ကျောက်ဆည်ခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ရွာသုံးစိုက်ခင်း ၁၀ ဧက စိုက်ပျိုးရန်အတွက် တူးထားသော စိုက်ကျင်းများအား ကြည့်ရှု

News Image

  • ကျောက်ဆည်ခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ရွာသုံးစိုက်ခင်း ၁၀ ဧက စိုက်ပျိုးရန်အတွက် တူးထားသော စိုက်ကျင်းများအား ကြည့်ရှု

ကျောက်ဆည် ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရေးနှင့် ပြည်သူများ ထင်းသုံးစွဲမှု အထောက်အပံ့ရရှိရေး ကျေးရွာသုံးစိုက်ခင်းများ ထူထောင်ပြီး ပြည်သူများအား ထင်းများကို ပေးဝေလျက်ရှိကြောင်း သိရှိရပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောက်ဆည်ခရိုင် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဘိုနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ခုနှစ် ရဒါန်းချောင်းဆုံကြိုးဝိုင်း၌ ကျေးရွာသုံးစိုက်ခင်း ၁၀ ဧက စိုက်ပျိုးရန်အတွက် တူးထားသော စိုက်ကျင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း  သိရသည်။

ကျေးရွာသုံးစိုက်ခင်း ၁၀ ဧက စိုက်ပျိုးရန်အတွက် တူးထားသော စိုက်ကျင်းများသည် ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအမှတ် (၁၇) တွင် တည်ရှိပြီး ကျောက်ဆည်ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး က စိုက်ကျင်းများအားကြည့်ရှုခဲ့ပြီး ကျေးရွာသုံးစိုက်ခင်း ပျိုးပင်များ စိုက်ပျိုးပြီးစီးခဲ့ပါက သဘာဝနွားချေးများ ထည့်သွင်းခြင်း၊ ကျင်းဖို့ခြင်းလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)