ပမာဏ ၅.၂(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

News Image

  • ပမာဏ ၅.၂(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

၁၈-၅-၂၀၂၆

 

၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၃၅) မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄) ဒီဂရီ၊ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၂(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

Crd> မိုး/ဇလ