မြန်မာတို့ သင်ခန်းစာယူသင့်သည့် အမေရိကန်ဒီမိုကရေစီပြဿနာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင် အသက် (၃၄)နှစ်သာရှိသေးသည့် ဇိုရန်မမ်ဒါနီက နိုဝင်ဘာ (၄) ရက်ကအနိုင်ရရှိပြီး မြို့ တော်ဝန်ရာထူးကို ရွေးချယ်ခံခဲ့ရသည်။
အမေရိကန်သမ္မတ ထရမ့်က နယူးယောက်မြို့ တော်ဝန်နေရာကို မမ်ဒါနီကိုမရစေချင်ကြောင်း အတိ အလင်း သဘောထားထုတ်ပြန်ပြောဆိုထားသော်လည်း မတားဆီးနိုင်ခဲ့ပေ။ မမ်ဒါနီသည် နယူး ယောက် မြို့တော်ဝန်အဖြစ်ရွေးကောက်ခံရသည့် ပထမဆုံး အာရှတောင်ပိုင်းအနွယ် မွတ်စလင် တစ် ယောက်လည်းဖြစ်သည်။ သူသည် အိန္ဒိယအနွယ်မိဘများက ယူဂန္ဓာ၌မွေးဖွားခဲ့ပြီးနောက် အမေရိကန် နိုင်ငံသား ဖြစ်လာခဲ့သူဖြစ်သည်။ ထူးခြားမှုက မမ်ဒါနီသည် လက်ဝဲယိမ်း ဆိုရှယ်လစ် အတွေးအခေါ်ရှိသူ တစ်ယောက်အဖြစ်လူသိများသည်။ ၎င်းကိုယ်တိုင်လည်း သူသည် ဒီမိုကရေစီ ဆိုရှယ်လစ်သမားဖြစ် သည်ဟု ထုတ်ဖော်ကြွေးကြော်ထားသည်။ နယူးယောက်မြို့တွင် အရင်းရှင် ဘီလျံနာလုပ်ငန်းရှင်ကြီးများ၊ သူဌေးကြီးများက မမ်ဒါနီ နယူးယောက်မြို့တော်ဝန်ရာထူး မရရှိစေရေးအတွက်ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့သဖြင့် ဘီလျံနာသူဌေးအများစုက နယူးယောက်မြို့မှထွက်ခွာရန် စိုင်းပြင်းနေကြပြီ ဖြစ် သည်။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် မြို့တော်ဝန်ရွေးကောက်ပွဲရလဒ်ကြောင့် ယခုသတင်းပတ်တွင် ဤသ တင်းက တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အံဩစရာကောင်းသည့်ရလဒ်နှင့်အတူ နယူး ယောက်မြို့တော်ဝန် ဇိုရန်မန်ဒါနီ၏ အောင်မြင်မှုကြွေးကြော်သံများကိုလည်းကြည့်လိုက်ရသည်။ အလွန် အမင်း ယုံကြည်မှုလွန်ကဲနေပြီး သူ့ကိုယ်သူလည်း စကြဝတေးမင်းဟုပင် ထင်မှတ်နေပုံရသည်ကို တွေ့ လိုက်ရသည်။ သမ္မတထရမ့်ကိုတောင် “အမေရိကန်ကိုသစ္စာဖောက်တဲ့ ထရမ့်၊ အမေရိကန်ကိုလှည့်ဖြား ပြီးအမြတ်ထုတ်တဲ့ထရမ့်” စသဖြင့် ထုတ်ပြောလာသည်။ ဇိုရန်မမ်ဒါနီအကြောင်းကို ပြန်ဆန်းစစ်သည့် အခါတော်တော်လေး စိတ်ဝင်စားစရာကောင်းလှသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်သည့် မမ်ဒါနီ အရေးသည် အမေရိကန်ဒီမိုကရေစီအပေါ် များစွာမေးခွန်းထုတ်စရာဖြစ်ရသည်။
မမ်ဒါနီက ဆိုရှယ်လစ်ဇင်(Socialism) တစ်ယောက်ဖြစ်၍ ကွန်မြူနစ်အယူရှိသူဟုဆိုရမည်ဖြစ် သည်။ ရုရှား၊ တရုတ်၊ မြောက်ကိုးရီယားတို့ကို ကွန်မြူ နစ်အာဏာရှင်နိုင်ငံဆိုပြီး တစ်ချိန်လုံး ဖြိုချရန် လုပ်နေသည့်အမေရိကန်သည် ယခုအခါတွင် ၎င်းတို့ကိုယ်တိုင်အတွင်းစည်းက စဖြိုခံလိုက်ရသည်ဟု မြင်မိသည်။ မမ်ဒါနီသည် ဒီမိုကရက်တစ်ဦးဖြစ်သည်နှင့် အညီ ဒီမိုကရက်တို့၏ထုံးစံအတိုင်း လူပိန်း ကြိုက် စကားများဖြင့်မဲဆွယ်ခဲ့သည်။ သူပြောခဲ့သည့်မဲဆွယ် စကားများတွင် အခွန်တိုး၍ကောက်မည်၊ အခမဲ့အစား အသောက်များဝေပေးမည်ဟု မဲဆွယ်ထားသည့်အပြင် ခိုးဝင်များကိုလက်ခံမည်ဟုပင် မဲဆွယ်ထားသေးသည်။ 
ထို့ကြောင့် သူအနိုင်ရသွားသော်လည်း တာဝန် မယူရသေးခင် နယူးယောက်ကသူဌေးများ သိန်းချီ ပြောင်းရွှေ့ရန်လုပ်နေကြပြီဖြစ်သည်။ အမှန်စင်စစ် မမ်ဒါနီသည် မြို့တော်ဝန်အဆင့်သာဖြစ်၍ အခွန်တိုးကောက်၍မရသလို လုပ်ပိုင်ခွင့်မရှိပေ။ သို့သော် ဒီမိုကရက်များသည် သမ္မတထရမ့်နှင့် ရီပါ ပလစ်ကန်များကို မကြိုက်၍ အရွဲ့တိုက်လိုစိတ်ဖြင့် ပြောချင်ရာပြောပြီး မဲဆွယ်ခဲ့ခြင်းသာဖြစ်သည်။ 
တစ်ဖက်မှာလည်း စဉ်းစားစရာကောင်းသည်မှာ နယူးယောက်ပြည်သူများက ရီပါပလစ်ကန် မဟုတ်လျှင်ပြီးရောဆိုပြီး ထရမ့်နှင့် ရီပါပလီကန်ပါတီကိုဆန့်ကျင်ပြီးမဲပေးလိုက်ကြသလား၊ ကွန်မြူနစ် အယူဖြစ်သည့် အလုပ်သမားလူတန်းစားကိုအခြေခံပြီး သူဌေးများကိုဆန့်ကျင်ရမည်ဆိုသည့်အယူအဆ ကိုလက်ခံ၍ မဲပေးလိုက်သလားဆိုသည်ကိုတော့ မဲပေးခဲ့သူများမှအပ မည်သူမျှသိနိုင်မည်မဟုတ်ပါ။ ဆိုရှယ်လစ် အယူဝါဒကိုလက်ကိုင်ထားသည့် မွတ်စလင်တစ်ယောက် နယူးယောက်မြို့တော်ဝန်ဖြစ်လာ ခြင်းနှင့်ပတ်သက်၍ စေ့စေ့တွေးကြည့်လျှင် ကျောချမ်းစရာကောင်းပါသည်။ မွတ်စလင်လူမျိုးက ကြာ လေများလေဖြစ်သဖြင့် ဒီမိုကရေစီစနစ်အရ လူများသူက မဲများများပေးနိုင်ခြင်းကြောင့် မမ်ဒါနီသည် နယူးယောက်တွင် သက်တော်ရှည်မြို့တော်ဝန်လည်း ဖြစ်လာနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ မမ်ဒါနီ မြို့တော်ဝန်ဖြစ်လာခြင်းသည် အမေရိကန်နိုင်ငံအတွက်တော့ တုန်လှုပ်ဖွယ်ရာဖြစ်ရသည်။ မမ်ဒါနီက အမေရိကန်၏ နတ်နေကိုင်း အစ္စရေးဂျူးများအပေါ်ကိုပင် အလွတ်မပေးဘဲ တိုက်ခိုက်သည့်စကားလုံးများဖြင့် စကားစစ် ထိုးလာပါသည်။ မမ်ဒါနီက နယူးယောက် ကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုခြေချသည်နှင့် ဖမ်းမည်ဟုလည်း ထုတ်ပြောထားသလို သမ္မတ ထရမ့်ကိုပါ အမေရိကန်ကိုသစ္စာဖောက်သူဟု ထုတ်ပြောထားသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံ ရေး၊ အမေရိကန် ဒီမိုကရေစီသည် သဘာဝလွန် ဒီမိုကရေစီအဖြစ် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။
ထိုကဲ့သို့ အမေရိကန်သမ္မတကိုပင် ပြောင်ပြောင် တင်းတင်းစိန်ခေါ်ပြီး ပြင်းထန်သည့် စကားလုံး များဖြင့် တိုက်ခိုက်နေသော အမေရိကန်ဒီမိုကရေစီကို အမေ ရိကန်ဖွဲ့စည်းအခြေခံဥပဒေက သမ္မတကို စော်ကားခွင့်ပေးထားသည်လားဆိုပြီးလည်း စဉ်းစားစရာဖြစ်မိသည်။ အမှန်စင်စစ် အမေရိကန်သည် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံဖြစ်သည်နှင့်အညီ အမေရိကန်သမ္မတ ကိုလည်း တစ်ကမ္ဘာလုံးက လေးစား ခန့်ညားကြရပါသည်။
သို့သော် ယခုအခါတွင် သူတို့မြို့တော်ဝန်ကပဲ စော်ကားပြလိုက်တာမို့ အမေရိကန် ပုံရိပ်ထိခိုက် တာတော့ အမှန်ပင်ဖြစ်သည်။ မမ်ဒါနီ၏ သမ္မတအပေါ် စော်ကားတုံ့ပြန်မှုနှင့်ပတ်သက်၍ အချို့ကလည်း အမေရိကန်ဒီမိုကရေစီသည် လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့် သွင်းရေးဆွဲထားသောကြောင့်ဖြစ်သည်ဟုဆိုသည်။ သို့သော် လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသား ခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်လည်း (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄)(က)တွင် ပြဋ္ဌာန်းထားသည့်တိုင် နိုင်ငံ့အကြီးအကဲကိုတော့ လက်အောက်က ယခုလိုစော်ကားခွင့်မရှိပေ။
သားကအဖေကိုစော်ကားသလိုဖြစ်နေသည့် အမေရိကန်ဒီမိုကရေစီကြောင့် အချို့နိုင်ငံများတွင် ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ဒီမိုက ရေစီစနစ်ကျင့်သုံးကြခြင်းဖြစ်ပါလိမ့်မည်။ ဥပမာ မြန်မာနိုင်ငံတွင် နိုင်ငံတော်သည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည်ဟု (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်တွေ့ရသည်။ စာရေးသူ မှတ်မိပါသေး သည်။ (၂၀ဝ၈) ခုနှစ်က အိုဘားမား ပထမသက်တမ်းသမ္မတ အရွေးခံတော့ လူငယ်တွေဆီကမဲရရန် အတွက် သူသမ္မတဖြစ်လျှင် ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် ခွင့်ပြုနိုင်ရေး လက်မှတ်ထိုးပေးမည်ဟု ဆိုကာ မဲဆွယ်စည်းရုံးခဲ့သည်။ အိုဘားမားသည် ဒီမိုကရက်ပါတီ၏ သမ္မတလောင်းဖြစ်သည်။ တစ်ဖက် သူ့ပြိုင်ဘက်ကမူ သမ္မတလောင်း ဂျွန်မက်ကိန်းနှင့် အမျိုးသမီး ဒုသမ္မတလောင်း ဆာရာပင်လင်တို့ ဖြစ် ပြီး သူတို့က ဤလုပ်ရပ်မှာ ခရစ်ယာန်ဘာသာအရ လက်ခံ၍မရသဖြင့် သူတို့က လက်မခံကြောင်း ပြော ၍မဲဆွယ်ခဲ့သည်။
ဤမျှမကသေးဘဲ ဒုသမ္မတလောင်း ဆာရာပင်လင်က သူတို့ကတိတည်ကြောင်း သက်သေပြ သည့်အနေဖြင့် သူ့သမီးကို မည်သူနှင့်ရထားမှန်းမသိသည့် ကိုယ်ဝန်ဆောင်ထားရသည်ကို ဖျက်ချခွင့် မပေးဘဲ မွေးစေခဲ့သည်။ သို့သော် ရွေးကောက်ပွဲရလဒ်ထွက်လာသည့်အခါ ကိုယ်ဝန်ဖျက်ချခွင့်ပြုမည်ဆို သည့် အိုဘားမားတို့အုပ်စုကအနိုင်ရသွားပြီး ကတိအတိုင်း အဆိုပါဥပဒေကို လက်မှတ်ထိုးပေးလိုက်ရ သည်။
ယခုလည်း မြို့တော်ဝန်အသစ်က သမ္မတကို စိန်ခေါ်စော်ကားနေမှုကို မည်သို့မျှ လုပ်မရ ကိုင်မရ ဖြစ်နေသည်ကိုကြည့်လျှင် အမေရိကန်ဒီမိုကရေစီ၏လွတ်လပ်မှုက အလွန်အန္တရာယ်များသည်ဟု စဉ်း စားစရာဖြစ်မိသည်။ အကောင်းဆုံးကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ဒီမိုကရေစနစ်ကသာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။
အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ခိုးဝင်၊ ရွှေပြောင်းနှင့် မွတ်စလင် ဘာသာဝင် လူဦးရေ တိုးပွားလာမှုပြဿနာများကြောင့် ဒီမိုကရေစီစနစ်၏အားနည်းချက်များစွာကိုလည်း တွေ့လာရပါသည်။ အင်္ဂလန်နိုင်ငံတွင် မွတ်စလင်ဘာသာဝင်အများအပြား မြို့တော်ဝန်ဖြစ်လာပြီး မွတ် စလင်ဘာသာဝင်တို့ လမ်းပေါ်တက်ဝတ်ပြုသည်ကို ထိန်းရခက်လာသည်ကိုကြည့်နေရင်းက အမေရိ ကန်၏အကြီးဆုံးမြို့ နယူးယောက်မှာ ဒီမိုကရက်ဆိုရှယ်လစ် မွတ်စလင် မြို့တော်ဝန်တစ်ယောက် ဖြစ် လာသည်မှာ လုံးဝပြောင်းလဲမှု (Totally changed) တစ်ခုဖြစ်ပြီး စိတ်ဝင်တစားစောင့်ကြည့်ရမည့်ကိစ္စ တခုဖြစ်လာသည်ကလည်း ငြင်းမရပါ။ အမေရိကန်၊ အင်္ဂလန်နှင့်အပါအဝင် ဥရောပနိုင်ငံများသည် ယခု အခါ လူ့အခွင့်အရေးနှင့် လစ်ဘရယ်ဒီမိုကရေစီ၏အားနည်းချက်ကိုအခွင့်ကောင်းယူကာ နေရာယူလာ ကြသည့် မွတ်စလင်များကြောင့် လစ်ဘရယ် ဒီမိုကရေစီစနစ်ကို ပြန်လည်ဆန်းစစ်သင့်ပြီဟု မြင်မိသည်။
အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဘင်္ဂါလီ အများအပြားလက်ခံရမည်ဟုဖိအားပေးနေသည့် အချိန်တွင် ၎င်းတို့နိုင်ငံထဲ အများကြီးရောက်နေပြီးဖြစ်သည်။ အကျိုးဆက်အနေဖြင့်လည်း အတွင်းစည်း ကစပြို၍ နယူးယောက်မြို့တော်ဝန်လို အရေးပါသည့် ရာထူးများကို မူလဌာနေနိုင်ငံသားများက ဖယ်ပေး နေရသည်ကို မြန်မာနိုင်ငံအပြင် အခြားနိုင်ငံများကပါ သင်ခန်းစာယူသင့်ပါသည်။
အမေရိကန်နှင့် ဥရောပတွင်ရင်ဆိုင်နေရသည့်ပြဿနာသည် လူများ၊ မဲများလျှင် အနိုင်ရမည်ဟူ သော ဒီမိုကရေစီစနစ်၏အားနည်းချက်များကို ထင်ထင်ရှား ရှားတွေ့မြင်လာရပါသည်။ အမေရိကန်လို နိုင်ငံစုံက လူများနှင့်ဖွဲ့စည်းထားသည့်နိုင်ငံတစ်ခုအနေဖြင့် လူများရာ အနိုင်ရသည်ဆိုသည့် ဒီမိုကရေစီ က ပြဿနာ မဖြစ်သော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုရှိသည့် အခြားကမ္ဘာ့နိုင်ငံများအတွက် အခြားဘာသာ များအတွက်တော့ ဒီမိုကရေစီ၏အားနည်းချက်နှင့်အတူ ကြီးစွာသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်သည် ဟု သုံးသပ် မိပါသည်။
မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံရှိသည့် ရောင်စုံပန်းဥယျာဉ်ကြီးနှင့်တူသည့်နိုင်ငံတွင် တွေးခေါ်စဉ်းစားဉာဏ်နည်းသည့် Generation များကြောင့် အမေရိကန်လို ဒီမိုကရေစီစနစ်မျိုးကျင့်သုံးမိ ပါက အလွန်အန္တရာယ်ကြီးလှသည်။ အမျိုးသားရေး အသိ၊ အမျိုးသားရေးသတိနှင့်ယှဉ်ပြီး မကျင့်သုံးမိပါ က ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာတို့ပျောက်ပြီး ခေါင်းမြီးခြုံနေရမည့်ဘဝကို ရောက်သွားနိုင် သည်။
ထို့ကြောင့် သတိထားရန်လိုပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အလွန်ရှုပ်ထွေးနေပါ သည်။ စာမဖတ်ဘဲ ဂိုဏ်းကစားသည့်လူငယ်များ၊ ကိုယ်ဘာလုပ်နေမှန်းမသိသည့်လူငယ်များ အလွန် များပြားနေသည်။ ဤသည်ကိုအခွင့်ယူပြီး ရခိုင်ဒေသဘက်တွင် လှုပ်ရှားမှုအများအပြားဖြစ်လာနေသည်။ အာဏာရရေးကလွဲပြီး ဘာဖြစ်ဖြစ်ဆိုသည့် ပြည်ပရောက်အဖွဲ့များကလည်း ရခိုင်ဒေသက ဘင်္ဂါလီများ နှင့်ပေါင်းနေသည်။ တစ်ဖန် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခက ဌာနေတိုင်းရင်းသားများအချင်းချင်းဖြစ် ကြရသဖြင့် ကိုယ့်တိုင်းပြည်လူဦးရေကို ကိုယ်တိုင်လျှော့ချနေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် အမေရိ ကန် နယူးယောက်စ်မြို့တော်ဝန်အရေးကိုယှဉ်တွေးပြီး ကိုယ့်တိုင်းပြည်အရေးကို အမြန်ဆုံးပြင်ဆင်သွား ကြရန်လိုသည်။
အချုပ်ဆိုရလျှင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏အရေးနှင့်ယှဉ်ပြီး မြန်မာ့အရေးတွင် စဉ်း စားစရာများ၊ သင်ခန်းစာယူစရာများနှင့်သတိပြုစရာ များစွာရှိသည်။ အမေရိကန်တွင် ထရမ့်အာဏာ ရရှိ မှုနှင့် ဒီမိုကရက်များအပေါ် နှိပ်ကွပ်လာမှုအပေါ် မကျေနပ်ကြသည့်ဒီမိုကရက်များက ထရမ့်ကိုဆန့်ကျင် လျှင်ပြီး ရောဆိုသည့်ပုံစံဖြင့် နိုင်ငံရေးချဉ်းကပ်လာကြသည်။ 
တစ်နည်းဆိုရသော် အမေရိကန်တွင် ဒီမိုကရက် အင်အားစုနှင့် ရီပါပလစ်ကန်အင်အားစုများ အကြား အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲသွားသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း မွတ်စလင်ဘာ သာဝင်၊ အာရှတောင်ပိုင်းနွယ်ဖွား ဆိုရှယ်လစ်တစ်ဦးက နယူးယောက်မြို့တော်ဝန်ဖြစ်လာခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့်လည်း ပြည်တွင်းအင်အားစုအချင်းချင်း မတည့်ကြသည့်အခါ နိုင်လျှင်ပြီးရော၊ အာဏာ ရလျှင် ပြီးရောပုံစံဖြင့် နိုင်ငံရေးချဉ်းကပ်လုပ်ဆောင်လာကြသဖြင့် တိုင်းပြည်အမျိုးသားလုံခြုံရေးနှင့် အမျိုးသားနိုင်ငံရေး အတွင်းစည်းအဖြိုခံခဲ့ရသည်ကို မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာယူသင့်သည်။ တစ်ဖက်တွင်လည်း ချီးကျူးဖွယ်ရာမြင်ရသည်။
ထိုအချက်က အမေရိကန်နိုင်ငံတွင် လက်ရှိအခြေအနေကိုသုံးသပ်ကြည့်လျှင် ပါတီကြီးနှစ်ခုဖြစ် သည့် ရီပါပလစ်ကန်ပါတီအင်အားစုများနှင့် ဒီမိုကရက်ပါတီ အင်အားစုများအကြား အမျိုးသားစည်းလုံး ညီညွတ်မှုပြိုကွဲနေသည့်တိုင် လူထုက ကိုယ်ကြိုက်ရာ၊ ကိုယ်သန်ရာ ပါတီနောက်လိုက်ပြီး နိုင်ငံရေး ပဋိပက္ခမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခဆီသို့ ကူးပြောင်းမသွားခြင်းပင်ဖြစ်သည်။ ယခုနှစ်တွင် အမေရိ ကန်၌ ကြီးစွာသောဆန္ဒပြမှုများကို မြို့ပေါင်းရာနှင့်ချီ ၍ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆန္ဒပြသူများကို လည်း အာဏာပိုင်များက ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သလို သမ္မတအမိန့်ဖြင့် ကြည်းတပ် မရိန်းတပ်များ ခေါ်သွင်းပြီး နှိမ်နင်းခဲ့သည်။ သို့သော် လေးစားစရာကောင်းသည်က ထိုဆန္ဒပြလူအုပ်စုကြီးသည် ထိုကဲ့ သို့ နှိမ်နင်းရကောင်းလားဆိုပြီး မြန်မာနိုင်ငံမှာလို တော်လှန်ရေးခေါင်းစဉ်အောက်ကနေ လက်နက်ကိုင် ပြီး တော်လှန်ပုန်ကန်မှုမပြုခြင်းပင်ဖြစ်သည်။
ဤအချက်ကို မြန်မာလူထုအနေဖြင့် အတုယူသင့်သည်။ ထို့ကြောင့် အမေရိကန်ဒီမိုကရေစီပြဿ နာများ၏ အားနည်းချက် အားသာချက်များကို ရှာဖွေလေ့လာပြီး မိမိတို့နိုင်ငံအတွက် အကျိုးရှိရှိအသုံးချနိုင်ပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။

Np News

Subject-Image

  • မြန်မာတို့ သင်ခန်းစာယူသင့်သည့် အမေရိကန်ဒီမိုကရေစီပြဿနာ

Posted-Date