အလုံမြို့နယ်၌ အခြေခံတရုတ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

News Image

  • အလုံမြို့နယ်၌ အခြေခံတရုတ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် မတ် ၃၀

 

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံတရုတ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။

 

ရှင်းလင်းပြောကြား

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျောင်းသင်ခန်းစာများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံတရုတ်စာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းဆရာ ဦးတင်မောင်မောင်က သင်ကြားပို့ချမည့် အခြေခံတရုတ်စာ သင်ခန်းစာအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို နံနက် ၁၀နာရီခွဲမှ ၁၂ နာရီအထိ မတ် ၉ ရက်မှ စတင်သင်ကြားပေးလျက်ရှိရာ ဧပြီ ၁၀ ရက်အထိ သင်တန်းကာလ ငါးပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

MDN