အပူချိန်မြင့်တက်လာမှုများကြောင့် ပြင်းထန်သည့် အယ်နီညိုဖြစ်စဉ်အတွက် စိုးရိမ်ရ

News Image

  • အပူချိန်မြင့်တက်လာမှုများကြောင့် ပြင်းထန်သည့် အယ်နီညိုဖြစ်စဉ်အတွက် စိုးရိမ်ရ

လော့အိန်ဂျလိ၊ ရာသီဥတု

အီကွေတာတစ်လျှောက်ရှိ ပစိဖိတ်သမုဒ္ဒရာ၌ အပူချိန်မြင့်တက်လာမှုများကြောင့် ယခုနှစ်နှောင်းပိုင်းတွင် ပုံမှန်ထက် ပိုမိုပြင်းထန်သည့် အယ်နီညိုဖြစ်စဉ် ဖြစ်ပေါ်နိုင်ကြောင်း စိုးရိမ်ရသည်ဟု အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲမှုဌာန (NOAA) နှင့် ဥရောပ မိုးလေဝသဌာနတို့က သတိပေးထားသည်။

ထိုရာသီဥတုဖြစ်စဉ်ကြောင့် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် မိုးသည်းထန်ခြင်းနှင့် မုန်တိုင်းဒဏ်များကို ခံစားရနိုင်သလို အာရှတိုက် အရှေ့တောင်ပိုင်းအထိပါ ရာသီဥတုဆိုင်ရာ ဂယက်ရိုက်မှုများ ရှိလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အယ်နီညိုဖြစ်စဉ် ပြင်းထန်လာပါက ကယ်လီဖိုးနီးယားတွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ကမ်းခြေတိုက်စားခြင်းများ ဖြစ်ပေါ်နိုင်သလို တစ်ကမ္ဘာလုံး အပူချိန် အလွန်မြင့်တက်လာခြင်းနှင့် သန္တာကျောက်တန်းများ ပျက်စီးခြင်းတို့လည်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ထို့ပြင် ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ အလွန်ပြင်းထန်သည့် အယ်နီညိုဖြစ်စဉ်များ ပိုမိုအဖြစ်များလာနိုင်ပြီး လူထုကျန်းမာရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကဏ္ဍများတွင်ပါ အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

Ref: Xinhua

MWD