ဗီယက်နမ်၌ လေယာဉ်ဆီပြတ်လပ်မှုကြောင့် လေကြောင်းခရီးစဉ် လျှော့ချရဖွယ်ရှိနေ

News Image

  • ဗီယက်နမ်၌ လေယာဉ်ဆီပြတ်လပ်မှုကြောင့် လေကြောင်းခရီးစဉ် လျှော့ချရဖွယ်ရှိနေ

      အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့က လေယာဉ်ဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီးနောက် ဗီယက်နမ်နိုင်ငံ၌ ဧပြီလမှစ၍ လေကြောင်းခရီးစဉ်များ လျှော့ချရဖွယ်ရှိကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။ ဗီယက်နမ်နိုင်ငံသည် လေယာဉ်ဆီလိုအပ်ချက်၏ သုံးပုံနှစ်ပုံကျော်ကို ပြည်ပမှတင်သွင်းနေရပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းကို တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ မှာယူနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက မတ်လ ၆ ရက်နှင့် တရုတ်နိုင်ငံက မတ်လ ၁၁ ရက်တို့တွင် လေယာဉ်ဆီအပါအဝင် ရေနံထွက်ကုန်တင်ပို့မှုများကို တားမြစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များကို    ပြန်လည်သုံးသပ်ရန်နှင့် လေဆိပ်များတွင် လေယာဉ်ရပ်နားရန်နေရာများ ထပ်မံပြင်ဆင်ထားရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားသည်။  အဓိကသွင်းကုန် လုပ်ငန်းများဖြစ်သော ပက်ထရိုလီမက်နှင့် စကိုင်းပက်တို့ကလည်း လောင်စာဆီကို မတ်လအတွက်သာ အာမခံနိုင်တော့ကြောင်း ပြောထားသည်။ 

ဗီယက်နမ်အစိုးရသည် စွမ်းအင်ဖူလုံရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မတ်လ ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သလို ထိုင်းသံအမတ်ကြီးနှင့်လည်း မတ်လ ၁၃ရက်တွင်တွေ့ဆုံကာ အကူအညီတောင်းခံထားသည်။ ထို့ပြင် လောင်စာဆီဝယ်ယူနိုင်ရေး ကြိုးပမ်းမှုအဖြစ်  အရင်းအမြစ်အသစ် ရှာဖွေမှုမှာ ခက်ခဲနေသည့်အပြင် စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်နေခြင်းကလည်း လေကြောင်းကဏ္ဍကို အကျပ်ရိုက်စေသည်။

MWD