ဂျေဒီဗန့်မှာ နောင် အမေရိကန်သမ္မတ ဖြစ်လာမည်ဟု အီလွန်မက် ပြောကြား

အမေရိကန် ဘီလီယံနာ သူဌေးကြီး အီလွန်မက်က လက်ရှိ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်သည် နောင်တွင် အမေရိကန်သမ္မတ ဖြစ်လာ လိမ့်မည်ဟု ပြောကြားလိုက်ကြောင်း သတင်းအရင်းအမြစ်များကို ကိုးကား၍ Politico သတင်းစာက က ဖော်ပြထားပါသည်။

အီလွန်မက်သည် နိုဝင်ဘာ ၂၂ ရက်က အမေရိကန် အစိုးရ၏ စွမ်းဆောင်ရည် ထိရောက်မှုမြှင့်တင်ရေးဌာန (DOGE) ဝန်ထမ်းများကို ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် ပြောကြားရာတွင် အဆိုပါအကြောင်းအရာ ပြောပြခဲ့ခြင်း ဖြစ်သည် ဟု သတင်းအရင်းအမြစ်က ဆိုထားပါသည်။ 

အီလွန်မက်သည် ယခုနှစ်အစောပိုင်းက လအနည်းငယ်ကြာ DOGE ဌာန ၏ လုပ်ငန်းများကို ကြီးကြပ်ခဲ့ပြီး စေတနာ့ဝန်ထမ်းအနေဖြင့် အထူး အဆင့်အတန်းရှိ အမေရိကန်အစိုးရဝန်ထမ်းတစ်ဦးဖြစ်ခဲ့သလို လက်ရှိ မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အတွင်းရေး အဖွဲ့ဝင် တစ်ဦး လည်း ဖြစ်ပါသည်။

Politico သတင်းစာဖော်ပြချက်အရ မက်နှင့် ဗန့် တို့ကြား ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ နောက်လာမည့် သမ္မတရွေးကောက်ပွဲကို ၂၀၂၈ ခုနှစ်မှာ ကျင်းပမှာဖြစ်ကြောင်း၊ ဗန့်အနေဖြင့် လာမည့်ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိသည်ဟု ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပါကြောင်း သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Subject-Image

  • ဂျေဒီဗန့်မှာ နောင် အမေရိကန်သမ္မတ ဖြစ်လာမည်ဟု အီလွန်မက် ပြောကြား

Posted-Date