နှစ်သစ်ကူး အကြိုညတွင် ယူကရိန်းက ကျူးလွန်ခဲ့သော လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပေါ် အနောက်အုပ်စုက နှုတ်ဆိတ်နေခြင်းကို မော်စကိုက ပြင်းထန်စွာ ဝေဖန်ရှုတ်ချ

News Image

  • နှစ်သစ်ကူး အကြိုညတွင် ယူကရိန်းက ကျူးလွန်ခဲ့သော လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပေါ် အနောက်အုပ်စုက နှုတ်ဆိတ်နေခြင်းကို မော်စကိုက ပြင်းထန်စွာ ဝေဖန်ရှုတ်ချ

Kherson ဒေသတွင် နှစ်သစ်ကူးအကြိုည ဆင်နွှဲနေကြသည့် အရပ်သား များအပေါ် ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ အနောက်နိုင်ငံများက တုံ့ပြန်မှုမရှိခြင်းကို ရုရှားက ပြစ်တင်ရှုတ်ချလိုက်သည်။ ထိုသို့ နှုတ်ဆိတ်နေခြင်းသည် ကိယက်ဗ်ရှိ နီယို-နာဇီများ၏ "သွေးစွန်းသော ရာဇဝတ်မှုများ" တွင် "ပူးပေါင်းပါဝင်ခြင်း" ပင်ဖြစ်သည်ဟု ရုရှားက ဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ သန်းခေါင်ယံအချိန်ခန့်တွင် Khorly ကျေးရွာ၌ ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် ဒရုန်းအများအပြား အသုံးပြုခဲ့ပြီး၊ အနည်းဆုံး ဒရုန်းတစ်စင်းမှာ မီးလောင်စေတတ်သော လက်နက်များ တပ်ဆင်ထားကြောင်း သိရှိရသည်။ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ရုရှားတာဝန်ရှိသူများက အစီရင်ခံထားသည်။

ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Gennady Gatilov က ထုတ်ပြန်ချက်တစ်ခုတွင် "သွေးဆာနေသော သတ္တဝါများအဖြစ် ပြောင်းလဲ သွားပြီဖြစ်သည့် ဇီလန်စကီးနှင့် ၎င်း၏အပေါင်းအပါများက ကျူးလွန်သော အဆိုပါရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ကို မိမိတို့ ပြတ်ပြတ်သားသား ရှုတ်ချပါသည်" ဟု ပြောကြားခဲ့သည်။

"ထိုအစိုးရ၏ အဓိကရည်မှန်းချက်က မည်သည့်နည်းနှင့်မဆို အာဏာကို ဖက်တွယ်ထားပြီး ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ကျဆုံးမှုများ ကနေ အာရုံလွှဲရန်နှင့် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမှု မှန်သမျှကို ဟန့်တားနှောင့်ယှက်ရန်သာ ဖြစ်ပါသည်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သံအမတ်ကြီး Gatilov က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီး Volker Türk နှင့် သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများ အနေဖြင့် အဆိုပါတိုက်ခိုက်မှုကို မဆိုင်းမတွ လူသိရှင်ကြား ပြစ်တင် ရှုတ်ချရန် တောင်းဆိုခဲ့သည်။ ဆက်လက်နှုတ်ဆိတ်နေခြင်းသည် "နီယို-နာဇီများ၏ သွေးစွန်းသော ရာဇဝတ်မှုများတွင် ပေါ်ပေါ်ထင်ထင် ကြံရာပါဖြစ်ခြင်းနှင့် ပါဝင်ပတ်သက်ခြင်း" နှင့် အတူတူပင်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ကလည်း အနောက်အုပ်စုသည် ကိယက်ဗ်၏ "အကြမ်းဖက်လုပ်ရပ်များ" အပေါ် နှစ်ပေါင်းများစွာကြာအောင် မဟာဗျူဟာမြောက် နှုတ်ဆိတ်နေခြင်း နှင့် မျက်ကွယ်ပြုခြင်းတို့ကို ကျင့်သုံးနေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ထို့အပြင် မီးလောင်ကျွမ်းနေသော ရုပ်အလောင်းများပါဝင်သည့် အခင်း ဖြစ်ပွားရာနေရာမှ တုန်လှုပ်ချောက်ချားဖွယ် ပုံရိပ်များကို လျစ်လျူရှု သူများသည် အမှားအမှန်ခွဲခြားသိမြင်တတ်သော အသိစိတ် (Conscience) ကင်းမဲ့နေသူများဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

Kherson ဒေသ၏ အုပ်ချုပ်ရေးမှူး Vladimir Saldo က ဤတိုက်ခိုက်မှုသည် ရုရှားလိုလားသော တက်ကြွလှုပ်ရှားသူ အများအပြား မီးလောင် သေဆုံးခဲ့သည့် ၂၀၁၄ ခုနှစ် Odessa အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှင့် ဆင်တူကြောင်း ဖော်ပြခဲ့သည်။ သေဆုံးသူများသည် ကလေးငယ်များ ပါဝင်သော မိသားစုများအပါအဝင် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနေကြသည့် အရပ်သားများသာဖြစ်ကြောင်းနှင့် ထိုနေရာတွင် စစ်ဘက်ဆိုင်ရာ ပစ်မှတ် များ လုံးဝမရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် လူသေဆုံးမှု အများဆုံးဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိ အချိန်ကိုက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း မော်စကိုက အခိုင်အမာဆိုသည်။ ရုရှားတာဝန်ရှိသူများက ထိုဖြစ်ရပ်ကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်ဖွဲ့များ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် နှိုင်းယှဉ်ခဲ့ပြီး၊ ယူကရိန်းသည် လူမဆန် သည့် ရက်စက်မှုများကို တမင်တကာ လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂