ဆွေးနွေးပွဲများအတွက် ကောင်းမွန်သော အစပျိုးမှုတစ်ခုဖြစ်လာစေရန် အမျိုးသမီး ၈ ဦးကို လွှတ်ပေးရန် အီရန်ခေါင်းဆောင်များကို ထရမ့် တောင်းဆို

News Image

  • ဆွေးနွေးပွဲများအတွက် ကောင်းမွန်သော အစပျိုးမှုတစ်ခုဖြစ်လာစေရန် အမျိုးသမီး ၈ ဦးကို လွှတ်ပေးရန် အီရန်ခေါင်းဆောင်များကို ထရမ့် တောင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "မိမိ၏ ကိုယ်စားလှယ်များနှင့် မကြာမီ ဆွေးနွေးပွဲများ ပြုလုပ်တော့မည့် အီရန်ခေါင်းဆောင်များအနေဖြင့် အဆိုပါအမျိုးသမီးများကို ပြန်လွှတ်ပေးပါက များစွာ ကျေးဇူးတင်မိမည်ဖြစ်သည်။ ၎င်းတို့အပေါ် သင်တို့၏လုပ်ဆောင်ချက်ကို ဆွေးနွေးပွဲတွင် လေးစားမှုရှိရှိ တုံ့ပြန်လိမ့်မည်ဟု အသေအချာ ယုံကြည်ပါသည်။ ၎င်းတို့အား အန္တရာယ် တစ်စုံတစ်ရာမပြုပါနှင့်! ဤသည်မှာ ဆွေးနွေးပွဲများအတွက် အလွန်ကောင်းမွန်သော အစပျိုးမှုတစ်ခုဖြစ်လာပါလိမ့်မည်" ဟု Truth Social လူမှုကွန်ရက်တွင် အမျိုးသမီး ၈ ဦး၏ ဓာတ်ပုံများနှင့်အတူ ရေးသားဖော်ပြခဲ့သည်။

ဓာတ်ပုံတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တီဟီရန်မြို့တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သူ ဘီတာ ဟမ်မာတီ (Bita Hemmati) ဖြစ်ကြောင်း Fox News နှင့် အခြားသတင်းဌာနများက အတည်ပြုထားပြီး ကျန်ရှိသော အမျိုးသမီးများမှာ မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။ ထရမ့်သည် အီရန် အစိုးရ၏ ဆန္ဒပြသူများကို ဖမ်းဆီးထောင်ချခြင်းနှင့် ကွပ်မျက်ခြင်းတို့ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး