အီရန်အပေါ် အမေရိကန်-အစ္စရေးတို့ တိုက်ခိုက်မှုအပြီး ရေနံတင်သင်္ဘောအချို့ ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းလာကြ
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ကြားရှိ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းသွားလာခြင်းမှရေနံတင်သင်္ဘောအချို့ ရှောင်ကြဉ်နေကြကြောင်း CNN က တွေ့ရှိခဲ့ရသည့် သင်္ဘောခြေရာခံ အချက်အလက်များတွင် ဖော်ပြထားသည်။
သို့သော်လည်း အခြားသင်္ဘောအချို့မှာမူ ထိုရေလမ်းကြောင်းမှ ဆက်လက်ဖြတ်သန်းနေကြဆဲဖြစ်ကြောင်း Marine Traffic ၏ အချက်အလက်များ က ဆိုသည်။ အဆိုပါရေလက်ကြားသည် ရေနံကြွယ်ဝသော ပါရှန် ပင်လယ်ကွေ့မှ ကမ္ဘာ့အနှံ့အပြားသို့ ရေနံစိမ်းများတင်ပို့နိုင်သည့် တစ်ခုတည်းသော ရေလမ်းကြောင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရေလက်ကြား၏ တစ်ဖက်တစ်ချက်စီတွင် သင်္ဘောအချို့ စုပုံလာနေကြောင်း သိရှိရသည်။
တိုက်ခိုက်မှုများနှင့် အီရန်၏တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်း အချို့သော ရေနံကုမ္ပဏီများသည် ၎င်းတို့၏ရေနံတင်ပို့မှုများကို ထို ရေလမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ခြင်းအား ခေတ္တရပ်ဆိုင်းထားကြောင်း ကုန်သွယ်ရေးသတင်းရင်းမြစ်များက Reuters သို့ ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,