လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား
လက်ဘနွန်တောင်ပိုင်း တိုင်ယာမြို့ (Tyre) တွင် တနင်္လာနေ့ (ဇွန် ၈) က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများထဲတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄ ဦး ပါဝင်ပြီး အဆိုပါ တိုက်ခိုက်မှု မှာ ကြက်ခြေနီဗဟိုဌာနတစ်ခု၏ အနီးနားသို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ဌာနက ဆိုသည်။ လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) ၏ ဖော်ပြချက်အရ မော်တော်ယာဉ်တစ်စီးမှာ အစ္စရေးဒုံးကျည်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
“တိုင်ယာမြို့က လက်ဘနွန်ကြက်ခြေနီဗဟိုဌာန အရှေ့တည့်တည့်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအပြီး မှန်ကွဲစတွေကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄ ဦးဟာ စိုးရိမ်စရာ မရှိတဲ့ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြပါတယ်” ဟု လက်ဘနွန်ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကမူ ၎င်းတို့အနေဖြင့် “လက်ဘနွန် တောင်ပိုင်း တစ်ခွင်တွင် တစ်နေ့တာလုံး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း” ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အကယ်၍ လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား နေပါက မိမိတို့ဘက်မှ ဆိုင်းငံ့ထားသော စစ်ဆင်ရေးများကို ပြန်လည်စတင်သွားမည် ဟု တီဟီရန်က သတိပေးပြောကြားပြီးနောက်တွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,
,