ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့် ပတ်သက်၍ ကြားနာပွဲ (Oral Hearing) အပေါ် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ မိဘပြည်သူများထံ အသိပေးတင်ပြချက် (အပိုင်း - ၂)

News Image

  • ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည် ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့် ပတ်သက်၍ ကြားနာပွဲ (Oral Hearing) အပေါ် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၏ မိဘပြည်သူများထံ အသိပေး တင်ပြချက် (အပိုင်း - ၂)

တစ်ဖက်မှာလည်းပဲ ကျွန်တော်တို့အပေါ်မှာ ဘက်ပေါင်းစုံကနေပြီးတော့မှ မျက်စိဒေါက်ထောက်ကြည့်ပြီးတော့မှ ဖိအားတွေအမျိုးမျိုးရှိနေတဲ့အတွက် ကြောင့်မလို့ ဒါကိုလည်းပဲ ကျွန်တော်တင်းခံပြီးတော့မှ ကိုယ့်နိုင်ငံအတွက်ကို အကောင်းဆုံးကြိုးစားသွားကြမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ကလည်းပဲ သံမဏိနဲ့လုပ်ထားတဲ့ စက်ရုပ်တွေ မဟုတ်တဲ့ အခါကျတော့ လူသားတွေပီပီ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော တော်တော်လေးတော့ ပင်ပန်းတဲ့အနေအထားမျိုးလေးတွေတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိုလာရတဲ့ ခရီးစဉ်ကိုက လေယာဉ်ကို ၁၅ နာရီကျော်လောက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ပြီးတော့လည်းပဲ အချိန်ကွာဟချက်က နယ်သာလန်နဲ့ မြန်မာနိုင်ငံက ၅ နာရီခွဲ ရှိပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ တရားရုံးကနေပြီးတော့မှ ၆ နာရီထိုးလို့ တရားရုံး သိမ်းပြီးတော့မှ ပြန်လာမယ်ဆိုရင် မြန်မာနိုင်ငံမှာ ညသန်းခေါင်လောက်ဖြစ်နေပါပြီ။ အဲ့လို သန်းခေါင်လောက်ဖြစ်နေတဲ့ အချိန်ကျတော့မှပဲ တစ်နေကုန်လုံးအတွက် လုပ်စရာရှိတာ လုပ် အနောက်တိုင်းဌာနချုပ်ကို ပြန်ပြီးတော့မှ သတင်းပို့စရာတွေ ဆက်သွယ်ပြီးတော့မှ အချက်အလက် ရှာရတာတွေ နောက်ပြီးတော့မှ နောက်နေ့အတွက် ပြင်ဆင်ပြီးတော့ ဖတ်ရတာတွေ ဒါတွေ အကုန်လုံးကို ညဉ့်နက်တဲ့အထိ လုပ်ကြရပါတယ်။ သို့သော်လည်းပဲ နောက်တစ်နေ့ မနက်ကျလို့ရှိရင်တော့ ကျွန်တော်တို့ မနက်စောစော ထတဲ့အချိန်မှာတောင်မှပဲ မြန်မာနိုင်ငံမှာ နေ့လယ် ဖြစ်နေပါပြီ။ အဲ့တော့ ရုံးချိန်အတွင်းမှာ မြန်မာနိုင်ငံက အဖွဲ့တွေ အလုပ်တွေ လုပ်နိုင်ဖို့အတွက်ကို ကျွန်တော်တို့က စောစော ပြန်ထရပြန်ပါတယ်။ တရားရုံးမှာလည်းပဲ တစ်နေ့ကို ကျွန်တော်တို့ ၆ နာရီ ထိုင်နေကြရတာ ဖြစ်ပါတယ်။ အဲ့လို ထိုင်နေရတာလည်းပဲ မျက်တောင်ခတ်ဖို့တောင်မှ အတော်လေး ကြိုးစားပြီး သတိထားရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့အပေါ်မှာ နည်းလမ်းအမျိုးမျိုးနဲ့ AI ကို သုံးပြီးတော့တောင်မှပဲ ပုံရိပ်ကို ဖျက်ဖို့ လုပ်နေကြတာလည်းပဲ အများကြီး ရှိတယ်။ အဲ့တော့ ဒီလိုအခြေအနေမျိုးမှာ မလှုပ်မယှက်ဘဲနဲ့ ၆ နာရီ ထိုင်ရတဲ့ ဒုက္ခကလည်း တော်တော်တော့ မသေးဘူးလို့ ကျွန်တော် ပြောရမှာပေါ့နော်။

News Video