ဘက်စုံအသုံးဝင်သော ခံတက်ပင်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
Posted_Date
Image
Body
ခံတက်ပင်
ခံတက်ပင်ကို အင်္ဂလိပ်လို Garlic Pear သို့မဟုတ် Three Leaf Caper ဟုခေါ်ပြီး Capparidaceae ဟင်းဂလာမျိုးရင်းဝင် ဖြစ်ကာ ရုက္ခဗေဒအားဖြင့် Crateva Religiosa ဖြစ်သည်။ ခံတက်ပင်သည် ရွက်ကြွေပင်လတ်မျိုးဖြစ်ပြီး အပင်၏ အမြင့်မှာ ပေ ၃၀ ကျော်အထိမြင့်ကာ အပွင့်ကြီးမား၍ ဆင်စွယ်ရောင်အပွင့်များစွာပွင့်သည်။ ခံတက်ပင် အကိုင်းအညွန့်များပေါ်၌ အဖြူစင်းများရှိပြီး ပင်စည်အခေါက်မှာ မီးခိုးရောင်ဖြစ်ကာ အတွင်းသားမှာ အဝါရောင်မာဆတ်ပြီး ရင့်လျှင်အညိုရောင်သို့ ပြောင်းသွား တတ်သည်။ ခံတက်ရွက်သည် သုံးရွက်မြွှာပေါင်းဖြစ်၍ ရွက်လွှဲထွက်ပြီး ရွက်ညှာရှည်သည်။ ရွက်ပြား၏ကျောဘက် တွင် ရွက်ကြောများ ထင်ရှားစွာရှိသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်ကာ ရွက်နားညီ၍ရွက်ပြားချောသည်။ အသီး မှာ ဘဲဥပုံ သို့မဟုတ် လုံးဝိုင်းသည့်အဝါ ရောင်ရှိပြီး အသားထူအခွံမာ၍ ကြမ်း တမ်းကာ ကျောက်ကပ်ပုံအစေ့များစွာ ပါဝင်သည်။
ခံတက်ပင်အမျိုးအစားများ
ခံတက်ပင်တွင် ကုန်းခံတက်နှင့် ရေခံတက်ဟူ၍ရှိသော်လည်း ကုန်းခံတက် ကိုသာ ဆေးအဖြစ် အသုံးပြုကြသည်။ ခံတက်ပင်သည် မြန်မာနိုင်ငံအနှံ့အပြား တွင် ပေါက်ရောက်သော်လည်း မြန်မာ နိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ပေါက်ရောက်သည့်ခံတက်ပင်က ပို၍ ဆေးစွမ်းထက်သည်။
ခံတက်ရွက်စားသုံးမှုပုံစံ
ခံတက်ရွက်ကို ခံတက်ချဉ်တည်၍ စားခြင်း၊ အတို့အမြှုပ်ပြုလုပ်၍စားခြင်း၊ ခံတက်ချဉ်ကို ပါးပါးလှီး၍ ကြက်သွန်နီ၊ ဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ တို့ဖြင့် သုပ်စားခြင်းကို အများဆုံးပြုလုပ် လေ့ရှိသည်။ ခံတက်ရွက်နုနုလေးများကို ဦးစွာ ဆားရည်စိမ်၍ တစ်ညသိပ်ထားပြီး နောက်နေ့နံနက်တွင် ရေအိုးသန့်သန့်ထဲ သို့ ဆန်ဆေးရည်၊ ဆား၊ ထမင်းအနည်း ငယ်ထည့်ပြီး အလုံပိတ်၍ အချဉ်တည်ကြ သည်။ တချို့မှာ မန်ကျည်းမှည့်ဖြင့်ပြုတ်၍ လည်း အချဉ်တည်စားသုံးကြသည်။
ခံတက်ပင်၏အသုံးဝင်ပုံ
ခံတက်သား၏အရောင်မှာ ဝါကြန့် ကြန့်ဖြစ်၍ အသင့်အတင့်မာကာ အသား ညီသောကြောင့် အိမ်အသုံးအဆောင်များ၊ ဗုံများ၊ ခေါင်းဘီးများနှင့် သေတ္တာများ ပြုလုပ်ကြသည်။ ခံတက်ပင်၏ အခေါက် ကို မီးကင်၍မွှပြီး ဆီစိမ်စားရသည်။အခေါက်နှင့်အမြစ်တို့ကလည်း ဆေးဖက်ဝင်သည်။ ရှေးယခင်ကတည်းက ခံတက် ပင်ကို ဆေးဖက်ဝင်အပင်အဖြစ် အသိ အမှတ်ပြုခဲ့ကြသည်။
မြန်မာ့ဆေးကျမ်းပါ ခံတက်ပင်၏ ဆေးဖက်ဝင်ပုံ
ခံတက်သည် ခါးသက်သက်နှင့် ပူသောဂုဏ်သတ္တိရှိပြီး ဝမ်းမီးတောက် စေသည်။ ဝမ်းကို အနည်းငယ်သက်စေ သည်။ လေနှင့်သလိပ်ကိုကြေစေ၍ ဆီး လွန်ရောဂါ၊ ဆီးအောင့်ရောဂါ၊ ကျောက်တည်ရောဂါနှင့် သွေးဖောက်ပြန်ခြင်းတို့ ကို ပျောက်ကင်းစေနိုင်သည်ဟု မြန်မာ့ ဆေးကျမ်းများတွင် ဖော်ပြထားသည်။ ခံတက်ပင်အရွက်၊ အမြစ်နှင့်အခေါက် တို့ကို ဆေးအဖြစ် အများဆုံး အသုံးပြု နိုင်သည်။ ခံတက်ခေါက်ကို အနာရောဂါ သက်သာစေသောဆေးအဖြစ် သက်တန့် နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါမြစ်နှင့် သွေးသောက်ပါက လျင် မြန်စွာ ပျောက်ကင်းစေသည်။
ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို ပျောက်ကင်းစေနိုင်
နွေရာသီ၌ ဖြိုင်ဖြိုင်ပေါ်သည့်ခံတက်ရွက်ကို ပြုတ်သောက်ခြင်း၊ ရေနွေးဖြောပြီး သောက်ပေးခြင်းတို့ပြုလုပ်ပါက နွေရာသီတွင်ဖြစ်တတ်သည့် အပူဝမ်းလျှော၊ ဝမ်းပျက်ရောဂါများနှင့် ချွေးငုပ်၊ မိတ်ငုပ်၊ ဓာတ်ငုပ်ခြင်းများကို ပျောက်ကင်းစေ သည်။ ကလေးရောဂါများညပျောက်ကင်းစေနိုင်ကလေးများတွင်ဖြစ်တတ်သည့် ဝက် သက်၊ ရေကျောက်စသည့် အပူနာရောဂါ များအတွက် ကြိုတင်ကာကွယ်ဆေး အဖြစ် ခံတက်ရွက်ကို သကြား၊ ထန်း လျက်၊ ပျားရည် စသည်တစ်မျိုးမျိုးဖြင့် သင့်လျော်သလို တွဲဖက်၍ သောက်သုံး ခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။
ကိုက်ခဲနာကျင်မှုပျောက်ကင်းစေနိုင်
ခံတက်ရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့်နွေးအောင်ပြုလုပ်၍ ကိုက်ခဲနာကျင် သည့်နေရာကို လိမ်းပေးပါက အကိုက် အခဲပျောက်စေသည်။
လေထိုးလေအောင့်ရောဂါ ပျောက်ကင်းစေနိုင်
ခံတက်ရွက်ကိုအချဉ်တည်၍ မကြာ ခဏသုပ်စားခြင်း သို့မဟုတ် ရေနွေးဖြော ပြီး သုပ်စားခြင်းနှင့် တို့စားခြင်းဖြင့် အစာမကြေရောဂါနှင့် လေထိုးလေအောင့် ရောဂါ ပျောက်ကင်းစေသည်။
သွေးတိုးလေငန်းရောဂါများ ပျောက်ကင်းစေနိုင်
အအေးအကြောင်းခံဖြစ်သည့် ဆီးချို၊ လေငန်း၊ သွေးတိုးရောဂါများနှင့် ရုပ်လေး ပြီး ထိုင်းမှိုင်းခြင်း၊ ရုပ်ဝပြီး သွေးကြော လေကြောများကျဉ်းခြင်း၊ အကြောတက် ခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်း စသည့် ရောဂါ များအတွက် ခံတက်ရွက်သုပ်စားခြင်း၊ ခံတက်ရွက်ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ခြင်းဖြင့် သက်သာပျောက် ကင်းစေသည်။
ခံတက်မြစ်အခေါက်ကို လေးခွက် တစ်ခွက်တင်ကျို၍ သောက်ပါက ဆီးအိမ် ရောင်ရောဂါနှင့် ကျောက်တည်ရောဂါပျောက်ကင်းစေသည်။ အမြစ်ကို အပြင်း ဖျားရောဂါကုဆေးတွင်လည်း ထည့်သွင်း အသုံးပြုသည်။
ဆီးချိုနှင့်ကျောက်တည်ရောဂါ ပျောက်စေနိုင်
ဆီးချိုရောဂါရှိသူများအတွက် ခံတက်ရွက်နှင့်အခေါက်ကို ရေနှင့်လေးပုံတစ်ပုံ တင်ကျို၍သောက်ပါက ဆီးချိုရောဂါ ကို သက်သာပျောက်ကင်းစေသည်။ ယင်းပြုတ်ရည်ကို ကြံသကာနှင့် ရော သောက်ပါက ဆီးအိမ်ရောင်တင်းခြင်း နှင့် ကျောက်တည်ရောဂါ ပျောက်ကင်းစေ သည်။
ဆီးသွားရောဂါကို သက်သာပျောက်ကင်းစေနိုင်
ဆီးမကြာခဏသွားခြင်း၊ ဆီးထိန်းချုပ် ၍မရခြင်း၊ ဆီးလွန်ခြင်း၊ ဆီးများခြင်း တို့အတွက် ခံတက်ခေါက်သွေး၍ရသော အရည်တစ်ဆနှင့် သံပရာရည်နှစ်ဆရော ပြီး တစ်ရက်လျှင် လက်ဖက်စားဇွန်းတစ် ဇွန်း ညအိပ်ရာဝင်ချိန်တွင် အချိန်မှန်မှန် သောက်ပေးပါက သက်သာပျောက်ကင်း စေသည်။
အဆစ်ရောင်ရောဂါကိုပျောက်ကင်းစေသော ခံတက်ရွက်
ခံတက်ရွက်ကြိတ်ရည်နှင့် ကွမ်းရွက်ကြိတ်ရည်တို့ကို ဆတူရောပြီး ထောပတ် အနည်းငယ်ထည့်၍ သောက်ပေးပါက အဆစ်ရောင်ရောဂါကို သက်သာပျောက် ကင်းစေသည်။
သတိထားစားသင့်သူများ
ခံတက်ချဉ်က ဆေးဖက်ဝင်သည်ဆို သော်လည်း ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များ၊ ရောဂါအခံရှိသူများနှင့် ဆေးဝါးသောက် သုံးနေရသူများ သတိပြုစားသုံးသင့်သည်။ လူကောင်းများအနေဖြင့်လည်း တန်ဆေး လွန်ဘေးဆိုသကဲ့သို့ လွန်ကဲစွာစားသုံးမှု ကိုရှောင်ကြဉ်ရပါမည်။ ခံတက်ခေါက် သည် အင်ဆူလင်အပိုထုတ်လွှတ်မှုကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ် ပမာဏကို လျှော့ချပေးသောကြောင့် ဆီးချိုရောဂါအတွက် အခေါက်မှုန့်ကော်ဖီဇွန်းနှစ်ဇွန်းကို တစ်ရက်လျှင် နှစ်ကြိမ် သောက်သုံးပေးနိုင်သည်။ အသီး၊ အရွက်နှင့် အခေါက်တို့၏ သတ္တုရည်ကို ရောဂါပိုး ဝင်သည့်ဒဏ်ရာများနှင့် ပြတ်ရှဒဏ်ရာများတွင် လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေသည်။
ခံတက်ရွက်သည် ဆီးလမ်းကြောင်း ပိုးဝင်မှုကိုသက်သာစေခြင်း၊ ဆီးရွှင်စေ ခြင်း၊ ကိုယ်တွင်းရောင်ရမ်းမှု၊ ဆီးကျိတ် သက်သာစေခြင်း၊ လေထိုးလေအောင့် ကင်းစေခြင်း၊ အစာခြေစနစ်ကျန်းမာစေ ခြင်း၊ အစာစားချင်စိတ်ဖြစ်စေခြင်း၊ ဆီး အိမ်ရောင်ခြင်း၊ ဆီးကျောက်တည်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းကိုက် ခြင်း၊ အစာအဆိပ်သင့်မှုကို ကာကွယ် ပေးခြင်း၊ ဆီးချိုရောဂါ၊ ဆီးမထိန်းနိုင် ခြင်း၊ ကိုယ်တွင်းကျောက်တည်ခြင်းတို့ကို သက်သာစေခြင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝခြင်း၊ ဗက်တီးရီးယား များကို တိုက်ဖျက်ပေးနိုင်ခြင်း စသည့် အာနိသင်များ ကြွယ်ဝသည်။ သို့ဖြစ်၍ အဘက်ဘက်မှ ကျန်းမာရေးကို အထောက် အကူပြုသည့် ဆေးဖက်ဝင်သော ခံတက်ရွက်ကို သင့်လျော်သလို ပြုလုပ်စားသုံး ကြရင်း ရောဂါများ ကင်းဝေးကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
MWD
