ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) အပေါ် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ မိဘပြည်သူများထံ အသိပေးတင်ပြချက် (အပိုင်း - ၄)

News Image

  • ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည် ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့် ပတ်သက်၍ ကြားနာပွဲ (Oral Hearing) အပေါ် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၏ မိဘပြည်သူများထံ အသိပေး တင်ပြချက် (အပိုင်း - ၄)

ဒါ့အပြင်ကိုပဲ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့မှ ထဲထဲဝင်ဝင်သိရှိကြတဲ့ ပညာရှင်ကြီးတွေ လူကြီးတွေ လူငယ်တွေ လူလတ်တွေ အများကြီးရှိပါတယ်။ သူတို့ကိုလည်းပဲ ကျွန်တော်တို့ရဲ့ မိဘပြည်သူတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ သမိုင်းကြောင်းကစပြီးတော့ ခြေခြေမြစ်မြစ် လည်းသိရှိနိုင်အောင် နောင်ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ အကျိုးဆက်တွေကိုလည်း ပြည်သူ တွေနားလည်လာအောင် ဝိုင်းပြီးတော့မှ ရှင်းလင်းပြောပြ ဆွေးနွေးပေးကြဖို့လည်းပဲ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ အများပြည်သူတွေအနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လုပ်ငန်းအဖွဲ့နဲ့ တစ်သွေးတစ်သားတည်းနဲ့  ပူးပေါင်းပြီးတော့မှ ဆက်ပြီးတော့ ထောက်ခံ အားပေးသွားကြပါလို့လည်းပဲ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့ အင်မတန်ရှုပ်ထွေး လှတဲ့ ဇာတ်လမ်းကြီး တစ်ပုဒ်ထဲက အခန်းကဏ္ဍလေးတစ်ခုပဲဖြစ်ပါတယ်။ A part of the political drama ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့တင်ပဲ ဒီဇာတ်လမ်းကပြီးသွားဦးမှာ မဟုတ်သေးပါဘူး။ ကျွန်တော် ဆက်ပြီးတော့မှ ကြိုးစားပြီးတော့မှ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွား ကိုယ့်နိုင်ငံရဲ့ တည်တံ့ခိုင်မြဲရေးအတွက်ကို ကာကွယ်သွားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ ဒီနေရာမှာရောက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်တိုင်ရဲ့ နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်တာဖြစ်သလို နောင်လာနောက်သားတွေအတွက်လည်းပဲ ကျွန်တော်တို့ရဲ့ နိုင်ငံကြီး ဆက်လက်ပြီးတော့မှ တည်တံ့ခိုင်မြဲရေးအတွက်ကိုလည်းပဲ ကာကွယ်နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီမှာ လာပြီးတော့မှ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားပြီးတော့မှ ကာကွယ်နေတယ် ဆိုသော်ငြားလည်းပဲ ကျွန်တော်တို့ရဲ့ ပင်ပန်းနေတဲ့ ကလေးတွေ ကျွန်တော်တို့ထက် ပိုပြီး တော့မှ စွန့်လွှတ်စွန့်စားနေတဲ့ကလေးတွေလည်း ကျွန်တော်တို့နိုင်ငံမှာ ကိုယ့်နိုင်ငံကိုယ် ကာကွယ်နေကြတဲ့ သူရဲကောင်းတွေအများကြီး ရှိပါတယ်။ သူတို့နဲ့စာလို့ရှိရင် ကျွန်တော်တို့ ဘယ်လောက်မှ ပင်ပန်းတယ်လို့မဆိုနိုင်ပါဘူး။ ကျွန်တော်တို့က အရိပ်ထဲမှာ နေရပါသေးတယ်။ ပုံမှန်နေရ စားရပါသေးတယ်။ ပုံမှန်အိပ်ရ ပါသေးတယ်။ တချို့က ဒီ့ထက်ပိုပြီးတော့မှ ခက်ခဲ ကြမ်းတမ်းပင်ပန်းတဲ့ ဘဝနဲ့တိုင်းပြည်ကို ကာကွယ်နေကြတာဖြစ်ပါတယ်။ သူတို့ကို လေးစား သောအားဖြင့် ကျွန်တော်တို့ဆက်ပြီးတော့မှ ကြိုးစားပါမယ်။ ကျွန်တော်တို့ကိုလည်းပဲ အားလုံး က ဝိုင်းဝန်းပြီးတော့မှ ဆက်လက်ပြီးတော့မှ အားပေးထောက်ခံကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။ သောတရှင် မိဘ ပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 

News Video