နာရီမလိုသည့် ကျွန်းငယ်လေး (သို့မဟုတ်) နော်ဝေးရှိ Sommaroy ကျွန်း

News Image

  • နာရီမလိုသည့် ကျွန်းငယ်လေး (သို့မဟုတ်) နော်ဝေးရှိ Sommaroy ကျွန်း

စကင်ဒီနာဗီယားနိုင်ငံ တစ်နိုင်ငံဖြစ်သည့် နော်ဝေ ဧရိယာထဲတွင် လူဦးရေ ၃၅၀ ဦးခန့်သာ နေထိုင်သော Sommaroy ကျွန်းငယ်လေးမှာ ၂၀၁၉ ခုနှစ်မှ စတင်ပြီး နာရီမလိုသော အချိန်ကင်းမဲ့ရာနေရာလေး ဖြစ်လာခဲ့ ပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုကျွန်းငယ်လေးမှာ မေလ ၁၈ ရက်မှ ဇူလိုင် ၂၆ ရက်အထိ သန်းခေါင်ယံနေကို ခံစားရ၍ ၆၉ ရက်ကြာ နေအလင်းရောင် ရရှိနေသဖြင့် လူသားများ အသုံးပြုနေသည့် အချိန်နာရီဖြင့် တိုင်းတာခြင်းမှာ အကျိုးမရှိလှပါ။ ထိုကျွန်းငယ်လေးသည် ဆောင်းရာသီတွင် နိုဝင်ဘာလ မှ ဇန်နဝါရီလအထိ နေလုံးဝမထွက်ဘဲ မြောက်ပိုင်းအလင်းရောင် (Aurora Borealis) က ကောင်းကင်ကြီးကို လင်းထိန်စေပါသည်။

အဆိုပါကျွန်းရှိ လူများမှာ ကမ္ဘာသုံးနာရီအချိန်ဇယားများထက် သဘာဝ အရ အလိုလို လမ်းညွှန်ပေးထားသည့် နေထိုင်မှုပုံစံကို လိုက်လျော ညီထွေအောင် လက်ခံနေထိုင်ကြပါသည်။

ယခုအခါ အဆိုပါ Sommaroy ကျွန်းငယ်လေးမှာ ကမ္ဘာလောကကြီးနှင့် ရှုပ်ထွေးပွေလီ လှသော လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှ အဆက်အသွယ် ဖြတ်၍ စိတ်ဖိစီးမှုနှင့် အပူအပင် ကင်းမဲ့လိုသော နိုင်ငံခြားသား ခရီးသွား များအတွက် စိတ်ဝင်စားစရာ ကမ္ဘာငယ်လေး ဖြစ်နေပါသည်။ 

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃