Skip to main content
site banner
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ ဓာတုဗေဒဘာသာရပ် သိကောင်းစရာ

NoahJune222 Thu, 01/08/2026 - 13:53
၁၂၃

 

၄၅၆

Subject-Image

  • ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ ဓာတုဗေဒဘာသာရပ် သိကောင်းစရာ

Posted-Date

Thu, 01/08/2026 - 12:00
MM-Subject-Category
လူမှုရေးကဏ္ဍ
လူမှုရေးကဏ္ဍ-ပညာရေး

ဆက်စပ်ကဏ္ဍများ

ငြိမ်းချမ်းသောနယုန်လပြည့် မဟာသမယအခါတော်နေ့
ငြိမ်းချမ်းသောနယုန်လပြည့် မဟာသမယအခါတော်နေ့
 မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါက ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားများသည် ရောဟိဏီမြစ်ရေကို ခွဲဝေသုံးစွဲရာ၌ အဝေမတည့်ဖြစ်ကြသည်။ မိုးလေဝသမှန်၍ မြစ်ရေလုံလုံလောက်လောက်ရနေစဉ်က ရေအတွက် ပြဿနာမရှိခဲ့ကြသော်လည်း ထိုအချိန်က မိုးခေါင်သဖြင့် ရောဟိဏီမြစ်ရေအလွန် နည်းပါးနေချိန်ဖြစ်သည်။ အပူရှိန်ပြင်းသည့် ကဆုန်၊ နယုန်လတွင် ရောဟိဏီမြစ်ရေသည် တစ်ပြည်ထောင်အတွက်ပင် လုံလောက်အောင်မရှိဖြစ်ခဲ့သည်။ ကပိလဝတ်ပြည်သား လယ်သမားများက မြစ်ရေကို သူတို့ချည်းသာသုံးလိုသည်။ ကောလိယပြည်သား လယ်သမားများကလည်း သူတို့လယ်များတွင် ရေလိုနေသဖြင့် ဝေမျှသုံးစွဲလိုခြင်းမရှိကြပေ။ ရေသွယ် မြောင်းများဖြင့် ရှိသည့်မြစ်ရေကို ကဲ့ယူကြသည်။ ဤသို့ဖြင့် နှစ်ဖက်အပေးအယူမကြည်ဖြူ အဝေမတည့်ကြသည့် လယ်သမားများ၏ ပြဿနာသည် နှစ်ပြည်ထောင်အဆင့် ပဋိပက္ခအထိ ဖြစ်လာခဲ့သည်။ ကပိလဝတ်ပြည်နှင့်ကောလိယပြည် နှစ်ပြည်ထောင်မင်းတို့သည် ရောဟိဏီမြစ်ရေကို ရရှိရန် စစ်အင်္ဂါလေးပါးအပြည့်အစုံဖြင့် မြစ်တစ်ဖက်တစ်ချက်တွင် နှစ်ဖက်စစ်တပ်များ ရင်ဆိုင် လျက်ရှိသည်။ ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်တို့သည် ဆွေမျိုးရင်းချာများဖြစ်ကြသည်။ သွေးချင်းနီးသည့် ပြည်သူအချင်းချင်းရေအတွက် သွေးမြေကျစေမည့် စစ်ရေးကိုစတင်ရန် ပြင်ဆင်နေကြစဉ် မြတ်စွာ ဘုရားရှင်ကြွတော်မူလာပြီး နှစ်ဖက်စစ်တပ်များ ငြိမ်သက်သွားစေရန် တန်ခိုးပြာဋိဟာဖြင့် အမှောင်ချ တော်မူသည်။ အမှောင်ထုကွယ်ပျောက်ပြီး ရောဟိဏီမြစ်ကောင်းကင်ယံတွင် မြတ်စွာဘုရားရှင်အား ဖူးမြင်ကြရသောအခါ စစ်သည်တော်အားလုံးလက်နက်ချ၍ ရှိခိုးကန်တော့ကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် တန်ဖိုးနည်းသည့်ရေအတွက် တန်ဖိုးမဖြတ်နိုင်သည့် သာကီဝင်မင်းသားတို့၏ သွေးမြေသို့မကျသင့်၊ အသက်မသေသင့်၊ စစ်ပွဲတို့မည်သည် ရှုံးသူရော၊ နိုင်သူပါ သားစဉ်မြေးဆက် ရန်ငြိုးဖွဲ့၍ အဆုံးမသတ်ဖြစ်ပွားစေတတ်သဖြင့် နိုင်သူမရှိ၊ ရှုံးသူချည်းသာဖြစ်ကြသည်ဟု ဆုံးမတရားကို ဟောကြားတော်မူသည်။ နှစ်ဖက်ဆွေမျိုးများ နှလုံးသွင်းဆင်ခြင်နိုင်ရန် မြတ်စွာဘုရားက ဆက်လက်ဟောကြားရာတွင် တစ်ပြည်နှင့်တစ်ပြည် အပြစ်မရှာဘဲ ငြိမ်းချမ်းစွာ နေထိုင်ဆက်ဆံမှသာ အကျိုးရှိမည်ဖြစ်ကြောင်း သိစေရန် ဖန္ဒနဇာတ်တော်ကို ဟောကြားတော်မူသည်။ ဝက်ဝံနှင့် ကြို့ပင်စောင့်နတ်တို့ အချင်းချင်း ရန်ငြိုးဖွဲ့မှား၍ ဝက်ဝံလည်း သေ၊ ရုက္ခစိုးနတ်နေသည့် ကြို့ပင်လည်းပျက်စီးရသည့် ဇာတ်တော်ဖြစ်သည်။ မြေပြိုနေပါပြီဆိုသည့် ယုန်တစ်ကောင်၏ စကားတစ်ခွန်းကို မစူးစမ်းမဆင်ခြင်ဘဲ ယုံကြည်ကာ ပြေးကြပုန်းကြရင်း ဆင်းရဲဒုက္ခရောက်ကြရသော ဒုဒ္ဒုဘဇာတ်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အင်အားသုံး၍ အနိုင်မယူသင့်ကြောင်း၊ မိမိထက်အင်အား သာလွန်ကြီးမားသော ဆင်ရိုင်းကြီးကိုပင် သေးငယ်သည့် နှံစုတ်ငှက်က အနိုင်ရဖူးကြောင်း လဋုကိကဇာတ်ကို ဟောတော်မူသည်။ မြတ်စွာဘုရားက သာကီဝင်မျိုးနွယ်တို့အချင်းချင်း ညီညွတ်စွာနေထိုင်ကြရမည်။ အချင်းချင်းစစ်မက် မဖြစ်သော်လည်း အပြန်အလှန်အချင်းများကာ စိတ်ဝမ်းကွဲပြားနေလျှင် ငြိမ်းချမ်းရေးအရသာကို ခံစားရမည်မဟုတ်ကြောင်းသိစေရန် သမ္မောဒမာနဇာတ်ကို ဟောကြားတော်မူသည်။ ထို့အပြင် အန္တရာယ် ကင်းကြောင်း ရုက္ခဓမ္မဇာတ်တော်နှင့် မိမိကိုယ်မိမိ ဆုံးမနေထိုင်ရန် အတ္တဒဏ္ဍသုတ်တို့ကို ဟောတော်မူ သည်။ တရားတော်များနာယူပြီးသည့်အခါ ဆွေတော်မျိုးတော်အပေါင်းတို့သည် ဒေါသများကင်းစင်ပြီး အမြင်မှန်ရကာ ငြိမ်းချမ်းရေးယူလိုက်ကြသည်။ နှစ်ပြည်ထောင်မင်းသား ငါးရာတို့သည် မြတ်စွာဘုရား ထံတွင် ရဟန်းပြု၍ တရားအားထုတ်ကြရာ ရဟန္တာများဖြစ်လာကြသည်။ ရဟန္တာငါးရာတို့က မြတ်စွာဘုရားအား ဖူးမြော်ကန်တော့သည့် သံဃာအစည်းအဝေးသို့ လာရောက်ကြည်ညိုကြသည့် နတ်ဗြဟ္မာအပေါင်းတို့ကို မြတ်စွာဘုရားက အမည်နာမထုတ်ဖော်၍ မိန့်ကြားသည့် နှုတ်ခွန်းဆက် စကားကို “မဟာသမယသုတ်”ဟု ခေါ်ဆိုသည်။ မဟာသမယသုတ် ဟောကြားတော်မူသောကာလသည် မဟာသက္ကရာဇ် ၁၀၇ ခုနှစ် နယုန်လပြည့်နေ့ မြတ်စွာဘုရား ပဉ္စမမြောက်ဝါဆိုခါနီးအချိန်ဖြစ်သည်။ ထူးမြတ်သည့် နယုန်လပြည့်နေ့သည် နှစ်ပြည်ထောင်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသည့် ဇာတ်ကြောင်းကိုအကြောင်းခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မဟာသမယအခါတော်နေ့ သို့မဟုတ် ငြိမ်းချမ်းရေးနေ့သည် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာပြည် တွင်သာမက ဝေနေယျသတ္တဝါအားလုံးအတွက် တစ်ကမ္ဘာလုံးကိုလွှမ်းခြုံသည့် ငြိမ်းချမ်းရေးအခါတော်နေ့ ဖြစ်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နည်း တရားတော်များအပါအဝင် စည်းလုံးညီညွတ်ရေး တရားတော်များ ဟောကြားခဲ့သည့် ငြိမ်းချမ်းသောနယုန်လပြည့် မဟာသမယအခါတော်နေ့ကို ကြည်ညို အလေးအမြတ် ပြုကြရမည်ဖြစ်ပါကြောင်း။ ။(ကြေးမုံ)
Sat, 05/30/2026 - 12:00
ပထမအရွယ်မှာ ပညာရှာ မပျက်မကွက် ကျောင်းသို့တက်
ပထမအရွယ်မှာ ပညာရှာ မပျက်မကွက် ကျောင်းသို့တက်
လူဟူ၍ ဖြစ်လာပြီးသည်နှင့် ပထမအရွယ်မှာပညာရှာကြရခြင်းသည် မိမိဘာသာရှင်သန်ရပ်တည်ရမည့် ဘဝခရီးအတွက် ပြင်ဆင်ကြရခြင်းဖြစ်သည်။ ပညာမရှာ၍ ပညာမပါခဲ့သည်ရှိသော် ဘဝခရီးကိုစမ်းတဝါးဝါးနှင့် လျှောက်လှမ်းကြရမည်။ ရှင်သန်ရပ်တည်နိုင်ရန် ခက်ခဲလိမ့်မည်။ အပြောကျယ်လှသည့် လောကဟူသည် ပညာမဲ့သူအဖို့ လွန်စွာကျဉ်းမြောင်းကာ မှောင်မိုက်၍လည်းနေမည်ဖြစ်သည်။ ပညာဟူသည် မသိခြင်းဟူသော မောဟအမှောင်ကို ဖယ်ရှားရှင်းလင်းနိုင်သော ဉာဏ်အလင်းဖြစ်ခြင်းကြောင့် “ပညာသမာ အာဘာ နတ္ထိ - ပညာနှင့်တူသော အလင်းရောင်သည် မရှိ” ဟူ၍ မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ ပညာကိုသင်ယူကြမှသာ ပညာတတ်တစ်ယောက်အဖြစ်နှင့် လူ့ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရန် လိုအပ်သော အသိပညာ၊ အတတ်ပညာနှင့် နည်းပညာကျွမ်းကျင်မှုတို့ကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ အမှားနှင့်အမှန်ကို ခွဲခြားဆင်ခြင်နိုင်မှု၊ အခက်အခဲနှင့်ပြဿနာများကို မှန်ကန်သည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မှု၊ ထိုးထွင်းသိမြင် တီထွင်ကြံဆတတ်မှု၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဦးဆောင်ဦးရွက်ပြုနိုင်သည့် အရည်အသွေးရှိမှုစသည့် ပင်ကိုအရည်အချင်းများလည်း ပွင့်လင်းပေါ်ပေါက်လာမည်ဖြစ်သည်။ နိုင်ငံအနေဖြင့် ကြည့်မည်ဆိုပါက နိုင်ငံသားတစ်ဦး ပညာသင်ယူခြင်းသည် နိုင်ငံအတွက်အင်အားကို ဖြစ်စေခြင်းပင်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ မြင့်မားသော နိုင်ငံသားအများအပြားရှိနေမှသာ နိုင်ငံတည်ဆောက်ရေးနှင့် ကာကွယ်ရေးတို့အတွက် မဖြစ်မနေလိုအပ်သော အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်သည်။ မျက်မှောက်ကာလ ပညာခေတ်တွင် နိုင်ငံ၏အင်အားသည် ပညာပေါ်တွင် အခြေစိုက်သည့်အလျောက် နိုင်ငံတိုင်းက ပညာရေးတွင် ပိုမို၍ရင်းနှီးမြှုပ်နှံကြကာ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်ရန် ကြိုးပမ်းစုဆောင်းကြခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ထူးထူးခြားခြားမြှင့်တင်ကာ နိုင်ငံတော်၏ အနာဂတ်အတွက် အဖိုးတန်လူ့စွမ်းအားအရင်းအမြစ် ကောင်းမွန်စွာဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေမှာ အားရစရာမရှိဘဲ နိမ့်ကျနေသည်ကို စိုးရိမ်ဖွယ်ရာ တွေ့ရသည်။ နိုင်ငံအတွင်းရှိ မူကြိုမှဘွဲ့ရအထိဖြစ်သော အသက် ၃ နှစ်မှ ၂၅ နှစ်အထိ အရွယ်များအတွင်း ၉ ဒသမ ၈ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ထိုအသက်အရွယ်အပိုင်း အခြားအတွင်း လူ ၁၀၀ လျှင် ၁၀ ယောက်ခန့်မှာ ကျောင်းလုံးဝမတက်ဖူးသူများဖြစ်ကြောင်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းတွင် တွေ့ရှိရသည်။ ၃၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကျောင်းတက်ဖူးသူများဖြစ်ကြပြီး လက်ရှိကျောင်းတက်နေသူမှာ ၅၆ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်။ ကျောင်းစတင်တက်ရောက်သူများအနက် သုံးပုံတစ်ပုံခန့်မှာ မူလတန်းပညာရေး မပြီးဆုံးမီ ကျောင်းထွက်ကြပြီး အလယ်တန်းပညာရေးမပြီးဆုံးမီ ကျောင်းသားထက်ဝက်ကျော်ကျော်တို့ ကျောင်းထွက်သွားကြသည်။ အခြေခံပညာရေးမပြီးဆုံးသေးမီမှာပင် ကျောင်းသားအများအပြား ကျောင်းထွက်နေကြခြင်းမှာ ကျောင်းသားတစ်ဦးချင်းစီ၏ အနာဂတ်အတွက်ရော နိုင်ငံ၏လူသားအရင်းအမြစ်အတွက်ပါ မကောင်းသည့် အလားအလာဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် နေ့စဉ်လူမှုဘဝများ၌ နည်းပညာတို့နှင့် ထိတွေ့နေကြရပြီဖြစ်သည့်အလျောက် ပညာတတ်မြောက်ထားမှသာ အဆင်ပြေပြေ ရပ်တည်နေထိုင်နိုင်ကြမည်ဖြစ်သည်။ အနည်းဆုံးအားဖြင့် အခြေခံပညာအလယ်တန်းအဆင့်ထိ တတ်မြောက်ထားရန်လိုအပ်ခြင်းကြောင့် နိုင်ငံတော်အစိုးရက လူတိုင်း KG+9 အထိ ပြီးမြောက်အောင်မြင်ရန် မသင်မနေရသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရေးအတွက်လည်း နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာရေးကို အခမဲ့ပညာရေးအဖြစ် ဖော်ဆောင်ပေးထားပြီး ကျောင်းအပ်နှံရေးနှင့် ကျောင်းတက်ရေးအတွက် မည်သည့်ကုန်ကျစရိတ်မှ မရှိစေရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြရပြီဖြစ်သည်။ ကလေးများကျောင်းတက်ကြရခြင်းသည် ၎င်းတို့၏ အနာဂတ်အတွက်ဖြစ်သလို မိသားစုအတွက်နှင့် နိုင်ငံတော်အတွက်လည်းဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့၏ ကျောင်းနေအရွယ်ရင်သွေးငယ်များအားလုံးကို မဖြစ်မနေပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းတက်ရောက်နိုင်ကြစေရေး မိဘအုပ်ထိန်းသူတို့ ကိုယ်တိုင်လိုက်ပါကာ ဆိုင်ရာအတန်းများ၌ အပ်နှံကြရန်နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။MDN (မြန်မာ့အလင်း) 
Tue, 05/26/2026 - 12:00
ကျောင်းနေအရွယ်ကလေးများအားလုံးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်
ကျောင်းနေအရွယ်ကလေးများအားလုံးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်
ယခု မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့သည် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အဆိုပါသီတင်းပတ်တွင် ကျောင်းအပ်နှံကြရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေလိုက်ရသည့် သို့မဟုတ် ကျောင်းပြင်ပသို့ ရောက်ရှိသွားကြသည့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးအနေဖြင့်လည်း ဆက်လက်၍ စာသင်ကျောင်းများသို့ ပြန်လည်တက်ရောက်နိုင်မည့် အခွင့်အရေးများရရှိနေပြီဖြစ်သည်။နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်အားပေးပြီး ပညာအမွေအနှစ်များကို ရင်းနှီးမြှုပ်နှံပေးလျက်ရှိသည်။ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ၊ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးအတွက် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးပြီး စဉ်ဆက်မပြတ် ပညာရေးကိုမြှင့်တင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ပြည်သူများ၏ လူမှုစီးပွားအခြေအနေများအရ ပညာသင်ကြားရေးတွင် အလွှာစုံ၊ နယ်ပယ်စုံလစ်ဟာမှုမရှိစေရေး၊ ပညာမသင်ရသူ မကျန်ရှိစေရေးအတွက် ဘက်စုံကဏ္ဍစုံ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ အခမဲ့ပညာရေးနှင့် လိုအပ်သမျှကို ဖြည့်ဆည်းပေးနိုင်ရန် အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိသည်။နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြရာ၌ နိုင်ငံသားတစ်ယောက်ချင်းစီတွင် မဖြစ်မနေပိုင်ဆိုင်ထားရမည့် ပညာအရည်အသွေး အဆင့်အတန်းအလိုက်ရှိရမည်ဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ အရည်အသွေးကို ပညာသင်ယူတတ်မြောက်မှုအဆင့်အတန်းဖြင့် တိုင်းတာကြပါသည်။ အဆိုပါအဆင့်အတန်းကို စာသင်ကျောင်းများကသာ ပြဋ္ဌာန်းပေးပါသည်။ အတန်းပညာရှိမှ အသိပညာရှိမည်ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းကောင်းများကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။နိုင်ငံတော်၏အနာဂတ်အတွက်၊ နိုင်ငံတော်၏ရည်မှန်းချက်၊ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်အတွက် ပေါက်မြောက်အောင်မြင်စေရန် ပညာရေးဝန်ထမ်းများအားလုံးက အလေးထားဆောင်ရွက်ကြရမည်ဖြစ်သလို မိဘအုပ်ထိန်းသူများကလည်း မိမိတို့ရင်သွေးငယ်များ၊ သားသမီးများ၏ အနာဂတ်ဘဝအတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍမြင့်မားတိုးတက်လာအောင် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြား၊ သင်ယူမှု အထောက်အပံ့ကောင်းများပြည့်စုံစေရေး၊ ဆရာအရည်အသွေး မြင့်မားတိုးတက်စေရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ပညာရေးရည်မှန်းချက် အကောင်အထည်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုရ။ ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်းမပြုရ။ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။ ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများ နေ့စဉ်လုပ်ဆောင်ရေး မိဘများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ပေးရန်။ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်။ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် မူလတန်းမှ အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများနှင့် ပူးပေါင်းညှိနှိုင်းပေးရန်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ထို့အပြင် ပညာသင်ကြားရေးအတွက် နိုင်ငံတော်က ထောက်ပံ့ဖြည့်ဆည်းမှုများကို တစ်ယောက်မကျန် စီမံဆောင်ရွက်ပေးရန်။ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာမသုံးစွဲစေရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးကို ဆောင်ရွက်ပေးရန်။ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်စေရန် အသိပညာပေးရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ ကျောင်းသား ကျောင်းသူများ ဂိမ်းစွဲလမ်းမှု ပပျောက်စေရေး ပူးပေါင်းဆောင်ရွက်ရန်။ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာစေဘဲ ဆေးရုံ၊ ဆေးခန်းပြသရန်။ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။သို့ဖြစ်ရာ ဆရာ ဆရာမများအနေဖြင့် ပညာရေးရည်မှန်းချက်အောင်မြင်စေရန် တာဝန်ဝတ္တရားများကို စေတနာအပြည့်အဝထားပြီး ထမ်းဆောင်နေကြသည်။ ကျောင်းအနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေကလေးတိုင်း အတန်းစဉ်ကူးပြောင်းရေး၊ ပညာတတ်မြောက်ရေးတို့အပြင် ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်အဝဝတို့ကို ဆောင်ရွက်ပေးနေပြီဖြစ်ရာ ငါးနှစ်အရွယ်ကလေးများအား သူငယ်တန်း (KG) သို့အပ်နှံရန်၊ ခြောက်နှစ်အရွယ်ကလေးများအား ပထမတန်း (Grade 1) သို့ အပ်နှံရန်နှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။moiPhoto: Gemini
Mon, 05/25/2026 - 12:00
ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းတက်ကြဖို့ဝိုင်းဝန်းကြိုးပမ်းစို့
ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းတက်ကြဖို့ဝိုင်းဝန်းကြိုးပမ်းစို့
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ရင်သွေးငယ်သားသမီးများအားလုံး ကျောင်းတက်နိုင်ကြစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍသည် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင် အရေအတွက်နည်းနေခြင်းသည် ပညာကိုစဉ်ဆက်မပြတ်သင်ယူသူ နည်းပါးနေခြင်းကြောင့်ဖြစ်သည်။ နိုင်ငံ၏ လူဦးရေနှင့်နှိုင်းယှဉ်လျှင် ပညာသင်ယူသူအရေအတွက်နည်းနေသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ နောက်ကျကျန်လျက်ရှိသည်။ မိဘတိုင်း၊ ကလေးငယ်တိုင်းအနေဖြင့် ပညာတတ်လိုကြသူများဖြစ်သည်။ သို့သော် ပညာသင်ယူမှုအခွင့်အလမ်းများရှိပါလျက် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းမနေနိုင်ကြသူများ၊ ပညာသင်ယူမှုအတန်းအဆင့်အလိုက် စာသင်ကျောင်းများနှင့် ကင်းကွာသွားသူများ များစွာရှိနေသည်။ မိမိတို့၏ဘဝ၊ လွဲမှားသည့်အယူအဆနှင့် ပတ်ဝန်းကျင်၏ရိုက်ခတ်မှုများကြောင့် ပညာရေးဆုံးခန်းမတိုင်ခင် ပညာသင်ယူရေးရပ်တန့်မှုများရှိသည်။နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူ့အသံကိုအလေးထားပြီး ပြည်သူများ၏လိုအပ်ချက်ကို အစဉ်ဖြည့်ဆည်းပေးလျက်ရှိသည်။ နိုင်ငံသားတစ်ဦးရရှိရမည့် ပညာသင်ယူမှုအခွင့်အရေးကို အလေးထားသောအားဖြင့်လည်းကောင်း၊ ပြည်သူ့အကျိုးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်အနာဂတ်ကို မျှော်မှန်း၍လည်းကောင်း ကျောင်းပြင်ပရောက်ကလေးများ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိရေးအတွက် သတ်မှတ်ထားသောမူဝါဒများကိုလျှော့ချ၍ Placement Test (အထူးအစီအစဉ်) အဖြစ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ရောက်ရှိခဲ့သည့် ကျောင်းသားများ ပညာပြန်လည်သင်ကြားရေးအစီအစဉ်ကို ဖော်ဆောင်လျက်ရှိသည်။အဆိုပါကျောင်းသားများကို ပညာအရည်အချင်းအရသော်လည်းကောင်း၊ အသက်အရွယ်အရသော်လည်းကောင်း၊ သင့်လျော်ကိုက်ညီသည့်အတန်းတွင် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ပေးသည့် အရည်အချင်းစစ်စာမေးပွဲပါဝင်သည်။ အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျောင်းပြင်ပရောက် အသက် ၁၅ နှစ်ထက်မကျော်လွန်သည့် ကလေးများအားလုံး အကျုံးဝင်မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်များပေါများရေး၊ ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နိုင်ငံအကျိုးပြု အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရာ အခြေခံပညာကျောင်းများ အရည်အသွေးတိုးတက်မြင့်မားရေးကို ဖြည့်ဆည်းပေးလျက်ရှိသည်။ကျောင်းပြင်ပရောက်ရှိသွားသည့်ကလေးများသည် ပညာသင်ယူခွင့် ရပ်တန့်သွားခြင်းမရှိပါ။ ကျောင်းပြင်ပမှ လေ့လာသင်ယူနေသူများရှိသော်လည်း ပညာအရည်အချင်းကိုသတ်မှတ်သည့် အာမခံချက်အထောက်အထားမရနိုင်ပါ။ စာတတ်ပြီး အတန်းပညာမရှိခြင်းသည် လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆံ့ရန်ခက်ခဲပါသည်။ မည်သည့်လုပ်ငန်းခွင်မဆို အနိမ့်ဆုံးအောင်မြင်ရမည့် ပညာအဆင့်ရှိရမည်ဖြစ်သည်။ အတန်းပညာ၊ ဘွဲ့၊ ဒီဂရီများရှိမှသာ အခွင့်အရေးရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ကျောင်းသားလူငယ်ထုတစ်ရပ်လုံး၏ ပညာရည်တိုးတက်ရေးကို လိုလားသည့်စေတနာမှန်ဖြင့် ယခုပညာသင်နှစ်တွင် စတင်ပြုလုပ်ပေးသော အထူးအစီအစဉ်တွင် မိဘပြည်သူအားလုံးက ကျောင်းပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ခဲ့ကြသည့် မိမိတို့၏ရင်သွေးငယ်များ ပညာသင်ယူခွင့်ရရေး တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။သို့ဖြစ်ရာ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသည့်ဒေသများမှကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိရေး၊ လူမှုစီးပွားအခြေအနေအရ ကျောင်းထွက်လိုက်ရသည့် ကလေးငယ်များ အနည်းဆုံးအဆင့်အထိ ပညာဆက်လက်သင်ကြားရေးအတွက် နိုင်ငံတော်က ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများနှင့်အတူ မိဘ၊ ဆရာ၊ အုပ်ထိန်းသူများ အားလုံးက နိုးကြားတက်ကြွစွာ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။moi
Fri, 05/22/2026 - 12:00
ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့် အလယ်တန်းဆင့်)ကျောင်းသို့ ပြန်လည်ရောက်ရှိရေး Placement Test (အထူးအစီအစဉ်) ဆောင်ရွက်ပေးမည်
ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့် အလယ်တန်းဆင့်)ကျောင်းသို့ ပြန်လည်ရောက်ရှိရေး Placement Test (အထူးအစီအစဉ်) ဆောင်ရွက်ပေးမည်
အခြေခံပညာဦးစီးဌာန“ပညာသင်ယူခွင့်ရရှိရေး”သည် နိုင်ငံသားတိုင်း၏ မွေးရာပါအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ အတန်းပညာရှိမှ အသိပညာ၊ အတတ်ပညာ ပြည့်စုံကြွယ်ဝပြီး အတွေးအခေါ်မြင့်မားမည်ဖြစ်ရာ “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး” သည် ပညာသင်ယူမှု၏ ပထမ ခြေလှမ်းဖြစ်သည်။ ထိုမှတစ်ဆင့် စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး သင်ယူမှုပန်းတိုင်သို့ အရောက် လှမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများကြောင့်ကလေးများ၏ ပညာသင်ယူမှုတွင် အဟန့်အတားများ ဖြစ်ခဲ့ရသည့်အတွက် ကျောင်းမှထွက်ခွာ၍ ပြင်ပသို့ရောက်ရှိနေသော ကျောင်းနေအရွယ် ကလေးများအရေအတွက် များစွာရှိနေပြီး ပညာရေးနှင့် အလှမ်းဝေးနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရပါသည်။ကလေးတိုင်းသည် မိသားစုဝင်များအတွက်သာမက နိုင်ငံတော်အတွက် အားထားရသည့် အဖိုး ထိုက်ရတနာများဖြစ်ပါသည်။ ကျောင်းများတွင် ရောက်ရှိပညာသင်ယူနေရမည့် ကလေးများက လွဲမှားသည့် အယူအဆများနှင့် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများကြောင့် ပညာရေးဆုံးခန်းမတိုင်ခင် သင်ယူမှု ရပ်တန့်နေခဲ့ကြရပါသည်။ ကျောင်းနေအရွယ်တွင် ကျောင်းသို့မရောက်ခြင်း၊ ကျောင်းမနေ ခြင်းတို့သည် မိမိကိုယ်တိုင် မိမိဘဝကိုဖျက်ဆီးနေ ခြင်းဖြစ်သကဲ့သို့ မိသားစုနှင့် လူမှုအသိုင်းအဝိုင်းကိုပါ ထိခိုက်ပျက်စီးစေနိုင်ပြီး နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်စေပါသည်။ပညာသည်သာ အခရာ လက်တွေ့သိမြင်လာပညာဆိုသည်မှာ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြား သုံးသပ် နိုင်သော အသိဉာဏ်ဖြစ်ပါသည်။ ပညာမတတ်လျှင် မိမိကိုယ်ကို ထိန်းကျောင်းပဲ့ပြင်နိုင်စွမ်းမရှိဘဲ ပတ်ဝန်းကျင်၏လွှမ်းမိုးမှုအောက်သို့ အလွယ်တကူ ရောက်ရှိနိုင်ပါသည်။နိုင်ငံကို ဖျက်ဆီးလိုသည့် လူတစ်စု၏ မသမာလုပ်ရပ်များကြောင့် ပညာရေးနှင့် အလှမ်း ဝေးသည်ထက်ဝေးသွားရသည့် ကလေးများသည် ကျောင်းမတက်ရခြင်းနှင့် ပညာမတတ်ခြင်း၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရပြီး ဘဝရည်မှန်းချက်များ ဝေဝါးပျောက်ဆုံးနေကြရပြီဖြစ်ပါသည်။ သက်တူရွယ်တူများအကြား ပညာအဆင့်အတန်း ကွာဟချက်များရှိလာပြီး တန်ဖိုးမဲ့လူသားများအဖြစ် သတ်မှတ်ခံရမည့်အခြေအနေသို့ ရောက်ရှိနေကြရသည်ကို ရင်နင့်ဖွယ် တွေ့မြင်နေရပါသည်။ မိမိတို့ ဘဝအတွက် ပညာသည် အခရာကျသည်ကို နားလည်သဘောပေါက်လာပြီး ကျောင်းများသို့ ပြန်လည်ဝင်ရောက်၍ ပညာဆက်လက်သင်ယူလိုသည့် စိတ်ဆန္ဒများ ပြင်းပြနေကြပါသည်။သင်ယူမှုအခွင့်အရေး ဖော်ဆောင်ပေးပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ ကျောင်း နေမြဲရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်စေရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါသည်။ ကျောင်းသားများ ကျောင်းနေပျော်၍ စာပေတော်အောင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများ၊ ခဲတံ၊ ဘောပင်များ၊ သင်ကြားသင်ယူမှု အထောက် အကူပစ္စည်းများထောက်ပံ့ပေးပြီး အခမဲ့ ပညာရေး စနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါ သည်။ ထို့ပြင် အရည်အသွေးပြည့်ဝစွာ တန်းစဉ်ကူးပြောင်းနိုင်ရေးအတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းပြင်ပရောက်ကလေးများ ပညာဆက်လက် သင်ယူနိုင်ရေးအတွက်လည်း ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်းပညာရေး တန်းညှိ အစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။“ပညာသင်ယူခြင်းသည် ရပ်တန့်၍မရသောအရာ” ဖြစ်ပါသည်။ ကလေးများအားလုံး အကျုံးဝင်ပြီး တန်းတူပညာသင်ယူခွင့်ရရှိရေးအတွက် နိုင်ငံ တော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် နည်းတူ မိသားစုကလည်း ပံ့ပိုးပေးရပါမည်၊ ပတ်ဝန်းကျင်ကလည်း တွန်းအားပေးရပါမည်၊ ပညာရေးရပ်ဝန်းအတွင်းမှ တာဝန်ရှိသူများကလည်း လက်တွဲခေါ်ပေးရပါမည်။အခြေအနေအမျိုးမျိုးကြောင့် အချို့သော ကျောင်းနေအရွယ်ကလေးများသည် ကျောင်း ပရဝဏ်နှင့် ငါးနှစ်တာ ဝေးကွာခဲ့ရပြီးဖြစ်၍ ၎င်းတို့ တက်ရောက်အောင်မြင်ခဲ့သော အတန်းအရ ကျောင်းသို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက လက်ရှိကျောင်းသားများနှင့် အသက်အရွယ် ကွာဟမှုများ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မတူညီမှုများကြောင့် ရှက်ရွံ့သိမ်ငယ်မှုများခံစားရပြီး နေ့စဉ်ကျောင်း တက်ရောက်မှုတွင် အခက်အခဲများ ရှိလာနိုင်ပါသည်။ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းပြင်ပရောက် ကလေးများ၏ အခြေအနေအရပ်ရပ်ကို ထောက်ရှု၍ အခြေခံပညာရေးတွင် လူတိုင်းအကျုံး ဝင်မှုရှိအောင် အထူးအခွင့်အရေးတစ်ရပ် ဖော်ဆောင် ပေးသွားမည်ဖြစ်ပါသည်။လူတိုင်းအကျုံးဝင် Placement Test (အထူးအစီအစဉ်)နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူ့အသံကို အလေးထားပြီး ပြည်သူ များ၏ လိုအပ်ချက်ကို အစဉ်ဖြည့်ဆည်းပေးလျက် ရှိပါသည်။ နိုင်ငံသားတစ်ဦး ရရှိရမည့် ပညာသင်ယူ မှုအခွင့်အရေးကို အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူ့အကျိုးကို ရှေးရှု၍ လည်းကောင်း ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် သတ်မှတ်ထားသောမူဝါဒများကို လျှော့ချ၍ Placement Test (အထူးအစီအစဉ်) ဆောင်ရွက်ပေး မည်ဖြစ်ပါသည်။ယခုဆောင်ရွက်မည့် အစီအစဉ်သည် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းသားများကို ပညာအရည်အချင်းအရသော် လည်းကောင်း၊ အသက်အရွယ်အရသော်လည်း ကောင်း သင့်လျော်ကိုက်ညီသည့် အတန်းတွင် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည့် အရည်အချင်းစစ်စာမေးပွဲဖြစ်ပါသည်။ဤအစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်ပါအစီအစဉ်အတိုင်း‌ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားပါမည်-Placement Test (အထူးအစီအစဉ်) ကို အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် တက်ရောက်ခဲ့ဖူးပြီး အသက် ၁၅ နှစ်ထက်မကျော်လွန်သည့် ကလေးများအားလုံး အကျုံးဝင်မည်ဖြစ်ပါသည်။ဤစာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းပြင်ပရောက်ကလေးများသည် အသက်အရွယ်အရ တက်ရောက်ရမည့် အတန်း၏ တစ်ဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပါသည်။ (မိမိသဘော ဆန္ဒအရ အတန်းအဆင့်နိမ့်၍ တက်ရောက်လိုပါကလည်း ထိုအတန်း၏ တစ်ဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုနိုင်ပါသည်)အသက်အရွယ်အရ ဝင်ရောက်ဖြေဆိုရမည့် အတန်းနှင့် တက်ရောက်ရမည့်အတန်း သတ်မှတ် ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-Placement Test (အထူးအစီအစဉ်) ဝင်ရောက် ဖြေဆိုပြီး အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း ကို ၁-၇-၂၀၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင် တည်း ထုတ်ပြန်ကြေညာသွားပါမည်။ အတန်း တက်ရောက်ခွင့် ရရှိသူများက ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်မှစ၍ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများတွင်သာ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။ဘဝရည်မှန်းချက်တွေအောင်မြင်ဖို့ အထူးအစီအစဉ်တွင် ပါဝင်ကြပါစို့ပညာရေးဝန်ကြီးဌာနက အသိပညာ၊ အတတ် ပညာနှင့်ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံ့အကျိုးပြု အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရာ “အခြေခံ ပင်မရင်းမြစ်” ဖြစ်သည့် အခြေခံပညာ ကျောင်းများ အရည်အသွေးတိုးတက် မြင့်မားလာစေရေး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပါသည်။မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများကို အရည်အသွေးရှိပြီး စနစ်ကျသည့် ကျောင်းသင်ပညာရေးမှတစ်ဆင့် ဘဝရှင်သန် ရပ်တည်ရေးအတွက်လိုအပ်သည့် အခြေခံ ကျွမ်းကျင်မှုများရရှိအောင်၊ ကိုးစားခိုင်လုံသည့် ပညာအရည်အချင်းသတ်မှတ်ချက်များဖြင့် လုပ်ငန်း ခွင်ဝင်ရောက်နိုင်ရေး အဆင်သင့်ဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိပါသည်။ ကလေးများ ကိုယ်တိုင်ကလည်း “ကျောင်းနေအရွယ်တွင် ကျောင်းတက်ရမည်” ဟူသော ပင်ကိုအသိ မဖြစ်မနေ ရှိရပါမည်။နိုင်ငံသားတိုင်းတွင် နိုင်ငံတော်အတွက် ထမ်းဆောင်ရမည့် တာဝန်ကိုယ်စီရှိပါသည်။ ကျောင်းသားတစ်ဦးအနေဖြင့် ကျောင်းနေအရွယ်တွင် ကျောင်းမှန်မှန်တက်ပြီး တန်းစဉ်ကူးပြောင်း၍ ပညာသင်ယူခြင်းသည် နိုင်ငံ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်းပင်ဖြစ်ပါသည်။ကျောင်းနေအရွယ်တွင် ပုံစံတကျ ပညာသင်ယူ ခွင့်ရရှိမှသာ အလေ့အကျင့်ကောင်းများကို ခိုင်မာစွာအုတ်မြစ်ချနိုင်ပြီး ဘဝတစ်လျှောက်လုံး သင်ယူပြီးရင်း သင်ယူလိုစိတ်များ ရှင်သန် ကိန်းအောင်းလာမည်ဖြစ်ပါသည်။ “အခြေခံပညာ” ကို ကောင်းစွာသင်ယူတတ်မြောက်မှသာ ကိုယ်ရည် ကိုယ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် ခံယူချက်များ တည့်မတ်မှန်ကန်လာမည်ဖြစ်ပါသည်။ ပညာကသာ လူတစ်ဦး၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေပါသည်။ကျောင်းပြင်ပရောက်ကလေးတိုင်းသည် ပညာသင်ယူမှု ရပ်တန့်သွားသည်ဟု မဆိုနိုင်ပါ။ ကျောင်းမတက်သော်လည်း ကျောင်းသင်ရိုးပါ သင်ခန်းစာများကို မိမိတို့အစီအစဉ်ဖြင့် ကိုယ်တိုင် သင်ယူနေကြသူများလည်း ရှိနိုင်ပါသည်။ ထိုသို့ လေ့လာသင်ယူခြင်းက စာပေများကို တတ်မြောက် နိုင်သော်လည်း ပညာအရည်အချင်းသတ်မှတ်ချက် ကို အာမခံနိုင်သည့် တရားဝင်အထောက်အထား ရရှိမည်မဟုတ်ပါ။ စာတတ်ပြီး အတန်းပညာ မရှိခြင်းသည် လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်ရန် ခက်ခဲပါလိမ့်မည်။ မည်သည့်လုပ်ငန်းခွင်တွင်မဆို အနည်းဆုံး အောင်မြင်ရမည့် အတန်းပညာ၊ ဘွဲ့ဒီဂရီ စသော ပညာအရည်အချင်းများနှင့်ပြည့်စုံမှသာ ရွေးချယ်ကြပါသည်။ထို့ကြောင့် နိုင်ငံတော်အစိုးရက ကျောင်းသားလူငယ်တစ်ရပ်လုံး၏ ပညာရည်တိုးတက်ရေးကို လိုလားသည့် စေတနာအမှန်ဖြင့် Placement Test (အထူးအစီအစဉ်) ဆောင်ရွက်ပေးခြင်းဖြစ်သည့် အတွက် မိဘပြည်သူအားလုံးက ကျောင်းပြင်ပ ရောက်ကလေးတိုင်း ဝင်ရောက်ဖြေဆိုနိုင်ရေး တတ်အားသရွေ့ ပူးပေါင်းပါဝင်ပေးကြရမည်ဖြစ်ပါသည်။ ကျောင်းပြင်ပရောက်ကလေးများကလည်း မိမိတို့အတွက် ဆောင်ရွက်ပေးသည့် အထူးအခွင့် အရေးကို လက်မလွှတ်ဘဲ အမိအရ ဆုပ်ကိုင်ကြရပါ မည်။ ယခုအချိန်သည် ကျောင်းတက်ရောက်ရန် အချိန်မနှောင်းသေးသည့် အချိန်ကောင်း အခါကောင်း ပင်ဖြစ်ပါသည်။စဉ်ဆက်မပြတ်ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေးယခုဆောင်ရွက်ပေးသည့် အစီအစဉ်သည် အရွယ်မတိုင်ခင် ကျောင်းနှင့် ကင်းကွာခဲ့ရသော်လည်း ပညာကို တန်ဖိုးထားသူတိုင်းအတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ မိမိတို့သည် ကျောင်း မတက်ဘဲ ပညာရေးနှင့် အဆက်ပြတ်ရသည့် အကျိုးဆက်ကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများဖြစ်ရာ အမှားတစ်ခုကို တစ်ဘဝစာသင်ခန်းစာယူ၍ အခြေခံပညာရေး ပြီးဆုံးသည်အထိ စဉ်ဆက်မပြတ် ပညာသင်ယူမည်ဟု သန္နိဋ္ဌာန်ချပြီး လေးလေးနက်နက် ကြိုးစားအားထုတ်ကြရပါမည်။ကျောင်းသားများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် အဓိကသော့ချက်သည် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသော ဒေသမှ မိဘပြည်သူများအနေဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထား၍ ပူးပေါင်း ပါဝင်ကြစေလိုပါကြောင်းနှင့် ‌ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ယခုဆောင်ရွက်မည့် Placement Test (အထူးအစီအစဉ်)ကို လက်ဆင့်ကမ်း၍ သတင်းစကားပါးကြစေလိုပါကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။ ။MDN(ကြေးမုံ)
Thu, 05/21/2026 - 12:00
ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုများတွင် လူတိုင်းပါဝင်
ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုများတွင် လူတိုင်းပါဝင်
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယခုလ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိစေရန်နှင့် ပညာသင်ခွင့် မဆုံးရှုံးစေရန်ဖြစ်ပြီး လှုပ်ရှားမှုတွင် မိဘအုပ်ထိန်းသူများနှင့် လူထုတစ်ရပ်လုံးပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်ခြင်းကြောင့် ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်ကြသည်။ ကျောင်းအပ်နှံသူများအား မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၂) ချောင်းနှင့် ဘောပင်(၂)ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သည်။မိမိတို့နိုင်ငံတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့၌ နှစ်စဉ်ကျောင်းအပ်နှံသူဦးရေ ပျမ်းမျှအားဖြင့် ၆ သန်းကျော်ရှိသည်။ အစိုးရ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံသူစုစုပေါင်းမှာ ၂၀၂၄ ခုနှစ်တွင် ၆၃၉၄၅၂၈ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၆၁၁၉၂၆၀ ဦးတို့ရှိခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင်လည်း ၎င်းအရေအတွက် ဝန်းကျင်မှာပင်ရှိနေမည်ဟု ခန့်မှန်းရသည်။ ကျောင်းထွက်နှုန်းနှင့် ပညာသင်ယူမှုအခွင့်အလမ်းဆုံးရှုံးမှုနှုန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ချိန်မှစ၍ များစွာမြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၆) နှစ်မှ (၁၇) နှစ်ကြား ကလေးများ၏ ၂၁ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းခန့် ကျောင်းပြင်ပသို့ ရောက်ရှိနေကြပြီး အထက်တန်းအဆင့်အရွယ်တွင် ကျောင်းထွက်နှုန်း ၄၅ ရာခိုင်နှုန်းခန့်အထိ ရှိလာသည်။မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေနှင့်စပ်လျဉ်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၌ ဖော်ပြထားရာ ကျောင်းသားကျောင်းသူအများစု ကျောင်းထွက်ရခြင်းသည် ပညာရေးစနစ်ကြောင့်မဟုတ်ဘဲ မိသားစုအတွင်း ဖိအားများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဓိကအားဖြင့် မိသားစုကို ကူညီရန်၊ အိမ်အလုပ်များ လုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်ဟူသည့် အကြောင်းရင်းများဖြင့် ကျောင်းမှထွက်ရန် တွန်းအားပေးခဲ့ကြခြင်းဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ ပညာရေးအတွက် တိုက်ရိုက်/ သွယ်ဝိုက်စရိတ်များကို မတတ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထူးခြားသည့်အချက်မှာ ကျောင်းကို အလယ်တန်း သို့မဟုတ် အထက်တန်းအဆင့်ထက်ပို၍ မနေလိုခြင်းကြောင့် ကျောင်းထွက်ကြခြင်းဖြစ်သည်။ ၎င်းတို့အရေအတွက်မှာ ကျောင်းဆက်မတက်သူဦးရေ၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။“မိမိတို့နိုင်ငံ၏ ပညာရေးကို ကြည့်မည်ဆိုပါက ခေတ်အဆက် ဆက်တွင် အားနည်းလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အတတ်ပညာ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အတန်းပညာမှတစ်ဆင့် အတတ်ပညာ၊ အသိပညာများကို ပိုမိုပြည့်စုံအောင် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် မေ ၁၅ ရက်က တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ ဆောင်ရွက်ရာတွင် အတတ်ပညာ၊ အသိပညာတို့ ကြွယ်ဝပြည့်စုံသည့် နိုင်ငံသူ နိုင်ငံသားများကသာလျှင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ရာ နိုင်ငံ၏လူသားအရင်းအမြစ်မှာ တန်ဖိုးမြင့်မားဖို့လိုသည်။ သို့ဖြစ်ခြင်းကြောင့် ခေတ်အဆက်ဆက်အားနည်းလျက်ရှိသည့် ပညာရေးကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်သည်။ ပညာသင်အရွယ်ကလေးများ၊ လူငယ်များကို စာသင်ခန်းမှ ဆွဲထုတ်ပြီး မိသားစုအလုပ်၊ အိမ်အလုပ်များတွင် ကူခိုင်းခြင်းက ကလေးများ၏ အနာဂတ်ကိုရော နိုင်ငံ၏အနာဂတ်ကိုပါ လျစ်လျူရှုခြင်း၊ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ကလေးကို ကျောင်းဆက်မတက်စေခြင်းသည် ဆင်းရဲနွမ်းပါးခြင်းကြောင့်ဟုဆိုလျှင်လည်း ယင်းသို့ပြုလုပ်ခြင်းက ဆင်းရဲခြင်းသံသရာမှ မလွတ်မြောက်နိုင်သည့် အခြေအနေသို့သာ ဆိုက်ရောက်သွားစေမည်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းစာသင်ခန်းများသို့ ရောက်ရှိရေးအတွက် လူတိုင်းက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။moi
Tue, 05/19/2026 - 12:00

Information

  • Today Visitors: 1775
  • Unique Visitor: 77707
  • Total Visitor: 700655

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-4590332

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Archive

  • June 2026 (236)
  • May 2026 (1876)
  • April 2026 (1741)
  • March 2026 (1627)
  • February 2026 (1557)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.