သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

News Image

  • သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

အောင်လံ   မေ  ၃

     မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းရှိ  ပြည်သူများ ကူးစက်ရောဂါများ ကင်းဝေးစေရန်နှင့်   ကျန်းမာရေးအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး   လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက  မေလ ၃ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ခြင်အန္တရာယ်မှ ကင်းဝေးစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် နေအိမ်များရှိ ရေတွင်း၊ ရေကန်နှင့် ရေလှောင်ကန်များ အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း  လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ရေလှောင်ကန်များသန့်ရှင်းရေးပြုလုပ်ပုံနှင့် ပိုးလောက်လမ်းများ မပေါက်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို ဒေသခံများကိုယ်တိုင်  လိုက်နာ ဆောင်ရွက်နိုင်စေရန်  လက်တွေ့ပြသပေးပြီး မိခင်နှင့်ကလေးငယ်များအတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသိပညာ ပေးမှုများကိုလည်း  ဆွေးနွေး ပြောကြားကြောင်း သိရသည်။

MWD