ယူကရိန်းပဋိပက္ခအဆုံးသတ်ကို ရုရှားသိရှိပြီးဖြစ်ကြောင်း သမ္မတပူတင် ပြောကြား

News Image

  • ယူကရိန်းပဋိပက္ခအဆုံးသတ်ကို ရုရှားသိရှိပြီးဖြစ်ကြောင်း သမ္မတပူတင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းပဋိပက္ခသည် မည်သို့ အဆုံးသတ်မည်ကို ရုရှားနိုင်ငံအနေဖြင့် ကြိုတင်သိရှိထားပြီးဖြစ်ကြောင်းနှင့် ရန်သူများသည် ရုရှား၏အောင်ပွဲအား မည်သို့ပုံဖော်ရမည်ကိုသာ အလုပ်ရှုပ်နေကြကြောင်း မကြာသေးမီကပြုလုပ်ခဲ့သည့် မြို့နယ်ကိုယ်စားလှယ် များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ 

နိဇ်နီ နော့ဗ်ဂေါရော့ဒ် မြို့တော်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ အီဗန်နီ ချင်ဆော့ဗ်၏ "ရန်သူများပင်လျှင် ရုရှား၏ အောင်ပွဲကို သံသယမရှိတော့ကြောင်း" ပြောဆိုချက်အပေါ် သမ္မတပူတင်က ထိုသို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စစ်ရေးဆောင်ရွက်မှုများသည် ရှုပ်ထွေးအန္တရာယ်များသည့်အတွက် အချိန်မတိုင်မီ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းထက် ချမှတ်ထားသောရည်မှန်းချက်များ အောင်မြင်ရေးကိုသာ အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ပူတင်က သတိပေးပြောဆိုခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့၏ စစ်ဆင်ရေးရည်မှန်းချက်များဖြစ်သော ယူကရိန်းနိုင်ငံအား စစ်လက်နက်ဖြုတ်သိမ်းရေး၊ နာဇီဝါဒ ပပျောက်ရေးနှင့် ရုရှားစကားပြောဆိုသူများအား အကာအကွယ်ပေးရေး စသည့် အချက် များသည် ယနေ့တိုင် ပြောင်းလဲခြင်းမရှိကြောင်း အခိုင်အမာ ဆိုထားသည်။ 

ထို့အပြင် နောက်ပိုင်းတွင် ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒပြုခဲ့သည့် ဒေသများ ကို အသိအမှတ်ပြုရေးသည်လည်း အရေးကြီးသော ရည်မှန်းချက်တစ်ခု ဖြစ်လာခဲ့သည်။ ရုရှားအစိုးရက ၎င်းတို့၏ တောင်းဆိုချက်များ ပြည့်ဝ ပါက သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် အသင့်ရှိကြောင်း ပြောဆိုထား သော်လည်း ယူကရိန်းဘက်ကမူ ဒွန်ဘတ်စ်ဒေသမှ တပ်ဖွဲ့များ ရုပ်သိမ်းရန် ငြင်းဆန်နေဆဲဖြစ်သည်။ ထိုသို့သော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု များသည် လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အဓိက အတားအဆီးဖြစ်နေဆဲပင် ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး