ဖိလစ်ပိုင်၌ စက်သုံးဆီစျေးတင်ရောင်းသည့် ဆီဆိုင် ၄၀၀ ကျော်ပိတ်ထားရ

News Image

  • ဖိလစ်ပိုင်၌ စက်သုံးဆီစျေးတင်ရောင်းသည့် ဆီဆိုင် ၄၀၀ ကျော်ပိတ်ထားရ

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် စက်သုံးဆီစျေးနှုန်းများ မြှင့်တင်ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၄၀၀ ကျော်ကိုလုပ်ငန်းပိတ်သိမ်းထားကြောင်း ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က မတ်လ ၂၃ ရက်တွင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ဆီဆိုင် ၂၇၃ ဆိုင်သာ ပိတ်ထားရသော်လည်း ယခုအခါ၄၀၃ ဆိုင်အထိတိုးလာခြင်းဖြစ်သည်။ 

ရဲတပ်ဖွဲ့သည် တစ်နိုင်ငံလုံးရှိ ဆီဆိုင် ၁၄၃၁၃ ဆိုင်ကို စောင့်ကြည့်စစ်ဆေးနေပြီး လက်ရှိနိုင်ငံအတွင်းရှိ စက်သုံးဆီလက်ကျန်မှာ ဧပြီလလယ်အထိသာ အသုံးပြုနိုင်မည်ဟုခန့်မှန်းထားသည်။

လက်ရှိတွင် တာဝန်ရှိသူများသည် စက်သုံးဆီတရားမဝင်ရောင်းချခြင်း၊ သိုလှောင်ခြင်းနှင့် စျေးကစားခြင်းဆိုင်ရာ အမှုများကို နယ်မြေအသီးသီး၌ အမှုဖွင့်အရေးယူထားသည်။ ဆီဆိုင်အချို့ပိတ်သိမ်းခြင်းသည် စျေးနှုန်းကစားရန် ရည်ရွယ်ချက်ရှိနိုင်သည်ဟု သံသယရှိသဖြင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ အထူးသဖြင့် စျေးနှုန်းမမှန်ကန်စေရန်နှင့် ဈေးကစားရန်ရည်ရွယ်ပြီး လုပ်ငန်းရပ်နားထားသည့် ဆီဆိုင်များကို တာဝန်ရှိသူများက အနီးကပ် စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။

Ref: Xinhua

MWD