ချစ်ကြည်ရေးခရီးလည်ပတ်ရန် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ရောက်ရှိ
နေပြည်တော် မေ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48)နှင့် INS Sunayna(P-57)တို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ စစ်ရေယာဉ်များတွင် အရာရှိ၊ စစ်သည်စုစုပေါင်း ၅၂၇ ဦး လိုက်ပါလာပြီး မေ ၆ ရက်အထိ သုံးရက်ကြာနေထိုင်၍ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်သွားမည်ဖြစ်ကာ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများလည်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
MDN
MM-News-Category
