် အင်အားစုကြီးအဖြစ် အာမခံချက်ပေးထားခြင်းဖြစ်သည်။

သို့ဖြစ်၍ တပ်မတော်သည်ခိုင်မာသည့် အစဉ်အလာကောင်းများကို အရင်းပြုလျက် ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်(Standard Army) ဆီသို့ ပြတ်သားသောခြေလှမ်းများဖြင့် လျှောက်လှမ်းလျက်ရှိသည်။ ကမ္ဘာ့အခြေအနေနှင့် ဒေသတွင်းပထဝီနိုင်ငံရေးအရပ်ရပ်ကို  မျက်ခြည်မပြတ်ဘဲ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို   ထာဝစဉ်ကာကွယ် စောင့်ရှောက်သွားမည့် တပ်မတော်အဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ပါသည်။   ။

MWD

လွန်းပိုးအိမ်

ပြည်သူနှင့်တစ်သားတည်းတည်ရှိနေသော တပ်မတော်
-
(၈၁)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး နွေဦးရဲ့လေပွေရူးလေးက ပိတောက်ရနံ့ကိုမသယ်ဆောင်မီ မတ်လရဲ့နေရှိန်ပြင်းပြင်းအောက်တွင် စာရေးသူတို့မြန်မာနိုင်ငံမှာ မေ့မရနိုင်တဲ့သမိုင်းဝင်နေ့တစ်နေ့ရှိခဲ့ပါတယ်။ ထိုနေ့သည်ကား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ဖြစ်ပါတယ်။ ဖက်ဆစ်တို့ရဲ့ဖိနှိပ်မှုအောက်မှာ ငုံ့မခံလိုတဲ့ ဇာတိသွေးတို့ ဆူပွက်ခဲ့တဲ့နေ့ ဒါမှမဟုတ် လွတ်လပ်ရေးဆိုတဲ့ ပန်းတိုင်ကိုရောက်စေဖို့ရာ လက်နက်စွဲကိုင်ကာ တောထဲတောင်ထဲကိုခြေဆန့်ခဲ့ကြတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ သမိုင်းမြူမှုန်များကြားကပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်သုံးကျိပ်ဝင်တွေ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က စစ်သည်တော်တွေ၊ တိုင်းရင်းသားပြည်သူတွေရဲ့ ခြေသံများကိုကြားယောင်နေဆဲ ဖြစ်ပါတယ်။ဖက်ဆစ်ရန်တော်လှန်ရေးဆိုတဲ့ စကားလုံးမှာ ရိုးရှင်းသယောင်ရှိပေမယ့် ပေးဆပ်ရမှုကကြီးမားလှပါတယ်။ အမိမြေကို ကျွန်ဘဝကနေကယ်တင်ဖို့ရာ အသက်၊ သွေး၊ ချွေးတို့မြေခခဲ့ရတဲ့ စစ်သည်တော်တို့ရဲ့စိတ်ဓာတ်ဟာ ယနေ့တိုင် ထွန်းလင်းနေတဲ့ မီးရှူးတိုင်တစ်ခုကဲ့သို့ပင် တည်ရှိနေဆဲဖြစ်ပါတယ်။အဘယ့်ကြောင့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ရသနည်းဆိုရင် ကျွန်တော်တို့နိုင်ငံတော်ကြီးဟာ တိုင်းတစ်ပါးသားတို့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ခံခဲ့ရလို့ဖြစ်ပါတယ်။ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ဘုရင်ကိုယ့်သခင်နဲ့နေထိုင်ခဲ့တဲ့ နိုင်ငံတော်ကို အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ခဲ့ပါတယ်။ ဂျပန်တို့ရဲ့ အကူအညီနဲ့ အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့ပေမယ့် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကကျားထက်ဆိုး”ဆိုသလို ဂျပန်တို့ဟာ ဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြန်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကိုပြန်ပြောင်းကြည့်မယ်ဆိုရင် ၁၈၈၅ ခုနှစ်မှာ တတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားပြီး အင်္ဂလိပ်တို့က တစ်နိုင်ငံလုံးကိုသိမ်းယူခဲ့ပါတယ်။ သူ့ကျွန်မခံလိုတဲ့ တိုင်းရင်းသားတို့မှာ ရရာလက်နက်ကို စွဲကိုင်တော်လှန်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်တိုင်းပြည်လုံး မစည်းရုံးနိုင်မှု၊ လက်နက်အင်အား၊ လူအင်အားမမျှမှုတို့ကြောင့် အောင်မြင်မှုမရရှိခဲ့ပါ။ အားမသန်လို့မာန်လျှော့ခဲ့ရပေမယ့် နယ်ချဲ့ကိုတော်လှန်လိုတဲ့စိတ်ဓာတ်မှာ လျော့နည်းမသွားခဲ့ပါဘူး။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်မှာ တို့ဗမာအစည်းအရုံးကိုဖွဲ့စည်းခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့တဲ့အခါ အင်္ဂလိပ်တို့ဟာစစ်ကြီးအတွက် လုံးပန်းနေရပါတယ်။ ဒီအချိန်မှာ“အင်္ဂလိပ်အခက်ဗမာ့အချက်” ဆိုတဲ့စကားကိုကြွေးကြော်ခဲ့ကြပြီး လက်နက်နဲ့တိုက်ခိုက်ရမယ့် နည်းလမ်းကို ရှာဖွေခဲ့ကြပါတယ်။သခင်အောင်ဆန်းခေါင်းဆောင်တဲ့ မျိုးချစ်လူငယ် ၃၀ ဦး(ရဲဘော်သုံးကျိပ်)တို့ဟာ စစ်သင်တန်းတက်ရောက်ဖို့ ပြည်ပကိုထွက်ခွာခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြားခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်တို့ဟာ တရုတ်ကအပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကိုဖွဲ့စည်းလိုက်ပါတယ်။ ဂျပန်တပ်တို့နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံကို စစ်ကြောင်းလေးကြောင်းနဲ့ ဝင်ရောက်ခဲ့ပါတယ်။ ဂျပန်တပ်နဲ့အတူ မြန်မာနိုင်ငံအထက်ပိုင်းကိုချီတက်ခဲ့ရာ ဧပြီလမှာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဂျပန်နဲ့ပူးပေါင်းပြီး အင်္ဂလိပ်တို့ကို အမိမြေမှမောင်းထုတ်နိုင်ခဲ့ပေမယ့် ဂျပန်တို့က မြန်မာနိုင်ငံကိုဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာလည်း ဂျပန်လက်အောက်ခံ တပ်မတော်အဖြစ်နဲ့သာ ရပ်တည်နေရပါတယ်။ ၁၉၄၅ ခုနှစ် မတ်လ၂၇ ရက်နေ့မှာ တပ်မတော်ဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲလိုက်ပါတယ်။ ဂျပန်တို့ကိုတိုက်ထုတ်နိုင်ခဲ့ပေမယ့် အင်္ဂလိပ်တို့က ဆက်လက်အုပ်ချုပ်ခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်မှန်တဲ့လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ကနဦးဖွဲ့တည်လာရာသမိုင်းကြောင်းဟာ ဂျပန်တို့ကိုတွန်းလှန်ရာမှာ တစ်ပြည်လုံးအတိုင်းအတာ ပါဝင်ခဲ့ခြင်းနဲ့ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် ဖက်ဆစ်တော်လှန်ရေးစတင်ဖို့ သတ်မှတ်ခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကိုအစွဲပြုပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)တစ်ရပ်လုံးနဲ့ပတ်သက်တဲ့ “တပ်မတော်နေ့”အဖြစ် ၁၉၅၅ ခုနှစ်မှာ တရားဝင်အတိအလင်းသတ်မှတ်ခဲ့ပါတယ်။တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို စဉ်လာမပျက်နှစ်စဉ် ကျင်းပလျက်ရှိပါတယ်။ ယခုအခါ နေပြည်တော်မှာကျင်းပလျက်ရှိရာ အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနဲ့ အောင်ဆန်းစစ်ကြောင်းတို့ဟာ စုရပ်ဖြစ်တဲ့ သစ်တပ်ကွင်းကနေ စစ်ရေးပြကွင်းကြီးဆီကို တပ်မတော်စစ်တီးဝိုင်းအဖွဲ့များရဲ့ တီးခတ်မှုနဲ့အတူ စစ်သီချင်းများသီဆိုကာချီတက်ကြပါတယ်။မြင်တွေ့ရသူအပေါင်းကို ရဲစိတ်ရဲမာန်တက်ကြွစေပါတယ်။ ပြည်သူအပေါင်းတို့မှလည်း သောင်းသောင်းဖြဖြကြိုဆိုကြသည်မှာ တပ်မတော်နဲ့ပြည်သူ ချစ်ကြည်ရင်းနှီးမှုကိုပြသနေပါတယ်။ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဟာ ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ဦးတည်ချက်(၄)ရပ်နဲ့ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ၎င်းဦးတည်ချက်များမှာ “အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေး(၃)ပါးကိုကာကွယ် စောင့်ရှောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်ယိမ်းယိုင်မသွားရေးတို့ အတွက် နိုင်ငံတော်၏အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၌ တပ်မတော်ကပါဝင်ထမ်းဆောင်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့်အတူလက်တွဲပြီး ကျရာကဏ္ဍအသီးသီးမှ ကြိုးပမ်းဆောင်ရွက်ရေး၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက်ဖြစ်သည့် အတွက်တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ရာတွင် ဒို့တာဝန်အရေး(၃)ပါးကို မသွေဖည်ဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါသဘောတူညီချက်များ အပေါ်အခြေခံ၍ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်ရေး၊ တပ်မတော်ကို Standard Army ဖြစ်စေရေးတည်ဆောက်ရာတွင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် တပ်မတော်၏လုပ်ငန်းစဉ်နှင့် အညီ စွမ်းရည်(၃)ရပ်မြင့်မားစေရေးနှင့် ခေတ်မီနည်းပညာများအား ထိရောက်စွာ အသုံးပြုတတ်စေရေး စဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ရေး”တို့ဖြစ်ကြပါတယ်။၎င်းဦးတည်ချက်များကို အကျဉ်းချုပ်ရေးသားရမယ်ဆိုရင် မြန်မာနိုင်ငံမှာ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး”ဆိုတဲ့ဒို့တာဝန်အရေး(၃)ပါးဆိုတာ တည်ရှိပါတယ်။ ပြည်ထောင်စုဆိုသည်မှာတိုင်းရင်းသား လူမျိုးအသီးသီးတို့ဟာ နှစ်ကာလပရိစ္ဆေဒကြာရှည်စွာ ကောင်းတူဆိုးဖက် လက်တွဲညီညီနေထိုင်တဲ့ ပထဝီနယ်နိမိတ်ကိုခေါ်ဆိုပါတယ်။ တိုင်းပြည်တစ်ခုတည်းမှာအတူတကွနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို တိုင်းရင်းသားလို့ခေါ်ဆိုပါတယ် “စည်းလုံးညီညာအောင်ကြောင်းဖြာ”ဆိုတဲ့ စကားအတိုင်း တိုင်းရင်းသားအားလုံး ပေါင်းစည်းညီညွတ်စွာ နေထိုင်ရပါမယ်။ အချုပ်အခြာအာဏာဆိုတာက တိုင်းပြည်တစ်ခုကို စည်းကမ်းတကျမောင်းနှင် ထိန်းသိမ်းနိုင်ဖို့နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ဖို့ရာ လိုအပ်တဲ့အာဏာမျိုးဖြစ်ပါတယ်။ အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာ မိမိတိုင်းပြည်နဲ့မိမိလူမျိုးအကျိုးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ လွတ်လပ်တဲ့တိုင်းပြည်တစ်ပြည်ရဲ့ အဓိကဝိသေသလက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးဝါဒအဖြစ် လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားရေးဝါဒဆိုသည်မှာ မိမိဒေသ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု၊ ဘာသာရေးနဲ့စည်းလုံးညီညွတ်ရေးတို့ကို တန်ဖိုးထားချစ်မြတ်နိုးတဲ့ နိုင်ငံရေးအတွေးအခေါ်ကို ခေါ်ဆိုပါတယ်။ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါအခြေခံမူများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပုဒ်မ ၆(စ)မှာ“နိုင်ငံတော်သည် နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” လို့ချမှတ်ထားရှိပါတယ်။ နိုင်ငံတော်မှာဒီမိုကရေစီလမ်းကြောင်းမ ှသွေဖည်ယိမ်းယိုင်မသွားရေးတို့အတွက် ၎င်းတာဝန်ကို တပ်မတော်က ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆိုသည်မှာ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်နေပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုသည်မှာ နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ အုပ်ချုပ်ခြင်းကို ဆိုလိုပါတယ်။ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ လူတိုင်းမှာတူညီတဲ့ ဥပဒေရဲ့အကာအကွယ်ကို ရရှိရပါမယ်။ ပြည်သူ့ဆန္ဒကိုအခြေခံပြီး တရားဥပဒေရှေ့မှောက်မှာ လူတိုင်းတန်းတူ အခွင့်အရေးရရှိစေဖို့ရာ လုပ်ဆောင်ပေးရမှာဖြစ်ပြီး ၎င်းတာဝန်များကို တပ်မတော်က ဖော်ဆောင်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစကာလမှာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးယနေ့ကာလတိုင် အပြီးသတ်မဖြေရှင်းနိုင်သေးပါဘူး။ လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်သေးသမျှ ကာလပတ်လုံး နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးနေပါဦးမယ်။ ငြိမ်းချမ်းရေးအသီးအပွင့်ကို တိုင်းရင်းသားများအတွက်ဝေမျှခံစားဖို့ အခွင့်အလမ်းနည်းပါးနေပါဦးမယ်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာဝစဉ်ငြိမ်းချမ်းရေးရရှိဖို့ရာတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အဆိုပါအဖွဲ့အစည်းတွေကို တပ်မတော်က ဖိတ်ခေါ်နေမြဲဖြစ်ပါတယ်။ ပြည်သူလူထုအတွက် တည်ငြိမ်အေးချမ်းမှု အပြည့်အဝခံစားနိုင်ဖို့ရာ တပ်မတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား၊ ပြည်သူလူထု၏အင်အားတို့ကိုစုစည်းပြီး အကြမ်းဖက်သမားများကို နှိမ်နင်းလျက်ရှိပါတယ်။ ဒါ့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ သဘောတူညီချက်များအပေါ်အခြေခံပြီး ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ စွမ်းရည်ထက်မြက်ပြီး ခေတ်မီအဆင့်မြင့်တပ်မတော်(Modenized Armed Forces)ဖြစ်စေရေးမှာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဟာ ခေတ်မီစစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်တဲ့ စစ်သည်တော်များဖြစ်လာစေဖို့ရာ လေ့ကျင့်ပေးနေပါတယ်။ ခေတ်မီနည်းပညာများနဲ့စစ်လက်နက်ပစ္စည်းများကို ဖြည့်တင်းဆောင်ရွက်လျက်ရှိပါတယ်။တပ်မတော်(ကြည်း/ရေ/လေ)တပ်ဖွဲ့များအကြား ဟန်ချက်ညီညီစုစည်း ရပ်တည်ပြီး ပူးပေါင်းစစ်ဆင်နိုင်မှု စွမ်းရည်မြှင့်တင်ခြင်းများ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်နေမှုမှာ နိုင်ငံတော်အပေါ် ကျရောက်လာမယ့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ထိရောက်စွာကာကွယ်နိုင်ပါတယ်။မတ်လရဲ့ကောင်းကင်ပြာပြာအောက်မှာ တပ်မတော်နေ့စစ်ရေးပြကွင်း အတွင်းက စစ်ရေးပြစစ်သည်တွေရဲ့ စည်းချက်ကျကျ တက်လှမ်းနေတဲ့ခြေလှမ်းတိုင်းမှာ မြန်မာ့တပ်မတော်ရဲ့မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လကိုဖော်ပြနေပါတယ်။ စစ်ရေးပြတီးဝိုင်းရဲ့ဘင်ခရာသံများအကြားမှာ မင်းကောင်းမင်းမြတ်သုံးပါးဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့ ဘုရင့်နောင်တို့ရဲ့ရုပ်တုများမှာ ခံ့ညားစွာရပ်တည်နေကြပါတယ်။ ၎င်းတို့မှာစာရေးသူတို့နိုင်ငံရဲ့ အတိတ်ဆီကိုသတိပေးနေသလို နောင်လာနောက်သားတို့အတွက် အမိနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့ရာ တာဝန်ရှိကြောင်း နှိုးဆော်သယောင်ရှိနေပါတယ်။ အချုပ်အားဖြင့်ဆိုရရင် တပ်မတော်နေ့ဆိုသည်မှာ စစ်ရေးပြရုံသက်သက်သာမဟုတ်ပါဘူး။ မျိုးချစ်စိတ်ဓာတ်ရဲ့သင်္ကေတ၊ အချုပ်အခြာကိုကာကွယ်လိုတဲ့ဆန္ဒနဲ့ ခေတ်အဆက်ဆက်မှာပေးဆပ်ခဲ့ရတဲ့စစ်သည်တော်တွေရဲ့ ဂုဏ်ပြုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ နွေအပူရှိန်ကြားမှာ လွင့်ပျံနေတဲ့ နိုင်ငံတော်အလံကို ကြည့်နေမိစဉ် အမိတိုင်းပြည်ငြိမ်းချမ်း သာယာစေဖို့ရာ တပ်မတော်နဲ့ပြည်သူတစ်သားတည်း ရှိနေတယ်ဆိုတဲ့ ရသတစ်မျိုးကို ခံစားရပါကြောင်း ရေးသားလိုက်ရပါတယ်။ ။MWD

(၈၁)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး

  နွေဦးရဲ့လေပွေရူးလေးက ပိတောက်ရနံ့ကိုမသယ်ဆောင်မီ   မတ်လရဲ့နေရှိန်ပြင်းပြင်းအောက်တွင်      စာရေးသူတို့မြန်မာနိုင်ငံမှာ    မေ့မရနိုင်တဲ့သမိုင်းဝင်နေ့တစ်နေ့ရှိခဲ့ပါတယ်။   ထိုနေ့သည်ကား ၁၉၄၅ ခုနှစ်  မတ်လ   ၂၇ ရက်နေ့ဖြစ်ပါတယ်။ ဖက်ဆစ်တို့ရဲ့ဖိနှိပ်မှုအောက်မှာ ငုံ့မခံလိုတဲ့  ဇာတိသွေးတို့ ဆူပွက်ခဲ့တဲ့နေ့ ဒါမှမဟုတ် လွတ်လပ်ရေးဆိုတဲ့ ပန်းတိုင်ကိုရောက်စေဖို့ရာ  လက်နက်စွဲကိုင်ကာ  တောထဲတောင်ထဲကိုခြေဆန့်ခဲ့ကြတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။  သမိုင်းမြူမှုန်များကြားကပြန်ကြည့်မယ်ဆိုရင်  ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ  ရဲဘော်သုံးကျိပ်ဝင်တွေ၊  ဗမာ့လွတ်လပ်ရေးတပ်မတော်က စစ်သည်တော်တွေ၊ တိုင်းရင်းသားပြည်သူတွေရဲ့ ခြေသံများကိုကြားယောင်နေဆဲ ဖြစ်ပါတယ်။ဖက်ဆစ်ရန်တော်လှန်ရေးဆိုတဲ့ စကားလုံးမှာ ရိုးရှင်းသယောင်ရှိပေမယ့် ပေးဆပ်ရမှုကကြီးမားလှပါတယ်။  အမိမြေကို ကျွန်ဘဝကနေကယ်တင်ဖို့ရာ အသက်၊ သွေး၊ ချွေးတို့မြေခခဲ့ရတဲ့ စစ်သည်တော်တို့ရဲ့စိတ်ဓာတ်ဟာ  ယနေ့တိုင် ထွန်းလင်းနေတဲ့ မီးရှူးတိုင်တစ်ခုကဲ့သို့ပင်  တည်ရှိနေဆဲဖြစ်ပါတယ်။

အဘယ့်ကြောင့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ရသနည်းဆိုရင်  ကျွန်တော်တို့နိုင်ငံတော်ကြီးဟာ တိုင်းတစ်ပါးသားတို့ရဲ့  ဖိနှိပ်အုပ်ချုပ်မှုကို ခံခဲ့ရလို့ဖြစ်ပါတယ်။

ကိုယ့်မင်းကိုယ့်ချင်း၊  ကိုယ့်ဘုရင်ကိုယ့်သခင်နဲ့နေထိုင်ခဲ့တဲ့  နိုင်ငံတော်ကို အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ခဲ့ပါတယ်။ 

ဂျပန်တို့ရဲ့ အကူအညီနဲ့  အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့ပေမယ့် ကျားကြောက်လို့ ရှင်ကြီးကိုး၊     ရှင်ကြီးကကျားထက်ဆိုးဆိုသလို   ဂျပန်တို့ဟာ ဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြန်ပါတယ်။

 ကျွန်တော်တို့မြန်မာနိုင်ငံရဲ့  အတိတ်သမိုင်းကိုပြန်ပြောင်းကြည့်မယ်ဆိုရင်  ၁၈၈၅  ခုနှစ်မှာ  တတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားပြီး  အင်္ဂလိပ်တို့က  တစ်နိုင်ငံလုံးကိုသိမ်းယူခဲ့ပါတယ်။  သူ့ကျွန်မခံလိုတဲ့ တိုင်းရင်းသားတို့မှာ  ရရာလက်နက်ကို စွဲကိုင်တော်လှန်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်တိုင်းပြည်လုံး မစည်းရုံးနိုင်မှု၊ လက်နက်အင်အား၊ လူအင်အားမမျှမှုတို့ကြောင့်  အောင်မြင်မှုမရရှိခဲ့ပါ။    အားမသန်လို့မာန်လျှော့ခဲ့ရပေမယ့် နယ်ချဲ့ကိုတော်လှန်လိုတဲ့စိတ်ဓာတ်မှာ လျော့နည်းမသွားခဲ့ပါဘူး။  ၁၉၃၀  ပြည့်နှစ် မေလ ၃၀ ရက်မှာ တို့ဗမာအစည်းအရုံးကိုဖွဲ့စည်းခဲ့ပါတယ်။  ၁၉၃၉ ခုနှစ်မှာ  ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့တဲ့အခါ  အင်္ဂလိပ်တို့ဟာစစ်ကြီးအတွက် လုံးပန်းနေရပါတယ်။  ဒီအချိန်မှာအင်္ဂလိပ်အခက်ဗမာ့အချက်  ဆိုတဲ့စကားကိုကြွေးကြော်ခဲ့ကြပြီး  လက်နက်နဲ့တိုက်ခိုက်ရမယ့် နည်းလမ်းကို ရှာဖွေခဲ့ကြပါတယ်။

သခင်အောင်ဆန်းခေါင်းဆောင်တဲ့  မျိုးချစ်လူငယ် ၃၀ ဦး(ရဲဘော်သုံးကျိပ်)တို့ဟာ စစ်သင်တန်းတက်ရောက်ဖို့  ပြည်ပကိုထွက်ခွာခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြားခဲ့ပါတယ်။  ရဲဘော်သုံးကျိပ်တို့ဟာ တရုတ်ကအပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၁၉၄၁  ခုနှစ်  ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ  ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကိုဖွဲ့စည်းလိုက်ပါတယ်။ ဂျပန်တပ်တို့နဲ့ပူးပေါင်းပြီး  မြန်မာနိုင်ငံကို စစ်ကြောင်းလေးကြောင်းနဲ့ ဝင်ရောက်ခဲ့ပါတယ်။  ဂျပန်တပ်နဲ့အတူ မြန်မာနိုင်ငံအထက်ပိုင်းကိုချီတက်ခဲ့ရာ  ဧပြီလမှာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။  ဂျပန်နဲ့ပူးပေါင်းပြီး  အင်္ဂလိပ်တို့ကို   အမိမြေမှမောင်းထုတ်နိုင်ခဲ့ပေမယ့်   ဂျပန်တို့က မြန်မာနိုင်ငံကိုဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။  မြန်မာ့တပ်မတော်မှာလည်း  ဂျပန်လက်အောက်ခံ တပ်မတော်အဖြစ်နဲ့သာ  ရပ်တည်နေရပါတယ်။ ၁၉၄၅  ခုနှစ် မတ်လ၂၇ ရက်နေ့မှာ တပ်မတော်ဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ  ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲလိုက်ပါတယ်။  ဂျပန်တို့ကိုတိုက်ထုတ်နိုင်ခဲ့ပေမယ့်   အင်္ဂလိပ်တို့က  ဆက်လက်အုပ်ချုပ်ခဲ့ရာ ၁၉၄၈  ခုနှစ် ဇန်နဝါရီလ ၄  ရက်နေ့မှာ စစ်မှန်တဲ့လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်။ 

 မြန်မာ့တပ်မတော်ရဲ့ ကနဦးဖွဲ့တည်လာရာသမိုင်းကြောင်းဟာ  ဂျပန်တို့ကိုတွန်းလှန်ရာမှာ  တစ်ပြည်လုံးအတိုင်းအတာ ပါဝင်ခဲ့ခြင်းနဲ့ဆက်နွှယ်နေပါတယ်။ 

ဒါ့ကြောင့်  ဖက်ဆစ်တော်လှန်ရေးစတင်ဖို့ သတ်မှတ်ခဲ့တဲ့  မတ်လ ၂၇ ရက်နေ့ကိုအစွဲပြုပြီး  တပ်မတော်(ကြည်း၊ ရေ၊ လေ)တစ်ရပ်လုံးနဲ့ပတ်သက်တဲ့ တပ်မတော်နေ့အဖြစ် ၁၉၅၅ ခုနှစ်မှာ တရားဝင်အတိအလင်းသတ်မှတ်ခဲ့ပါတယ်။

တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို  စဉ်လာမပျက်နှစ်စဉ် ကျင်းပလျက်ရှိပါတယ်။  ယခုအခါ  နေပြည်တော်မှာကျင်းပလျက်ရှိရာ  အနော်ရထာစစ်ကြောင်း၊  ကျန်စစ်သားစစ်ကြောင်း၊   ဘုရင့်နောင်စစ်ကြောင်း၊  အောင်ဇေယျစစ်ကြောင်း၊  ဆင်ဖြူရှင်စစ်ကြောင်း၊  ဗန္ဓုလစစ်ကြောင်းနဲ့ အောင်ဆန်းစစ်ကြောင်းတို့ဟာ  စုရပ်ဖြစ်တဲ့ သစ်တပ်ကွင်းကနေ  စစ်ရေးပြကွင်းကြီးဆီကို  တပ်မတော်စစ်တီးဝိုင်းအဖွဲ့များရဲ့ တီးခတ်မှုနဲ့အတူ  စစ်သီချင်းများသီဆိုကာချီတက်ကြပါတယ်။မြင်တွေ့ရသူအပေါင်းကို  ရဲစိတ်ရဲမာန်တက်ကြွစေပါတယ်။ ပြည်သူအပေါင်းတို့မှလည်း  သောင်းသောင်းဖြဖြကြိုဆိုကြသည်မှာ   တပ်မတော်နဲ့ပြည်သူ   ချစ်ကြည်ရင်းနှီးမှုကိုပြသနေပါတယ်။

 နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဟာ ၂၀၂၆  ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို  ဦးတည်ချက်(၄)ရပ်နဲ့ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ၎င်းဦးတည်ချက်များမှာ အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေး(၃)ပါးကိုကာကွယ် စောင့်ရှောက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့်အညီ   ဒီမိုကရေစီလမ်းကြောင်းမှ  သွေဖည်ယိမ်းယိုင်မသွားရေးတို့ အတွက်  နိုင်ငံတော်၏အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၌  တပ်မတော်ကပါဝင်ထမ်းဆောင်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်  နိုင်ငံတော်အစိုးရ၊  ပြည်သူလူထုနှင့်အတူလက်တွဲပြီး  ကျရာကဏ္ဍအသီးသီးမှ ကြိုးပမ်းဆောင်ရွက်ရေး၊  စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင်  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည်  ပကတိလိုအပ်ချက်ဖြစ်သည့် အတွက်တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ရာတွင်   ဒို့တာဝန်အရေး(၃)ပါးကို  မသွေဖည်ဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါသဘောတူညီချက်များ အပေါ်အခြေခံ၍ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်ရေး၊ တပ်မတော်ကို Standard  Army  ဖြစ်စေရေးတည်ဆောက်ရာတွင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် တပ်မတော်၏လုပ်ငန်းစဉ်နှင့် အညီ   စွမ်းရည်(၃)ရပ်မြင့်မားစေရေးနှင့် ခေတ်မီနည်းပညာများအား ထိရောက်စွာ အသုံးပြုတတ်စေရေး   စဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ရေးတို့ဖြစ်ကြပါတယ်။

၎င်းဦးတည်ချက်များကို အကျဉ်းချုပ်ရေးသားရမယ်ဆိုရင်  မြန်မာနိုင်ငံမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ဒို့တာဝန်အရေး(၃)ပါးဆိုတာ     တည်ရှိပါတယ်။      ပြည်ထောင်စုဆိုသည်မှာတိုင်းရင်းသား လူမျိုးအသီးသီးတို့ဟာ  နှစ်ကာလပရိစ္ဆေဒကြာရှည်စွာ ကောင်းတူဆိုးဖက်  လက်တွဲညီညီနေထိုင်တဲ့    ပထဝီနယ်နိမိတ်ကိုခေါ်ဆိုပါတယ်။   တိုင်းပြည်တစ်ခုတည်းမှာအတူတကွနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို    တိုင်းရင်းသားလို့ခေါ်ဆိုပါတယ်  စည်းလုံးညီညာအောင်ကြောင်းဖြာဆိုတဲ့    စကားအတိုင်း တိုင်းရင်းသားအားလုံး ပေါင်းစည်းညီညွတ်စွာ နေထိုင်ရပါမယ်။  အချုပ်အခြာအာဏာဆိုတာက  တိုင်းပြည်တစ်ခုကို  စည်းကမ်းတကျမောင်းနှင် ထိန်းသိမ်းနိုင်ဖို့နဲ့ ပြည်သူတို့ရဲ့      အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ဖို့ရာ    လိုအပ်တဲ့အာဏာမျိုးဖြစ်ပါတယ်။  အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာ  မိမိတိုင်းပြည်နဲ့မိမိလူမျိုးအကျိုးကို  ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။  အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ    လွတ်လပ်တဲ့တိုင်းပြည်တစ်ပြည်ရဲ့  အဓိကဝိသေသလက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။  မြန်မာ့တပ်မတော်က  ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးဝါဒအဖြစ်  လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။  အမျိုးသားရေးဝါဒဆိုသည်မှာ   မိမိဒေသ၊ မိမိလူမျိုး၊  မိမိယဉ်ကျေးမှု၊  ဘာသာရေးနဲ့စည်းလုံးညီညွတ်ရေးတို့ကို  တန်ဖိုးထားချစ်မြတ်နိုးတဲ့ နိုင်ငံရေးအတွေးအခေါ်ကို   ခေါ်ဆိုပါတယ်။

 အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါအခြေခံမူများအနက်   တစ်ခုအပါအဝင်ဖြစ်ပါတယ်။  ပုဒ်မ  ၆(စ)မှာနိုင်ငံတော်သည်  နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်  တပ်မတော်ကပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို  အစဉ်တစိုက်ဦးတည်သည်  လို့ချမှတ်ထားရှိပါတယ်။    နိုင်ငံတော်မှာဒီမိုကရေစီလမ်းကြောင်းမ ှသွေဖည်ယိမ်းယိုင်မသွားရေးတို့အတွက်  ၎င်းတာဝန်ကို တပ်မတော်က  ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆိုသည်မှာ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို   အလေးထားဆောင်ရွက်နေပါတယ်။  တရားဥပဒေစိုးမိုးရေးဆိုသည်မှာ နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့   ဥပဒေနဲ့အညီ  အုပ်ချုပ်ခြင်းကို  ဆိုလိုပါတယ်။ 

လူမျိုး၊    ဘာသာ၊    ဆင်းရဲချမ်းသာမခွဲခြားဘဲ လူတိုင်းမှာတူညီတဲ့ ဥပဒေရဲ့အကာအကွယ်ကို ရရှိရပါမယ်။  ပြည်သူ့ဆန္ဒကိုအခြေခံပြီး  တရားဥပဒေရှေ့မှောက်မှာ လူတိုင်းတန်းတူ အခွင့်အရေးရရှိစေဖို့ရာ  လုပ်ဆောင်ပေးရမှာဖြစ်ပြီး  ၎င်းတာဝန်များကို     တပ်မတော်က ဖော်ဆောင်ပေးလျက်ရှိပါတယ်။

  မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစကာလမှာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးယနေ့ကာလတိုင် အပြီးသတ်မဖြေရှင်းနိုင်သေးပါဘူး။ လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်သေးသမျှ ကာလပတ်လုံး နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးနေပါဦးမယ်။  ငြိမ်းချမ်းရေးအသီးအပွင့်ကို  တိုင်းရင်းသားများအတွက်ဝေမျှခံစားဖို့ အခွင့်အလမ်းနည်းပါးနေပါဦးမယ်။ 

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာဝစဉ်ငြိမ်းချမ်းရေးရရှိဖို့ရာတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အဆိုပါအဖွဲ့အစည်းတွေကို တပ်မတော်က ဖိတ်ခေါ်နေမြဲဖြစ်ပါတယ်။  ပြည်သူလူထုအတွက်  တည်ငြိမ်အေးချမ်းမှု အပြည့်အဝခံစားနိုင်ဖို့ရာ  တပ်မတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား၊  ပြည်သူလူထု၏အင်အားတို့ကိုစုစည်းပြီး အကြမ်းဖက်သမားများကို နှိမ်နင်းလျက်ရှိပါတယ်။ ဒါ့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ သဘောတူညီချက်များအပေါ်အခြေခံပြီး ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း    သိရှိရပါတယ်။               

စွမ်းရည်ထက်မြက်ပြီး  ခေတ်မီအဆင့်မြင့်တပ်မတော်(Modenized Armed   Forces)ဖြစ်စေရေးမှာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေ  တည်တံ့ခိုင်မြဲရေးအတွက်  အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ 

မြန်မာ့တပ်မတော်ဟာ  ခေတ်မီစစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်တဲ့   စစ်သည်တော်များဖြစ်လာစေဖို့ရာ လေ့ကျင့်ပေးနေပါတယ်။ 

ခေတ်မီနည်းပညာများနဲ့စစ်လက်နက်ပစ္စည်းများကို ဖြည့်တင်းဆောင်ရွက်လျက်ရှိပါတယ်။တပ်မတော်(ကြည်း/ရေ/လေ)တပ်ဖွဲ့များအကြား ဟန်ချက်ညီညီစုစည်း ရပ်တည်ပြီး  ပူးပေါင်းစစ်ဆင်နိုင်မှု စွမ်းရည်မြှင့်တင်ခြင်းများ  ဆောင်ရွက်နေပါတယ်။  ဒီလိုဆောင်ရွက်နေမှုမှာ  နိုင်ငံတော်အပေါ်    ကျရောက်လာမယ့် ပြည်တွင်း၊  ပြည်ပအန္တရာယ်များကို ထိရောက်စွာကာကွယ်နိုင်ပါတယ်။

မတ်လရဲ့ကောင်းကင်ပြာပြာအောက်မှာ  တပ်မတော်နေ့စစ်ရေးပြကွင်း အတွင်းက  စစ်ရေးပြစစ်သည်တွေရဲ့ စည်းချက်ကျကျ တက်လှမ်းနေတဲ့ခြေလှမ်းတိုင်းမှာ  မြန်မာ့တပ်မတော်ရဲ့မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လကိုဖော်ပြနေပါတယ်။  စစ်ရေးပြတီးဝိုင်းရဲ့ဘင်ခရာသံများအကြားမှာ  မင်းကောင်းမင်းမြတ်သုံးပါးဖြစ်တဲ့    အနော်ရထာ၊ ကျန်စစ်သားနဲ့ ဘုရင့်နောင်တို့ရဲ့ရုပ်တုများမှာ  ခံ့ညားစွာရပ်တည်နေကြပါတယ်။ 

၎င်းတို့မှာစာရေးသူတို့နိုင်ငံရဲ့ အတိတ်ဆီကိုသတိပေးနေသလို  နောင်လာနောက်သားတို့အတွက် အမိနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့ရာ  တာဝန်ရှိကြောင်း  နှိုးဆော်သယောင်ရှိနေပါတယ်။

  အချုပ်အားဖြင့်ဆိုရရင်  တပ်မတော်နေ့ဆိုသည်မှာ   စစ်ရေးပြရုံသက်သက်သာမဟုတ်ပါဘူး။  မျိုးချစ်စိတ်ဓာတ်ရဲ့သင်္ကေတ၊ အချုပ်အခြာကိုကာကွယ်လိုတဲ့ဆန္ဒနဲ့  ခေတ်အဆက်ဆက်မှာပေးဆပ်ခဲ့ရတဲ့စစ်သည်တော်တွေရဲ့ ဂုဏ်ပြုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ နွေအပူရှိန်ကြားမှာ လွင့်ပျံနေတဲ့  နိုင်ငံတော်အလံကို ကြည့်နေမိစဉ်  အမိတိုင်းပြည်ငြိမ်းချမ်း သာယာစေဖို့ရာ  တပ်မတော်နဲ့ပြည်သူတစ်သားတည်း ရှိနေတယ်ဆိုတဲ့     ရသတစ်မျိုးကို ခံစားရပါကြောင်း     ရေးသားလိုက်ရပါတယ်။   ။

MWD

စိန်ဌေးလှိုင်(ပခုက္ကူ)

ဆက်လက်ထိန်းသိမ်းရမည် တပ်မတော်နှင့် နိုင်ငံ့ဂုဏ်
-
တပ်မတော်သားအားလုံးရှိနှင့်ပြီးသည့် ခံယူချက်မှာ တာဝန်နှင့်သစ္စာတရား၊ တပ်ဖွဲ့စိတ်ဓာတ် နှင့်အတူပါလာသော ရဲဘော်ရဲဘက်စိတ်၊ ထိုစိတ်ဓာတ်များသည်သာ အောင်စိတ်အခရာ၊၊ အခြားဘာမျှမရှိပါ။ထိုစိတ်ဓာတ်ကိုအခြေခံပြီး တပ်မတော်သာ အမိ၊ တပ်မတော်သာအဖဟုခံယူ၍ အသက်သွေးချွေး စဉ်ဆက်မနှေး နိုင်ငံနှင့်ပြည်သူအတွက် ပေးဆပ်ထားပြီးဖြစ်သည်။ ထိုစိတ်ဓာတ်ကောင်းများဖြင့် တပ်မတော်နှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ခေတ်အဆက်ဆက် ဆယ်တင်ခဲ့ကြသည့်၊ သမိုင်းပေးတာဝန် ကျေပွန်ခဲ့ကြသည့် စစ်သားကောင်းများစွာရှိသည့် ပြည်ထောင်စုတပ်မတော်ဖြစ်ပါသည်။အန္တိမရည်မှန်းချက်မှာ....ထိုစိတ်ဓာတ်များဖြင့် တပ်မတော်သည် နိုင်ငံ၏ အချုပ်အခြာမယိမ်းယိုင်အောင်ထိန်းသိမ်း၊ ပြည်ထောင်စုမပြိုကွဲအောင် ကာကွယ်စောင့်ရှောက် နေရသည်။ ဥပဒေရှိသူနှင့်မရှိသူ၊ အပြုသမားနှင့် အဖျက်သမားအကြား ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို နည်းလမ်းပေါင်းစုံဖြင့် တည်ဆောက်ပေးနေသည်။ ဒီမိုကရေစီ လိုချင်ကြသည်ဆို၍လည်း ဒီမိုကရေစီလမ်းကြောင်းကို ပုံဖော်ပေးသည်။၁၃၅ မျိုးသော တိုင်းရင်းသားမျိုးစုံရှိသည့် နိုင်ငံ၊ ဒေသအားလုံးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းရောနှောနေထိုင်ရာနိုင်ငံ၌ ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်ကသာ အဓိပ္ပာယ်ရှိသည်ဖြစ်၍ ဖက်ဒရယ်အခြေခံ ပြည်ထောင်စုစနစ်ကို မျက်ခြည်ပြတ်မခံ ချီတက်နေသည်။ သဘာဝဘေး၊ ရောဂါကပ်ဘေး၊ စစ်မက်ဘေး ဘေးဆိုးအန္တရာယ်မှန်သမျှ မည်သည့်နေရာမှမချန် မကျန်စေရပါ။ ပြည်သူနှင့် တိုင်းရင်းသားအားလုံး၏ လူမှုစီးပွားဘဝ လိုအပ်ချက်များစွာကို ဟန်ချက်ညီမျှ မျှတအောင် ကြိုးစားဆောင်ရွက်နေရသည်ကို မြင်တတ်ရန်လိုပါသည်။ ကတိပေးထားသည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ ပေးခဲ့သည်မှာ တပ်မတော်၏ သမိုင်းသက်သေတစ်ခုပင်။ သန့်ရှင်းသောရွေးကောက်ပွဲမှ သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွက်လာရေးလမ်းခင်းပေးနိုင်သည့်အတွက် တပ်မတော်အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ တပ်မတော်၏ အန္တိမရည်မှန်းချက်မှာ နိုင်ငံတော်ကြီးထာဝရငြိမ်းချမ်းရေး၊ ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ထိုရည်မှန်းချက်ကို မျက်ခြည်ပြတ်မခံ လမ်းမလွဲရန် သတိထားရမည်။ဦးဆောင်မှုနေရာက ဘာကြောင့်ရှိနေရပါသလဲရေရှည်အကျိုးစီးပွားအပျက်မခံလို၍ စိတ်ရှည် သည်းခံပြီး တစ်ဖက်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကိုဖြေရှင်းရင်း တစ်ဖက်က နိုင်ငံတိုးတက်အောင်တည်ဆောက်နေခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ကတစ်ဖွဲ့ကို ယုံကြည်မှုများ မပျက်ပျက်အောင် ဖျက်ဆီးနေသည့်ကြားမှ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားရှိနေသည့် ယုံကြည်မှုလေး တစ်စွန်းတစ်စမျှ မပျက်ယွင်းရလေအောင် သဘောထားကြီးမှုကို ပြသပေးနေခြင်းဖြစ်သည်။ ထိုသို့ စိတ်ရှည်သည်းခံ သဘောထားအမှန်ကို ဆောင်ယူခြင်းသည် တပ်မတော်၏ အစဉ်မပြတ် ခံယူချက်ဖြစ်သည်။ ဘာကြောင့် ဤသို့သဘော ထားမျိုးရှိနိုင်ရပါသလဲ။ အမျိုးသားနိုင်ငံရေးအခန်း ကဏ္ဍတွင် ဦးဆောင်နေသည့် တပ်မတော်ဖြစ်သည်နှင့်အညီ လူနည်းစုအတွက်မဟုတ် အများအတွက် ကြည့်၍ဖြစ်သည်။ဤနေရာတွင် တပ်မတော်က အမျိုးသားနိုင်ငံ ရေးအခန်းကဏ္ဍ၌ ဘာကြောင့် ဦးဆောင်မှုနေရာမှ ပါဝင်နေရပါသလဲ။ ယနေ့ Institution တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်နေသည့် တပ်မတော်သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်ပကျူးကျော်မှုနှင့် စစ်ရေးခြိမ်းခြောက်မှုများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်၊ နိုင်ငံရေးအကျပ်အတည်းများမှာ မလွှဲမရှောင်သာ ဝင်ရောက်ဖြေရှင်းပေးခဲ့ရသည်၊ ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်မှန်သမျှ ကာကွယ်ခဲ့ရသည်၊ ဆူပူအကြမ်းဖက်မှုများစွာကို ကူညီဖြေရှင်းပေးခဲ့ရသည့် တပ်မတော်တစ်ရပ်ဖြစ်သည်ကို မမေ့ရန်လိုပါသည်။စိတ်ရှည်သည်းခံ၊ အပြန်အလှန်နားလည်မှုပေးခြင်းမှတစ်ဆင့်အကြောင်းက အမျိုးသားအကျိုးစီးပွားရှေးရှုသည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကိန်းနေခြင်း ကြောင့်ဖြစ်သည်။ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားအားလုံးပါဝင်သော ပြည်သူတစ်ရပ်လုံး၏ အကျိုးလိုလား၍လည်း ဖြစ်ပါသည်။ တပ်မတော်သည် နိုင်ငံ၏အရေးအရာများစွာကို အမျိုးသားရေး တာဝန်တစ်ရပ်နှယ် ခံယူထားသည်။ ထို့ကြောင့်လည်း တတ်နိုင်သမျှ စိတ်ရှည်သည်းခံပေးနေခြင်း ဖြစ်ပါသည်။ ပြည်သူတစ်ရပ်လုံးက သောင်းကျန်းသူ လက်နက်ကိုင်များကင်းစင်မှသာ ဆင်းရဲခြင်း ကင်းမည်ဆိုသည်ကို သိသကဲ့သို့ သူပုန်ရှိသည့် တိုင်းပြည် မည်သည့်အခါမျှ မတိုးတက်နိုင်ဆိုသည်ကို တပ်မတော်ကလည်း သိသည်။ သိသည့်ကြားမှ ထာဝရငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခြင်းကြောင့်သာ ရှိသမျှ လက်နက်ကိုင်အဖွဲ့အားလုံးပါနိုင်သမျှ ပါနိုင်အောင် တပ်မတော်က ကြိုးစားခေါ်ယူနေခြင်းဖြစ်သည်ကို မြင်အောင်ကြည့်ရန်လိုသည်။ နိုင်ငံ၏ အဖိုးတန်လူ့အရင်းအမြစ်များ၊ အသက်အိုးအိမ် စည်းစိမ်များ မဆုံးရှုံးစေရန်လည်း ပါဝင်သည်။ထို့ကြောင့် ဉာဏ်ပညာရှိရှိ ဆင်ခြင်တုံတရားအပြည့်ဖြင့် အမြော်အမြင်ရှေ့ထား လုပ်ကိုင်နေခြင်း ဖြစ်သည်။ ရေရှည်ဖွံ့ဖြိုးရေးအမြင်ဖြင့် ဘက်ပေါင်းစုံမှ ကြိုတင်မြော်တွေးနိုင်၍လည်းဖြစ်သည်။ ထိုအတွေး၊ ထိုခံယူချက်များမှတစ်ဆင့် နားလည်မှုကို ရရှိနိုင်ပါသည်။ ထို့ကြောင့်လည်း အပြန်အလှန် နားလည်မှုမရရအောင် ကြိုးစားပြီး ယုံကြည်မှုမရ ရအောင် တည်ဆောက်နေခြင်းဖြစ်သည်။ ယုံကြည် မှုအားကောင်းလျှင် စိတ်ဝမ်းကွဲမှုများ ပပျောက်သည်။ ယုံကြည်မှုဆိုသည်မှာ တပ်မတော်နှင့်ပြည်သူ အကြား၊ မဏ္ဍိုင်တစ်ခုနှင့်တစ်ခုအကြား၊ တိုင်းရင်းသားများအကြား အပြန်အလှန်ယုံကြည်မှုပင် ဖြစ်သည်။ ယုံကြည်မှုကင်းမဲ့လျှင် ပူးပေါင်းဆောင်ရွက်မှုတွင် အားမကောင်းနိုင်သည့်အချက်ကို လက်တွေ့မြင်ရပြီးဖြစ်သည်။ ထို့ကြောင့် စိတ်ရှည်သည်းခံခြင်းမှသည် အပြန်အလှန်နားလည်မှုကို တည်ဆောက်၊ အပြန်အလှန်နားလည်မှုမှသည် အပြန်အလှန်ယုံကြည်မှုရရှိ၊ ယုံကြည်မှုကို အရင်းတည်သည့် တည်ငြိမ်အေးချမ်းမှုနှင့်အတူ တည်ငြိမ်အေးချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီသို့ မရောက်ရောက်အောင် သွားနေခြင်းဖြစ်ပါသည်။ယခုအချိန်မှာ နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေ ပါပြီ။ သို့သော် ကမ္ဘာကြီးက မငြိမ်းချမ်းနိုင်ဘဲ နိုင်ငံတကာမှာဖြစ်နေသည့် မျက်မှောက်ခေတ်သစ် စစ်ပွဲများကိုသာ တွေ့မြင်နေရသည်။ ပြည်တွင်း ပြည်ပ အန္တရာယ်များကားရှိဆဲ၊ ဆက်လက်ရှိနေ မည်ဟုလည်း သုံးသပ်ရမည်။ စွမ်းအင်၊ စားရေရိက္ခာငတ်မွတ်မှုစိန်ခေါ်ချက်များက အသင့်စောင့်ကြိုနေသည်ကို မြင်ရမည်။ နိုင်ငံကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြစဉ် ရိုက်ခတ်လာမည့် ဘေးဆိုးအန္တရာယ်များကို မျက်ခြည်ပြတ်၍မရပါ။ ထို့အတွက် တပ်မတော်ကြီး ခိုင်မာတောင့်တင်း နေရန်လိုအပ်သည်။ ပြည်သူများ စည်းလုံးညီညွတ်နေရန်လိုသည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဖြောင့်မတ်နေရန်လိုသည်။ ပြည်သူနှင့် တပ်မတော် အင်အား၊အမျိုးသားညီညွတ်မှုအားဖြင့် ပြည်ထောင်စုကြီး အင်အားရှိနေရန် လိုအပ်သည်။ နိုင်ငံသမိုင်း တစ်လျှောက် ခေတ်အဆက်ဆက်အတွေ့အကြုံ၊ သင်ခန်းစာများအရ တပ်မတော်မရှိလျှင်မဖြစ်သည့် အနေအထားတွင် တပ်မတော်မရှိဘဲ နိုင်ငံတစ်နိုင်ငံသည် မည်သို့မျှ ရပ်တည်နိုင်စွမ်းမရှိဟူသော အဖြေရ၍ တပ်မတော်သည်သာ နိုင်ငံ၏ အဓိကအင်အားစုဖြစ်သည်ကို တွေ့မြင်နိုင်သည်။ထို့အတွက် နိုင်ငံ၏ လူငယ်စွမ်းအားအရင်းအမြစ်ကို အကောင်းဆုံးအသုံးချနိုင်ခဲ့သဖြင့် ပြည်သူ့စစ်မှုထမ်းနှင့် အမျိုးသမီးစစ်မှုထမ်းများသည် ယခုအခါ နိုင်ငံ၏ကာကွယ်ရေးအင်အားများအဖြစ် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြပါပြီ။ လူသားအရင်းအမြစ်အပြင် ကြည်း၊ ရေ၊ လေ လက်နက်၊ ပစ္စည်းအင်အားနှင့် စွမ်းပကားကိုလည်း တိုးချဲ့အဆင့်မြှင့်တင်ပြီး နိုင်ငံတကာအဆင့်မီ စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ် ဖြစ်အောင်  ကြိုးစားတည်ဆောက်နေသည်ကို တွေ့ရပေမည်။ နည်းပညာဖြင့် အဆင့်မြှင့်၊ ဝယ်ယူ ဖြည့်တင်းသင့်သည်ကို ဖြည့်ဆည်း၊ ကိုယ်ပိုင် ထုတ်လုပ်နိုင်သည်ကို ကိုယ်တိုင်ထုတ်လုပ်လာနိုင် သည့်အခါ စစ်လက်နက်အသုံးအဆောင်ပစ္စည်းများသည် ယခင်ကထက်ပို၍ ခေတ်မီလာသည်။ မိတ်ဖက် နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခဲ့ခြင်းဖြင့် တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှသည် နိုင်ငံတကာဆက်ဆံရေးဝန်းကျင်ကောင်းများ ဖန်တီးနိုင်ခဲ့သည်ကို တွေ့ရသည်။စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများဖြင့် …မြန်မာ့တပ်မတော်၏ ခေတ်အဆက်ဆက် ပြည်သူကို အလုပ်အကျွေးပြုသည့် ဆောင်ရွက်ချက် ကောင်းများစွာ၏ရလဒ်များကို တိုင်းတာရာတွင် ရန်သူအတွက် စစ်ပွဲမဟုတ်သည့် ပြည်သူ့အတွက် စစ်ဆင်ရေးများစွာနှင့်လည်း တိုင်းတာနိုင်ပါသည်။ စစ်ရေးအမြင်တစ်ခုတည်းမဟုတ်ဘဲ စစ်ပွဲမဟုတ်သည့် စစ်ဆင်ရေးများအဖြစ် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းများစွာကို တည်ဆောက်နိုင်ခဲ့ပါသည်။ စစ်ဘက်၏ စုစည်းမှုအားကောင်းသော အရင်းအမြစ်များကို စွမ်းဆောင်ရည်ရှိရှိ စနစ်တကျအသုံးချနိုင်မှု၊ နည်းပညာကို မျှဝေဖလှယ်နိုင်ခဲ့မှုများသည် မြန်မာ့တပ်မတော်၏ အားသာချက်များ ဖြစ်ခဲ့ပါသည်။ထိုအားသာချက်များဖြင့် ပြည်သူတို့၏ လူမှုဘဝလုံခြုံရေးကို တာဝန်ယူ၍ နိုင်ငံ၏ပုံရိပ်အား မြှင့်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ သာဓကပြရလျှင် သမားရိုးကျမဟုတ်သည့် ကိုဗစ်-၁၉ ကပ်ဆိုးကြီး ကဲ့သို့သော စိန်ခေါ်မှုများကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရစဉ်က တပ်မတော်ကို အဓိကမဏ္ဍိုင်ထား၍ စစ်ဘက်-အရပ်ဘက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့မှု များကို ပြသနိုင်ပါသည်။ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟူသောမူအောက်တွင် ကန့်သတ် ပိတ်ဆို့မှုများကို အလေးမထား၊ စစ်သည်-အရပ် သားမခွဲခြားဘဲ တပ်မတော်ဆေးရုံများတွင် လက်ခံ ကုသပေးခဲ့သည်။ဒုက္ခရောက်ပြည်သူများ၊ သံဃာ၊ သီလရှင်များကို ကူညီစောင့်ရှောက်နိုင်ခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီသောဒေသများရှိ သန်းနှင့်ချီသည့်ပြည်သူများ၏ ကျန်းမာရေးလိုအပ် ချက်ကို တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက နယ်လှည့်ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သဘာဝဘေး အန္တရာယ်ကျရောက်သည့် နိုင်ငံအနှံ့ မည်သည့်နေရာမဆို တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ချက်ချင်း ရောက်သည်။ အချိန်ပိုင်းအတွင်း တုံ့ပြန်နိုင်စွမ်း ရှိသည်။လူမှုဘဝလုံခြုံရေးမှသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စစ်ဆင်ရေးပမာ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများ၏ ပညာရည်မြှင့်တင် ရေးအပိုင်းမှာ အထူးအားထည့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ နိုင်ငံကို ပညာဖြင့်တည်ဆောက်ရာတွင် တပ်မတော်က တစ်စိတ်တစ်ပိုင်း ပံ့ပိုးကူညီပါဝင်နေခြင်းကို မြင်အောင်ကြည့်ရပါမည်။ တပ်ကို တည်ဆောက်ရာ အချက်လေးချက်အနက် စိတ်ဓာတ်ဖြင့် တည်ဆောက်ဆိုသည့် အချက်တစ်ခုပါဝင်နေရာ ပညာအခြေခံသောစိတ်ဓာတ်ဖြင့် တပ်ကို ကောင်းအောင် တည်ဆောက်နေမှုကို ပြသရာလည်း ရောက်ပါသည်။(၈၁) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ယခု ဆောင်းပါးကို ယနေ့ဖြစ်ပွားနေသည့် အရှေ့အလယ် ပိုင်းပဋိပက္ခကို မြင်အောင်ကြည့်ရန် တိုက်တွန်းလျက် နိဂုံးချုပ်လိုပါသည်။ နိုင်ငံအချင်းချင်း လက်နက်ကိုင်ပဋိပက္ခကြားက မြေစာပင် ဖြစ်ရှာသည့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တွေ ဘယ်လောက်ထိခိုက်နစ်နာဆုံးရှုံးနေ ရပါသလဲ။ အနှစ်နှစ်အလလ ထူထောင်ထားသည့် နိုင်ငံ၏ အရင်းအမြစ်များစွာ ဘယ်လောက်ဆုံးရှုံးသွားခဲ့ပြီလဲ။ မြင်နိုင်ပါလိမ့်မည်။ စစ်ဆိုတာ မဖြစ်တာ အကောင်းဆုံးပါ။ ဖြစ်ခဲ့လျှင်လည်း ခံနိုင်ရည်ရှိမှဖြစ်သည်။ ခံနိုင်ရည်ရှိဖို့ကလည်း တပ်မတော် အင်အားတောင့်တင်းမှ၊ နိုင်ငံအားကောင်းမှ ဖြစ်မည်ဆိုသည်ကို သတိရစေချင်သည်။ထို့ကြောင့် လက်နက်ကိုင်အဖျက်သမားများက စစ်ကို မဖန်တီးနိုင်အောင် ပြည်သူများက တပ်မတော်နှင့် ပူးပေါင်းရမည်။ တပ်မတော်ကို ကူညီရပါမည်။ တပ်မတော်နှင့်ပြည်သူ အပြန်အလှန်ကူညီ၍ တပ်မတော်၏ ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို ဆက်လက်ထိန်းသိမ်းကြရပါမည်။ ။moi

တပ်မတော်သားအားလုံးရှိနှင့်ပြီးသည့် ခံယူချက်မှာ တာဝန်နှင့်သစ္စာတရား၊ တပ်ဖွဲ့စိတ်ဓာတ် နှင့်အတူပါလာသော ရဲဘော်ရဲဘက်စိတ်၊ ထိုစိတ်ဓာတ်များသည်သာ အောင်စိတ်အခရာ၊၊ အခြားဘာမျှမရှိပါ။

ထိုစိတ်ဓာတ်ကိုအခြေခံပြီး တပ်မတော်သာ အမိ၊ တပ်မတော်သာအဖဟုခံယူ၍ အသက်သွေးချွေး စဉ်ဆက်မနှေး နိုင်ငံနှင့်ပြည်သူအတွက် ပေးဆပ်ထားပြီးဖြစ်သည်။ ထိုစိတ်ဓာတ်ကောင်းများဖြင့် တပ်မတော်နှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ခေတ်အဆက်ဆက် ဆယ်တင်ခဲ့ကြသည့်၊ သမိုင်းပေးတာဝန် ကျေပွန်ခဲ့ကြသည့် စစ်သားကောင်းများစွာရှိသည့် ပြည်ထောင်စုတပ်မတော်ဖြစ်ပါသည်။

အန္တိမရည်မှန်းချက်မှာ....

ထိုစိတ်ဓာတ်များဖြင့် တပ်မတော်သည် နိုင်ငံ၏ အချုပ်အခြာမယိမ်းယိုင်အောင်ထိန်းသိမ်း၊ ပြည်ထောင်စုမပြိုကွဲအောင် ကာကွယ်စောင့်ရှောက် နေရသည်။ ဥပဒေရှိသူနှင့်မရှိသူ၊ အပြုသမားနှင့် အဖျက်သမားအကြား ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို နည်းလမ်းပေါင်းစုံဖြင့် တည်ဆောက်ပေးနေသည်။ ဒီမိုကရေစီ လိုချင်ကြသည်ဆို၍လည်း ဒီမိုကရေစီလမ်းကြောင်းကို ပုံဖော်ပေးသည်။

၁၃၅ မျိုးသော တိုင်းရင်းသားမျိုးစုံရှိသည့် နိုင်ငံ၊ ဒေသအားလုံးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းရောနှောနေထိုင်ရာနိုင်ငံ၌ ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်ကသာ အဓိပ္ပာယ်ရှိသည်ဖြစ်၍ ဖက်ဒရယ်အခြေခံ ပြည်ထောင်စုစနစ်ကို မျက်ခြည်ပြတ်မခံ ချီတက်နေသည်။ သဘာဝဘေး၊ ရောဂါကပ်ဘေး၊ စစ်မက်ဘေး ဘေးဆိုးအန္တရာယ်မှန်သမျှ မည်သည့်နေရာမှမချန် မကျန်စေရပါ။ ပြည်သူနှင့် တိုင်းရင်းသားအားလုံး၏ လူမှုစီးပွားဘဝ လိုအပ်ချက်များစွာကို ဟန်ချက်ညီမျှ မျှတအောင် ကြိုးစားဆောင်ရွက်နေရသည်ကို မြင်တတ်ရန်လိုပါသည်။ ကတိပေးထားသည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ ပေးခဲ့သည်မှာ တပ်မတော်၏ သမိုင်းသက်သေတစ်ခုပင်။ သန့်ရှင်းသောရွေးကောက်ပွဲမှ သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွက်လာရေးလမ်းခင်းပေးနိုင်သည့်အတွက် တပ်မတော်အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ တပ်မတော်၏ အန္တိမရည်မှန်းချက်မှာ နိုင်ငံတော်ကြီးထာဝရငြိမ်းချမ်းရေး၊ ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ထိုရည်မှန်းချက်ကို မျက်ခြည်ပြတ်မခံ လမ်းမလွဲရန် သတိထားရမည်။

ဦးဆောင်မှုနေရာက ဘာကြောင့်ရှိနေရပါသလဲ

ရေရှည်အကျိုးစီးပွားအပျက်မခံလို၍ စိတ်ရှည် သည်းခံပြီး တစ်ဖက်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကိုဖြေရှင်းရင်း တစ်ဖက်က နိုင်ငံတိုးတက်အောင်တည်ဆောက်နေခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ကတစ်ဖွဲ့ကို ယုံကြည်မှုများ မပျက်ပျက်အောင် ဖျက်ဆီးနေသည့်ကြားမှ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားရှိနေသည့် ယုံကြည်မှုလေး တစ်စွန်းတစ်စမျှ မပျက်ယွင်းရလေအောင် သဘောထားကြီးမှုကို ပြသပေးနေခြင်းဖြစ်သည်။ ထိုသို့ စိတ်ရှည်သည်းခံ သဘောထားအမှန်ကို ဆောင်ယူခြင်းသည် တပ်မတော်၏ အစဉ်မပြတ် ခံယူချက်ဖြစ်သည်။ ဘာကြောင့် ဤသို့သဘော ထားမျိုးရှိနိုင်ရပါသလဲ။ အမျိုးသားနိုင်ငံရေးအခန်း ကဏ္ဍတွင် ဦးဆောင်နေသည့် တပ်မတော်ဖြစ်သည်နှင့်အညီ လူနည်းစုအတွက်မဟုတ် အများအတွက် ကြည့်၍ဖြစ်သည်။

ဤနေရာတွင် တပ်မတော်က အမျိုးသားနိုင်ငံ ရေးအခန်းကဏ္ဍ၌ ဘာကြောင့် ဦးဆောင်မှုနေရာမှ ပါဝင်နေရပါသလဲ။ ယနေ့ Institution တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်နေသည့် တပ်မတော်သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်ပကျူးကျော်မှုနှင့် စစ်ရေးခြိမ်းခြောက်မှုများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်၊ နိုင်ငံရေးအကျပ်အတည်းများမှာ မလွှဲမရှောင်သာ ဝင်ရောက်ဖြေရှင်းပေးခဲ့ရသည်၊ ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်မှန်သမျှ ကာကွယ်ခဲ့ရသည်၊ ဆူပူအကြမ်းဖက်မှုများစွာကို ကူညီဖြေရှင်းပေးခဲ့ရသည့် တပ်မတော်တစ်ရပ်ဖြစ်သည်ကို မမေ့ရန်လိုပါသည်။

စိတ်ရှည်သည်းခံ၊ အပြန်အလှန်နားလည်မှုပေးခြင်းမှတစ်ဆင့်

အကြောင်းက အမျိုးသားအကျိုးစီးပွားရှေးရှုသည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကိန်းနေခြင်း ကြောင့်ဖြစ်သည်။ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားအားလုံးပါဝင်သော ပြည်သူတစ်ရပ်လုံး၏ အကျိုးလိုလား၍လည်း ဖြစ်ပါသည်။ တပ်မတော်သည် နိုင်ငံ၏အရေးအရာများစွာကို အမျိုးသားရေး တာဝန်တစ်ရပ်နှယ် ခံယူထားသည်။ ထို့ကြောင့်လည်း တတ်နိုင်သမျှ စိတ်ရှည်သည်းခံပေးနေခြင်း ဖြစ်ပါသည်။ ပြည်သူတစ်ရပ်လုံးက သောင်းကျန်းသူ လက်နက်ကိုင်များကင်းစင်မှသာ ဆင်းရဲခြင်း ကင်းမည်ဆိုသည်ကို သိသကဲ့သို့ သူပုန်ရှိသည့် တိုင်းပြည် မည်သည့်အခါမျှ မတိုးတက်နိုင်ဆိုသည်ကို တပ်မတော်ကလည်း သိသည်။ သိသည့်ကြားမှ ထာဝရငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခြင်းကြောင့်သာ ရှိသမျှ လက်နက်ကိုင်အဖွဲ့အားလုံးပါနိုင်သမျှ ပါနိုင်အောင် တပ်မတော်က ကြိုးစားခေါ်ယူနေခြင်းဖြစ်သည်ကို မြင်အောင်ကြည့်ရန်လိုသည်။ နိုင်ငံ၏ အဖိုးတန်လူ့အရင်းအမြစ်များ၊ အသက်အိုးအိမ် စည်းစိမ်များ မဆုံးရှုံးစေရန်လည်း ပါဝင်သည်။

ထို့ကြောင့် ဉာဏ်ပညာရှိရှိ ဆင်ခြင်တုံတရားအပြည့်ဖြင့် အမြော်အမြင်ရှေ့ထား လုပ်ကိုင်နေခြင်း ဖြစ်သည်။ ရေရှည်ဖွံ့ဖြိုးရေးအမြင်ဖြင့် ဘက်ပေါင်းစုံမှ ကြိုတင်မြော်တွေးနိုင်၍လည်းဖြစ်သည်။ ထိုအတွေး၊ ထိုခံယူချက်များမှတစ်ဆင့် နားလည်မှုကို ရရှိနိုင်ပါသည်။ ထို့ကြောင့်လည်း အပြန်အလှန် နားလည်မှုမရရအောင် ကြိုးစားပြီး ယုံကြည်မှုမရ ရအောင် တည်ဆောက်နေခြင်းဖြစ်သည်။ ယုံကြည် မှုအားကောင်းလျှင် စိတ်ဝမ်းကွဲမှုများ ပပျောက်သည်။ ယုံကြည်မှုဆိုသည်မှာ တပ်မတော်နှင့်ပြည်သူ အကြား၊ မဏ္ဍိုင်တစ်ခုနှင့်တစ်ခုအကြား၊ တိုင်းရင်းသားများအကြား အပြန်အလှန်ယုံကြည်မှုပင် ဖြစ်သည်။ ယုံကြည်မှုကင်းမဲ့လျှင် ပူးပေါင်းဆောင်ရွက်မှုတွင် အားမကောင်းနိုင်သည့်အချက်ကို လက်တွေ့မြင်ရပြီးဖြစ်သည်။ ထို့ကြောင့် စိတ်ရှည်သည်းခံခြင်းမှသည် အပြန်အလှန်နားလည်မှုကို တည်ဆောက်၊ အပြန်အလှန်နားလည်မှုမှသည် အပြန်အလှန်ယုံကြည်မှုရရှိ၊ ယုံကြည်မှုကို အရင်းတည်သည့် တည်ငြိမ်အေးချမ်းမှုနှင့်အတူ တည်ငြိမ်အေးချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီသို့ မရောက်ရောက်အောင် သွားနေခြင်းဖြစ်ပါသည်။

ယခုအချိန်မှာ နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေ ပါပြီ။ သို့သော် ကမ္ဘာကြီးက မငြိမ်းချမ်းနိုင်ဘဲ နိုင်ငံတကာမှာဖြစ်နေသည့် မျက်မှောက်ခေတ်သစ် စစ်ပွဲများကိုသာ တွေ့မြင်နေရသည်။ ပြည်တွင်း ပြည်ပ အန္တရာယ်များကားရှိဆဲ၊ ဆက်လက်ရှိနေ မည်ဟုလည်း သုံးသပ်ရမည်။ စွမ်းအင်၊ စားရေရိက္ခာငတ်မွတ်မှုစိန်ခေါ်ချက်များက အသင့်စောင့်ကြိုနေသည်ကို မြင်ရမည်။ နိုင်ငံကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြစဉ် ရိုက်ခတ်လာမည့် ဘေးဆိုးအန္တရာယ်များကို မျက်ခြည်ပြတ်၍မရပါ။ ထို့အတွက် တပ်မတော်ကြီး ခိုင်မာတောင့်တင်း နေရန်လိုအပ်သည်။ ပြည်သူများ စည်းလုံးညီညွတ်နေရန်လိုသည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဖြောင့်မတ်နေရန်လိုသည်။ ပြည်သူနှင့် တပ်မတော် အင်အား၊

အမျိုးသားညီညွတ်မှုအားဖြင့် ပြည်ထောင်စုကြီး အင်အားရှိနေရန် လိုအပ်သည်။ နိုင်ငံသမိုင်း တစ်လျှောက် ခေတ်အဆက်ဆက်အတွေ့အကြုံ၊ သင်ခန်းစာများအရ တပ်မတော်မရှိလျှင်မဖြစ်သည့် အနေအထားတွင် တပ်မတော်မရှိဘဲ နိုင်ငံတစ်နိုင်ငံသည် မည်သို့မျှ ရပ်တည်နိုင်စွမ်းမရှိဟူသော အဖြေရ၍ တပ်မတော်သည်သာ နိုင်ငံ၏ အဓိကအင်အားစုဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ထို့အတွက် နိုင်ငံ၏ လူငယ်စွမ်းအားအရင်းအမြစ်ကို အကောင်းဆုံးအသုံးချနိုင်ခဲ့သဖြင့် ပြည်သူ့စစ်မှုထမ်းနှင့် အမျိုးသမီးစစ်မှုထမ်းများသည် ယခုအခါ နိုင်ငံ၏ကာကွယ်ရေးအင်အားများအဖြစ် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြပါပြီ။ လူသားအရင်းအမြစ်အပြင် ကြည်း၊ ရေ၊ လေ လက်နက်၊ ပစ္စည်းအင်အားနှင့် စွမ်းပကားကိုလည်း တိုးချဲ့အဆင့်မြှင့်တင်ပြီး နိုင်ငံတကာအဆင့်မီ စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ် ဖြစ်အောင်  ကြိုးစားတည်ဆောက်နေသည်ကို တွေ့ရပေမည်။ နည်းပညာဖြင့် အဆင့်မြှင့်၊ ဝယ်ယူ ဖြည့်တင်းသင့်သည်ကို ဖြည့်ဆည်း၊ ကိုယ်ပိုင် ထုတ်လုပ်နိုင်သည်ကို ကိုယ်တိုင်ထုတ်လုပ်လာနိုင် သည့်အခါ စစ်လက်နက်အသုံးအဆောင်ပစ္စည်းများသည် ယခင်ကထက်ပို၍ ခေတ်မီလာသည်။ မိတ်ဖက် နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခဲ့ခြင်းဖြင့် တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှသည် နိုင်ငံတကာဆက်ဆံရေးဝန်းကျင်ကောင်းများ ဖန်တီးနိုင်ခဲ့သည်ကို တွေ့ရသည်။

စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများဖြင့် …

မြန်မာ့တပ်မတော်၏ ခေတ်အဆက်ဆက် ပြည်သူကို အလုပ်အကျွေးပြုသည့် ဆောင်ရွက်ချက် ကောင်းများစွာ၏ရလဒ်များကို တိုင်းတာရာတွင် ရန်သူအတွက် စစ်ပွဲမဟုတ်သည့် ပြည်သူ့အတွက် စစ်ဆင်ရေးများစွာနှင့်လည်း တိုင်းတာနိုင်ပါသည်။ စစ်ရေးအမြင်တစ်ခုတည်းမဟုတ်ဘဲ စစ်ပွဲမဟုတ်သည့် စစ်ဆင်ရေးများအဖြစ် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းများစွာကို တည်ဆောက်နိုင်ခဲ့ပါသည်။ စစ်ဘက်၏ စုစည်းမှုအားကောင်းသော အရင်းအမြစ်များကို စွမ်းဆောင်ရည်ရှိရှိ စနစ်တကျအသုံးချနိုင်မှု၊ နည်းပညာကို မျှဝေဖလှယ်နိုင်ခဲ့မှုများသည် မြန်မာ့တပ်မတော်၏ အားသာချက်များ ဖြစ်ခဲ့ပါသည်။

ထိုအားသာချက်များဖြင့် ပြည်သူတို့၏ လူမှုဘဝလုံခြုံရေးကို တာဝန်ယူ၍ နိုင်ငံ၏ပုံရိပ်အား မြှင့်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ သာဓကပြရလျှင် သမားရိုးကျမဟုတ်သည့် ကိုဗစ်-၁၉ ကပ်ဆိုးကြီး ကဲ့သို့သော စိန်ခေါ်မှုများကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရစဉ်က တပ်မတော်ကို အဓိကမဏ္ဍိုင်ထား၍ စစ်ဘက်-အရပ်ဘက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့မှု များကို ပြသနိုင်ပါသည်။ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟူသောမူအောက်တွင် ကန့်သတ် ပိတ်ဆို့မှုများကို အလေးမထား၊ စစ်သည်-အရပ် သားမခွဲခြားဘဲ တပ်မတော်ဆေးရုံများတွင် လက်ခံ ကုသပေးခဲ့သည်။

ဒုက္ခရောက်ပြည်သူများ၊ သံဃာ၊ သီလရှင်များကို ကူညီစောင့်ရှောက်နိုင်ခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီသောဒေသများရှိ သန်းနှင့်ချီသည့်ပြည်သူများ၏ ကျန်းမာရေးလိုအပ် ချက်ကို တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက နယ်လှည့်ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သဘာဝဘေး အန္တရာယ်ကျရောက်သည့် နိုင်ငံအနှံ့ မည်သည့်နေရာမဆို တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ချက်ချင်း ရောက်သည်။ အချိန်ပိုင်းအတွင်း တုံ့ပြန်နိုင်စွမ်း ရှိသည်။

လူမှုဘဝလုံခြုံရေးမှသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စစ်ဆင်ရေးပမာ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများ၏ ပညာရည်မြှင့်တင် ရေးအပိုင်းမှာ အထူးအားထည့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ နိုင်ငံကို ပညာဖြင့်တည်ဆောက်ရာတွင် တပ်မတော်က တစ်စိတ်တစ်ပိုင်း ပံ့ပိုးကူညီပါဝင်နေခြင်းကို မြင်အောင်ကြည့်ရပါမည်။ တပ်ကို တည်ဆောက်ရာ အချက်လေးချက်အနက် စိတ်ဓာတ်ဖြင့် တည်ဆောက်ဆိုသည့် အချက်တစ်ခုပါဝင်နေရာ ပညာအခြေခံသောစိတ်ဓာတ်ဖြင့် တပ်ကို ကောင်းအောင် တည်ဆောက်နေမှုကို ပြသရာလည်း ရောက်ပါသည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ယခု ဆောင်းပါးကို ယနေ့ဖြစ်ပွားနေသည့် အရှေ့အလယ် ပိုင်းပဋိပက္ခကို မြင်အောင်ကြည့်ရန် တိုက်တွန်းလျက် နိဂုံးချုပ်လိုပါသည်။ နိုင်ငံအချင်းချင်း လက်နက်ကိုင်ပဋိပက္ခကြားက မြေစာပင် ဖြစ်ရှာသည့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တွေ ဘယ်လောက်ထိခိုက်နစ်နာဆုံးရှုံးနေ ရပါသလဲ။ အနှစ်နှစ်အလလ ထူထောင်ထားသည့် နိုင်ငံ၏ အရင်းအမြစ်များစွာ ဘယ်လောက်ဆုံးရှုံးသွားခဲ့ပြီလဲ။ မြင်နိုင်ပါလိမ့်မည်။ စစ်ဆိုတာ မဖြစ်တာ အကောင်းဆုံးပါ။ ဖြစ်ခဲ့လျှင်လည်း ခံနိုင်ရည်ရှိမှဖြစ်သည်။ ခံနိုင်ရည်ရှိဖို့ကလည်း တပ်မတော် အင်အားတောင့်တင်းမှ၊ နိုင်ငံအားကောင်းမှ ဖြစ်မည်ဆိုသည်ကို သတိရစေချင်သည်။

ထို့ကြောင့် လက်နက်ကိုင်အဖျက်သမားများက စစ်ကို မဖန်တီးနိုင်အောင် ပြည်သူများကတပ်မတော်နှင့် ပူးပေါင်းရမည်။ တပ်မတော်ကို ကူညီရပါမည်။ တပ်မတော်နှင့်ပြည်သူ အပြန်အလှန်ကူညီ၍ တပ်မတော်၏ ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို ဆက်လက်ထိန်းသိမ်းကြရပါမည်။     ။

moi

မိုးမြင့်

ရဲဘော်စိတ် (သို့မဟုတ်) ဝင်္ကပါခရီးကြမ်း လျှောက်လှမ်းကြရာဝယ် . . . . .
-
လက်ရှိအချိန်မှာ (၈၁)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ တိမ်ပင်လယ်ခရီးကြမ်းဇာတ်ကားကတော့ Social Media မှာ ခေတ်စားနေတာတွေ့ရပါတယ်။ ဒီတိမ်ပင်လယ်ခရီးကြမ်း ဇာတ်ကားဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတိုက်ပွဲကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းမှာ နောင်ချိုဒေသကို ပြန်လည်သိမ်းပိုက် ရရှိနိုင်သည်အထိ အဓိကကျခဲ့တဲ့ တောင်ခမ်းဒေသက တိုက်ပွဲဝင်တပ်များရဲ့ တိုက်ပွဲများကို ဇာတ်လမ်း/ ဇာတ်ကွက်များ၊ ဒရာမာဆန်တဲ့ ပြကွက်များနဲ့ စိတ်ဓာတ်တက်ကြွဖွယ်၊ လွမ်းမောဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ တပ်မတော်ရဲ့ မျက်မှောက်ကာလတိုက်ပွဲများစွာထဲက ကြီးမားတဲ့ တိုက်ပွဲအလှည့်အပြောင်းကိုဖြစ်ပေါ်စေခဲ့တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် “အမိမြေမှ သားကောင်းများ” ဇာတ်ကားကဲ့သို့ပင် သမိုင်းဝင်အောင်ပွဲ၊ သမိုင်းတင်ရုပ်ရှင်ဇာတ်ကား တစ်ကားအဖြစ် “တိမ်ပင်လယ်ခရီးကြမ်း” ဖြစ်ရပ်မှန်ဇာတ်လမ်းက ဖော်ဆောင်နေတာကြောင့် ယနေ့ Social Media မှာ ခေတ်စားနေတာလည်းဖြစ်ပါတယ်။ဒီတိမ်ပင်လယ်ခရီးကြမ်းဆိုတဲ့ ဇာတ်ကားမှာ အခြေခံထားတဲ့ တောင်ခမ်းတိုက်ပွဲဖြစ်စဉ်ဟာ တကယ်တော့ မိမိတို့တပ်မတော်ဖြတ်သန်း လျှောက်လှမ်းခဲ့ရတဲ့ ဝင်္ကပါခရီးကြမ်းကြီးထဲက ခြေလှမ်းတစ်လှမ်းမျှသာဖြစ်ပါသေးတယ်။ မြန်မာ့တပ်မတော်ဟာ သမိုင်းစဉ်ဆက်ကာလ တစ်လျှောက်လုံး ပြည်သူတို့ရဲ့လိုအပ်ချက်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်၊ ခေတ်စနစ်ရဲ့လိုအပ်ချက်ဆိုတဲ့ သမိုင်းပေးတာဝန်ကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။ မြန်မာ့သမိုင်းကိုပြောတဲ့အခါ၊ ရေးတဲ့အခါတိုင်း တပ်မတော်ရဲ့သမိုင်းက ဒွန်တွဲပါလာမြဲပါ။ နိုင်ငံတော်ရဲ့သမိုင်းသည် တပ်မတော်ရဲ့သမိုင်းဖြစ်သည်မှာ ခေတ်ကာလသမိုင်းကြေးမုံပြင်ထဲက ပုံရိပ်စစ်၊ ပုံရိပ်မှန်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ တပ်မတော်လျှောက်လှမ်းရတဲ့ခရီးဟာ ခက်ခဲတဲ့ခရီးကြမ်းဖြစ်ခဲ့သလို ခေတ်ကာလအခြေအနေတွေအရ ဝင်္ကပါလို ကောက်ကွေ့သွယ်ဝိုက်နေရတဲ့ ခရီးလမ်းတွေကြုံခဲ့ရပါတယ်။ ကိုလိုနီလက်ကျန်အုပ်ချုပ်ရေးဝင်္ကပါ၊ အချင်းချင်းအာဏာပြိုင်ဆိုင်တဲ့ နိုင်ငံရေးဝင်္ကပါ၊ ကိုလိုနီခေတ်သွေးခွဲအုပ်ချုပ်မှုက စခဲ့တဲ့ တိုင်းရင်းသားရေးဝင်္ကပါတွေပါပဲ။ တပ်မတော်ရဲ့ဝင်္ကပါခရီးကြမ်းကို ပြန်ကြည့်မယ်ဆိုရင် ပြည်တွင်း သောင်းကျန်းမှုအရှိန်မြင့်တက်ပြီး ရန်ကုန်အစိုးရလို့ အခေါ်ခံရချိန် တပ်ရင်း ၃ ရင်း၊ ၄ ရင်းဖြင့် နိုင်ငံတော်အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခဲ့ရတာက စပြီး လက်ရှိမျက်မှောက်ကာလမှာတော့ တပ်မတော်အကြီးအကဲများရဲ့ ဦးဆောင်မှုဖြင့် သမားရိုးကျ စစ်ပွဲများကို အဆင့်မီဆင်နွှဲနိုင်စွမ်းရှိတဲ့ ခေတ်မီတပ်မတော်(Standard Army) ဖြစ်တဲ့အထိ တည်ဆောက်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ကျွန်တော့်အနေနဲ့ ဆောင်းပါးမှာ တပ်မတော်သမိုင်းကြောင်းကို အကျယ်ချဲ့မရေးတော့ပါဘူး။ အဓိကပြောလိုတာကတော့ တပ်မတော်လျှောက်လှမ်းခဲ့တဲ့ ဝင်္ကပါခရီးကြမ်းကြီးမှာ ခေတ်အဆက်ဆက် တပ်မတော်ကြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့တာဟာ တပ်မတော်သားအားလုံးရဲ့ “ရဲဘော်စိတ်(Esprit de Corps)” ကြောင့်ပဲဖြစ်ပါတယ်။ “ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်၏။”ဆိုတာ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ ရဲဘော်စိတ်ပါပဲ။တပ်မတော်သားတွေအနေနဲ့ တိုင်းပြည်နဲ့လူမျိုးကိုမချစ်တဲ့ တပ်မတော်သားတစ်ဦးတစ်ယောက်မှ မရှိပါဘူး။ တပ်မတော်သားတိုင်းက နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ကိုယ်စီဆန္ဒပြုဝင်ရောက်လာကြသူများသာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တပ်မတော်ထဲ ဝင်လာ ကြပေမယ့် တပ်မတော်သားအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့အခါ အားလုံးက တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဖြစ်သွားပါတယ်။ ဆွေရင်းမျိုးရင်းညီရင်း အစ်ကိုမောင်နှမအရင်းများ သဖွယ်ဖြစ်သွားကြတဲ့အထိ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်က လှုံ့ဆော်ပေးလိုက်တာဖြစ်ပါတယ်။ ဒီစိတ်ကို ရဲဘော်စိတ်လို့ သတ်မှတ်နိုင်ပါတယ်။ ၁၃-၃-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်း ” အခမ်းအနားမှာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ခမ်းခမ်းနားနား ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ခြင်းဟာလည်း ၁၅ နှစ်တာကာလအတွင်း ရဲဘော်စိတ်နဲ့ အနီးကပ်အတူလက်တွဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုအပေါ် ရိုးရှင်းလှတဲ့ စကား၊ ခမ်းနားထည်ဝါတဲ့နှလုံးသားဖြင့် ကမ္ပည်းထိုးမှတ်တမ်းတင်ဂုဏ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ အခမ်းအနား တက်ရောက်ကြသူအားလုံးကတော့ ဒီဂုဏ်ပြုစကားကြားလိုက်ရတဲ့ အချိန်မှာ ရဲဘော်စိတ် ဆိုတဲ့အသိက တပ်လှန့်လိုက်သည်နဲ့တစ်ပြိုင်နက် ကြက်သီးမွေးညင်း တဖြန်းဖြန်းထသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဒီချီးကျူးစကားသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သားတိုင်းကို ပြောကြားတဲ့ စကားလည်းဖြစ်ပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေသာမက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားများ၊ ပါရမီဖြည့်ဖက် မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းအားလုံးအတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ ရဲဘော်စိတ်နဲ့ တပ်မတော်ကိုထူထောင်ခဲ့ကြပါတယ်။ ရဲဘော်စိတ်နဲ့ လွတ်လပ်ရေးကို ရယူခဲ့ရပါတယ်။ အဲဒီစိတ်နဲ့ပဲ ပြည်တွင်းသောင်းကျန်းမှုခေတ်ဆိုးကြီးကို ပြည်သူနဲ့ အတူဖြတ်ကျော်ခဲ့ရပါတယ်။ ဒီစိတ်နဲ့ပဲ နိုင်ငံတော်ကို တည်ဆောက်နေပါတယ်။ ဆက်လက်ပြီးဒီရဲဘော်စိတ်နဲ့ပဲ နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရေးသားရင်း ကျွန်တော်တို့တပ်မတော်အနေနဲ့ တိမ်ပင်လယ်ကြီးနဲ့နီးတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတိုက်ပွဲမှာ စစ်သည်တော်တိုင်းရဲ့ ရင်ထဲနှလုံးသားထဲမှာ အစဉ်ကိန်းဝပ်နေတဲ့ ရဲဘော်စိတ်နဲ့ သောင်းကျန်းသူတွေကို အမြစ်ပြတ်ချေမှုန်းသုတ်သင်ရှင်းလင်းခဲ့သလို မြန်မာ့တပ်မတော်လျှောက်လှမ်းခဲ့ရတဲ့ ဝင်္ကပါခရီးကြမ်းမှာ ခြေလှမ်းတိုင်းခြေလှမ်းတိုင်းက ရဲဘော်စိတ်ကို အခြေတည် မြန်မာဆိုတဲ့ရွှေပြည်ကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား ဖော်ပြလိုက် ရပါတယ်။ ။MWD

     လက်ရှိအချိန်မှာ (၈၁)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့  တိမ်ပင်လယ်ခရီးကြမ်းဇာတ်ကားကတော့ Social Media မှာ ခေတ်စားနေတာတွေ့ရပါတယ်။ ဒီတိမ်ပင်လယ်ခရီးကြမ်း ဇာတ်ကားဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတိုက်ပွဲကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းမှာ နောင်ချိုဒေသကို ပြန်လည်သိမ်းပိုက် ရရှိနိုင်သည်အထိ အဓိကကျခဲ့တဲ့ တောင်ခမ်းဒေသက တိုက်ပွဲဝင်တပ်များရဲ့ တိုက်ပွဲများကို ဇာတ်လမ်း/ ဇာတ်ကွက်များ၊  ဒရာမာဆန်တဲ့  ပြကွက်များနဲ့ စိတ်ဓာတ်တက်ကြွဖွယ်၊ လွမ်းမောဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ တပ်မတော်

ရဲ့ မျက်မှောက်ကာလတိုက်ပွဲများစွာထဲက ကြီးမားတဲ့ တိုက်ပွဲအလှည့်အပြောင်းကိုဖြစ်ပေါ်စေခဲ့တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် အမိမြေမှ သားကောင်းများ ဇာတ်ကားကဲ့သို့ပင် သမိုင်းဝင်အောင်ပွဲ၊ သမိုင်းတင်ရုပ်ရှင်ဇာတ်ကား တစ်ကားအဖြစ် တိမ်ပင်လယ်ခရီးကြမ်း ဖြစ်ရပ်မှန်ဇာတ်လမ်းက ဖော်ဆောင်နေတာကြောင့် ယနေ့ Social Media မှာ ခေတ်စားနေတာလည်းဖြစ်ပါတယ်။

ဒီတိမ်ပင်လယ်ခရီးကြမ်းဆိုတဲ့   ဇာတ်ကားမှာ အခြေခံထားတဲ့    တောင်ခမ်းတိုက်ပွဲဖြစ်စဉ်ဟာ တကယ်တော့ မိမိတို့တပ်မတော်ဖြတ်သန်း လျှောက်လှမ်းခဲ့ရတဲ့ ဝင်္ကပါခရီးကြမ်းကြီးထဲက ခြေလှမ်းတစ်လှမ်းမျှသာဖြစ်ပါသေးတယ်။   မြန်မာ့တပ်မတော်ဟာ သမိုင်းစဉ်ဆက်ကာလ တစ်လျှောက်လုံး ပြည်သူတို့ရဲ့လိုအပ်ချက်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်၊ ခေတ်စနစ်ရဲ့လိုအပ်ချက်ဆိုတဲ့ သမိုင်းပေးတာဝန်ကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။ မြန်မာ့သမိုင်းကိုပြောတဲ့အခါ၊  ရေးတဲ့အခါတိုင်း   တပ်မတော်ရဲ့သမိုင်းက ဒွန်တွဲပါလာမြဲပါ။ နိုင်ငံတော်ရဲ့သမိုင်းသည် တပ်မတော်ရဲ့သမိုင်းဖြစ်သည်မှာ ခေတ်ကာလသမိုင်းကြေးမုံပြင်ထဲက ပုံရိပ်စစ်၊ ပုံရိပ်မှန်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ တပ်မတော်လျှောက်လှမ်းရတဲ့ခရီးဟာ ခက်ခဲတဲ့ခရီးကြမ်းဖြစ်ခဲ့သလို ခေတ်ကာလအခြေအနေတွေအရ ဝင်္ကပါလို ကောက်ကွေ့သွယ်ဝိုက်နေရတဲ့ ခရီးလမ်းတွေကြုံခဲ့ရပါတယ်။ ကိုလိုနီလက်ကျန်အုပ်ချုပ်ရေးဝင်္ကပါ၊ အချင်းချင်းအာဏာပြိုင်ဆိုင်တဲ့ နိုင်ငံရေးဝင်္ကပါ၊ ကိုလိုနီခေတ်သွေးခွဲအုပ်ချုပ်မှုက စခဲ့တဲ့ တိုင်းရင်းသားရေးဝင်္ကပါတွေပါပဲ။  တပ်မတော်ရဲ့ဝင်္ကပါခရီးကြမ်းကို ပြန်ကြည့်မယ်ဆိုရင် ပြည်တွင်း သောင်းကျန်းမှုအရှိန်မြင့်တက်ပြီး ရန်ကုန်အစိုးရလို့ အခေါ်ခံရချိန် တပ်ရင်း ၃ ရင်း၊ ၄ ရင်းဖြင့် နိုင်ငံတော်အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခဲ့ရတာက စပြီး လက်ရှိမျက်မှောက်ကာလမှာတော့ တပ်မတော်အကြီးအကဲများရဲ့  ဦးဆောင်မှုဖြင့်  သမားရိုးကျ စစ်ပွဲများကို  အဆင့်မီဆင်နွှဲနိုင်စွမ်းရှိတဲ့ ခေတ်မီတပ်မတော်(Standard Army)  ဖြစ်တဲ့အထိ တည်ဆောက်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။

ကျွန်တော့်အနေနဲ့ ဆောင်းပါးမှာ တပ်မတော်သမိုင်းကြောင်းကို  အကျယ်ချဲ့မရေးတော့ပါဘူး။ 

အဓိကပြောလိုတာကတော့ တပ်မတော်လျှောက်လှမ်းခဲ့တဲ့  ဝင်္ကပါခရီးကြမ်းကြီးမှာ ခေတ်အဆက်ဆက် တပ်မတော်ကြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့တာဟာ တပ်မတော်သားအားလုံးရဲ့ ရဲဘော်စိတ်(Esprit de Corps)” ကြောင့်ပဲဖြစ်ပါတယ်။ “ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်၏။ဆိုတာ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ ရဲဘော်စိတ်ပါပဲ။

တပ်မတော်သားတွေအနေနဲ့ တိုင်းပြည်နဲ့လူမျိုးကိုမချစ်တဲ့ တပ်မတော်သားတစ်ဦးတစ်ယောက်မှ မရှိပါဘူး။ တပ်မတော်သားတိုင်းက နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ကိုယ်စီဆန္ဒပြုဝင်ရောက်လာကြသူများသာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တပ်မတော်ထဲ ဝင်လာ ကြပေမယ့် တပ်မတော်သားအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့အခါ  အားလုံးက  တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဖြစ်သွားပါတယ်။ ဆွေရင်းမျိုးရင်းညီရင်း အစ်ကိုမောင်နှမအရင်းများ သဖွယ်ဖြစ်သွားကြတဲ့အထိ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်က လှုံ့ဆော်ပေးလိုက်တာဖြစ်ပါတယ်။ ဒီစိတ်ကို ရဲဘော်စိတ်လို့ သတ်မှတ်နိုင်ပါတယ်။ 

၁၃-၃-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမမှာ ကျင်းပပြုလုပ်တဲ့  နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်း ” အခမ်းအနားမှာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ခမ်းခမ်းနားနား  ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ခြင်းဟာလည်း  ၁၅ နှစ်တာကာလအတွင်း ရဲဘော်စိတ်နဲ့  အနီးကပ်အတူလက်တွဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုအပေါ်  ရိုးရှင်းလှတဲ့ စကား၊ ခမ်းနားထည်ဝါတဲ့နှလုံးသားဖြင့် ကမ္ပည်းထိုးမှတ်တမ်းတင်ဂုဏ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ 

အခမ်းအနား တက်ရောက်ကြသူအားလုံးကတော့ ဒီဂုဏ်ပြုစကားကြားလိုက်ရတဲ့ အချိန်မှာ ရဲဘော်စိတ် ဆိုတဲ့အသိက တပ်လှန့်လိုက်သည်နဲ့တစ်ပြိုင်နက် ကြက်သီးမွေးညင်း တဖြန်းဖြန်းထသည်အထိ ဖြစ်ခဲ့ရပါတယ်။ 

ဒီချီးကျူးစကားသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က  တပ်မတော်သားတိုင်းကို ပြောကြားတဲ့ စကားလည်းဖြစ်ပါတယ်။  လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေသာမက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားများ၊ ပါရမီဖြည့်ဖက် မိသားစုဝင်များ၊  မိတ်ဖက်အဖွဲ့အစည်းအားလုံးအတွက် ဖြစ်ပါတယ်။ 

ကျွန်တော်တို့တပ်မတော်ဟာ ရဲဘော်စိတ်နဲ့ တပ်မတော်ကိုထူထောင်ခဲ့ကြပါတယ်။ ရဲဘော်စိတ်နဲ့ လွတ်လပ်ရေးကို  ရယူခဲ့ရပါတယ်။   အဲဒီစိတ်နဲ့ပဲ ပြည်တွင်းသောင်းကျန်းမှုခေတ်ဆိုးကြီးကို ပြည်သူနဲ့ အတူဖြတ်ကျော်ခဲ့ရပါတယ်။ ဒီစိတ်နဲ့ပဲ နိုင်ငံတော်ကို   တည်ဆောက်နေပါတယ်။  ဆက်လက်ပြီးဒီရဲဘော်စိတ်နဲ့ပဲ နိုင်ငံအကျိုး၊  ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရေးသားရင်း   ကျွန်တော်တို့တပ်မတော်အနေနဲ့ တိမ်ပင်လယ်ကြီးနဲ့နီးတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတိုက်ပွဲမှာ စစ်သည်တော်တိုင်းရဲ့ ရင်ထဲနှလုံးသားထဲမှာ အစဉ်ကိန်းဝပ်နေတဲ့   ရဲဘော်စိတ်နဲ့   သောင်းကျန်းသူတွေကို အမြစ်ပြတ်ချေမှုန်းသုတ်သင်ရှင်းလင်းခဲ့သလို မြန်မာ့တပ်မတော်လျှောက်လှမ်းခဲ့ရတဲ့ ဝင်္ကပါခရီးကြမ်းမှာ ခြေလှမ်းတိုင်းခြေလှမ်းတိုင်းက  ရဲဘော်စိတ်ကို အခြေတည် မြန်မာဆိုတဲ့ရွှေပြည်ကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား ဖော်ပြလိုက် ရပါတယ်။       ။MWD

ဇော်မင်းထွန်း(ရေနံချောင်း)