အမေရိကန်နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီထားမှုအပေါ် သတိမူလျက်ရှိသော်လည်း ယင်းနိုင်ငံ၏ ရည်ရွယ်ချက်ကို အကဲဖြတ်မည်ဟု အီရန်ပြော
အီရန်နိုင်ငံသည် အမေရိကန်နှင့် အပစ် အခတ်ရပ်စဲထားရန် သဘောတူညီထားမှု အပေါ် သတိမူလျက်ရှိသော်လည်း ယင်းနိုင်ငံ ၏ရည်ရွယ်ချက်ကို အကဲဖြတ်ရန်အတွက် အမေရိကန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ဂျီနီဗာမြို့ရှိ ကုလ သမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်း ကိုယ်စားလှယ် အလီဘာရိုင်နီက ဧပြီလ ၈ ရက်တွင် ပြောကြားထားသည်။
အီရန်အနေဖြင့် တစ်ဖက်နိုင်ငံအပေါ် လုံးဝယုံကြည်မှုမရှိကြောင်း၊ ထို့ကြောင့် မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့ များကလည်း အသင့်အနေအထားရှိနေ ကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် တစ်ဖက်နိုင်ငံ သို့မဟုတ် အမေရိကန်ပြည်ထောင်စု၏ ရည်ရွယ်ချက်မည်မျှအထိ လေးနက်မှုရှိသည်ကို နားလည်နိုင်ရန် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဘာရိုင်နီက အမေရိကန်သတင်း ဌာနတစ်ခုအား ပြောကြားသည်။
အီရန်နိုင်ငံသည် အမေရိကန်နှင့် အပစ် အခတ်ရပ်စဲရေးအတွက် ၎င်းတို့က အဆိုပြုထားသည့် အချက် ၁၀ ချက်ပါအဆိုပြုချက် တစ်ရပ်ကို အမေရိကန်အစိုးရထံ ပေးအပ် ထားပြီးဖြစ်သည်။
အမေရိကန်နှင့် အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေးဖြစ်ပေါ်ခြင်းနှင့် အီရန်နိုင်ငံမှ အဆိုပြုထားသော အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်အပေါ် အခြေခံ၍ ဆွေးနွေးမှုများစတင်ခြင်းသည် အီရန်နိုင်ငံအတွက် အောင်ပွဲတစ်ခုဖြစ်သည် ဟုယူဆကြောင်း အမေရိကန်ပညာရှင် တစ်ဦးဖြစ်သူ မာလက်ဒူဒါကော့က ဖော်ပြထားကြောင်း သိရသည်။
MWD

,