Avatar: Fire and Ash ဇာတ်ကား ကမ္ဘာတစ်ဝန်းဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ထိ ရှိလာ
နယူးယောက် ဒီဇင်ဘာ ၂၉
Avatar : Fire and Ash ဇာတ်ကား၏ ကမ္ဘာတစ်ဝန်းဝင်ငွေမှာ ဒီဇင်ဘာ ၂၈ ရက်တွင် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ထိ ရှိလာ ကြောင်း သိရသည်။
Avatar : Fire and Ash ဇာတ်ကားသည် ခရစ္စမတ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၂၅ ရက် တစ်ရက်တည်းတွင် နိုင်ငံတကာနှင့် ပြည်တွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်တွင် ကမ္ဘာတစ်ဝန်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Avatar : Fire and Ash ဇာတ် ကားကို ဒီဇင်ဘာ ၁၈ ရက်တွင် ၂၀ ရာစုရုပ်ရှင်ကုမ္ပဏီက စတင် ရုံတင် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Avatar: Fire and Ash ကားသည် Avatar ဇာတ်ကားတွဲများ၏ တတိယ Avatar ဇာတ်ကား ဖြစ်ကြောင်း သိရသည်။
အဆိုပါ Avatar: Fire and Ash ဇာတ်ကားသည် ယခင် ရုံတင်ပြသခဲ့သည့် Avatar ဇာတ်ကားနှစ်ကားကဲ့သို့ပင် ကမ္ဘာတစ်ဝန်းဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထက် ရှိသည့် ဇာတ်ကား ဖြစ်လာနိုင်ကြောင်း သိရသည်။
ကမ္ဘာကျော် ဒါရိုက်တာကြီး ဂျိမ်းကင်မရွန်ကပင် တာဝန်ယူ ရိုက်ကူးပေးထားသည့် Avatar : Fire and Ash ဇာတ်ကားတွင် မင်းသမီး ဇိုးဆယ်ဒါနာ၊ ဆစ်ဂေါ်နီ ဝေဗာ၊ မင်းသား ဆန်ဝေါသင်တန် နှင့် စတီဖန်လန့်တို့ ပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။
ရတနာပုံ

,