ရွေးကောက်ပွဲအလွန် မြန်မာ့ပညာရေးရည်မှန်းချက်ကို သိရှိ လိုပါသည်။

ရွေးကောက်ပွဲအလွန် မြန်မာ့ပညာရေးရည်မှန်းချက်

၁။      ပညာရေးမြှင့်တင်ပေးခြင်းဖြင့် ပြည်သူများ၏ လူမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊

၂။      ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံစေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ရရှိစေရန်၊

၃။      ပြောင်းလဲနေသော ခေတ်မီနည်းပညာများနှင့် လိုက်ပါပြောင်းလဲနိုင်သော သင်ကြားသင်ယူမှုစနစ် ဖြစ်ပေါ်လာစေရန်၊

၄။      ကျေးလက်မြို့ပြနှင့် လူတန်းစားအလွှာပေါင်းစုံပါဝင်နိုင်သော လူတိုင်းအကျုံးဝင်သင်ယူနိုင်သော ပညာရေးစနစ် ဖြစ်ပေါ်လာစေရန်၊ သင်ကြားသင်ယူလိုသူတိုင်း သင်ကြားသင်ယူနိုင်မည့် ပညာရေးစနစ်ဖန်တီးပေးရန်၊

၅။      နိုင်ငံချစ်စိတ်ရှိသော စိတ်ဓာတ်နှင့်ကိုယ်ကျင့်တရားကောင်းမွန်ပြီး စည်းကမ်းရှိသော နိုင်ငံ့သားကောင်းများအား ပညာရေးစနစ်ဖြင့် မွေးထုတ်ပေးနိုင်ရန်။

ဖြေကြားပေးသည့်ဌာန- ပညာရေးဝန်ကြီးဌာန

Question

ရွေးကောက်ပွဲအလွန် မြန်မာ့ပညာရေးရည်မှန်းချက်ကို သိရှိ လိုပါသည်။