ကျောက်ဆည်မြို့၌ အမျိုးသမီး ၂၀ ဦးအား မိသားစု အပိုဝင်ငွေ ရှာဖွေနိုင်ရေး ခြင်းတောင်း ရက်လုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်

News Image

  • ကျောက်ဆည်မြို့၌ အမျိုးသမီး ၂၀ ဦးအား မိသားစု အပိုဝင်ငွေ ရှာဖွေနိုင်ရေး ခြင်းတောင်း ရက်လုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်

ကျောက်ဆည်၊ ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ အမျိုးသမီး ၂၀ ဦးအား မိသားစုအပိုဝင်ငွေ ရှာဖွေ နိုင်ရေး ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းကစတင်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ခြင်းတောင်း ရက်လုပ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခြင်းတောင်းရက်လုပ်သည့် နည်းပညာများ တတ်ကျွမ်းခဲ့ပါက သင်တန်းသူများအနေဖြင့် မိမိတို့၏ မိသားစု လုပ်ငန်းများ လုပ်ကိုင်ရင်း အားလပ်သည့်အချိန်များ၌ ပလတ်စတစ် လက်ဆွဲခြင်းတောင်း ရက်လုပ်ပြီး ရောင်းချ ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်းနှင့် ခြင်းတောင်းရက်လုပ်ရောင်းချရာတွင် အကျိုးအမြတ်အနေဖြင့် ထက်ဝက်မြတ်သည့် ပညာဖြစ်သည့်အတွက် သင်ပေးရခြင်းဖြစ်ကြောင်း သင်တန်းနည်းပြ ဒေါ်အိအိစိုးက ပြောပြသည်။

ပလတ်စတစ်ခြင်းတောင်းလုပ်နည်းရက်သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၂၁ ရက်နေ့မှ ဧပြီ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)