ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံ စားသောက်ကုန်များအား ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေး

News Image

  • ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံ စားသောက်ကုန် များအား ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည်၊ ဒီဇင်ဘာ-၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူ့သက်သာဈေး ဖွင့်လှစ်ပြီး အခြေခံစားသောက်ကုန်များအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ဝက်သား(၃၅)ပိဿာ၊ အမဲသား(၂၅)ပိဿာ၊ ဆိတ်သား(၁၅)ပိဿာ၊ စားအုန်းဆီ (၁၀၀) ပိဿာ  ရောင်းချပေးခဲ့ကြောင်းနှင့် ဝက်သားတစ်ပိဿာအပြင်ပေါက်ဈေး ငွေ(၃၈၀၀၀)ဖြစ်သော်လည်း ငွေ(၂၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အမဲသားတစ်ပိဿာ အပြင်ပေါက်ဈေး ငွေ(၃၃၀၀၀)ကျပ် ဖြစ်သော်လည်း ငွေ(၂၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ဆိတ်သားတစ်ပိဿာ အပြင်ပေါက်ဈေး ငွေ(၄၂၀၀၀)ကျပ် ဖြစ်သော်လည်း ငွေ (၂၈၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာအပြင်ပေါက်ဈေး ငွေ(၁၁၀၀၀)ကျပ် ဖြစ်သော်လည်း ငွေ(၇၅၀၀) ကျပ်ဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

 သက်မောင်(ကျောက်ဆည်)