အမေရိကန်အရှေ့မြောက်ပိုင်းတွင် တိုက်ခတ်နေသော ဆောင်းရာသီ မုန်တိုင်းကြောင့် လွှတ်တော်မဲခွဲပွဲများ ရွှေ့ဆိုင်း
အမေရိကန် အရှေ့မြောက်ပိုင်းဒေသတွင် ပြင်းထန်သော ဆောင်းရာသီ မုန်တိုင်းကျရောက်နေပြီး လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်းနှင့် ကြန့်ကြာမှုများဖြစ်ပေါ်နေသောကြောင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးသည် ယခုသီတင်းပတ်၏ ပထမဆုံး မဲခွဲဆုံးဖြတ်မှုများကို အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) သို့ ရွှေ့ဆိုင်းလိုက်သည်။
အောက်လွှတ်တော်အနေဖြင့် မဲခွဲမှုများကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့သို့ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ရစ်ပတ်ဘလီကန် သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။ အလားတူပင် အထက်လွှတ်တော် ၏ ပထမဆုံး မဲခွဲမှုအစီအစဉ်ကိုလည်း ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း အထက် လွှတ်တော် ရစ်ပတ်ဘလီကန်ပါတီ၏ ဒုတိယခေါင်းဆောင် (Whip) ဂျွန် ဘာရာဆို၏ ရုံးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်နေ့ညတွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) နှင့် သက်ဆိုင်သော အစိုးရလုပ်ငန်းအချို့ ရပ်ဆိုင်းနေရခြင်း (Partial government shutdown)နှင့် လွှတ်တော်အမတ်များအကြား ဖက်ဒရယ်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒများအတွက် ဆွေးနွေးနေရချိန်တွင် ယခုကဲ့သို့ မဲခွဲမှုများ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
ထို့အပြင် သမ္မတ ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် လွှတ်တော်၌ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union address) ကို မြွက်ကြားရန် စီစဉ်ထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,