ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အစိုးရစက်မှုလက်မှုသိပွံ (ကျောက်ဆည်) ၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

News Image

  • ပြည်သူ့သက်သာဈေးဖွင့်လှစ်၍  အစိုးရစက်မှုလက်မှုသိပွံ (ကျောက်ဆည်) ၌  အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ကျောက်ဆည် မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းနှင့် အသား၊ ငါးဒိုင်များ ပူးပေါင်း၍ ပြည်သူများအခြေခံစားသောက်ကုန်များ ဝယ်ယူရာ၌ အဆင်ပြေစေရေး ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ငါးနှင့် စားအုန်းဆီ များအား စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ၌ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ရောင်းချရာ၌ စားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေး ငွေ(၇၃၆၀)ကျပ်ဖြင့် ဝန်ထမ်း တစ်ဦးလျှင် ၀ ဒဿမ ၅ ပိဿာဖြင့်  စားအုန်းဆီ ၁၀၀ ပိဿာ၊ ဝက်သား၊ အမဲသား၊ ဆိတ်သားတို့အား ဝန်ထမ်း တစ်ဦးလျှင် တစ်ပိဿာ နှုန်းဖြင့် ဝက်သားတစ်ပိဿာငွေ ၂၆၀၀၀ ကျပ်ဖြင့် ၃၅ ပိဿာ၊ အမဲသားတစ်ပိဿာ ငွေ ၂၅၀၀၀ ကျပ်ဖြင့် ၂၅ ပိဿာ၊ ဆိတ်သားတစ်ပိဿာငွေ ၂၈၀၀၀ ကျပ်ဖြင့် ၁၅ ပိဿာ အသီးသီး ရောင်းချပေး ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)