စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၌ ကုန်တင်မော်တော်ယာဉ်များအား KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

News Image

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၌ ကုန်တင်မော်တော်ယာဉ်များအား KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

      နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
      ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန် ၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ နတ်အင်းကျေးရွာအနီး ကသာ-ထီးချိုင့် ခရိုင်ချင်းဆက်လမ်း၌ ကုန်တင် မော်တော်ယာဉ်များအား KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်၍ မော်တော်ယာဉ် နှစ်စီးအား မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် 4B/XXXX ခြောက်ဘီးကုန်တင်ယာဉ်ပေါ်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်း ဦးဝေဖြိုးဦးနှင့် ကျည်ထိမှန်ဒဏ်ရာ ရရှိထားသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ယာဉ်မောင်းအကူ ကိုအောင်စံဖြိုး(၂၄)နှစ်တို့အား လည်းကောင်း၊ 2B/XXXX ခြောက်ဘီးကုန်တင်ယာဉ်ပေါ်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်း ဦးရင်မောင်နှင့် ယာဉ်မောင်းအကူ ဦးဘယ်ကျော်တို့အား လည်းကောင်း၊ မီးလောင်ပျက်စီးနေသည့် 3C/XXXX ခြောက်ဘီးကုန်တင်ယာဉ်နှင့် 8J/XXXX ခြောက်ဘီးကုန်တင်ယာဉ် နှစ်စီးတို့အား လည်းကောင်း၊ ရပ်တန့်ထားသည့် 1B/XXXX ခြောက်ဘီး ကုန်တင်ယာဉ် တစ်စီးအား လည်းကောင်း တွေ့ရှိရသဖြင့် ဒဏ်ရာရရှိသူ ကိုအောင်စံဖြိုးအား ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
      ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီးပေါ်၌ သွားလာနေသည့် ကုန်တင်မော်တော်ယာဉ်များကို လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA