ရုရှားစစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ခရိုင်းမီးယား တွင် ပျက်ကျ
အင်္ဂါနေ့ (မတ် ၃၁) ညနေပိုင်းက ခရိုင်းမီးယားတွင် ရုရှား An-26 စစ်ဘက် ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ် ပါလာသူ ၂၉ ဦးစလုံး သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ အဆိုအရ အဆိုပါလေယာဉ်သည် မဟာဗျူဟာမြောက် ပင်လယ်နက်ကျွန်းဆွယ်ပေါ်တွင် ပုံမှန်ပျံသန်းမှု ပြုလုပ်နေစဉ် ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်အပေါ် “ပြင်ပမှ သက်ရောက်မှုရှိသည့် လက္ခဏာရပ်များ မရှိ” ဟု ပြောကြားခဲ့ရာ ၎င်းမှာ ယူကရိန်း ဘက်မှ ပစ်ချခြင်းမဟုတ်ကြောင်း ရည်ညွှန်းနေခြင်းဖြစ်သည်။ TASS သတင်း ဌာနကမူ လေယာဉ်သည် တောင်ကုန်းတစ်ခုကို ဝင်တိုက်ကာ ပျက်ကျ ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။
RIA Novosti သတင်းဌာန၏အဆိုအရ ကနဦးအချက်အလက်များက လေယာဉ်တွင် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ခုခု ကြုံတွေ့ခဲ့ရနိုင်ကြောင်း ဖော်ပြထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,