အီရန်နှင့် ဆွေးနွေးမှုကောင်းများရရှိခဲ့ကြောင်း ထရမ့်ပြောကြား

News Image

  • အီရန်နှင့် ဆွေးနွေးမှုကောင်းများရရှိခဲ့ကြောင်း ထရမ့်ပြောကြား

ဝါရှင်တန်   မေ   ၇

အမေရိကန်အနေဖြင့် ပြီးခဲ့သည့်တစ်ရက်အတွင်းက စစ်ပွဲပြီးဆုံးရေးအတွက် အီရန်နှင့် ဆွေးနွေးမှုများ ကောင်းစွာဆောင်ရွက်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၇ ရက်တွင် ပြောကြားသည်။

စစ်ပွဲဖြစ်ခဲ့သည်မှာ နှစ်လရှိနေပြီဖြစ်သည်။ အီရန်အနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် ဆန္ဒရှိနေပြီး နှစ်ဖက်ကြားဆွေးနွေးမှုအခြေအနေများ ကောင်းမွန်ကာ ငြိမ်းချမ်းရေးရရှိရန် နီးကပ်လာပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အီရန်မှ အမေရိကန်တပ်ဖွဲ့များ လက်ရှိအချိန်တွင်  ဆုတ်ခွာသွားသည့်တိုင် အီရန်နိုင်ငံကို ပြန်လည်ထူထောင်ရန် နှစ်  ၂၀ ခန့် အချိန်ယူရနိုင်ကြောင်း ၎င်းက ပြောကြားသည်။                                  

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

MDN