ထရမ့်က ဂရင်းလန်းကျွန်း၌ အမေရိကန်အလံ ကိုင်ထားသည့်ပုံကို လူမှုမီဒီယာပေါ်၌ တင်ထား

News Image

  • ထရမ့်က ဂရင်းလန်းကျွန်း၌ အမေရိကန်အလံ ကိုင်ထားသည့်ပုံကို လူမှုမီဒီယာပေါ်၌ တင်ထား

  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း၌ အမေရိကန်အလံကိုင်ထားသည့်ပုံကို ဇန်နဝါရီလ ၂၀ ရက်တွင်Truth Social လူမှုမီဒီယာပေါ်၌ တင်ထားကြောင်း သိရသည်။

အဆိုပါပုံတွင် ဒေါ်နယ်ထရမ့်က အမေရိကန်အလံကို ကိုင်ထားပြီး ၎င်းနှင့်အတူအမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုလည်း ပါဝင်သည်။ ၎င်းတို့၏အနီးတွင် ၂၀၂၆ ခုနှစ်တွင် တည်ထောင်လိုက်သည့် အမေရိကန်နိုင်ငံ၏ ပိုင်နက်နယ်မြေ ဂရင်းလန်းကျွန်းဟုအဓိပ္ပာယ်ရသော ဆိုင်းဘုတ်တစ်ခုကိုလည်း ထောင်ထားသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက်မှာပင်ထရမ့်သည် ဘဲဥပုံရုံးခန်း၌  ဥရောပဒေသမှခေါင်းဆောင်များနှင့် တွေ့ဆုံမှုပြုလုပ်နေစဉ် ၎င်း၏နောက်တွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂရင်းလန်းနှင့် ဗင်နီဇွဲလားတို့ကို အမေရိကန်အလံအောက်တွင်ရှိကြောင်း ဖော်ပြထားသည့်ပုံကိုပါ လူမှုမီဒီယာ၌တင်ထားသည်ကိုတွေ့ရသည်။

ထို့ပြင် ထရမ့်သည် ဂရင်းလန်းကျွန်း အရေးနှင့်ပတ်သက်၍ NATO တပ်ဖွဲ့၏ အတွင်းရေးမှူးချုပ် မာ့ရတ်နှင့်တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးကြောင်း ပြောထားသည်။ ထို့အတူ အားလုံးသိပြီးတဲ့အတိုင်းဂရင်းလန်းက အမျိုးသားရေးနဲ့ ကမ္ဘာ့လုံခြုံရေးအတွက် အရေးပါတဲ့အတွက် နောက်ပြန်လှည့်သွားမှာ မဟုတ်ပါဘူးဟု ထရမ့်က ရေးထားသည်။

MWD