ဆောင်းဦးပေါက်ရာသီတွင် ကျန်းမာစေမည့် ဓာတ်စာ

Posted_Date

Image

ဆောင်းဦးပေါက်ရာသီတွင် ကျန်းမာစေမည့် ဓာတ်စာ

Body

တန်ဆောင်မုန်းလဝင်သည်နှင့် ဆောင်းဦးပေါက်ရာသီသို့   ရောက်ရှိပြီဖြစ်သည်။ နှာရည်ယိုရွှဲ တပို့တွဲလရောက်သည့်တိုင် အောင်   ဆောင်းရာသီလေးလကို    ဖြတ် သန်းကြရမည်ဖြစ်သည်။

မြန်မာ့ဆေးပညာအရ  ဆောင်းရာသီ တွင်    ပြင်ပဗဟိဒ္ဓ၌   အေးသော်လည်း အတွင်းအဇ္ဈတ္တ၌  ပူနေသည်ဟုဆိုသည်။    အပူအခိုးအငွေ့တို့သည်   ချွေးအဖြစ်  ပြင်ပသို့ထွက်မရသဖြင့်  ကိုယ် တွင်း၊  ဝမ်းတွင်း၊ အူတွင်းတို့တွင်   ပိတ် လှောင်မိနေသည်။ ထို့ထက်ပို၍ဆိုရလျှင် အပူအကျဉ်းကျနေသည်ဟု     ဆိုရမည့် ရာသီဖြစ်သည်။

အပူကို အအေးနှင့်ဖြေ၊ အအေးကို အပူ နှင့်ဖြေဆိုသည်မှာ  ခန္ဓာကိုယ်ပြင်ပတွင် မှန်ကန်သော်လည်း အတွင်းတွင် မမှန်ကန် ပေ။ အပူကို အပူနှင့်ခြေမှသာ ကြေသည့် အခါရှိသည်။ ဓာတ်တူနံတူ ဆေးဖက်ယူ၊ ဓာတ်တူသတ်က အသေရ ဆိုသည့်စာဆို ရှိသည်။ ဥပမာအားဖြင့် ကိုယ်တွင်းပူသဖြင့် ဆောင်းတွင် အအေး၊ ရေခဲရေသောက်၍ မရ။  အထက်သို့အပူပြန်ကန်ပြီး  လည် ချောင်းနာတတ်သည်။ အခန့်မသင့်လျှင် ရေခဲရေတစ်ကြိမ်သောက်ရုံဖြင့် အာသီး ရောင်နိုင်သည်။   အတွင်းပူသော်လည်း ရေနွေးကြမ်းပူပူလေးသောက်လိုက်မှသာ အတွင်းမှအပူကြေပြီး ရေငတ်လည်းပြေ နိုင်သည်။

ရှေးက မြန်မာလူကြီးများသည် ရာသီ ဥတုအလိုက် သင့်တင့်မျှတသောဓာတ်စာ ကို စားသုံးခြင်းဖြင့် အသက်ရှည်ကျန်းမာ ကြသည်။ ဆောင်းဦးပေါက်ဓာတ်စာတချို့ မှာ-

ကြက်သားနှင့် ရှောက်သီးသုပ်

    ကြက်သားသည် ပူ၍ချိုသောအစာဖြစ်သည်။   ရှောက်သီးမှာ   အေး၍ချဉ်သော အစာဖြစ်သည်။ လူကြီးများအတွက် ကြက် သား ၄၅ ကျပ်သားအောက်  အကောင် ငယ်၏အသားကို ချင်း၊ ကြက်သွန်ဖြူနှင့်   နူးအောင်ပြုတ်ပြီးနောက်  အသားနွှင်ပြီး ရှောက်သီးအမြွှာများဖြင့်    ရောသုပ်ပါ။  သင့်တင့်သောဟင်းခတ်အမွှေးအကြိုင်များ ထည့်နိုင်သည်။

ငါးကြင်းနှင့် မန်ကျည်းမှည့်ချက်

   ငါးကြင်းဖြူလတ်လတ်ကို   အသင့်အတင့် ခုတ်ပိုင်းပြီးနောက် ပဲဆီ သို့မဟုတ် နှမ်းဆီဖြင့် အနည်းငယ်ကြွပ်အောင်ကြော်ပါ။   ဆီစစ်ထားပြီးနောက် မန်ကျည်းမှည့် ရည်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ် ပြီးနောက်မှထည့်ကာ   ဟင်းပြန်ချက်ပါ။ တချို့က မန်ကျည်းသီးစိမ်းအူပေါက်ဖြင့် လည်း ချက်စားလေ့ရှိသည်။   မန်ကျည်း မှည့်ရည်သည်    ဝမ်းတွင်းမှအပူငြိမ်းပြီး ဝမ်းမှန်စေသည့်ဓာတ်စာဖြစ်သည်။

ဒန့်သလွန်သီးချဉ်ရည်ဟင်း

ဒန့်သလွန်သီးတောင့်ကို အနေတော် ပိုင်းဖြတ်၍ အာလူး၊ ခရမ်းသီး၊ ကုလားပဲ အနည်းငယ်တို့နှင့်ရောပြီး မန်ကျည်းမှည့် အရည်ထည့်ကာ ချဉ်ရည်ဟင်းချက်စားနိုင်သည်။ ခံတွင်းပျက်သောအခါ  ခံတွင်း ကောင်းစေရန်   မဆလာထည့်ချက်ခြင်း ဖြင့်   အခိုးအာကာသပွင့်သောဓာတ်စာ   ဖြစ်သည်။

မျှစ်နှင့်ချဉ်ပေါင်ကြော်

မျှစ်သည် အမျှင်များသဖြင့် ဝမ်းမှန်စေသည်။ ချဉ်ပေါင်ရိုးနီနှင့်ကြော်လျှင် ပို၍ ကောင်းသည်။  ချဉ်ပေါင်ကြော်သည် ခံတွင်းရှင်းစေပြီး      ဝမ်းတွင်းမှလေပူကို  အောက်သို့သက်စေသော  ဓာတ်စာဖြစ် သည်။ လေသက်ခြင်းဖြင့်လည်း ဝမ်းထဲမှ အပူကို ထုတ်ပစ်နိုင်သည်။

ငါးဖယ်ဆုပ်ချဉ်ရည်ဟင်း

    ငါးဖယ်ဆုပ်ဟုခေါ်သော်လည်း  ဈေးများတွင် အဆင်သင့်အသားခြစ်ပြီးရောင်းသည့် ငါးကြင်းခြစ်၊ ငါးမြစ်ချင်းခြစ် စသည်တို့ကိုလည်း      စားသုံးနိုင်သည်။ ဆောင်းရာသီတွင်  ရိုးရိုးမချက်ဘဲ   မန်ကျည်းမှည့်ရည်ဖြင့် ဆီလည်ရေလည်ချက် စားလျှင်  ပို၍သင့်လျော်သည်။ ပန်းငရုတ် ခေါ်  ငရုတ်ပွ၊  ငရုတ်သီးစိမ်းတောင့်များ ရောချက်လျှင်လည်း   စားကောင်းသော   ဆောင်းတွင်းဓာတ်စာ    ဟင်းလျာတစ်ပွဲ ရရှိနိုင်သည်။

ချဉ်စော်ကားသီးထောင်း

    အထက်အညာတွင် ဆီးဖြူသီးထောင်း စားသကဲ့သို့   ချဉ်စော်ကားသီးကိုလည်း ထောင်းစားလေ့ရှိသည်။   နွေရာသီတွင် ဆီးဖြူသီးသည် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ကိုကာကွယ်သည့်   ဓာတ်စာဖြစ်သကဲ့သို့ ဆောင်းရာသီတွင် ချဉ်စော်ကားသီးသည် အသားပပ်ခြင်းကို ကာကွယ်သောဓာတ်စာဖြစ်သည်။ ချဉ်စော်ကားသီးကို ရေစင်အောင်ဆေးပြီး ငရုတ်ဆုံတွင်ထောင်း သောအခါ  ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကိုလည်း နုပ်နုပ်စဉ်းထားပြီး ရော ထောင်းလျှင်   အကောင်းဆုံးဖြစ်သည်။ အစပ်ကြိုက်သူများက     ငရုတ်သီးစိမ်း အနည်းငယ်ထည့်ပြီး   ထောင်းစားလေ့ရှိ သည်။   ဆောင်းရာသီတွင်    ကိုယ်တွင်း အပူငုပ်ပြီး အပြင်အအေးပိတ်ဖွဲ့ကာ  အရေပြားချွေးပေါက်များ    ပိတ်လေ့ရှိသဖြင့်    အချဉ်၊   အစပ်အရသာရှိသော ဓာတ်စာများကို နေ့စဉ်စားပေးသင့်သည်။

ကြာဆံဟင်းခါး

    တစ်ခါတစ်ရံ ထမင်းဟင်းစားချင်စိတ် မရှိလျှင်   ကြာဆံဟင်းခါးစားပါက ချွေးထွက်ပြီး ခံတွင်းတွေ့ကာ လူကိုပေါ့ပါး စေသည်။   ဆောင်းရာသီနှင့်သင့်လျော် သောဓာတ်စာဖြစ်သည်။ ကြာဆံဟင်းခါး ချက်ရာတွင်ထည့်သော   မှိုခြောက်၊  ပန်း ခြောက်အပွင့်များသည် နှလုံးသွေးကြော ကျဉ်းရောဂါအတွက် ကောင်းသောဓာတ် စာဖြစ်သည်။

ခရမ်းချဉ်သီးပန်ထွေဖျော်

     ခရမ်းချဉ်သီးတွင် အင်းသီးနှင့်  ကိုင်း ခရမ်းချဉ်သီးဟူ၍ နှစ်မျိုးရှိသည်။ အချဉ် ကြိုက်လျှင် ကိုင်းခရမ်းချဉ်သီး၊ တောခရမ်း ချဉ်သီးများကိုသုံးပြီး ပန်ထွေဖျော်ပြုလုပ် နိုင်သည်။  ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းကာ ခရမ်းချဉ်သီးမီးဖုတ်ကို  အခွံ ခွာပြီး ထောင်းထားသောအနှစ်ကိုနယ်၍  ဆီအနည်းငယ်၊ ကြက်သွန်မိတ်၊  နံနံပင် အုပ်ကာ ပန်ထွေဖျော်ပြုလုပ်နိုင်သည်။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းတောင့် အနည်းငယ်ကို ကတ်ကြေးဖြင့်ညှပ်ထည့်ပါ။ အေးသောရာသီနှင့် အလွန်လိုက်သော အပွင့်စာဖြစ်သည်။

ကျောက်ဖရုံသီးဟင်းခါး

ကျောက်ဖရုံသီးသည် ဆီးရွှင်ပြီး အပူ အောက်သို့သက်စေသော  အသီးမျိုးဖြစ် သည်။ ဆောင်းရာသီတွင် ကိုယ်တွင်းအပူ အောင်းပြီး ချွေးမထွက်သောကြောင့် အောင်းနေသောအပူကို ထုတ်ပစ်ရန် အတွက် ဆီးမကြာခဏသွားရန်လိုသည်။ ကျောက်ဖရုံသီးကို   ခပ်ပါးပါးစိပ်ပြီး ငါးပိ စိမ်းစားအနည်းငယ်ထည့်၍ဖြစ်စေ၊ ပုစွန် ခြောက်နှင့်ဖြစ်စေ ဟင်းချိုချက်သောက် နိုင်သည်။ ဆီးကောင်းပြီး အအေးပတ်ခြင်း ဒဏ်ကိုပါ ကာကွယ်ပေးသောဓာတ်စာဖြစ် သည်။

ကြက်ဟင်းခါးသီးအစပ်ချက်

    ကြက်ဟင်းခါးသီးတွင်   အစိမ်းရောင် အသီးနှင့် အဖြူရောင်အသီးဟူ၍ နှစ်မျိုး ရှိသည်။  အစိမ်းရောင်က ပို၍ခါးသည်။ အဖြူက အခါးသက်သာသည်။ ကြက်ဟင်း ခါးသီးကို ဓားဖြင့်ပါးပါးလှီးပြီး  ဆားနှင့် နယ်ပါ။ ပြီးလျှင် ရေပြန်ဆေးပါ။ ငါးပိစိမ်း စားအနည်းငယ်နှင့် နယ်ပြီးနောက် လတ် ဆတ်သောပုစွန်တုပ်အကောင်လတ်လတ် နှင့် နှမ်းဆီ၊ နနွင်း၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီတို့နှင့်  ကောင်းစွာနယ်ပြီး  ချက်စား နိုင်သည်။

မဲဇလီရွက်ဟင်းချို

    ဆောင်းဦးပေါက်ရာသီဝင်စ  တန် ဆောင်မုန်းလတွင်   မဲဇလီပင်များ ဖူးပွင့် ကြသည်။ မဲဇလီဖူးကို သုပ်စားကြသကဲ့သို့ မဲဇလီရွက်နုလေးများကိုလည်း  ဟင်းချို ချက်၍သောက်နိုင်သည်။  တချို့က မဲဇလီ ရွက်နုကို   ကုလားပဲ၊   ပဲရာဇာ  စသည်တို့ နှင့်ရော၍လည်း   ဟင်းချိုချက်သောက် ကြသည်။  မဲဇလီရွက်နှင့်အဖူးသည်  ခါးသက်သောအရသာရှိပြီး    ဆေးဖက်ဝင်သည်။ ကိုယ်တွင်းရှိ  အပူ၊  အပုပ်များကို နိုင်သည်။ အူရောင်သောရောဂါကိုလည်း သက်သာစေပြီး       အစာကြေလေသက် စေသောဓာတ်စာမျိုးဖြစ်သည်။

MWD