တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆောင်ရွက်ချက်များ

တောင်သူလိုအပ်ချက်အခြေခံသည့် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်

နေပြည်တော် ဇန်နဝါရီ ၁၀

နေပြည်တော်ကောင်စီ နယ်မြေတပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်က စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနနှင့် မွေးမြူရေးတက္ကသိုလ်မှ ပညာရှင်များက နွယ်ရစ်ကျေးရွာ တောင်သူ ဦးဆန်းမင်း၏ ပန်းမုန်လာစိမ်းစိုက်ခင်းတွင် ကွင်းသရုပ်ပြပွဲကျင်းပသည်။

ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး ပညာရှင်များ၊ သုတေသီများအနေဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ ကျင့်သုံးလျက်ရှိသည့် စိုက်ပျိုးနည်းစနစ်များကို လေ့လာမှတ်တမ်းတင်နိုင်ရန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သော သွင်းအားစုများဖြစ်သည့် မျိုး၊ ပိုးသတ်ဆေး၊ မြေဩဇာနှင့် ကြုံတွေ့ကြရသည့် အဓိကအခက်အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေးအတွက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာအပါအဝင် ဆင်သေချောင်း ဝဲ/ယာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာနေရာများ ဇုန်သတ်မှတ်၍ ဆောင်ရွက်ရေးနှင့် ဈေးနှုန်းအတက်အကျကို ထိန်းသိမ်းရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်၊ တာရှည်အထားခံရန်ဆိုလာစွမ်းအင်သုံး တောင်သူတစ်နိုင်တစ်ပိုင်အအေးခန်းစနစ် ထွန်းကားလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် တောင်သူများအတူ ပူးပေါင်းပါဝင်သည့် ဟင်းသီးဟင်းရွက်သုတေသနများ၊ တောင်သူလိုအပ်ချက် အခြေခံသည့် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်နှင့် ဟင်းသီးဟင်းရွက် မျိုးမွေးမြူရေးပညာရှင်များ ထွက်ပေါ်လာစေရေးပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ကွင်းသရုပ်ပြပွဲတက်ရောက်လာကြသည့် တောင်သူများ၏ လုပ်ငန်းခွင်ဆိုင်ရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

အဆိုပါနွယ်ရစ်ကျေးရွာပတ်ဝန်းကျင်ဒေသသည် ပန်းဂေါ်ဖီ၊ ပန်းမုန်လာဖြူ၊ ပန်းမုန်လာစိမ်း၊ မုန်လာဥဖြူ၊ ဖူးစားပြောင်းအပါအဝင် စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် အာဟာရဓာတ်ပြည့်ဝ​ရေး အထောက်အကူပြုတ​စ်မျှော်တစ်ခေါ် ဟင်းသီးဟင်းရွက်စိုက်ခင်းကြီးများဖြင့် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (MRTV)၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက် တန်းကျောင်းများသို့ သွားရောက်၍ စိုက်ပျိုးရေး၊မွေးမြူရေးအထူးပြုဖြင့် Grade-10, Grade-11, Grade-12 တက်ရောက် သင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများအား လက်ရှိသင်ရိုး ညွှန်းတမ်းများ၊ သင်ကြားရေးနည်းစနစ်များနှင့် အနာဂတ်ပညာရေးအခွင့်အလမ်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် မွေးမြူရေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

moi

ပြည်ထောင်စုဝန်ကြီးဦးလှမိုး ဥတ္တရသီရိမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေဥတ္တရသီရိမြို့နယ် ငန်းစပ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းဆိုင်ရာများ၊ စိုက်ပျိုးရေးသမဝါယမအသင်းများဖွဲ့စည်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ မြစိမ်းရောင်(သမဝါယမ) ရန်ပုံငွေတို့ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုပံ့ပိုးမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ပေ ၁၅၀၀ ကတ္တရာလမ်း ဆောင်ရွက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဇလောင်း(မြောက်)ကျေးရွာ စာကြည့်တိုက်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ယခုဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ပေ ၄၀၀ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာသူကျေးရွာသားများ၏ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းနိုင်ရေး တင်ပြချက်အပေါ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် နိုင်ငံတော်ထံမှချေးယူထားသည့် ချေးငွေများအပြေအကျေ ပြန်လည်ပေးဆပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်ပေ ၄၀၀ ကွန်ကရစ်လမ်းကိုလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း ဆက်လက်ဆောင်ရွက်မည့်နေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီပြီးစီးရေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

moi

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့မှ ပြည်သူများ၊ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ဗိုလ်လောင်းများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများအား အနုပညာရှင်များ ဖျော်ဖြေတင်ဆက်

နောင်ချို ဒီဇင်ဘာ ၂၁

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နောင်ချိုမြို့မှ ပြည်သူများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများအား သွားရောက်ဖျော်ဖြေတင်ဆက်ကြသည်။

တိမ်ပင်လယ်ရှုခင်းသာကို သွားရောက်လေ့လာ

နံနက်ပိုင်းတွင် ကျောက်မဲမြို့မှထွက်ခွာပြီးနောင်ချိုမြို့မှ ၁၆မိုင် အကွာရှိ နောင်ချိုကြီး တိမ်ပင်လယ်ရှုခင်းသာကို သွားရောက်လေ့လာကြသည်။

ထိုနောင်ချိုကြီးတိမ်ပင်လယ် ရှုခင်းသာနေရာ၌ အပန်းဖြေနေရာ ခုနစ်ခုမှ ပြည်တွင်း/ပြည်ပခရီးသွားများအတွက် တည်းခိုနေထိုင်အပန်းဖြေနိုင်ရန်နှင့် သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရန်အတွက် ပြင်ဆင်ထားရှိရာ ယခုအခါ ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာနေပြီဖြစ်သည်။

လှိုက်လှဲနွေးထွေးစွာကြိုဆို

ထို့နောက် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးတွေ့ဆုံပွဲကျင်းပမည့် နောင်ချိုမြို့အားကစားရုံသို့ရောက်ရှိကြရာ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး အနုပညာရှင်များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးတွေ့ဆုံပွဲကိုကျင်းပရာ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ video clip ကို ဦးစွာဖွင့်လှစ်ပြသသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်ပြောကြားရာတွင် ရှမ်းမြောက်ဒေသရှိမြို့နယ်များ ပြန်လည်ထိန်းချုပ်နိုင်အောင် သက်စွန့်ဆံဖျားဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်သားများကို အထူးကျေးဇူးတင်ပါကြောင်း၊ တစ်ဆက်တည်းတွင် မြို့ရွာဒေသအား ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ဝိုင်းဝန်း ဆောင်ရွက်နေကြသော ပြည်သူလူထုကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်ပြီး အားတက်သရော ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်နှင့် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း နောင်ချိုမြို့နယ်အတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကိုဖော်ဆောင်ပေးနိုင်မည့်သူများကိုရွေးချယ်ပြီး ဆန္ဒပြု မဲပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ပေးအပ်လှူဒါန်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှေ့တန်းရောက်တပ်မတော်သားများအတွက် ပြန်ကြားရေးဝန်ကြီးဌာနကလှူဒါန်းသည့် ခေါက်ဆွဲခြောက်၊ ငါးခြောက်ကြော်၊ ငံပြာရည်ချက်၊လက်ဖက်အကြော်စုံနှင့် ကော်ဖီထုပ်များအပါအဝင် စားသောက်ဖွယ်ရာများ၊ နောင်ချိုတပ်နယ်နှင့် ဌာနဆိုင်ရာများအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၄၅ ဆူနှင့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်း အစုံ ၃၀၊ MRTV DVB T-2 Set Top Box အစုံ ၂၀ တို့အား ပေးအပ် လှူဒါန်းရာ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

ယင်းနောက် နောင်ချိုတပ်နယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖျော်ဖြေတင်ဆက်ကြမည့် အနု ပညာရှင်များအား ဂုဏ်ပြုငွေများ ​ပေးအပ်ချီးမြှင့်သည်။

သီဆိုကခုန်ကာပါဝင်ဆင်နွှဲ

ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်ကိုဆောင်ရွက်ရာရုပ်ရှင်သရုပ်ဆောင်ဆုပန်ထွာ၊ ပွင့်၊ ဆောင်းယွန်းစံ၊ စည်သူဝင်း၊ သရုပ်ဆောင်/ တေးသံရှင် သံသာမိုးသိမ့်၊ တေးသံရှင် စစ်သွေး၊ ထက်အဉ္ဇလီ၊ ပိုးဖြူဖြူ၊ နွေဦးသခင်နှင့် MRTV မှ တေးသံရှင် တျားရုအောင်၊ စောဒယ်နီရယ်၊ စောရက်စတာ၊ ဝမ်းကေဇင်၊ ဖူးဧကရီဆောင်း၊ မြတ်ဆုချယ်၊ အင်ကြင်းနိုင်ဦး၊ မေသူမျိုး၊ လဝန်းမေ၊ ခတ္တာတို့က သီဆိုဖျော်ဖြေကြရာ ပရိသတ်များကလည်း ပျော်ရွှင်စွာသီဆိုကခုန်ကာ ပါဝင်ဆင်နွှဲကြသည်။

ညနေပိုင်းတွင် ပြင်ဦးလွင်မြို့သို့ရောက်ရှိကြပြီး စစ်တက္ကသိုလ်ရှိ အနော်ရထာခန်းမ၌ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများအား ဖျော်ဖြေတင်ဆက်ပွဲပြုလုပ်ရာ ဦးစွာ ပြင်းထန်သည့်မြေငလျင်ဒဏ်ကိုကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမည့် ပိုမိုကောင်းမွန်သောအနာဂတ်နှင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီ Video Clip များ ဖွင့်လှစ်ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်ပြောကြားပြီး ပြင်ဦးလွင်တပ်နယ်အတွက် MRTV DTH စလောင်းအစုံ ၁၀၀၊ MRTV T-2 Set Top Box အစုံ ၁၀၀ နှင့် သုတ/ ရသစာအုပ်/ စာ​စောင်များအား ပေးအပ်လှူဒါန်းသည်။

ဖျော်ဖြေတင်ဆက်

ဆက်လက်၍ MRTV ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ ဝန်ထမ်းအဆိုရှင်များနှင့် နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဗိုလ်လောင်းများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများကလည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။   

moi

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲ တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၄

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော MRTV-4 မှ ရိုက်ကူး/ ထုတ်လုပ်သည့် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများမှ နာမည်ရအနုပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက “လှမ်းခဲ့တော့လေ ချယ်ရီမြေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက စီစဉ်ထုတ်လုပ်သည့် “ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်”နှင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”Video Clip တို့ကို ဖွင့်လှစ်ပြသသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် သတင်းတု၊ သတင်းမှားများအန္တရာယ်ကို အထူးဂရုပြုချင့်ချိန်ဆောင်ရွက်ကြရန်နှင့် သတင်းမှန်ပြန်ကြားမှုများကို ကြည့်ရှုနားဆင်ပြီး အလေးထားဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတော်အစိုးရက အနာဂတ်အတွက် လူငယ်များကိုအလေးထားတန်ဖိုးထားပါကြောင်းနှင့် ပညာရေးကိုအထူးအားပေးဆောင်ရွက်နေပါကြောင်း၊ မကြာမီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပမည်ဖြစ်ရာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဆန္ဒမဲပေးရန် သင့်လျော်ကိုက်ညီသူများအနေဖြင့် နိုင်ငံတော်နှင့် ဒေသအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့်သူများကို ဆန္ဒအလျောက် လွတ်လပ်စွာ ဆန္ဒပြုမဲပေးခြင်းဖြင့် နိုင်ငံသားတစ်ဦးချင်းစီ၏ တာဝန်ကျေပွန်အောင် ဆောင်ရွက်သင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက MRTV DTH စလောင်းအစုံ ၅၀ ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်တရားသူကြီးချုပ်တို့က MRTV DTH စလောင်း ၁၀ စုံကို တက်ရောက်လာကြသူများအား မဲဖောက်၍ ပေးအပ်ကြသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အဆိုပါဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

MOI

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၅

​ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး (နေပြည်တော်)နှင့် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ (တပ်ကုန်း) တို့မှ အထူးကုဆရာဝန်ကြီးများက တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၌ ကွင်းဆင်းဆေးဝါးကုသမှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

​ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် လုပ်ငန်းကော်မတီအဖွဲ့သည် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာရှိ မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် အုန်းပင်ကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများဖြစ်သည့် တောင်ပို့သာ၊ သကြားဟင်းအိုး၊ သစ်ဆိမ့်ပင်၊ ဆူးတက်၊ ကျောက်စရစ်ကုန်း၊ ကျွဲလည်ပင်း၊ ချင်းစုနှင့် ကြာပင်အင်းကျေးရွာတို့မှ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများပါဝင်သည့် ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုနှင့် လူသုံးကုန်နှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအတွက် ဗုဒ္ဓဆင်းတုရုပ်ပွားတော်များနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် ၂၀၂၆ ခုနှစ် ပြက္ခဒိန်များအား ပေးအပ်လှူဒါန်းသည်။

ထို့နောက် ကျေးရွာပြည်သူ လူထုနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မီဒီယာအနေဖြင့် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းစဉ်များအတိုင်း သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် ထုတ်ပြန်ပေးခြင်းနှင့် အသိပညာမျှဝေပေးခြင်းတို့အပြင် အနုပညာ ရှင်များနှင့်ပေါင်းစပ်၍ သဘာဝ ဘေးသင့်ဒေသများသို့ သွားရောက်ပြီး စာနာမှု၊ အားပေးမှုနှင့် စိတ်ခွန်အားမြှင့်တင်မှုတို့အတွက် ဖျော်ဖြေ ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြား သည်။

ဆက်လက်၍ ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အုန်းပင် - တောင်ပို့သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ လယ်ငယ်ချောင်းကူးတံတားအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့က အရှည်ပေ ၃၀၀ ရှိ သံကူကွန်ကရစ် ချောင်းကူးတံတား ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေနှင့် ဆည်မြောင်းဦးစီးဌာနက ရာဂီ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပွဲစားရေလွှဲဆည်အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သားခိုတောင် မဟာအတုလ လောကရန်အောင် ဆုတောင်းပြည့်စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို ၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေအား စေတီတော်ဂေါပက တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ရှေးဟောင်းသမိုင်းဝင် သားခိုတောင်ဒေသအား ပြည်သူများ လာရောက်လေ့လာနိုင်မည့် ဒေသန္တရခရီးစဉ်တစ်ခု အဖြစ်ဖော်ဆောင်ကာ ညောင်ပင် သာအပန်းဖြေစခန်းနှင့် တွဲဖက် ၍ ခရီးသွားဧည့်သည်များ လာရောက်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးတက်စေမည့်အစီအမံများနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သားခိုတောင် မဟာအတုလ လောကရန်အောင် ဆုတောင်းပြည့်စေတီသည် တပ်ကုန်းမြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ အုန်းပင်ကျေးရွာတွင် တည်ရှိပြီး သမိုင်းဝင်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

MOI

တပ်ကုန်းမြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာတို့၌ ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၉

နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ကျေးရွာများဖြစ်သည့် မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့၌ ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးကြပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကျီးပင်၊ ညောင်ပင်သာကျောင်းတိုက် ဆရာတော် ဦးဥက္ကဋ္ဌအား ဖူးမြော်ကြည်ညိုပြီး ဘုရားဆင်းတုတော်များ၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြကာ မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာများတွင် ရေကြီးရေလျှံမှုများထပ်မံမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်တားဆီးရမည့် နည်းလမ်းများနှင့် အစီအမံများကိုဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကြုံတွေ့နေရသည့်အခက်အခဲများအတွက် စိတ်ဓာတ်မကျရန်နှင့် မိမိတို့အနေဖြင့် ယခုထက်ပိုမိုကောင်းမွန်သည့်လူမှုအသိုက်အဝန်း တစ်ခုသို့ရောက်အောင် အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊၊

နိုင်ငံတော်က မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ကို သဘာဝဘေးအလွန် စံပြကျေးရွာများဖြစ်အောင် ငွေကြေးအကုန်ကျခံကာ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူများကလည်း စိတ်ဓာတ်ခိုင်ခိုင်မာမာနှင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း။

မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအခွင့်အရေးတစ်ရပ်အနေဖြင့် မဖြစ်မနေမဲပေးကြရန် တိုက်တွန်းလိုကြောင်း၊ မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်များကိုသာ ရွေးချယ်မဲပေးသင့်ကြောင်း၊ ဒေသခံပြည်သူများအတွက် စိတ်ဓာတ်ခွန်အားရရှိစေမည့် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်၊၊

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာအတွင်းအသားကဏ္ဍ ဖူလုံစေရန် ရည်ရွယ်၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ညောင်ပင်သာ ကျေးရွာအတွင်းရှိ ရေဘေးသင့်ပြည်သူများ နေထိုင်နိုင်ရန် တည်ဆောက်ပေးထားသည့် လူနေအိမ်များကို ကြည့်ရှုစစ်ဆေးပြီး နဝင်းချောင်းကမ်းထိန်းလုပ်ငန်းလျာထား ဆောင်ရွက်နေမှုအခြေအနေ၊ အိမ်ထောင်စုများအလိုက် နေထိုင်စားသောက်မှုအခြေအနေ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေများကိုမေးမြန်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး၍ ဒေသခံပြည်သူများအား ချီးမြှင့်ငွေများပေးအပ်သည်။   

MOI

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းစည်းဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့ကော်မတီအတွက် ချမှတ်ထားသည့် လုပ်ငန်းတာဝန်များအတိုင်း နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖြစ်လာစေရန် လုပ်ငန်းကော်မတီဝင်များအားလုံးက တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က လုပ်ငန်းတာဝန် ၁၈ ရပ်နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဌာနအလိုက် ဆောင်ရွက်နေသော တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။                

MOI

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၇

ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ‌ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့မိမြို့ဖများနှင့် အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသားတိုင်းရင်းသူများက “ရွှေပြည်တော်သို့တို့အတူ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်၊၊

ထို့နောက် “တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဆီသို့” Video Clip ကို ပြသသည်၊၊

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့အနေဖြင့် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်း ပြည်သူများသိရှိစေရန် မီဒီယာမှတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိလျက်ရှိပါကြောင်း၊ နိုင်ငံတော်မီဒီယာသည် ပြည်သူလူထုအတွက် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာပေးရန်တို့သာမက ပြည်သူများကို ပြုံးပျော်ရွှင်စေရေးအတွက်ပါ ဖန်တီးဆောင်ရွက်ပေးနေပါကြောင်း၊ ခိုင်မာတောင့်တင်း အားကောင်းသည့် လူမှုအသိုက်အဝန်းကိုလည်း နိုင်ငံတော်မီဒီယာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး ပြည်သူနှင့် အစိုးရအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်သူလူထုထံ သတင်းမှန်များ ရောက်ရှိသိရှိနိုင်စေရေးအတွက် အချိန်နှင့်တစ်ပြေးညီ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားဖော်ပြနေပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူမှုကွန်ရက်ပလက်ဖောင်းများကို သုံးစွဲရာတွင် သတင်းတု၊ သတင်းမှားများကို ခွဲခြားဝေဖန်ပိုင်းခြားပြီး စီးပွားရေး၊ လူမှုရေးအတွက် အကျိုးကျေးဇူးရှိစေမည့် ဗဟုသုတများကိုသာ ကြည့်ရှုစေလိုပါကြောင်း၊ လာမည့်ကာလများတွင် တိုးတက်ကောင်းမွန်သည့် အသိုက်အဝန်းနှင့် ယုံကြည်စိတ်ချပျော်ရွှင်စရာ ကောင်းသည့်ဘဝများ ရောက်ရှိရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တပ်ကုန်းမြို့နယ် မြို့မ ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၉ အုပ်စုတို့အတွက် MRTV DTH စလောင်း ၁၇၇ စုံနှင့် MRTV DVB-T2 Set Top Box အလုံး ၁၁၀ တို့ကို ပေးအပ်သည်၊၊

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားမြင့်မားရေး၊ အမျိုးသားပညာရေးအဆင့်အတန်းမြင့်မားရေးနှင့် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ကောင်းမွန် သာယာရေးတို့အတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ပြည်သူများကလည်း နိုင်ငံတော်နှင့်တကွ နိုင်ငံသားတိုင်း၏ ကောင်းကျိုးများဖြစ်ထွန်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးစီမံချက်သည် ကျေးလက်ဒေသများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် လူမှုစီးပွားဘဝများ ခိုင်မာအားကောင်းလာစေရေးအတွက် အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တပ်ကုန်းမြို့နယ် ပညာရေးမှူးရုံးတစ်ရုံး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်း ၃၀ နှင့် အခြေခံပညာအလယ်တန်းကျောင်း ၃၄ ကျောင်းတို့အတွက် MRTV DTH စလောင်း ၇၂ စုံကိုပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား MRTV DTH စလောင်း ၁၅ စုံနှင့် MRTV DVB-T2 Set Top Box အလုံး ၃၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်၊၊

ထို့နောက် နာမည်ကျော်တေးသံရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က “ပန်းတိုင်းပွင့်ပါစေ” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်၊၊

ယင်းနောက် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ စိန်ရတုပြတိုက်နှင့် သတင်းစတူဒီယိုခန်းများကို ကြည့်ရှုလေ့လာကြသည်။

MOI

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း လွိုင်ကော်မြို့၌ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲသို့ တက်ရောက်

လွိုင်ကော် ဩဂုတ် ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အတူ ယနေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲနှင့် ပြည်သူများ အပန်းပြေစေရန်၊ စိတ်ခွန်အားရရှိနိုင်ရန် အနုပညာရှင်များ၏ ဖျော်ဖြေပွဲများသို့ တက်ရောက်အားပေးပြီး လွိုင်ကော်မြို့ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ လာရောက်ဖျော်ဖြေကြသည့် အနုပညာရှင်များက လွိုင်ကော်မြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ပြုလုပ်သော လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအတွက် ဆွမ်း၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းပွဲသို့ တက်ရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၌ ကျင်းပသည့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲသို့ တက်ရောက်ကြရာ အဆိုပါဆွေးနွေးပွဲသို့ လွိုင်ကော်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံတို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများလည်း တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသားတစ်ဦးက “လူချွန်လူကောင်း” တေးသီချင်းဖြင့် လည်းကောင်း၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက ကယားတို့၏ သဘာဝအလှနှင့် စုပေါင်းအကတေးသရုပ်ဖော်ဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး “မြေငလျင်ဒဏ်ကျော်ဖြတ်ကာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့” မှတ်တမ်းရုပ်သံ Video Clip တို့ကို ပြသသည်။

ဝိုင်းဝန်းအကောင်အထည်ဖော်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကယားပြည်နယ်သည် မန္တလေးငလျင်ဘေးဒဏ်ကို ခံစားရမှုမရှိသော်လည်း အကြမ်းဖက်သမားများ၏ အဖျက်လုပ်ရပ်များကြောင့် တိုက်ပွဲဖြစ်စဉ်များ ကြုံတွေ့ခဲ့ရပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားသည့် ဒဏ်ကို ခံစားခဲ့ကြရပါကြောင်း၊ ယခုအခါ တပ်မတော်က နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဖော်ဆောင်ပေးနိုင်မှုနှင့်အတူ နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ပြန်လည်ပြုပြင်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူချစ်သော အနုပညာရှင်များကလည်း ကယားပြည်နယ်ရှိ ပြည်သူများထံအရောက်လာပြီး အနုပညာစွမ်းအားဖြင့် စိတ်ခွန်အားရရှိနိုင်စေရန် ဖျော်ဖြေပေးခြင်းဖြစ်ပါကြောင်း၊ ပိုမိုတည်ငြိမ်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် လှပသောအနာဂတ်ကို အတူတကွဝိုင်းဝန်းအကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အဖွဲ့များကို ဆုငွေချီးမြှင့်ပြီး ကယားပြည်နယ်မှ အဆင့်မြင့်ကျောင်းများအတွက် သုတရသစာအုပ်စာစောင်များ၊ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) အတွက် MRTV DTH စလောင်းစက်ပစ္စည်းအစုံနှင့် MRTV T - 2 Set Top Box တို့ကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်တို့က ဆွေးနွေးပွဲတက်ရောက်လာသူများအတွက် MRTV DTH စလောင်းစက်ပစ္စည်းအစုံနှင့် MRTV T-2 Set Top Box တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

ယင်းနောက် ကယားပြည်နယ်ရှိ အဆင့်မြင့်ပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးဦးက အင်္ဂလိပ်စာစွမ်းရည်သရုပ်ပြတင်ဆက်ပြီး ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ကာ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက ပြည်ထောင်စု၏ ထာဝရအလှများ တေးသီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လွိုင်ကော်မြို့ရှိ အဆင့်မြင့်သီရိမင်္ဂလာစျေးသစ်ကို ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက မူလသီရိမင်္ဂလာစျေးကို ၁၉၉၁ ခုနှစ်က အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်းဖြင့် ဆောက်လုပ်ထားရှိရာမှ ၂၀၂၃ ခုနှစ်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် အဆင့်မြင့်သီရိမင်္ဂလာစျေးသစ် နှစ်ထပ်အဆောက်အအုံကို ပန္နက်တင်၍ စတင်ဆောက်လုပ်ခဲ့ရာမှ ယခုနှစ်ဧပြီလအတွင်း ပထမအဆင့်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ ဒုတိယအဆင့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စျေးအတွင်းလှည့်လည်ကြည့်ရှုကြပြီး စျေးရောင်းချသူများနှင့် စျေးဝယ်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သကဲ့သို့ အနုပညာရှင်များကလည်း ပရိသတ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခြင်း၊ ပရိသတ်များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

MOI

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Michael Dunford အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် ၁၃

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Michael Dunford အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အမှန်တကယ်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ၊ သဘာဝဘေး ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင် ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။