Skip to main content
presoffministry
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်(၂-၂၀၂၆)

NoahJune222 Sun, 01/04/2026 - 15:14

News Image

  • ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်(၂-၂၀၂၆)
MM-News-Category
အထွေထွေသတင်း
အထွေထွေ-ပြည်တွင်းသတင်း

ဆက်စပ်သတင်းများ

ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်ပြန်လည်ထွက်ခွာ
ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်ပြန်လည်ထွက်ခွာ
နေပြည်တော် ဧပြီ ၄ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည် အပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi(FFG-457)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။အဆိုပါ စစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain Nat-thawat Wichakul ဦးဆောင်၍ ချစ်ကြည်ရေး ခရီးရောက်ရှိလာခြင်းဖြစ်ပြီး မတ် ၃၁ ရက်မှ ယနေ့ထိ ငါးရက်ကြာခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။         moi
Sun, 5-Apr-2026
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
၁။      နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteoro-logical Center - ASMC) မှ ထုတ်ပြန်ချက်များအရ-(က) မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှစ၍ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု သတိပေးချက်အဆင့် (၃) (Alert Level 3) အခြေအနေသို့ စတင်ရောက်ရှိပြီဖြစ်ပါကြောင်း၊(ခ) မဲခေါင်ဒေသတွင် ခြောက်သွေ့ရာသီဥတု ဆက်လက်ဖြစ်ပေါ်နေပြီး Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေအနေသည် ပိုမိုများပြားလာနိုင်ပါကြောင်း၊(ဂ) NOAA-20 ဂြိုဟ်တုမှ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် မဲခေါင်ဒေသအတွင်း Fire Hotspot ၂၈၀၆ ခုနှင့် ၃၁၃၉ ခု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိပြီး မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့တွင် နေရာအနှံ့အပြား၌ တွေ့ရှိရပါကြောင်း၊(ဃ) မဲခေါင်ဒေသခွဲတွင် အလယ်အလတ်မှ သိပ်သည်းသည့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုများကို လေ့လာတွေ့ရှိခဲ့ပါကြောင်း၊(င) လာမည့်သီတင်းပတ်များအတွင်း မဲခေါင်ဒေသခွဲ၏ နေရာအများစုတွင် မိုးခေါင်သော အခြေအနေများ ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းထားပြီး လေတိုက်ခတ်မှုများသည် အများအားဖြင့် တောင်ဘက် သို့မဟုတ် အနောက်တောင်ဘက်မှ တိုက်ခတ်မည်ဟု ခန့်မှန်းထားပါကြောင်း၊ Fire Hotspot များနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုလည်း ပိုမိုဆိုးရွားလာနိုင်ပြီး မဲခေါင်ဒေသအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအန္တရာယ်မှာ ပိုမိုမြင့်တက်လာနိုင်ပါကြောင်း ခန့်မှန်းထားပါသည်။၂။ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agree-ment on Transboundary Haze Pollution-AATHP) တွင် ၂၀၀၃ ခုနှစ်၌ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါသဘော တူညီချက်အရ ၂၀၃၀ ပြည့်နှစ်တွင် မီးခိုးမြူငွေ့ကင်းစင်သောအာဆီယံဖြစ်စေရေး မျှော်မှန်းချက်ဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်း မှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံ (၂၀၂၃-၂၀၃၀) ကိုလည်းကောင်း၊ မဲခေါင်ဒေသခွဲနိုင်ငံများအတွက် Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရမည့် အညွှန်းကိန်းများသတ်မှတ်၍ ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်ကိုလည်းကောင်း ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။၃။ ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့၌ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ခေါင်းဆောင်များအကြား ဆွေးနွေးခဲ့သည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ (၃) နိုင်ငံညှိနှိုင်းဆွေးနွေးပွဲ၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ရန်အတွက် လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲ လုပ်ငန်းစီမံချက် (Joint Plan of Action - CLEAR Sky Strategy) ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။၄။ မြန်မာနိုင်ငံတွင် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် လုပ်ငန်းအဖွဲ့များကို အဆင့်အလိုက်ဖွဲ့စည်းပြီး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။၅။ ၂၀၂၅ ခုနှစ်မှစတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများပါဝင်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ခရိုင်အဆင့် (၈၅) ဖွဲ့၊ မြို့နယ်အဆင့် (၂၂၀) ဖွဲ့ ဖွဲ့စည်းကာ Fire Hotspot များကို မြေပြင်တွင် ဖြစ်ပေါ်မှုရှိ/မရှိ စစ်ဆေးပြီး မီးလောင်မှုဖြစ်ပေါ်သည့် နေရာများတွင် ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ Fire Hotspot အခြေ အနေများအား စောင့်ကြည့်လေ့လာခြင်း၊ ဝန်းကျင်လေထုအရည် အသွေး စောင့်ကြည့်တိုင်းတာခြင်း၊ ဟောပြောပွဲများကျင်းပခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် Talk Show များကျင်းပခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိပါသည်။၆။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ နယ်နိမိတ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။၇။ ပြည်သူများအနေဖြင့်လည်း စွန့်ပစ်အမှိုက်များကို မီးရှို့ခြင်း မပြုလုပ်ပဲ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးကဏ္ဍတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီmoi
Sun, 5-Apr-2026
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ကြည့်ရှုစစ်ဆေး
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၄ယခုနှစ်ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲ တစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများအားလုံး ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်၊ အနှစ်သာရရှိသည့် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်စေရန် ရည်ရွယ်ကျင်းပသွားမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် မုခ်ဦးတည်ဆောက်နေမှု၊ ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး စီမံဆောင်ရွက်နေမှု၊ ဖွင့်ပွဲအခမ်းအနားတွင် ယိမ်းအဖွဲ့များ သီဆိုကပြဖျော်ဖြေတင်ဆက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက်ပွဲတော်မဏ္ဍပ်နှင့် ထမနဲမဏ္ဍပ် တည်ဆောက်နေမှု၊ ဝန်ကြီးဌာနများအလိုက် မဟာသင်္ကြန်မဏ္ဍပ်များ တည်ဆောက်နေမှု၊ စတုဒိသာကျွေးမွေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ရေပြတ်တောက်မှုမရှိစေရေးစီမံဆောင်ရွက်နေမှု၊ လမ်းလျှောက်သင်္ကြန်လာ ရောက်လည်ပတ်ကြသည့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီမံဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီအသီးသီးအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အချိန်မီပြီးစီးစေရေးပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။ နေပြည်တော်ရင်ပြင်၌ ကျင်းပမည့် လမ်းလျှောက်သင်္ကြန်တွင် ပြည်တွင်းမှ နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် အကယ်ဒမီများရှင် ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီရဲအောင်၊ အကယ်ဒမီနေအောင်၊ အကယ်ဒမီများရှင် စိုးမြတ်သူဇာနှင့် စည်သူလွင်၊ ဖိုးကာ၊ ဖြိုးကြီး၊ ဂျီလတ်၊ နောနော်၊ ဝေလ၊ လွှမ်းပိုင်၊ ရွှေထူး၊ G Fatt ၊ ဝန၊ ဇွဲထက်၊ Project K အဖွဲ့၊ မေခလာ၊ ကော်နီ၊ ထွန်းအိန္ဒြာဗိုလ်၊ ချောစုခင်၊ ဆုန် သင်းပါရ်၊ နန်းစုရတီစိုး၊ ရတနာ မိုင်၊ Bobby Soxer ၊ ယွန်းမြတ် သူ၊ အယွန်းတို့က Mercury IX Music Band ၊ New Paper Music Band တို့နှင့် တွဲဖက်၍ ပြည်သူအကြိုက် တေးသီချင်းများဖြင့် ရက်အလိုက် ပါဝင်သီဆိုဖျော်ဖြေ သွားကြမည်ဖြစ်ပြီး လာရောက် လည်ပတ်ကြမည့် ပြည်သူများအား ရွှေသံလွင်မိသားစုက စတုဒိသာ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) သင်္ကြန်တွင် နိုင်ငံတစ်ဝန်း၌ လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းမပြုလုပ်ကြရန် စီမံထားရှိကြောင်း၊ ယိမ်းအကအဖွဲ့များ ကပြခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးသူမများအား ခေါင်းလျှော်၊ လက်သည်း ညှပ်ပေးခြင်း၊ ဆေးဝါးများ လှူဒါန်းခြင်း၊ ငါးလွှတ်ခြင်း စသည့်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနှစ်သာရမပျက် အလှူဒါနပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။moi
Sun, 5-Apr-2026
နေ့စဉ်မြစ်ရေခန့်မှန်းချက်များ , နေ့စဉ်မြစ်ရေခန့်မှန်းချက်များ
နေ့စဉ်မြစ်ရေခန့်မှန်းချက်များ
၃-၄-၂၀၂၆  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၃-၄-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို ဖော်ပြလိုက်ပါတယ်... Crd> မိုး/ဇလ
Fri, 3-Apr-2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
(၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ နေ့အပူချိန်များမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၂-၄-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ မြင်းမူမြို့တွင် ၄၂.၉ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့တွင် ၄၂.၈ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၄၂.၆ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့တွင် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ ချောက်မြို့၊ မကွေးမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ၄၂.၂ ဒီဂရီဆဲလ်စီးယပ်စီနှင့် မင်းဘူးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၄၂.၀ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့တွင် ၁.၁၀ လက်မနှင့် မချမ်းဘောမြို့တွင် ၀.၇၉ လက်မတို့ ဖြစ်ကြပါသည်။ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ Crd> မိုး/ဇလ
Fri, 3-Apr-2026
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
၃-၄-၂၀၂၆ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ပဲဖြစ်ပါတယ်--- Crd> မိုး/ဇလ
Fri, 3-Apr-2026

Information

  • Today Visitors: 484
  • Unique Visitor: 62595
  • Total Visitor: 536478

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-3409722

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Archive

  • April 2026 (250)
  • March 2026 (1627)
  • February 2026 (1557)
  • January 2026 (1526)
  • December 2025 (1339)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.