အမေရိကန်က ကမ္ဘာ့စွမ်းအင်အခြေခံ အဆောက်အဦများကို ထိန်းချုပ်ရန်ကြိုးပမ်းနေ
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့စွမ်းအင် အခြေခံအဆောက်အဦများကို ထိန်းချုပ်ရန်ကြိုးပမ်းနေသည်မှာ ထင်ရှားလှကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က မတ်လ ၂၇ရက်တွင်ပြောသည်။ ရုရှားနိုင်ငံ၏ NordStream နှင့် NordStream 2 ဓာတ်ငွေ့ပိုက်လိုင်းများကို အမေရိကန်က တစ်ဦးတည်း စီမံခန့်ခွဲလိုသည့်ဆန္ဒရှိနေခြင်းနှင့် ပတ်သက်၍ ရုရှားအစိုးရ၏ သဘောထားကို မေးမြန်းရာတွင် ပက်စကော့က ယခုကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့ကလည်း အမေရိကန်သည် ရုရှား၏ ဓာတ်ငွေ့ပိုက်လိုင်းများကို သိမ်းပိုက်လိုသည့် ဆန္ဒရှိနေကြောင်း အစောပိုင်းတွင် ထုတ်ဖော်ပြောဖူးသည်။ ရုရှားနှင့် အမေရိကန်တပ်မတော်တို့ကြား ယူကရိန်းအရေးနှင့် ပတ်သက်၍ တင်းမာမှုများရှိနေသော်လည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိနေသေးကြောင်း ပက်စကော့က ဆိုသည်။
ရုရှားနှင့် အမေရိကန်တို့ပူးပေါင်းကာ ခရတ်စနိုယာ့ဒေသ၌ အလူမီနီယံထုတ်လုပ်ခြင်းနှင့် ဒွန်ဘတ်ဒေသ၌ မြေရှားသတ္တု တူးဖော်ခြင်းတို့ကို အတူတကွ လုပ်ဆောင်နိုင်မည့် အစီအစဉ်များကို ရုရှားသမ္မတက ပြီးခဲ့သည့်နှစ်တွင် ပြောထားဖူးကြောင်း သိရသည်။
Ref: Sputnik
MWD
