သမ္မတဒေါ်နယ်ထရမ့် အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အီရန်နိုင်ငံအတွင်း ပျောက်ဆုံးခဲ့သော လေသူရဲအား ကယ်ဆယ်ခဲ့မှုအခြေအနေကို ရှင်းလင်းပြောကြားမည်
သမ္မတ ဒေါ်နယ်ထရမ့်သည် ဧပြီ ၆ ရက်နေ့ အရှေ့ဘက်စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲခန်းမ၌ သတင်းထောက်များနှင့်တွေ့ဆုံကာ မေးခွန်းများကို ဖြေကြားသွားရန် ရှိနေသည်။ အဆိုပါ ရှင်းလင်းပွဲတွင် သမ္မတသည် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်မည်ဖြစ်ပြီး အီရန်နိုင်ငံအတွင်း ပျောက်ဆုံးခဲ့သော အမေရိကန် လေသူရဲတစ်ဦးအား ကယ်ဆယ်နိုင်ခဲ့သည့် အောင်မြင်မှုနှင့် ပတ်သက်၍ အဓိကထား ပြောကြားသွားမည်ဖြစ်သည်။
မူလက အဆိုပါသတင်းစာရှင်းလင်းပွဲကို သမ္မတရုံးခန်း (Oval Office) ၌ ကျင်းပရန် စီစဉ်ထားသော်လည်း ယင်းသို့ပြုလုပ်ပါက သတင်းထောက် အဖွဲ့အနည်းငယ်သာ တက်ရောက်ခွင့်ရရှိမည်ဖြစ်သောကြောင့် ယခုကဲ့သို့ နေရာပြောင်းလဲကျင်းပခြင်းဖြစ်သည်။ သမ္မတထရမ့်သည် ယခုနှစ် အစောပိုင်းကလည်း ၎င်း၏ အရေးပေါ်အခွန်စည်းကြပ်မှုများကို တရားရုံးချုပ်က ပယ်ချခဲ့ပြီးနောက် ယင်းခန်းမ၌ပင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ဖူးသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,