ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှုမှ သူရဲကောင်းတစ်ဦးကို အသက်ပြန်သွင်းလိုက်တဲ့ အမေရိကန်ရေတပ်
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်ဆိုတာအမေရိကန်သမိုင်းမှာ မေ့ပျောက်လို့ မရနိုင်တဲ့နေ့ရက်တစ်ခု ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ပုလဲဆိပ်ကမ်းကို ဂျပန်တို့က လာရောက်ဗုံးကြဲတိုက်ခိုက်သွားလို့ ဖြစ်ပါတယ်။ ပုလဲဆိပ်ကမ်းဗုံးကြဲ တိုက်ခိုက်ခံရမှုမှာ အမေရိကန် စစ်ရေယာဉ်အများအပြား နစ်မြုပ်ခဲ့ရပြီး အဲဒီစစ်ရေယာဉ်တွေထဲမှာ USS Utah ဆိုတဲ့ စစ်ရေယာဉ်တစ်စင်းကလည်း အပါအဝင်ဖြစ်ပါတယ်။
တစ်နည်းပြောရမယ်ဆိုရင် အဲဒီစစ်ရေယာဉ်တွေဟာ အမေရိကန်ရေတပ်အတွက်တော့ တကယ့်ကို သူရဲကောင်းတွေပါပဲ။
ဒါကြောင့်လည်း ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှုမှာ နစ်မြုပ်သွားတဲ့စစ်ရေယာဉ်များရဲ့အမည်ကို နောက်ထပ် စစ်ရေယာဉ်များမှာ အသုံးပြုခြင်း မရှိခဲ့ပါဘူး။
ဒါပေမဲ့အခုတော့ အမေရိကန်ရေတပ်က ပုလဲဆိပ်ကမ်းသူရဲကောင်းတစ်ဦးကို ပြန်လည်အသက်သွင်းလိုက်ပါပြီ။ အဲဒါကတော့ မကြာခင်တပ်တော်ဝင်တော့မယ့် အဆင့်မြင့်တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို USS Utah လို့အမည်ပေးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ရေတပ်အနေနဲ့ အခုလိုမျိုးပုံစံနဲ့ စစ်ရေယာဉ်ကို နာမည်ပေးခြင်းက ပထမဆုံးလည်း ဖြစ်ပါတယ်။
Ref: IE
ကိုထက်
MWD
