ဗင်နီဇွဲလားစွမ်းအင် အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရန် အမေရိကန် အထောက်အပံ့ပေးနိုင်ဟု ထရမ့် ပြော
ဗင်နီဇွဲလားနိုင်ငံရှိ စွမ်းအင်အခြေခံအဆောက်အအုံများကို ရေနံ ကုမ္ပဏီ များက အကြာဆုံး ၁၈ လအတွင်း ပြန်လည်တည်ဆောက်ရန် အမေရိကန် က ကူညီထောက်ပံ့ငွေ ပေးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က NBC News နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားလိုက် ပါသည်။
"မိမိတို့က ၁၈ လဆိုသည်မှာ အကြာဆုံး ကြာမြင့်နိုင်သည့် အချိန်ကာလ တစ်ခုကို ပြောပြနေခြင်းဖြစ်ပါသည်။ ထို့ထက် ပိုတိုတောင်းသည့် အချိန် အတွင်းမှာ မိမိတို့ ဆောင်ရွက်ပေးနိုင်ပါသည်။ သို့ပေသည့် ငွေကုန်ကြေးကျ တော့များပါလိမ့်မည်။ ရေနံကုမ္ပဏီတွေက ထိုငွေကို သုံးစွဲပြီး မိမိတို့ဆီ ပြန်ဆပ်ရမှာပေါ့။ မဟုတ်ပါက ၎င်းတို့၏ အမြတ်ငွေကနေ ပြန်ပေး ရမှာပေါ့” ဟု အမေရိကန်ခေါင်းဆောင်က ထပ်လောင်း ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး - ၃
MM-News-Category
