အာဆင်နယ်ဂိုးသမား ရိုင်ယာ ရွှေလက်အိတ်ဆု ဆွတ်ခူးရန် နီးစပ်နေ

News Image

  • အာဆင်နယ်ဂိုးသမား ရိုင်ယာ ရွှေလက်အိတ်ဆု ဆွတ်ခူးရန် နီးစပ်နေ

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်းဂိုးသမား ရိုင်ယာသည် ယခုရာသီ ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ရန် နီးစပ်နေကြောင်း သိရသည်။ ဖူလ်ဟမ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ပြီးနောက် ၎င်း၏စွမ်းဆောင်ရည်ကို ထပ်မံအထင်ကြီးစေခဲ့သည်။

ရိုင်ယာသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၃၅ ပွဲကစားပြီးချိန်၌ ၁၇ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ပြီး ရွှေလက်အိတ်ဆုအတွက် အဓိကပြိုင်ဘက်အဖြစ် ရပ်တည်နေသည်။

ရွှေလက်အိတ်ဆုကို ရာသီအကုန်တွင် ဂိုးမပေးရသည့်ပွဲစဉ်အများဆုံး ရရှိထားသော ဂိုးသမားအား ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရ ရိုင်ယာက ၁၇ ပွဲဖြင့် ဦးဆောင်နေပြီး မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ၁၃ ပွဲ၊ ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဟက်ဒါဆန်နှင့် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်တို့က ၁၁ ပွဲစီ၊ ဘရန့်ဖို့ဒ်ဂိုးသမား ကယ်လာက ၁၀ ပွဲဖြင့် နောက်လိုက်နေကြသည်။

ရိုင်ယာသည် ယခင်ရာသီများတွင်လည်း အောင်မြင်မှုများ ရရှိထားပြီး ၂၀၂၃–၂၀၂၄ ဘောလုံးရာသီတွင် ၁၆ ပွဲ၊ ၂၀၂၄–၂၀၂၅ ဘောလုံးရာသီတွင် ၁၃ ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ကာ ရွှေလက်အိတ်ဆုကို နှစ်နှစ်ဆက် ဆွတ်ခူးထားပြီး ဖြစ်သည်။ ယခုရာသီတွင်လည်း တတိယအကြိမ်မြောက် ဆုရရှိရန် နီးစပ်နေကြောင်း သိရသည်။

Ref: Fabrizio Romano

MWD