အင်္ဂပူမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်
အင်္ဂပူ ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖားအောက်တောရကျောင်းဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသိန်းရင်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက အသက် ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ကာ စိစစ်ထုတ်ပေးပြီး ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်နေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)
MDN
