ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

News Image

  • ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည်၊ အောက်တိုဘာ-၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင် လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရွှေသာလျောင်း တောင်ခြေ ဆင်အကအလှပြိုင်ကွင်းဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ တပ်မတော်အဆင့်မြင့်နည်းပညာသုံး ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရေး သုတေသနဌာနချုပ်မှ ဗိုလ်မှူးချုပ် မင်းနိုင်ဝင်း၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ကျောက်ဆည်အသင်း (ရန်ကုန်) ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီးမျိုးမြင့်၊ မြို့မိ၊မြို့ဖ ဦးကျော်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်ဆင်များမှ အောင်စေ၊ ပိုင်စေ သီချင်းဖြင့်ဧည့်ခံဖျော်ဖြေခဲ့ပြီး ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ဧည့်သည်တော်များအား ဆင်အကအလှပြိုင်ပွဲအမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ဆင်များမှ မြန်မာပြည်သား သီချင်းဖြင့် ဆင်ပြိုင်ကွင်းမှ ပြန်လည် ထွက်ခွဲခဲ့ပြီး ဇော်ဂျီမောင် ဧည့်ခံဆင်အဖွဲ့မှ ဆင်အကအလှစွမ်းရည်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး ဆင်အက အလှပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ တပ်မတော်အဆင့်မြင့် နည်းပညာသုံး ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ပစ္စည်းများထုတ်လုပ်ရေး သုတေသနဌာနချုပ်မှ ဗိုလ်မှူးချုပ်မင်းနိုင်ဝင်း၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင် နှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဆည်အသင်း(ရန်ကုန်)မှ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ မြို့မိ၊မြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်ဆင်အဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ဆုရရှိခဲ့သည့် ဆင်အဖွဲ့များအား ဆုများ ဆက်လက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။

                    

                                                                                              သက်မောင်(ကျောက်ဆည်)