ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ငွေ ၇၂၃၀ ကျပ်ဖြင့် စားအုန်းဆီ ၂၅၅၄ ပိဿာ ရောင်းချပေး
ကျောက်ဆည် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ငွေ ၇၂၃၀ ကျပ်ဖြင့် ယမန်နေ့ နံနက်ပိုင်းကစတင်၍ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီ အရောင်းဆိုင်များမှ စားအုန်းဆီ ၂၅၅၄ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါစားအုန်းဆီများကို Resources Group Trading Co, Ltd မှ ရည်ညွှန်းဝယ်ဈေးတစ်ပိဿာ ငွေ ၆၁၄၀ ကျပ်ဖြင့် ဝယ်ယူခဲ့သည့် စားအုန်းဆီများဖြစ်ပြီး ဦးတင်အောင်လင်း(အမေထွား) ဆီအရောင်းဆိုင်မှ သင်္ဂတုံ ကျေးရွာပြည်သူများအား ၂၂၀ ပိဿာ၊ ဦးနန်းဦး(နဒီဧရာ) ဆီအရောင်းဆိုင်မှ အေးမြကြည်လင်ရပ်ကွက်၊ ထနောင်း တပ်ကျေးရွာနှင့်မိုင်းမောတပ်နယ်ပြည်သူများအား ၃၃၀ ပိဿာ၊ ဒေါ်သက်သက်မွန်(အနန္တဂုဏ်) ဆီအရောင်းဆိုင် မှ ကတဲကျေးရွာနှင့်မိုင်မောတပ်နယ် ပြည်သူများအား ၂၂၀ ပိဿာ၊ ဒေါ်သဇင်အောင်(နေလသုခ) ဆီအရောင်း ဆိုင်မှ ငပြောင်၊ ဈေးကုန်း၊ နောင်ခမ်းကျေးရွာပြည်သူများအား ၆၈၄ ပိဿာ၊ ဒေါ်သီတာ(စစ်ငြိမ်း) ဆီအရောင်းဆိုင် မှ ချောင်းဆုံပြည်သူများအား ၂၂၀ ပိဿာ၊ ဒေါ်ကေဇာခိုင်(ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ မြင်းကဘက် ကျေးရွာပြည်သူများအား ၂၂၀ ပိဿာ၊ ဒေါ်စန်းစန်းဌေး(နေလသုခ-၂) ဆီအရောင်းဆိုင်မှ ဈေးတန်း၊ မင်းရပ် ရပ်ကွက်ပြည်သူများအား ၆၆၀ ပိဿာ စုစုပေါင်း စားအုန်းဆီ ၂၅၅၄ ပိဿာ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတွင် ကျောက်ဆည်မြို့နယ်မှ စားသုံးဆီ အရောင်းဆိုင် များသာမက စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ ဆီအရောင်းဆိုင်များ ပါဝင်ခဲ့ပြီး အဆိုပါ ဆီအရောင်းဆိုင်များမှ သက်ဆိုင်ရာမြို့နယ်များအတွင်းရှိ ပြည်သူများအား စားအုန်းဆီများကို ရည်ညွှန်းဈေးများဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

,